Wednesday, September 4, 2013

ဒေသစစ်ဖြစ်နိုင်ဟု အာဆတ်သတိပေး



Wednesday, September 4, 2013

လွန်ခဲ့သည့်လက သမ္မတ ဘာရှားအယ်လ်အာဆတ်၏ သစ္စာရှိတပ်များက ဓာတုလက် နက် အသုံးပြုတိုက်ခိုက်မှုပြုနေ ကြောင်း ပြင်သစ်ထောက်လှမ်း
ရေးအစီရင်ခံစာတစ်ရပ်တွင် ဖော် ပြခဲ့ပြီးနောက် ဆီးရီးယားသမ္မတ အာဆတ်က စစ်ရေးအရအရေး ယူတိုက်ခိုက်မှုပြုခြင်းက ဒေသတွင်းတွင် စစ်မီးလောင်မြိုက်စေမည်ဖြစ်ကြောင်း သတိပေးပြော ကြားခဲ့သည်။

ဓာတုလက်နက် အသုံးပြု တိုက်ခိုက်ခြင်းအပေါ် စစ်ရေးအရ အရေးယူ
တိုက်ခိုက်မည်ဟူသော ရတက်မအေးဖွယ်ရာအသံများ ထွက်ပေါ်လာ
ခဲ့ပြီးနောက် လွန် ခဲ့သည့်ရက်က အာဆတ်အစိုးရကို အရေးယူတိုက်
ခိုက်ရေးနှင့် ပတ်သက်၍ ပြင်သစ်နိုင်ငံ၏အကြမ်းဖျင်း ပုံဖော်ထားသော စာမျက်နှာကိုးမျက်နှာပါ အစီရင်ခံစာ ထွက်ပေါ်လာကြောင်း သိရသည်။

ဆီးရီးယားအစိုးရအား စစ် ရေးအရ အရေးယူတိုက်ခိုက်ရေး အတွက် အမေရိကန်လွှတ်တော် မှ ထောက်ခံမှုကိုရရှိရန် သမ္မတ အိုဘားမားက ဆုံးဖြတ်ခဲ့ချိန်တွင် မူအားလုံးကို အံ့အားတသင့်ဖြစ် စေခဲ့သည်။

အကြောင်းမှာ အမေရိကန်ပြည်ထောင်စုက အာဆတ် ၏တပ်များနှင့် အရေးပါသည့် နေရာများအား ခရုစ်ဒုံးကျည် များဖြင့် ပစ်ခတ်တိုက်ခိုက်တော့ မည်ဟုထင်မြင်နေချိန်တွင် သမ္မတ အိုဘားမား၏ဆုံးဖြတ်မှုမှာ မျှော် လင့်ထားခြင်းမရှိသည့် အနေ အထားကို ဖြစ်စေခဲ့သည်ဟုဆိုသည်။

ဆီးရီးယားသမ္မတအာဆတ်ကမူ ဆီးရီးယားကို စစ်ရေးအရ အရေးယူ
တိုက်ခိုက်လာမှုအပေါ် မည်ကဲ့သို့တုံ့ပြန်မှုပြုမည်ကို မပြော နိုင်ကြောင်း၊ သို့ရာတွင် ပထမဦးဆုံး တိုက်ခိုက်မှုအပြီး မည်ကဲ့သို့ဖြစ်လာမည်ကို
တွေ့မြင်ရမည် ဖြစ်ကြောင်း၊ ပေါက်ကွဲမှုများအတွင်း လူတိုင်းကို ထိန်းမနိုင် သိမ်းမရဖြစ်စေခြင်းဖြင့် ဝရုန်းသုန်း ကားအခြေအနေများကို ပျံ့နှံ့ စေကာ
ဒေသတွင်းစစ်ပွဲဘေး ဥပဒ်ဆီသို့ ဆိုက်ရောက်စေမည် ဖြစ်ကြောင်း သတိပေးပြောကြားခဲ့သည်ဟု သိရသည်။

Yangon Media Group

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...