Saturday, March 8, 2014

အသားအရေ လှပညီညာစေဖို့ ကွန်ဆီလာသုံးမယ်ဆိုရင်



ပျိုမေတွေ တစ်နေရာရာသွားဖို့ အလှုပြင်တဲ့အခါ ကိုယ့်မျက်နှာပေါ်က အစက်အပြောက်တွေ ဖုံးနိုင်ဖို့အတွက် ကွန်ဆီလာကို သုံးတတ်ကြပေမယ့် ဘယ်လိုနည်းမှန်လမ်းမှန် သုံးရမယ်ဆိုတာကိုတော့ မသိကြပါဘူး။ ကွန်ဆီလာကို လက်နဲ့ယူပြီး အဆင်ပြေသလို လိမ်းတတ်ကြတာ တွေ့ရတာမို့ မျက်နှာမိတ်ကပ်သားညီညီနဲ့ ဟိုတကွက် ဒီတကွက်ဖြစ်နေတဲ့ မိတ်ကပ်လိမ်းခြယ်မှုမျိုး မဖြစ်ရအောင် ခုလို ဖော်ပြပေးလိုက်ပါတယ်။

၁။ပထမဆုံးအနေနဲ့ သင့်ရဲ့မျက်နှာကို cleanser နဲ့ သေသေချာချာဆေးကြောသန့်စင်ပြီး moisturizer လိမ်းလိုက်ပါ။ moisturizer လိမ်းထားမှသာ ကွန်ဆီလာ တင်တဲ့အခါ မျက်နှာပေါ်မှာ ချောချောမွေ့မွေ့လေး လိမ်းလို့ရမှာပါ။



၂။ဒုတိယအဆင့်မှာတော့ မျက်နှာရဲ့ဘယ်နေရာတွေကို ကွန်ဆီလာလိမ်းမယ်ဆိုတာ သိဖို့ပါပဲ။ များသောအားဖြင့် ကွန်ဆီလာကို အမည်းစက်လေးတွေကို ဖုံးကွယ်ဖို့အတွက် သုံးကြတာများတယ်ဆိုတော့ ကွန်ဆီလာ သုံးသင့်တဲ့နေရာတွေကတော့ ပုံမှာပြထားသလို မျက်ခုံးအပေါ်၊ မျက်လုံးနဲ့ မျက်ခုံးကြားနေရာ၊ မျက်လုံးအောက်၊ နှာခေါင်းဘေးနားတစ်ဝိုက်နဲ့ မေးစေ့ စတဲ့နေရာတွေပါပဲ။ အဲ့ဒီနေရာတွေပေါ်ကို ကွန်ဆီလာဘရက်ရှပ်နဲ့ အစက်လေးတွေ ချပေးပါ။ ဒီလို သေသေချာချာလေး အစက်ချလိမ်းမယ်ဆိုရင် မိတ်ကပ်ဖောင်ဒေးရှင်း မလိမ်းရင်တောင် အဆင်ပြေတာမို့ ဖောင်ဒေးရှင်းလိမ်းတဲ့ အဆင့်ကို ကျော်ပစ်လိုက်နိုင်ပါတယ်။ အဲ့ဒီလို မလုပ်ချင်ဘူး ဆိုရင်တော့ ဖောင်ဒေးရှင်းကို အရင်လိမ်းပြီးမှ ကွန်ဆီလာသုံးလည်းရပါတယ်။



၃။တတိယအဆင့်ကတော့ ခုနအစက်ချထားတဲ့ ကွန်ဆီလာတွေကို ဘရက်ရှ်ပြောင်းသုံးပြီး ညီညီလေး ဆွဲလိမ်းပေးဖို့ပါပဲ။ ဘရက်ရှ်ကို ဒုတိယအဆင့်က ဘရက်ရှ်မျိုးမသုံးဘဲ flat brush ကို သုံးပေးရပါမယ်။



၎။ကိုယ်က ဘရက်ရှ်နဲ့ မျက်နှာတစ်ခုလုံး နှံ့အောင် ညီညီညာညာ မလိမ်းတတ်ဘူးဆိုရင် ကိုယ်လိမ်းနေကျ မိတ်ကပ်ညှိတဲ့ ဖော့လေးနဲ့ ညီညီလေး ညှိလိမ်းပေးလိုက်ပါ။ အားလုံးပြီးသွားပြီဆိုရင် မျက်နှာဟာ အရင်ထက် အသားအရေညီညာနေပြီး ကြည့်ကောင်းနေပါလိမ့်မယ်။ ဒါ့ကြောင့် ဘရက်ရှ်ပြောင်းသုံးဖို့နဲ့ ကွန်ဆီလာကို အဆင့်ဆင့်လိမ်းဖို့ မပျင်းဖို့လိုပါတယ်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...