Friday, November 29, 2013

ရေခဲမြစ် ရေခဲတွေ အရည်ပျော်ကျပြီး ဆူညံသံကြီးထွက်



ရေခဲမြစ် ရေခဲတွေဟာ ပင်လယ်ထဲကို အရည်ပျော်ကျပြီး ပင်လယ်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆူညံသံကြီးကို ဖန်တီးနေတယ်လို့ အလာစကာသုတေသီတွေက ပြောပါတယ်။ ရေခဲတွေ အရည်ပျောနေတဲ့ကြားက ပန်းထွက်လာတဲ့ လေဘူစီပေါင်းတွေ ကြောင့် တဖောင်းဖောင်း၊ အက်ကွဲသံတွေထွက်ပေါ်နေပါတယ်။ အရှိန်အဟုန်နဲ့ ပြောင်းလဲနေတဲ့ ကမ္ဘာ့ဝင်ရိုးစွန်း ပတ်ဝန်းကျင်တွေကို ကောင်းကောင်းစောင့်ကြည့်နိုင်ဖို့ အထောက်အပံ့ရ စေသလို ရေခဲမြစ်ရေခဲ အရည်ပျော်ကျနှုန်းနဲ့ပတ်သက်ပြီး သဲလွန်စတွေရစေပါတယ် လို့ အလာစကာ တက္ကသိုလ် သုတေသီတွေက သတင်းပေးပို့ခဲ့ပါတယ်။

“အရမ်းအေးတဲ့ မြောက်ဝင်ရိုးစွန်း ရေပြင်မှာ အက်စကီးမိုးလှေနဲ့ သွားတုန်းက အဲ့လိုမြည်သံကြီးတွေ ကြာရတယ်။ ရေအောက်မှာ မိုက်ခရိုဖုန်းဆင်ပြီး အသံနားထောင်ရင် ပိုပြီးတော့တောင် အသံကကျယ်လာတယ်။ မိုးပုဆိန် (သည်းသည်းမည်းမည်း) ရွာနေတဲ့ အချိန်ဆို မိုးပေါက်သံတွေက ပင်လယ်သဘာဝပတ်ဝန်းကျင်မှာ အသံအကျယ်ဆုံးပဲ။ ပင်လယ်ရေ၀င်လမ်းမှာဆို အသံကမဆဲတော့ဘူး။” လို့ ဘူမိဗေဒပညာရှင် Erin Pettit ကပြောခဲ့ပါတယ်။

“အသံအများစုဟာ ဘူစီပေါင်းတွေ တက်လာတဲ့ဆီကလာတာ။ နော်ဇယ်ဖြစ်ဖြစ်၊ ပိုက်တစ်ခုခုကဖြစ်ဖြစ် ထွက်လာတဲ့ ဘူစီပေါင်းတွေရဲ့ အသံက ဘူစီပေါင်းရဲ့ အချင်းနဲ့ ပြောင်းပြန်အချိုးကျတယ်။ ဘူစီပေါင်းသေးလေလေ၊ အသံပိုစူးလေပဲ။ ” လို့ တက္ကဆက်တက္ကသိုလ်က အသံကျွမ်းကျင်ပညာရှင် Kevin Lee ကပြောခဲ့ပါတယ်။

အသံဖမ်းယူရရှိခဲ့တဲ့ အသံတွေဟာ လူ့နားနဲ့ကြားနိုင်တဲ့ ကြိမ်နှုန်းလတ်တွေပဲဖြစ်ပါတယ်။ ရေခဲမြစ် ရေခဲတွေ အရည်ပျော်ကျတာနဲ့ပတ်သက်ပြီး နောက်ဆက်တွဲ ရာသီဥတုအပြောင်းအလဲ၊ ရေရှည် ဥတုအလားအလာတွေ ရှိတယ်လို့ သုတေသီတွေက ပြောပါတယ်။

(Ref:upi)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...