Friday, November 29, 2013

မြန်မာရွှေ့ပြောင်း ကျောင်းသူ နှစ်ဦးအား ကျောင်းအုပ်ဖြစ်သူက အဓမ္မပြုကျင့်





မဲဆောက်၊ နိုဝင်ဘာ၂၈။ ။ထိုင်း- မြန်မာနယ်စပ် မဲဆောက်မြို့တွင် အသက်၁၂နှစ်အရွယ် မြန်မာရွှေ့ပြောင်းကျောင်း သူလေး နှစ်ဦး အား သွေးဆောင် ဖြားယောင်ခြိမ်း ခြောက်ပြီး သား မယားပြုကျင့် ခဲ့ သောအမှု တစ်ခု ပေါ်ပေါက်ခဲ့ ကြောင်း သိရသည်။

ပြစ်မှုကျူးလွန် သူမှာ စော ဒေးဗစ်ခေါ် ဒေးဗစ်မင်းနိုင်ဖြစ်ပြီး မိဘမဲ့ကလေးများအတွက် ဖွင့်လှစ် ထားသည့် အာကာဘေကျောင်းကို စတင်တည်ထောင်ခဲ့သူဖြစ်ပြီး လက် ရှိတွင် အာကာဘေကျောင်း ၏ ကျောင်းအုပ်ဖြစ်ကြောင်း သိရ သည်။

အမှုဖြစ်ပွားပုံမှာ စောဒေး ဗစ်က ညစဉ်ညတိုင်း အဆောင်နေ ကျောင်း သူလေး များကို အလှည့် ကျခေါ်ပြီး မိမိအား နှိပ်နယ်ပေး ရန် ခေါ်ယူရာမှ ယခုပြစ်မှုကို ကျူး လွန်ခဲ့ကြောင်း၊ လွန်ခဲ့သော တစ် နှစ်ကတည်း က ကျောင်းသူများ အပေါ် အကြောက် တရားဖြင့် လွှမ်းမိုးထားပြီး မိဘမဲ့ကလေးဖြစ် သည်ကို အခွင့်ကောင်းယူကာ ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း၊

ယခု အမှု ပေါ်ပေါက် လာရခြင်းမှာ ကျူးလွန်ခံရသူကျောင်းသူမှတစ် ဆင့် သိရှိရခြင်းဖြစ်ပြီး ကျူးလွန် ခံရသူ ကျောင်းသူနှစ်ဦးအား ဆေး စစ်ချက်ရယူ အတည်ပြုနိုင်ခဲ့ပြီဖြစ် ကြောင်း၊ အဆိုပါဆေးစစ်ချက်နှင့် ကျူးလွန်ခံရသူ ကျောင်းသူနှစ်ဦး အား သက်သေပြုပြီး

မဲဆောက် အခြေစိုက် ကလေးအခွင့်အရေး ကာကွယ်စောင့်ရှောက်မှုကော် မတီမှ မဲဆောက်မြို့နယ်ရဲစခန်း တွင် တရားလိုပြုပြီး အမှုဖွင့် တိုင် ကြားထားပြီဖြစ်ကြောင်း သိရ သည်။

ယခုအခါ တရားခံဖြစ်သူ စောဒေးဗစ်မှာ မြန်မာပြည်တွင်း သို့ ထွက်ပြေးတိမ်းရှောင်သွားသော ကြောင့် ထိုင်းမှုခင်းရဲမှ ဖမ်းဝရမ်း ထုတ်ထားပြီဖြစ်ကြောင်း၊ မြန်မာ ပြည်တွင်းသို့ ထွက်ပြေးတိမ်းရှောင် သူ တရားခံ စောဒေးဗစ်နှင့်အတူ ဇနီးနှင့် အသက် ငါးနှစ် ခန့်ရှိ သမီး တစ်ဦးပါသွားကြောင်း သိရသည်။

အာကာဘေကျောင်းကို ၂၀၀၆ ခုနှစ်တွင် ယခုပြစ်မှုကျူးလွန် သူကျောင်းအုပ်ဆရာ ဒေးဗစ်မင်းနိုင် မှ ဦးဆောင်၍ ဖွင့်လှစ်ခဲ့ကြောင်း၊ တက်ရောက်နေကြသော ကျောင်း သားအများ စုမှာ မဲဆောက်နှင့် မြဝတီကြား သောင်ရင်းမြစ် လယ်ရှိ ရေလယ်ကျွန်းမှဖြစ်ပြီး
သောင်ရင်း မြစ်ကမ်းဘေး တစ်လျှောက်နေ ထိုင်ကြသော အိမ်ခြေရာမဲ့ကလေး အများစုဖြစ်ကြောင်း၊

လက်ရှိ ကျောင်းသားဦးရေမှာ ၂ဝဝကျော် ရှိပြီး အဆောင်နေ ကျောင်းသား ၁ဝဝနီးပါးရှိကြောင်း၊ အဆောင် နေ တခိျု့ကလေးအများစုမှာ မိဘမဲ့များဖြစ်ပြီး ယခင်က တံတား ပတ်ဝန်းကျင်နှင့် ရေလယ်ကျွန်း တစ်ဝိုက်တွင်
ဖြစ်သလို နေထိုင် ကြပြီး မိမိတို့ရရာအလုပ်ကို လုပ် ကိုင်ကြရသူများဖြစ်ကြောင်း သိရ သည်။

မွန်ကြီး

Yangon Media Group


အမြန်လမ်း ရဲတပ်ဖွဲ့ဝင် ယာစောင့် အမျိုးသမီးကို အဓမ္မကျင့်



မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ၀မ်းတွင်းမြို့နယ်၊ ကုက္ကိုခါးလှ အုပ်စု၊ ဂွေကန် (ခေါ်) မျောင်းတော် လှ ရွာနေသူ မ —– အား မိတ္ထီလာ – ဆီးကုန်း အမြန်လမ်း ရဲစခန်းမှ (၃၁၁) ၅ ဖာလုံ ရဲစခန်းခွဲလမ်းတွင် တာဝန်ကျနေသူ လမ်းစောင့်ရဲ ခိုင်ဇော်ဦးက အဓမ္မ ပြုကျင့် ခဲ့ကြောင်းကို ရပ်မိရပ်ဖများ ကာယကံရှင်နှင့် ရပ်ရွာဥက္ကဋ္ဌတို့က မြန်မာသံတော်ဆင့် သို့ ပြော ကြားခဲ့သည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၂ ရက်၊ ညနေ ၃ နာရီခန့်တွင် လမ်း၏ အနောက်ဘက် ကပ်လျက် ဦးလှထွန်းဆိုင်တွင် ဆိုင်ရှင်မရှိ၍ တစ်နေ့ ၅၀၀ ကျပ်နှင့် ဆိုင်စောင့် ယာစောင့်အဖြစ် နေထိုင်စေရာတွင် အမြန်လမ်းမ ရှေ့ဘက် စခန်းခွဲမှ လမ်းစောင့်ရဲ ခိုင်ဇော်ဦးက မ— အား ဆိုင်ထဲတွင် ပါးစပ်အ၀တ် ဆို့၍ လည်ပင်းညစ်ပြီး ၃ ကြိမ် အဓမ္မ ပြုကျင့်ခဲ့ကာ အော်ရင် ပြန်ပြောရင် သတ်ပစ်မည်ဟု ကာယကံရှင်က ပြောကြားခဲ့သည်။

ညနေ ၆ နာရီ အိမ်ပြန်ရာတွင် မိခင်အား တိုင်ကြားခဲ့ရာမှ ရပ်ရွာမှ အားလုံး သိရှိသွားကြပြီး မခံမရပ်နိုင်ဖြစ်ကာ ည ၉ နာရီခန့်တွင် လူ ၁၀၀၀ ခန့် စခန်းကို ၀ိုင်းခဲ့ကြပြီး ..

ရဲခိုင်ဇော်ဦးအားတွေ့ပေးရန် ပြောကြား တောင်းဆိုရာတွင် ရဲမှာ ထွက်ပြေးခဲ့ကြောင်းနှင့် နိုဝင်ဘာ ၂၃ ရက်တွင် နေပြည်တော်မှ ရဲမှူးတစ်ဦး လာရောက် စစ်ဆေးပြီး နစ်နာသူ အမျိုးသမီးအား နှစ်သိမ့်၍ ငွေ ၂၀၀,၀၀၀ ကျပ် ပေးခဲ့ကြောင်း ရဲခိုင်ဇော်ဦးအား ၀န်ထမ်းဖောက် ဖျက်မှုဖြင့် အရင်ပြစ်ဒဏ်ပေးပြီး အရပ်ဘက် တရားရုံးသို့ လွှဲပေးမည်ဟု ပြောကြားခဲ့သည်။

မိခင်က ““သမီးမှာ ၁၃ နှစ်တည်းက လေဖြတ်ပြီး အတက်ရောဂါ ရှိကြောင်းနှင့် တူမဆိုင်ဖြစ်၍ အကူအညီ တောင်း၍ နေ့ခင်းစောင့် ပေးစေပြီး ရဲစခန်းရှိ၍ ယုံကြည်အားကိုးမှ ဒီလိုဖြစ်ရခြင်း””ဟူ၍ ပြောခဲ့ပြီး ပင်တလဲ နယ်ပိုင် ရဲစခန်းသို့ တရားလိုပြု၍ တိုင်တန်း အမှုဖွင့်ထားကြောင်း သိရသည်။

မြန်မာသံတော်ဆင်.

ယူရိုပါလိဂ်ရှုံးထွက်အဆင့်ကိုတက်နိုင်ခဲ့လို့ အနည်းငယ်အသက်ရှုချောင်သွားခဲ့တဲ့ တော့တင်ဟမ်နည်းပြ ဗိုအာ့စ်



အင်္ဂလန်ပရီးမီးယားလိဂ်မှာ မန်စီးတီးကို ရှက်ဖွယ်လိလိအရေးနိမ့်ခဲ့ တာကြောင့် ဝေဖန်မှုတွေ ခံနေရတဲ့ တော့ တင်ဟမ်နည်းပြဗီးလက်စ်ဗိုအာ့စ်အတွက် ထွက်ပေါက်ဖြစ်စေခဲ့တာ ကတော့ နော်ဝေကလပ်ထရွမ်ဆိုကို အဝေးကွင်းမှာ (၂)ဂိုးပြတ်အနိုင်ရရှိကာ အုပ်စုဗိုလ်အဖြစ်နဲ့ နောက်တစ်ဆင့်ကို တက်ရောက်သွားခဲ့ခြင်းပဲဖြစ် ပါတယ်။ ဒီပွဲရဲ့ ထူးခြားမှုက တော့တင်ဟမ်အတွက် ဒီနှစ်ဘောလုံးရာသီမှာ တစ်ဂိုးမှမသွင်းနိုင်သေးကြတဲ့ ချာရစ်ချက်နဲ့ ဒမ်ဘီလီတို့ တစ်ဂိုးစီသွင်းကာ ဈေးဦးစပေါက်သွားခဲ့ကြခြင်းပါပဲ။ ရေခဲတဲ့အထိ အေးစက်လွန်း လှတဲ့ နော်ဝေမြောက်ပိုင်းဒေသခံကလပ်အသင်းနဲ့ပွဲကို အနိုင်ရရှိခဲ့ခြင်းဟာ အလုပ်ထုတ်ခံရမယ်လို့သတင်း ပြေးနေတဲ့နည်းပြအတွက်အားဆေးတစ်ခွက်ဖြစ်ခဲ့ရတာအမှန်ပါပဲ။

ဒီပွဲမတိုင်ခင်မှာ တော့တင်ဟမ်ဥက္ကဌဟောင်းတစ်ဦးဖြစ်သူ လော့ဒ်ရှူးဂါးက လက်ရှိအသင်းနည်းဗိုအာ့စ်ရဲ့ နည်းစနစ်တွေကို နားလည်နိုင်ဖို့ ခက်ခဲနေကြောင်း၊ ဂိုးတွေဘယ်လိုနည်းစနစ်နဲ့ရနေခဲ့တယ်ဆိုတာ နားမလည် နိုင်ခဲ့ကြောင်း၊ မိမိရဲ့အရင်းနှီးဆုံးမိတ်ဆွေကြီးဖာဂူဆန်သာ နည်းပြလောကထဲပြန်ဝင်ဖို့ စိတ်ပြန်လည်လာခဲ့မယ် ဆိုရင် အသင်းကိုတာဝန်ယူခိုင်းချင်တဲ့အကြောင်း ပြောခဲ့ပါသေးတယ်။­

လက်သင်္ကေတပြ ဘာသာစကားကို ပြောစကားအဖြစ် ဘာသာပြန်ပေးမယ့် လက်ပတ်




လက်သင်္ကေတပြ ဘာသာစကားနဲ့ ပြလိုက်တဲ့ လက်လှုပ်ရှားမှုတွေကို စကားပြောအဖြစ် ဘာသာပြန် ဆက်သွယ်ပေးမယ့် စက်သစ်တစ်မျိုး ထွက်ပေါ်လာပါတယ်။

လက်သင်္ကေတပြ ဘာသာစကားသုံး လက်ပတ်ကို အာရှတက္ကသိုလ်က ဒီဇိုင်းနာ ၆ဦးကဖန်တီးခဲ့တာပါ။ အဲ့ဒီ့တက္ကသိုလ်ဟာ ထုတ်ကုန်ဒီဇိုင်းဆုဖြစ်တဲ့ Red Dot Design Concept Award (၂၀၁၃ခုနှစ်) ဆုတွေထဲက တစ်စုကို ရရှိထားပါတယ်။ အဲ့ဒီ့ ပြိုင်ပွဲကြီးဟာ နိုင်ငံတကာပြိုင်ပွဲဖြစ်ပြီး လျှောက်လွှာပေါင်း ၁၅၅၀၀ကို လက်ခံယှဉ်ပြိုင်စေခဲ့တယ်လို့ သိရပါတယ်။


လက်သင်္ကေတပြ ဘာသာစကား ဘာသာပြန်စက်မှာ လက်စွပ်လေးတွေနဲ့ လက်ပတ်၂ခုပါရှိပြီး ပူးတွဲအလုပ်လုပ်ဆောင်ကြပါတယ်။ ဗုဒ္ဓဘာသာ ပုတီးတွေ လွမ်းမိုးတယ်လို့ ဆိုပါတယ်။

ဒီလက်စွပ်တွေနဲ့ လက်ပတ်တွေဟာ လက်လှုပ်ရှားမှု သင်္ကေတတွေကို စကားပြောသံအဖြစ် အသံထွက် လွှဲပြောင်းပေးမှာပါ။ တစ်ဖက်လူရဲ့ စကားသံကိုလည်း စာအဖြစ်ပြောင်းလဲပေးမှာဖြစ်ပြီး လက်ပတ်ပေါ်မှာ ပြပေးနိုင်ပါတယ်။

Ref:abc

စိတ်ဖိစီးမှုလျှော့ချပေးမယ့် အစားအစာ ၆ မျိုး



သင်အလုပ်ကနေအိမ်ပြန်ရောက်တဲ့အချိန် ချက်ပြုတ်ဖို့အတွက် ပင်ပန်းနွမ်းနယ်တဲ့အကြိမ်ကပိုများမှာပါ။ ကူပြီးချက်ပြုတ်ပေးမယ့်သူရှိရင် သင်ကကံကောင်းတဲ့သူတစ်ယောက်ဖြစ်မှာ ဖြစ်ပြီး ကျန်တဲ့သူတွေအတွက်ကတော့ pizza ကတစ်ခုတည်းသောဖြေသိမ့်စရာပါ။ ဒါပေမယ့် စိတ်ဖိစီးမှုက လူတွေကို ဆိုးဝါးတဲ့အစားအသောက်ရွေးချယ်မှုတွေလုပ်အောင် တွန်းအားပေးပါတယ်။ အသင့်စား အစားအစာတွေကိုလွယ်ကူသက်သာတယ်ဆိုပြီး အလွှန်အကျွံစားသုံးတာဟာ သင့်ရဲ့စိတ်ဖိစီးမှုကို တိုးပွားအောင်လုပ်တာနဲ့အတူတူပါပဲ။ ဘာလို့လဲဆိုတော့အဲဒီ့လိုမျိုး အစားအစာတွေဟာ သင့်ကို အပြစ်ရှိတယ်လို့ခံစားစေမှာဖြစ်ပြီး အဆိုးဆုံးကတော့ ပူပင်သောကကို တိုးပွားစေတာပါပဲ။ အဲဒီ့အစား စိတ်ဖိစီးမှုလျှော့ချနိုင်တဲ့ ဒီအံ့အားသင့်စရာအစားအစာတွေစားပြီး တည်ငြိမ်အေးချမ်းမှုကိုခံစားပါ။

၁။ ကညွှတ်



ဖောလစ်အက်ဆစ်ကို စိတ်ခံစာမှုကောင်းမွန်တိုးတက်စေတဲ့ အဟာရတစ်ခုလို့ပြောကြပါတယ်။ အဲဒီ့အတွက်ကြွားဝါနိုင်တဲ့ ဟင်းသီးဟင်းရွက်တစ်မျိုး ကတော့ ကညွှတ်ဖြစ်ပါတယ်။ ဒါ့အပြင်ကညွှတ်ကို ဘယ်ဟင်းလျှာထဲရောရော အဆင်ပြေပါတယ်။ အဲဒီ့တော့ ကညွှတ်ကို အသီးအရွက်သုပ်ထဲရောပြီး ဆီထည့်ရင်ထည့် ဒါမှာမဟုတ် ဆီပူပူမှာမွှေကျော်လိုက်ပါ။ အဲဒီ့သွယ်လျှတဲ့ရိုးတံရှည်လေးတွေက သင့်ရဲ့စိတ်ဓာတ်ကျမှုကို မှော်အတတ်လိုပဲ ဖြောက်ဖျက်ပစ်ပါလိမ့်မယ်။

၂။ ဗာဒံစေ့



ဗီတာမင် ဘီ 2 နဲ့ ဗီတာမင် အီး ကြွယ်ဝတဲ့ ဗာဒံစေ့၊ သစ်ကြားသီးအစေ့နဲ့ pistachios အစေ့တွေ ကိုကြွပ်ကြွပ်ဝါးပြီး စိတ်ဖိစီးမှုသက်သာအောင်နေလိုက်ပါ။ အဲဒီ့ ဗီတာမင်ဓာတ် နှစ်မျိုးလုံးဟာ စိတ်ဖိစီးမှုခံစားနေရချိန်မှာ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။ မဂ္ဂနီစီယံနဲ့ ဇင့်ဓာတ်တွေကိုပါကြွယ်ဝစေပြီး မဂ္ဂနီစီယံဓာတ်ဟာ စိတ်ခံစားမှုကို ပုံမှန်ဖြစ်စေတဲ့ ဆီရိုတိုနင်ကိုထုတ်လုပ်ပေးပါတယ်။

၃။ ထောပတ်သီး



ဒီ cream ပြည်နှက်နေတဲ့ အသီးလေးဟာ သင့်ခန္ဓာကိုယ်မှာ စိတ်ဖိစီမှုကင်းစင်အောင်လုပ်ပေးနိုင်ပါတယ်။ အဲဒီ့အသီးတွေမှာ အာရုံကြောတွေနဲ့ဦးနှောက်ဆဲလ်ကျန်းမာရေးအတွက် လိုအပ်ပြီး စိတ်ဖိစီးမှုလျှော့ချတဲ့ ဗီတာမင် ဘီ ကြွယ်ဝပါတယ်။ ပြီတော့ ကိုလက်စထရောပါဝင်မှုနည်းတဲ့ အဆီနဲ့ သွေးဖိအားကို ကျဆင်းစေမယ့် ပိုတက်ဆီယမ် လည်းကြွယ်ဝပါတယ်။ သတင်းကောင်းကတော့ ထောပတ်သီးပါတဲ့ ရေခဲမုန့်ဟာ သင့်ရဲ့လျှာပေါ်ကအရသာခံ အစိတ်အပိုင်းအတွက်ရော သင့်ရဲ့ခန္ဓာကိုယ်အတွက်ပါကောင်းမွန်ပါတယ်။

၎။ နို့



ကျန်းမာရေးနဲ့သင့်တော်ပြီး အရေးကြီးတဲ့အစားအသောက်ကို ကျွေးမွေးဖို့အတွက် သင့်ရဲ့မိခင်ကို စိတ်ချယုံကြည်လိုက်ပါ။ ညအိပ်ရာမ၀င်ခင် နို့တစ်ခွက်သောက်ခြင်းဟာ အိမ်မပျော်ခြင်းနဲ့ စိတ်ဖိစီးမှုတွေကို ကုသပေးနိုင်ပါတယ်။ အင်တီ-အောက်စီဒင့်၊ ဗီတာမင် ဘီ 12၊ ဘီ 2 တို့ကြွယ်ဝတဲ့ နို့်ဟာ စိတ်ဓာတ်ကျမှု၊ ပူပင်သောကတွေနဲ့ပါတ်သတ်နေတဲ့ ဖရီးရယ်ဒီကယ်တွေကို စစ်သည်တော်တစ်ယောက်လို တိုက်ထုတ်ပေးမှာဖြစ်ပါတယ်။

၅။ အမဲသား



အမဲသားကို အမြဲတမ်းမကောင်းဝေဖန်လာခဲ့ကြတာဖြစ်ပေမယ့် သင်စိတ်ဖိစီးမှုဝေဒနာကိုခံစားနေရရင်တော့ အမဲသားဟာ သင်နဲ့သင့်မိသားစုအတွက် တကယ်ကိုကောင်းမွန်တဲ့ ညစာ ရွေးချယ်မှုတစ်ခုပါ။ ကြက်သားနဲ့နှိုင်းယှဉ်ရင်တောင် အဟာရပိုပြည့်ပြီးတော့ သင့်ရဲ့စိတ်ကိုတည်ငြိမ်စေမယ့် ဇင့်၊ သံဓာတ်နဲ့ ဗီတာမင် ဘီ တို့ကြွယ်ဝပါတယ်။

၆။ ဘယ်ရီသီး



ဒီသေးငယ်တဲ့အပြာရောင် အံ့ဖွယ်အလုပ်သမားလေးတွေဟာ စိတ်ဖိစီးမှုလျှော့ချရာမှာအစွမ်းထက်တဲ့ အင်တီအောက်ဆီဒင့်နဲ့ ဗီတာမင်စီ အကြွယ်ဝဆုံးဖြစ်ပါတယ်။ ဒါ့အပြင် ကယ်လိုရီပါဝင်မှုလဲနည်းပါးတာကြောင့် သင့်ရဲ့ကိုယ်အလေးချိန်အတွက်စိတ်ပူစရာမလိုဘဲ စိတ်တိုင်းကျ စားသုံးနိုင်ပါတယ်။

ref:mensxp

ပတ်ဝန်းကျင်ကို ကယ်တင်ဖို့ အကူအညီလိုပါသလား ?




 ပတ်ဝန်းကျင်ထိန်းသိမ်းရန် စွမ်းအင်အသုံးပြုမှု လျော့ချပါ။ ဒီအချက်လေးတွေကို လေ့လာကြည့်ရင်တော့ ပြောသလောက် မခက်တာကို တွေ့နိုင်ပါတယ်။ ကဲ စလိုက်ကြရအောင်။

(၁) လျှပ်စစ်နဲ့အသုံးပြုရတဲ့ပစ္စည်းမှန်သမျှကို မလိုအပ်ရင်၊ မသုံးသေးရင် ပိတ်ထားပါ။ မီးချောင်း၊ ရုပ်မြင်သံကြား၊ ကွန်ပျူတာ၊ ပရင်တာ အစရှိတာတွေပေါ့။

(၂) ပလပ်ပေါက်ကို ဖြုတ်ထားပါ။ အားသွင်းကြိုး တွေဟာ “phantom” စွမ်းအင်တွေကို ဆွဲယူ နေကြပါတယ်။ application တစ်ခု သုံးအပြီး ပြန်ပိတ်လိုက်ချိန်မှာအောင် စွမ်းအင်ကတော့ ဆက်လက် သုံးနေဆဲပါ။ တကယ်လို့များ ဘက်ထရီတစ်ခုက ၃၆နာရီခံခဲ့မယ်ဆို သတ်မှတ်ချိန် မပြည့်မီမှာ အားသွင်းကြိုးကို ဖြုတ်ထားပါ။ ဖြစ်နိုင်သမျှကြိုးတွေအားလုံးကို ပလပ်ဖြုတ်ထားပါ။


(၃) အသစ်ပြန်လည်ဖြစ်တည်နိုင်တဲ့ စွမ်းအင်အရင်းအမြစ်ကို သုံးပါ။ USA ရဲ့ စွမ်းအင်အသုံးပြုမှု ၇၁ ရာခိုင်နှုန်းဟာ သဘာဝလောင်စာတွေ လောင်ကျွမ်းခြင်းက ရတာပါ။ ကျောက်မီးသွေးကဲ့သို့သော လောင်စာမျိုးတွေဟာ ပတ်ဝန်းကျင်ညစ်ညမ်းစေပြီး greenhouse ဓါတ်ငွေ့တွေထုတ်လွှတ်ပါတယ်။ အိမ်တစ်အိမ်ရဲ့ ပျှမ်းမျှ လောင်စာလောင်းကျွမ်းမှုဟာ တစ်နှစ်ကို ကျောက်မီးသွေး ၁၂၀၀၀ ပေါင် ရှိပါတယ်။ များစွာသော အီလက်ထရစ် ကုမ္ပဏီတွေဟာ အသစ်ပြန်လည်ဖြစ်တည်နိုင်တဲ့ အရင်းအမြစ်တွေကနေ စွမ်းအင်တွေကို ထုတ်ပေးပါတယ်။ ဥပမာ-ဆိုလာပြားတွေ၊ လေရဟတ်ကြိတ်စက် တွေဟာ သဘာဝပတ်ဝန်းကျင် မထိခိုက်တဲ့ စွမ်းအင်အရင်းအမြစ်တွေ ဖြစ်ပါတယ်။

(၄) သဘာဝအလင်းရောင်ရအောင်ယူပါ။ အိမ်ခေါင်မိုးမှာ အလင်းရောင်ဝင်နိုင်တဲ့ မှန် (သို့) အလင်းသွပ်မျိုး (၂)ချပ်လောက် ဖောက်ထားပါ။ ဒါမှသာ နေ့အချိန် မီးချောင်းများ ပိတ်ထားနိုင်မှာဖြစ်ပြီး တစ်ချို့သော အလင်းသွပ်အမျိုးအစားတွေဟာ စွမ်းအင်အဖြစ်ပါ ကူးပြောင်းပေးနိုင် ပါသေးတယ်။


(၅) လျှပ်စစ်နဲ့ အသုံးပြုရတဲ့ လေ့ကျင့်ခန်းသုံးစက်တွေ အသုံးမပြုပါနဲ့။ အဲ့ဒီအစား တကယ့် စက်ဘီးအစစ်တစ်စီးကို အသုံးပြုပါ။ ဒါမှမဟုတ် တစ်နေရာမှ တစ်နေရာကို လမ်းလျှောက်ပါ။ အလုပ်ပို လုပ်ပါ။

ဒီအခြေခံအချက်လေးတွေ လိုက်နာကြည့်ရင် ကျွန်ုပ်တို့တစ်ဦးချင်းဟာ ကမ္ဘာကြီး ပူနွေးလာမှုနဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေကို တတ်နိုင်တဲ့နည်းလမ်းနဲ့ ထိန်းသိမ်းပေးရာ ရောက်မှာပါ။

Ref:wikihow

ရေခဲမြစ် ရေခဲတွေ အရည်ပျော်ကျပြီး ဆူညံသံကြီးထွက်



ရေခဲမြစ် ရေခဲတွေဟာ ပင်လယ်ထဲကို အရည်ပျော်ကျပြီး ပင်လယ်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆူညံသံကြီးကို ဖန်တီးနေတယ်လို့ အလာစကာသုတေသီတွေက ပြောပါတယ်။ ရေခဲတွေ အရည်ပျောနေတဲ့ကြားက ပန်းထွက်လာတဲ့ လေဘူစီပေါင်းတွေ ကြောင့် တဖောင်းဖောင်း၊ အက်ကွဲသံတွေထွက်ပေါ်နေပါတယ်။ အရှိန်အဟုန်နဲ့ ပြောင်းလဲနေတဲ့ ကမ္ဘာ့ဝင်ရိုးစွန်း ပတ်ဝန်းကျင်တွေကို ကောင်းကောင်းစောင့်ကြည့်နိုင်ဖို့ အထောက်အပံ့ရ စေသလို ရေခဲမြစ်ရေခဲ အရည်ပျော်ကျနှုန်းနဲ့ပတ်သက်ပြီး သဲလွန်စတွေရစေပါတယ် လို့ အလာစကာ တက္ကသိုလ် သုတေသီတွေက သတင်းပေးပို့ခဲ့ပါတယ်။

“အရမ်းအေးတဲ့ မြောက်ဝင်ရိုးစွန်း ရေပြင်မှာ အက်စကီးမိုးလှေနဲ့ သွားတုန်းက အဲ့လိုမြည်သံကြီးတွေ ကြာရတယ်။ ရေအောက်မှာ မိုက်ခရိုဖုန်းဆင်ပြီး အသံနားထောင်ရင် ပိုပြီးတော့တောင် အသံကကျယ်လာတယ်။ မိုးပုဆိန် (သည်းသည်းမည်းမည်း) ရွာနေတဲ့ အချိန်ဆို မိုးပေါက်သံတွေက ပင်လယ်သဘာဝပတ်ဝန်းကျင်မှာ အသံအကျယ်ဆုံးပဲ။ ပင်လယ်ရေ၀င်လမ်းမှာဆို အသံကမဆဲတော့ဘူး။” လို့ ဘူမိဗေဒပညာရှင် Erin Pettit ကပြောခဲ့ပါတယ်။

“အသံအများစုဟာ ဘူစီပေါင်းတွေ တက်လာတဲ့ဆီကလာတာ။ နော်ဇယ်ဖြစ်ဖြစ်၊ ပိုက်တစ်ခုခုကဖြစ်ဖြစ် ထွက်လာတဲ့ ဘူစီပေါင်းတွေရဲ့ အသံက ဘူစီပေါင်းရဲ့ အချင်းနဲ့ ပြောင်းပြန်အချိုးကျတယ်။ ဘူစီပေါင်းသေးလေလေ၊ အသံပိုစူးလေပဲ။ ” လို့ တက္ကဆက်တက္ကသိုလ်က အသံကျွမ်းကျင်ပညာရှင် Kevin Lee ကပြောခဲ့ပါတယ်။

အသံဖမ်းယူရရှိခဲ့တဲ့ အသံတွေဟာ လူ့နားနဲ့ကြားနိုင်တဲ့ ကြိမ်နှုန်းလတ်တွေပဲဖြစ်ပါတယ်။ ရေခဲမြစ် ရေခဲတွေ အရည်ပျော်ကျတာနဲ့ပတ်သက်ပြီး နောက်ဆက်တွဲ ရာသီဥတုအပြောင်းအလဲ၊ ရေရှည် ဥတုအလားအလာတွေ ရှိတယ်လို့ သုတေသီတွေက ပြောပါတယ်။

(Ref:upi)

လေ့ကျင့်ခန်းဆင်းနေရင်း ညို့သကြီးကျိုးသွားခဲ့လို့ ကာလရှည်နားရတော့မယ့် (၃)ဆင့်ခုန်ကမ္ဘာ့ချန်ပီယံ




မော်စကိုမြို့မှာ ပြုလုပ်ခဲ့တဲ့ ကမ္ဘာ့ချန်ပီယံရှစ်ပြေးခုန်ပစ်ပြိုင်ပွဲရဲ့ (၃)ဆင့်ခုန်ပြိုင်ပွဲမှာ စုစုပေါင်း (၁၈ .၀၄)မီ တာခုန်ပြီး ချန်ပီယံရွှေတံဆိပ်ဆုကို ရရှိခဲ့တဲ့ ပြင်သစ်နိုင်ငံသား တက်ဒီတမ်ဂဟိုဟာ လေ့ကျင့်ခန်းပြုလုပ်နေ ရင်း မတော်တဆလဲကျကာ ညို့သကြီးရိုးကျိုးသွားခဲ့တာကြောင့် ကာလရှည်ကြာအနားယူရတော့မှာဖြစ်ပါတယ်။ ဒီ လိုဒဏ်ရာရရှိခဲ့မှုကြောင့် သူ့အနေနဲ့ Northern Winter Season လက်ကျန်ပွဲစဉ်များမှာလည်း ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။ “ သူ့ရဲ့ဒဏ်ရာအရှင်းပျောက်ကင်းမှပဲ လေ့ကျင့်ခန်ပြန်ဆင်းစေမှာဖြစ်ပါတယ်။ လောလောဆယ်ဝင် ပြိုင်နေတဲ့ပွဲတွေအားလုံးကို လွဲသွားခဲ့ပါပြီ”လို့ ပြင်သစ်ပြေးခုန်ပစ်အဖွဲ့ချုပ်(FFA) တာဝန်ရှိသူတစ်ဦးက အတည်ပြုပေးခဲ့ပါတယ်။ တမ်ဂဟိုဟာ ဒဏ်ရာပြသနာ မကြာခဏဆိုလိုတွေ့နေ တတ်ပြီး လန်ဒန်မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၁၂ အိုလံပစ်ပြိုင်ပွဲတုန်းကလည်း ခြေကျင်းဝတ်ဒဏ်ရာကြောင့် လွဲချော်ခဲ့ဖူး ပြန်ပါတယ်။

တမ်ဂဟိုဟာ ၂၀၁၀ပြည့်နှစ်မှာ ပြုလုပ်ခဲ့တဲ့ ဒိုဟာ ကမ္ဘာ့ရုံတွင်းအားကစားချန်ပီယံရှစ်မှာ (၃)ဆင့်ခုန်ရွှေရခဲ့သူ ဖြစ်သလို ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ ကျင်းပခဲ့တဲ့ဥရောပရုံတွင်းအားကစားချန်ပီယံရှစ်မှာဆိုရင်လည်း (၃)ဆင့်ခုန် ရွှေရယူပေးခဲ့ကာ အိမ်ရှင်နိုင်ငံအတွက် ဂုဏ်ဆောင်ပေးနိုင်ခဲ့ပါတယ်။

အမျိုးသမီးများအား ချဉ်းကပ်ရာဝယ် သတိထားသင့်တဲ့ အမှား(၆)ခု



တချိန်တုန်းက မင်းမှာ ရွေးချယ်သင့်တဲ့အမျိုးသမီးတစ်ဦး ရှိခဲ့ဖူးမယ်။ သူမမင်းကို လှမ်းကြည့်ပြီး ပြုံးပြတဲ့အချိန်မှာလည်း ရာခိုင်နှုန်း ၅၀လောက် မင်းအတွက် အခြေအနေ ကောင်းတယ်ဆိုတာ သိခဲ့လိမ့်မယ်။ ဒါပေမယ့် ကျန်တဲ့ ၅၀ ရာခိုင်နှုန်းဟာ မင်းထင်သလောက်တော့ မလွယ်ကူပြန်ဘူး။

အရက်ဟာ တစ်ခါတစ်ရံမှာ စိတ်လွတ်သွားတတ်ပြီး ပိုကောင်းသွားတတ်သလို ပိုလည်း ဆိုးသွားတတ်တယ်။ အဆုံးသတ်ရလဒ်ဟာ ကြောက်စရာကောင်းသွားတတ်တယ်။ သူမအနေနဲ့ မျက်လုံးချင်းဆုံရမှာ ရှောင်ရှားလာမယ်။ မင်းကို မသိချင်ယောင်ဆောင်မယ်။ ဒါတောင်မှ မင်းက နောက်မဆုတ်သေးဘူးဆိုရင် သူမရဲ့ သူငယ်ချင်း၊ ယောက်ျားလေးသူငယ်ချင်းတွေကို ခေါ်ပြီး မင်းကို ရိုက်ခိုင်းတဲ့ အခြေအနေတွေအထိ ဖြစ်လာတတ်ပါတယ်။ ဒီလိုမျိုးနဲ့ မင်းကောင်မလေးတစ်ယောက်ကို ဆုံးရှုံးခဲ့ဖူးပြီးပြီ ဆိုရင်တော့ နောက်တစ်ကြိမ် ဒါမျိုးမဖြစ်ရလေအောင် အခုပြောပြပေးမယ့် အမှားလေး တွေကိုရှောင်ရှားကြည့်ပါ။ မင်းကံကောင်းပါလိမ့်မယ်။



(၁) နေရာမှားယွင်းစွာ ချဉ်းကပ်မိခြင်း

တကမ္ဘာလုံးက မင်းရဲ့ကစားကွင်းမဟုတ်ဘူးဆိုတာ သတိပြုပါ။ ကြော်ငြာစာမကပ်ထားပေမယ့် ရွေးချယ်သင့်တဲ့ နေရာအချို့ရှိပါတယ်။ အားကစားရုံတစ်ခုမှာ မင်းက ပြင်းပြင်းထန်ထန် ကစားနေတဲ့အချိန် ချွေးသံတရွှဲရွှဲနဲ့ မင်းရဲ့ လက်မောင်းကြွက်သားတွေကို ကြည့်ပြီး သူမမူးမိုက် လဲသွား နိုင်လောက်တယ်။ ဒီတော့ မင်းအတွက် အန္တရာယ်ကင်းတဲ့ နေရာတွေကတော့ သူငယ်ချင်း တစ်ယောက်ယောက်ရဲ့ ပါတီ ၊ ဒါမှမဟုတ် ဘားတစ်ခုလိုမျိုး စကားစမြည် ပြောလို့ကောင်းတဲ့ နေရာ တွေကိုရွေးချယ်ပါ။ ပျော်ပျော်ရွှင်ရွှင် ရယ်ရယ်မောမော ပြောဆိုနိုင်မှာဖြစ်ပြီး မျှတတဲ့နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အချစ်အကြောင်းတော့ အသေအချာ မပြောပါနဲ့ဦး။



(၂) ခံစစ်ပေါ်အခြေခံပြီး မစတင်ပါနဲ့

တချို့သော ဗျူဟာတွေအတွက် ဒါက အရေးကြီးပေမယ့် ဒီတစ်ခါတော့ အသုံးမ၀င်ပါဘူး။ ပွဲအပြီးရလဒ်ကို အရမ်းစိုးရိမ်နေပြီး သူ့ကိုခံငြင်းဖို့ချည်း စိတ်ကူးထားမယ်ဆိုရင်တော့ မင်းက ခင်မင် နှစ်လိုဖွယ်ကောင်းတဲ့ အမျိုးသားတစ်ယောက် ဖြစ်လာမှာမဟုတ်ပါဘူး။ အမျိုးသမီးတွေက အကြောင်းအရာစုံကို သူတို့နဲ့ လိုက်လျောညီထွေ ဖြစ်အောင် လိုက်ပြောတတ်သူမျိုး၊ အပြင်ထွက်လည်ရ အဆင်ပြေသူမျိုးကို နှစ်သက်တတ်ကြတယ်ဆိုတာ ယုံကြည်လိုက်ပါ။ သူတို့နဲ့ ဆန့်ကျင်ဖို့ထက် ပျော်စရာလေးတွေဖြစ်အောင်ပဲ ဖန်တီးပါ။



(၃) မင်းအရမ်း မူးနေတဲ့အခါ

ဝီစကီလေး နှစ်ပတ်လောက်သောက်ပြီးတဲ့အခါမျိုးမှာ မင်းဟာ ဂျိမ်းဘွန်းလောက်နီးနီး ချစ်ခင်စရာကြီး ဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် ဘယ်မိန်းမကမှ ရေအိမ်သွားဖို့ (၁၀)ခေါက်လောက် လိုက်ပို့နေရတာမျိုး၊ သူများတွေနဲ့ ရန်မဖြစ်အောင် လိုက်ထိန်းနေရတာမျိုးကို သဘောမကျတတ်ကြ ပါဘူး။ အရာရာကို ထိန်းချုပ်စီစဉ်နိုင်ပြီး သူမကိုပါ ဂရုစိုက်နိုင်သူမျိုးကိုသာ နှစ်သက်တတ်ကြတာပါ။ မျက်ထောင့်ကြီးနီရဲပြီး အာလေးလျှာလေးနဲ့ လာချဉ်းကပ်တာမျိုးတော့ လုံးဝ(လုံးဝ)ပဲနော် ကိုလူပျိုတို့။



(၄) စတွေ့ချိန်မှာ

စတွေ့လို့နှုတ်ဆက်ချိန်မှာ သာမန်အတိုင်းပဲ နှုတ်ဆက်ပါ။ ကဗျာဆန်ဆန် ၊ စာဆန်ဆန် ကွန့်ညွန့်လို့ နှုတ်ဆက်ခြင်းက မင်းကို ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိသူ တစ်ယောက်နဲ့ တူစေပါတယ်။ အကောင်းဆုံး အဆင်ပြေစေနိုင်မယ့် စကားလုံးအသစ်အဆန်း မတွေ့မချင်း “Hello” ဟာ အရိုးရှင်းဆုံးနဲ့ ဘယ်တော့မှ မရိုးတဲ့ ဖက်ရှင်ပါပဲ။



(၅) သူမ သူငယ်ချင်းမှတဆင့် ချဉ်းကပ်ခြင်း

ဒါတွေက ၁၉၉၀ ခုနှစ် လောက်တုန်းကလူတွေ သုံးတဲ့နည်းလမ်းပါ။ ဒီရာစုနှစ်မှာတော့ ဒါတွေအသုံးမ၀င်တော့ပါဘူး။ တကယ်လို့မင်းက သူမအတွက်နဲ့ သူမသူငယ်ချင်းကို အာရုံစိုက် ချဉ်းကပ်မယ်ဆိုရင်တော့ အမျိုးသမီးတွေက ဒီရှုပ်ထွေးတဲ့ သဘောတရားကို သိပ်ခေါင်းရှုပ်ခံ စဉ်းစားနေတော့မှာမျိုး မဟုတ်ပါဘူး။ သူမအနေနဲ့ သူမရဲ့သူငယ်ချင်းကို နှစ်သက်လို့သာ မင်းဒီနေရာ ရောက်နေတာပဲလို့ ရိုးရိုးရှင်းရှင်းပဲ သဘောက်ပေါက်သွားပါလိမ့်မယ်။



(၆) အလွန်နီးနီးကပ်ကပ် ရှိခြင်း

တကယ်လို့များ အကြောင်းတစ်စုံတစ်ရာကြောင့် သူမရဲ့ အိပ်ခန်း ၊ ဆိတ်ကွယ်ရာ နေရာ မျိုး ရောက်နေ တယ်ဆိုပါစို့။ သူမနဲ့ သိပ်မရင်းနှီးသေးခင် အခြေအနေဆိုရင် မင်းရဲ့လက်တွေကို ထိန်းထိန်း သိမ်းသိမ်းနေပါ။ သူမရဲ့ဘယ်လိုတုံ့ပြန်တယ်ဆိုတာကို စောင့်ကြည့်ပြီး အလိုက်သင့်လေးပဲ နေပါ။ တကယ်လို့များ သူမက မင်းကိုစိတ်ဝင်စားကြောင်း အခိုင်အမာပြနေပြီး မင်းရဲ့ လက်ကလေးကို မတော်တဆ ထိလိုက်မယ်ဆိုရင်တော့ ကြင်နာတဲ့ တုံ့ပြန်မှုမျိုး ပြန်ပြဖို့လိုပါပြီ။ ဖြည်းဖြည်းနဲ့ မှန်မှန်သာ တည်ဆောက်ပါ။ လူထူထပ်တဲ့နေရာမျိုးတွေမှာဆို ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုမျိုးတွေကို ကြင်နာစွာ ရှောင်ကျဉ်ပါ။

ဒီအချက်တွေကို အလေးအနက်ထား လိုက်နာကြည့်မယ်ဆိုရင် မင်းချဉ်းကပ်လိုတဲ့ မိန်းမကောင်းလေးကို ရရှိမှာမလွဲဧကန်ပါပဲ။

Ref:MENSXP

သက်တော် ၁၀၄ နှစ် ဆရာတော်ကြီးဦးသြဘာသ၏ ဆင်ဖြူတော်ကျောင်းတိုက်သို့ သာသနာပြုမြွေကြီးရောက်ရှိနေ




ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ဘီးလင်းတန်းရပ်ကွက်၊ ပေါက်ကုန်း၊ ဆင်ဖြူတော် ဘုန်းတော် ကြီး ကျောင်း တိုက်(သက်တော်ရှည်)၊ သက်တော် (၁၀၄)နှစ်ရှိ ဆရာတော်ကြီး ဘဒ္ဒန္တသြဘာသ၏ ကျောင်းတိုက်တော်ကြီးသို့ ၂၁-၁၁-၂၀၁၃နေ့ ညနေ (၆း၁၅)နာရီခန့်က လုံးပတ်(၁၀)လက်မ၊ အရှည် (၈)ပေရှိ စပါးကြီး မြွေမကြီးတစ်ကောင် မထင်မှတ်ဘဲ ရောက်ရှိ လာခဲ့သည်။

သမိုင်းဖြစ်စဉ်မှာ ယခုပေါက်ကုန်း၊ ဆင်ဖြူတော် ဘုန်းတော်ကြီး ကျောင်းတိုက်ကြီး၏ လက်ရှိဆရာတော် သက်တော်(၁၀၄)နှစ်ရှိ ဆရာတော် ဘဒ္ဒန္တသြဘာသနှင့် အတူ ရန်ကုန်တိုင်း ဒေသကြီးရှိ အာလိန် ငါးဆင့် ဆေးဝင်္ကပါ ဆရာတော် ဦးသူရိယ၏ အောင်မြေကျောင်း တိုက်တစ်ခုဖြစ်ခဲ့ပါသည်။ ၎င်း ကျောင်းတိုက် တော်ကြီးအား သက်တော်ရှည် မေတ္တာဝါဒီ ဆရာတော် ဘုရားကြီးနှင့်အတူ ဆေးဝင်္ကပါ ဆရာတော် ဘုရားကြီးတို့ (၂)ပါးက ပေါက်ကုန်း၊ ဆင်ဖြူတော်ကျောင်း တိုက်အား တည်ထောင်တော် မူခဲ့သည်။

၂၁-၁၁-၂၀၁၃နေ့ ညနေ ၆း၁၅ နာရီခန့်တွင် နေအိမ်၌ မိသားစုနှင့်အတူ ရှိနေစဉ် နတ်လမ်းပေါ်၌ သာသနာပြု စပါးကြီးမြွေကြီး ကို ကျောင်းသားများ တွေ့ရှိ၍ အုတ်အော်သောင်းတင်း အသံများကို ကြားသောအခါ ကိုရွှေကျီးသည် အိမ်မှကျောင်းဝင်း အတွင်းသို့ လာစဉ်တွေ့ရှိပြီး ၎င်းကိုယ်တိုင် ဦးခေါင်းပိုင်းမှ ကိုင်ပြီး အခြားလူ ၃ ဦးဖြင့် မြွေကြီးအား မယကာ ကျောင်းတော် ကြီး၏အောက်ဘက်၌ ထိန်းသိမ်း စောင့်ရှောက်ထားပြီး သက်တော် ရှည်ဆရာတော် ဘုရားကြီးက ၎င်းသည် သာသနာပြုရန် လာတာဖြစ်တယ်။ မသတ်ရန်နှင့် မြွေကြီးအား ယခု ကျောင်း ထိုင်ဆရာတော်က မေတ္တာသုတ်၊ ပဋ္ဌာန်းဒေသနာ တော်များကို နံနက်၊ ညနေ ရွတ် ဖတ်ပူဇော်သည့်အခါ နာယူမှုပြု လုပ်ပါသည်။ ၎င်းသာသနာပြု စပါးကြီး မြွေမကြီးအား အထူးအဆန်း သဖွယ် မြို့ပေါ်နှင့် မြို့နီးချုပ်စပ်မှ လာရောက်ကြည့်ရှုသူများ နေ့ည (၁၀၀၀)ကျော်ခန့်ဖြင့် စည်ကား လျက်ရှိပါသည်။

Myanmar Microfinance Bank ဖွင့်လှစ်ခွင့် ဗဟိုဘဏ်မှ ရရှိထားပြီး ဒီဇင်ဘာလတွင် ရန်ကုန်မြို့တွင် ဘဏ်ခွဲများ ဖွင့်လှစ်မည်




အသေးစားငွေချေး လုပ်ငန်းများ လုပ်ကိုင်မည့် Myanmar Microfinance Bank (MMB) ကို သမ၀ါယ မစီးပွားရေး ဗဟိုဌာနတွင် ဇွန် ၂ ရက်က ဖွင့်လှစ်ခဲ့ပြီး ဖြစ်သော်လည်း ဘဏ်လုပ်ငန်းများ လုပ်ဆောင်ရန် ဗဟိုဘဏ်၏ ခွင့်ပြုချက်အား စောင့်ဆိုင်းနေပြီး ယခုနှစ် ဒီဇင်ဘာလတွင် ဘဏ်ခွဲများ ဖွင့်လှစ်နိုင်မည် ဖြစ်ကြောင်း Myanmar Microfinance Bank (MMB) ဘဏ်မှ ဒုတိယဥက္ကဋ္ဌ-၁ ဖြစ်သူ ဦးကျော်လင်းက ပြောကြားသည်။

Myanmar Microfinance Bank (MMB) အား ၀င်ငွေနည်း ပြည်သူလူထုအတွက် အရင်းအနှီး ချေးငွေရရှိရန် အထူးပြု တည်ထောင်ခြင်းဖြစ်ပြီး ချေးငွေများ ပေးအပ်ရာတွင် အတိုးနှုန်း အနည်းငယ်အား ကာလတို ထုတ်ချေးမည် ဖြစ်သဖြင့် အခြားဘဏ်များထက် ဘဏ်တိုးနှုန်း များပြားမည့် အခြေအနေတွင် ရှိနေသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း အဆိုပါဘဏ်၏ အတိုးနှုန်းမှာ ဗဟိုဘဏ်၏ သတ်မှတ်ချက် အတိုင်းသာ ကောက်ခံမည် ဖြစ်ကြောင်း ဦးကျော်လင်းက ပြောကြားသည်။

''ဘဏ်ဖွင့်လှစ်ခွင့်က ရရှိထားပါပြီ။ အခုလောလောဆယ်မှာ ဘဏ်ခွဲတွေဖွင့်လှစ်နိုင်ဖို့ ပြင်ဆင်နေပြီး ဒီဇင်ဘာလအတွင်း ရန်ကုန်မြို့မှာ ဘဏ်လုပ်ငန်းတွေ လုပ်ဆောင်ဖို့ ဘဏ်ခွဲနှစ်ခုအထိ ဖွင့်လှစ်သွားပါမယ်'' ဟု ဦးကျော်လင်းက ဆိုသည်။

လက်ရှိဗဟိုဘဏ်၏ အတိုးနှုန်းမှာ တစ်နှစ်လျှင် ၁၀ ရာခိုင်နှုန်းဖြစ်ပြီး ပုဂ္ဂလိက ဘဏ်များ၏ အတိုးနှုန်းမှာ အပ်ငွေအတိုးနှုန်း တစ်နှစ်လျှင် ရှစ်ရာခိုင်နှုန်း၊ ချေးငွေ အတိုးနှုန်း တစ်နှစ်လျှင် ၁၃ ရာခိုင်နှုန်းနှင့် ၀န်ဆောင်ခ တစ်နှစ်လျှင် တစ်ရာခိုင်နှုန်းတို့ ဖြစ်ကြောင်း သိရသည်။

ယခုနှစ်ပိုင်းအတွင်း ကျောက်မျက်လုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းများ အထူးပြု တည်ထောင်မည့် ဘဏ်နှစ်ခုနှင့် နေပြည်တော် စည်ပင်သာယာရေး ဘဏ်တစ်ခုတို့ ထပ်မံဖွင့်လှစ်ရန် စီစဉ်လျက် ရှိသည်ဟု သတင်းထွက်ပေါ် ခဲ့သော်လည်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးဘဲ နေပြည်တော် စည်ပင်သာယာရေး ဘဏ်ကိုသာ ဖွင့်လှစ်ခွင့် ပြုခဲ့ကြောင်း သိရသည်။

လတ်တလောကာလတွင် ပုဂ္ဂလိကဘဏ် ဖွင့်လှစ်ခွင့် အများအပြား တင်ပြထားသော်လည်း အစိုးရ ဖက်စပ်ပါဝင်သည့် ဘဏ်များမှအပ ပုဂ္ဂလိက ဘဏ်ဖွင့်လှစ်ခွင့်အား ပေးအပ်ဦးမည် မဟုတ်ကြောင်း ဘဏ္ဍာရေး ၀န်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောကြားထားပြီး အသေးစား ငွေချေးလုပ်ငန်းများ လုပ်ကိုင်မည့် Myanmar Microfinance Bank (MMB) တွင်မူ သမ၀ါယမ ၀န်ကြီးဌာနနှင့် ပူးပေါင်းလုပ်ဆောင်မှုများ ရှိနေကြောင်း သိရသည်။

''သမ၀ါယမ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းပြောတဲ့ အတိုင်းဆို ဘဏ်တိုးနှုန်းက ၃၀ ရာခိုင်နှုန်း အထိ ဖြစ်မယ်။ ဒါပေမဲ့ သူက လူတစ်ဦးကို ကျပ်နှစ်သောင်း၊ သုံးသောင်းပဲ ချေးမှာပါ'' ဟု သမ၀ါယမဘဏ်မှ ဦးဆောင် ညွှန်ကြားရေးမှုး ဦးဖေမြင့်က ဆိုသည်။

မြန်မာနိုင်ငံတွင် ဗဟိုဘဏ်၏ တရားဝင် ထုတ်ပြန်ထားသော စာရင်းများအရ ပုဂ္ဂလိကဘဏ် ၂၁ ဘဏ် အထိရှိနေပြီး နိုင်ငံပိုင် ဘဏ်လေးဘဏ် ရှိသည်။

(သမ၀ါယမ ဗဟိုစီးပွားရေး ဌာနတွင် ဖွင့်လှစ်ထားသည့် Myanmar Microfinance Bank (MMB) အား တွေ့ရစဉ်(ဓာတ်ပုံ-ဖြိုးဝေ))
EMG

ထိုင်းနိုင်ငံတွင် ကျင်းပသည့် လေးကြိမ်မြောက် အာဆီယံ ကင်းထောက်များ တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြု ကင်းထောက် ကျောင်းသားကျောင်းသူများ တက်ရောက်


ထိုင်းနိုင်ငံတွင်၂၀၁၃ ခုနှစ် နိုဝင်ဘာ ၂၇ ရက်မှ ဒီဇင်ဘာ ၄ ရက်အထိ ကျင်းပပြုလုပ်မည့် လေးကြိမ်မြောက် အာဆီယံ ကင်းထောက်များ တွေ့ဆုံပွဲ (4th Asean Scout Jamboree) သို့ မြန်မာနိုင်ငံ ကိုယ်စားပြု ကင်းထောက် ကျောင်းသားကျောင်းသူ ၂၀ ဦးနှင့် အုပ်ချုပ်သူ နှစ်ဦး အပါအ၀င် စုစုပေါင်း အဖွဲ့ဝင် ၂၂ ဦး တက်ရောက်ကြမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ လေးကြိမ်မြောက် အာဆီယံ ကင်းထောက်များ တွေ့ဆုံပွဲ (4th Asean Scout Jamboree) သို့ မြန်မာနိုင်ငံ ကိုယ်စားပြု တက်ရောက်ရန်အတွက် ၂၀၁၃ ခုနှစ်၊ ဧပြီလအတွင်းက နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် လူငယ်တွေ့ဆုံပွဲနှင့် ကင်းထောက်စခန်းချ လေ့ကျင့်သင်တန်းတို့တွင် ထူးချွန်စွာ အောင်မြင်ခဲ့သူများအား ပညာရေး ၀န်ကြီးဌာနမှ စိစစ်ရွေးချယ် စေလွှတ်ခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာ ၂၇ ရက်က မင်္ဂလာဒုံလေဆိပ်မှ ဘန်ကောက်မြို့သို့ ဆွေးနွေးပွဲ တက်ရောက်ရန် ထွက်ခွာခဲ့ကြသည်။

ယင်းကင်းထောက် လူငယ်အဖွဲ့သည် အာရှပစိဖိတ်နှင့် အာဆီယံနိုင်ငံများမှ လူငယ်ကိုယ်စားလှယ် ဦးရေ ၅၀၀၀ နှင့်အတူ ထိုင်းနိုင်ငံတွင် တစ်ပတ်ကြာ စခန်းချ နေထိုင်မည်ဖြစ်ပြီး ခရီးစဉ် ကာလအတွင်း တည်းခိုနေထိုင် စားသောက်စရိတ်များအား အာဆီယံ ကင်းထောက်အဖွဲ့ချုပ်မှ မြန်မာနိုင်ငံ ကင်းထောက် ကျောင်းသား ကျောင်းသူများ အတွက် တာဝန်ယူ လှူဒါန်းပေးသွားမည်ဖြစ်ပြီး ပြည်တွင်းမှ ပုဂ္ဂလိက စေတနာရှင် များမှလည်း ပါဝင်လှူဒါန်း ခဲ့ကြသည်။

''အာရှပစိဖိတ် ဒေသက ကင်းထောက် အဖွဲ့ဝင်တွေက ဖိတ်ကြားထားတဲ့ အတွက် အခုလို မြန်မာနိုင်ငံက ကင်းထောက်ကျောင်းသား၊ ကျောင်းသူတွေ အနေနဲ့ တက်ရောက်ကြတာ ဖြစ်ပါတယ်။ ဒီ 4th Asean Scout Jamboree ကို မြန်မာနိုင်ငံက ကင်းစိတ် နှစ်စိတ် တက်ရောက်တာပါ။ အဓိကကတော့ ဒီတွေ့ဆုံပွဲကနေ တစ်ဆင့် တစ်နိုင်ငံနဲ့ တစ်နိုင်ငံ နိုင်ငံအချင်းချင်း ကင်းထောက် အကြောင်းအရာတွေ ဖလှယ်ပြီး ကမ္ဘာ့ကင်းထောက် အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအဖြစ် မြန်မာနိုင်ငံလည်း ၀င်ရောက်နိုင်ဖို့အတွက် ရည်ရွယ်ထားပါတယ်'' ဟု မြန်မာနိုင်ငံ ကင်းထောက်ကော်မတီ (ယာယီ)၏ ဥက္ကဋ္ဌ ဦးတင်ညိုက ဆိုသည်။

၂၀၁၃ ခုနှစ် သြဂုတ်လတွင် ဂျပန်နိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် အာရှပစိဖိတ် ဒေသလုံးဆိုင်ရာ ကင်းထောက်များ တွေ့ဆုံပွဲအား မြန်မာနိုင်ငံမှ ကင်းထောက် လူငယ်အချို့ ပထမဆုံးအကြိမ် တက်ရောက် ခဲ့ခြင်းဖြစ်ပြီး လေးကြိမ်မြောက် အာဆီယံ ကင်းထောက်များ တွေ့ဆုံပွဲ (4th Asean Scout Jamboree) မှ ဒုတိယအကြိမ်မြောက် နိုင်ငံတကာ ကင်းထောက် အဖွဲ့အစည်းများ အစည်းအဝေးသို့ နိုင်ငံကိုယ်စားပြု တက်ရောက်ခြင်း ဖြစ်သည်။

(ဘန်ကောက်မြို့တွင် ကျင်းပမည့် လေးကြိမ်မြောက် အာဆီယံ ကင်းထောက်များ တွေ့ဆုံပွဲသို့ တက်ရောက်ရန် ထွက်ခွာမည့် ကင်းထောက်များအား မထွက်ခွာမီ လေဆိပ်၌ တွေ့ရစဉ်။)
EMG

အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်နိုင်ရေး ILO အပါအ၀င် ပြည်ပပညာရှင်များနှင့် အလုပ်သမား ၀န်ကြီးဌာန ပူးပေါင်းဆောင်ရွက်မည်




မြန်မာနိုင်ငံရှိ အလုပ်သမားများ၏ အနိမ့်ဆုံး အခြေခံ လုပ်ခလစာ သတ်မှတ်နိုင်ရေး အတွက် ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ် အပါအ၀င် ပြည်ပပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ သိရသည်။

အလုပ်သမား ၀န်ကြီးဌာန အနေဖြင့် အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ရာတွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်မှ ပညာရှင်များနှင့် ပူးပေါင်းကာ သုတေသန ပြုလုပ်လျက်ရှိပြီး အလုပ်သမား တစ်ဦး၏ စားသောက်မှု ကုန်ကျစရိတ်၊ မိသားစုနှုန်း၊ အလုပ်သမား၏ လက်ရှိဝင်ငွေတို့ကို အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ရာ၌ ထည့်သွင်း တွက်ချက်မည် ဖြစ်ကြောင်း သိရသည်။

''သုတေသနလုပ်ပြီး ပေါ်ပေါက်လာမယ့် ရလာဒ်တွေကို ဆွေးနွေးပြီး အလုပ်ရှင် အလုပ်သမား နှစ်ဦးစလုံး သဘောတူ ကျေနပ်မယ့် အနိမ့်ဆုံး လုပ်ခလစာကို သတ်မှတ်ပေးမှာပါ'' ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ဆိုသည်။

အနည်းဆုံး အခကြေးငွေ နည်းဥပဒေအရ အလုပ်သမားများ၏ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ရာတွင် ကုန်စည်ဈေးနှုန်းနှင့် ၀န်ဆောင်ခများ၊ အလုပ်သမားများ၏ ကုန်ထုတ်လုပ်မှုစွမ်းအား၊ အလုပ်ရှင်မှ လုပ်ခပေးနိုင်မှု အခြေအနေ၊ နိုင်ငံတော်၏ လူမှုစီးပွားရေး အခြေအနေ၊ စားသုံးသူ ဈေးနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း စသည့်အချက်များအပေါ် အခြခံကာ သတ်မှတ်ရမည် ဖြစ်သည်။

လက်ရှိတွင် မြန်မာနိုင်ငံရှိ စက်ရုံ အလုပ်ရုံ လုပ်ငန်းများ၌ အလုပ်သမား တစ်ဦး၏ အနိမ့်ဆုံး အခြေခံလစာကို အစိုးရမှ သတ်မှတ်ပေးထားခြင်း မရှိဘဲ အလုပ်ရှင်အချင်းချင်း ညှိနှိုင်းပေးသည့်စနစ် ကျင့်သုံးနေသည်။

စက်ရုံအလုပ်သမားတစ်ဦး လက်ရှိ အခြေခံ လုပ်ခလစာမှာ ကျပ်နှစ်သောင်းမှ သုံးသောင်းဖြစ်ပြီး အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ပြီးပါက ယခုထက် လစာတိုးမြှင့် ရရှိမည်ဟု သိရသည်။ အခြေခံလုပ်ခ လစာကို ဒေသ၊ လုပ်ငန်းနှင့် ကျွမ်းကျင်မှု အမျိုးအစားအလိုက် သတ်မှတ်ပေးပြီး လုပ်ခလစာ သတ်မှတ်ချက်များ တူညီမှုရှိမည် မဟုတ်ကြောင်း သိရသည်။

(အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ရေးအတွက် အလုပ်ရှင် အလုပ်သမားများနှင့် အလုပ်သမား ၀န်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေးနေစဉ်)
EMG

နေပြည်တော် ဟိုတယ်ဇုန်တွင် ဟိုတယ်အသစ် ၁၁ လုံး ဖွင့်လှစ်ခွင့်ပြုခဲ့ပြီး ယင်းဟိုတယ်များ၌ အခန်းပေါင်း တစ်ထောင်ကျော်ပါဝင်


Photo: နေပြည်တော် ဟိုတယ်ဇုန်တွင် ဟိုတယ်အသစ် ၁၁ လုံး ဖွင့်လှစ်ခွင့်ပြုခဲ့ပြီး ယင်းဟိုတယ်များ၌ အခန်းပေါင်း တစ်ထောင်ကျော်ပါဝင်

နေပြည်တော် ဟိုတယ်ဇုန်တွင် ဟိုတယ်အသစ် ၁၁ လုံးအား ယခုတစ်ပတ်အတွင်း ဖွင့်လှစ်ခွင့် ပြုခဲ့ပြီးနောက် အခန်းပေါင်း တစ်ထောင်ကျော် ပါဝင်မည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ သိရသည်။

ဖွင့်လှစ်ခွင့်ပြုခဲ့သော ဟိုတယ်များမှာ နေပြည်တော် ဟိုတယ်ဇုန်တွင် ပါဝင်သော ဒက္ခိဏသီရိ ဟိုတယ်ဇုန်နှင့် ဥတ္တရသီရိ ဟိုတယ်ဇုန်များတွင် ရှိကြောင်း သိရသည်။

ယင်းတို့အနက် ဒက္ခိဏသီရိ ဟိုတယ်ဇုန်ရှိ မြနန်းယုံဟိုတယ်မှ အခန်းပေါင်း ၁၅၄ ခန်း၊ ACE ဟိုတယ် ၂၅ ခန်း၊ သူရဇ္ဇဟိုတယ် ၄၆ ခန်း၊ မင်္ဂလာသီရိ ၁၄၈ ခန်း၊ EXCEL CAPITAL HOTEL ၈၅ ခန်း၊ မန်းမြန်မာဟိုတယ် ၁၃၈ ခန်း၊ နယူးဧရာဟိုတယ် ၈၈ ခန်း၊ Jade City HOTEL ၁၄၁ ခန်းတို့ ရှိလာမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ဥတ္တရသီရိ ဟိုတယ်ဇုန်တွင်မူ Jade Royal Hotel ၅၂ ခန်း၊ အေးချမ်းသာ ဟိုတယ် ၁၂၈ ခန်းနှင့် ပုလဲသီရိ ဟိုတယ်မှ အခန်း ၄၀ ကိုလည်း ရရှိမည် ဖြစ်ကြောင်း သိရသည်။

ယင်းဟိုတယ်များမှ ရရှိသော အခန်းများမှာ နေပြည်တော်တွင် ကျင်းပမည်ဖြစ်သော ဆီးဂိမ်းပြိုင်ပွဲ ကာလအတွင်း အခန်းလုံလောက်စွာ ရရှိရန် အဓိကထား ဖြည့်စွက်ရမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ သိရသည်။

ယင်းအပြင် ဆီးဂိမ်းမတိုင်မီအထိ နေပြည်တော်တွင် ဟိုတယ်အသစ်များ ထပ်မံဖွင့်လှစ်ရန် ရှိမည်ဖြစ်ပြီး အခန်းပေါင်း ၄၀၀ ခန့် ရရှိလာမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်ထိ နေပြည်တော် ဟိုတယ်ဇုန်တွင် ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ ခွင့်ပြုခဲ့သော ဟိုတယ် ၅၃ လုံးမှ အခန်းပေါင်း ၃၈၀၀ ခန့်ရှိကြောင်း သိရသည်။

(ဖွင့်လှစ်ခွင့်ပြုခဲ့သော EXCEL HOTEL အား အောက်တိုဘာလ အတွင်းက တွေ့ရစဉ်)
နေပြည်တော် ဟိုတယ်ဇုန်တွင် ဟိုတယ်အသစ် ၁၁ လုံးအား ယခုတစ်ပတ်အတွင်း ဖွင့်လှစ်ခွင့် ပြုခဲ့ပြီးနောက် အခန်းပေါင်း တစ်ထောင်ကျော် ပါဝင်မည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ သိရသည်။

ဖွင့်လှစ်ခွင့်ပြုခဲ့သော ဟိုတယ်များမှာ နေပြည်တော် ဟိုတယ်ဇုန်တွင် ပါဝင်သော ဒက္ခိဏသီရိ ဟိုတယ်ဇုန်နှင့် ဥတ္တရသီရိ ဟိုတယ်ဇုန်များတွင် ရှိကြောင်း သိရသည်။

ယင်းတို့အနက် ဒက္ခိဏသီရိ ဟိုတယ်ဇုန်ရှိ မြနန်းယုံဟိုတယ်မှ အခန်းပေါင်း ၁၅၄ ခန်း၊ ACE ဟိုတယ် ၂၅ ခန်း၊ သူရဇ္ဇဟိုတယ် ၄၆ ခန်း၊ မင်္ဂလာသီရိ ၁၄၈ ခန်း၊ EXCEL CAPITAL HOTEL ၈၅ ခန်း၊ မန်းမြန်မာဟိုတယ် ၁၃၈ ခန်း၊ နယူးဧရာဟိုတယ် ၈၈ ခန်း၊ Jade City HOTEL ၁၄၁ ခန်းတို့ ရှိလာမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ဥတ္တရသီရိ ဟိုတယ်ဇုန်တွင်မူ Jade Royal Hotel ၅၂ ခန်း၊ အေးချမ်းသာ ဟိုတယ် ၁၂၈ ခန်းနှင့် ပုလဲသီရိ ဟိုတယ်မှ အခန်း ၄၀ ကိုလည်း ရရှိမည် ဖြစ်ကြောင်း သိရသည်။

ယင်းဟိုတယ်များမှ ရရှိသော အခန်းများမှာ နေပြည်တော်တွင် ကျင်းပမည်ဖြစ်သော ဆီးဂိမ်းပြိုင်ပွဲ ကာလအတွင်း အခန်းလုံလောက်စွာ ရရှိရန် အဓိကထား ဖြည့်စွက်ရမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ သိရသည်။

ယင်းအပြင် ဆီးဂိမ်းမတိုင်မီအထိ နေပြည်တော်တွင် ဟိုတယ်အသစ်များ ထပ်မံဖွင့်လှစ်ရန် ရှိမည်ဖြစ်ပြီး အခန်းပေါင်း ၄၀၀ ခန့် ရရှိလာမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်ထိ နေပြည်တော် ဟိုတယ်ဇုန်တွင် ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ ခွင့်ပြုခဲ့သော ဟိုတယ် ၅၃ လုံးမှ အခန်းပေါင်း ၃၈၀၀ ခန့်ရှိကြောင်း သိရသည်။

(ဖွင့်လှစ်ခွင့်ပြုခဲ့သော EXCEL HOTEL အား အောက်တိုဘာလ အတွင်းက တွေ့ရစဉ်)

နေပြည်တော် ဟိုတယ်ဇုန်တွင် ဟိုတယ်အသစ် ၁၁ လုံး ဖွင့်လှစ်ခွင့်ပြုခဲ့ပြီး ယင်းဟိုတယ်များ၌ အခန်းပေါင်း တစ်ထောင်ကျော်ပါဝင်

နေပြည်တော် ဟိုတယ်ဇုန်တွင် ဟိုတယ်အသစ် ၁၁ လုံးအား ယခုတစ်ပတ်အတွင်း ဖွင့်လှစ်ခွင့် ပြုခဲ့ပြီးနောက် အခန်းပေါင်း တစ်ထောင်ကျော် ပါဝင်မည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ သိရသည်။

ဖွင့်လှစ်ခွင့်ပြုခဲ့သော ဟိုတယ်များမှာ နေပြည်တော် ဟိုတယ်ဇုန်တွင် ပါဝင်သော ဒက္ခိဏသီရိ ဟိုတယ်ဇုန်နှင့် ဥတ္တရသီရိ ဟိုတယ်ဇုန်များတွင် ရှိကြောင်း သိရသည်။

ယင်းတို့အနက် ဒက္ခိဏသီရိ ဟိုတယ်ဇုန်ရှိ မြနန်းယုံဟိုတယ်မှ အခန်းပေါင်း ၁၅၄ ခန်း၊ ACE ဟိုတယ် ၂၅ ခန်း၊ သူရဇ္ဇဟိုတယ် ၄၆ ခန်း၊ မင်္ဂလာသီရိ ၁၄၈ ခန်း၊ EXCEL CAPITAL HOTEL ၈၅ ခန်း၊ မန်းမြန်မာဟိုတယ် ၁၃၈ ခန်း၊ နယူးဧရာဟိုတယ် ၈၈ ခန်း၊ Jade City HOTEL ၁၄၁ ခန်းတို့ ရှိလာမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ဥတ္တရသီရိ ဟိုတယ်ဇုန်တွင်မူ Jade Royal Hotel ၅၂ ခန်း၊ အေးချမ်းသာ ဟိုတယ် ၁၂၈ ခန်းနှင့် ပုလဲသီရိ ဟိုတယ်မှ အခန်း ၄၀ ကိုလည်း ရရှိမည် ဖြစ်ကြောင်း သိရသည်။

ယင်းဟိုတယ်များမှ ရရှိသော အခန်းများမှာ နေပြည်တော်တွင် ကျင်းပမည်ဖြစ်သော ဆီးဂိမ်းပြိုင်ပွဲ ကာလအတွင်း အခန်းလုံလောက်စွာ ရရှိရန် အဓိကထား ဖြည့်စွက်ရမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ သိရသည်။

ယင်းအပြင် ဆီးဂိမ်းမတိုင်မီအထိ နေပြည်တော်တွင် ဟိုတယ်အသစ်များ ထပ်မံဖွင့်လှစ်ရန် ရှိမည်ဖြစ်ပြီး အခန်းပေါင်း ၄၀၀ ခန့် ရရှိလာမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်ထိ နေပြည်တော် ဟိုတယ်ဇုန်တွင် ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ ခွင့်ပြုခဲ့သော ဟိုတယ် ၅၃ လုံးမှ အခန်းပေါင်း ၃၈၀၀ ခန့်ရှိကြောင်း သိရသည်။

(ဖွင့်လှစ်ခွင့်ပြုခဲ့သော EXCEL HOTEL အား အောက်တိုဘာလ အတွင်းက တွေ့ရစဉ်)

EMG




ဘင်္ဂါလီများအား နိုင်ငံသားဖြစ်ခွင့် ကုလသမဂ္ဂ၏ တောင်းဆိုမှုကို ရမ်းဗြဲမြို့ ဒေသခံများ ဆန္ဒပြ



ဘင်္ဂါလီလူမျိုးများအား ရိုဟင်ဂျာ အမည်ဖြင့် နိုင်ငံသားဖြစ်ခွင့် ပြုလုပ်ရန် ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မတီ၏ ဆုံးဖြတ်တောင်းဆိုမှုအား နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းက ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့တွင် ဒေသခံများ ဆန္ဒပြကန့်ကွက် ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ကန့်ကွက်ဆန္ဒ ထုတ်ဖော်ရန်အတွက် သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့သို့ ခွင့်ပြုချက် တောင်းခံခဲ့ပြီး ခွင့်ပြုချက် ပေးခဲ့ကြောင်းလည်း သိရသည်။ ယင်းအတွက် အဆိုပါ ဆန္ဒထုတ်ဖော်မှုသည် တရားဝင် ထုတ်ဖော်ပြသသော ဆန္ဒထုတ်ဖော်မှု တစ်ရပ်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံအတွင်း မည်သည့်အခါမျှ မရှိခဲ့သော လူမျိုးတစ်ခုကို နိုင်ငံသားအဖြစ် လက်ခံပေးရန် ကုလတောင်းဆိုမှုသည် တစ်ဖက်သတ် ဖြစ်နေကြောင်းနှင့် နိုင်ငံတော်၏ အချုပ်အခြာကို ၀င်ရောက် စွက်ဖက်ခြင်းဟု ဒေသခံများ ထင်မြင်ကြောင်းလည်း သိရသည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုနှင့် ပတ်သက်ပြီး ရမ်းဗြဲမြို့မှ ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်သူများ အနက် ပါဝင်သူ တစ်ဦးဖြစ်သည့် ဦးထွန်းကြည်က ''ကျွန်တော်တို့ အချက် သုံးချက်နဲ့ တင်ပြတောင်းဆိုတာ ဖြစ်တယ်။ ကုလသမဂ္ဂမှ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်ခွင့်ကို လေးစားရေး၊ ရိုဟင်ဂျာသည် မြန်မာနိုင်ငံတွင် ဘယ်တုန်းကမှ မရှိ၊ ၁၉၈၂ ဥပဒေကို အတိအကျ အကောင်အထည် ဖော်ဆောင်ရေးဆိုတဲ့ အချက်တွေကို ဆိုင်းဘုတ်တွေရေးပြီး စီတန်းလှည့်လည်တာ ဖြစ်တယ်။ သံဃာတော်တွေနဲ့ ဒေသခံ လူအင်အား ၉၀၀ ခန့် ပါဝင်တယ်။ မြို့တစ်ပတ် စီတန်းလမ်းလျှောက် ခဲ့ကြတယ်'' ဟု ပြောကြားသည်။

ရမ်းဗြဲမြို့တွင် ထိုသို့ဆန္ဒထုတ်ဖော်ခြင်း ပြုလုပ်ရခြင်းသည် ကုလမှ တောင်းဆိုချက်ကို ကန့်ကွက်ဆန္ဒ ထုတ်ဖော်ခြင်းသာဖြစ်ပြီး မဖြစ်နိုင်သော ကိစ္စတစ်ခုအား မြန်မာအစိုးရသို့ ဖိအားပေး တောင်းဆိုခြင်းသာ ဖြစ်သည့်အတွက် ရခိုင်ပြည်သူများကိုယ်စား ရမ်းဗြဲမြို့သူ မြို့သားများက ကန့်ကွက်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

''တကယ်တော့ ကုလသမဂ္ဂဟာ ဘင်္ဂါလီ လူမျိုးတွေဘက်က သီးခြားရပ်တည် နေတယ်ဆိုတာ ဒီနေရာက ဖော်ပြသလို ဖြစ်နေတယ်။ အခုက မြန်မာနိုင်ငံမှာ ရှိနေကြတဲ့ တိုင်းရင်းသားတွေနဲ့ ရန်တိုက်ပေးတဲ့ အဓိပ္ပာယ် သက်ရောက်နေပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ လုံးဝလက်မခံဘူး ဆိုတာကို သိအောင်လို့ အခုလိုထုတ်ဖော် ပြသတာ ဖြစ်ပါတယ်'' ဟု ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်ခဲ့သူ တစ်ဦးက ပြောကြားသည်။

(ရခိုင်ပြည်နယ် ရမ်းဗြဲမြို့တွင် နိုဝင်ဘာ ၂၈ ရက် နံနက်က ဒေသခံများ ဆန္ဒပြနေကြစဉ်)
EMG

မန္တလေးမြို့မှ တရုတ်ဈေးကွက်သို့ ဆန်အသစ်တင်ပို့မှု များပြား




မန္တလေးမှ တရုတ်ဈေးကွက်သို့ ယခုလပိုင်းအတွင်း ဆန်အသစ် တင်ပို့မှု များပြားလျက်ရှိကာ ပြည်တွင်း၌ ဆန်အသစ်ဈေးမာ လျက်ရှိကြောင်း မန္တလေး ဆန်ကုန်စည်ဒိုင်မှ သိရသည်။

တရုတ်ဈေးကွက်သို့ ဆန်အသစ်ပေါ်ချိန်၌ မန္တလေးအပြင် ရန်ကုန်၊ ပြည်နှင့် မြစ်ဝကျွန်းပေါ် ဒေများမှ ဆန်ကုန်သည်များလည်း တိုက်ရိုက်တင်ပို့မှုများ များပြားလျက်ရှိကြောင်း သိရသည်။

''တရုတ်ဈေးကွက်က ဈေးငြိမ်နေပေမယ့် ပြည်တွင်းကနေ ဆန်အသစ်တင်ပို့မှု များတယ်လို့ ပြောလို့ရတယ်။ မန္တလေးက ဆန်ကုန်သည်တွေအပြင် အရင်မန္တလေးကနေ တစ်ဆင့် တင်ပို့တဲ့ အောက်ပိုင်းက ဆန်ကုန်သည် တွေကလည်း တရုတ်ကို တိုက်ရိုက်တင်ပို့မှုတွေ ရှိလာတယ်။ ဆန်အသစ်တွေဖြစ်တဲ့ သုခနဲ့ ရတနာတိုး ဆန်အမျိုးအစားတွေ အများဆုံး တင်ပို့နေကြတဲ့အတွက် ပြည်တွင်းမှာ အဲ့ဒီဆန် အမျိုးအစားတွေ ဈေးမာတယ်။ ပြည်တွင်း ဆန်ဟောင်းဈေးနဲ့ ၀ယ်လိုအားကတော့ အေးတယ်'' ဟု မန္တလေး ဆန်ကုန်စည်ဒိုင်မှ ပြန်ကြားရေး တာဝန်ခံက ပြောကြားသည်။

မန္တလေး ဆန်ကုန်သည်များမှ မူဆယ်သို့ နေ့စဉ်ဆန်အိတ် လေးသောင်း ၀န်းကျင်ခန့် တင်ပို့လျက်ရှိပြီး ရတနာတိုးဆန် အမျိုးအစားမှာ ပြည်တွင်းဈေးကွက်၌ တစ်အိတ်လျှင် ကျပ် ၁၆၈၀၀ မှ ကျပ် ၁၇၀၀၀ ဈေးနှုန်းရှိပြီး သုခဆန်(အသစ်)မှာမူ တစ်အိတ်လျှင် ကျပ် ၁၆၀၀၀ ဈေးနှုန်းရှိကြောင်း၊ မူဆယ် ဈေးကွက်၌ ၅၀ ကီလိုဂရမ် တစ်အိတ်လျှင် ရတနာတိုး ဆန်ဈေးမှာ ၁၃၆ ယွမ်နှင့် သုခဆန်ဈေးမှာ ၁၂၈ ယွမ်ဈေးနှုန်း ရရှိကြောင်း သိရသည်။

ယခုဘဏ္ဍာရေးနှစ် ဧပြီ ၁ ရက်မှ နိုဝင်ဘာ ၁၅ ရက် အထိ ပြည်ပသို့ ဆန်တန်ချိန် ၄၁၂၇၄၀ တန် တင်ပို့နိုင်ခဲ့ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးအနေဖြင့် ပြည်ပသို့ ယခုဘဏ္ဍာရေး တစ်နှစ်ပတ်လုံး ဆန်တန်ချိန် သုံးသန်းအထိ တင်ပို့ရန် လျာထားကြောင်း သိရသည်။

(မန္တလေးမြို့ ဆန်ပွဲရုံတစ်ခုတွင် တရုတ်ဈေးကွက်သို့ တင်ပို့ရန် ပြင်ဆင်နေသည်ကို တွေ့ရစဉ်)
EMG

မကွေးတိုင်းအတွင်း ဧရာဝတီမြစ်ကမ်း တစ်လျှောက် ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် ယခုနှစ်အတွင်း ကမ်းပြိုမှု အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရသဖြင့် ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ




မကွေးတိုင်းအတွင်း ဧရာဝတီ မြစ်ကမ်းတစ်လျှောက် ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များတွင် ယခုနှစ် ရေတက်ကာလမှ ရေကျကာလအထိ ကမ်းပြိုမှုများ အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရပြီး ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနှင့် လူနေအိမ်များ ရွှေ့ပြောင်း ခဲ့ရသောကြောင့် မကွေးတိုင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဌာနမှ နိုဝင်ဘာ လလယ်ပိုင်းကစ၍ ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း ဒေသခံများနှင့် အဆိုပါဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

မကွေးတိုင်း စလင်းမြို့နယ် ဘိုကုန်းကျေးရွာ၊ ပွင့်ဖြူမြို့နယ် ခုံစုကျေးရွာ၊ ရှားတောကျေးရွာ၊ မင်းဘူးမြို့နယ် နိဗ္ဗာန်ကျွန်း ကျေးရွာ၊ ရေနံချောင်းမြို့နယ် ကျမ်းကိုင်ကျွန်း ကျေးရွာအုပ်စု၊ မကွေးမြို့နယ် မြေနုကျွန်း ကျေးရွာ၊ မင်းလှမြို့နယ် ကမ်းနားလမ်းနှင့် အောင်လံမြို့နယ် သရက်တော ရပ်ကွက်တို့တွင် ကမ်းပြိုမှုကြုံတွေ့ ခဲ့ရကြောင်း၊ ယခုနှစ်တွင် ဧရာဝတီမြစ်ရေ အတက်အကျနှစ်ကြိမ် ဖြစ်ပေါ်ခဲ့သောကြောင့် ရေတက်ချိန်နှင့် ရေကျချိန်တိုင်း ကမ်းပြိုလေ့ ရှိခဲ့ကြောင်း၊ လက်ရှိတွင် ရေငြိမ်စပြုလာ၍ ကမ်းပြိုမှုလည်း လျော့နည်းလာကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ကမ်းပြိုခဲ့သည့် ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များ အနက် အောင်လံမြို့ သရက်တော ရပ်ကွက် အ.မ.ကကျောင်း အနောက်ဘက် ကမ်းပြိုခဲ့သည့် နေရာတွင် အလျား ပေ ၄၅၀ လျှောစောက် ပေ ၂၀ ရှိ ကျောက်စီ နံရံတစ်ခုအား လည်းကောင်း၊ မကွေးမြို့ နယ် မြေနုကျွန်း ကျေးရွာတွင် ရေနက်ကြောင်းကြောင့် ကမ်းပြိုခဲ့သည့် နေရာ၌ ပေ ၁၅၀ အရှည်ရှိ ကျောက်စီရေကာ ငါးခုအားလည်းကောင်း၊ မကွေးတိုင်းအတွင်း ရေစကြိုမြို့နယ် ချင်းတွင်း မြစ်ကြောင်းနှင့် ထီးလင်းမြို့နယ် မောချောင်း တို့တွင်လည်း ကျောက်စီရေကာနှင့် မျောတိုင်ရေကာများအား လည်းကောင်း တည်ဆောက်လျက် ရှိကြောင်း မကွေးတိုင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာနမှ သိရသည်။

''မြစ်တစ်ခုဟာ တိုက်စားခြင်း၊ အနည်များ သယ်ယူပို့ဆောင်ခြင်းနဲ့ ရေစီးလျော့တဲ့ နေရာမှာ အနည်ပို့ချခြင်းတွေ လုပ်ဆောင်ပါတယ်။ အဲဒါတွေဟာ ရှင်သန်နေတဲ့ မြစ်တစ်စင်းရဲ့ သဘာဝပါ။ အခုရေကြောင်း ကျပ်တဲ့နေရာတွေနဲ့ ကမ်းပြိုတဲ့ နေရာတွေမှာ ကာကွယ်မှုတွေ လုပ်နေပါတယ်။ အရင်နှစ်တွေကလည်း လုပ်ခဲ့တာ ရှိပါတယ်'' ဟု အဆိုပါ ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ကမ်းပြို၍ နေအိမ်ရွှေ့ပြောင်း ခဲ့ရသူများမှာ ပြောင်းရွှေ့ထားသည့် နေအိမ်များ၏ ထရံနှင့် တိုင်လုံးများ ရေမျောခံရသည်များလည်း ရှိကြောင်း သိရသည်။

(မကွေးတိုင်း ပွင့်ဖြူမြို့နယ် အတွင်းရှိ ကျေးရွာတစ်ရွာ၌ ကမ်းပါးပြိုမှုကြောင့် ပြောင်းရွှေ့ရန် ပြင်ဆင်နေစဉ်)
EMG

၂၀၁၃-၂၀၁၄ နောက်ထပ် ဖြည့်စွက် ဘဏ္ဍာငွေနှင့် ပတ်သက်၍ အဓိက ဆွေးနွေးမည့် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ပြုလုပ်မည်




၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွက် နောက်ထပ် ဖြည့်စွက်ဘဏ္ဍာငွေ တောင်းခံမှုနှင့် ပတ်သက်၍ အဓိက ဆွေးနွေးမည့် ပထမအကြိမ် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် သတ္တမပုံမှန် အစည်းအဝေးကို ဒီဇင်ဘာ ၉ ရက်တွင် စတင်ပြုလုပ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

ယခုကျင်းပမည့် လွှတ်တော် အစည်းအဝေးတွင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် အတွက် ရန်ကုန်တိုင်း ဒေသကြီး၏ နောက်ထပ်ဖြည့်စွက် ဘဏ္ဍာငွေ တောင်းခံမှုအား ဥပဒေကြမ်း အနေဖြင့် တင်သွင်းကာ ဆွေးနွေးမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

''ဒီအစည်းအဝေးက ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် သတ္တမပုံမှန် အစည်းအဝေးပါ။ ၂၀၁၃-၂၀၁၄ ဖြည့်စွက် ဘဏ္ဍာငွေနဲ့ ပတ်သက်ပြီး အဓိကထား ဆွေးနွေးမှာပါ။ အစည်းအဝေးက ဆီးဂိမ်းစ်ကပ်မှ လုပ်တာဆိုတော့ နှစ်ရက်လောက်ပဲ လုပ်မယ့်သဘောရှိတယ်။ အန်တီအနေနဲ့ ဒီလွှတ်တော် အစည်းအဝေးမှာ မေးခွန်း ၁၀ ခု တင်ဖို့ရှိတယ်။ ပြီးခဲ့တဲ့ ဆဋ္ဌမပုံမှန် အစည်းအဝေးမှာတုန်းက အန်တီတင်ထားတဲ့ ကြယ်ပွင့်ပြ မေးခွန်းငါးခုလည်း ဖြေဖို့ကျန်သေးတယ်'' ဟု ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောကြားသည်။

ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အစည်းအဝေး ပြုလုပ်သည့် အကြိမ်အရေအတွက်မှာ အခြားတိုင်းနှင့် ပြည်နယ်အချို့တွင် ပြုလုပ်သည့် လွှတ်တော် အစည်းအဝေး အကြိမ်အရေ အတွက်ထက် နောက်ကျနေပြီး ယခုနှစ် ဧပြီလတွင် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ပဉ္စမပုံမှန် အစည်းအဝေး ပြုလုပ်ပြီး ငါးလအကြာ စက်တင်ဘာလမှသာ ဆဋ္ဌမပုံမှန် အစည်းအဝေးကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

''ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အစည်းအဝေးတွေက အခြားတိုင်းနဲ့ ပြည်နယ်တွေထက် နောက်ကျတယ်။ လွှတ်တော်ပဉ္စမ ပုံမှန်အစည်းအဝေးနဲ့ ဆဋ္ဌမပုံမှန် အစည်းအဝေးကြားမှာ အချိန်ငါးလလောက် ဟသွားတယ်။ အဲဒီငါးလ အတွင်းမှာ အခြားတိုင်းနဲ့ ပြည်နယ်တွေမှာ နှစ်ကြိမ်လောက် အနည်းဆုံး လုပ်ပြီးသွားကြပြီ။ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ အနေနဲ့ ဘတ်ဂျက်တင်စရာ ရှိမှသာ လွှတ်တော် အစည်းအဝေးလုပ်တဲ့ သဘောဖြစ်နေတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ကတော့ လွှတ်တော် အစည်းအဝေးတစ်ခုနဲ့ တစ်ခုကြား သိပ်မကြာစေချင်ဘူး'' ဟု ဒေါက်တာ ညိုညိုသင်းက ဆိုသည်။

ပထမအကြိမ် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ဆဋ္ဌမ ပုံမှန်အစည်းအဝေးကို စက်တင်ဘာ ၁၂ ရက်မှ အောက်တိုဘာ ၂ ရက်အထိ ကျင်းပခဲ့ပြီး ပထမအကြိမ် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်အထူး အစည်းအဝေးကို နိုဝင်ဘာ ၄ ရက်မှ ၇ ရက်အထိ ပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးတွင် ရန်ကုန်တိုင်း ဒေသကြီး၏ အသုံးစရိတ် လျာထားချက်နှင့် ပတ်သက်၍ အဓိကထား ဆွေးနွေးခဲ့ကြသည်။

(နိုဝင်ဘာ ၅ ရက်က ပြုလုပ်ခဲ့သည့် ပထမအကြိမ် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် အထူးအစည်းအဝေး မြင်ကွင်းအား တွေ့ရစဉ်)
 EMG

ညစ်ညမ်းဗီဒီယိုခွေ ထုတ်လုပ်ရောင်းချနေသည့် ပင်ရင်းဒိုင်များကို အရေးယူမှု အပါအ၀င် သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများကို ထိရောက်သည့်ပြစ်ဒဏ် ချမှတ်မည်




အရွယ်မရောက်သေးသည့် မိန်းကလေးငယ်များကို မုဒိမ်းမှု ကျူးလွန်သူများအား ထိရောက်သည့် ပြစ်ဒဏ်များ ချမှတ်သွားမည့်အပြင် ညစ်ညမ်းဗီဒီယိုခွေ ထုတ်လုပ်ရောင်းချနေသည့် ပင်ရင်းဒိုင်များကိုလည်း အရေးယူသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ဦးဝင်းကြည်က နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင် ပြောသည်။

ယခုနှစ်ပိုင်းအတွင်း ရန်ကုန်တိုင်း ဒေသကြီး အတွင်း၌ အရွယ်မရောက်သေးသည့် မိန်းကလေးများ မုဒိမ်းမှု ကျူးလွန်ခံရသည့် ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားနေပြီး အဆိုပါ ဖြစ်စဉ်များတွင် ပထွေးမှလည်းကောင်း၊ ဆွေမျိုးသားချင်းနှင့် ပတ်ဝန်းကျင်မှ ကျူးလွန်သည့် ဖြစ်စဉ်များ ပါဝင်နေကြောင်း သိရသည်။

ယင်းကဲ့သို့ ဖြစ်စဉ်များ ဖြစ်ပွားမှုကြောင့် မိမိ၏ကလေးမှာ ငယ်သေးသော်လည်း သူစိမ်းယောက်ျား လေးများဖြင့် ယုံကြည်စွာ အပ်နှံထားခြင်း မပြုဘဲ မိခင်ရင်းမှသာ စောင့်ရှောက်ရန် လိုအပ်နေကြောင်း သိရသည်။

''အခုသက်ငယ် မုဒိမ်းမှုတွေ အများအပြား ဖြစ်ပွားနေတယ်။ မိမိရဲ့ကလေးကို အသက်ငယ်သေးတယ် ဆိုပြီးတော့ ယုံကြည်မှုနဲ့ မလွှတ်ထားသင့်ဘူး။ လက်ရှိဖြစ်ပွားနေတဲ့ သက်ငယ်မုဒိမ်းမှု ဖြစ်စဉ်တွေမှာဆိုရင် ဦးလေးက ကျူးလွန်တာတွေ၊ ယုံကြည်စိတ်ချလို့ ပတ်ဝန်းကျင်ကို အပ်နှံခဲ့တဲ့ အခါမှာ ကျူးလွန်တဲ့ ဖြစ်စဉ်တွေ၊ အသက်အရွယ် ကြီးရင့်ခဲ့သူတွေက ကျူးလွန်တဲ့ ဖြစ်စဉ်တွေ၊ ကလေးကို အဖော်မပါဘဲ အပြင်လွှတ်တဲ့ အခါမှာ ကျူးလွန်ခံရတဲ့ ဖြစ်စဉ်တွေနဲ့ ပထွေးက ကျူးလွန်တဲ့ ဖြစ်စဉ်တွေ အများအပြား ပါဝင်နေတာကို တွေ့ရတယ်။ အဲဒါကြောင့် ကိုယ့်ရဲ့ကလေးကို မည်သူ့ကိုမျှ ယုံကြည်မှု ထားပြီးတော့ မအပ်ထားသင့်ဘူး။ မိခင်အရင်းကပဲ စောင့်ရှောက်ပေးဖို့ လိုအပ်ပါတယ်'' ဟု ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ဦးဝင်းကြည်က ဆိုသည်။

အဆိုပါဖြစ်စဉ်များ ဖြစ်ပွားမှုနှုန်း လျော့ကျစေရန် အတွက် မြို့နယ်၊ ကျေးရွာများတွင် ရှုတ်ချပွဲများ၊ အသိပညာပေး ဟောပြောပွဲများ၊ ဆင်ဆာမဲ့ ဗီဒီယိုခွေ ရောင်းချနေမှုများအား အရေးယူခြင်းနှင့် ထိရောက်သည့် ပြစ်ဒဏ်များ ချမှတ်နိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ အောက်တိုဘာလအထိ ၁၀ လတာ ကာလအတွင်း မုဒိမ်းမှုဖြစ်စဉ် ၁၂၉ မှုဖြစ်ပွားခဲ့ပြီး အဆိုပါ ဖြစ်စဉ်များတွင် သက်ငယ်မုဒိမ်း ဖြစ်စဉ် ၈၃ မှု ပါဝင်နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဒုတိယရဲမှူးကြီး ၀င်းကြည်က ''အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တွေကို မုဒိမ်းမှု ကျူးလွန်တဲ့ သူတွေကို ထိရောက်တဲ့ ပြစ်ဒဏ်တွေ ချမှတ်သွားမယ်။ ဥပမာ-အခြားမုဒိမ်းမှု ကျူးလွန်တဲ့သူကို ငါးနှစ်ချရင် သက်ငယ်မုဒိမ်းမှု ကျူးလွန်တဲ့သူကို ၁၀ နှစ်ချမှတ် သွားမယ်'' ဟု ပြောကြားသည်။

(ရန်ကုန်မြို့တွင်း ရောင်းချလျက်ရှိသည့် လမ်းဘေး ဒီဗီဒီနှင့် ဗီစီဒီ အရောင်းဆိုင် တစ်ဆိုင်အား တွေ့ရစဉ်)
EMG

ခိုက်ရန်ဖြစ်ပွားမှုများနှင့် လုယက်မှုများ ဖြစ်ပွားနေသည့် အင်းလျားနှင့် မြကျွန်းသာ ကန်ပေါင်တို့တွင် ည ၁၂ နာရီ နောက်ပိုင်း လာရောက်ခွင့် မပြုတော့



ရန်ကုန်တိုင်း ဒေသကြီးအတွင်း လှိုင်မြို့နယ်နှင့် ကမာရွတ်မြို့နယ်ရှိ အင်းလျားကန်ပေါင်နှင့် မရမ်းကုန်း မြို့နယ်ရှိ မြကျွန်းသာ ကန်ပေါင်တို့တွင် ခိုက်ရန်ဖြစ်ပွားမှုများနှင့် လုယက်မှုများ မကြာခဏ ဖြစ်ပွားနေကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။

အဆိုပါကဲ့သို့ ခိုက်ရန်ဖြစ်ပွားမှုများနှင့် လုယက်မှု ဖြစ်စဉ်များကြောင့် ယင်းအနားယူ အပန်းဖြေနိုင်သည့် ကန်ပေါင်နှစ်ခုတွင် ည ၁၂ နာရီ နောက်ပိုင်း လာရောက်ခွင့် မပြုတော့ကြောင်း သိရှိရသည်။

ရန်ကုန်တိုင်း ဒေသကြီး အနောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းကြည်က ''အဲဒီအင်းလျား ကန်ဘောင်နဲ့ မြကျွန်းသာ ကန်ပေါင်မှာ လုယက်မှုတွေ၊ အချင်းချင်း ရန်ဖြစ်မှုတွေ ဖြစ်ပွားနေတယ်။ ဒါကြောင့် ထပ်မံပြီး မဖြစ်ပွားစေဖို့ အတွက် ည ၁၂ နာရီကျော်ရင် လာရောက်ခွင့် မပြုတော့ပါဘူး။ ည ၁၂ နာရီ ရောက်တာနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ရပ်ကွက်အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေနဲ့ စည်ပင်သာယာက ၀န်ထမ်းတွေ ပူးပေါင်းပြီးတော့ သတိပေးမှုတွေ ပြုလုပ်တယ်။ အခုလည်း လာရောက်ခွင့် မပြုဘူး ဆိုတာကို ပညာပေးမှုတွေ လုပ်ဆောင် နေပါတယ်'' ဟု နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။

အဆိုပါ အင်းလျားကန်ပေါင်နှင့် မြကျွန်းသာ ကန်ပေါင်တို့တွင် လစဉ် လုယက်မှုနှင့် ခိုက်ရန်ဖြစ်ပွားမှုဖြစ်စဉ် အရေအတွက် ၁၅ မှုဝန်းကျင် ဖြစ်ပွားနေကြောင်း သိရှိရသည်။

ဆက်လက်၍ ''အဓိက ဒီလိုည ၁၂ နာရီ ကျော်ရင် တက်ရောက်ခွင့် မပြုရတဲ့ အကြောင်းရင်းကတော့ မလိုလားအပ်တဲ့ မှုခင်းဖြစ်စဉ်တွေ ဆုံးရှုံးမှုတွေ မဖြစ်စေဖို့အတွက် ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်'' ဒုတိယရဲမှူးကြီး ၀င်းကြည်က ပြောကြားခဲ့သည်။

အင်းလျားကန်ပေါင်တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များအနက် အုပ်စုဖွဲ့ရိုက်နှက်မှု ဖြစ်စဉ်တစ်ခုမှာ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာ ၁ ရက် ည ၁၂ နာရီအချိန်တွင် လုံခြုံရေးဝန်ထမ်း တစ်ဦးက ည ၉ နာရီ ကျော်သွားသဖြင့် လာရောက် လည်ပတ်နေသူများကို ပြန်ခိုင်းရာ မကျေနပ်သူ လူငယ်အုပ်စု တစ်ဖွဲ့က ဆိုင်ကယ်များဖြင့် အုပ်စုဖွဲ့ ပြန်လည် ရောက်ရှိလာပြီး အဆိုပါဝန်ထမ်းနှင့် ကန်ပေါင်ပေါ်ရှိ ဆိုင်စောင့် ၀န်ထမ်းအချို့ကို ၀ိုင်းဝန်းရိုက်နှက် ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှ ကျူးလွန်သူများကို ဖမ်းဆီးခဲ့ကာ တရားဥပဒေနှင့်အညီ အရေးယူခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဖြစ်စဉ်ဖြစ်ပွား ပြီးနောက် အင်လျားကန်ပေါင်ပေါ်တွင် ဒီမိုကရေစီ စနစ်နှင့်အညီ ပိတ်ချိန်ကို သတ်မှတ်ချိန် မရှိတော့ဘဲ လွတ်လပ်စွာ နေထိုင်ခွင့် ပြုခဲ့သည်။

ယင်းနောက်ပိုင်းတွင် အဆိုပါ အင်းလျားကန်ပေါင်၌ လူငယ်များအုပ်စုဖွဲ့ သောက်စားပြီးနောက် ရမ်းကားခြင်းများ၊ အချင်းချင်း ခိုက်ရန်ဖြစ်ပွားမှုများ၊ လုယက်မှုများ၊ ခါးပိုက်နှိုက် ခံရမှုများ၊ ခိုးမှုဖြစ်စဉ်များ၊ ကန်ပေါင်ပေါ်ရှိ ပစ္စည်းများ ဖျက်ဆီးခံရမှုနှင့် ခြိမ်းခြောက်ငွေ တောင်းခံရမှုများ မကြာခဏ ဖြစ်ပွားလာခဲ့ကြောင်း သိရသည်။

(အောက်တိုဘာ ၃၀ ရက် ညပိုင်းက အင်းလျား ကန်ပေါင်တွင် လုံခြုံရေး ဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များနှင့် လာရောက် အပန်းဖြေနေသူများ (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်))
EMG

အင်တာနက်ပေါ်တွင် ပျံ့နှံ့ နေသည့် အသံဖိုင်ကြောင့် ထိခိုက်နစ်နာသူများကို တောင်းပန်ကြောင်း ထောက်လှမ်းရေး ညွန်ကြားရေးမှူးဟောင်း ဦးခင်ညွန့် ပြောကြား



အင်တာနက်စာမျက်နှာတွင် ပျံ့နှံ့ လျက်ရှိသည့် အသံဖိုင်သည် ၁၉၉၃ ခုနှစ်က နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်အရာရှိကြီးများ အုပ်ချုပ်မှုမွမ်းမံသင်တန်း ၃/၉၃ ကဟောပြောပို့ ချချက်များ ဖြစ်ပြီး သင်တန်းပို့ ချချက်များဖြစ်သဖြင့် မာကျော၊ ကြမ်းတမ်း၊ မသိမ်မွေ့ခြင်းများ ပါရှိနေခဲ့ပြီး အချို့သောပုဂ္ဂိုလ်များအား ထိခိုက်နစ်နာမှုများ ရှိနေသည့်အပေါ် ထိခိုက်နစ်နာစေရန် တမင်ရည်ရွယ်ခဲ့ခြင်း မဟုတ်ဘဲ နိုင်ငံတော်၏ လမ်းစဉ်အား အစိုးရကိုယ်စား ရှင်းလင်းခဲ့ခြင်း ဖြစ်သဖြင့် ထိခိုက်ခံစားခဲ့ရသည့် ပုဂ္ဂိုလ်များအား နားလည်ခွင့်လွှတ် ပေးစေလိုကြောင်းကို ကရ၀ိက်ဟိုတယ်၌ နိုဝင်ဘာလ ၂၈ ရက် မွန်းလွဲ ၁ နာရီတွင် ကျင်းပပြုလုပ်သည့် တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးဟောင်း၊ နိုင်ငံတော် ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွန် နှင့် လျှပ်တပြက်ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်တို့  ပြုလုပ်ခဲ့သည့် အင်တာဗျူးများအား စုပေါင်းပုံနှိပ် ထုတ်ဝေသည့် စာအုပ်မိတ်ဆက်ပွဲတွင် ဗိုလ်ချုပ်ကြီးဟောင်းဦး ခင်ညွန့် က ပြောကြားလိုက်သည်။

ထိုအသံဖိုင်တွင် ၁၉၈၈ အရေးအခင်း ကာလအဖြစ်အပျက်များအား သေချာမသိရှိ သေးသည့်အရာရှိများအား ရှင်းလင်းထားခြင်းဖြစ်ပြီး ၈၈အရေးအခင်းတွင် တပ်မတော်၏ခိုင်မာမှု၊ စည်းလုံးညီညွတ်မှုတို့ ကြောင့် တိုင်းပြည်ချောက်ထဲကျခါနီး အချိန်တွင် တပ်မတော်မှ ကယ်တင်နိုင်ခဲ့ခြင်းဖြစ်ပြီး ၈၈ အရေးအခင်းအတွင်း ဗကပ(ဗမာပြည်ကွန်မြူနစ်ပါတီ)မှ မွေးမြူထားသည့် Cell များက ၀င်ရောက်ပြီး တိုင်းပြည်ဆူပူမှု ဖြစ်ပေါ်အောင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ထိုအရေးအခင်းအတွင်း လူသတ်ခေါင်းဖြတ်မှုများ ဖြစ်ပေါ်လာသဖြင့် တပ်မတော်မှဝင်ရောက် ထိန်းသိမ်းခဲ့ရခြင်းဖြစ်ကြောင်း ပြောကြားထားသည်။ ထို့ နောက် ရွေးကောက်ပွဲတွင် NLD ပါတီမှ အများစုအနိုင်ရခဲ့ခြင်းမှာ မယုံနိုင် စရာဖြစ်ခဲ့ပြီး ရွေးကောက်ပွဲပြီးလျင်ပြီးချင်း နိုင်ငံရေးသမားများက ညစ်ပတ်စွာဖြင့် အာဏာလွှဲပြောင်းပေးရန် တောင်းဆိုခဲ့ကြောင်း ပြောကြားထားသည်။ ထိုတောင်းဆိုချက်မှာ လိုက်လျောရန် မဖြစ်နိုင်ကြောင်းနှင့် တိုင်းပြည်၏ အခြေအနေအရ ၁၉၄၇ အခြေခံဥပဒေကိုလည်းကောင်း၊ ၁၉၇၄ အခြေခံဥပဒေကို လည်းကောင်းအသုံးပြု၍ မရနိုင်ဘဲ ၁၉၄၇ အခြေခံဥပဒေတွင် ၁၀ နှစ်ကြာလျှင် ခွဲထွက်ခွင့်ပြုထားသည့် အချက်ပါဝင်နေသဖြင့် ထိုဥပဒေကို ကျင့်သုံးပါက တိုင်းပြည်ပြိုကွဲသွားမှာဖြစ်ကြောင်း ပြောကြားလိုက်ပြီး အခြေခံဥပဒေသစ်တစ်ခုကို ရေးဆွဲရမှာဖြစ်ကြောင်းကို ရှင်းလင်းခဲ့သည်။

ထို့ အပြင် NLD ပါတီမှ ခေါင်းဆောင်များမှာ တပ်မတော်အတွင်း မည်သည့် ပြစ်ဒဏ်များ ကျူးလွန်ခဲ့သည်ကို တက်ရောက်လာသည့် တပ်မှူးများသိကြောင်း ပြောကြားလိုက်ပြီးနှင့် တပ်အတွင်းပြစ်ဒဏ်များ၊ ထောင်ဒဏ်များကျခံရပြီးမှသာ NLD ပါတီတွင် အမတ်အဖြစ် ၀င်ရောက်လုပ်ကိုင်နေကြောင်း ပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်အား ‘အမျိုးသမီး'ဟု ခေါ်ဝေါ်ထားပြီး ဒေါ်အောင်ဆန်းစုကြည်မှာ မြန်မာပြည်သို့  တစ်နှစ်လျှင်တစ်ခါသာ လာရောက်ခဲ့ပြီး မိခင် မကျန်းမာချိန်တွင် လာရောက်ပြုစုရန်အတွက် ယခင်အစိုးရ၀န်ကြီးများက ခေါ်ခိုင်းလိုက်သဖြင့်သာ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး အရေးအခင်းကာလနှင့်ကြုံကြိုက်စဉ် သခင်တင်မြကဲ့သို့ သော ကွန်မြူနစ်များမှ အကြံပေးသဖြင့် ပါဝင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် မဆလ၀န်ကြီးများက ဒေါ်အောင်ဆန်းစုကြည်အပေါ် စေတနာဖြင့် နိုင်ငံရေးထဲဝင်မပါရန် တားမြစ်ခဲ့သော်လည်း လက်မခံကြောင်း ပြောကြားထားသည့် အချက်အလက်များ ပါဝင်နေသည်။ ထို့ နောက် ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်အား ဆန့် ကျင်ခဲ့သည့်အပြင် သောင်းကျန်းသူများအား လက်ခံထားသဖြင့် ၁၀(ခ) ဖြင့် ဖမ်းဆီးအရေးယူခဲ့ပါကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံခေါင်းဆောင်အဖြစ် လက်မခံနိုင်ပါကြောင်းလည်း ထည့်သွင်း ပြောကြားခဲ့သည်။ ထုတ်ဝေခဲ့သော စာအုပ်တွင် ဦးခင်ညွန့် က ''ပြောခဲ့တယ်ဆိုရင်လည်း ခိုင်းလို့  ပြောတာဖြစ်မယ်''ဟု ပြောကြားချက်အား ထည့်သွင်းရေးသားခဲ့သော်လည်း မည်သူက၊ မည်ကဲ့သို့  ခိုင်းစေခဲ့ကြောင်းကိုတော့ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပေ။

ထိုစာအုပ်တွင် ပါဝင်သောချက်များသည် သမိုင်းကြောင်း အမှန်များကို အခြေခံကာ ဖြေကြားခဲ့ခြင်းဖြစ်ပြီး အနာဂတ်တွင် သမိုင်းမှတ်တမ်းအဖြစ် အသုံးဝင်မည့်စာအုပ် ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ ထို့ အပြင် သမိုင်းကြောင်းနှင့်နွှယ်ပြီး ဖြေဆိုရသဖြင့် ပုဂ္ဂိုလ်ရေးထိခိုက်မှုများလည်း ပါခဲ့ကြောင်း နှင့် ပုဂ္ဂိုလ်ရေးအရ ထိခိုက်ခဲ့ပါက တောင်းပန်ပါကြောင်း လည်းပြောကြားလိုက်သည်။

ထို့ အပြင် ၎င်းတို့ တာဝန်ယူခဲ့သည့် တပ်မတော်အစိုးရလက်ထက်တွင် သာမက မည်သည့် အစိုးရအဖွဲ့တွင်မဆို တစ်ဦးကောင်း တစ်ယောက်ကောင်း လုပ်၍မရခဲ့ကြောင်းနှင့် ၎င်းတို့ လက်ထက်တွင် လုပ်ကိုင်ခဲ့သည့်အရာများတွင် ကောင်းခြင်း၊ ဆိုးခြင်းများ ရောနှောနေသော်လည်း အားလုံးဝိုင်းဝန်းလုပ်ဆောင် ခဲ့ခြင်းသာဖြစ်ကြောင်းနှင့် အစိုးရအဖြစ်တာဝန်ရှိခဲ့ကြသူများ ၀ိုင်းဝန်းဆန္ဒပြုကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

အစိုးရသစ်လက်ထက်တွင် လုပ်ကိုင်နေမှု များမှာလည်း အစိုးရအဖွဲ့အနေနှင့်သာ ကြိုးစားလုပ်ကိုင်နေကြောင်းနှင့် အားနည်းချက်များလည်း ရှိနိုင်ကြောင်းနှင့် အပြုသဘောနှင့် ဝေဖန်မှုများရှိပါက ကောင်းမွန်သော်လည်း အဟန့် အတားဖြစ်စေရန် ထိုးနှက်မှုများရှိနေပါက လျော့ချပေးရန်လည်း တောင်းဆိုလိုက်ပြီး ယခုအချိန်သည် မြန်မာနိုင်ငံအတွက် အခြေအနေကောင်းတစ်ခုဖြစ်သောကြောင့် အားလုံးဝိုင်းဝန်းဆောင်ရွက်ပါက နိုင်ငံတော်တိုးတက်အောင်မြင်မည်ဟု ယုံကြည်ကြောင်းလည်း ပြောကြားလိုက်သည်။

နောက်ဆုံးအနေနှင့် ဦးခင်ညွန့် က ၎င်းအားသတင်းဌာနအချို့ ကနိုင်ငံရေးလုပ်မည် ဟုထင်မြင်မေးမြန်း နေကြကြောင်း သို့ သော်လည်း သူ့ အနေနှင့် နိုင်ငံရေးကို လုပ်တော့မှာမဟုတ်ကြောင်း တရားဝင် ပြောကြားလိုက်သည်။

ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွန့် သည် ၁၉၈၈ ခုနှစ်က စစ်တပ်မှ အာဏာလွှဲပြောင်းခဲ့စဉ် ဒုတိယစစ်ခေါင်းဆောင်တစ်ဦး ဖြစ်ပြီး သတင်းစာရှင်းလင်းပွဲများအား မကြာခဏပြုလုပ်ကာ အာဏာလွှဲပြောင်း ယူခဲ့သည့် န၀တအစိုးရ၏ လမ်းစဉ်များကို တာဝန်ယူဖြေရှင်းခဲ့ရသည့် အတွင်းရေးမှူး (၁) အဖြစ် ဆောင်ရွက်ခဲ့သည်။ န၀တအစိုးရလက်ထက်မှ စတင်ကာ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ် အစရှိသည့် အထင်ကရတက္ကသိုလ်များအား ပိတ်ပင်ခဲ့ပြီးလယ်ကွင်းများအတွင်း တက္ကသိုလ်ကျောင်းများကို ဖွင့်လှစ်ခဲ့ပြီးနောက် ကျောင်းဆောင်များအားလည်း ပိတ်ခဲ့သည်။ ၎င်းထောက်လှမ်းရေး တာဝန်ယူထားစဉ် စစ်ကြောရေးနှင့် အကျဉ်းထောင်များအတွင်း သေဆုံးသူများ၊ နိုင်ငံရေးအကျဉ်းသားများ အရေအတွက်မြင့်တက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အား နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ်အဖြစ် ချုပ်နှောင်ထားခဲ့သည်။ ၂၀၀၃ ခုနှစ်၌ ဒေါ်အောင်ဆန်းစုကြည်အား ဒီပဲယင်းမြို့နယ်၊ ကျီရွာအနီးတွင် လုပ်ကြံရန် ကြံစည်ခဲ့သော်လည်း အောင်မြင်မှုမရှိခဲ့ဘဲ ယနေ့ အထိလည်း မည်သူများက ကြံစည်ခဲ့သည်ကို ဖော်ထုတ်နိုင်ခဲ့ခြင်းလည်း မရှိခဲ့ပေ။ ၂၀၀၀ ပြည့်နှစ်လောက်မှ စတင်ကာ မြန်မာပြည်အတွင်း ထောက်လှမ်းရေးတပ်များ၏ နေရာရယူမှုများ အလွန်အကျွံ ဖြစ်လာခဲ့ပြီး တပ်အတွင်း ထောက်လှမ်းရေးများအား ကြောက်ရွံ့နေခဲ့ရသည့် အခြေအနေမှ ၂၀၀၄ ခုနှစ်တွင် ထောက်လှမ်းရေးတပ်အား ဖမ်းဆီးအရေးယူခဲ့ပြီး ဦးခင်ညွန့် မိသားစုအားလုံးကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ၂၀၁၂ ခုနှစ် မတ်လတွင် လွတ်မြောက်လာခဲ့ပြီး ယခုအချိန်အထိ ထောက်လှမ်းရေးတပ်ဖွဲ့ဝင် ၂၁ ဦး အကျဉ်းထောင်များအတွင်းတွင် ကျန်ရှိနေပြီး နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ က ၎င်းတို့ အား နိုင်ငံရေးအကျဉ်းသားအဖြစ် လက်မခံသော်လည်း လူသားချင်း ထောက်ထားညှာတာမှုဖြင့် အခြားခေါင်းစဉ်အောက်မှ လွတ်မြောက်ခွင့်ရရှိရန် သမ္မတထံ တင်ပြမည်ဟု ဦးရဲအောင်က ပြောကြားခဲ့သည်။

ဦးခင်ညွန့် ၏ ပြောကြားချက်အပေါ် နိုင်ငံရေး အကျဉ်းသား ဟောင်းများအဖွဲ့ မှ ဦးမြင့်အောင်က ''တောင်းပန်တယ်လို့ ပဲ ပြောနေရုံ နဲ့ တော့ မရပါဘူး။ သူဆောင်ရွက်ခဲ့တဲ့ တစ်လျှောက်လုံးကို ပြန်ဆန်းစစ်ရင် သူ့ရဲ့ရာထူးရယ်၊ အာဏာရယ်၊ စည်းစိမ်ရယ် တည်မြဲဖို့ ပဲ လုပ်ဆောင်ခဲ့တယ်၊ ဒီမိုကရေစီနဲ့ လူအခွင့်အရေးအတွက် ကြိုးပမ်းခဲ့တဲ့ လူထုဟာ အကြောက်တရားနဲ့  ရက်စက်စွာဖိနှိပ်မှုကို ခံခဲ့ရတာပါ။ သူ့ရဲ့ရာထူးအတွက် သူနှိမ်နှင်းခဲ့လို့  ထောင်ပေါင်းများစွာသော မိသားစုတွေ ထိခိုက်နစ်နာခဲ့ရပါတယ်။ သွေးတွေ၊ မျက်ရည်တွေနဲ့  ငိုကြွေးခဲ့ကြရတာတွေက အများကြီးပဲလေ။ ဒီလိုလေးပြောယုံနဲ့ တော့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက သူ့ ကိုလက်မခံနိုင်ပါဘူး။ နိုင်ငံရေး အကျဉ်းသားအဖြစ် အသိအမှတ် မပြုနိုင်ပါဘူး။ အငြိုးနဲ့ အမုန်းပေါ် အခြေခံပြီးပြောတာ မဟုတ်ဘူး။ ဒါပေမဲ့ သမိုင်းအနေနဲ့ကတော့ မှတ်တမ်းတင်ရမှာပဲ ဖြစ်ပါတယ်'' ဟု ပြောကြားခဲ့သည်။

ထိုစာအုပ်မိတ်ဆက်ပွဲသို့ ထောက်လှမ်းရေးမှ တာဝန်ယူခဲ့သူ အများအပြား တက်ရောက်ခဲ့ပြီး ဗိုလ်ချုပ်ဟောင်း အချို့လည်း တက်ရောက်ခဲ့သည်။ အာဏာရှင်ဟောင်း ဦးနေ၀င်း၏ မြေးဖြစ်သူ အေးနေ၀င်းလည်း တက်ရောက်ခဲ့ကြောင်း တွေ့ရသည်။

(ကရ၀ိတ်ဟိုတယ်တွင် ကျင်းပခဲ့သည့် စာအုပ်မိတ်ဆက်ပွဲတွင် တပ်မတော်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးဟောင်း နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့် ရှင်းလင်းပြောကြားစဉ်)
EMG

မြန်မာငွေတန်ဖိုး ဆက်တိုက်ကျဆင်း၊ တစ်ဒေါ်လာလျှင် ကျပ် ၁၀၀၀ နီးပါးအထိ ရောက်ရှိလာ



နိုဝင်ဘာလ နောက်ဆုံးပတ်မှ စတင်၍ နိုင်ငံခြားငွေလဲလှယ်မှုနှုန်းတွင် အမေရိကန် ဒေါ်လာတန်ဖိုးမှာ တက်ရိပ်ပြလာပြီး ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလျင် ကျပ်၉၉၀ ၀န်းကျင်အထိ မြင့်တက်လာကြောင်း ဗဟို ဘဏ်၏ ခွင့်ပြုချက်ရရှိထားသော နိုင်ငံခြားငွေကြေးလဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိထားသည့် ပြည်တွင်းပုဂ္ဂလိကဘဏ်များ နှင့် ပြင်ပဈေးကွက် အသိုင်းအ၀ိုင်းထံမှ သိရသည်။

နိုဝင်ဘာ ၁ ရက်မှ ၈ ရက်ထိ သိမ်ဖြူ ငွေလဲကောင်တာတွင် အမေရိကန်တစ်ဒေါ်လာ တန်ဖိုးမှာ ရောင်းဈေး ၉၇၅ ကျပ် ၀န်းကျင်၊ ၀ယ်ဈေး ၉၆၇ ကျပ်ဝန်းကျင် တွင်ရှိနေပြီး ပြင်ပငွေလဲနှုန်းတွင် အမေရိကန်တစ် ဒေါ်လာတန်ဖိုးမှာ ရောင်းဈေး ကျပ် ၉၇၀၊ ၀ယ်ဈေး ၉၆၉ ကျပ်ဝန်းကျင် တွင်တည်ရှိ နေကြောင်း သိရသည်။

နိုဝင်ဘာ ၂၂ ရက်မှစတင်၍ နိုင်ငံခြား ငွေလဲလှယ်မှုနှုန်းတွင် သိမ်ဖြူငွေလဲကောင် တာ၌ အမေရိကန် တစ်ဒေါ်လာတန်ဖိုး ရောင်းဈေး ၉၈၂ ကျပ်ဝန်းကျင်၊ ၀ယ်ဈေး ၉၇၂ ကျပ်ဝန်းကျင်သို့ စတင်မြင့်တက်လာ ပြီး ပြင်ပငွေလဲနှုန်းတွင် အမေရိကန်တစ်ဒေါ်လာတန်ဖိုးမှာ ရောင်းဈေးကျပ် ၉၈၀၊ ၀ယ်ဈေး ၉၇၂ ကျပ်ဝန်းကျင်သို့ ရောက်ရှိ လာကြောင်း သိရသည်။

ယခုလအတွင်း တက်ရိပ်ပြလာသော အမေရိကန်ဒေါ်လာ တန်ဖိုးသည် နိုဝင်ဘာ ၂၅ ရက်မှ ၂၇ ရက် ၀န်းကျင်တွင် သိမ်ဖြူ ငွေလဲကောင်တာရောင်းဈေး ၈၈၅ ကျပ်မှ ၈၈၇ ကျပ်ဝန်းကျင်တွင်ရှိလာခဲ့ပြီး ပြင်ပ ဈေးကွက်တွင်မူ အဆိုပါ ရက်များအတွင်း တစ်ဒေါ်လာရောင်းဈေးမှာ ၈၈၉ ကျပ်ဝန်း ကျင်သို့  ရောက်ရှိလာခြင်းနှင့်အတူ တရားဝင်ငွေလဲကောင်တာ၏ ငွေလဲနှုန်းထက် တစ်ကျပ် ပိုလာခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၂၈ ရက်တွင် ဗဟိုဘဏ်၏ ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းမှာ အမေရိကန် တစ်ဒေါ်လာလျှင် ၉၈၂ ကျပ်သတ်မှတ်ထားပြီး သိမ်ဖြူငွေလဲကောင်တာတွင် (နံနက် ၁၁ နာရီ အဖွင့်ဈေး) အမေရိကန်တစ် ဒေါ်လာတန်ဖိုးမှာ ရောင်းဈေး ၉၈၈ ကျပ် ၀န်းကျင်၊ ၀ယ်ဈေး ၉၇၈ ကျပ်ဝန်းကျင်တွင် ရှိနေပြီး ပြင်ပငွေလဲနှုန်းတွင် အမေရိကန် တစ်ဒေါ်လာတန်ဖိုးမှာ ရောင်းဈေး ၉၉၀ ကျပ်ဝန်းကျင်၊ ၀ယ်ဈေး ၉၈၈ ကျပ်ဝန်းကျင် သို့ မြင့်တက်ခဲ့ကြောင်း သိရသည်။

ယခုဖြစ်ပေါ်နေသော ငွေလဲလှယ်မှုနှုန်းသည် ဇူလိုင် ၈ ရက်တွင် ပြင်ပဈေးကွက်၌ အမေရိကန်တစ်ဒ်ါလာ ၁၀၀၄ ကျပ် အထိ မြင့်တက်လာပြီး နောက်သုံးလကျော် အတွင်း အမြင့်ဆုံးငွေလဲနှုန်းဖြစ်ခဲ့ပြီး ဇွန် ၂၁ ရက်တွင် ဖြစ်ပေါ်ခဲ့သော ပြင်ပငွေလဲ လှယ်မှုနှုန်းရောင်းဈေးကျပ် ၉၉၀ ၀န်းကျင်၊ ၀ယ်ဈေး ၉၈၈ ကျပ်ဝန်းကျင်သို့  ပြန်လည် ရောက်ရှိခဲ့ခြင်းဖြစ်သည်။

ထိန်းကျောင်းမှု ရှိသည့် နှုန်းရှင်ငွေလဲနှုန်းစနစ် စတင်ခဲ့သည့် ၂၀၁၂ ခုနှစ် ဧပြီ ၂ ရက်တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၈၁၅ ကျပ် ပေါက်ဈေးသာရှိရာမှ ယခု ၁၉ လအကြာ ကာလအတွင်း တစ်ဒေါ်လာလျှင် ၁၇၅ ကျပ် ကျော်အထိ ဈေးနှုန်းဆက်လက် မြင့်တက်လျက်ရှိသည်။

တရားဝင် ငွေလဲလှယ်ရေး လုပ်ငန်းများသည် ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းကို အခြေခံ၍ သိမ်ဖြူဈေးကွက် လက်လီရောင်းဝယ်မှုများအတွက် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၈ ရာခိုင်နှုန်းနှင့် - ၀ ဒသမ ၈ ရာခိုင်နှုန်း ဘောင်အတွင်းတွင် လည်းကောင်း AD လိုင်စင်ရ ဘဏ်များအကြား Interbank Market တွင် လက်ကား ရောင်းဝယ်မှုများအတွက် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၃ ရာခိုင် နှုန်း နှင့် - ၀ ဒသမ ၃ ရာခိုင်နှုန်း ဘောင်အတွင်းတွင် လည်းကောင်း ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

(သမ၀ါယမဘဏ်၏ ငွေလဲစင်တာတွင် ငွေလဲလှယ်နေသည်ကို တွေ့ရစဉ်)
EMG

ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် (၉)ဆင့် ခုန်တက်ခဲ့ပြန်သည့် မြန်မာ



နိုဝင်ဘာလ အတွက် ဖီဖာ၏ ကမ္ဘာ့အဆင့် သတ်မှတ်ချက်များ ထွက်ပေါ်လာခဲ့ပြီ ဖြစ်ရာ မြန်မာ့ လက်ရွေးစင် အသင်းမှာ အံ့အားသင့်ဖွယ် ကောင်းလောက်အောင်ပင် အဆင့်(၉)ဆင့် ခုန်တက်သွားခဲ့ပြီး အာဆီယံ ဒေသတွင်းတွင် အဆင့်(၂)နေရာသို့ ရောက်ရှိလာခဲ့သည်။

မြန်မာ အသင်းအနေဖြင့် အောက်တိုဘာလ အတွင်းတွင် မည်သည့် ခြေစမ်းပွဲမျှ ကစားခဲ့ခြင်း မရှိသော်လည်း အဆင့်(၉)ဆင့် မြင့်တက်ကာ ကမ္ဘာ့အဆင့် (၁၄၀)သို့ ရောက်သွားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ရပ်တည်မှုမှာ မြန်မာ အသင်းအတွက် အမြင့်မားဆုံး ကမ္ဘာ့အဆင့် ရပ်တည်မှု ဖြစ်ပြီး အာရှ အဆင့်တွင် အဆင့်(၂၂)သို့ ရောက်ရှိစေကာ အာဆီယံ ဒေသတွင်းတွင် အဆင့်(၂)သို့ ရောက်ရှိသွားစေခဲ့သည်။ ပြီးခဲ့သည့် အောက်တိုဘာလ သတ်မှတ်ချက်တွင်လည်း မြန်မာ အသင်းမှာ အဆင့်(၁၃)ဆင့် ခုန်တက်ခဲ့သည့် အတွက် အံ့အားသင့်ခဲ့ ရသေးသည်။ ထိုစဉ်ကလည်း မြန်မာ အသင်းမှာ ဟောင်ကောင် အသင်း တစ်သင်းတည်းနှင့်သာ ခြေစမ်းပွဲ တစ်ပွဲ စက်တင်ဘာလ အတွင်း၌ ကစားခဲ့ပြီး အဆင့်ခုန်တက်ခဲ့ခြင်း ဖြစ်သည်။ မြန်မာ အသင်း၏ အထက်တွင် အာဆီယံ ဒေသတွင်း နံပါတ်(၁) အသင်းအဖြစ် ဖိလစ်ပိုင် အသင်းက ရပ်တည်နေကာ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ဗီယက်နမ် တို့မှာ အဆင့် (၃၊ ၄၊ ၅၊ ၆) နေရာများ၌ အစဉ်လိုက် ရပ်တည်နေကြသည်။

အာဆီယံ ဒေသတွင်း အသင်းများ၏ နိုဝင်ဘာလ အတွက် ကမ္ဘာ့အဆင့် ရပ်တည်မှု

၁၃၃ ဖိလစ်ပိုင် (+၄)
၁၄၀ မြန်မာ (+၉)
၁၄၂ ထိုင်း (+၁)
၁၅၄ စင်ကာပူ (+၁)
၁၅၈ မလေးရှား (+၂)
၁၅၈ ဗီယက်နမ် (-၇)
၁၆၂ အင်ဒိုနီးရှား (-)
၁၆၃ လာအို (+၄)
၁၈၈ ကမ္ဘောဒီးယား (+၁၀)
၁၈၉ ဘရူနိုင်း (+၄)
၁၈၉ အရှေ့တီမော (+၄)

Soccer Myanmar

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရန် မေတ္တာရပ်ခံချက်အပေါ် သမ္မတသဘောထား တုံ့ပြန်မှုနှင့် ပတ်သက်၍ အမြင်အမျိုးမျိုးရှိနေ



ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး နိုင်ငံတော်သမ္မတ၊ လွှတ်တော်၊ တပ်မတော်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ လေးပွင့်ဆိုင် တွေ့ဆုံရန် မေတ္တာရပ်ခံချက်အပေါ် သမ္မတ၏ သဘောထား တုံ့ပြန်မှုနှင့် ပတ်သက်၍ အမြင်အမျိုးမျိုး ရှိနေကြောင်း သိရသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရာတွင် အဆင်ပြေ ချောမွေ့စေရန်အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံရန် အတွက် မေတ္တာရပ်ခံကြောင်း စာပေးပို့ခဲ့ရာ နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာ ထွက်ရှိပြီးမှသာ လေးပွင့်ဆိုင် တွေ့ဆုံမှုကို စဉ်းစားသင့်ကြောင်း သဘောထား တုံ့ပြန်ခဲ့သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရာတွင် အဆင်ပြေ ချောမွေ့စေရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရန် မေတ္တာရပ်ခံသောစာကို လက်ခံရရှိကြောင်း၊ ၀ိုင်းဝန်းညှိနှိုင်းဖြေရှင်း ပူးပေါင်းဆောင်ရွက်သည့် အစီအစဉ်သည် ကောင်းမွန်သင့်မြတ်ပါကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ အနေဖြင့် တင်ပြလာသည့် အတွက် မှတ်ပုံတင်ထားသော နိုင်ငံရေး ပါတီပေါင်း ၅၈ ပါတီရှိရာ ကျန်ရှိနေသော နိုင်ငံရေး ပါတီများ၏ သဘောထားနှင့် အကြံပြုချက် များကိုလည်း အလေးထားသင့်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် စပ်လျဉ်းပြီး အခြေခံဥပဒေအရ အခွင့်အာဏာ အပ်နှင်းထားသော ပြည်ထောင်စု လွှတ်တော်သည် လက်ရှိအချိန်တွင် အခြေခံဥပဒေ ပြင်ဆင်ရေး လေ့လာသုံးသပ်ရေး ကော်မတီတစ်ရပ် ဖွဲ့စည်းဆောင်ရွက်လျက် ရှိကြောင်း၊ အဆိုပါ ကော်မတီက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး ဆောင်ရွက်နေရာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အပ်နှင်းထားသော ပြည်ထောင်စု လွှတ်တော်၏ လုပ်ပိုင်ခွင့်ကို လေးစားရမည်ဖြစ်ပြီး ကျော်လွန်ရာ မရောက်ရှိစေရန်လည်း သတိပြုသင့်ပါကြောင်း၊ ထို့ကြောင့် ကော်မတီ၏ အစီရင်ခံစာ ထွက်ပေါ်လာသည့် အချိန်အထိ စောင့်ဆိုင်းပြီးမှသာ လေးပွင့်ဆိုင် ဆွေးနွေးရေးကိစ္စကို စဉ်းစားဆောင်ရွက် သင့်သည်ဟု နိုင်ငံတော်သမ္မတက သဘောထားကြောင်း နိုင်ငံတော်သမ္မတရုံးမှ အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားသည်။

နိုင်ငံတော်သမ္မတ၏ သဘောထား တုံ့ပြန်ချက်နှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ယင်းကိစ္စရပ်သည် နိုင်ငံရေးအရ အရေးကြီးသည့်ကိစ္စ ဖြစ်သည့်အတွက် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

''ငြင်းဆိုတယ်ဆိုတဲ့ သဘောတော့ ပါချင်ပါမယ်။ ငြင်းဆိုတယ်ဆိုတဲ့ စကားလုံးတော့ မပါဘူး။ သို့သော် သူတို့က ဥပဒေသဘောအရ ပြောတာပါ။ ကျွန်တော်တို့က ဒီကိစ္စဟာ ဥပဒေသဘောတင် မကဘူး။ နိုင်ငံရေးအရ အရေးကြီးတဲ့ ကိစ္စလို့ သတ်မှတ်တယ်။ ကျွန်တော်တို့ လုပ်စရာရှိတာတွေ ဆက်လုပ်မှာပါ။ နောက်ဆုံးလုံးဝ ငြင်းဆိုတယ် ဆိုလည်း ဆက်လုပ်မှာပဲ။ NLD သက်တမ်း တစ်လျှောက် ဒီလိုပဲလုပ်လာရတာပဲ'' ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ပြောကြားသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ''မြန်မာပြည်သူ အားလုံးက ဒေါ်အောင်ဆန်းစုကြည်အပေါ် ဘယ်လို သဘောထားလဲဆိုတာ ပထမသတိမူဖို့ လိုတယ်။ နောက် ၂၀၁၅ မတိုင်ခင်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို ချဉ်းကပ်တဲ့ အခါမှာ အမတ် ၄၄ ဦးသာရှိသော လွှတ်တော်ထဲက ပါတီငယ်လေး တစ်ခုအနေနဲ့ မြင်ရင်မှားမယ်။ ၂၀၁၅ အလွန်မှာ ဖြစ်လာမယ့် နိုင်ငံရေး ချိန်ခွင်လျှာကို ထိန်းညှိနိုင်မယ့် ပုဂ္ဂိုလ်နဲ့ ပါတီဖြစ်တယ် ဆိုတာကို ကြိုသုံးသပ်မယ်ဆိုရင် သမ္မတဟာ မငြင်းပယ်သင့်ဘူး။ နောက်တစ်ခုက ပြည်ထောင်စု လွှတ်တော်ရဲ့ ကော်မတီ ၁၀၉ ဦးမှာ မပါလို့ ကျုပ်တော့ မတွေ့နိုင်ဘူးလို့ တုံးတိုက်တိုက် ပြောခဲ့မယ်ဆိုရင်၊ ဆွေးနွေးညှိနှိုင်းခြင်းကို မလိုလားရင် အနာဂတ်ကို ကြိုတင်စီမံချက် ဆွဲမထားတဲ့ ပုဂ္ဂိုလ်တစ်ဦးလို့ လူထုက သုံးသပ်ကြမှာ။ ကျွန်တော်တို့ မြင်တာက တွေ့ဆုံဆွေးနွေးခြင်း လမ်းကြောင်းကို မျက်ကွယ်မပြုသင့်ဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးတာဟာ ၁၀၉ ဦးပါ ကော်မတီကို မျက်ကွယ်ပြုတယ် ဆိုရင်လည်းပဲ ဒါကို ကျွန်တော်တို့ လက်မခံဘူး။ ဘာလို့လဲဆို ၁၀၉ ဦးမှာ ဒေါ်အောင်ဆန်းစုကြည် မပါဘူး။ ၁၀၉ ဦးမှာပါတဲ့ ပါတီတစ်ခုရဲ့ ခုနစ်ဦးကို ကိုယ်စားပြုနိုင်တဲ့ ပုဂ္ဂိုလ်တစ်ဦးပဲ။ ဒေါ်အောင်ဆန်းစုကြည် ချဉ်းကပ်တာ ကနဦးတင်ပြနိုင်တဲ့ ခုနစ်ဦးတင်ပြနိုင်တဲ့ စာတမ်းမာခြင်း၊ ပျော့ခြင်း၊ ဒီမိုကရက်တစ် ဆန်ခြင်းမဆန်ခြင်းနဲ့ ပတ်သက်လို့ ကြိုတင်ညှိနှိုင်းပြီးခါမှ သူ့ရဲ့ဦးတည်ချက်ကို ပြောင်းချင်လို့ သို့မဟုတ် သူ့ပါတီ ဦးတည်ချက်ဟာ အများနည်းတူ သို့မဟုတ် သမ္မတကြီးရဲ့ သက်သေခံရှေ့မှာ ကာကွယ်ရေး ဦးစီးချုပ်နဲ့ တစ်ခုခု အတွင်းစည်းထဲမှာ ညှိနှိုင်းတိုင်ပင်ချင်လို့။ ပွင့်ပွင့်လင်းလင်း ပြောရရင် ၂၅ ရာခိုင်နှုန်းကို ဘယ်လိုညှိနှိုင်းကြရင် ကောင်းမလဲဆိုတဲ့ ဆုံးဖြတ်ချက် တစ်ခုကို မချခင်လေးမှာ ညှိနှိုင်းတိုင်ပင်ပြီးခါမှ ပြည်ထောင်စုအတွက် ကောင်းရာကောင်းကြောင်းတွေကို တာဝန်အတူတူ ထမ်းဆောင်ချင်တယ်ဆိုတဲ့ သူ့ရဲ့ရည်မှန်းချက်ပါတယ်။ အဲဒါကို အသိအမှတ်ပြုဖို့ ကောင်းတယ်လို့ ပြောချင်ပါတယ်'' ဟု သုံးသပ် ပြောကြားသည်။

ထို့အတူ နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက ''၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်ခင် သမ္မတ၊ လွှတ်တော် အကြီးအကဲတွေနဲ့ ကာကွယ်ရေး ဦးစီးချုပ်သာမက တိုင်းရင်းသား ခေါင်းဆောင်တွေ၊ နိုင်ငံရေး ခေါင်းဆောင်တွေ အားလုံးပါဝင်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲကြီးမျိုးကို မဖြစ်မနေ လုပ်ရမှာပါ။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်ခင်တော့ ကြီးလေးကြီး ဆွေးနွေးပွဲ ဖြစ်ကောင်း ဖြစ်လာနိုင်ပါတယ်။ နိုင်ငံရေးအရ ငြင်းတာဆိုရင်တော့ မကောင်းဘူး။ အနိမ့်ဆုံး တွေ့နိုင်မယ့် လူအချို့နဲ့တွေ့ပြီး ဒေါ်စုဆီက ပေးချင်တဲ့ စကားကို နားထောင်ဖို့လိုမယ်။ ပြန်ဆွေးနွေးဖို့ လိုမယ်လို့ ထင်တယ်'' ဟု ပြောကြားသည်။

''အခုဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဟာ ၂၀၁၅ အလွန် မြန်မာ့နိုင်ငံရေးအတွက် ပြင်ဆင်ခြင်းဖြစ်တယ်။ အဲဒါကြောင့်မို့ သမ္မတရဲ့ အခန်းကဏ္ဍ ၂၀၁၅ အလွန်မှာ ရှိတော့မှာ မဟုတ်တဲ့ အတွက်ကြောင့် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် သမ္မတနဲ့ ဆွေးနွေးစရာ မလိုဘူးဆိုတာ ကျွန်တော်နားလည်တယ်။ ဒါပေမဲ့ အာဏာရ ပြည်ခိုင်ဖြိုးပါတီရဲ့ တာဝန်ရှိသူတွေဖြစ်တဲ့ လွှတ်တော်ဥက္ကဋ္ဌ နှစ်ယောက်နဲ့တော့ သူမအနေနဲ့ လွှတ်တော်ထဲမှာ မကြာခင်တွေ့ဆုံ ဆွေးနွေးတော့မှာ ဖြစ်တယ်။ အရေးကြီးဆုံး အချက်ကတော့ လွှတ်တော်မှာ ၂၅ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီးတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ မိမိတပ်ပိုင်းဆိုင်ရာကို လွတ်လပ်စွာ စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့တော့ မဖြစ်မနေ တွေ့ဆုံဆွေးနွေးရမှာ ဖြစ်တယ်။ ဒီတွေ့ဆုံဆွေးနွေးပွဲဟာ တရားဝင် ဖြစ်ချင်မှလည်း ဖြစ်မယ်။ အလွတ်သဘော ဖြစ်ချင်လည်းဖြစ်မယ်။ ဘာလို့လဲဆိုတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို တရားဝင် ပြင်ဆင်ရမယ့် နေရာဟာ ပြည်ထောင်စု လွှတ်တော်ပဲ ဖြစ်တယ်။ ဒီအလွတ်သဘော ဆွေးနွေးမှုဟာ ၂၀၁၅ အလွန် မြန်မာနိုင်ငံ တည်ငြိမ်တိုးတက်ရေးနဲ့ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲတွေ အပေါ်မှာ နိုင်ငံတကာက ယုံကြည်စိတ်ချ စေဖို့အတွက် အထောက်အကူ ဖြစ်စေမယ်လို့ ထင်တယ်'' ဟု Eleven Media Group ၏ CEO ဒေါက်တာ သန်းထွဋ်အောင်က ပြောကြားသည်။

''ဒါ့ကြောင့်မို့ ကျွန်တော့်အမြင် ပြောရရင်တော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သမ္မတနဲ့ တွေ့ဆုံစရာ မလိုပါဘူး။ လေးပွင့်ဆိုင်လည်း တွေ့စရာ မလိုပါဘူး။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လွှတ်တော်ဥက္ကဋ္ဌ နှစ်ယောက်နဲ့ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်တွေနဲ့လည်း လွှတ်တော်ထဲမှာ သီးသန့်တွေ့ဆုံ ဆွေးနွေးပါလိမ့်မယ်။ လွှတ်တော်ပြင်ပမှာလည်း ကာကွယ်ရေး ဦးစီးချုပ်နဲ့ အလွတ်သဘော တွေ့ဆုံဆွေးနွေးဖို့ လိုပါလိမ့်မယ်။ ကာကွယ်ရေး ဦးစီးချုပ် အနေနဲ့လည်း အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ တိုင်းပြည် အပြောင်းအလဲအတွက် အမှန်တကယ် ဆန္ဒရှိတယ်ဆိုရင် လူထုခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သာမန်ပါတီ ခေါင်းဆောင်တစ်ဦးအဖြစ် မယူဆဘဲ အမြန်ဆုံး မဖြစ်မနေ အလွတ်သဘော တွေ့ဆုံဆွေးနွေးတာ ပိုသင့်တော်ပါတယ်'' ဟု CEO ဒေါက်တာသန်းထွဋ်အောင်က ဆက်လက် ပြောကြားသည်။

(နိုဝင်ဘာ ၁၈ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် အင်န်အယ်လ်ဒီပါတီ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့သဘောထား ရယူပွဲ၌ တက်ရောက် လာသူများက ဖွဲ့စည်းပုံ ပြင်ဆင်ရေး လက်ထောင် ဆန္ဒပြုနေစဉ် (ဓာတ်ပုံ-ငြိမ်းဇော်လင်း))
EMG

ဗိုက်ပူနေပါက လိုက်နာသင့်သော နည်းလမ်းများ


ဗိုက်ပူ တာကြောင့် အဝတ်အစား ဝတ်ဆင်ရာမှာ စမတ်ကျနမှု မရှိသလို ကျန်းမာရေး ကိုလည်း ထိခိုက် စေနိုင်ပါတယ်။

ဒါကြောင့် ဗိုက်ပူနေပြီ ဆိုရင် လိုက်နာသင့်တဲ့ နည်းလမ်းတွေကို အကြံ ပြုလိုက်ပါတယ်။

(၁) ကျန်းမာရေးနှင့် ညီညွတ်သော ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ

သင့်ခန္ဓာကိုယ်က စံသတ်မှတ်ထားတဲ့ ကိုယ်အလေးချိန်ထက် များနေရင် အပို ကိုယ်အလေးချိန်တွေ လျော့ကျ စေဖို့ လုပ်ဆောင် ရပါတော့မယ်။ အဲဒီလိုဖြစ် ဖို့ဆိုရင် သင်စားတဲ့ ပမာဏထက် ကယ်လိုရီပိုမို လောင်ကျွမ်းအောင် လုပ်ဆောင် ပေးပါ။ ဝမ်းဗိုက်ဘက် ကက်သားတွေ သန်စွမ်းအောင် အိပ်ထမတင် လေ့ကျင့်ခန်း၊ အလေးမတဲ့ လေ့ကျင့်ခန်း၊ ထိုင်ထလေ့ ကျင့်ခန်း စတဲ့ လေ့ကျင့်ခန်းတွေ လုပ်တာက အကောင်းဆုံး နည်းပါ။ ဒါက ကိုယ်အလေးချိန် ကျစေတဲ့အပြင် ဝမ်းဗိုက်ကို ချပ်ရပ် စေပါတယ်။

(၂) အမျှင်ဓာတ်များများ စားပါ

အမျှင်ဓာတ် များများပါတဲ့ အစာကို စားတာကြောင့် လေပွ၊ လေထတာမျိုး မဖြစ်အောင် ကာကွယ် နိုင်ပါတယ်။ အမျှင်ဓာတ်ပါတဲ့ ကောက်နှံ တစ်ခုလုံးနဲ့ လုပ်တဲ့ အစာတွေက ဗိုက်မြန်မြန် ပြည့်စေပြီး ဟင်းသီး ဟင်းရွက်တွေက ကယ်လိုရီ ပါဝင်မှု နည်းပါး ပါတယ်။

(၃) ဆားလျှော့စားပါ

လူအများစုဟာ ဆိုဒီယမ်ကို လိုအပ်တာထက် နှစ်ဆပိုစား နေကြတယ်လို့ ကျွမ်းကျင်သူ တွေက အကြံပြု ထားပါတယ်။ ဆားအများကြီး စားတာကြောင့် သွေးတိုး စေနိုင်သလို လေပွ စေနိုင်ပါတယ်။ ဆားပါဝင်မှု များတဲ့ အဓိက ရန်သူက တာရှည် ခံအောင် ပြုပြင်ထားတဲ့ အစာတွေပါ။ ဒီအစာတွေ မစားခင် အာဟာရ တန်ဖိုးကို အရင် ဖတ်ကြည့်ပါဦး။ ဗိုက်သားချပ် ရပ်ဖို့အတွက် အကောင်းဆုံးက လတ်ဆတ်တဲ့ ပါဝင်ပစ္စည်းတွေကို သုံးပြီး အိမ်မှာ မိမိဘာသာ ချက်ပြုတ် ပြင်ဆင်ပြီး စားတာပဲ ဖြစ်ပါတယ်။ ရေများများ သောက်တာက ဆိုဒီယမ် ပမာဏကို လျော့ကျ စေပါတယ်။

(၄) အစာကို နည်းနည်းနှင့် မကြာခဏ စားပါ

ညစာကို များများ စားတာကြောင့် ဗိုက်ပူ နေတယ်ဆိုရင် နည်းနည်းနဲ့ မကြာ ခဏစားတဲ့ အလေ့အထကို ပြောင်းလဲ ကြည့်ပါ။ နေ့စဉ် အချိန် ၃-၄ နာရီကြာတိုင်း အစာနည်းနည်း စားပေးပါ။ ဒါဆိုရင် ဗိုက်ဆာတာနဲ့ အစာကို စားသင့်တာ ထက်ပိုစားမိတာမျိုး ဖြစ်နိုင်ခြေ နည်း သွားပါလိမ့်မယ်။

(၅) ဆရာဝန်နှင့် တွေ့ဆုံဆွေးနွေးပါ

ကိုယ်အလေးချိန် လျော့ကျပေမယ့် ခါးအတိုင်း အတာက လျော့ကျမှု မရှိဘူး ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။




Thursday, November 28, 2013

အိမ်နီးချင်း နိုင်ငံများသို့ သစ်မှောင်ခို ခိုးထုတ်မှု အရှိန်မြင့်တက်နေဆဲ ဖြစ်သောကြောင့် ကမ္ဘာပေါ်ရှိ သစ်တောပြုန်းတီးမှု အမြင့်ဆုံး နိုင်ငံများတွင် မြန်မာနိုင်ငံ ပါဝင်နေ



မြန်မာနိုင်ငံမှ တစ်ဆင့် အိမ်နီးချင်းနိုင်ငံများသို့ သစ်မှောင်ခို တင်ပို့မှု မြင့်တက်နေသောကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိ သစ်တောပြုန်းတီးမှု အမြင့်ဆုံး နိုင်ငံများထဲတွင် ပါဝင်နေကြောင်း မြန်မာနိုင်ငံနှင့် အမြတ်ရလွယ်သော နယ်စပ်ဒေသရှိ တရားမ၀င် ရင်းနှီးမြုပ်နှံ မှုများအကြောင်း ဖော်ပြထားသော နယ်သာလန် အခြေစိုက် Transnational Institute ၏ မကြာမီက ထုတ်ပြန်လိုက်သော ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ်နောက်ပိုင်း သစ်မှောင်ခို ထုတ်ယူမှု ပိုမိုများပြား လာကြောင်းနှင့် အထူးသဖြင့် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံ နယ်စပ်တစ်လျှောက် အဖြစ်များနေကြောင်း၊ အမှန်တွင် ထိုကာလအတွင်း ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့တွင် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပြဋ္ဌာန်းချက်များ ပြင်းထန်လာခဲ့ခြင်း၊ တစ်နည်းအားဖြင့် ဥပဒေဖြင့် ချမှတ်အကာအကွယ် ပေးလာခြင်းကြောင့် မြန်မာနိုင်ငံမှ သစ်များကို မှောင်ခိုခိုးထုတ်မှု ပိုမြင့်တက်လာခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

Global Witness ၏ ခန့်မှန်းချက်အရ ၂၀၀၆ ခုနှစ် မတိုင်မီ ကာလအတွင်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ တရားမ၀င် လမ်းကြောင်းမှ တင်သွင်းနေသော သစ်ပမာဏမှာ နှစ်စဉ်ကုဗမီတာ တစ်သန်းခန့် ရှိကြောင်း၊ ၂၀၀၆ ခုနှစ်တွင် နယ်စပ်ဖြတ်ကျော်၍ သစ်မှောင်ခို ခိုးထုတ်မှု တားဆီးရေးအတွက် နှစ်နိုင်ငံ သဘောတူ လက်မှတ်ရေးထိုး လိုက်သောကြောင့် နယ်စပ်မှ ခိုးထုတ်မှု အထိုက်အလျောက် ကျဆင်းသွားသော်လည်း ရန်ကုန်ဆိပ်ကမ်းမှ တင်ပို့မှု မြင့်တက်နေခဲ့သောကြောင့် သစ်တောပြုန်းတီးမှု မြင့်တက်နေဆဲ ဖြစ်ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ပြည်တွင်း လက်နက်ကိုင်များနှင့် အပစ်အခတ် ရပ်စဲရေး ဖြစ်ပေါ်လာပြီး နောက်ပိုင်းတွင် အဆိုပါ သစ်မှောင်ခို ခိုးထုတ်မှုမှာ အမြတ်ရလွယ်သော စီးပွားရေး လုပ်ငန်းဖြစ်လာပြီး တရုတ်၊ အိန္ဒိယနှင့် ထိုင်းကုမ္ပဏီတို့ ၀င်ရောက် ရင်းနှီးမြုပ်နှံ လာကြကြောင်း၊ အထူးသဖြင့် တရုတ်နှင့် ထိုင်းကုမ္ပဏီများက အစိုးရနှင့် လည်းကောင်း၊ လက်နက်ကိုင် အင်အားစုများထံမှ လည်းကောင်း သဘောတူညီမှု ရယူကာ သက်ဆိုင်ရာ နယ်စပ်ဒေသ အသီးသီးတွင် ခုတ်ယူနေခဲ့ကြခြင်း ဖြစ်ကြောင်း အဆိုပါ စစ်တမ်းတွင် ဖော်ပြထားသည်။ အဓိက သစ်မှောင်ခို ခိုးထုတ်မှုဒဏ်ကို ခံနေရသော ပြည်နယ်များမှာ တရုတ်မြန်မာနယ်စပ် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ဖြစ်ပြီး ထိုင်းမြန်မာ နယ်စပ်တွင်မူ ကရင်၊ ကယားနှင့် ရှမ်း ပြည်နယ်တို့ ဖြစ်ကာ တနင်္သာရီတိုင်း ဒေသကြီးမှာလည်း သက်ရောက်မှုရှိသော ဒေသတစ်ခု ဖြစ်ကြောင်း သတင်းရရှိသည်။

''သစ်မှောင်ခို ခိုးထုတ်မှုတွေက လျော့မသွားလောက်ပါဘူး။ ကျွန်တော်တို့ တန်ချိန်အားဖြင့် အတိအကျ ပြောဖို့ခက်ပေမယ့် ပွင့်လင်းရာသီတွေဆိုရင် ၂၄ ဘီးကားနဲ့ တစ်ရက်ကို အစီး ၇၀၀၊ ၈၀၀ ရှိပါတယ်။ ကိုယ်ပိုင် စက်ကြီးတွေနဲ့ကို တရုတ်သစ်ခုတ်တဲ့ လုပ်ငန်းတွေက လာပြီး ခုတ်ယူကြတာ'' ဟု တရုတ် မြန်မာနယ်စပ်မှ ဒေသခံတစ်ဦးက ပြောပြခဲ့သည်။

(တရုတ်နိုင်ငံ ရွှေလီဘက်သို့ ထွက်ခွာသည့် လမ်းပေါ်တွင် ယခုနှစ်အစောပိုင်းက တွေ့ရသော သစ်လုံးတင်ယာဉ်များ)
EMG

ယာဉ်မရပ်ရ လမ်းမကြီးများပေါ်တွင် ရပ်နားထားသည့် မော်တော်ယာဉ်များကို ဖယ်ရှားအရေးယူသည့် ဖမ်းဆီးရေး အဖွဲ့များတိုးမြှင့်



ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယာဉ်မရပ်ရ လမ်းမကြီးများအဖြစ် သတ်မှတ်ထားသော လမ်းများတွင် စည်းကမ်းမဲ့စွာ ရပ်နားနေသည့် မော်တော်ယာဉ်များကို ကရိန်းယာဉ်များဖြင့် ဖယ်ရှားအရေးယူရာတွင် ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ဖမ်းဆီးရေး အဖွဲ့များကို တိုးမြှင့်အရေးယူ သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးနှင့် ပို့ဆောင်ရေးဝန်ကြီး ဦးအောင်ခင်က နိုဝင်ဘာ ၂၇ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။

ယခုလက်ရှိ အချိန်အထိ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယာဉ်မရပ်ရ လမ်းမကြီး ပေါင်း ၃၇ လမ်း ရှိနေပြီး မကြာမီတွင် ယာဉ်မရပ်ရအဖြစ် လမ်း ၁၀ လမ်းကိုလည်း ထပ်မံတိုးချဲ့ သွားမည်ဖြစ်ကြောင်း သိရသည်။

နေ့စဉ် စည်းကမ်းမဲ့စွာ ရပ်နေသည့် မော်တော်ယာဉ်များကို စစ်ဆေးရေးနှစ်ဖွဲ့ဖြင့် ဖယ်ရှားအရေးယူ နေသော်လည်း ထိရောက်စွာ အရေးယူနိုင်ရန်အတွက် စစ်ဆေးရေး အဖွဲ့နှစ်ဖွဲ့ကို ထပ်မံတိုးချဲ့ လိုက်ပြီးဖြစ်ကြောင်း သိရသည်။

''အရင်တုန်းက ဆိုရင်တော့ ရန်ကုန်တိုင်း တစ်ခုလုံးမှာ တစ်နေ့ကို ဖမ်းဆီးရေး အဖွဲ့နှစ်ဖွဲ့ပဲ လှည့်လည်ပြီး ဖမ်းဆီးနေတာပါ။ အခုဆိုရင် လေးဖွဲ့နဲ့ ဖမ်းဆီးသွားမယ်။ Down Town မြို့နယ်တွေထဲမှာ တစ်ဖွဲ့ထားရှိသွားမယ်'' ဟု လမ်းပန်းဆက်သွယ်ရေးနှင့် ပို့ဆောင်ရေးဝန်ကြီးက ဆိုသည်။

ယင်းကဲ့သို့ ကရိန်းယာဉ်များဖြင့် ဖယ်ရှားအရေးယူမှုကို နိုဝင်ဘာ ၁၁ ရက်မှ စီမံချက်ဖြင့် စတင်ခဲ့ပြီး နိုဝင်ဘာ ၂၆ ရက်အထိ မော်တော်ယာဉ် အစီးရေပေါင်း ၃၀၁ စီးကို အရေးယူခဲ့ကြောင်း အမှတ်(၂)ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး လင်းထွဋ်ထံမှ သိရသည်။

(ဘုရင့်နောင် လမ်းမပေါ်တွင် အချိန်ကြာမြင့်စွာ ရပ်တန့်ထားသည့် အငှားယာဉ်တစ်စီးအား ကရိန်းယာဉ်ဖြင့် ဖယ်ရှားသယ်ဆောင် နေသည်ကို နိုဝင်ဘာ ၁၃ ရက်က မြင်တွေ့ရစဉ် (ဓာတ်ပုံ-ဉာဏ်ဝင်းရှိန်))

အခကြေးငွေရယူကာဘင်္ဂါလီလူမျိုး(၇)ဦးကို ရန်ကုန်သို့ခိုးသွင်းလာသည့် ပါဂျဲရိုးကားကို မှော်ဘီတွင် ဖမ်းဆီးရမိ၊ လိုင်စင်မဲ့ယာဉ်ဖြစ်ပြီး ကျပ် ၃၂သိန်းဖြင့် ပို့ဆောင်ခဲ့ခြင်းဖြစ်ဟု ယာဉ်မောင်းထွက်ဆို



White Card ကိုင်ဆောင်ထားသူ ဘင်္ဂလီနှစ်ဦးအပါအ၀င် ဘင်္ဂလီလူမျိုး (၇)ဦးကို ငွေကျပ် (၃၂)သိန်း ယူဆောင်ကာ လိုင်စင်မဲ့ ပါဂျဲရိုးကားနဲ့ ရန်ကုန်မြို့ကို ခိုးသွင်းလာမှုကို နိုဝင်ဘာလ (၂၆)ရက်နေ့ ညနေပိုင်းက မှော်ဘီမြို့နယ်မှ ရဲတပ်ဖွဲ့ဝင်တွေနဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေးဌာန တို့က ဖမ်းဆီးရမိခဲ့ပါတယ်။

မှော်ဘီမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေနဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနတို့က အမှတ် (၄)လမ်း ပူးပေါင်းစစ်ဆေးရေး ဂိတ်မှာ မစ်ဆူဘီရှိ ပါဂျဲရိုး ခဲရောင်၊ ၃ဂ/၈၄၄၉ ကို သတင်းအရး စစ်ဆေးဖို့ တားဆီးတဲ့အခါ မောင်းနှင်ထွက်ပြေးတာကြောင့် လိုက်လံ ဖမ်းဆီးရာ မှော်ဘီမြို့ နယ် (၇၄)တပ်ကွေ့မှာ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

ယာဉ်ပေါ်မှာ White Card ကိုင်ဆောင်ထားသူနှစ်ဦးအပါအ၀င် ဘင်္ဂလီ (၇)ဦးပါလာပြီး ဘင်္ဂလီလူမျိုးတွေဟာ ရခိုင် ပြည်နယ် ကျောက်တော်မြို့နယ်မှာ နေထိုင်သူတွေဖြစ်ကာ အသက် (၂၂)နှစ်ရှိ ဘင်္ဂလီလူမျိုး အမျိုးသမီးနှစ်ဦးနဲ့ အသက် (၂၀)ကျနေ၊ အသက်(၃၀) ဘင်္ဂလီလူမျိုး အမျိုးသား (၅)ဦးတို့ ပါလာပါတယ်။

ဖမ်းဆီးရမိသည့် ဘင်္ဂါလီ လူမျိုးများမှာ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် နေထိုင်သည့် ရှော်ဘီရော်မာန် (အသက် ၂၀ နှစ်)၊ လှမောင် (အသက် ၂၈ နှစ်)၊ ကျော်မောင် (အသက် ၂၀ နှစ်)၊ ဇော်မာလက်ဒီး (အသက် ၃၀ နှစ်)၊ မာမွတ်ဆာဟဲလ် (အသက် ၂၅ နှစ်)၊ မသိန်းနု (ခ) ဆော်ဖီရာ (အသက်၂၂ နှစ်)၊ မသန်းနု (ခ) မောစ်တော်ဘာ (အသက် ၂၂ နှစ်) တို့ဖြစ်ကြောင်း သိရသည်။

သူတို့ကို ယာဉ်မောင်း အောင်မိုးထိုက်ဆိုသူက ရခိုင်ပြည်နယ်၊ မင်းဘူးနဲ့ ပဒ္ဒန်းကြား မိုင်တိုင် (၁၇)ကတဆင့် ရန်ကုန်မြို့ရှိ ရွေပြည်သာကားဂိတ်ကို ငွေကျပ် (၃၂)သိန်းနဲ့ ပို့ဆောင် ပေးတာဖြစ်ပြီး စရံနေနဲ့ ကျပ် (၈)သိန်း လက်ခံရယူထားတယ်လို့ သိရပါတယ်။

ယာဉ်ကို သက်ဆိုင်ရာရဲတပ်ဖွဲ့က ရှာဖွေစစ်ဆေးခဲ့ရာ ဘင်္ဂလီ (၇)ဦးအပါအ၀င် ပါတ်ဆံအိတ်အနက်ရောင် (၁)လုံး၊ ၇၂လက်မ အရွယ် ပလပ်စတစ် ပါကင်အိတ် တစ်ထုပ်၊ ၃ဂ/၈၄၄၉ စာတန်းပါ မှတ်ပုံတင်သက်သေခံလက်မှတ်၊ လက်ကိုင်ဖုန်းတစ်လုံး၊ CDMA အထိုင်ဖုန်းခွံတစ်လုံးတို့ကို ရှာဖွေ တွေ့ရှိခဲ့ပါတယ်။

ဒါ့အပြင် လက်ကိုင်ဖုန်းထည့်တဲ့ ဘူးခွံတစ်ခု၊ လက်ကိုင်ဖုန်းအားသွင်းပစ္စည်း (၃)မျိုး၊ Sumsung တံဆိပ်ပါ လက်ကိုင်ဖုန်းကဒ်ပါ တစ်လုံး၊ ငွေစက္ကူ ငါးထောင်ကျပ်တန် ၈၈ရွက်နဲ့ ၃ဂ/၈၄၄၉ ခဲရောင် မစ်ဆူဘီရှိ ပါဂျဲရိုးကား လိုင်စင်မဲ့တို့ကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။

ဖမ်းဆီးရမိတဲ့ ဘင်္ဂလီတွေနဲ့ပါတ်သက်ပြီး မှော်ဘီမြို့နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေးဌာနက ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ဖို့ စစ်ဆေးနေတယ်လို့ သိရပါတယ်။

EMG


ကျပ် သိန်းပေါင်း တစ်သောင်းကျော်တန် Rolls Royce ကားများကို ငြိမ်းချမ်းရေး ပါမစ်ဖြင့် နယ်စပ်မှ သွင်းရာတွင် ဖုံးအုပ်ကာ အလုံပိတ် ပုံစံမျိုးဖြင့် ပြောင်းလဲတင်သွင်း



ကျပ်သိန်းပေါင်း တစ်သောင်းကျော်တန် ကြေးရှိ Rolls Royce ကားများကို ငြိမ်းချမ်းရေး ပါမစ်ဖြင့် မြန်မာ-ထိုင်း နယ်စပ်မှတစ်ဆင့် တင်သွင်းရာတွင် ယခင်ကကဲ့သို့ မဟုတ်ဘဲ ကားအမျိုးအစားကို အလွယ်တကူ မမြင်တွေ့နိုင်သည့် ဖုံးအုပ်သယ်ယူသည့် ပုံစံဖြင့် ပြောင်းလဲတင်သွင်း လာသည်ဟု ဒေသခံများထံမှ သတင်းရရှိသည်။

ယခင်က ကားတင်သွင်းရာတွင် Rolls Royce ကဲ့သို့ကားများ အပါအ၀င် တန်ဖိုး ကီး၊ တန်ဖိုးနည်း မည်သည့်ကား အမျိုးအစားကိုမဆို ကားသယ်ယူသည့် ယာဉ်ကြီးများပေါ်တွင် မြင်မြင်ထင်ထင်တင်ကာ ငြိမ်းချမ်းရေး ပါမစ်များဖြင့် တင်သွင်းခဲ့ကြခြင်း ဖြစ်သည်။

နိုဝင်ဘာ ၂၇ ရက်တွင်မူ ငြိမ်းချမ်းရေး ကားပါမစ်ဖြင့် တင်သွင်းလာသည့် Rolls Royce အမျိုးအစား ကားနှစ်စီးနှင့် Lexus အမျိုးအစား ကားတစ်စီး စုစုပေါင်း သုံးစီးကို မြ၀တီမှတစ်ဆင့် တင်သွင်းရာတွင် ဖုံးအုပ်ထားပြီးမှ ကားသယ်ဆောင်သည့် ယာဉ်ကြီးများဖြင့် တင်သွင်းသည့်ပုံစံ ပြောင်းလဲတင်သွင်း လာခြင်းဖြစ်ကြောင်း သိရသည်။

အခွန်ကင်းလွတ်ခွင့်ရသည့် ငြိမ်းချမ်းရေး ကားပါမစ်များဖြင့် မြန်မာနိုင်ငံသို့ တင်သွင်းထားသည့် ကျပ်သိန်းပေါင်း တစ်သောင်းကျော် တန်ကြေးရှိ Rolls Royce ကားမှာ ယခုအခါ အစီး ၂၀ ၀န်းကျင်အထိ ရှိလာပြီဖြစ် သည်။

Rolls Royce ကားတစ်စီးအား ပုံမှန်အခွန် ပေးဆောင်၍ တင်သွင်းမည်ဆိုပါက တစ်စီးလျှင် ကျပ်သိန်းပေါင်း ၁၃၀၀၀ ကျော်အထိ ကျသင့်မည်ဖြစ်ပြီး အခွန်အရပ်ရပ်ပင် ကျပ်သိန်းပေါင်း ၈၅၀၀ ကျော် ပေးဆောင်ရမည် ဖြစ်သည်။

ကျပ်သိန်းပေါင်း တစ်သောင်းကျော် တန်ကြေးရှိ Rolls Royce ကားအား တင်သွင်းမည်ဆိုပါက အကောက်ခွန် ကျပ်သိန်း ၁၉၆၀၊ ကုန်သွယ်လုပ်ငန်းခွန် ကျပ်သိန်း ၁၇၁၅ နှင့် ကညနယာဉ် မှတ်ပုံတင်ကြေး ကျပ်သိန်း ၄၈၉၀ ကျော်၊ စုစုပေါင်း ကျပ်သိန်း ၈၅၀၀ ကျော်အထိ ပေးဆောင်ရမည် ဖြစ်သည်။

ထို့အတွက် ငြိမ်းချမ်းရေးပါမစ်ဖြင့် ၀ယ်ယူတင်သွင်းသူသည် ကျပ်သိန်း ၁၃၀၀၀ ၀န်းကျင်ကျသင့်မည့် Rolls Royce ကားတစ်စီးအား ကျပ်သိန်း ၅၅၀၀ ၀န်းကျင်ဖြင့် စီးနင်းနိုင်မည် ဖြစ်သည်။

ငြိမ်းချမ်းရေးပါမစ် တစ်စောင်လျှင် ယခုအခါ ကျပ်သိန်း ၅၀၀ မှ ကျပ်သိန်း ၁၅၀၀ အထိ တန်ကြေးရှိပြီး ပါမစ်ရသည့် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းများသည် ပါမစ်ဖိုးသာ အများဆုံး ရရှိကြခြင်းဖြစ်သည်။

ပါမစ်ဝယ်ယူ တင်သွင်းသူများနှင့် ကြားပွဲစားများမှာမူ ပါမစ်ဖိုးသာ ကုန်ကျပြီး ကျပ်သိန်း ၈၅၀၀ ကျော်အထိ အခွန်ကင်းလွတ်ခွင့် ရသွားသည့်အတွက် ပြည်သူ့ဘဏ္ဍာနှင့် ပါမစ်ဖိုးသာရသော ငြိမ်းချမ်းရေး အဖွဲ့အစည်းများသာ နစ်နာသွားခြင်းဖြစ်သည်။

(နိုဝင်ဘာ ၂၇ ရက်က ငြိမ်းချမ်းရေးပါမစ်ဖြင့် Rolls Royce ကား နှစ်စီးနှင့် Lexus ကား တစ်စီးအား ဖုံးအုပ်၍ တင်သွင်းလာစဉ် )
EMG

နယ်စပ်ဂိတ်ပေါက် ကိုးခုနှင့် ဆီးဂိမ်းစ်ပြိုင်ပွဲ လက်ခံကျင်းပမည့် နေပြည်တော်အပါအ၀င် တိုင်းဒေသကြီး သုံးခုတို့တွင် အမြင့်ဆုံးအဆင့် လုံခြုံရေး ဆောင်ရွက်မှုစတင်



မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်များမှ ၀င်ရောက်လာနိုင်သည့် ဂိတ်ပေါက်ကိုးခုနှင့် ဆီးဂိမ်းစ်ပြိုင်ပွဲ လက်ခံကျင်းပမည့် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့တွင် အမြင့်ဆုံး အဆင့်ဖြင့် လုံခြုံရေးဆောင်ရွက်မှုကို စတင်နေပြီဖြစ်ကြောင်း ၂၇ ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ လုံခြုံရေး ဆပ်ကော်မတီမှ ရုံးအဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက နိုဝင်ဘာ ၂၇ ရက် နံနက်ပိုင်းတွင် The Daily Eleven သို့ ပြောကြားသည်။

ယင်းကဲ့သို့ လုံခြုံရေးကို အမြင့်ဆုံးအဆင့်ဖြင့် ဆောင်ရွက်မှုတွင် အင်တာပို ရဲတပ်ဖွဲ့နှင့် အာဆီယံရဲတပ်ဖွဲ့တို့မှ Black List စာရင်းသွင်းထားသည့် ပြစ်မှုကျူးလွန်သူများ၏ မှတ်တမ်းများကို ရယူကာ လုံခြုံရေး ဆောင်ရွက်လျှက် ရှိနေကြောင်း သိရသည်။

ထို့အပြင် ဆီးဂိမ်းစ်ပြိုင်ပွဲ လက်ခံကျင်းပမည့် အားကစားပွဲရုံများနှင့် ဆက်စပ်တည်ရှိနေသည့် ရပ်ကွက်၊ မြို့နယ်များတွင်လည်း လုံခြုံရေးကို အထူးတင်းကျပ်ထားပြီး မိုင်းရှာဖွေရေး လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။

"မြန်မာပြည်မှာကျင်းပမယ့် ဆီးဂိမ်းစ်ပြိုင်ပွဲကြီးကို စည်စည်ကားကားနဲ့ အောင်မြင်စွာ ကျင်းပနိုင်အောင် ကျွန်တော်တို့ ရဲတပ်ဖွဲ့အနေနဲ့ လုံခြုံရေးအပိုင်းတွေမှာ အမြင့်ဆုံးအဆင့်နဲ့ ဆောင်ရွက်မှုတွေ ပြုလုပ်နေပါပြီ။ ပြည်ပ နယ်စပ်တွေကနေ နိုင်ငံအတွင်းကို ၀င်ရောက်လာနိုင်တဲ့ လမ်းကြောင်းတွေ၊ အားကစားပြိုင်ပွဲမှာ ကျင်းပမယ့် နေရာတွေ၊ ဟိုတယ်တွေနဲ့ အခြားနေရာတွေ အကုန်လုံးမှာ လုံခြုံရေးကို အသေးစိတ် ပိုမိုတိကျပြီး စနစ်ကျတဲ့ ရဲလုပ်ငန်းစဉ်တွေနဲ့ လုပ်ဆောင်နေပါတယ်။ လုံခြုံရေးစစ်ဆေးမှုမှာ အသုံးပြုမယ့် နည်းပညာအထောက်အကူ ပစ္စည်းတွေကိုလည်း အလုံအလောက် ဖြည့်ဆည်းထားပါတယ်"ဟု ၂၇ ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ လုံခြုံရေးဆပ်ကော်မတီမှ ရုံးအဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက ပြောကြားသည်။

ဆက်လက်၍ "အဆင့်မြင့် နည်းပညာတွေနဲ့ အထောက်အကူ ပစ္စည်းတွေကို အလုံအလောက်ထားရှိပြီးတော့ စစ်ဆေးသွားမယ့်အပြင် လုံခြုံရေးအင်အားကိုလည်း ၁၀၀ ရာခိုင်နှုန်းအပြည့်နဲ့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်"ဟု ရဲမှူးကြီး အောင်မြတ်မိုးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် နှစ် ၄၀ အတွင်း ပြန်လည်ကျင်းပမည့် ဆီးဂိမ်းစ် အားကစားပွဲတော်ကို အောင်မြင်စွာ ကျင်းပနိုင်ရန် လုပ်ငန်းဆပ်ကော်မတီ ၁၄ ခုဖြင့် ဖွဲ့စည်း ဆောင်ရွက်နေကြောင်း အားကစားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဇော်ဝင်းက နိုဝင်ဘာ ၂၇ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။

(မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မြက်ခင်းတု ဟော်ကီကွင်းတွင် ဆီးဂိမ်းစ်အကြိုပြိုင်ပွဲ ပြုလုပ်နေစဉ် လုံခြုံရေးဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်))
EMG

တောင်သမန်အင်းအတွင်းသို့ ဆောင်းခိုငှက်များ စတင်ရောက်ရှိ



တောင်သမန်အင်းသို့ နိုဝင်ဘာ လလယ်ခန့်မှစ၍ ဆောင်းခိုငှက်များဖြစ်သော ငဟစ်မွဲနှင့် ဒေါင်းလန်းခြေထောက် ငှက်မျိုးစိတ်များ စတင် ၀င်ရောက်လျှက်ရှိကြောင်း သိရသည်။

ယခုနှစ်တွင် အင်းရေကျဆင်းမှု နောက်ကျခြင်းကြောင့် ဆောင်းခိုငှက်များ ၀င်ရောက်မှု နောက်ကျခဲ့ပြီး ပုလိပ်အင်းသို့ ဆောင်းခိုငှက် ၀င်ရောက်မှု မရှိသေးကြောင်း၊ ယခုဝင်ရောက်သည့် ဆောင်းခိုငှက်များမှာ အနည်း ငယ်သာရှိပြီး နှစ်စဉ်ဝင်နေကျ ငှက်မျိုးစိတ်များ ကျန်ရှိနေကာ အကောင်အရေအတွက် ပြည့်မီခြင်း မရှိသေးကြောင်း သိရသည်။

"တောင်သမန်ကို ဆောင်းခိုငှက်တွေ စ၀င်နေပြီဆိုပေမယ့် အနည်းငယ်ပဲ ရှိပါသေးတယ်။ ဒေါင်းလန်းခြေထောက် ငှက်မျိုးစိတ်နဲ့ ငဟစ်မွဲငှက်မျိုးတွေပဲ ၀င်သေးတယ်။ ဒေါင်းလန်း ခြေထောက်ကတော့ ရာချီဝင်နေပြီ။ ပုလိပ်အင်းကတော့ ရေသိပ်မကျသေးတဲ့အတွက် ၀င်ရောက်ခြင်း မရှိသေးပါဘူး"ဟု မြန်မာနိုင်ငံငှက်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်းမှ ဒုဥက္ကဋ္ဌ ဦးဇေမောင်သိန်းက ပြောကြားသည်။

တောင်သမန်အင်းသို့ အောက်တိုဘာလအတွင်း၌ ဆောင်းခိုငှက်မျိုးစိတ်အချို့ စတင်ဝင်ရောက်မှုရှိခဲ့ပြီး အောက်တိုဘာ လကုန်ပိုင်းတွင် မိုးရွာသွန်းမှုများကြောင့် အ၀င်ရပ်တန့်သွားကာ အင်းရေကျချိန် နိုဝင်ဘာ လလယ်တွင် ပြန်လည် ၀င်ရောက်လာခြင်း ဖြစ်ကြောင်း၊ ယခင်နှစ် ဆောင်းခိုငှက်ရာသီတွင် တောင်သမန်အင်းသို့ စင်ရော်၊ ဟင်္သာ၊ နှုတ်သီးလန် ဒေါင်းလန်းခြေထောက်အစရှိသည့် ဆောင်းခိုငှက်နှင့် ဌာနေငှက်မျိုးစိတ် ၅၀ ကျော် ၀င်ရောက်ခဲ့ကြောင်း၊ ပလိပ်အင်းသို့ ငန်းရိုင်း၊ ခရုတုတ်နှင့် ခရုစုတ် (ခေါင်းနက်)ငှက်မျိုးစိတ်များ အပါအ၀င် ငှက်မျိုးစိတ်ပေါင်း ၆၀ ကျော် လာရောက်ကျက်စားခဲ့ပြီး အချို့ငှက်မျိုးစိတ်များမှာ နှစ်စဉ် လာရောက်လေ့ရှိကြောင်း သိရသည်။

(တောင်သမန်အင်းတွင် ရောက်ရှိနေသော ဒေါင်းလန်းခြေထောက် ငှက်မျိုးများအား နိုဝင်ဘာ ၂၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ဦးဇေမောင်သိန်း))

EMG

ဂျပန်အောက်လွှတ်တော် ဥက္ကဋ္ဌ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း ဂျပန်နိုင်ငံသို့ ထွက်ခွာ




၂၈.၁၁.၂၀၁၃၊ ကြာသပတေးနေ့

ဂျပန်အောက်လွှတ်တော် ဥက္ကဋ္ဌ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စု လွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် နိုဝင်ဘာ ၂၇ ရက်၊ ည ၁၀ နာရီ ၁၀ မိနစ်ခန့်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် ဂျပန်နိုင်ငံသို့ ထွက်ခွာသွားသည်။

''ကျွန်တော်တို့ရဲ့ လွှတ်တော်နာယကကြီးကို ဂျပန်နိုင်ငံရဲ့ အောက်လွှတ်တော် ဥက္ကဋ္ဌက ဖိတ်တဲ့အတွက် သွားကြတာ ဖြစ်ပါတယ်။ သွားတဲ့အထဲမှာ လွှတ်တော်ကိုယ် စားလှယ်တွေရော၊ စီးပွားရေးအရ ပူးပေါင်း ဆောင်ရွက်နိုင်မယ့် အဖွဲ့တွေရောပါတယ်။ ဂျပန်နဲ့မြန်မာက ဆက်ဆံရေး အင်မတန် ကောင်းပါတယ်။ အရင်ကတည်းက ကောင်းတယ်။ အစိုးရချင်း ဆက်ဆံရေးကလည်း ကောင်းတဲ့အပြင် ပူးပေါင်းဆောင်ရွက် မှုတွေလည်း အများအပြား ရှိတယ်'' ဟု ဂျပန်ချစ်ကြည်ရေး ခရီးစဉ်၌ လိုက်ပါမည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦးက ပြောကြားသည်။

အဆိုပါ ချစ်ကြည်ရေး ခရီးစဉ်တွင် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် ဂျပန်နိုင်ငံ၌ လွှတ်တော်၏ ဆောင်ရွက်မှုများ၊ ဖွဲ့စည်းမှု၊ ဥပဒေပြုမှုများကို အဓိကထား လေ့လာဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရပြီး စီးပွားရေး ကိစ္စရပ်များကိုလည်း လေ့လာဆွေးနွေး သွားမည်ဖြစ်ကြောင်း ဂျပန်ချစ်ကြည်ရေး ခရီးစဉ်၌ လိုက်ပါမည့် ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦးက ပြောကြားသည်။

ပြည်ထောင်စု လွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအား ဂျပန်အောက်လွှတ်တော် ဥက္ကဋ္ဌအပြင် ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်း၊ နီပွန်ဖောင်ဒေးရှင်းတို့မှလည်း ဖိတ်ကြားထားသည်။

Eleven Media Group

မန္တလေးမြို့ ရေ၊ အမှိုက်၊ လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းများအတွက် ပြင်သစ်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၁.၂သန်း ကူညီ



မန္တလေးမြို့၏ ရေပေးဝေရေးစနစ်၊ အမှိုက်သိမ်းဆည်းရေး လုပ်ငန်းများ၊ လမ်းပန်း ဆက်သွယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် ပြင်သစ်နိုင်ငံက အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ သန်း (ယူရိုငွေ ၉၆၉၀၀၀) ကူညီပေးမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သတင်းရရှိသည်။

ပြင်သစ်နိုင်ငံ အခြေစိုက် Sasege Engirenerring ကုမ္ပဏီက မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီသို့ ယင်းလုပ်ငန်းများ ဆောင်ရွက်ရန် အကူအညီပေးခြင်းဖြစ်ကာ နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များကို မြို့တော်စည်ပင် ၀န်ထမ်းများအား ကဏ္ဍအလိုက် သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။

"အဓိကကတော့ MRT (Mass Rapit Transport ) လူအများ သွားလာရေးစနစ်ကို ကောင်းမွန်အောင် ပြောင်းလဲချင်တယ်။ လက်ရှိမန္တလေးရဲ့ လမ်းပန်းဆက်သွယ်ရေးစနစ်ကို ပြောင်းလဲပြီး အဆင့်မြင့်တဲ့ ဘတ်စ်ကား ပြေးဆွဲစေတာမျိုး လုပ်ဖို့ဆန္ဒရှိကြတယ် " ဟု လမ်းတံတားဌာနမှူး ဒေါ်ခင်မေဌေးက ဆိုသည်။

Green City အတွက် မန္တလေးမြို့ကို အာရှဖွံ့ဖြိုးရေးဘဏ်မှ အဆက်မပြတ် လာရောက်လေ့လာ ဆွေးနွေးလျှက်ရှိရာ အခြားနိုင်ငံအသီးသီးမှလည်း ပါဝင်လျက်ရှိကြောင်း၊ ထို့ကြောင့် မန္တလေးမြို့၏ ယင်းလုပ်ငန်း သုံးခုအတွက် အကူအညီပေးခြင်း ဖြစ်ကြောင်း မြို့တော်စည်ပင်ကော်မတီဝင် ဦးထွန်းကြည်က ပြောကြားခဲ့သည်။

"လမ်းပန်း ဆက်သွယ်ရေးအပြင် မြို့ရဲ့ အမှိုက်သိမ်းစနစ်နဲ့ ရေပေးဝေရေးတွေအတွက်ပါ လိုအပ်တဲ့ နည်းပညာတွေကို မြို့တော်စည်ပင်က ကဏ္ဍအလိုက် အင်ဂျင်နီယာတွေကို သင်ကြားပေးသွားမယ်။ သင်ထောက်ကူ ပစ္စည်းတွေပါ ပါဝင်ပါတယ်။ အခုကူညီတာက Green City နဲ့ မဆိုင်ပါဘူး။ ပြင်သစ်နိုင်ငံက ကူညီတာပါ" ဟု ကော်မတီဝင် ဦးထွန်းကြည်က ပြောကြားသည်။

(မန္တလေးမြို့ရှိ အမှိုက်စွန့်ပစ်ရာ နေရာတစ်ခုအား တွေ့ရစဉ်)
EMG

ပုဂံတွင် ကမ္ဘာလှည့်ခရီးသွား လာရောက်မှု များပြားလာခြင်းနှင့်အတူ ယဉ်ကျေးမှုနှင့် မလျော်ညီသော အပြုအမူများ ပိုမိုကြုံတွေ့လာရ



ပုဂံဒေသသို့ ကမ္ဘာလှည့် ခရီးသွားဧည့်သည် အများအပြား ၀င်ရောက်လာခြင်းနှင့်အတူ ယဉ်ကျေးမှုနှင့် မလျော်ညီသော အပြုအမူများ ပိုမိုကြုံတွေ့လာရကြောင်း သိရသည်။

ကမ္ဘာလှည့် ခရီးသွားများ၏ လုံခြုံရေးဆောင်ရွက်ရာတွင် ဒေသတွင်း ၀င်ရောက်လာသော ခရီးသွားဧည့်သည်များ၏ လုံခြုံရေး၊ ၎င်းတို့၏ ငွေကြေးပစ္စည်းများ လုံခြုံရေးထိခိုက် ဆုံးရှုံးမှု မရှိအောင် ဆောင်ရွက်ရသကဲ့သို့ ၀င်ရောက်လာသည့် ကမ္ဘာလှည့်ခရီးသွားများထဲမှ အဆင့်အတန်းမရှိသော ဧည့်သည်တချို့၏ ကျူးလွန်လာမည့် ယဉ်ကျေးမှုနှင့် မှုခင်းဆိုင်ရာ ချိုးဖောက်မှုများကိုလည်း ဒေသခံအဖွဲ့အစည်းများ အနေဖြင့် ဆောင်ရွက်နေကြောင်း သိရသည်။

မကြာသေးမီက ပုဂံရွှေဆံတော်ဘုရားပေါ်တွင် စရိတ်ချွေတာသည့် အနေဖြင့် နိုင်ငံခြားသားတချို့ ညအိပ်ခြင်း၊ ဖိနပ်စီးခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့သည်။"ညအိပ်တာတော့ မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့မိသားစုက ဒီဘုရားမှာ ညစောင့်ပါ။ညဘက်ဆို ခွေးသုံးကောင် လွှတ်ထားတာလည်း ရှိတယ်။ ခွေးက လူစိမ်းအကပ်မခံပါဘူး။ ဒါပေမဲ့ မနက်ဘက် လေးနာရီဆိုရင်တော့ Sun-Rise ကြည့်မယ့်သူတွေ ရောက်လာပြီ။ တစ်ခါတစ်ရံ မနက်ဘက် ရန်ကုန်ကားက သုံးလေးနာရီဆိုက်လို့ တည်းခိုခန်းမှာ ညမအိပ်တော့ဘဲ Sun-Rise ကြည့်ရင်း ရောက်လာတဲ့ ဧည့်သည်မျိုးတော့ ရှိပါတယ်"ဟု ရွှေဆံတော်ဘုရား လုံခြုံရေးဝန်ထမ်း ကိုအောင်ကျော်ဦးက ပြောကြားသည်။

"ပြဿဒ်ကြီးတို့ ရွှေဆံတော်တို့ဆိုတာ လုံခြုံရေး ၂၄ နာရီရှိတဲ့ ဘုရားတွေပါ။ ညအိပ်တယ်ဆိုတာတော့ မဖြစ်နိုင်ပါဘူး။ ပုဂံမှာက တစ်နေ့ကို ကမ္ဘာလှည့်ခရီးသွား တစ်ထောင်လောက် ၀င်တယ်။ ဒီမှာ နှစ်ရက်သုံးရက်နေ့ကျတော့ ခရီးသွားပေါင်း လေးငါးထောင်ရှိတယ်။ အ၀န်းအ၀ိုင်းကလည်း အကျယ်ကြီး။ ခရီးသွားတွေအနေနဲ့လည်း သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေ လိုက်နာဖို့သင့်ပါတယ်"ဟု ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့ ၊ပုဂံတပ်ဖွဲ့စုမှူး ဒုရဲမှူး ခိုင်ဝင်း က ပြောကြားသည်။

ထို့ပြင် ပုဂံဒေသတွင် ဧည့်လမ်းညွှန်မပါသော FIT ခရီးသွားတချို့သည် ရှေးဟောင်း သုတေသနဌာနမှ ခွင့်ပြုထားခြင်းလည်း မရှိသည့် ရှေးဟောင်းဘုရား တချို့အပေါ်တွင် နံနက်သို့မဟုတ် ညနေခင်းဘက်များတွင် တက်ရောက်ကာ ပုဂံရှုခင်းများ ကြည့်ရှုလေ့လာမှု ပြုနေခြင်းသည် မတော်တဆ ဖြစ်နိုင်ခြေ များပြားလှကြောင်း ဒေသခံဧည့်လမ်းညွှန်များ၊ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများက ပြောဆိုကြသည်။

ပုဂံဒေသတွင် နိုင်ငံခြားသား ခရီးသွားများပြားလာခြင်းနှင့် နိုင်ငံခြားသားတချို့သည် လမ်းဘေးတွင် ညအိပ်ခြင်း၊ အခမဲ့ တည်းခိုဆောင်တွင် တည်းခိုခြင်းများ ပြုလုပ်လေ့ ရှိလာရာ ဒေသခံ လုံခြုံရေးအဖွဲ့အစည်းများမှ ကူညီဖြေရှင်းပေးခဲ့ရကြောင်း၊ ပစ္စည်းပျောက်ဆုံးခြင်း၊ နှိုက်ယူခံရခြင်းများ လာရောက်တိုင်တန်းရာ၌ အမှန်အကန်တိုင် တန်းသူများရှိသကဲ့သို့ လီဆယ်တိုင်တန်းမှုများလည်း ရှိကြောင်း သိရသည်။

(ပုဂံရွှေဆံတော်စေတီသို့ ကမ္ဘာလှည့်ခရီးသွားများ လာရောက် လည်ပတ်နေကြစဉ်)

EMG

Wednesday, November 27, 2013

ဘွဲ့တစ်လုံးပိုင်၍ ၀မ်းမခိုင်သော ပညာတတ်စာရေးကြီး





Wednesday, November 27, 2013

အဖေက အမြဲပြောသည်။
"သား..ပညာတတ်ကြီး ဖြစ်အောင်လုပ်"တဲ့။
"ပညာတတ် ကြီးဖြစ်မှ အဖေတို့လို မပင်ပန်းရမှာ၊ ချမ်းချမ်းသာသာ နေရမှာ" လို့လည်း မောင်မောင် ငယ်စဉ်ကတည်းက အဖေက အမြဲပြောလေ့ရှိသည်။

ခုတော့ မောင်မောင် ပညာတတ်ပြီ၊ ဘွဲ့ရပြီ။ သူ့အဖေပြောသလို မောင်မောင် မပင်ပန်းတော့။ ရွာမှာ မောင်မောင်က ပထမဆုံး ဘွဲ့ရပညာတတ်ကြီး ဖြစ်သည်။ မောင်မောင် ဘွဲ့ရအောင် ကျောင်းထားဖို့ အိမ်က ပိုင်သမျှ လက်ဝတ်ရတနာ တွေလည်း ရောင်းလိုက်ရပြီ။ သို့ပေမယ့် တန်သည်၊ ကုန်သင့်သည်၊ တစ်ဆွေလုံး တစ်မျိုးလုံး မျှော်လင့်သကဲ့သို့ မောင်မောင် ပညာတတ်ကြီး ဖြစ်ချေပြီ။

ပညာတတ်ဘွဲ့ရပါက ရွာမှာ အလုပ်မလုပ်ရ ဆိုသော ဘာမှန်းမသိသည့် သတ်မှတ်ချက်ကြီးကြောင့် ရွာမှာ မောင်မောင် မနေ။ မြို့ကိုတက်ကာ မောင်မောင် အလုပ် လုပ်တော့မည်။

မြို့ကိုရောက်တော့ အစိုးရဌာန ရုံးတစ်ခုမှာ အလုပ် ဝင်လျှောက်ကြည့်သည်။ ဘွဲ့လက်မှတ်ကြီး တစ်ခု ပိုက်ကာ ဘွဲ့ရပညာတတ် ဆိုသည့်အတိုင်း စာရေး ရာထူးကြီးကို မောင်မောင်တစ်ယောက် ထိုက်တန်စွာ ရရှိလိုက်လေပြီ။

အစိုးရရုံးလေး မှာပဲ ရုံးစာရေးဘဝနဲ့ ရောင့်ရဲလိုက်၊ အရာရှိစာမေးပွဲလေး ခေါ်က ဝင်ဖြေလိုက်ဖြင့် လည်ပတ်နေသည်။ စားဝတ်နေရေး အတွက် လုံလောက်စွာ ပေးထား သည့် ပမာဏကြီးမားလှသော လစာကြီးများ ကုန်သွားလျှင် ရွာကမိဘများဆီ ပိုက်ဆံ လှမ်းတောင်းလိုက်ရုံမျှဖြင့် အဆင်ပြေနေသည်။ ပညာတတ်ကြီး မပင်ပန်းရအောင် ပညာမတတ်သော မိဘများက လယ်ယာ လုပ်ငန်းလုပ်ကာ ပညာတတ်စာရေးကြီး မောင်မောင်ကို ထောက်ပံ့ကြလေသည်။

အရာရှိစာမေးပွဲ ဖြေဖြေ၊ ရာထူး စာမေးပွဲကို ဘယ်လိုကြိုးစားဖြေဖြေ မအောင်လေသော မောင်မောင် တစ်ယောက် နှစ်ကာလ အတန်ကြာလေသော် ကံဇာတာလေး တက်လာသည်။ မောင်မောင့်လောက် အဖြစ်မရှိသူ များက ရာထူးစာမေးပွဲများကို တစ်ကြိမ်တစ်ခါမျှ ဖြေရုံဖြင့်ပင် အောင်ကြလေသည်။ ဒါကို မောင်မောင် နားမလည်ခဲ့။ သို့သော် ကံတရားက မောင်မောင့်ကို ကြည့်မနေ။ အရာရှိစာမေးပွဲ မအောင်သော်လည်း လုပ် သက်ငါးနှစ်အကြာတွင် ရုံးအငယ်တန်း စာရေးလေးမောင်မောင်အဖြစ်မှ အကြီးတန်း စာရေးကြီး ဖြစ်သွားလေပြီ။ ကံတရားက အမှန်တရား ဘက်မှာ အမြဲ ရှိတတ်ပေသည်။

မောင်မောင့်ထက်အရင် အရာရှိ စာမေးပွဲ အောင်မြင်သူများ ကတော့ မောင်မောင်၏ အထက်အရာရှိများ ဖြစ်နေ ကြပေပြီ။ နောက်တော့မှ အကြောင်းစုံ မောင်မောင် သိလာသည်။ ထိုသူများက ပူဇော်ထိုက်သူများကို ပူဇော်ပသရသည် ဆိုသည့် မင်္ဂလာတရားတော်ကို လိုက်နာသောကြောင့် ပင်တည်း။

ရိုးသားသည့် မောင်မောင်၊ ကြိုးစားသည့် မောင်မောင်၊ ပညာတတ်ကြီး မောင်မောင်၊ ရုံးစာရေးကြီး မောင်မောင် စသဖြင့် နာမဝိသေသနများ ပေါများလှသည့် မောင်မောင်သည် နိုင်ငံတော်က ချီးမြှင့်သည့် လုံလောက်မျှတသော လစာငွေများ ဖြင့် ရွှေဂေါင်းပြောင်နှင့် ကန်စွန်းရွက်ကို တစ်လှည့်စီ ရေလုံပြုတ်၍ တစ်သွယ်၊ ကြော်လှော်၍ တစ်မျိုး ပြုလုပ်ကာ ဓာတ်စာအဖြစ် မှီဝဲနေရလေသည်။

ကြာတော့ ဂဏန်း ငါးလုံးမျှသာ ရှိသော အစိုးရလစာနှင့် မောင်မောင် မလောက်ငတော့။ မိဘဆီက အမြဲပင် ပြန်၍ တောင်းရသည်။ လယ်သမား၊ ယာသမား မိဘများဆီက ရသည့်ငွေဖြင့် ရုံးက တောင်း ခံသော ကထိန်ပွဲ၊ ဝါဆိုပွဲ၊ သီတင်းကျွတ်ပွဲ စသည့် စသည့် ၁၂ လ ရာသီပွဲများ အတွက် အလှူငွေ ထည့်ခြင်းဖြင့် ဒါနပါရမီ၊ အထက် အရာရှိများကို ပြန်လှန် မဆိုရဲသည့်အခါတွင် သည်းခံရသောကြောင့် ရသည့် ခန္တီပါရမီ၊ ကိုယ့်လက်အောက်က ဝန်ထမ်းများ ကဏ္ဋကောစ ပြုပါလျှင်လည်း မမြင်ချင်ယောင်၊ မသိချင်ယောင်၊ မကြားချင်ယောင်ဆောင် ကာ နေရသောကြောင့် ရသည့် ဥပေက္ခာ ပါရမီ စသည့် စသည့် ပါရမီများကို ဖြည့်ဆည်းကာ ဘဝကို ကျေနပ်စွာ နေထိုင်လေသည်။

ထိုသို့နေထိုင်လာသည့် မောင်မောင်တစ်ယောက် တစ်နေ့မှာတော့ တစ်ရွာတည်း နေပြီး အခုမြို့တွင် အလုပ်လာလုပ်နေသော သူငယ်ချင်း အောင်အောင်နှင့် ပြန်တွေ့ လေသည်။ ငယ်ကတည်းက အောင်အောင်က ပညာရေးကိုလည်း သိပ်စိတ်မဝင်စားသူမျိုး ဖြစ်သည်။ သို့ရာတွင် ပါးရည်နပ်ရည် ကတော့ မောင်မောင့်ထက် ရှိလှသည်။ ခွင်ကျော်မြင်တတ်သည်။ အောင်အောင်က မည်သူ့ကို ကပ်လျှင် မည်သို့စားရမည် ကိုလည်း မွေးရာပါ ပညာတစ်ခုကဲ့သို့ တတ်မြောက်ထားသူဖြစ်သည်။

ခုတော့ အောင်အောင်က အစိုးရ ရုံးကြီးတစ်ရုံးတွင် ပြာတာအလုပ် လုပ်နေရှာသည်။ အောင်အောင် ၏ မည်းနက်နေသည့် အသားအရေပေါ်တွင် ရွှေဆွဲကြိုး လက်တစ်လုံးလောက်ကြီးက အပြူးသား။ ပြာတာ လစာ နှစ်ပဲခြောက်ပြားဖြင့် သည်ဆွဲကြိုးကြီးကို အောင်အောင် ဘယ်လိုပိုင်ဆိုင်သည် ဆိုသည်ကိုမူ မောင်မောင် နားမလည်။ အောင်အောင်က ပြာတာဆိုသော်ငြား မောင်မောင်နှင့် ယှဉ်ကြည့်လျှင် အပြတ်ကွာခြားကာ မောင်မောင့်ထက် သားနားလွန်းနေသည်။

အောင်အောင်၏ တစ်ရက်တာ ဝင်ငွေက မောင်မောင့် တစ်လစာနီးပါး ရှိနေသည်။ အောင်အောင် ပညာမတတ် သော်လည်း အဘယ်ကြောင့်ထိုသို့ အဆင် ပြေနေသည်ဆိုသည်ကို မောင်မောင် လုံးဝ(လုံးဝ) နားမလည်နိုင်။

"ပညာတတ်ရင် မပင်ပန်းဘူး၊ ချမ်းချမ်းသာသာ နေရမယ်" ဆိုသည့် မောင်မောင့် အဖေ၏ ဆုံးမစကားကို ကြားယောင်မိသည်။ အိမ်ဧည့်ခန်းနံရံမှာ ရွှေရောင်ဘောင်ဖြင့် တခမ်းတနား ကွပ်ကာ တပ်ထားသည့် မောင်မောင့် ဘွဲ့ရဓာတ်ပုံ ကြီးကို ကြည့်ကာ မောင်မောင်တစ်ယောက် တောက်တစ်ချက် ခပ်ပြင်းပြင်း ခေါက်လိုက်မိလေသည်။

(ဥဂ္ဂါ)
By The Voice

ထောပတ်သီးက ဘာတွေကောင်းလဲ



ထောပတ်သီးရဲ့ ကောင်းကျိုး တွေကတော့ အများကြီးပါပဲ။ ကျန်းမာရေးနှင့် ညီညွတ်လို သူတိုင်း ထောပတ်သီးလို အသီးမျိုးကို ပုံမှန်စားပေးရင် အကောင်းဆုံး ပါပဲ။ သူ့ရဲ့ ကျန်းမာရေး ဆိုင်ရာ

အကျိုး ကျေးဇူး တွေကလည်း အံ့ဩစရာ ကောင်းလှပါတယ်။ တကယ်တော့ ထောပတ်သီးဟာ Berry ဘယ်ရီလို့ ခေါ်သော သစ်သီး မိသားစုမှ ဆင်းသက်လာသည့် မျိုးနွယ်ဝင် သစ်သီးတစ်မျိုး ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ထောပတ် သီးလို့ ခေါ်ကြခြင်းရဲ့ အကြောင်းရင်းက မှည့်၍ ပျော့နေသော ထောပတ်သီး အသားများဟာ ကိုင်တွယ်ထိတွေ့ ကြည့်လိုက်ရင် နွားနို့မှ ထုတ်လုပ်ထားသော ထောပတ်ကဲ့သို့ နူးညံ့သည့် အသားမျိုး (Texture) မို့လို့ ထောပတ်နဲ့ တူလို့ ထောပတ်သီးလို့ အမည်ပေး ထားဟန် တူပါတယ်။ အင်္ဂလိပ် ဘာသာအားဖြင့် Avocadoလို့ ခေါ်ပါတယ်။ တချို့ကလည်း ထောပတ်သီးရဲ့ အပေါ် အရေခွံ အရောင် ပုံသဏ္ဌာန်နဲ့ သစ်တော်သီး ပုံသဏ္ဌာန် ဖြစ်နေတဲ့ အတွက် မိကျောင်း သစ်တော် Alligator Pear လို့လည်း ခေါ်ကြ တယ်လို့ ဆိုပါတယ်။ ထောပတ်သီးရဲ့ အာနိသင် တွေ ကတော့-

(၁) ကင်ဆာရောဂါကာကွယ်ပေးခြင်း

ထောပတ်သီးထဲမှာ ပါဝင်သော ဓာတုပစ္စည်းများ အချို့က ကင်ဆာ ကလာပ်စည်း များကို ဖျက်ဆီး ပစ်နိုင်ကြောင်း၊ ကျန်းမာနေသော ကလာပ် စည်းများကိုလည်း ထိခိုက်မှု မရှိကြောင်း၊ ထို့ကြောင့် ဆီးကျိတ်ကင်ဆာ၊ ခံတွင်း ကင်ဆာတို့ကို ကာကွယ်နိုင်ခြင်းရှိ ကြောင်း သိရပါတယ်။ ဒါ့အပြင် ထောပတ်သီးမှ ထွက်ရှိ လာသော အဆီက OleicAcid ပါဝင်မှု များပြီး၊ ၄င်းက ရင်သားကင် ဆာမဖြစ်အောင်လည်း ကာကွယ်ပေး နိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် ထောပတ်သီးသည် ကင်ဆာရောဂါ ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။

(၂) နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေ လျော့ကျစေခြင်း

ထောပတ်သီး တစ်ခွက်စာထဲမှာ လူတစ်ယောက် တစ်နေ့တာ လိုအပ်သော Folate ဖောလိတ် အမည်ရှိ ဗီတာမင်B တစ်မျိုး ၂၃ ရာခိုင်နှုန်း ပါဝင်ကြောင်း သိရပါတယ်။ ဖောလိတ်က နှလုံးသွေးကြော ရောဂါမဖြစ်အောင် ကာကွယ်ပေး နိုင်ပါတယ်။ ဒါ့အပြင် ထောပတ်သီး ထဲမှာ ပါဝင်တဲ့ Mono မပြည့်ဝဆီနှင့် ဗီတာမင် E, Glutathione စသည်တို့ ကလည်း နှလုံး ကျန်းမာရေးကို အားပေး မြှင့်တင် ပေးနိုင်ပါတယ်။

(၃) သွေးတွင်းအဆီဓါတ် ကျဆင်းစေသည်

ထောပတ်သီးထဲမှာ ဘီတာဆိုက် စတီရောဟုခေါ်သော ဓာတုပစ္စည်း များက ကိုလက် စထရောလ် ပမာဏကို ကျဆင်း စေပါတယ်။ ထောပတ်သီး တစ်ပတ်ခန့် စားပြီးလျှင် ကိုလက်စထ ရောလ်ပမာဏ ၁၇ ရာခိုင်နှုန်းထိ ကျဆင်းသွားစေနိုင်ကြောင်း တွေ့ရှိ ထားရပါတယ်။ ကိုလက်စထရောလ် နည်းတာနှင့်အမျှ နှလုံးသွေးကြော ရောဂါ ဖြစ်နိုင်ခြေ အခွင့်အလမ်း နည်းသွား စေပါတယ်။

(၄) လေဖြတ်ခြင်းကို ကာကွယ်ခြင်း

ထောပတ်သီးထဲမှာ ပါတဲ့ ဖောလိတ်က လေမဖြတ်အောင် ကာကွယ် ပေးပါတယ်။

(၅) အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေခြင်း

Glutathione လို့ခေါ်တဲ့ အင်တီ အောက်စီးဒင့် ကြွယ်ဝစွာ ပါဝင်တဲ့ အတွက် အဲဒီပစ္စည်းက အသက်အရွယ် အိုမင်း ရင့်ရော်မှုကို နှေးကွေးအောင် လုပ်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် အသက် အရွယ်ချင်း အတူတူ ပိုပြီးနုပျို စေနိုင်ပါတယ်။ ဒါ့အပြင် နှလုံးရောဂါ နှင့် ကင်ဆာ ရောဂါတို့ကိုလည်း ကာကွယ်နိုင်ပါသေးတယ်။

(၆) ဗီတာမင် C,E နှင့် K ကြွယ်ဝစွာ ပါဝင်ခြင်း

ဗီတာမင် C နှင့် E ကြွယ်ဝ သောကြောင့် ခန္ဓာကိုယ်အတွင်း ဓာတ်တိုးခြင်း ဖြစ်စဉ်များ မဖြစ်အောင် တားဆီး ပေးပါတယ်။ ဗီတာမင် K က သွေးခဲရာမှာ ကူညီ ပေးပါတယ်။

(၇) အာဟာရစုပ်ယူမှု ပိုကောင်းစေခြင်း

ကာရိုတင်နွိုက်လို့ ခေါ်တဲ့ ပစ္စည်းတွေ ပါဝင်တဲ့ အတွက် အဆီတွင် ပျော်ဝင် လွယ်သော အာဟာရ ဓာတ်များ စုပ်ယူမှု ပိုကောင်း စေပါတယ်။ ထောပတ်သီး အခွံနှင့် ကပ်လျက် အစိမ်း ရင့်ရောင်ရှိသော အပိုင်းမှာ အများဆုံး ပါဝင်ပါတယ်။ ဒါ့ကြောင့် ထောပတ်သီး အခွံ သင်တဲ့အခါ အဲဒီ အစိမ်း ရင့်ရောင်အပိုင်းတွေ လွှင့်ပစ်တဲ့ အထဲ ပါမသွားအောင် ဂရုစိုက်၍ လှီးပါ။

(၈) ထောပတ်သီး ဘယ်လိုစားမလဲ

ထောပတ်သီးကို စားတဲ့နည်း အမျိုးမျိုး ရှိတဲ့အနက် ကျန်းမာရေးနှင့် ညီညွတ်သော စားသုံးနည်း များကို သိထားဖို့ အရေးကြီး ပါတယ်။ ဒေါက်တာ အယ်ဒီတာ တို့နိုင်ငံတွင် အများစု ကတော့ ထောပတ်သီးကို အသားတွေခြစ်ယူ၊ နို့၊ သကြားတို့ဖြင့် ဖျော်ရည်စက်ထဲ ထည့်ဖျော်ကာ သောက်သုံးလေ့ ရှိကြတာ ဖြစ်ပါတယ်။ အဲဒီလို ပုံစံမျိုး အမြဲတမ်း သုံးစွဲလျှင် နို့နှင့် သကြားကြောင့် ကယ်လိုရီတွေ တက်ခြင်း၊ ကိုယ်အလေးချိန် တိုးခြင်း၊ နို့ထဲမှ ပြည့်ဝဆီတွေ စားမိခြင်းဖြစ် တတ်ကြောင်း သတိထား ရပါမယ်။ အကောင်းဆုံး ကတော့ ထောပတ်သီးကို သူ့အတိုင်း ဇွန်းနှင့် ကော်၍ စားခြင်းက စိတ်အချရဆုံး ပါပဲ။ ဒါမှမဟုတ် ထောပတ်သီး အသားတွေ ချည်းသက်သက် ကြိတ်စက်ထဲ ထည့်ချေကာ အဲဒီ ထောပတ်သီး အနှစ်ထဲမှာ သခွားသီး အချောင်းများ၊ မုန်လာဥနီ အချောင်းများ နှစ်၍ စားခြင်းဖြင့် ကျန်းမာရေးနှင့် ညီညွတ်စေပါတယ်။ ဒါ့အပြင် ထောပတ်သီးကို ဟင်းချိုရည် အဖြစ် ခပ်သောက် နိုင်ပါ သေးတယ်။ ဒီလောက်ဆိုရင် ထောပတ်သီးနှင့် ပတ်သက်၍ လုံလောက်ပြီ ထင်ပါတယ်။

ကြက်ဟင်းခါးပင်၏ ကျန်းမာရေး စွမ်းပကား



ခါးသက်သက် အရသာရှိတဲ့ ကြက်ဟင်းခါးသီးဟာ အပူပိုင်း စိုစွတ်တဲ့ ရာသီမှာ ပေါက်လေ့ရှိပြီး အဓိကအားဖြင့် အာရှတိုင်းပြည်တွေနဲ့ တောင်အမေရိကတွေမှာ တွေ့ရပါတယ်။ အရသာက ခါးသက်တယ် ဆိုပေမယ့် ကြက်ဟင်းခါးသီးမှာ ကျန်းမာရေး အကျိုးကျေးဇူးများစွာ ရှိပါတယ်။

အာဟာရတန်ဖိုး

ကြက်ဟင်းခါးသီးမှာ ကယ်လိုရီ ပါဝင်မှု အလွန် လျော့နည်းပါတယ်။ ဒါပေမဲ့ တန်ဖိုးရှိတဲ့ အာဟာရ ဓာတ်တွေ အများအပြား ပါဝင်ပါတယ်။ ဗီတာမင် B1 ၊ B2 နဲ့ B3၊ ဗီတာမင်စီ၊ မဂ္ဂနီဆီယမ်၊ ဖောလစ်အက်စစ်၊ ဇင့်(သွပ်)၊ ဖော့စ်ဖရပ်စ်၊ မဂ္ဂနိစ်နဲ့ အမျှင်ဓာတ်တို့ ကောင်းစွာ ပါဝင် နေပါတယ်။ သံဓာတ် ပါဝင်မှု များပြီး ဘီတာ ကယ်ရိုတင်း ပါဝင်မှုဟာ ပန်းဂေါ်ဖီစိမ်းထက် နှစ်ဆ၊ ကယ်လ်စီယမ် ပါဝင်မှုက ဟင်းနုနယ်ရွက်ထက် နှစ်ဆနဲ့ ပို တက်စီယမ်ပါဝင်မှုက ငှက်ပျောသီးထက် နှစ်ဆ အသီးသီး ပါဝင်နေပါတယ်။ ကြက် ဟင်းခါးသီးမှာ သွေးတွင်း သကြားဓာတ်ကို ကျစေတဲ့ အာနိသင်ရှိသလို Polypeptide P လို့ခေါ်တဲ့ အင်ဆူလင်လို ဒြပ်ပေါင်း တစ်မျိုး လည်း ပါဝင်တာကြောင့် ဆီးချိုရောဂါရှိသူတချို့အတွက် ကောင်းကျိုး ရှိကြောင်း လေ့လာသူတွေက ဆိုပါတယ်။

ကျန်းမာရေး အကျိုးကျေးဇူးများ

(၁) သွေးပြဿနာများ

ကြက်ဟင်းခါးသီးအရည်ဟာ သွေး ဆိပ်သင့်တာကြောင့်ဖြစ်တဲ့ အနာနဲ့ ယား ယံမှုတွေကို ကုသရာမှာ အလွန်အကျိုး ကျေးဇူးများပါတယ်။ လတ်ဆတ်တဲ့ ကြက် ဟင်းခါးသီးအရည်ကို သံပရာရည်နဲ့ ရောကာ အစာမရှိချိန် ဖြည်းဖြည်းချင်း ငုံပြီး နေ့စဉ်သောက်ပေးရင် ၄-၆လ အ ကြာမှာ သိသာတဲ့ တိုးတက်မှုကို တွေ့ရပါ တယ်။

(၂) ကာလဝမ်းးရောဂါ

ကာလဝမ်းရောဂါ အစောပိုင်းအ ဆင့်မှာ ကြိတ်ခြေထားတဲ့ ကြက်ဟင်းခါး ရွက် လက်ဖက်စားဇွန်း နှစ်ဇွန်းနဲ့ ကြက် သွန်နီအရည် လက်ဖက်စားဇွန်း နှစ်ဇွန်း၊ သံပရာရည် လက်ဖက်စားဇွန်း တစ်ဇွန်း တို့ကို ဆတူရောပြီး နေ့စဉ် သောက်ပေး ပါ။

(၃) အမျိုးအစား (၂) ဆီးးချိုရောဂါ

ကြက်ဟင်းခါးသီးမှာ ပါတဲ့ အပင် ထွက်အင်ဆူလင်ဟာ ဆီးနဲ့ သွေးထဲက သကြားဓာတ်ကို လျော့ကျစေတဲ့ အကျိုးကျေးဇူး ရှိပါတယ်။ ကြက်ဟင်းခါးသီးဟာ သွေးတွင်း အင်ဆူလင်အဆင့်ကို တိုးစေ တာမျိုး မရှိဘဲ ဂလူးကို့စ် ခံနိုင်ရည်ရှိမှုကို သိသိသာသာ ကောင်းမွန်စေတာ ဖြစ်ပါ တယ်။

(၄) စွမ်းအင်

ကြက်ဟင်းခါးသီး အရည်ကို ပုံမှန် သောက်ပေးတာကြောင့် စွမ်းအင်နဲ့ သက်လုံကို ကောင်းမွန်စေပါတယ်။ နှစ်နှစ် ခြိုက်ခြိုက် အိပ်မောကျစေပါတယ်။

(၅) မျက်စိပြဿနာများ

ကြက်ဟင်းခါးသီးမှာ ဘီတာကယ်ရို တင်းနဲ့ တခြားအာနိသင်တွေ ပါဝင်မှု မြင့် မားတာကြောင့် မျက်စိ ပြဿနာ တွေကို ကင်းဝေးစေပြီး အမြင်အာရုံကို တိုးတက် ကောင်းမွန်စေပါတယ်။

(၆) အရက်နာကျခြင်း

ကြက်ဟင်းခါးသီး အရည်ဟာ အရက်နာကျတဲ့ ဝေဒနာကို ကုသရာမှာ ကောင်းကျိုး ရှိပါတယ်။ အရက်သောက် တာကြောင့်ဖြစ်တဲ့ အသည်းဝေဒနာ တွေကို ပြုပြင်ပေးပြီး အသည်းကို သန့် စင်စေပါတယ်။

(၇) ကိုယ်ခံစွမ်းအား ကောင်းမွန်ခြင်း

ကြက်ဟင်းခါးသီး အရည်ဟာ ကိုယ်ခံစွမ်းအား စနစ်ကို ကောင်းမွန်အောင် တည်ဆောက်ပေးပြီး ခန္ဓာကိုယ်ရဲ့ ရောဂါ တွန်းလှန်နိုင်စွမ်းကို ကောင်းမွန်စေပါတယ်။

(၈) လိပ်ခေါင်း

ကြက်ဟင်းခါးရွက်ကရတဲ့ အရည် လက်ဖက်စားဇွန်း သုံးဇွန်းကို ထောပတ်၊ နို့ တစ်ဖန်ခွက်နဲ့ ရောကာ နံနက်တိုင်း အစာမရှိချိန်မှာ သောက်ပေးရင် တစ်လအကြာမှာ သက်သာ သွားပါလိမ့်မယ်။ လိပ်ခေါင်းက နာကျင် နေရင် ကြက်ဟင်းခါးပင်ရဲ့ အမြစ်ကို စေးပျစ်အောင် ကြိတ်ပြီး လိပ်ခေါင်းပေါ်မှာ အုပ်ပေးပါ။

(၉) ဆိုးရီးယေးစစ်အရေပြားအနာ

ကြက်ဟင်းခါးရွက် အရည်ကို ပုံမှန် သောက်ပေးရင် ဆိုးရီးယေးစစ်နဲ့ တခြား ဖန်းဂပ်စ်မှိုစွဲတဲ့ အရေပြား အနာတွေကို သက်သာစေပါတယ်။

(၁၀) အသက်ရှူလမ်းကြောင်း ပြဿနာများ

လတ်ဆတ်တဲ့ ကြက်ဟင်းခါးသီး အရည် နှစ်အောင်စနဲ့ ရေရောထားတဲ့ ပျားရည်တစ်ခွက်ကို ရောသောက် ပေးရင် ပန်းနာရင်ကျပ်၊ လေပြွန်ရောင်တာ စတဲ့ အသက်ရှူလမ်းကြောင်း ဝေဒနာတွေကို သက်သာစေပါတယ်။ သတိပြုရန် ဆီးချိုကုသဆေးသောက်နေတဲ့ ဆီးချိုရောဂါရှိသူတွေအနေနဲ့ ကြက်ဟင်းခါးအရည် မသောက်ခင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ကိုယ်ဝန်ဆောင်တွေအနေနဲ့ ကြက်ဟင်းခါးသီးကို အလွန်အမင်း စားသောက်တာမျိုး ရှောင်သင့်ပါတယ်။

Related Posts Plugin for WordPress, Blogger...