Wednesday, September 4, 2013

တပ်မတော် အတွင်း စစ်သည် မိသားစုများ ပညာရေး မြင့်မားအောင် ဆောင်ရွက်ပေးခြင်းသည် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး အတွက် တစ်ဖက် တစ်လမ်းမှ အထောက်အပံ့ ရအောင် ဆောင်ရွက်ခြင်းဖြစ်


တပ်မတော်၏ တာဝန် ဖြစ်သော နိုင်ငံတော် ကာကွယ်ရေး တာဝန် ထမ်းဆောင်ရာ၌ အမြဲတိုက်ပွဲဝင် အသင့် ဖြစ်စေရေး အတွက် တပ်များတွင် စွမ်းရည်ရှိရန် လိုသလို စွမ်းရည်ရှိရန် အတွက်လည်း အမြဲ လေ့ကျင့်နေရန် လိုကြောင်း၊ တပ် တည်ဆောက်ရေး လုပ်ငန်းကြီး (၄)ရပ်ဖြင့် တပ်များအား တည်ဆောက်ရာတွင် ထိရောက်သော လုပ်ဆောင်မှု မျိုးဖြင့် တည်ဆောက် သွားရန် လိုကြောင်း၊ နိုင်ငံတော် ကာကွယ်ရေး စွမ်းအားအတွက် ယုံကြည် စိတ်ချရသော တပ်များဖြစ် အောင် ကြိုးစား သွားကြစေ လိုကြောင်း၊ သာမန်ချိန်တွင် စားချိန်၊ နားချိန်၊ အလုပ်လုပ် ချိန်အား ခွဲခြား တတ်စေရေး ကွပ်ကဲ အုပ်ချုပ်သူများမှ ကြပ်မတ် ဆောင်ရွက် ပေးသွားကြရန် လိုကြောင်း၊
အကြောင်း အမျိုးမျိုးကြောင့် တပ်မတော်ထဲသို့  ဝင်ရောက်လာပြီး ပညာရေး အားနည်းသော စစ်သည်များအား ပညာ ရည် မြင့်မားအောင် ဆောင်ရွက် ပေးလျက်ရှိသဖြင့် ပညာရေးကို  ဥာဏ်ရည် ရှိသလောက် ဆုံးခန်းတိုင်အောင် သင်ကြားသွားကြစေ လိုကြောင်း၊  တပ်မတော်အတွင်း စစ်သည်၊ မိသားစုဝင်များ ပညာရည် မြင့်မားအောင် ဆောင်ရွက် ပေးခြင်းသည် နိုင်ငံတော်၏ လူသား အရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်ရေး အတွက် တစ်ဖက်တစ်လမ်းမှ အထောက် အပံ့ ရအောင် ဆောင်ရွက် ပေးခြင်းဖြစ်သဖြင့် ကြိုးစား အားထုတ်ကြ စေလိုကြောင်း၊ ကိုယ်နေထိုင်သည့် တပ်နှင့် ပတ်ဝန်း ကျင်အား သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ် ဖြစ်အောင် ဆောင်ရွက် သွားကြရန်နှင့် မြို့သန့်ရှင်း သာယာလှ ပရေး၊ ဖွံ့ဖြိုး တိုးတက်ရေးအား ဝိုင်းဝန်း ကူညီ ဆောင်ရွက်ပေးခြင်းဖြင့် တပ်နှင့် ပြည်သူ တစ်သားတည်း ရှိလာမည်ဖြစ် ကြောင်း၊ နိုင်ငံတော်မှ အားထားရသော တပ်များဖြစ်အောင် စည်းစည်းလုံးလုံး ညီညီ ညွတ်ညွတ်ဖြင့် ကြိုးစားဆောင် ရွက် သွားကြစေလိုကြောင်းဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စက်တင်ဘာ ၃ရက်၊ နံနက်ပိုင်းတွင် ပမ္မဝတီ ရေတပ်စခန်း ဌာနချုပ်ခန်းမ၌ တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစု များအား တွေ့ ဆုံစဉ် အမှာစကား ပြောကြားသည်။
ပုသိမ်မြို့တွင် ရောက်ရှိနေသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ)၊ ကာကွယ်ရေး ဦးစီးချုပ် (လေ)နှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့ လိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် ပမ္မဝတီ ရေတပ်စခန်း ဌာနချုပ်သို့ ရောက်ရှိကြပြီး ပမ္မဝတီ ဧည့်ရိပ်သာ၌ ဌာနချုပ် မှူးမှ တပ်တည်ဆောက်ရေး လုပ်ငန်းကြီး (၄)ရပ်အား ရှင်းလင်းတင်ပြမှု အပေါ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် ဆေးရုံတည် ဆောက်ရေး လုပ်ငန်းသို့ ရောက်ရှိပြီး လုပ်ငန်း ဆောင်ရွက် ပြီးစီးမှု အခြေအနေ များအား ကြည့်ရှု စစ်ဆေးရာ တာဝန် ရှိသူများက လိုက်လံ ရှင်းလင်း ပြသကြသည်။
ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပမ္မဝတီ ခန်းမ၌ တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစု များအား တွေ့ဆုံ သြဝါဒ စကား ပြောကြားပြီး စားသောက်ဖွယ်ရာ များအား လက်ဆောင် အဖြစ် ပေးအပ်ရာ တာဝန်ရှိသူ တစ်ဦးက လက်ခံ ရယူသည်။
အလားတူ အဖွဲ့ဝင်အဖြစ် လိုက်ပါလာသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှမှ တပ်နယ် အတွက် မိခင်နှင့် ကလေး ရန်ပုံငွေများ ပေးအပ်ရာ တာဝန်ရှိသူ တစ်ဦးက လက်ခံ ရယူသည်။
၎င်းနောက် ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်းမှ ကျောင်းသုံး ဗလာ စာအုပ်များအား လည်းကောင်း၊ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးမှ အားကစား ပစ္စည်းများအား လည်းကောင်း အသီးသီး ပေး အပ်ကြရာ တာဝန် ရှိသူများက လက်ခံရ ယူကြသည်။
တွေ့ဆုံပွဲ အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှနှင့် အဖွဲ့ဝင် များသည် အခမ်းအနားသို့ တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် ကြသည်။
ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှနှင့် အဖွဲ့ဝင်များ သည် ဟိုင်းကြီးကျွန်းမြို့နယ် ခွဲရှိ မဟာ ကုဋရံသီ ဆံတော်ရှင် မြတ်မော်တင် စေတီတော်သို့ ရောက်ရှိကြပြီး စေတီတော် အား လက်ယာရစ် လှည့်လည် ဖူးမြော် ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီးများ ဆက်ကပ် လှူဒါန်းသည်။
ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှနှင့် အဖွဲ့ဝင်များက စေတီတော် အတွက် အလှူငွေများပေး အပ်လှူဒါန်းရာ ဂေါပက အဖွဲ့ဝင်များမှ လက်ခံရယူကြပြီး  စေတီတော် ပုံတူ ဓာတ်ပုံ များအား ဓမ္မလက်ဆောင် အဖြစ် ပြန်လည် ပေး အပ်ကြသည်။
ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စေတီတော်ဝင်း အတွင်းရှိ သာသနာ့ သိင်္ဂီ ကျောင်း တိုက်သို့ သွားရောက်၍ ကျောင်းထိုင် ဆရာတော် ဦးသုဇာတအား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ပစ္စည်းများ   ဆက်ကပ် လှူဒါန်းကြသည်။
ဆက်လက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် နေ့လယ်ပိုင်းတွင် ပုသိမ်မြို့ စစ်မြေပြင်ဆေး တပ်ရင်းသို့ ရောက်ရှိကြပြီး ခွဲစိတ် ကုသဆောင်နှင့် ဖျားနာကုသ ဆောင်တို့တွင် ဆေးရုံတက်ရောက် ကုသလျက် ရှိသော လူနာများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားကာ စားသောက်ဖွယ်ရာများ ပေးအပ်ကြသည်။
အလားတူ အဖွဲ့ဝင်အဖြစ် လိုက်ပါလာသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သော အဖွဲ့ဝင်များသည် အမျိုးသမီး ကုသဆောင်တွင် ဆေးရုံ တက်ရောက် ကုသလျက်ရှိသော လူနာများအား ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားကာ စားသောက် ဖွယ်ရာများအား လက်ဆောင်အဖြစ် ပေးအပ်သည်။
ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ တို့က စစ်မြေပြင် ဆေးတပ်ရင်း အတွက် လေအေးပေးစက်နှင့် မွေးလူနာများအတွက် ထောက်ပံ့ငွေများ ပေးအပ်ရာ တာဝန်ရှိသူ တစ်ဦးက လက်ခံ ရယူသည်။
ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်အဖွဲ့ဝင် များသည် ပုသိမ်မြို့ရှိ တပ်မတော် ပညာရေး ကျောင်းနှင့်  တိုက်ပွဲဝင် စည်းရုံးရေး သင်တန်းကျောင်းတို့သို့ သွားရောက်၍ တပ်မတော် ပညာရေး ကျောင်းတွင် ဖွင့်လှစ်ထားရှိသော ကွန်ပျူတာ အခြေခံ သင်တန်း၊ တိုင်းရင်းသား ဘာသာစကား သင်တန်းနှင့် ပညာရေး သင်တန်းများတွင် သင်ခန်းစာ ပို့ချနေမှု များအား လည်းကောင်း၊ တိုက်ပွဲဝင် စည်းရုံးရေး သင်တန်းကျောင်း တွင် ဖွင့်လှစ်ထားရှိသော တိုက်ပွဲဝင် စည်းရုံးရေး အရာရှိနှင့် အကြပ်/တပ်သား သင်တန်းတို့တွင် သင်ခန်းစာ ပို့ချနေမှု များအားလည်းကောင်း လှည့်လည်ကြည့်ရှု စစ်ဆေး၍ သင်တန်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေး စကား ပြောကြားကာ တပ်မှူးများ၏ လိုက်လံရှင်းလင်း တင်ပြမှုအပေါ် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က လိုအပ်သည် များမှာကြား ဖြည့်ဆည်း ဆောင်ရွက်ပေးကြောင်း သတင်း ရရှိသည်။  

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...