Saturday, March 8, 2014

နွေရာသီနဲ့လိုက်ဖက်တဲ့ နောက်ဆုံးပေါ် Beaded ဆွဲကြိုးအမိုက်စားများ



ကိုယ်ဆင်မြန်းတဲ့ အဆင်တန်ဆာတွေကို ရာသီအပြောင်းအလဲနဲ့ လိုက်ဖက်ညီအောင် ဆင်မြန်းဖူးပါသလား။ နွေရာသီဆို နွေရာသီနဲ့ လိုက်ဖက်တဲ့ ဆွဲကြိုး၊ မိုးဆိုရင် မိုးရာသီနဲ့ လိုက်ဖက်တဲ့ အဆင်တန်ဆာ စသဖြင့်ပေါ့။ အဲ့ဒီလိုမျိုး ဆင်မြန်းချင်ပေမယ့် အိုင်ဒီယာမရှိသူတွေအတွက် နွေရာသီနဲ့လိုက်ဖက်ပြီး အမိုက်စားဖြစ်မယ့် beaded ဆွဲကြိုးလေးတွေ ဖော်ပြပေးလိုက်တယ်နော်။

၁။နွေရာသီမှာ အရောင်နုလေးတွေကိုမှ ဆင်မြန်းချင်သူတွေအတွက် ဒီဇိုင်းလည်းဆန်း၊ နောက်ဆုံးပေါ်လက်ရာလည်းဖြစ်တဲ့ ဆွဲကြိုးပုံစံမျိုးလေး ဖော်ပြပေးလိုက်တယ်နော်။ ဒီမှာ ဒီလိုပုံစံအတိုင်း ကွက်တိရှာဖို့မလွယ်ရင်တောင် နီးစပ်တဲ့ ဒီဇိုင်းမျိုးတွေ ရနိုင်ပါတယ်။



၂။ ကိုယ်ဝတ်ထားတဲ့ အင်္ကျံက အဖြူ၊ ဗြောင်ကာလာတွေဆိုရင်တော့ ဒီဆွဲကြိုးနဲ့ ကွက်တိပါပဲ။



၃။ထသွားထလာမဟုတ်တဲ့ ပါတီ၊ ဒင်နာပွဲတွေနဲ့ လိုက်ဖက်တဲ့ ဆွဲကြိုးဒီဇိုင်းပါ။



၎။ပေါ့ပေါ့ပါးပါးနဲ့ ချစ်စရာကောင်းတဲ့ ဆွဲကြိုးဒီဇိုင်းလေးပါ။ မိန်းကလေးဆန်ဆန် ၀တ်တဲ့နေ့လေးအတွက် သီးသန့်ဖယ်ထားလိုက်ပါ။



၅။သိပ်မိုက်တဲ့ ဆွဲကြိုးဒီဇိုင်းလေးပေါ့။ လူငယ်တွေနှစ်ခြိုက်မယ့် လက်ရာဒီဇိုင်းမို့ ပေါ်ပြူလာအဖြစ်ဆုံးဒီဇိုင်းထဲမှာလည်း ပါဝင်နေပါတယ်။



၆။ကျောက်စိမ်းကို နှစ်ခြိုက်တဲ့ ပျိုမေတွေအတွက် လက်ရာဒီဇိုင်းဆန်းလေးပါ။



၇။ပွဲတက်အတွက် ခပ်မိုက်မိုက်ဆွဲကြိုးအကပ်မျိုးရှာနေတယ်ဆိုရင်တော့ ပုလဲနဲ့ရွှေ ရောစပ်ဒီဇိုင်းထုတ်ထားတဲ့ ဒီလိုဆွဲကြိုးပုံစံမျိုး ရှာပြီး ဆင်မြန်းလိုက်ပါ။



၈။ကြည့်လိုက်တာနဲ့ ချစ်စရာကောင်းလိုက်တဲ့ ဒီဇိုင်းလေးပါလားလို့ အားလုံးအသိအမှတ်ပြုခံရမယ့် ဆွဲကြိုးဒီဇိုင်းပါ။ ထသွားထလာကနေ ပွဲအထိ ဆင်မြန်းနိုင်ပါတယ်။



၉။ကိုယ်က အရှုပ်အယှက်ဒီဇိုင်းတွေထက် ဒီဇိုင်းရှင်းရှင်းလေးတွေကို သဘောကျတယ်ဆိုရင် ဒီလို ဆွဲကြိုးဒီဇိုင်းက အသင့်တော်ဆုံးပါပဲ။



၁၀။ခုခေတ်စားနေတဲ့ ရှပ်အင်္ကျံကို ကြယ်သီးအပြည့်တပ်ပြီး ကော်လာအပြင်မှာထုတ်ဆွဲဖို့ သင့်တော်တဲ့ဆွဲကြိုးဒီဇိုင်းပါ။ ဖြစ်နိုင်ရင် ၀ယ်ထားသင့်တဲ့ ဒီဇိုင်းပါပဲ။



Ref:.luckymag.com

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...