Wednesday, January 15, 2014

ဖိလစ်ပိုင်တွင် ရေကြီး၊ မြေပြိုမှုကြောင့် သေဆုံးသူ ၂၂ ဦးထိရှိလာ





Wednesday, January 15, 2014


 
ဇန်န၀ါရီ ၁၄ ရက်တွင် မင်ဒါနာအိုတောင်ပိုင်းကျွန်းစုရှိ လီနာမွန်မြို့၌ ရေကြီးမှုကြောင့် ပြိုကျခဲ့သော တံတားပေါ်၌ ရပ်နေကြသော ဒေသခံများ


ဖိလစ်ပိုင်တောင်ပိုင်းတွင် ဖြစ်ပွားခဲ့သော ရေကြီးမှုနှင့် မြေပြိုမှုတို့ကြောင့် သေဆုံးသူ ၂၂ ဦးရှိလာပြီး လူ ၂၀၀,၀၀၀ နီးပါးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း ဇန်န၀ါရီ ၁၄ ရက်တွင် အစိုးရက ထုတ်ပြန်ခဲ့သည်။ အဆိုပါဒေသသည် ၂၀၁၂ ခုနှစ်က တိုက်ခတ်ခဲ့သော ဘိုဖာတိုင်ဖွန်းကြောင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်နေရဆဲ ဖြစ်သဖြင့် ယခုဖြစ်ရပ်သည် တိုင်ဖွန်းမှ အသက်ရှင်ကျန်ရစ်သူများအတွက် ကံဆိုးမိုးမှောင်ကျမှု ဖြစ်လာခဲ့သည်။

မင်ဒါနာအိုကျွန်း အရှေ့ဘက်ခြမ်း၌ ပြီးခဲ့သည့် သီတင်းပတ်ကုန်ရက်က မိုးသည်းထန်စွာ ရွာသွန်းခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး အရာရှိများက ပြောကြားခဲ့သည်။ “အဓိကမြစ်တွေ မြစ်ရေလျှံတာကြောင့် ဒေသတွင်းကလူတွေ ရေကြီးမှုနဲ့ ကြုံခဲ့ရပါတယ်” ဟု ဒေသဆိုင်ရာ ကာကွယ်ရေးအရာရှိ ဖရန့်အီရက်က အေအက်ဖ်ပီကို ပြောကြားခဲ့သည်။ ရေကြီးမှုနှင့် ရင်ဆိုင်ရချိန်တွင် ဒုက္ခသည် အများအပြားသည် ယာယီတဲများတွင်သာ နေထိုင်ရဆဲ ဖြစ်သည့်အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ မလုပ်ဆောင်နိုင်ကြသေးကြောင်း ၎င်းကပြောကြားခဲ့သည်။

သည်းထန်စွာရွာခဲ့သောမိုးသည် ဇန်န၀ါရီ ၁၃ ရက်က စတင်လျော့နည်းလာပြီး အစိုးရ၏ ယာယီအမိုးအကာတွင် နေထိုင်နေရသူ အချို့လည်း ၎င်းတို့၏နေအိမ်များသို့ ပြန်သွားကြပြီဖြစ်ကြောင်း အီရက်ကပြောကြားခဲ့သည်။

မင်ဒါနာအိုရေကြီးမှုသည် ယမန်နှစ် နိုဝင်ဘာလက တိုက်ခတ်ခဲ့သော တိုင်ဖွန်းဟိုင်ရန်ကြောင့် ပျက်စီးသွားသော နေရာအများအပြားကို နိုင်ငံတကာမှ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ပြုလုပ်နေချိန်တွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...