
အိန္ဒိယနိုင်ငံ ဒေလီမြို့မှာ ဒိန်းမတ်လူမျိုး ကမ္ဘာလှည့် အမျိုးသမီးတဦးကို အုပ်စုဖွဲ့ အဓမ္မ ပြုကျင့်ခဲ့မှု စွဲချက်နဲ့ လူအတော်များများကို ရဲက စစ်ဆေး မေးမြန်းနေပါတယ်။အသက် ၅၁နှစ် အရွယ် အဲဒီ အမျိုးသမီးဟာ ကမ္ဘာလှည့် ခရီးသည်တွေ ကျက်စားရာ ပဟာ့ဂန်ဂ်ျ ရပ်ကွက်မှာ သူ့ဟိုတယ်ကို ပြန်ဖို့ လမ်းပျောက် သွားစဉ် အခုလို အဓမ္မ ပြုကျင့် ခံခဲ့ရတာလို့ ဆိုပါတယ်။ဟိုတယ်ကို ဘယ်လို သွားရမလဲလို့ လမ်းကြောင်း သွားမေးခဲ့စဉ်မှာ အမျိုးသား အုပ်စုတစုက သူ့ကို ဓါးနဲ့ထောက်ပြီး လုယက် အဓမ္မ ပြုကျင့်ခဲ့တာလို့...