Wednesday, September 4, 2013

ကိတ်မုန့် စားသုံးရာမှ အစာအဆိပ် သင့်၍ သေဆုံး

ကန့်ဘလူ စက်တင်ဘာ ၃
စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူမြို့နယ် ခုတင် (၁ဝဝ)ဆံ့ ပြည်သူ့ဆေးရုံ၌ ယနေ့ နံနက်ပိုင်းတွင် ကိတ်မုန့် စားသုံး မိရာမှ အစာအဆိပ်သင့် သည်ဟု ယူဆရသူ ကောလင်းမြို့နယ် တောင်ပုံ ကျေးရွာနေ မမေမြတ်နိုး အသက်သုံးနှစ် အရွယ် ကလေးငယ်တစ်ဦးမှာ ဆေးဝါးကုသမှု ခံယူနေ စဉ် သေဆုံးခဲ့ကြောင်း ကျန်းမာရေး ဝန်ထမ်း တစ်ဦးထံမှ သိရသည်။
အဆိုပါ ကလေးငယ်သည် ကိတ်မုန့် စားသုံးမိရာမှ အော့အန်ပြီး သတိလစ် မေ့မြောခဲ့ရာ ကောလင်းမြို့နယ် ကုက္ကိုကုန်း ကျေးရွာ ကျန်းမာရေး ဆေးပေးခန်းမှ တစ်ဆင့် ခံသာကျေးရွာ တိုက်နယ် ဆေးရုံသို့ ဆေးဝါးကုသမှု ခံယူနိုင်ရန် အတွက် ပို့ဆောင် ခဲ့ရကြောင်း၊ ၎င်းဆေးရုံမှ တစ်ဆင့် ည ၇နာရီတွင် ကန့်ဘလူ ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရာ ၎င်းဆေးရုံတွင်  သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါ သေဆုံးမှုအား မည်သည့်အတွက်ကြောင့် သေဆုံး ခဲ့ရသည်ကို စိစစ် ဆောင်ရွက်နိုင်ရန် ရဲအုပ် ဆန်းဝင်းက ကန့်ဘလူမြို့မ ရဲစခန်း သေမှုသေခင်း အမှတ်စဉ် ၁၄/ ၂ဝ၁၃ အရ အမှုဖွင့် ၍ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။                  
ကိုတိုးကြီး

မြဝတီ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...