Friday, November 29, 2013

နေပြည်တော် ဟိုတယ်ဇုန်တွင် ဟိုတယ်အသစ် ၁၁ လုံး ဖွင့်လှစ်ခွင့်ပြုခဲ့ပြီး ယင်းဟိုတယ်များ၌ အခန်းပေါင်း တစ်ထောင်ကျော်ပါဝင်

Photo: နေပြည်တော် ဟိုတယ်ဇုန်တွင် ဟိုတယ်အသစ် ၁၁ လုံး ဖွင့်လှစ်ခွင့်ပြုခဲ့ပြီး ယင်းဟိုတယ်များ၌ အခန်းပေါင်း တစ်ထောင်ကျော်ပါဝင်

နေပြည်တော် ဟိုတယ်ဇုန်တွင် ဟိုတယ်အသစ် ၁၁ လုံးအား ယခုတစ်ပတ်အတွင်း ဖွင့်လှစ်ခွင့် ပြုခဲ့ပြီးနောက် အခန်းပေါင်း တစ်ထောင်ကျော် ပါဝင်မည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ သိရသည်။

ဖွင့်လှစ်ခွင့်ပြုခဲ့သော ဟိုတယ်များမှာ နေပြည်တော် ဟိုတယ်ဇုန်တွင် ပါဝင်သော ဒက္ခိဏသီရိ ဟိုတယ်ဇုန်နှင့် ဥတ္တရသီရိ ဟိုတယ်ဇုန်များတွင် ရှိကြောင်း သိရသည်။

ယင်းတို့အနက် ဒက္ခိဏသီရိ ဟိုတယ်ဇုန်ရှိ မြနန်းယုံဟိုတယ်မှ အခန်းပေါင်း ၁၅၄ ခန်း၊ ACE ဟိုတယ် ၂၅ ခန်း၊ သူရဇ္ဇဟိုတယ် ၄၆ ခန်း၊ မင်္ဂလာသီရိ ၁၄၈ ခန်း၊ EXCEL CAPITAL HOTEL ၈၅ ခန်း၊ မန်းမြန်မာဟိုတယ် ၁၃၈ ခန်း၊ နယူးဧရာဟိုတယ် ၈၈ ခန်း၊ Jade City HOTEL ၁၄၁ ခန်းတို့ ရှိလာမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ဥတ္တရသီရိ ဟိုတယ်ဇုန်တွင်မူ Jade Royal Hotel ၅၂ ခန်း၊ အေးချမ်းသာ ဟိုတယ် ၁၂၈ ခန်းနှင့် ပုလဲသီရိ ဟိုတယ်မှ အခန်း ၄၀ ကိုလည်း ရရှိမည် ဖြစ်ကြောင်း သိရသည်။

ယင်းဟိုတယ်များမှ ရရှိသော အခန်းများမှာ နေပြည်တော်တွင် ကျင်းပမည်ဖြစ်သော ဆီးဂိမ်းပြိုင်ပွဲ ကာလအတွင်း အခန်းလုံလောက်စွာ ရရှိရန် အဓိကထား ဖြည့်စွက်ရမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ သိရသည်။

ယင်းအပြင် ဆီးဂိမ်းမတိုင်မီအထိ နေပြည်တော်တွင် ဟိုတယ်အသစ်များ ထပ်မံဖွင့်လှစ်ရန် ရှိမည်ဖြစ်ပြီး အခန်းပေါင်း ၄၀၀ ခန့် ရရှိလာမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်ထိ နေပြည်တော် ဟိုတယ်ဇုန်တွင် ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ ခွင့်ပြုခဲ့သော ဟိုတယ် ၅၃ လုံးမှ အခန်းပေါင်း ၃၈၀၀ ခန့်ရှိကြောင်း သိရသည်။

(ဖွင့်လှစ်ခွင့်ပြုခဲ့သော EXCEL HOTEL အား အောက်တိုဘာလ အတွင်းက တွေ့ရစဉ်)

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...