ကဏန်းနှင့် မိအေးကို သဘောမပေါက်လျှင် လောကတွင် နိုင်ငံရေး လုပ်လုပ်၊
စီးပွားရှာရှာ၊ ပညာယူယူ ပေါက်မြောက်နိုင်မည်မဟုတ်။ ကဏန်းနှင့် မိအေးကို
မသိသောသူများ ခေါင်းဆောင်ဖြစ်နေလျှင်၊ နောက်လိုက်ထဲတွင် များနေလျှင်
တိုင်းပြည်၊ အဖွဲ့အစည်း ရှေ့မတက်နိုင်။ နောက်ပြန်လန် မကျလျှင်ပင်
ကံကောင်းဟု ပြောရမည်။
မိအေးနှင့် ကဏန်းဇာတ်လမ်း သံတူကြောင်းကွဲ များကို ကြားဖူးကြ ပေမည်။ မိအေးသည် ဆော့ရင်းကစားရင်း ကဏန်းတစ်ကောင် ဖမ်းလိုက်သည်။ ထိုစဉ် မိဘများက အိမ်အနီးမှ တရားပွဲသွားရန် လှမ်းခေါ်သဖြင့် ကဏန်းကို ထဘီအထက်ဆင်နှင့် ကမန်းကတမ်း လိပ်လိုက်ရပြီး ပါသွားသည်။ တရားပွဲသို့ ရောက်တော့ မိအေး ကဏန်းကို မေ့သွားပြီး ရွှေပွဲလာပရိသတ် များကို ငေးမောနေမိသည်။ ဘုန်းတော်ကြီး ဝင်လာပြီး တရားနာပရိသတ်များ ငြိမ်နေကြသည့်အချိန်၊ ကဏန်းက မိအေး၏ဗိုက်သားကို အားရပါးရ ညှပ်ထားလိုက်တော့၏။ မိအေး၏ စူးစူးဝါးဝါးအော်သံကြောင့် ထရပ်သူရပ်၊ ပြေးသူပြေး၊ မှင်တက်သူနှင့် အတော်ဗရုတ်ဗရက် ဖြစ်သွားသည်။ ရှက်လည်း ရှက် အားလည်းနာနှင့် အမေက မိအေးကျောပြင်ကို ဗျောတင်တော့သည်။
ကဏန်းညှပ်ခြင်းသည် Context “နောက်ခံအခြေအနေ၊ မိအေး အော်အောင် တွန်းပို့ခဲ့သော အကြောင်းများ” ဖြစ်သည်။ မည်သည့်ကိစ္စ တွင်မဆို မိအေးအော်ခြင်းနှင့်သာ ရပ်မထားဘဲ ကဏန်းကိုရအောင် ရှာဖို့လိုသည်။ ကဏန်းကို မရှာနိုင်သရွေ့ မိအေးကို ဘယ်လောက်ရိုက်ရိုက် အဖြေထွက်မည်မဟုတ်။
ပြဿနာရပ်များကို မောင်းဖြုတ်သော ဖြစ်ရပ်များသည် မိအေးအော်ခြင်း ဖြစ်ပြီး တကယ့်အကြောင်းရင်း၊ နောက်ခံအခြေအနေသည် ကဏန်းဖြစ်သည်။
ပထမကမ္ဘာစစ်ကြီး ဖြစ်ပွားခဲ့ခြင်းမှာ ဆာဗီးယား တော်လှန်ရေးသမားက သြစတြီးယားဟန်ဂေရီ အိမ်ရှေ့စံ ဖာဒီနန်ကို လုပ်ကြံသတ်ဖြတ်ခဲ့ခြင်း ကြောင့်ဟု ဆိုလျှင် မိအေးအော်ခြင်း ကိုသာ အာရုံစိုက်နေခြင်းနှင့် တူမည်။ တကယ်တော့ အမျိုးသားစိတ်ဓာတ်များ ပြင်းထန်နေချိန်၊ ပြိုင်ဘက် နိုင်ငံကြီး များအကြား တင်းမာမှု အမြင့်ဆုံးသို့ ရောက်နေချိန်တွင် ခလုတ်ဖြုတ်မည့် ဖြစ်ရပ် ပေါ်လာသောကြောင့်သာ ဖြစ်သည်။ ဆာဗီးယားတော်လှန်ရေးသမား ကြောင့်သာ ဟုဆိုပါက ထိုသူ မနက်အိပ်ရာထမည့် နှိုးစက်ကို တစ်နာရီ နောက်ရွှေ့ထားလိုက်လျှင် ပထမကမ္ဘာစစ်ကြီးကို ရှောင်လွှဲလိုက်နိုင်မည်ဟု ပြောသလို ဖြစ်သွားမည်။
၁၉၈၈ အရေးအခင်းဖြစ်ပွားခဲ့ခြင်းသည် အင်းစိန်ကြို့ကုန်း ရန်ကုန် စက်မှုတက္ကသိုလ်အနီး လက်ဖက်ရည်ဆိုင်တွင် ကျောင်းသားနှင့် ရပ်ကွက်သား သီချင်းလုဖွင့်ခိုင်းရာမှ ဖြစ်ပွားသည် ဟုဆိုလျှင် မိအေးအော်ခြင်းနှင့် ရပ်ထားရာ ရောက်မည်။ နိုင်ငံစီးပွားရေး ချွတ်ခြုံကျနေခြင်း၊ ငွေစက္ကူ တရားမဝင်ကြေညာ ခြင်းကြောင့် ပြည်သူအများစု စုဆောင်းငွေများ လုယူခံလိုက်ရခြင်း၊ အဘက်ဘက်တွင် ကျဆင်းနေသော နိုင်ငံကြောင့် အထွေထွေ မကျေနပ်မှုများ ကိန်းအောင်းစုပုံနေခြင်း တို့ကြောင့် ဆိုလျှင် ကဏန်းကို မြင်ပြီဟု ဆိုနိုင်သည်။
အပြင်တွင် မြင်နေရသော အကြောင်းအရာများထက် ပိုပြီး မြင်နိုင်ရန် လိုသည်။ အသွင်သဏ္ဌာန် တို့သည် လူတို့၏ စိတ်ကို လှည့်ဖြားတတ်သည်ဖြစ်ရာ အနှစ်သာရကို မြင်နိုင်ရန်လိုသည်။ မျက်စိနှင့်မြင်နေရတာပဲဟု ကိုယ်တွေ့ကို အားကိုးလိုသူ များသည် ပေတံကို ရေထဲနှစ်ကြည့်လျှင် ကောက်နေသည်ကို မြင်ရလိမ့်မည်။ သိပ္ပံသဘော၊ အလင်းသဘောအရ ထိုသို့ဖြစ်သွားခြင်းကို သိလျှင်မူ ပေတံကောက်ခြင်းကို နားလည်နိုင်ပြီး မျက်စိကိုပင် မယုံသင့် ကြောင်း သဘောပေါက်နိုင်မည်။ ဓားပြတိုက်သွားသော လူဆိုး၊ ဆွဲကြိုး ဖြတ်သွားသူတို့ကို မိရန် မသင်္ကာသူတို့ကို တန်းစီပြသသည့်အခါ တကယ် လုပ်သူကို ဘေးဖယ်ထားလျှင်ပင် တန်းစီသူတို့ထဲမှ ရွေးထုတ်ပြခြင်း သည်လည်း မျက်စိ၊ စိတ်တို့၏ လှည့်စားတတ်ခြင်းကို ပြသနေသည်။
တံလျှပ်ကို ရေထင်ပြီး ရွှေသမင် အလိုက်မှားခြင်းသည် ကဏန်းကို မမြင်သောကြောင့် ဖြစ်သည်။ မရောင်ရာဆီလူးခြင်းသည် မိအေးကိုသာ မဲခြင်းကို ဆိုလိုသည်။ မိအေးအော်ခြင်းကို “ဘာ့ကြောင့်လဲ” ဟု Why လုပ်ကြည့်မှသာ ကဏန်းကို ရှာတွေ့နိုင်မည် ဖြစ်သည်။ ကဏန်းညှပ်ခြင်းကို အရင်မဖြုတ်ဘဲ ရိုက်မောင်းပုတ်မောင်းလုပ်လျှင် မိအေးသာ နှစ်ခါနာပေလိမ့်မည်။
ကဏန်းကို မြင်ခြင်းသည် ကဏန်းကို ရှာလိုစိတ်နှင့် တိုက်ရိုက် သက်ဆိုင်သည်။ မိအေးအပြင် ကဏန်းရှိနိုင်သေးတယ် ဟူသော အမြော်အမြင် လိုအပ်သည်။ မိအေးပဲဟု တထစ်ချ တွက်လိုက်လျှင်မူ စိတ်ကို အပိတ်စဉ်းစားလိုက်သဖြင့် ကဏန်းကို ရှာတွေ့ရန် ခဲယဉ်းသွားပြီ ဖြစ်သည်။ ကဏန်းကို မရှာနိုင်လျှင် အဖြေမည်မျှထုတ်ထုတ် တစ်ပွဲတိုး ဆေးမြီးတိုဖြင့် ကုခြင်းသာ ဖြစ်ပေလိမ့်မည်။ မိအေးသည် တစ်ခါပြီး တစ်ခါ ထပ်ငိုပြီး တရားပွဲလည်း ပျက်သည်ထက် ပျက်ပေဦးမည်။
ကမ္ဘာနှင့် ချိတ်ဆက်လာပြီ ဖြစ်သည့် ယနေ့အချိန်တွင် ကဏန်းတို့သည် အရေအတွက် များပြားလာခဲ့ပြီ။ ပြည်တွင်းကဏန်းလည်း ပါနိုင်သလို ပြည်ပကဏန်း တို့လည်း ကျူးလာနိုင်သည်။ ကဏန်းသည် တစ်ကောင်တည်းလည်း ဟုတ်ချင်မှ ဟုတ်လိမ့်မည်၊ အုပ်နှင့်သင်းနှင့်လည်း ဖြစ်နိုင်သည်။ကိုယ်တွေ့ပြီဟု ထင်သော ကဏန်းသည်လည်း မိအေးကို အော်စေသော ကဏန်း ဟုတ်ချင်မှဟုတ်ပေလိမ့်မည်။ တကယ့်ကဏန်းက တစ်နေရာ၊ အမိခံရသော ကဏန်းက တစ်နေရာတွင် ရှိနေကောင်း ရှိနေနိုင်သည်။ လက်သည်ကဏန်းကို ရှာနိုင်ဖို့ လိုသည်။
မြန်မာနိုင်ငံ ရင်ဆိုင်နေရသည့် အခက်အခဲများကို ဖြေရှင်းရာတွင်၊ နောက်ကျနေသည့် နိုင်ငံကို ခေတ်မီတိုးတက်အောင် ဆောင်ရွက်ရာတွင် မိအေးနှင့် ကဏန်းခွဲနိုင်ရေးသည် အဓိကကျသည်။ ပြည်တွင်းပြည်ပ ဗဟုသုတကြွယ်ဝ၊ မြန်မာ့ရေမြေလူတို့ အကြောကိုသိ၊ စဉ်းစားဆင်ခြင်နိုင်ပြီး ဝါဒအစွဲကင်းသူ၊ ဘေးမှရပ်ကြည့်သည့် အမြင် (Third person view) ရှိသူ တို့နှင့် တိုင်တိုင်ပင်ပင်လုပ်နိုင်မှ ကဏန်းကို မြင်ရမည်။
The Voice
မိအေးနှင့် ကဏန်းဇာတ်လမ်း သံတူကြောင်းကွဲ များကို ကြားဖူးကြ ပေမည်။ မိအေးသည် ဆော့ရင်းကစားရင်း ကဏန်းတစ်ကောင် ဖမ်းလိုက်သည်။ ထိုစဉ် မိဘများက အိမ်အနီးမှ တရားပွဲသွားရန် လှမ်းခေါ်သဖြင့် ကဏန်းကို ထဘီအထက်ဆင်နှင့် ကမန်းကတမ်း လိပ်လိုက်ရပြီး ပါသွားသည်။ တရားပွဲသို့ ရောက်တော့ မိအေး ကဏန်းကို မေ့သွားပြီး ရွှေပွဲလာပရိသတ် များကို ငေးမောနေမိသည်။ ဘုန်းတော်ကြီး ဝင်လာပြီး တရားနာပရိသတ်များ ငြိမ်နေကြသည့်အချိန်၊ ကဏန်းက မိအေး၏ဗိုက်သားကို အားရပါးရ ညှပ်ထားလိုက်တော့၏။ မိအေး၏ စူးစူးဝါးဝါးအော်သံကြောင့် ထရပ်သူရပ်၊ ပြေးသူပြေး၊ မှင်တက်သူနှင့် အတော်ဗရုတ်ဗရက် ဖြစ်သွားသည်။ ရှက်လည်း ရှက် အားလည်းနာနှင့် အမေက မိအေးကျောပြင်ကို ဗျောတင်တော့သည်။
ကဏန်းညှပ်ခြင်းသည် Context “နောက်ခံအခြေအနေ၊ မိအေး အော်အောင် တွန်းပို့ခဲ့သော အကြောင်းများ” ဖြစ်သည်။ မည်သည့်ကိစ္စ တွင်မဆို မိအေးအော်ခြင်းနှင့်သာ ရပ်မထားဘဲ ကဏန်းကိုရအောင် ရှာဖို့လိုသည်။ ကဏန်းကို မရှာနိုင်သရွေ့ မိအေးကို ဘယ်လောက်ရိုက်ရိုက် အဖြေထွက်မည်မဟုတ်။
ပြဿနာရပ်များကို မောင်းဖြုတ်သော ဖြစ်ရပ်များသည် မိအေးအော်ခြင်း ဖြစ်ပြီး တကယ့်အကြောင်းရင်း၊ နောက်ခံအခြေအနေသည် ကဏန်းဖြစ်သည်။
ပထမကမ္ဘာစစ်ကြီး ဖြစ်ပွားခဲ့ခြင်းမှာ ဆာဗီးယား တော်လှန်ရေးသမားက သြစတြီးယားဟန်ဂေရီ အိမ်ရှေ့စံ ဖာဒီနန်ကို လုပ်ကြံသတ်ဖြတ်ခဲ့ခြင်း ကြောင့်ဟု ဆိုလျှင် မိအေးအော်ခြင်း ကိုသာ အာရုံစိုက်နေခြင်းနှင့် တူမည်။ တကယ်တော့ အမျိုးသားစိတ်ဓာတ်များ ပြင်းထန်နေချိန်၊ ပြိုင်ဘက် နိုင်ငံကြီး များအကြား တင်းမာမှု အမြင့်ဆုံးသို့ ရောက်နေချိန်တွင် ခလုတ်ဖြုတ်မည့် ဖြစ်ရပ် ပေါ်လာသောကြောင့်သာ ဖြစ်သည်။ ဆာဗီးယားတော်လှန်ရေးသမား ကြောင့်သာ ဟုဆိုပါက ထိုသူ မနက်အိပ်ရာထမည့် နှိုးစက်ကို တစ်နာရီ နောက်ရွှေ့ထားလိုက်လျှင် ပထမကမ္ဘာစစ်ကြီးကို ရှောင်လွှဲလိုက်နိုင်မည်ဟု ပြောသလို ဖြစ်သွားမည်။
၁၉၈၈ အရေးအခင်းဖြစ်ပွားခဲ့ခြင်းသည် အင်းစိန်ကြို့ကုန်း ရန်ကုန် စက်မှုတက္ကသိုလ်အနီး လက်ဖက်ရည်ဆိုင်တွင် ကျောင်းသားနှင့် ရပ်ကွက်သား သီချင်းလုဖွင့်ခိုင်းရာမှ ဖြစ်ပွားသည် ဟုဆိုလျှင် မိအေးအော်ခြင်းနှင့် ရပ်ထားရာ ရောက်မည်။ နိုင်ငံစီးပွားရေး ချွတ်ခြုံကျနေခြင်း၊ ငွေစက္ကူ တရားမဝင်ကြေညာ ခြင်းကြောင့် ပြည်သူအများစု စုဆောင်းငွေများ လုယူခံလိုက်ရခြင်း၊ အဘက်ဘက်တွင် ကျဆင်းနေသော နိုင်ငံကြောင့် အထွေထွေ မကျေနပ်မှုများ ကိန်းအောင်းစုပုံနေခြင်း တို့ကြောင့် ဆိုလျှင် ကဏန်းကို မြင်ပြီဟု ဆိုနိုင်သည်။
“မျက်စိနှင့်မြင်နေရတာပဲဟု ကိုယ်တွေ့ကို အားကိုးလိုသူ များသည် ပေတံကို ရေထဲနှစ်ကြည့်လျှင် ကောက်နေသည်ကို မြင်ရလိမ့်မည်…”
လွတ်လပ်ရေးရအပြီး အချင်းချင်း သဲကြီးမဲကြီး ချခဲ့ခြင်းကို သိလိုလျှင်
နယ်ချဲ့တိုင်း ကျင့်သုံးလေ့ရှိသော သွေးခွဲအုပ်ချုပ်ခြင်း Divide and Rule၊
သွေးခွဲစိုးမိုးခြင်း Divide and Conquer ကိုလည်းကောင်း မြင်အောင်
ကြည့်တတ်ဖို့ လိုသည်။ ဗြိတိသျှခေတ်တပ်ထဲသို့ တိုင်းရင်းသားလူနည်းစု
များကိုသာ ဝင်စေခဲ့ပြီး တိုင်းရင်းသားလူများစုကို ပေးမဝင်ခဲ့ခြင်း၊ ပြည်နယ်
ပြည်မ ခွဲခြားထားခြင်း တို့ကြောင့် အရောက်အပေါက်နည်းပြီး သံသယ
မျိုးစေ့များ အမြစ်တွယ်ခဲ့ရခြင်းတို့သည် ကဏန်းပင် ဖြစ်သည်။အပြင်တွင် မြင်နေရသော အကြောင်းအရာများထက် ပိုပြီး မြင်နိုင်ရန် လိုသည်။ အသွင်သဏ္ဌာန် တို့သည် လူတို့၏ စိတ်ကို လှည့်ဖြားတတ်သည်ဖြစ်ရာ အနှစ်သာရကို မြင်နိုင်ရန်လိုသည်။ မျက်စိနှင့်မြင်နေရတာပဲဟု ကိုယ်တွေ့ကို အားကိုးလိုသူ များသည် ပေတံကို ရေထဲနှစ်ကြည့်လျှင် ကောက်နေသည်ကို မြင်ရလိမ့်မည်။ သိပ္ပံသဘော၊ အလင်းသဘောအရ ထိုသို့ဖြစ်သွားခြင်းကို သိလျှင်မူ ပေတံကောက်ခြင်းကို နားလည်နိုင်ပြီး မျက်စိကိုပင် မယုံသင့် ကြောင်း သဘောပေါက်နိုင်မည်။ ဓားပြတိုက်သွားသော လူဆိုး၊ ဆွဲကြိုး ဖြတ်သွားသူတို့ကို မိရန် မသင်္ကာသူတို့ကို တန်းစီပြသသည့်အခါ တကယ် လုပ်သူကို ဘေးဖယ်ထားလျှင်ပင် တန်းစီသူတို့ထဲမှ ရွေးထုတ်ပြခြင်း သည်လည်း မျက်စိ၊ စိတ်တို့၏ လှည့်စားတတ်ခြင်းကို ပြသနေသည်။
တံလျှပ်ကို ရေထင်ပြီး ရွှေသမင် အလိုက်မှားခြင်းသည် ကဏန်းကို မမြင်သောကြောင့် ဖြစ်သည်။ မရောင်ရာဆီလူးခြင်းသည် မိအေးကိုသာ မဲခြင်းကို ဆိုလိုသည်။ မိအေးအော်ခြင်းကို “ဘာ့ကြောင့်လဲ” ဟု Why လုပ်ကြည့်မှသာ ကဏန်းကို ရှာတွေ့နိုင်မည် ဖြစ်သည်။ ကဏန်းညှပ်ခြင်းကို အရင်မဖြုတ်ဘဲ ရိုက်မောင်းပုတ်မောင်းလုပ်လျှင် မိအေးသာ နှစ်ခါနာပေလိမ့်မည်။
ကဏန်းကို မြင်ခြင်းသည် ကဏန်းကို ရှာလိုစိတ်နှင့် တိုက်ရိုက် သက်ဆိုင်သည်။ မိအေးအပြင် ကဏန်းရှိနိုင်သေးတယ် ဟူသော အမြော်အမြင် လိုအပ်သည်။ မိအေးပဲဟု တထစ်ချ တွက်လိုက်လျှင်မူ စိတ်ကို အပိတ်စဉ်းစားလိုက်သဖြင့် ကဏန်းကို ရှာတွေ့ရန် ခဲယဉ်းသွားပြီ ဖြစ်သည်။ ကဏန်းကို မရှာနိုင်လျှင် အဖြေမည်မျှထုတ်ထုတ် တစ်ပွဲတိုး ဆေးမြီးတိုဖြင့် ကုခြင်းသာ ဖြစ်ပေလိမ့်မည်။ မိအေးသည် တစ်ခါပြီး တစ်ခါ ထပ်ငိုပြီး တရားပွဲလည်း ပျက်သည်ထက် ပျက်ပေဦးမည်။
ကမ္ဘာနှင့် ချိတ်ဆက်လာပြီ ဖြစ်သည့် ယနေ့အချိန်တွင် ကဏန်းတို့သည် အရေအတွက် များပြားလာခဲ့ပြီ။ ပြည်တွင်းကဏန်းလည်း ပါနိုင်သလို ပြည်ပကဏန်း တို့လည်း ကျူးလာနိုင်သည်။ ကဏန်းသည် တစ်ကောင်တည်းလည်း ဟုတ်ချင်မှ ဟုတ်လိမ့်မည်၊ အုပ်နှင့်သင်းနှင့်လည်း ဖြစ်နိုင်သည်။ကိုယ်တွေ့ပြီဟု ထင်သော ကဏန်းသည်လည်း မိအေးကို အော်စေသော ကဏန်း ဟုတ်ချင်မှဟုတ်ပေလိမ့်မည်။ တကယ့်ကဏန်းက တစ်နေရာ၊ အမိခံရသော ကဏန်းက တစ်နေရာတွင် ရှိနေကောင်း ရှိနေနိုင်သည်။ လက်သည်ကဏန်းကို ရှာနိုင်ဖို့ လိုသည်။
မြန်မာနိုင်ငံ ရင်ဆိုင်နေရသည့် အခက်အခဲများကို ဖြေရှင်းရာတွင်၊ နောက်ကျနေသည့် နိုင်ငံကို ခေတ်မီတိုးတက်အောင် ဆောင်ရွက်ရာတွင် မိအေးနှင့် ကဏန်းခွဲနိုင်ရေးသည် အဓိကကျသည်။ ပြည်တွင်းပြည်ပ ဗဟုသုတကြွယ်ဝ၊ မြန်မာ့ရေမြေလူတို့ အကြောကိုသိ၊ စဉ်းစားဆင်ခြင်နိုင်ပြီး ဝါဒအစွဲကင်းသူ၊ ဘေးမှရပ်ကြည့်သည့် အမြင် (Third person view) ရှိသူ တို့နှင့် တိုင်တိုင်ပင်ပင်လုပ်နိုင်မှ ကဏန်းကို မြင်ရမည်။
ကိုယ့်ထမင်းကိုယ်စား၊
ကိုယ့်အလုပ် ကိုယ်လုပ်နေရသည့် သာမန် ပြည်သူတို့ ကဏန်းကို မမြင်လျှင်
ဖြေသာသေးသော်လည်း ပြည်သူ့အကျိုး ကို ထမ်းဆောင်မည် ဟုဆိုသည့်
ထိပ်သီးခေါင်းဆောင်များ အဆင့်၊ နယ်ပယ်အလိုက် ထင်ပေါ်ကျော်ကြား၊ သြဇာရှိ၊
အာဏာရှိ၊ အပေါင်းအသင်းရောင်းရင်း အားကောင်းသူတို့ ကဏန်းကို မမြင်ခြင်းသည်
အန္တရာယ်ကြီးသည်။ ကဏန်းကို မမြင်ခြင်းမှာ လုပ်ရည်ကိုင်ရည်
အားနည်းသေးသောကြောင့်ဟု စာနာနိုင်သော်လည်း ကဏန်းကို မရှာလိုခြင်း ကိုမူ
ခွင့်လွှတ်ရန် ခဲယဉ်းသည်။
ကဏန်းကို ရှာစေလိုသည်။ မြင်စေလိုသည်။
ဇေယျသူကဏန်းကို ရှာစေလိုသည်။ မြင်စေလိုသည်။
The Voice