Saturday, March 8, 2014

ကိုရီးယား မင်းသမီးများ၏ ငှက်ပျောသီးသုံးပြီး ကိုယ်အလေးချိန် လျှော့ချနည်း



ကိုယ်အလေးချိန်များလာတဲ့အခါ တခြားသူတွေက သင့်ခန္ဓာကိုယ်အနေအထားနဲ့ ပတ်သက်ပြီး စိတ်အလိုမကျတဲ့ အတွေးတွေဝင်လာနိုင်ပါတယ်။ ဒီအချိန်မှာ လေ့ကျင့်ခန်းလုပ်ပြီး အစားအသောက်ကို
လျှော့ချချင်ပေမယ့် ဒီလိုလိုက်နာဖို့ ခက်ခဲနေကြပါတယ်။ ဒါကြောင့် ကိုရီးယားမင်းသမီးတွေရဲ့ ငှက်ပျောသီး
နဲ့ ကိုယ်အလေးချိန်လျှော့ချနည်းကို ဖော်ပြပေးလိုက်ပါတယ်။

ငှက်ပျောသီးမှာပါတဲ့ အင်ဇိုင်းတွေက အစာချေဖျက်တဲ့ဖြစ်စဉ်ကို ကောက်မွန်စေပြီး ကိုယ်အလေးချိန်ကို
ကောင်းမွန်စေပြီး ကိုယ်အလေးချိန်ကို လျှော့ ချပေးကြောင်း သီအိုရီတစ်ခုအရ သိရပါတယ်။ တခြားသီအိုရီတစ်ခုအရ ငှက်ပျောသီးက ကြာကြာဗိုက်ပြည့်စေပြီး အဆီတွေကို လောင်ကျွမ်းစေတယ်လို့ဆိုပါ တယ်။

ငှက်ပျောသီးဖြင့် ၀ိတ်ချနည်း

နံနက်စာအဖြစ် ငှက်ပျောသီး ၁-၂ လုံးစားပြီး ရေနှစ်ဖန်ခွက်သောက်လိုက်ပါ။ နေ့လယ်စာကိုတော့ သင်ကြိုက်ရာစားနိုင်ပါတယ်။ ဒါပေမယ့် အဆီပါဝင်မှုများတဲ့ အစာကိုရှောင်ပါ။ ဒီကြားထဲ ဗိုက်ဆာရင်ငှက်ပျောသီးတစ်လုံး စားနိုင်ပါတယ်။ ညစာကို ၈ နာရီမတိုင်ခင် သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေပဲ စားပါ။
နံနက်စာအဖြစ် ငှက်ပျောသီးနဲ့ အဆီနည်း ဒိန်ချဉ်ကို တွဲစားပေးနိုင်ပါတယ်။ ဒါဆိုရင် ကယ်လိုရီလောင်ကျွမ်းမှုမြန်ပြီး ကိုယ်အလေးချိန်ကို ထိန်းပေးနိုင်မှာ ဖြစ်ပါတယ်။

ကြယ်စင်

ကမ္ဘာ့ အကောင်းဆုံး အလှအပရေးရာနည်း ၁၃သွယ်




ကမ္ဘာတစ်ဝန်းရှိ အလှအပရေးရာ ကျွမ်းကျင်သူတွေက အကောင်းဆုံး အလှအပနည်းလမ်းတွေကို အောက် ပါအတိုင်း ဖော်ပြခဲ့ပါတယ်။

အရွယ်မရွေး ငယ်နုနေအောင်

"သင့်လက်တွေနဲ့ လည်ပင်းကို အမြဲတမ်း
နေကာခရင်မ်လိမ်းပေးပါ" လို့ ဩစတြေးလျ မိတ်ကပ်ပညာရှင် စူးက ဆိုပါတယ်။ "လက်နဲ့လည်ပင်းဟာ အိုမင်း မှုကို အမြန်ဆုံး
ပြသနိုင်တာကြောင့် မျက်နှာလိုပဲ အရေးကြီးပါတယ်။ ဒါကြောင့် ငယ်ရွယ်နုပျိုတဲ့ အသွင်ရရှိစေဖို့ မျက်နှာလိုပဲ လက်နဲ့လည်ပင်း အရေပြားကိုလည်း ဂရုစိုက်သင့်ပါတယ်" လို့သူက ရှင်းပြပါတယ်။



လက်သည်း၊ ခြေသည်း ကျန်းမာလှပ လာအောင်"ပြင်သစ်အမျိုးသမီးတွေ ပြုလုပ် နေကျနည်းပါ။ လက်သည်း၊ ခြေသည်းနဲ့ ဆံကေသာ ကျန်းမာရေး အတွက် ကောင်းမွန်တဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်တဲ့ ဒိန်ချဉ်၊ အခွံမာသီး၊ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူတွေ ကို စားလေ့ရှိတာပဲ ဖြစ်ပါတယ်" လို့ နိုင်ငံတကာသဘာဝအရင်းအမြစ်ကုမ္ပဏီမှ ဘဲလ်ဂျန်စကိက ဆိုပါတယ်။


ခြောက်သွေ့နေသော လက်အရေပြား စိုပြည်လှပလာအောင်"လက်အရေပြားတွေ ကြမ်းတမ်း နေရင် သံပရာခွံ၊ ရှောက်ခွံနဲ့ ပွတ်တိုက်ပေးဖို့ အဘွားက သင်ကြားပေး ခဲ့တယ်" လို့ ဂရိအရေပြားအထူးကု မာခရိကဆိုပါတယ်။ ဒီလိုပွတ်တိုက်ပေးတာကြောင့် ကျိန်းစပ် မှုဖြစ်စေ
နိုင်ပေမယ့် အနာကျက်မြန်စေပါတယ်။ လက်အရေပြားလည်းစိုပြည်နေစေပါတယ်။


အသားအရေ သန့်ရှင်းစင်ကြယ်နေအောင်"မျက်နှာပေါ်က မိတ်ကပ်၊ မျက်ဝန်းမိတ်ကပ်တွေ သန့်ရှင်းစင်ကြယ်နေစေရန် ပစ္စည်းသုံးပြီး နှိပ်နယ်ကာ သန့်စင်ပေးပါ။ ညဘက်အိပ်ရာ မဝင်ခင်မှာ ဒီနည်းကို ပုံမှန်လုပ်ဆောင်ပေးသင့်ပါတယ်"လို့ အမေရိကန် အခြေစိုက် အလှအပကျွမ်း ကျင်သူ နစ်ကီက ရှင်းပြပါတယ်။


ပြင်သစ်လှပျိုဖြူတွေလို လန်းဆန်း ကြည့်ကောင်းနေအောင် "အမြဲတမ်း နှုတ်ခမ်းဆိုးဆေးတောင့် ကို သုံးပါ။ ပြင်သစ်အမျိုးသမီးတွေက နှုတ်ခမ်းဆိုးဆေးအဆီ (Lip Gloss) အများကြီးမဆိုးဘဲ အနီရောင်နှုတ်ခမ်းဆိုးဆေးတောင့်ကိုပဲ ဆိုးလေ့ရှိပါတယ်။ နှုတ်ခမ်းနီမဆိုးဘဲ အပြင်ကို ထွက်လေ့မရှိပါဘူး" လို့ ပြင်သစ်မိတ်ကပ်ပညာရှင် တယ်ရီက ရှင်းပြပါတယ်။


အလွယ်နည်းသုံးပြီး မျက်နှာပေါင်းတင်ရအောင် "ပေါင်းတင်တယ်ဆိုတာ အိန္ဒိယရိုးရာ နည်းလမ်းတစ်ရပ်ပါ" လို့ အိန္ဒိယအလှအပရေးရာ ပညာရှင် ရစ်ချား ကဆိုပါတယ်။ အဆီပြန်တဲ့ အသားအရေအတွက်က စန္ဒကူးပေါင်ဒါမှုန့် ထမင်းစားဇွန်းတစ်ဇွန်း၊ နနွင်းမှုန့် တစ်တို့စာနဲ့ လိမ္မော်ရည် ထမင်းစားဇွန်းအနည်းငယ်တို့ရောပြီး မျက်နှာနဲ့ လည်ပင်းအရေပြားကို လိမ်းကာ
ခြောက်သွေ့အောင်ထားပြီးမှ ရေအေးနဲ့ ဆေးကြောပေးလိုက်ပါ။ ပုံမှန်အသားအရေရှိရင် လိမ္မော်ရည်အစား
နှင်းဆီပွင့်ဖတ်တွေ ထည့်ထားတဲ့ ရေကိုသုံးပါ။
ဆွဲဆောင်မှုရှိသော မျက်ဝန်းအလှ ရရှိအောင် "အာဖဂန်အမျိုးသမီးတွေမှာ လှပတဲ့ မျက်ဝန်းတွေ ရှိကြပါ တယ်။ ရိုးရာနည်းအရ အမည်းရောင်ကာချယ်ကွင်းထားတဲ့ မျက်ဝန်းဟာ ဆွဲဆောင်မှုရှိပါ တယ်" လို့ အာဖဂန်မှာ မွေးတဲ့ မာတင်က ဆိုပါတယ်။ အသားအရေ လန်းဆန်းနေအောင် " နံနက်ခင်းမှာ ပန်းရနံ့ပါ တဲ့ ရေ ဒါမှမဟုတ် စပရေးဖျန်းပေးတာက အသားအရေကို လန်းဆန်းသွားစေတဲ့ နည်းပါ။ ဒါကြောင့် တစ်နေ့တာအတွင်း အသား အရေလန်းဆန်းမှုကို အားဖြည့်တဲ့အနေနဲ့ လုပ်ငန်းခွင်အံဆွဲထဲ စပရေးဘူးကို ထည့်ထားနိုင်ပါတယ်" လို့ ပြင်သစ်အမျိုးသမီးတွေ လုပ်လေ့ရှိတဲ့ နည်းကို ဘယ်လ်ဂျန်စကီက ဆိုပါတယ်။


ဖောင်ဒေးရှင်းမိတ်ကပ် အရေပြားနဲ့ တစ်သားတည်း ဖြစ်နေအောင်"ကျွန်မအဘွားက အသားအရေနဲ့ ဖောင်ဒေးရှင်း မိတ်ကပ်တစ်သားတည်း ဖြစ်နေစေဖို့ Nivea ခရင်မ်နည်း နည်းနဲ့ ဖောင်ဒေးရှင်း မိတ်ကပ်ကို ရောမွှေပြီး လိမ်းလေ့ရှိပါတယ်။ ဒါက တောက်ပစေ တဲ့ အစိုဓာတ်ထိန်း ခရင်မ်ကို လိမ်းတာထက် ပိုကြည့်ကောင်းစေပါတယ်"လို့ အာဖဂန်အလှအပရေးရာ ကျွမ်းကျင်သူ မော်လာ က ဆိုပါတယ်။


အားနည်းနေတဲ့ လက်သည်းတွေချက်ချင်းအားကောင်းလာအောင် " လက်သည်းနီဆိုးတဲ့အခါ သုံးတဲ့ Base Coat ပုလင်းထဲကို ကြိတ်ချေထား တဲ့ကြက်သွန်ဖြူ ထည့်ပေးပါ။ အဲဒီ Base Coat ကို ဆိုးပေးတာက လက်သည်းတွေ ကို ကျန်းမာအားကောင်းစေတဲ့နည်းဖြစ်ပါတယ်"လို့ ကိုလံဘီယာ အလှပညာရှင် ဟာပါက ဆိုပါတယ်။


လှပကြည့်ကောင်းတဲ့ ဆံပင်သား ရရှိ အောင်" အိန္ဒိယအမျိုးသမီးတွေက ဆံပင် သား လှပကြပါတယ်။ ဆံပင်ကို ဆီလိမ်း တဲ့အခါမှာ နှိပ်နယ်ပေးတာက အဓိက ကျပါတယ်။ တစ်ပတ်တစ်ကြိမ် ဆံပင် ကို အုန်းဆီ ဒါမှမဟုတ် သံလွင်ဆီ လိမ်း တဲ့အခါ အချိန် ငါးမိနစ်လောက် နှိပ်နယ် လေ့ရှိပါတယ်။ နှိပ်ပြီး ၁၀ မိနစ်ကြာမှ ခေါင်းလျှော် ပါတယ်။ ဒီနည်းကြောင့် အိန္ဒိယ အမျိုးသမီးတွေ ဆံပင်သား လှပ ကြတာပါ" လို့ ပူအိုဟစ်က ဆိုပါတယ်။


ဆံပင်သားရှည်ထွက်နှုန်း မြန်အောင် " အုန်းနို့ဟာ ဆံပင်သားကို အရှည် မြန်စေတဲ့အပြင် ထူထဲလှပစေပါတယ်။ အုန်းနို့ကို ဦးရေပြားပေါ်မှာ ပွတ် တိုက်လိမ်းပေးပြီး တစ်နာရီကြာမှ ရေနဲ့ ဆေးချရမှာ ဖြစ်ပါတယ်" လို့ အိန္ဒိယ အရေ ပြားကျွမ်းကျင်သူ ပရာတီမားက ဆိုပါ တယ်။


ဇွန်ခိုင်ဦး

သန္ဓေတားဆေးနှင့် အသားအရေ





သန္ဓေတားနည်းအမျိုးမျိုးဟာ ဘေးထွက်ဆိုးကျိုးအနည်းနဲ့ အများဆိုသလို ရှိနိုင်ပါတယ်။ ဥပမာအားဖြင့် သန္ဓေတားဆေးတွေဟာ ရင်သားတွေကို ပိုကြီးမားတာ ဖြစ်စေနိုင်သလို ကိုယ်အလေးချိန်အနည်းငယ် မြင့် တက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အလားတူ အသားအရေအပေါ်မှာလည်း သက်ရောက်မှု ရှိပါတယ်။


အရင်က ရာသီလာချိန်မှာ ဝက်ခြံပေါက်တာမျိုး ဖြစ်ဖူးပါသလား။ ဒါကသင်တစ်ယောက်တည်းဖြစ်တာ မ ဟုတ်ပါဘူး။ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ထဲမှာအန်ဒရိုဂျင်ဟော်မုန်းရှိပါတယ်။ ရာသီမလာခင်မှာ ဒီဟော် မုန်းဟာ အဆီပိုတွေထွက်ရှိအောင် ခန္ဓာကိုယ်ကိုလှုံ့ဆော်ပါတယ်။ ပုံမှန်အားဖြင့် အဆီဆိုတာ သင့်အသား အရေအတွက် ကောင်းပါတယ်။ သင့်အသားအရေ ကျန်းမာလှပစေဖို့ အဆီတွေကို အဆက်မပြတ်ထုတ်ပေး
နေပါတယ်။ ဒါပေမဲ့အဆီတွေကို အလွန်အမင်းထုတ်လိုက်ရင် အဆီတွေက ချွေးပေါက်တွေကို ပိတ်ဆို့စေပြီး ဝက်ခြံဖြစ်စေနိုင်ပါတယ်။ ဒါက ပုံမှန်ဖြစ်စဉ်ပါ။ သန္ဓေတားဆေးသောက်တဲ့အခါ အဆီပိုအများအပြား ထွက် ရှိစေတဲ့ အန်ဒရိုဂျင်ဟော်မုန်းကို သွားတားနိုငင်တာကြောင့် ဝက်ခြံနဲ့ တခြားအဖုအပိမ့်ထွက်နှုန်း လျော့နည်း သွားပါတယ်။ ဒါကြောင့်ဝက်ခြံကုသဖို့ သန္ဓေတားဆေးတချို့ကို FDA အတည်ပြုထားတာ ဖြစ်ပါတယ်။

တချို့အမျိုးသမီးတွေမှာတော့သန္ဓေတားဆေးသောက်တာကြောင့် အသားအရေကို ပြောင်းပြန်အကျိုးသက်
ရောက်မှုရှိသွားပါတယ်။ သန္ဓေတားဆေးတွေက ဝက်ခြံအဖုအပိမ့်ကိုကင်းစင်စေတယ်ဆိုပေမယ့် သင့်အရေ
ပြားဟာ နေရောင်ခြည်ဒဏ်အပေါ်ပိုပြီး ထိခိုက်လွယ်သွားတတ်ပါတယ်။ ဒါကြောင့်မျက်နှာပေါ်အမည်းကွက်
တွေ ပေါ်လာတာမျိုး ဖြစ်တတ်ပါတယ်။

ဇွန်

ကော်ဖီနှင့် လက်ဖက်ရည်သောက်ပေးက အသည်းကျန်းမာစေနိုင်




ကော်ဖီ (သို့မဟုတ်) လက်ဖက် ရည်(tea)ကို တစ်နေ့လေးခွက် သောက် သုံးပေးခြင်းဟာ အသည်းအဆီဖုံးခြင်း ကို သက်သာစေပြီး အသည်းကို ပိုမို ကျန်းမာစေတယ်လို့ သုတေသန တစ်ရပ်မှာ ဖော်ပြထားပါတယ်။ Duke National University of Singapore က သုတေသီများရဲ့ လေ့ လာမှုအရ ကဖင်းဓာတ်ဟာ အသည်း အတွက် အခုလိုအာနိသင်တွေ ရှိနေ ကြောင်းကို ဖော်ထုတ်နိုင်ခဲ့တာ ဖြစ် ပါတယ်။

ဆီးချိုသွေးချိုရောဂါရှင်တွေနဲ့ အဝလွန်သူတွေရဲ့၇၀%မှာ အသည်း အဆီဖုံးနေပြီး ယမကာမှီဝဲသူတွေမှာ အများဆုံးတွေ့ရတဲ့ အခြေအနေဖြစ် ပါတယ်။ အစားအစာနဲ့ လေ့ကျင့် ခန်းကကုသမှုထက်ပိုထိရောက်တယ် လို့သိရပါတယ်။ ဆဲလ် culture များ နဲ့ ကြွက်သားများမှာ လေ့လာမှုများ အရ ကဖင်းဓာတ်ဟာ အသည်းမှာ သိုလှောင်နိုင်တဲ့ အဆီဓာတ်တွေရဲ့ ဇီဝဖြစ်ပျက်မှုတွေကို သက်ရောက် မှုရှိပြီး အသည်းအဆီဖုံးခြင်းကို ကာ ကွယ်နိုင်တယ်ဆိုတာကို ဖော်ထုတ် နိုင်ခဲ့ပါတယ်။
တွေ့ရှိမှုအရ နေ့စဉ်ကော်ဖီ သို့မဟုတ် လက်ဖက်ရည် လေးခွက်မျှ သောက်သုံးသူတွေဟာ အသည်း အဆီဖုံးခြင်းကို ကာကွယ်နိုင်တာကို သက်သေပြနိုင်ခဲ့ပါတယ်။ “ကော်ဖီနဲ့ လက်ဖက်ရည်ကရတဲ့ ကဖင်းဓာတ် ဟာ ကောင်းကျိုး၊ ဆိုးကျိုးဒွန်တွဲနေ ပေမယ့်လည်း ဒီသုတေသနမှာတော့ အသည်းကိုပိုပြီး ကျန်းမာစေတယ်လို့ မိမိတို့သိရှိခဲ့ပါတယ်” လို့ သုတေသန ခေါင်းဆောင် Dr.Paul Yen က ပြောကြားခဲ့ပါတယ်။
ဒီလေ့လာမှုကို Journal Hepa- tology မှာ ဖော်ပြထားပါတယ်။

မာယာတစ်သိန်းနဲ့ လူရန်က ကာကွယ်ကြပါ







ကမ္ဘာ့နိုင်ငံ များမှ ဖွံ့ဖြိုးစ နှင့် ဖွံ့ဖြိုးမှု နောက်ကျ နေသော နိုင်ငံများတွင် ရွှေ့ပြောင်း လုပ်သား ပြဿနာနှင့် လူကုန်ကူးမှု ပြဿနာ တို့ကို ဖြေရှင်း နေကြရသည်။ ပင်လယ်ရပ်ခြား နိုင်ငံများသို့ အစုအပြုံ လိုက် တရားမဝင် သွားရောက်ရန် ကြိုးစား ကြရာမှ အစု အပြုံလိုက် အသက် ဆုံးရှုံးမှုများ ၊ ရေမျောကမ်းတင် ဒုက္ခရောက် ကြရသူများ စသည့် သတင်းကို မကြာခဏ တွေ့နေ ရသည်။


မြန်မာနိုင်ငံမှ ရွှေ့ပြောင်း လုပ်သား များသည် အခြား နိုင်ငံများသို့ တရားဝင် သွားရောက် လုပ်ကိုင်သူများ ၊ တရားမဝင် သွားရောက် လုပ်ကိုင်သူများ ရှိကြသည်။ တရားမဝင် သွားရောက် လုပ်ကိုင်ကြ သူများမှ လူကုန်ကူး ခံရ သူများ ရှိကြောင်း တွေ့ရသည်။ လူကုန်ကူး ခံရသူများမှာ အိမ်နီးချင်း တရုတ်နိုင်ငံ သို့ မြန်မာ အမျိုးသမီးများ အား ရောင်းစားကာ တရုတ် အမျိုးသားများ နှင့် လက်ဆက်စေခြင်း ၊ ထိုင်းနိုင်ငံရှိ စက်ရုံ ၊ အလုပ်ရုံများ နှင့်ငါးဖမ်း စက်လှေများ သို့ ရောင်းစားခြင်း တို့မှာ အများဆုံး ဖြစ်သည်။ ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ လူကုန်ကူးမှု အများဆုံး ဖြစ်ပွားသော မြောက် ဥက္ကလာပ ၊ ရွှေပြည်သာ ၊ မင်္ဂလာဒုံ ၊ အင်းစိန်နှင့် ကြည့်မြင်တိုင် မြို့နယ်တို့တွင် နိုဝင်ဘာမှ စတင်ကာ ရပ်ကွက် စောင့်ကြည့်ရေး အဖွဲ့များနှင့် လူမှုရေး အဖွဲ့အစည်း တို့ ပူးပေါင်း၍ စောင့်ကြည့် ရေးလုပ်ငန်းများ ဆောင်ရွက် သွားရန် လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ဗဟို(ရန်ကုန်) မှ စီစဉ်ထားပြီ ဖြစ်သည်။


မြန်မာနိုင်ငံ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ရှိ တာချီလိတ် - မယ်ဆိုင် အမှတ်(၁) ချစ်ကြည်ရေး တံတားတွင် မြန်မာ အလုပ်သမားများ လွှဲပြောင်း ပေးသည့် သတင်းများ မကြာခဏ တွေ့ရသည်။ ထိုင်းနိုင်ငံမှ လွှဲပြောင်း ပေးအပ်သည့် မြန်မာ အလုပ်သမား များအား စစ်ကြော မေးမြန်းချက် အရ ၄င်းတို့သည် ထိုင်းနိုင်ငံ အတွင်း နေထိုင်ခွင့် ကတ် မရှိသူများ၊ သတ်မှတ်ရက် ထက်ကျော်လွန် နေထိုင်သူများ စသည် တို့ကြောင့် ထိုင်းရဲတပ်ဖွဲ့ က ဖမ်းဆီးခြင်း ခံရခြင်း ဖြစ်သော်လည်း လူကုန်ကူး ခံရခြင်း မရှိသူများ ပါဝင်သကဲ့သို့ အချို့ လူကုန်ကူး ခံရသူများ လည်းပါ ဝင်ကြသည်။


မြန်မာနိုင်ငံ ရွှေ့ပြောင်း အလုပ်သမား များအရေးကို ၂ဝ၁၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်မှ မတ် ၃ဝ ရက်အထိ ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်ထောင်စု လွှတ်တော် ပုံမှန် အစည်းအဝေး ၁၅ ရက်မြောက် နေ့တွင် ဆွေးနွေးခဲ့ ကြသည်။ နိုင်ငံတော် အစိုးရသည် ထိုအချိန်မှ စ၍ ပြည်ပရောက် မြန်မာ ရွှေ့ပြောင်း လုပ်သားများ အရေး လျင်မြန် ထိရောက်စွာ ဆောင်ရွက်ခဲ့ရာ ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်း လုပ်သားများ အတွက် ထိုင်းနိုင်ငံ အတွင်း၌ အလုပ်စခန်း ၁၁ ခုဖွင့်လှစ်၍ မြန်မာနိုင်ငံမှ ဝန်ထမ်းများက အလှည့်ကျ သွားရောက် ဆောင်ရွက် ပေးခဲ့သည်။


မလေးရှားရောက် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ တွေ့ကြုံရသော အခက်အခဲ များကို နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး နှင့် အလုပ်သမား ၊ အလုပ်အကိုင် နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီးတို့ ခေါင်းဆောင်သည့် အထူး ကိုယ်စားလှယ် အဖွဲ့သည် ၂ဝ၁၃ ခုနှစ် ဇွန် ၁၁ ရက်မှ ၁၄ ရက်အထိ မလေးရှား နိုင်ငံသို့ သွားရောက်၍ လိုအပ်သည် များကို သက်ဆိုင်ရာ ဝန်ကြီးဌာန များနှင့် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ သည်။

အလားတူ ဂျော်ဒန်နိုင်ငံ နှင့် ဆော်ဒီ အာရေးဗီးယား နိုင်ငံတို့ရှိ မြန်မာ အလုပ်သမားများ ကာကွယ် စောင့်ရှောက် နိုင်ရေး ဆက်လက် ဆောင်ရွက် ပေးခဲ့သည်။ ယခုနှစ် အောက်တိုဘာ ၃၁ ရက်တွင် မြန်မာ - ထိုင်း လူကုန်ကူးမှု ပူးပေါင်း တိုက်ဖျက်ရေး ဆိုင်ရာ နယ်စပ် ဆက်ဆံရေး စခန်းကို မြဝတီမြို့ နှင့် မဲဆောက်မြို့ တို့တွင် ဖွင့်လှစ်ခဲ့ပြီး ဖြစ်သဖြင့် ထိုင်းနိုင်ငံသို့ လူကုန်ကူးမှု ပိုမို လျော့နည်း သွားမည် ဖြစ်သည်။ သို့သော် လူကုန်ကူး သူတို့ အများဆုံး သွားလာရာ အိမ်နီးချင်း နိုင်ငံ နယ်စပ် စခန်းများမှ တာဝန်ရှိ သူများ အနေဖြင့် မနုဿ ပွဲစားတို့၏ မာယာ တစ်သိန်း ကိုကား တရားဥပဒေ နှင့် အညီ ထိန်းချုပ် နိုင်စွမ်း မြင့်မား ကြရမည် ဖြစ်ပေသည်။ ။

ပျိုမေတို့ အသားအရေချောမွေ့အောင်လုပ်နည်း






ဆေးလိပ်ငွေ့ ကို ဘယ်တော့မှ မရှူမိပါစေနှင့်

ဆေးလိပ်ငွေ့ဟာ အရွယ်မတိုင်ခင် အရေးကြောင်းထင်တာ၊ ပါးရေတွန့်တာ နဲ့ အသားအရေ နွမ်းနယ် ခြောက်သွေ့ တာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် လက်တည့်စမ်းတဲ့အနေနဲ့ပဲ ဖြစ်ဖြစ် ဆေးလိပ်ကို ယောင်လို့တောင် မသောက် မိပါစေနဲ့။ အနားမှာ ဆေးလိပ်သောက် နေရင် ဆေးလိပ်ငွေ့ကင်းတဲ့ နေရာကို ထွက်သွားသင့်ပါတယ်။

နေရောင်ကာခရင်မ် လိမ်းပါ

အသားအရေကြမ်းတမ်းတာ၊ ညို ညစ်တာ၊ အသားအရေ မညီမညာဖြစ် တာနဲ့ အရေးကြောင်းထင်တာ စတဲ့ အ သားအရေပြဿနာတွေဟာ နေရောင် ခြည်ဒဏ်ကို တာရှည်ခံရတာကြောင့် ဖြစ် တတ်ပါတယ်။ ဒါကြောင့် ခရမ်းလွန် ရောင်ခြည် UVA နဲ့ UVB နှစ်မျိုးလုံးကို ကာကွယ်ပေးနိုင်တဲ့ နေရောင်ကာခရင်မ် ကို လိမ်းပေးပါ။ အပြင်မှာ ရှိနေတဲ့အ ချိန်တွေမှာ တစ်ကြိမ်လိမ်းထားရုံနဲ့ မလုံ လောက်တော့ပါဘူး။ အချိန် နှစ်နာရီ- သုံး နာရီကြာတိုင်း တစ်ကြိမ် ပြန်လိမ်းပေးပါ။

ရက်တီးနွိုက်ကို စဉ်းစားပါ

ဗီတာမင်အေရဲ့အမျိုးအစားတစ်ခုဖြစ် တဲ့ရက်တီးနွိုက်ဟာ ချွေးပေါက်ပွင့်စေတာ၊ ဝက်ခြံ ကင်းစင်စေတာ၊ အရေးကြောင်း ရေးရေးလေးတွေကို လျော့ပါးစေတာ၊ အသားအရေကို တင်းရင်းလှပစေတဲ့ ကော်လာဂျင်ထုတ်လုပ်မှု အားကောင်း စေတာ၊ အမည်းစက်တွေနဲ့ မှဲ့ခြောက် တွေလျော့ပါးသွားစေတာနဲ့ အသားအရေ ရဲ့ တည်ဆောက်ပုံကို တိုးတက်စေတာ စတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေပါ တယ်။ ဒါကြောင့် နှစ်ည- သုံးည တစ် ကြိမ် ရက်တီးနွိုက်ခရင်မ်ကို ပဲစေ့အရွယ် ပမာဏခန့် လိမ်းပေးမယ်ဆိုရင် အသား အရေကို ကြည့်အကောင်းဆုံးဖြစ်အောင် ထိန်းပေးနိုင်ကြောင်း အရေပြားအထူးကု ဆရာဝန်တွေက လမ်းညွှန်ထားပါတယ်။

ရိုးရိုးရှင်းရှင်းသာ အသုံးပြုပေးပါ

တချို့အမျိုးသမီးတွေက အသားအ ရေထိန်းသိမ်းတာနဲ့ ပတ်သက်ပြီး တချို့ ပစ္စည်းတွေကို ရောစပ်သုံးတဲ့အခါ ပါဝင် ပစ္စည်းတွေရဲ့ အာနိသင်အချင်းချင်း ဓာတ် ပြယ်မှုကြောင့် အကျိုးကျေးဇူး မရတတ် တာမျိုး ဖြစ်တတ်ပါတယ်။ မျက်နှာသန့် စင်ဆေး၊ နေရောင်ကာခရင်မ်၊ အစိုဓာတ် ထိန်းအလှဆီနဲ့ ရက်တီးနွိုက်ပါတဲ့ ခရင်မ် စတာတွေပဲ ဖြစ်ပါတယ်။ ပြီးမှ မျက်ဝန်းနဲ့ နှုတ်ခမ်းအတွက် သီးသန့် ထိန်းသိမ်း ပေးရမှာပါ။

မတည့်လျှင် လုံးဝ မသုံးပါနှင့်

တကယ်လို့ သင့်အသားအရေက အသားအရေထိန်း ပစ္စည်းအသစ်ကြောင့် ရောင်ရမ်းတာ၊ နီမြန်းတာ၊ ပူစပ်ပူလောင် ဖြစ်တာ စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ် လာရင် အဲဒီပစ္စည်းကို လုံးဝမသုံးပါနဲ့ တော့။ နှမြောပြီး သုံးမိမှာစိုးရင် မဝယ် ခင်ကတည်းက စမ်းသပ် လိမ်းကြည့်ပြီးမှ ဝယ်သင့်ပါတယ်။

အင်တီအောက်ဆီးဒင့် ပါသော သဘာဝအစားအသောက်ကို စားပါ

ညစ်ညမ်းတဲ့လေထုကို ရှူ ရှင်းတဲ့ အစားအသောက်ကို စားမိတာ၊ ဆေးလိပ်ငွေ့ကို ရှူရှိုက်မိတာ . . စတဲ့ မသိလိုက် မသိဘာသာ အပြုအမူတွေ ကြောင့် ခန္ဓာကိုယ်ထဲကို အဆိပ်အ တောက်ဖြစ်စေတဲ့ ဖရီးရယ်ဒီကယ်တွေက ဝင်ရောက်သွားတတ်ပါတယ်။ အဲဒီ ဖရီး ရယ်ဒီကယ်တွေကို ချေဖျက်နိုင်ဖို့ရာ အတွက် အင်တီအောက်ဆီးဒင့်ပါတဲ့ အစားအသောက်တွေကို များများ စားပေးဖို့ လိုပါတယ်။ အင်တီအောက်ဆီးဒင့်တွေက ရောင်စုံ ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေထဲမှာ ပေါများစွာ ပါဝင်တာကြောင့် များများ စားပေးရပါမယ်။

ဘဝနေထိုင်မှုပုံစံကို ဂရုစိုက်ပါ

ယောဂကျင့်တာ၊ တရားထိုင်တာ စတဲ့ လှုပ်ရှားမှုတွေဟာ စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။ စိတ်ဖိစီးမှုဟာ ဝက်ခြံ၊ နှင်းခူ၊ အရေပြားနီမြန်းတာစတဲ့ ဆိုးရွားတဲ့ အရေပြား အခြေအနေတွေ ကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အိပ် ရေးဝ၀အိပ်ပြီး ပြည့်ပြည့်ဝ၀ အနားယူ တာ၊ ပုံမှန် တရားထိုင်တာ၊ အကြော လျှော့ပေးမယ့် ယောဂလေ့ကျင့်ခန်း လုပ်တာ စတာတွေကို ဆောင်ရွက်သင့်သလို သွေးလှည့်ပတ်မှုကောင်းအောင် ချွေး ထွက်တဲ့အထိ လေ့ကျင့်ခန်းလုပ်ပေးပါ။ တကယ်လို့ မျက်နှာပေါ်မှာ ဝက်ခြံ၊ အ ဖုအပိမ့်စတဲ့ အပြစ်အနာအဆာတွေရှိ နေရင်တောင် တရားထိုင်ပြီး စိတ်ဖိစီး မှုကင်းသူတွေဟာ တရားမထိုင်သူတွေထက် မြန်မြန်အနာကျက်ကာ သက်သာ စေကြောင်း လေ့လာတွေ့ရှိရပါတယ်။

အခြေခံ ထိန်းသိမ်းနည်း အဆင့်ဆင့်ကို ပြုလုပ်ပါ

- အရင်ဆုံး မျက်နှာကို ဓာတုပစ္စည်း ဆေးနဲ့ ကြက်သီးနွေးရေ သုံးပြီး သစ်ပါ။
- ပြီးရင် မျက်နှာကို နူးညံ့တဲ့ မျက်နှာ သုတ်ပဝါနဲ့ ညင်ညင်သာသာ သုတ်ပေးပါ။
- မျက်နှာ လန်းဆန်းသွားအောင် အယ်လ်ကိုဟောမပါတဲ့ ချွေးပေါက်ကျဉ်း ဆေးရည်တိုနာ လိမ်းပေးပါ။ အဲဒီနောက် နေရောင် ကာကွယ်နိုင်တဲ့အဆ ၁၅ဆ ပါဝင်တဲ့ နေရောင်ကာခရင်မ်ကို လိမ်းပါ။
- နေရောင်ကာခရင်မ်လိမ်းပြီး အချိန်အ နည်းငယ်ကြာမှ အရေပြား အစိုဓာတ် ထိန်း ခရင်မ်ကို လိမ်းပေးပါ။
- နောက်ဆုံးမှာ မျက်ဝန်းအောက်က အရေးကြောင်းမဖြစ်အောင် ကာကွယ်တဲ့အ နေနဲ့ အိုင်းခရင်မ်ကို လိမ်းပေးသင့်ပါ တယ်။

နံနက်ပိုင်း မျက်နှာသစ်ပြီးချိန်မှာ ဒီအတိုင်းပြုလုပ်ပြီး ညဘက်မှာ ဆိုရင် နေရောင်ကာခရင်မ်အစား ညဘက် လိမ်းရတဲ့ ညလိမ်းခရင်မ်ကို လိမ်းပေးပါ။ ညဘက်မှာအပျင်းထူပြီး မျက်နှာမသစ်ဘဲ မအိပ်လိုက်ပါနဲ့။ နေ့ခင်းဘက်မှာ ထိ ခိုက်ထားတဲ့ အသားအရေကို ညဘက် မှာ ပြန်လည်ပြုပြင်ပေးနိုင်တာကြောင့် ညဘက် အသားအရေထိန်းသိမ်းမှုဟာ လည်း အရေးပါပါတယ်။
သဘာဝနည်းလမ်းများကို သုံးပြီး ပေါင်းတင်ပေးပါ အသားအရေကို အလွယ်တကူ ဖြူစင် လှပလာစေမယ့် သဘာ ဝပေါင်းတင် နည်းကို တစ်ပတ်မှာ တစ်ကြိမ် - နှစ် ကြိမ်လောက် ပြုလုပ်ပေးနိုင်ပါတယ်။
- ဆဲလ်သေတွေ ကွာကျသွားအောင် သံပရာရည်နဲ့ မျက်နှာကို ဆေးကြော ပေးပါ။
- မျက်နှာမှာ အရေးကြောင်းပါးပါး ထင် နေရင် နွားနို့တစ်ခွက်၊ သခွားသီးစိတ် ပါးပါးတို့ကို မွှေစက်ထဲရောမွှေကာ လိမ်းပေးပါ။ အချိန် ၁၅ မိနစ်ကြာမှ မျက်နှာ ကို ကြက်သီးနွေးရေနဲ့ ဆေးချလိုက်ပါ။
- ပြီးရင် မျက်နှာသုတ်ပဝါနဲ့ ညင်ညင် သာသာသုတ်ပြီး အစိုဓာတ်ထိန်းခရင်မ် လိမ်းပေးပါ။


ကြယ်စင်

ပြည့်တန်ဆာတွေအတွက် ပြစ်ဒဏ်ကြီးကြီးလာတော့မည်




အတင့်ရဲလာသည့် ပြည့်တန်ဆာ လုပ်ငန်းနှင့် မိန်းကလေးများအား အရောင်းအဝယ် ပြုလုပ်ခြင်းကို နှိပ်ကွပ်ရန် အတွက် ကြီးလေးသည့်ပြစ်ဒဏ် များကိုသာ ချမှတ်ရန် တရားရုံး အားလုံးသို့ ညွှန်ကြားချက် ပေးပို့ထားကြောင်း ရန်ကုန် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြောသည်။

အဆိုပါ လုပ်ငန်းများကို ၁၉၄၉ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ပြည့်တန်ဆာ နှိပ်ကွပ်ရေး ဥပဒေဖြင့်သာ အရေးယူ လျက်ရှိပြီး တရားရုံးချုပ်နှင့် တရား လွှတ်တော်တို့၏ ညွှန်ကြားမှုများ ထပ်မံ ထုတ်ပြန်ကာ ထပ်ဆင့် အားဖြည့်၍ ထိရောက်စွာ အရေးယူနိုင်ရေးကို ဆောင်ရွက်နေသည်ဟု ဝန်ကြီးက ပြောသည်။
ခေတ်ကာလအလျောက် ပြည့်တန်ဆာ လုပ်ငန်းများ များပြားလာသဖြင့် ယင်းကို မနှိမ်နင်းနိုင်ပါက အကျင့်စာရိတ္တ ပျက်ယွင်းခြင်း၊ လူမျိုးဂုဏ် ကျဆင်းခြင်းနှင့် ကျန်းမာရေး ထိခိုက်ခြင်းများ ကြုံတွေ့လာနိုင်သဖြင့် တင်းကျပ်စွာ အရေးယူမှုကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။
အစိုးရသစ်လက်ထက် ၂ဝ၁၁ ခုနှစ် မတ်လ ၃၁ ရက်နေ့မှ ၂ဝ၁၃ ခုနှစ် သြဂုတ်လ ၃ဝ ရက်နေ့အထိ ပြည့်တန်ဆာ နှိပ်ကွပ်ရေး ဥပဒေအရ အရေး ယူခဲ့သော အမှု ၄,၈၁၆ မှုရှိကြောင်း ဝန်ကြီးက ပြောသည်။

ယင်းတွင် ကျား ၂၂၂ ဦးနှင့် မ ၄,၉၁၈ ဦးကို အရေးယူနိုင်ခဲ့သည်ဟု ဝန်ကြီး၏ ပြောပြချက်အရ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ဆဋ္ဌမ ပုံမှန်အစည်းအဝေး နောက်ဆုံးနေ့တွင် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက အစိုးရသစ် လက်ထက်၌ ပြည့်တန်ဆာ နှိပ်ကွပ်ရေး ဥပဒေအရ အရေးယူ ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ မေးမြန်းခဲ့ခြင်း ဖြစ်သည်။ ယင်းကို ဝန်ကြီးက အထက် ပါအတိုင်း ဖြေကြားခဲ့သည်။

၁၉၄၉ ခုနှစ် ပြည့်တန်ဆာနှိပ်ကွပ် ရေး ဥပဒေနှင့် ပတ်သက်၍ ဥပဒေပိုင်း ဆိုင်ရာ ဝေဖန်မှုများ ရှိနေပြီး ရှေးရိုး အစဉ်အလာ ထိန်းသိမ်း စောင့်ရှောက်လိုသူများက ယင်းကို လူ့ဘောင် ယဉ်ကျေးမှုအရ ထိန်းသိမ်းသင့်ပြီဟု ဆိုကြပြီး အချို့ မှာ ခေတ်ကာလနှင့် အညီ ပြင်ဆင်ရန် သင့်သည်ဟု ဝေဖန်မှုများ ရှိနေကြောင်း ဒေါက်တာညိုညို သင်းက ပြောသည်။

၁၉၉၈ ခုနှစ် ဧပြီလတွင် ၁၉၄၉ ခုနှစ် ပြည့်တန်ဆာ နှိပ်ကွပ်ရေး ဥပဒေ ပြင်ဆင်သည့်ဥပဒေ ထွက်ပေါ်ခဲ့ပြီး ယင်းတွင် ထောင်ဒဏ်များကို တိုးမြှင့် ချထားပေးရန်နှင့် မကျမနေ ထောင် ဒဏ်အပြင် ငွေဒဏ်ကိုလည်း ချမှတ်ရန် ပြင်ဆင်ခဲ့သည်။

တရားလွှတ်တော်ရှေ့နေဦးကြီး မြင့်က ”ဒီဥပဒေမှာက ပျော်ပါးတဲ့ အမျိုးသားတွေကိုတော့ အရေးမယူဘူး။ အမျိုးသမီးတွေကိုပဲ အရေးယူတယ်။ ဒါကတော့ တစ် မျိုး ဖြစ်နေတာပေါ့”ဟု ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေနှင့် ပတ်သက်၍ ပြောသည်။
ဖွံ့ဖြိုးပြီးနိုင်ငံများ၌ ပြည့်တန်ဆာ လုပ်ငန်းကို လိုင်စင်ဖြင့် လုပ်ကိုင်ခြင်းများ ရှိရာ ယင်းကဲ့သို့ စီမံ၍ အများပြည် သူများရှေ့တွင် မဖွယ်မရာ ပြုလုပ်ခြင်းကိုသာ ဥပဒေအရ တားမြစ်ခြင်းဆောင် ရွက်ရန်သင့်သည်ဟု ၄င်းက သုံးသပ် ပြောသည်။

၁၉၄၉ ခုနှစ်၊ ပြည့်တန်ဆာ နှိပ်ကွပ်ရေး ဥပဒေကို ၁၉၉၈ ခုနှစ်တွင် ပြင်ဆင်လိုက်ခြင်းမှာ ပုဒ်မ ၅ ၊ ပုဒ်မခွဲ ၁ တွင် တစ်နှစ်အောက် မနည်း သုံးနှစ်ထက် မပိုသည့် ထောင်ဒဏ် ကျခံရမည်ကို တစ်နှစ်ထက် မနည်း ငါးနှစ်ထက် မပိုသည့် ထောင်ဒဏ်နှင့် ငွေဒဏ် ချမှတ်နိုင်သည်ဟူ၍ လည်းကောင်း၊ ပုဒ်မ ၈ တွင် သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ စီရင်ရမည်ကို တစ်နှစ်ထက် မနည်း ငါးနှစ်ထက် မပိုသည့် ထောင်ဒဏ်အပြင် ငွေဒဏ်ပါ ချမှတ်ရန် ပြင်ဆင်လိုက်ခြင်းဖြစ်သည်။

အသားအရေ လှပညီညာစေဖို့ ကွန်ဆီလာသုံးမယ်ဆိုရင်



ပျိုမေတွေ တစ်နေရာရာသွားဖို့ အလှုပြင်တဲ့အခါ ကိုယ့်မျက်နှာပေါ်က အစက်အပြောက်တွေ ဖုံးနိုင်ဖို့အတွက် ကွန်ဆီလာကို သုံးတတ်ကြပေမယ့် ဘယ်လိုနည်းမှန်လမ်းမှန် သုံးရမယ်ဆိုတာကိုတော့ မသိကြပါဘူး။ ကွန်ဆီလာကို လက်နဲ့ယူပြီး အဆင်ပြေသလို လိမ်းတတ်ကြတာ တွေ့ရတာမို့ မျက်နှာမိတ်ကပ်သားညီညီနဲ့ ဟိုတကွက် ဒီတကွက်ဖြစ်နေတဲ့ မိတ်ကပ်လိမ်းခြယ်မှုမျိုး မဖြစ်ရအောင် ခုလို ဖော်ပြပေးလိုက်ပါတယ်။

၁။ပထမဆုံးအနေနဲ့ သင့်ရဲ့မျက်နှာကို cleanser နဲ့ သေသေချာချာဆေးကြောသန့်စင်ပြီး moisturizer လိမ်းလိုက်ပါ။ moisturizer လိမ်းထားမှသာ ကွန်ဆီလာ တင်တဲ့အခါ မျက်နှာပေါ်မှာ ချောချောမွေ့မွေ့လေး လိမ်းလို့ရမှာပါ။



၂။ဒုတိယအဆင့်မှာတော့ မျက်နှာရဲ့ဘယ်နေရာတွေကို ကွန်ဆီလာလိမ်းမယ်ဆိုတာ သိဖို့ပါပဲ။ များသောအားဖြင့် ကွန်ဆီလာကို အမည်းစက်လေးတွေကို ဖုံးကွယ်ဖို့အတွက် သုံးကြတာများတယ်ဆိုတော့ ကွန်ဆီလာ သုံးသင့်တဲ့နေရာတွေကတော့ ပုံမှာပြထားသလို မျက်ခုံးအပေါ်၊ မျက်လုံးနဲ့ မျက်ခုံးကြားနေရာ၊ မျက်လုံးအောက်၊ နှာခေါင်းဘေးနားတစ်ဝိုက်နဲ့ မေးစေ့ စတဲ့နေရာတွေပါပဲ။ အဲ့ဒီနေရာတွေပေါ်ကို ကွန်ဆီလာဘရက်ရှပ်နဲ့ အစက်လေးတွေ ချပေးပါ။ ဒီလို သေသေချာချာလေး အစက်ချလိမ်းမယ်ဆိုရင် မိတ်ကပ်ဖောင်ဒေးရှင်း မလိမ်းရင်တောင် အဆင်ပြေတာမို့ ဖောင်ဒေးရှင်းလိမ်းတဲ့ အဆင့်ကို ကျော်ပစ်လိုက်နိုင်ပါတယ်။ အဲ့ဒီလို မလုပ်ချင်ဘူး ဆိုရင်တော့ ဖောင်ဒေးရှင်းကို အရင်လိမ်းပြီးမှ ကွန်ဆီလာသုံးလည်းရပါတယ်။



၃။တတိယအဆင့်ကတော့ ခုနအစက်ချထားတဲ့ ကွန်ဆီလာတွေကို ဘရက်ရှ်ပြောင်းသုံးပြီး ညီညီလေး ဆွဲလိမ်းပေးဖို့ပါပဲ။ ဘရက်ရှ်ကို ဒုတိယအဆင့်က ဘရက်ရှ်မျိုးမသုံးဘဲ flat brush ကို သုံးပေးရပါမယ်။



၎။ကိုယ်က ဘရက်ရှ်နဲ့ မျက်နှာတစ်ခုလုံး နှံ့အောင် ညီညီညာညာ မလိမ်းတတ်ဘူးဆိုရင် ကိုယ်လိမ်းနေကျ မိတ်ကပ်ညှိတဲ့ ဖော့လေးနဲ့ ညီညီလေး ညှိလိမ်းပေးလိုက်ပါ။ အားလုံးပြီးသွားပြီဆိုရင် မျက်နှာဟာ အရင်ထက် အသားအရေညီညာနေပြီး ကြည့်ကောင်းနေပါလိမ့်မယ်။ ဒါ့ကြောင့် ဘရက်ရှ်ပြောင်းသုံးဖို့နဲ့ ကွန်ဆီလာကို အဆင့်ဆင့်လိမ်းဖို့ မပျင်းဖို့လိုပါတယ်။

မော်ဒယ်အလုပ်ကို အပျော်ပဲ လုပ်ဖြစ်တော့မယ်လို့ ဖွင့်ဟလိုက်တဲ့ Jessica Dada



တွေ့လိုက်ရတဲ့ magazine ကာဗာတွေတိုင်း၊ ဓာတ်ပုံတွေတိုင်းမှာ အားလုံးက ဒါဘယ်သူလဲလို့ မေးရလောက်အောင် ဆွဲဆောင်အားပြင်းတဲ့ အကြည့်တွေနဲ့ ညှို့ယူတတ်သူကတော့ မော်ဒယ်လ် Jessica Dada ပါ။ ဖိုတိုမော်ဒယ်အဖြစ်နဲ့သာမက မြူးဇစ်ဗီဒီယိုတွေမှာပါ တွေ့လာရတဲ့ သူမရဲ့ လတ်တလော လှုပ်ရှားမှုနဲ့ နောက်ပိုင်း တတ်လာကြတဲ့ မော်ဒယ်လ်တွေအပေါ် သူမရဲ့အမြင် ဘယ်လိုရှိတယ်ဆိုတာကို မေးမြန်းဖြစ်ခဲ့တဲ့အခါ ‘အခု လတ်တလောမှာတော့ အခမ်းအနားမှုးပဲ လုပ်ဖြစ်နေတယ်။ အစ်မက Modelling အလုပ်ကို မလုပ်ဖြစ်တော့တာ ကြာပါပြီ။ မလုပ်တော့ဘူး ဆိုတာက တစ်ခြားတော့မရှိပါဘူး။ ရုပ်ကလေးက သူများတွေကို ချစ်စရာမကောင်းဘူး။ မျက်နှာအနေအထားက Sweet မဖြစ်ဘူး။ မလှဘူးဆိုတော့ ကိုယ့်ရဲ့မျက်နှာနဲ့လိုက်မဲ့ နည်းနည်း မိုက်တဲ့ဘက်၊ မာတဲ့ဘက်ကို သွားရတာပေါ့။ ကိုယ်က ရုပ်မလှတဲ့သူတစ်ယောက်ဆိုတော့ သူများတွေနဲ့မတူတဲ့ စတိုင်လ်မျိုးဖြစ်အောင် ကြိုးစားရတာပေါ့။ အခုနောက်ပိုင်း ပေါ်လာကြတဲ့ မော်ဒယ်လ်တွေဆို ကြည့်လိုက်ရင် မော်ဒယ်တွေ တော်တော်များလာကြတယ်။ နောက်ပြီး အရမ်းလည်းငယ်ကြတယ်။ အရမ်းလည်းလှကြပါတယ်။ ပြီးတော့ သူတို့လေးတွေကြည့်ရတာ တအားလည်း လူသိခံချင်ကြတာကို တွေ့ရပါတယ်။ သိပ်ပြီးပညာမစုံသေးကြတဲ့ အရွယ်လေးတွေဖြစ်နေတယ်။ ဒါပေမဲ့ အစ်မက ပညာစုံတယ်လို့ ကိုယ့်ကိုကိုယ် ပြောတာ မဟုတ်ဘူးနော်။ ပညာပိုတတ်ရင် ပိုပြီးပြည့်စုံတယ်။ ပိုကောင်းတာပေါ့လို့ပြောချင်တာပါ။ ကောင်မလေးတစ်ယောက် လှလို့ကြည့်လိုက်ရင် ဘာလုပ်လဲလို့ မေးလိုက်ရင် မော်ဒယ်လ်ဆိုတာချည်းပဲ ဖြစ်နေတယ်။ ရုပ်ချောတာလည်း ကောင်းတော့ကောင်းပါတယ်။ ဒါပေမဲ့ ရုပ်ချောတာထက် တကယ်တော်စေချင်တယ်။ လမ်းလျှောက်တာတို့၊ ဓာတ်ပုံရိုက်တဲ့အခါမှာ ပို့စ်ကောင်းကောင်းပေးတတ်ဖို့ ၊ လုပ်တတ်ဖို့က အရေးကြီးတယ်လို့ အစ်မကတော့မြင်ပါတယ်။’ လို့ သူမက ပြောပါတယ်။

Modelling မလုပ်ဖြစ်ရတဲ့အကြောင်းရင်းကိုတော့ သူမက ‘အစ်မက အသက်ကြီးသွားပြီ။ အခု၂၃နှစ်ရှိသွားပြီလေ။ အခုပေါ်လာကြတဲ့ မော်ဒယ်လ်လေးတွေက ငယ်ငယ်ချောချော လှလှလေးတွေ ချည်းပဲဆိုတော့ ငယ်ဂုဏ်ရှိတယ်။ ငယ်ရွယ်နုပျိုမှု မရှိတော့ဘူး။ ပြီးတော့ အစ်မရဲ့ ပုံစံက ဘယ်သူ့မှ၂၃နှစ်လို့ မထင်ကြဘူး။ ၂၃နှစ်ထက်မကတော့ဘူးလို့ပဲ ထင်ကြမှာ။ ကိုယ်က နဂိုကတည်းကိုက ရုပ်ရင့်တဲ့ထဲမှာပါတဲ့သူဆိုတော့ ပိုအသက်ကြီးလာလေ ပိုရုပ်ရင့်လာလေပဲဆိုတော့ တစ်ခြား ဘက်ရောက်သွားတာပေါ့။ အဲဒီ့တော့ အစ်မက မော်ဒယ်လ် အလုပ်ကို အပျော်ပဲလုပ်တော့တယ်။ ကိုယ့်ဘဝအတွက် အလုပ်တွေပဲ လုပ်နေတော့တယ်’တဲ့။

ကျန်းကျန်းမာ နေနိုင်ဖို့ ပိုးကောင်တွေ စားနေရတဲ့ ကျောင်းသားတစ်ယောက်




လူအများစုဟာ ကျန်းမာအောင် ဆလပ်ရွက်စား၊ ကိုယ်ကာယလေ့ကျင့်ခန်း လုပ်ကြပါတယ်။ ဒေါက်တာဘွဲ့ယူ ကျောင်းသား တစ်ယောက်ကျတော့ သူကျန်းမာဖို့ အဲ့ဒီ့လို လုံးဝမဟုတ်တော့ဘူး။ Peter Bickerton ဆိုတဲ့ ကျောင်းသားဟာ နှလုံးရောဂါ သက်သာအောင် ပိုးကောင်တွ ထောင်နဲ့ချီပြီး စားနေရပါတယ်။

အသက်၂၄နှစ်ရှိပြီဖြစ်တဲ့ Peterဟာ ပုရစ် အကောင် ၁သောင်း၊ ကျိုင်းကောင် ၅ထောင် နဲ့ ပေါက်ဖတ် ၁ထောင်ကို စားပြီးပါပြီ။ နံနက်စာအဖြစ် ရေခဲသေတ္တာထဲထည့်ထားတဲ့ ကျိုင်းကောင်တွေ၊ နေ့လည်စာအဖြစ် ပုရစ် sandwich နဲ့ ညစာအဖြစ် ပေါက်ဖတ် taco (အသားလိပ်) စတာတွေဟာ Peter အတွက်တော့ တစ်နေ့တာ အစာတွေပဲဖြစ်ပါတယ်။

ပိုးကောင်တွေကို စားသုံးခြင်းဟာ ကိုလက်စထရောဓာတ် ပမာဏမြင့်တက်တာကို ထိထိရောက်ရောက် ကာကွယ်ပေးပြီး နှလုံးရောဂါကို သက်သာစေတယ်လို့ Peterက ယုံကြည်ထားပါတယ်။

ဆယ်ကျော်သက် အရွယ်မှာ ဆေးလိပ်စသောက်ရင် ဖြတ်ဖို့ခက်၊ အသက်ငယ်လေ ဦးနှောက်ပို ကျုံ့လာ






ဆယ်ကျော်သက် အရွယ်မှာ ဆေးလိပ်စသောက်ရင် ဦးနှောက်ကို ကျုံ့စေတယ်လို့ သိပ္ပံပညာရှင်တွေက သတိပေးလိုက်ပါတယ်။

ဆေးလိပ်သောက်တဲ့ လူငယ်တွေရဲ့ ဦးနှောက်ထဲက မီးခိုးရောင် အရာ(ဦးနှောက်စိုင်)တွေဟာ တဖြည်းဖြည်းနဲ့ နည်းလာတယ်ပေါ့။ အဲ့ဒီ့ မီးခိုးရောင် အရာတွေဟာ ဆုံးဖြတ်ချက်တွေချရတဲ့ ဦးနှောက် အပိုင်းထဲမှာ ပါဝင်တယ်လေ။

ဆေးလိပ်သောက်တဲ့ ဆယ်ကျော်သက်တွေဟာ ဆေးလိပ်ကို တခြားသူတွေထက် ပိုပြီး အငမ်းမရဖြစ်ကြပါတယ်။ ဆေးလိပ်သောက်တဲ့ လူငယ်တွေရဲ့ ဦးနှောက်အပြောင်းအလဲဟာ သိသိသာသာ လျှော့နည်းနေတာကို ရှာတွေ့ခဲ့တဲ့အခါ သိပ္ပံပညာရှင်တွေအနေနဲ့ တုန်လှုပ်ခဲ့ရပါတယ်။ ဆေးလိပ်သောက်တဲ့သူဟာ အသက်ငယ်လေ ဦးနှောက်ပိုကျုံ့လေ ဖြစ်တယ်လို့ သိရပါတယ်။









အချစ်က လူကို အများကြီးပြောင်းလဲသွားစေခဲ့တယ်လို့ ဖွင့်ဟလိုက်တဲ့ မိုးအောင်ရင်



ဘယ်အချိန်ကြည့်လိုက် ကြည့်လိုက် အပြုံးချိုချိုနဲ့ အားလုံးကို စနောက်ကာ ပျော်ရွှင်စွာနေတတ်တဲ့ အနုပညာရှင်ကတော့ မိုးအောင်ရင်ဆိုတဲ့ ကောင်လေးပါ။ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာ မကြာသေးခင်က သူနဲ့ သူချစ်သူဓာတ်ပုံတွေ တွေ့လိုက်ရတာကြောင့် အချစ်ရေးနဲ့ ပတ်သက်ပြီး မေးကြည့်တဲ့အခါ ‘အချစ်ရေးကတော့ တော်တော်လေးအဆင်ပြေပါတယ်။ အိမ်ထောင်ရေးကို ဘာမှမစဉ်းစားထားဘူး။ ဆောက်ဖြစ်မှ ကျောင်းတကာပေါ့။ အခုရထားတဲ့ အချစ်က ကျွန်တော့်ကို ပြောင်းလဲသွားအောင် တော်တော်များများလုပ်နိုင်တယ်။ အလုပ်တွေ အများကြီးလုပ်ချင်စိတ်ရှိအောင်၊ မိုးအောင်ရင် အသုံးမကျတာတွေမြင်အောင် သဘောအားဖြင့် အိမ်တွင်းမှာတင်ဖြစ်တဲ့ဟာမျိုးပေါ့။ ဥပမာ ကျွန်တော်သည် အိမ်ကလူတွေကို အရမ်းဆူတယ်။ မနားမနေကိုဆူတယ်။ အမှိုက်တွေ့ရင်ဆူတယ်။ ဖုန်တက်ရင်ဆူတယ်။ အဲဒါသူက နားညီးပြီးမခံနိုင်တော့ ကျွန်တော့ကို အဲဒီအလုပ်တွေလုပ်ခိုင်းတယ်။ ထမင်းစားပြီးရင် ကိုယ့်ပန်းကန် ကိုယ်သိမ်းတတ်သွားတယ်။ ငယ်ငယ်ကတည်းက ညီမလေးရှိပေမဲ့ ကျွန်တော့်ကို တစ်ဦးတည်းသော သားအတိုင်းကိုအဖေနဲ့အမေက သဘောထားတယ်။ သူ့ကိုရွေးချယ်ဖြစ်တာက အဲဒါတွေကြောင့်လဲပါတယ်။သူများတွေဆိုရင် လာပွားတယ်ဆိုပြီး အဆင်ပြေချင်မှ ပြေမယ်။ ကျွန်တော်ကကျတော့ အမေအဖေနဲ့ခွဲနေရတဲ့အတွက် ဒါကိုကောင်းသောပြောင်းလဲမှုလို့ပဲမြင်တယ်။ အရှေ့ကလူတွေလဲ လုပ်ပေးတယ်။ ဒါပေမဲ့နဲနဲလေးမှ သည်းမခံဘူး။ တခုခုပြောတာနဲ့ရန်ဖြစ်ပြီးပြတ်သွားရော။ ဖြတ်ပစ်တယ်။ အိမ်မလာခိုင်းတော့ဘူး။ မောင်းထုတ်တာမျိုးတို့။ သူကကျတော့ကျွန်တော့ညီမနဲ့တူတာလဲပါတယ်။ ပြီးတော့ညီမနဲ့လဲအရမ်းတည့်တယ်။ ရည်းစားသက်တမ်းက ၆လလောက်ပဲရှိပါသေးတယ်’လို့ သူက ဖွင့်ဟသွားပါတယ်။

ကလေးငြိမ်အောင် ဘိန်းအစားထိုးမူးယစ်ဆေး မက်သဒုန်း တိုက်လိုက်လို့ အသက် ၂ နှစ်အရွယ် ကလေးမလေး သေဆုံး



အသက် ၂ နှစ်အရွယ် ဆိုဖီဂျုံးစ် ဆိုတဲ့ ကလေးမလေးဟာ အင်္ဂါနေ့ ညက ရုတ်တရုတ် နှလုံးရောဂါနဲ့  သေဆုံးသွားခဲ့ပါတယ်။ သူမရဲ့ သောက်ရေခွက်ကို စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာမှာ ဆိုဖီ ဟာ ဘိန်းအစားထိုး မူးယစ်ဆေးဝါးတစ်မျိုးဖြစ်တဲ့ မက်သဒုံး (Methadone) ကို သောက်သုံးမိခဲ့တာဖြစ်ကြောင်း စစ်ဆေးတွေ့ ရှိ ခဲ့ရတာပါ။

မက်သဒုံး ဆေးဟာ ဟီရိုယင်း စွဲနေတဲ့လူတွေကို အစားထိုးပေးအပ်တဲ့ ဆေးဖြစ်ပြီး သူမရဲ့ မိသားစုဝင် တစ်ယောက်ယောက် ရဲ့ ဆေးလို့ ယုံကြည်ရပါတယ်။ ရဲတွေဟာ ကလေးမလေးသောက်သုံးခဲ့တယ်လို့  ယူဆရတဲ့ သောက်ရေခွက်ကို စစ်ဆေးအပြီးမှာ သေဆုံးရတဲ့အကြောင်းကို အတည်ပြုနိုင်ခဲ့တာဖြစ်ပါတယ်။

ရဲတွေရဲ့ စုံစမ်းစစ်ဆေးမှုလမ်းကြောင်းအရ ဆိုဖီတစ်ယောက် ငြိမ်သက်နေအောင်လို့ တစ်ယောက်ယောက် မက်သဒုန်း ကို ရေတစ်ခွက်နဲ့ တိုက်ခဲ့တယ်လို့ ယူဆရပါတယ်။

မွေးချင်းမောင်နှမနှစ်ယောက်ရှိတဲ့ ဆိုဖီသေဆုံးမှု ရဲဘက်ဆိုင်ရာစုံစမ်းစစ်ဆေးချက်အသေးစိတ်တွေကို အမှုတွဲ ဖော်ပြပြီးနောက် ဘလက်ပူးလ်တရားရုံးမှာ ခရိုင်တရားသူကြီး အန်ဒရူးဂျက်ဘ် ကိုယ်တိုင် အမှုဖွင့် စစ်ဆေးမှာ ဖြစ်ပါတယ်။

ဆိုင်္ဖီသေဆုံးမှုအတွက် အသက် ၂၉ နှစ်အရွယ် မိန်းမတစ်ယောက်နဲ့ ၄၁ နှစ်အရွယ် ယောင်္ကျားတစ်ယောက်ကို မေးမြန်းဖို့ တရားရုံးက ရဲစာ ထုတ်ခဲ့တယ်လို့ သိရှိရပါတယ်။

ဘလက်ပူးလ်မြို့ ၊ ဂျိမ်းဆန်လမ်းမှာ နေထိုင်တဲ့ ဆိုဖီကို မြို့ နယ်ဆေးရုံ ဖြစ်တဲ့ ဗစ်တိုးရီးယားဆေးရုံကို ပို့  ဆောင်ခဲ့ပြီး ဆေးရုံမှာ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

မနေ့ ညက နောက်ဆုံးရရှိတဲ့သတင်းအရ မီချယ်လ်ကင်း (၂၉နှစ်) နဲ့ ဘယ်ရီဂျုံးစ် (၄၁) နှစ်တို့ ကို အိမ်တွင်း အကြမ်းဖက်မှုဥပဒေပုဒ်မနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရှိရပါတယ်။ သူတို့ နှစ်ယောက်ကို အခုတော့ အာမခံနဲ့ လွှတ်ပေးထားပြီး မနက်ဖြန်မှာ ဘလက်ပူးလ်စီရင်စုတရားရုံးကို အရောက်လာရမယ်လို့ အမိန့် ပေး ထားပါတယ်။

ဆိုဖီင်္လေး သေဆုံးမှုဟာ မက်သဒုံးမူးယစ်အစားထိုးဆေးကြောင့်လို့ အတည်ပြုနိုင်ပေမယ့် ဘယ်လိုကြောင့် သေဆုံးသွားရတယ်ဆိုတာကိုတော့ မသိရှိရသေးပါဘူး။

မက်သဒုံးမူးယစ်အစားထိုးဆေးအကြောင်း အနည်းငယ်ဖော်ပြလိုက်ပါတယ်။

Methadone (မက်သဒုံး) ဟာ ဓါတ်ခွဲခမ်းမှာ ထုတ်တဲ့ ဘိန်းဖြစ်တယ်။ ၁၉၃၇ ခုနှစ်ကတည်းက ဂျာမဏီမှာ စထုတ်ပြီး၊ အမေရိကားမှာတော့ ၁၉၄၇ ကြမှ စတယ်။ Morphine (မော်ဖိန်း) နဲ့ Heroin (ဟီရိုးယင်း) တို့လိုဘဲ သတ္တိတူတယ်။အလွန် နာတာကို သက်သာတဲ့ဆေး၊ ချောင်းဆိုး ပျောက်ဆေး တွေမှာ သုံးတယ်။ ဘိန်းဖြတ်ရာမှာ (မက်သဒုန်း) က အသုံးကျပေမဲ့ Methamphetamine (မက်သ်မင် ဖက်တမင်း) Cocaine (ကိုကိန်း)၊ နဲ့ အရက်ဖြတ်ရာမှာ အသုံးမကျပါ။ သွေးကင်ဆာကို ကုရာမှာ သုံး သေးတယ်။

(မက်သဒုံး) မှာ မကောင်းသတ္တိတွေက များလှတယ်။ သွေးခဲမယ်၊ အသက်ရှူမ၀၊ ၀မ်းချုပ်၊ ချွေးထွက် များ၊ အိုက်တာမခံနိုင်၊ အားယုတ်၊ သူငယ်အိမ်ကျဉ်း၊ ပျို့၊ သွေးဖိအားကျ၊ အမြင်-အကြား သူများနဲ့ မတူတာတွေ ခံစား၊ ခေါင်းကိုက်၊ အန်၊ နှလုံးခုန် မမှန်၊ အစားပျက်၊ လူက၀၊ ဗိုက်နာ၊ ယောက်ျား ရင်သားထွက်၊ လိင်တံ မသန်မာ၊ အာခေါင်ခြောက်၊ ချွေးများ၊ မျက်နှာနီမြန်း၊ ယားယံ၊ ခြေ-လက်တွေ ရောင်၊ စိတ်ဂနာမငြိမ်ဖြစ်၊ မူပြောင်း၊ မျက်စိေ၀၀ါး၊ အိပ်မပျော်၊ အရေပြား အနီပြင်ထွက်၊ ဆီးသွား ရခက်၊ တက်။

ဆေးဖြတ်လိုက်ရင် Withdrawal symptoms လက္ခဏာတွေ ခံစားရမယ်။ ခေါင်းထဲမှာ ပေါ့နေသလို ခံစား၊ မျက်ရည်ကျ၊ နှာရည်ယို၊ သန်းဝေ၊ နှာချေ၊ ပျို့၊ အန်၊ ၀မ်းလျှော၊ အလွန်ယား၊ ဖျား၊ ခွေးလွန်၊ ချမ်း၊ ခြေ-လက်တုံ၊ အတွင်းထဲမှာ မငြိမ်တာ ခံစားရလို့ လူကလဲ အငြိမ်မနေနိုင်ဖြစ်၊ ရင်တုံ၊ ခြေဆစ်-လက်ဆစ်တွေကိုက်ခဲ၊ နာတာကို ပိုခံစား၊ သွေးဖိအားတက်၊ အသက်ရှူနည်း။ ဆက်တွဲ ဖြစ်လာနိုင်တာတွေလဲ ရှိတယ်။ စွဲလမ်းမှုများ၊ စိတ်ဓါတ်ကျ၊ အိပ်မရတာ ကြာရှည်လာ၊ အလိုလို လိင်ဆန္ဒပြီးသွား၊ လိင်စိတ် နည်းပါး၊ ဂရောင်ချောက်ခြားဖြစ်၊ နားထဲကနေ သူများ မကြား တာတွေကြား၊ မျက်စိထဲကနေသူများ မမြင်တာတွေမြင်၊ အနံ့ကို တကယ့် အနံ့ရော စိတ်ကူးထဲမှာပါ သူများထက် ထူးနေ၊ စိတ်တို၊အကြောက်ကြီး၊ စိုးရိမ်စိတ်-ကြောက်စိတ်လွန်ကဲ၊ အမြင်သွေလွဲ၊ ကိုယ့်ကိုယ်ကို သတ်သေချင်၊အသက်ရှူနည်းတာ ၂-၄ နာရီ ကြာရင် သေနိုင်တယ်။

သူကိုယ့်ကို စိတ်ဝင်စားနေတယ်ဆိုတာ သိနိုင်မယ့်အချက် (၁၀) ချက်



မိန်းကလေးအနေနဲ့ ကိုယ် စိတ်ဝင်စားတဲ့ ကောင်လေး သူမကို ချစ်နေသလား၊ သဘောကျနေသလားဆိုတာ သိနိုင်ဖို့ နှုတ်က တိုက်ရိုက်ဖွင့်မေးလို့ မရပါဘူး။ သူ ကိုယ့်ကို ဘယ်လိုဆက်ဆံသလဲ၊ သူ့ရဲ့ အပြောအဆို၊ အနေအထိုင်တွေကို ကြည့်ခြင်းအားဖြင့်သာ ခန့်မှန်းကြည့်နိုင်တာပါ။ ဒါ့ကြောင့် တစ်ဖက်က ကိုယ့်ကို စိတ်ဝင်စားနေသလားဆိုတာ ခန့်မှန်းနိုင်စေဖို့ သိသာစေတဲ့ အချက်လေးတွေကို ခုလိုပြောပြပေးလိုက်ပါတယ်။

၁။သူက ကိုယ်ပြောသမျှကို စိတ်ဝင်တစား နားထောင်တတ်သူဆိုရင်

ကိုယ်ပြောလိုက်တဲ့ စကားတိုင်းကို စိတ်ပါလက်ပါ နားထောင်ပြီး ပြန်လည်မေးမြန်းတတ်သူ၊ ကိုယ့်ကို အကြံဥာဏ်ကောင်းတွေ ပေးနေသူဆိုရင်တော့ သူ ကိုယ့်ကိုစိတ်ဝင်စားနေလို့ပါပဲ။

၂။သူက ကိုယ့်ရဲ့နောက်ကျောဘက်ကို မထိတထိ လုပ်ပြီဆိုရင်

ရည်းစားမဖြစ်သေးပေမယ့် သူက ကိုယ့်ကို ရှေ့ကသွားပါလို့ ပြောတဲ့အချိန်တွေ၊ ဒါမှမဟုတ် အရေးပါတဲ့ ကိစ္စရပ်တစ်ခုခုကို ဆွေးနွေးနေချိန်တွေမှာ ကိုယ့်ရဲ့နောက်ကျောကို တို့ထိပြီး စကားပြောနေပြီဆိုရင်တော့ သူကိုယ့်ကို စိတ်ဝင်စားနေတယ်ဆိုတာ ငြင်းလို့ကို မရနိုင်ပါဘူး။

၃။ကိုယ့်ကိုအအေး၊ ဒါမှမဟုတ် သရေစာမုန့်တွေ ၀ယ်ကျွေးတတ်သူဆိုရင်

ကိုယ်နဲ့တွေ့ချိန်တိုင်း အအေးဝယ်တိုက်တာမျိုး၊ သရေစာမုန့်ဝယ်ကျွေးတာမျိုးတွေ လုပ်တတ်သူဆိုရင်လည်း ကိုယ့်ကိုကြွေနေလို့ပါပဲ။

၎။ကိုယ့်ကို သူ့ရဲ့အနွေးထည် ပေးဝတ်တတ်သူဆိုရင်

မိုးတွေရွာနေတဲ့အချိန် အတူရှိတဲ့အခါပဲဖြစ်ဖြစ်၊ အဲယာကွန်းအေးတဲ့အချိန် ကိုယ်က အနွေးထည် မ၀တ်ထားတဲ့အခါမျိုးတွေမှာ ကိုယ့်ကို သူ့အနွေးထည် ၀တ်ဖို့ တိုက်တွန်းတတ်သူဆိုရင်လည်း သူ့ဟာ ကိုယ့်ကို စိတ်ဝင်စားနေလို့ပဲနော်။

၅။ကိုယ့်ကို sms တွေ ညသန်းခေါင်၊ မနက်စောစောမှာ ပို့တတ်သူဆိုရင်

သာမာန်သူငယ်ချင်းတွေဆိုရင် sms ကို ညသန်းခေါင်အချိန်တွေ၊ မနက်အစောကြီးအချိန်တွေမှာ ထပို့နေစရာ အကြောင်းမရှိဘူးလေ။ အဲ့ဒီလို ပို့တတ်သူဆိုရင်တော့ သူငယ်ချင်းအဆင့်ထက် ပိုချင်သူမို့လို့ပါပဲ။

၆။ကိုယ်ဘယ်လိုဇာတ်ကားမျိုးလေးတွေ ကြိုက်တတ်သလဲ စပ်စုပြီဆိုရင်

ကိုယ်က ရုပ်ရှင်သရဲမို့လို့၊ ဇာတ်ကားတွေ ကြိုက်တတ်သူမို့ ဘယ်လိုဇာတ်ကားမျိုးလေးတွေ အများဆုံး ကြည့်ဖြစ်သလဲ ကိုယ့်ကို စပ်စုပြီဆိုရင်လည်း ဒါဟာ သူကိုယ့်ကိုစိတ်ဝင်စားလို့ပါပဲ။

၇။သူက ကိုယ့်ပုံတိုင်းကို Like ပေးတတ်သူဆိုရင်

Instagram မှာပဲဖြစ်ဖြစ်၊ Facebook မှာပဲဖြစ်ဖြစ် ကိုယ်တင်သမျှပုံတိုင်းကို Like နှိပ်တတ်သူကလည်း သူကိုယ့်ကို စိတ်ဝင်စားပါတယ်ဆိုတာ ပြသနေတာပါပဲ။

၈။စကားပြောနေချိန်လေးမှာ ကိုယ့်ခြေထောက်ကို သူ့ခြေထောက်နဲ့ လာထိတတ်သူဆိုရင်

ခဏခဏ မဟုတ်တောင် တစ်ခါ၊ နှစ်ခါလောက်ပဲဖြစ်ဖြစ် သူ့နဲ့ကိုယ်စကားပြောနေချိန်အတွင်း ကိုယ့်ခြေထောက်ကို သူ့ခြေထောက်နဲ့ အမှတ်တမဲ့ ထိသလိုမျိုး လာထိတတ်သူဆိုရင် ဒါသူစိတ်ဝင်စားနေတယ်ဆိုတာကို ကိုယ့်ကိုပြသနေတာပါ။

၉။ကိုယ်လုပ်လိုက်တဲ့ အသေးအဖွဲကိစ္စတိုင်း သတိပြုမိနေတတ်သူဆိုရင်

ကိုယ်က လက်သည်း၊ ခြေသည်းအလှပြင်တာလေး နည်းနည်းပုံစံပြောင်းတာကအစ အရောင်တူတဲ့အင်္ကျံမျိုး နှစ်ရက်ဆက်တိုက် ၀တ်လာတာမျိုးအထိ သူက ကိုယ့်ကို သတိပြုပြောဆိုနေပြီဆိုရင်လည်း ကိုယ့်ကို သူ စိတ်ဝင်စားနေလို့ပါ။

၁၀။သူ ကိုယ့်ကို ခိုးခိုးကြည့်နေပြီဆိုရင်

ကိုယ်က ဖြတ်ခနဲသူ့ကို ကြည့်လိုက်မိချိန်တိုင်း သူကိုယ့်ကို ကြည့်နေတဲ့အချိန်မျိုးချည်းပဲ ဖြစ်နေတယ်ဆိုရင်တော့ သူ့ကိုယ့်ကို ချစ်နေသလားဆိုတဲ့ မေးခွန်းအစား ချစ်နေပါပြီလို့သာ ယုံလိုက်ပါတော့။

နွေရာသီနဲ့လိုက်ဖက်တဲ့ နောက်ဆုံးပေါ် Beaded ဆွဲကြိုးအမိုက်စားများ



ကိုယ်ဆင်မြန်းတဲ့ အဆင်တန်ဆာတွေကို ရာသီအပြောင်းအလဲနဲ့ လိုက်ဖက်ညီအောင် ဆင်မြန်းဖူးပါသလား။ နွေရာသီဆို နွေရာသီနဲ့ လိုက်ဖက်တဲ့ ဆွဲကြိုး၊ မိုးဆိုရင် မိုးရာသီနဲ့ လိုက်ဖက်တဲ့ အဆင်တန်ဆာ စသဖြင့်ပေါ့။ အဲ့ဒီလိုမျိုး ဆင်မြန်းချင်ပေမယ့် အိုင်ဒီယာမရှိသူတွေအတွက် နွေရာသီနဲ့လိုက်ဖက်ပြီး အမိုက်စားဖြစ်မယ့် beaded ဆွဲကြိုးလေးတွေ ဖော်ပြပေးလိုက်တယ်နော်။

၁။နွေရာသီမှာ အရောင်နုလေးတွေကိုမှ ဆင်မြန်းချင်သူတွေအတွက် ဒီဇိုင်းလည်းဆန်း၊ နောက်ဆုံးပေါ်လက်ရာလည်းဖြစ်တဲ့ ဆွဲကြိုးပုံစံမျိုးလေး ဖော်ပြပေးလိုက်တယ်နော်။ ဒီမှာ ဒီလိုပုံစံအတိုင်း ကွက်တိရှာဖို့မလွယ်ရင်တောင် နီးစပ်တဲ့ ဒီဇိုင်းမျိုးတွေ ရနိုင်ပါတယ်။



၂။ ကိုယ်ဝတ်ထားတဲ့ အင်္ကျံက အဖြူ၊ ဗြောင်ကာလာတွေဆိုရင်တော့ ဒီဆွဲကြိုးနဲ့ ကွက်တိပါပဲ။



၃။ထသွားထလာမဟုတ်တဲ့ ပါတီ၊ ဒင်နာပွဲတွေနဲ့ လိုက်ဖက်တဲ့ ဆွဲကြိုးဒီဇိုင်းပါ။



၎။ပေါ့ပေါ့ပါးပါးနဲ့ ချစ်စရာကောင်းတဲ့ ဆွဲကြိုးဒီဇိုင်းလေးပါ။ မိန်းကလေးဆန်ဆန် ၀တ်တဲ့နေ့လေးအတွက် သီးသန့်ဖယ်ထားလိုက်ပါ။



၅။သိပ်မိုက်တဲ့ ဆွဲကြိုးဒီဇိုင်းလေးပေါ့။ လူငယ်တွေနှစ်ခြိုက်မယ့် လက်ရာဒီဇိုင်းမို့ ပေါ်ပြူလာအဖြစ်ဆုံးဒီဇိုင်းထဲမှာလည်း ပါဝင်နေပါတယ်။



၆။ကျောက်စိမ်းကို နှစ်ခြိုက်တဲ့ ပျိုမေတွေအတွက် လက်ရာဒီဇိုင်းဆန်းလေးပါ။



၇။ပွဲတက်အတွက် ခပ်မိုက်မိုက်ဆွဲကြိုးအကပ်မျိုးရှာနေတယ်ဆိုရင်တော့ ပုလဲနဲ့ရွှေ ရောစပ်ဒီဇိုင်းထုတ်ထားတဲ့ ဒီလိုဆွဲကြိုးပုံစံမျိုး ရှာပြီး ဆင်မြန်းလိုက်ပါ။



၈။ကြည့်လိုက်တာနဲ့ ချစ်စရာကောင်းလိုက်တဲ့ ဒီဇိုင်းလေးပါလားလို့ အားလုံးအသိအမှတ်ပြုခံရမယ့် ဆွဲကြိုးဒီဇိုင်းပါ။ ထသွားထလာကနေ ပွဲအထိ ဆင်မြန်းနိုင်ပါတယ်။



၉။ကိုယ်က အရှုပ်အယှက်ဒီဇိုင်းတွေထက် ဒီဇိုင်းရှင်းရှင်းလေးတွေကို သဘောကျတယ်ဆိုရင် ဒီလို ဆွဲကြိုးဒီဇိုင်းက အသင့်တော်ဆုံးပါပဲ။



၁၀။ခုခေတ်စားနေတဲ့ ရှပ်အင်္ကျံကို ကြယ်သီးအပြည့်တပ်ပြီး ကော်လာအပြင်မှာထုတ်ဆွဲဖို့ သင့်တော်တဲ့ဆွဲကြိုးဒီဇိုင်းပါ။ ဖြစ်နိုင်ရင် ၀ယ်ထားသင့်တဲ့ ဒီဇိုင်းပါပဲ။



Ref:.luckymag.com

တစ်ချိန်တစ်ခါက နာမည်ကြီးခဲ့တဲ့ သူတို့ရဲ့ အပြင်အဆင်တွေ



ဖက်ရှင်ရေစီးကြောင်းဆိုတာ တစ်ပတ်လည်လာနိုင်တယ်လို့ ဆိုလေ့ရှိကြပေမယ့် အလှအပရေးရာ ပြင်ဆင်ခြယ်သမှုအပိုင်းတွေလည်း ဒီအတိုင်းပဲလို့ ထည့်သွင်းပြောဆိုရမှာပါ။ ဘာလို့လဲဆိုတော့ ဟိုးအရင် ၁၉၉၀ပြည့်နှစ်က ခေတ်စားခဲ့တဲ့ ဆံပင်ပုံစံတွေ၊ မိတ်ကပ် အပြင်အဆင်တွေ ခုတစ်ဖန်ပြန်လည်ခေတ်စားဖွယ် ရှိနေတာကြောင့်ပါပဲ။ ဒါ့ကြောင့် အဲ့ဒီအချိန်တွေတုန်းက အနုပညာရှင်တွေရဲ့ သူတို့ရဲ့ ပြင်ဆင်ခြယ်သမှုတွေကို ခုလို ဖော်ပြပေးလိုက်ရပါတယ်။

၁။ Kristen Dunst ရဲ့ ဆံပင်ပြင်ဆင်မှုအပိုင်းဟာ အဲ့ဒီအချိန်ကာလနဲ့ယှဉ်ကြည့်ရင် သိပ်မိုက်ပါတယ်။ ဆန်းလည်းဆန်းတယ်လို့ ပြောရမှာပါ။ ဒီလိုဆံပင်ပြင်ဆင်မှုမျိုးတွေ ဖြစ်လာနိုင်ခြေရှိနိုင်ပါတယ်။



၂။Reese Witherspoon ဟာ ဒီပုံမှာ မိတ်ကပ်ပြင်ဆင်မှုကို အသားမပေးထားပဲ နှုတ်ခမ်းတစ်စုံနဲ့ ဆွဲဆောင်ထားတာ တွေ့မြင်နိုင်ပါတယ်။ ဆံပင်ကိုလည်း သာမာန်ဆံပင်ပုံစံတွေနဲ့ ကွဲထွက်နေအောင် ပြင်ဆင်ထားပါသေးတယ်။



၃။အကြေကောက်တွေ ပြန်ခေတ်စားမလာဘူးလို့ ဘယ်သူပြောရဲပါသလဲ။ Jennifer Love Hewitt ရဲ့ ချစ်စရာကောင်းပြီး လွတ်လပ်ပေါ့ပါးတဲ့ စတိုင်လ်ပေါ့။



၎။Cameron Diaz ရဲ့ မျက်လုံးခြယ်သမှုက အားလုံးကို ငေးသွားစေတယ်လေ။ မျက်နှာမှာ အထင်ရှားဆုံး ခြယ်သမှုဖြစ်တာကြောင့် သူမရဲ့အဲ့ဒီခြယ်သမှုစတိုင်လ်ကို သဘောကျခဲ့တဲ့သူတွေ အများအပြားရှိခဲ့တာပေါ့။



၅။Drew Barrymore ရဲ့ အမိုက်စားစတိုင်လ်ပါ။ ဆံပင်ကာလာ၊ ထင်ရှားပြီး သေးငယ်တဲ့ မျက်ခုံးနဲ့ နှုတ်ခမ်းနီအရောင်တွေကြောင့် သူမကလည်း နာမည်တစ်ခုနဲ့ကို ကျော်ကြားခဲ့တာပါ။



Ref:cosmopolitan.com

၂နာရီကြာ ပျောက်နေခဲ့တဲ့ မလေးလေယာဉ်တစ်စီး ပယ်လယ်ထဲပျက်ကျခဲ့ပြီလို့ ရေတပ်က အတည်ပြု



ကွာလာလမ်ပူ ကနေ ပေကျင်းကို ထွက်ခွာခဲ့တဲ့ လူ၂၃၉ဦးပါ မလေးလေယာဉ် တစ်စီးဟာ မတ်လ ၈ရက်နေ့ စနေနေ့ နံနက်အစောပိုင်းမှာ ပျောက်ဆုံးသွားခဲ့ပါတယ်။ ကွာလာလမ်ပူ နိုင်ငံတကာ လေဆိပ်ကနေ ထွက်ခွာသွားပြီးတဲ့နောက် ဒေသစံတော်ချိန် နံနက် ၂နာရီ ၄၀မိနစ်မှာ ၂နာရီကြာအောင် ပျောက်ဆုံးသွားခဲ့ပါတယ်။ ပေကျင်းကို ဒေသစံတော်ချိန် နံနက် ၆နာရီခွဲမှာ ဆိုက်ရောက်ရမဲ့ လေယာဉ်ပါ။

“Ca Mau ပြည်နယ် လေပိုင်နက်အရောက်မှာ အဆက်အသွယ်ပြတ်သွားခဲ့တာပါ။ ဟိုချီမင်းမြို့ လေကြောင်းလမ်း ထိန်းချုပ်မှုနဲ့ အဆက်အသွယ်မရသေးခင်ပေါ့။” လို့ သတင်းထုတ်ပြန်ပါတယ်။
ဘိုရင်း ၇၇၇-၂၀၀ လေယာဉ်ပေါ်မှာ နို့စို့အရွယ် ကလေးနှစ်ဦး အပါအ၀င် နိုင်ငံပေါင်းစုံကခရီးသည် ၂၂၇ယောက် နဲ့ လေယာဉ်အမှုထမ်း ၁၂ယောက်ပါရှိပါတယ်။ အဲ့ဒီ့ထဲကမှ ၁၅၈ယောက်ဟာ တရုတ်နိုင်ငံသားတွေပါ။ လေယာဉ် စီးဖို့ တရုတ်နိုင်ငံသား အယောက် ၁၆၀ စာရင်းပေးထားပေမဲ့ ၂ယောက်ကတော့ လေယာဉ် မမှီခဲ့ဘူးလို့ ဆင်ဟွာ သတင်းတစ်ရပ်အရ သိရပါတယ်။
လေယာဉ်နဲ့ အဆက်အသွယ် ပြတ်သွားကတည်းက ရင်တမမနဲ့ စောင့်နေခဲ့ရသူတွေဟာ လေယာဉ် ပင်လယ်ထဲပျက်ကျသွားပြီဆိုတဲ့ အတည်ပြုချက်လဲရရော ထိန်းမနိုင်သိမ်းမရ စို့နင့်လာပြီး ငိုကြွေးပူဆွေးခဲ့ကြရပါတယ်။



Ref:yahoo.com

Related Posts Plugin for WordPress, Blogger...