Thursday, August 29, 2013

သိန်း ၂၂၀၀ တန် မာစီးဒီး နောက်ဆုံးထွက် E Class

သိန်း ၂၂၀၀ ဆိုတာ ခန့်မှန်းဈေးပါ။ အခွန်အခပါ အားလုံးအပြီးအစီး သိန်း ၂၂၀၀ ကုန်ကျမယ့် ကားမို့ ဖြစ်ပါတယ်။ အာမခံ ၂ နှစ် ရရှိမှာဖြစ်ပြီး မြန်မာပြည်မှာ မာစီဒီးက တိုက်ရိုက်ရောင်းချမှာ ဖြစ်ပါတယ်။

အင်ဂျင်

အင်ဂျင် အရွယ် ၂ လီတာ ဆလင်ဒါ ၆ လုံးပူး၊ V type အင်ဂျင်ကို အသုံးပြုတာက ၂ မျိုး၊ နောက်တစ်မျိုးက အင်ဂျင်အရွယ် ၃ လီတာ ဗားရှင်း ဖြစ်ပါတယ်။ ဒီတော့ ပထမ ၂ မျိုးကို E 200 နဲ့ 250 လို့အမည်ပေး ထားပြီး အင်ဂျင်ကြီးတဲ့ တစ်မျိုးကတော့ E400 လို့ အမည်ပေးထားပါတယ်။ အင်ဂျင်အရွယ်မကြီးတဲ့ မာစီဒီး ဇိမ်ခံကားမို့ စွမ်းဆောင်ရည်နည်းတယ်လို့ ပုံသေ တွက်လို့ မရပါဘူး။ လက်တွေ့စမ်းသပ်ပြသမှုထဲမှာ ၄ စက္ကန့်ဝန်းကျင် အတွင်း ကီလိုမီတာ ၁၀၀ တင်သွားနိုင်တာ မျက်စိနဲ့ တပ်အပ်မြင်ခဲ့ပါ တယ်။ မြင်းကောင်ရေအား ထုတ်လုပ်မှု ၁၈၅၊ ၂၁၁ နဲ့ ၃၃၃ အသီးသီး ရှိကြပါတယ်။

အင်ဂျင် အရွယ်သေးသွားပြီး ထူးခြားချက် ကတော့ ဆီစားသက်သာလာမှုပါ။ EcoSystem ထောက်ပံ့မှုကြောင့် ပွိုင့်တွေမှာ ကားရပ်ထားပြီးရုတ်တရက်ပြန် Run ဖို့အတွက် စက်နှိုးဖို့အချိန်ကြာပေးစရာ မလိုပါဘူး။ အော်တို၊ လက်ထိုး ၂ မျိုစိတ်ကြိုက် Option ပေးနိုင်မယ့် ၇ ချက်ထိုးကားဖြစ်ပါတယ်။ သူ့မှာထူးခြားချက်က နောက်ဂီယာ ၂ ဆင့်တောင် ပါဝင်ပါတယ်။

ကား ထိန်းချုပ်မှုစနစ်

ကားထိန်းချုပ်မှုစနစ်အတွက် Intelligence Drive ကို အသုံးပြုပါတယ်။ ကင်မရာ ရှေ့ နောက်တပ်ဆင်၊ အာရုံခံ Sensor ရှေ့ နောက်၊ ဘယ်ဘယ်ညာ တပ်ဆင်ထားပြီး အာရုံခံနိုင် ဧရိယာအတွင်းက ထူးခြားချက်များကို သတင်းပို့ပါမယ်။ ပြီးတော့ လိုအပ်ရင် ကားကိုယ်တိုင် အက်ရှင်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဘရိတ်အုတ်ဖို့လိုနေတဲ့ အချိန် ကိုယ့်ရဲ့  လုပ်ဆောင်ချက်ကို ကြိုတင်သိနေပြီး စက်က အလိုအလျောက် အလုပ်လုပ်သွားမယ့်အထိ တောင် မှတ်ဥာဏ်ပါတဲ့ နည်းပညာမို့ အံ့မခန်းပါ။ ကား Navigation system ကတော့ မြန်မာပြည်မှာ အသုံးပြုဖို့ အဆင်မပြေသေးလောက်ပါဘူး။ သို့ပေမယ့် နောက်ပိုင်းဖြစ်လာဖို့ မာစီဒီးကရော ကြိုးပမ်းမှာ ဖြစ်ပါတယ်။

ကား အပြင်အဆင်

ကား ဘောနတ်မှာ မာစီဒီး လိုဂို တိုင် ထောင်ထးတဲ့ ပုံစံကို ရရှိနိုင်သလို၊ တံဆိပ်ကပ်ထားတဲ့ ဘောနတ်ပေါ်က လိုဂိုကိုလည်း မြင်တွေ့ရ မှာ ဖြစ် ပါတယ်။ ခုနောက်ပိုင်းမာစီဒီး သွားတဲ့ ဒီဇိုင်းက ရှေ့ ရှဲ မှာပဲ မာစီဒီးတံဆိပ် ခပ်ကြီးကြီးကို မြင်စေတဲ့ ပုံစံပါ။ မာစီဒီး E Class မှရယ်လို့ မဟုတ်တော့ပဲ အခြားသော မာစီဒီး Class တွေမှာပါ မြင်တွေ့နေရတာ ဖြစ်ပါတယ်။ အတွင်းခန်း အပြင်အဆင်ကလည်း တကယ် Elegance ပါ။ ခပ်ကြွားကြွား ဇိမ်ခံကား တစ်စီးအဖြစ်မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Order System နဲ့ သွားတာမို့ စိတ်ကြိုက်ပြင်ဆင် နိုင်ပါတယ်။ အိမ်ရုပ်ရှင်ရုံအသေး စားလိုမျိုးဖြစ်အောင် ဖန်တီးမယ်ဆိုရင်တောင် ရနိုင်ပါတယ်။ ရှေ့ တီဗီ မျက်နှာပြင်သေးတာ တစ်ခုပဲ ပြောစရာရှိပါမယ်။ အသံထောက်ပံ့မှု စနစ်က တော်တော်ကောင်းပါတယ်။ နောက်ဘက်ကမှာလည်း LCD တီဗီ ၂ လုံး ပါဝင်ပါသေးတယ်။

လုံခြုံရေး စနစ်

အဓိက လုံခြုံရေး စနစ်ကောင်းမွန်တဲ့ Remark ကိုလည်း E Class က ရရှိထားပါတယ်။ Auto Braking System လို့ခေါ်တဲ့ နည်းပညာ တကယ် အလုပ်လုပ်ပါတယ်။ ကားက အရှိန်နဲ့လာနေပြီ။ ရှေ့ မှာ လူဖြတ် ကူးနေတယ်။ ဒါကို အာရုံခံမိလိုက်တဲ့ Sensor က ချက်ချင်း အကြောင်းပြန်လို့ လူက ဘရိတ်မအုပ်နိုင်လဲ ကားက အလိုအလျောက် ဘရိတ်အလုပ်လုပ်သွားမှာ ဖြစ်ပါတယ်။ အတွင်းခန်း လေအိပ်ပြည့်ပြည့်စုံ စုံပါရှိပြီး ရုတ်တရက် အက်ဆီးဒန့်ဖြစ်လို့ခေါင်းရှေ့ ညွန့်ရင်တောင် လည်ပင်ရိုး မကျိုးအောင် နောက်ကနေ တက်လာမယ့် အမှီ ဆိုဖာစနစ် တောင် ပါလိုက်သေးတယ်။ ကားအတွင်းခန်းက လူရဲ့  လုံခြုံရေးနဲ့အတူ ကားပြင်ပက အတားအဆီးနဲ့ လူတို့ရဲ့  လုံခြုံရေးအတွက်ပါ များစွာ အထောက်အကူ ပြုပါတယ်။ ကားမီးလုံးတွေလည်း Intelligence ပါဝင်ပါတယ်။ ဒီလိုပါ။ ကားမီးလုံးလည်ပင်းက လှုပ်ရှားနိုင်ပါတယ်။ ရှေ့ ကားလာနေတာကို LED အလင်းတန်းက သူ့ပါသူ Sense လုပ်ပြီး မိတ်တှုတ်မိတ်တှုပ်လုပ်သင့်လား၊ တစ်ဖက်လူကို အချက်ပေးသင့်လား၊ အလင်းအားလျော့သင့်လားအစရှိသဖြင့် ကိုယ်တိုင်ဆုံးဖြတ်လို့ အလုပ်လုပ်သွားပါတယ်။ အသိဥာဏ်ပါတဲ့ မီးလုံးလို့ ခေါ်ပြီး သူကလည်း လုံခြုံရေးအတွက် အထောက်အကူပြုမှာ ဖြစ်ပါတယ်။ ကား ပါကင် ထိုးပေးတဲ့ Auto Parking System လည်းပါဝင်ပြီး တကယ်လူမောင်းစရာ မလိုပဲ ကားပါကင်ထိုးနိုင်တာ လက်တွေ့မြင်တွေ့ခဲ့ရပါတယ်။

အနှစ်ချုပ်

တကယ်ကောင်းတဲ့ကားပါ။ ကောင်းလွန်းတော့လည်း မြန်မာပြည်က လမ်းနဲ့အဆင်ပြေပါ့မလား မေးစရာတွေ ရှိလာပါတယ်။ သူကတော့ ဇိမ်ခံကားမို့ သေချာတာကတော့ SUV တွေလောက်အကြမ်းမခံဘူးလေ။ Suspension ကောင်းကောင်းနဲ့ဘယ်လောက်ပဲ ကြမ်းတဲ့ လမ်းပေါ်မောင်းမောင်း ညိမ့်ညိမ့်လေး စီးရမှာ မှန်ပေမယ့် အတက်အဆင်းအရမ်းများ ၊ ခရီးကြမ်းမျိုးတွေနဲ့ အဆင်မပြေလောက် ပါဘူး။ သူက Luxury အတွက် ရည်ရွယ်ပြီး ခပ်ကြွားကြွား ဇိမ်ခံကား စီးလိုသူများ အတွက် ပိုလို့ရည်ရွယ်ထားပါတယ်။ လူငယ်တွေ အတွက် Sporty ဒီဇိုင်း၊ လူကြီးတွေအတွက် Elegance ဒီဇိုင်း ကြိုက်သလို ရွေးလို့ရ ပါတယ်။

ကားကို မြန်မာပြည်မှာလည်း နိုင်ငံတကာနဲ့အတူ တန်းတူ မှာယူနိုင်မှာ ဖြစ် ပါတယ်။ Show Room မှပြထားပြီး ဒါကြိုက် ဒါယူမဟုတ်ပဲ Order System နဲ့ရောင်းမှာ ဖြစ်ကြောင်းဆိုပါတယ်။ ကားအရောင်နဲ့အတွင်းခန်းပြင်ဆင်မှု အားလုံး၊ Feature တပ်ဆင်မှုများကို စိတ်ကြိုက်ပြုလုပ်နိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...