Saturday, March 8, 2014

ကျန်းကျန်းမာ နေနိုင်ဖို့ ပိုးကောင်တွေ စားနေရတဲ့ ကျောင်းသားတစ်ယောက်




လူအများစုဟာ ကျန်းမာအောင် ဆလပ်ရွက်စား၊ ကိုယ်ကာယလေ့ကျင့်ခန်း လုပ်ကြပါတယ်။ ဒေါက်တာဘွဲ့ယူ ကျောင်းသား တစ်ယောက်ကျတော့ သူကျန်းမာဖို့ အဲ့ဒီ့လို လုံးဝမဟုတ်တော့ဘူး။ Peter Bickerton ဆိုတဲ့ ကျောင်းသားဟာ နှလုံးရောဂါ သက်သာအောင် ပိုးကောင်တွ ထောင်နဲ့ချီပြီး စားနေရပါတယ်။

အသက်၂၄နှစ်ရှိပြီဖြစ်တဲ့ Peterဟာ ပုရစ် အကောင် ၁သောင်း၊ ကျိုင်းကောင် ၅ထောင် နဲ့ ပေါက်ဖတ် ၁ထောင်ကို စားပြီးပါပြီ။ နံနက်စာအဖြစ် ရေခဲသေတ္တာထဲထည့်ထားတဲ့ ကျိုင်းကောင်တွေ၊ နေ့လည်စာအဖြစ် ပုရစ် sandwich နဲ့ ညစာအဖြစ် ပေါက်ဖတ် taco (အသားလိပ်) စတာတွေဟာ Peter အတွက်တော့ တစ်နေ့တာ အစာတွေပဲဖြစ်ပါတယ်။

ပိုးကောင်တွေကို စားသုံးခြင်းဟာ ကိုလက်စထရောဓာတ် ပမာဏမြင့်တက်တာကို ထိထိရောက်ရောက် ကာကွယ်ပေးပြီး နှလုံးရောဂါကို သက်သာစေတယ်လို့ Peterက ယုံကြည်ထားပါတယ်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...