Wednesday, September 4, 2013

စစ်တပ်နှင့်ရဲ လူငယ်တွေ ဘယ်လောက်ဝင်ချင်သလဲ


Wednesday, September 4, 2013

မြန်မာနိုင်ငံ၏ ဒီမိုကရေစီအစိုးရသစ်လက်ထက်တွင် ‘နိုင်ငံရေးအကျဉ်းသား’ ဟူသည့် ဝေါဟာရကို အစိုးရတာဝန်ရှိသူများကပင်လျှင် လက်ခံပြောဆို လာကြပြီး၊ ‘အသက် ၁၈နှစ် မပြည့်သေးပါက တပ်မတော်မှလက်မခံ ပါ’ဆိုသည့် ပိုစတာကြီးများ၊ ‘၁၈ နှစ် မပြည့်သေးသောကလေးအတွက် ဘာရွေးချယ်ပေးမှာလဲ’၊ ‘ကျောင်းစာ သင်ပေးမှာ လား၊ စစ်တိုက်ထွက် ခိုင်းမှာလား’ အစရှိသည့် စာသားများပါရှိသော ပိုစတာကြီးများကိုလည်း အများသူငါ မြင်သာသည့်နေရာများတွင် စိုက်ထူ လာကြလေပြီ။ အပြောင်း အလဲတွေ စတင်နေသည်ကတော့ သေချာ၏။

သို့သော် မြန်မာလူငယ်များအနေဖြင့် တပ်မတော်၊ ရဲတပ်ဖွဲ့ အစရှိသည့် လက်နက်ကိုင်အဖွဲ့အစည်းများအပေါ်တွင် မည်မျှစိတ်ဝင်စား ကြလေသနည်း။ ယင်းအဖွဲ့အစည်း များသို့ ဝင်ရောက်လိုစိတ် မည်မျှရှိကြလေသနည်း။ စိတ်ဝင်စားဖွယ်ရာမေးခွန်းများပင် ဖြစ်ပါသည်။ ထို့ကြောင့် ယင်းမေးခွန်းများနှင့်ပတ်သက်၍ ရန်ကုန်မြို့တွင်း၊ မြို့ပြင်၊ နယ်မြို့အချို့မှ လူငယ်အချို့၏ အမြင်များကို Popular News ကလက်လှမ်းမီသလောက် တွေ့ဆုံမေးမြန်းခဲ့ပါသည်။ အသေးစိတ်စစ် တမ်းကောက်ယူခဲ့ခြင်း မဟုတ်ေ သ်ာငြား တစ်ဖက်တစ်လမ်းကတော့ အထောက်အကူဖြစ်လိမ့်မည်ဟု ယူဆမိပါ၏။

မောင်ထင်ပေါ်ဦး (ဆေးတက္ကသိုလ် -၁)
စမ်းချောင်းမြို့နယ်၊ ရန်ကုန်

ဆယ်တန်းအောင်ကတည်းက ဆေး တက္ကသိုလ်ကိုရွေးဖြစ်တယ်။ အခုတတိယ နှစ်ရောက်နေပါပြီ။ အစကတော့ ရေ ကြောင်းသိပ္ပံကို ပထမရွေးဖြစ်တာပါ။ကိုယ့်ဝါသနာနဲ့မကိုက်ညီတာကြောင့်ပါ။ ကျွန်တော့်အမှတ်က စစ်/ဆေးကိုလည်း ကျော်ပါတယ်။ စစ်တပ်နဲ့ပတ်သက်တာ တော့ အရင်ကတည်းကဦးစားပေးဆိုပြီး မစဉ်းစားခဲ့ဘူး။ ဆရာဝန်လိုင်းကိုတော့ ရည်ရွယ်ချက်ရှိလို့ ရွေးချယ်ခဲ့တာပါ။ အခု တလော ဆရာဝန်အလုပ်တွေ အများကြီး ခေါ်တာ တွေ့ရလို့ ဝမ်းသာပါတယ်။ အခုက ကိုယ်ဝါ သနာပါတဲ့ ဆရာဝန် အလုပ်ကို ရွေးပြီးလုပ်တာဆိုတော့ ကိုယ့် နိုင်ငံအတွက် တစ်ဖက်တစ်လမ်းက ကူ ညီရာလည်း ရောက်တယ်လို့ ထင်ပါတယ်။ နောင်မှာ စစ်ပညာတွေဘာတွေ မသင် မနေရသင်ရမယ်ဆိုရင်တော့ တိုင်းပြည် အတွက်မို့ လူငယ်တိုင်းမှာ တာဝန်ရှိ တယ်လို့ ခံယူပါတယ်။ တောင်ကိုရီးယား မှာဆိုရင် လူငယ်တွေ စစ်မှုမထမ်းမနေ ရဆိုတော့ စစ်မှုထမ်းကြတာကို တွေ့နေရ တာပဲ။ မိတ်ဆွေ သူငယ်ချင်းထဲမှာတော့ DSA တက်နေတာရှိပါတယ်။ စစ်ပညာ သင်တဲ့ သုံးနှစ်အတွင်းမှာ အတော်လေး ပြောင်းလဲသွားတာတွေ့ရတယ်။ ကျန်တဲ့ သူငယ်ချင်းတွေလည်း အပြင် လောကထဲ ရောက်နေကြပါပြီ။

မောင်သန်းဆွေဦး (ဆိုင်အကူ)
မြိုင်မြို့နယ်၊ မကွေးတိုင်းဒေသကြီး

ကျွန်တော်က အသက် ၁၆ နှစ် ကျော်သွားပြီ။ ဆယ်တန်းကို တစ်နှစ်ဖြေ ပြီးရှုံးခဲ့တာ။ ဖြစ်နိုင်ရင် စစ်တပ်ထဲဝင်ချင် တာ။ လာမယ့်နှစ်ကို ဆယ်တန်းပြန်ဖြေ မယ်။ စစ်တိုက်ချင်တယ်။ ကျောင်းပြန် တက်ဦးမယ်။ ဒုရဲအုပ်တို့ ရဲတို့နဲ့ ကျန်တဲ့ လိုင်းတွေထဲလည်း ဝင်ချင်တဲ့ ဆန္ဒရှိပါ တယ်။ ငယ်ငယ်ကတည်းက စိတ်ဝင်စား တာပါ။ ပခုက္ကူမှာ နေတုန်းကတည်းက စစ်သားတွေကို မြင်ဖူးတယ်၊ တွေ့ခဲ့ဖူး တယ်လေ။ တကယ်လို့ စစ်ထဲမဝင်ဖြစ် ဘူးဆိုရင် ကိုယ်ပိုင် စီးပွားရေးတစ်ခု လုပ် ချင်တယ်။ ဆိုင်ပိုင်ရှင်ဖြစ်အောင် လုပ်ချင် တယ်။ ကျောင်းဆရာတွေဘာတွေတော့ မလုပ်ချင်ပါဘူး။ မိဘတွေက လယ်လုပ် ကြတယ်ဆိုပေမယ့် ကျွန်တော်က စစ်ထဲ ဝင် စစ်တိုက်။ စစ်ဗိုလ်ရရင်လည်း ရပေါ့။ ဆယ်တန်းအောင်ရင် စစ်ထဲဝင်မယ်လို့ တော့ အဖေ့ကို ပြောပြဖူးတယ်။ စစ်ဗိုလ် လုပ်မယ်လို့။ တိုက်ပွဲတွေဘာတွေ ဝင်ရ မယ်ဆိုလည်း မကြောက်ပါဘူး။ စစ်တပ် ထဲဝင်ရမှာ မကြောက်ပါဘူး။ အခုက ရန်ကုန်မှာ ဦးလေးရဲ့ လက်ဖက်ရည်ဆိုင် မှာ ဆိုင်အကူအဖြစ် လာပြီးလုပ်နေတာပါ။

မောင်စည်သူကျော် (ညောင်တုန်း)
ကျောင်းပြီးရင် ဘာလုပ်ဖို့စိတ်ကူး

ထားတယ်လို့တော့မရှိသေးပါဘူး။ကျောင်းက second year ပဲ ရှိသေးတယ်။ ဆယ် လပိုင်းမှာ မအူပင်တက္ကသိုလ်ကို အဝေး သင် သွားရမှာ။ ဖြစ်ချင်တာက စိတ်ကူးထဲ တွေးထားဖူးတာက သီချင်းဆိုရတာ ဝါသနာပါတယ်။ ပြီးတော့ သိပ်မကြာခင် ပဲ ဆိုဖြစ်မှာပါ။ အောင်မြင်တဲ့အဆိုတော် တစ်ေ ယာက် ဖြစ်ချင်တယ်။ ငယ်ငယ်တုန်း က ဖြစ်ချင်ခဲ့တာတော့စစ်ဗိုလ်ပါ။ ဒါပေမဲ့ အကြောင်းကြောင်းကြောင့် မဖြစ်ခဲ့ရပါ ဘူး။ ဘယ်လိုပြောရမလဲဆိုတော့ ဆယ်တန်းေ အာင်တော့ အဲဒီနှစ်က ကျွန်တော် က ၁၈ နှစ်မပြည့်သေး ဘူး။ ပြည့်ဖို့ ၃ လလို သေးတယ်။ ဖောင်မထုတ်ပေးခဲ့ဘူး။လျှောက်လို့မ ရဘူးလို့ တပ်ကြပ်ကြီး တစ် ယောက် က ပြောခဲ့ပါတယ်။ ခု အသက် ၂ဝ။ နိုင်ငံအတွက် ကာကွယ်ရေးအတွက် စစ်သားဘဝကိုလည်း အရမ်းကြိုက်လို့ ပါ။ လေးစား တယ်။ နိုင့်ငံအတွက်လည်း အကျိုးပြုနိုင် တဲ့သူဖြစ်ချင်ခဲ့တာပါ။ စစ် ဗိုလ်တွေကို အားကျတယ်။ ခုလည်းကျန် တဲ့ အာဏာပိုင်အဖွဲ့အစည်းတွေ ကနေ နိုင်ငံ့ဝန် ကို ဖြစ်နိုင်ရင်ထမ်းဆောင်ချင် ပါတယ်။ အခွင့်ရှိခဲ့ မယ်ဆိုရင်ပေါ့။ နိုင်ငံ အဖွဲ့အစည်းတစ်ခုထဲက ဝန်ထမ်းပေါ့။ပထမနှစ်တက်ပြီး ပြန်လာတော့နေပြည် တော်မှာ စသုံးလုံးဖြေဖို့ လုပ်သေးတယ်။ အမေကစိတ်မချလို့ မလွှတ်ခဲ့ပါဘူး။အဲလို ကိုယ်လုပ်ချင်တဲ့ စစစတို့၊ စစ်ဗိုလ်တို့ကို မလုပ်ရတော့ စိတ်ထဲ အရမ်းဝမ်းနည်းခဲ့ရ တယ်။ ကိုယ်ဘာကြောင့် မဖြစ်ခဲ့လဲဆိုပြီး အမြဲကိုယ့်ကိုယ် ကိုယ် ပြန်မေးမိပါတယ်။ ခုတော့ သီချင်းဆိုဖြစ်အောင် ကြိုးစား ခဲ့တယ်။ ကျောင်းပဲဆက်တက်ခဲ့တယ်။ ခု သီချင်းဆိုဖို့ကတော့ လုပ်နေခဲ့တာကြာ ပါပြီ။ အာမခံချက်ရှိဖို့ လည်း မျှော်လင့် ထားပါတယ်။ ပရိသတ်လက်ခံတဲ့ အဆို တော်တစ်ယောက်ဖြစ်ဖို့ ကြိုးစားမှာပါ။ အချိန်တစ်ခုမှာ နိုင်ငံက စစ်ရေးအတွက် လိုအပ်တာမျိုးရှိရင် တာဝန် ထမ်းဆောင်ဖို့ တိုက်ဆိုင်လာရင်လည်း ဖြစ်နိုင်တဲ့ဘက်ကနေပေးဆပ်ဖို့အသင့်ပါပဲ။ စစ်ပညာ သင်ရမယ်ဆိုတာမျိုး ဖြစ်လာရင်လည်း လုပ်သင့်ပါတယ်။ အရေးအကြောင်း ဆို စစ်ပညာတတ်ထားတော့ ကောင်းတာ ပေါ့။ နိုင်ငံရေးပါ တီတွေထဲကနေ နိုင်ငံ့ တာဝန်ထမ်းဆောင်ချင်တာတော့ မဟုတ် ဘူး။ ပါတီဆိုရင် အားမပေးဘူး။

မသိန်းသိန်း
(Economics, second year )
ကျောက်ဆည်အဝေးသင် တက္ကသိုလ်

ဒေါ်မြခင်ဖိနပ်ဆိုင်၊ အရောင်းစာရေး၊ ပျဉ်းမနားမြို့၊ ငကောင်းကန်ကျေးရွာ၊ အလျှင်လို ကျေးရွာအုပ်စု
အားကစားဆိုရင်တော့ ပြေးတာကို ဝါသနာပါပါတယ်။ သီချင်းဆိုရတာလည်း ဝါသနာပါတယ်။ ရုပ်ရှင်ဆိုရင် တရုတ် ကားတွေ ကြိုက်တယ်။ ဂျက်လီတို့၊ ဂျက် ကီချန်းတို့ကို ကြိုက်တယ်။ ပြည်သူတွေ ကို ကာကွယ်တဲ့ စောင့်ရှောက် တဲ့ သူရဲ ကောင်း ဇာတ်လမ်းတွေကိုလည်း ကြိုက် တယ်။ တပ်မတော်တို့ ရဲတပ်ဖွဲ့တို့ထဲ ဝင်ပြီး ပြည်သူတွေကို ကာကွယ်ပေးဖို့ ကျတော့ အဲလိုမျိုးမကြိုက်ဘူး။ အပြင် ကနေ ပြည်သူတွေကို လိုက်ကာကွယ် ပေး တာပဲ ကြိုက်တယ်။ တပ်မတော်တို့ ရဲတပ်ဖွဲ့တို့မှာ ကျွန်မအနေနဲ့ တာဝန် ထမ်းဆောင်ချင်တဲ့စိတ် မရှိဘူး။ အစ်ကို ဝမ်းကွဲတစ်ယောက်တော့ DSA ဆင်းပြီး တပ်ကုန်းမှာ တာဝန်ထမ်းဆောင်နေတာ တော့ ရှိတယ်။ သူက တပ်မတော်မှာ တာ ဝန်ထမ်းဆောင်နေရတဲ့ အကြောင်းတွေ ကို သိပ်ပြီးမပြောဘူး။ ရွာကို တစ်ခါတ လေ အလည်လာမှပဲ တွေ့ရတယ်။ ညီမ လေးအနေနဲ့ အစိုးရဝန်ထမ်းတော့ မလုပ် ချင်ဘူး။ ပရဟိတလုပ်ငန်းတွေပဲ လုပ်ချင် တယ်။

နာရေးကူညီမှုလုပ်ငန်းတွေမှာ ပေါ့။ ဆွေးမျိုးထဲမှာ စစ်တပ်တို့ ရဲတပ်ဖွဲ့ တို့က မဟုတ်ဘဲ၊ အစိုးရဝန်ထမ်းလုပ်နေ တာမရှိပါဘူး။ ညီမရဲ့သူငယ်ချင်း ယောက်ျား လေးနှစ်ယောက်ကတော့ DSA တက် နေတယ်။ မိန်းကလေး တစ်ယောက်က တော့ သူနာပြုတက်နေတယ်။ အစိုးရလုပ် ငန်းဆိုတာ ကတော့ ပုံသေပေါ့နော်။ ပုဂ္ဂလိကလုပ်ငန်းကတော့ ခဏပေါ့နော်။

ပုံသေမရှိဘူးပေါ့။ ပျက်ချင်လည်း ပျက် သွားနိုင်တာပေါ့။ ကိုယ့်အနာဂတ်ရည် မှန်းချက်အတွက်လည်း မရှိနိုင်ဘူးပေါ့ နော်။ အစိုးရဝန်ထမ်းက ကောင်း ပါတယ်။ ရေရှည် အတွက်လည်း ကောင်းပါတယ်။ကိုယ်ရဲ့အနာဂတ်ပေါ့။ လုပ်ငန်းတစ်ခုကို လည်း တည်တည်ငြိမ်ငြိမ်နဲ့ လုပ်နေနိုင်ပါ တယ်။ ညီမလေးအနေနဲ့အခု စီးပွားရေး တက်လို့ဘွဲ့ ရပြီးရင်တော့ ကျောင်းဆရာမ (TTC) ထပ်ပြီးတော့ တက်ချင်ပါတယ်။

မမီမီကျော် (မန္တလေး)
ကျောင်းကတော့ GTC တက်နေ ပါတယ်။ B.Tech တန်းပါ။ ဘီအီးထိ ပါရင် ဘီအီးထိတက်မယ်၊ အမ်အီးပါရင် အန်မ်အီးထိ တက်မယ်။ ရည်ရွယ်ထား တာတော့ ဒီပညာနဲ့ပဲ အသက်မွေးဝမ်း ကျောင်းပြုမယ်လို့ ရည်ရွယ် ထားတာပဲ။ ပြည်ပတွေ ဘာတွေလည်း ထွက်ဖို့မရှိပါ ဘူး။ ဒီမှာ ပဲ အေးအေးဆေးဆေး လွတ် လပ်လပ်ပဲနေမယ်။ ပြီးမှ ပြောင်းလဲလာ တဲ့အပေါ်မှာမူတည်ပြီး ပြောင်းချင်လည်း ပြောင်းသွားမှာပေါ့။ အစိုးရလုပ်ငန်း လည်း အခြေအနေပေးရင် လုပ်ဖြစ်မှာ ပါ။ ဘာပဲဖြစ်ဖြစ်ပေါ့။ ကိုယ်တိုင် လုပ်ချင် တာ ရည်ရွယ်ထားတာတော့ ရှိတယ်။ ဖျော်ရည်လုပ်ငန်းတွေလည်း လုပ်ချင် တယ်။ စိတ်ကူးထားတာပေါ့။

ရဲမေတို့ စုံ စမ်းထောက်လှမ်းရတဲ့ လုပ်ငန်းတွေလည်း စိတ်ဝင်စားပါ တယ်။ ဖြစ်နိုင်ရင်တော့ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ နိုင်ငံတော် အတွက် တစ်ထောင့်တစ်နေရာကပဲ ဖြစ် ဖြစ်ပေါ့။ လုပ်ချင်ပါတယ်။ ကာကွယ်ရေး ပဲဖြစ်ဖြစ် ဒါမှမဟုတ်လည်း အစိုးရဝန် ထမ်းပဲ ဖြစ်ဖြစ်ပေါ့။
အဆင်ပြေတဲ့နေရာ ကနေ ပါဝင်ရမယ်ဆိုလည်း ပါဝင်ချင်ပါ တယ်။ တတ်နိုင်သလောက်ပေါ့။ ပတ်ဝန်း ကျင်မှာဆို အရမ်းကောင်းပြီး လေးစား အား ကျရတဲ့ ဝန် ထမ်းတွေရှိသလို အနိုင် ကျင့်ပြီး လာဘ်စားနေတဲ့ ဝန်ထမ်းတွေ လည်း တွေ့ဖူးတယ်လေ။ အရမ်းအားကျ ရတဲ့ ဝန်ထမ်းဆိုရင် ဥပမာ မေမေပေါ့။ ကိုယ့်အမေမို့ ကိုယ်ပြော တာတော့မဟုတ် ဘူး။ ဝန်ထမ်းကောင်းပီသတယ်လို့ ထင် တယ်။ အမေက ကျောင်းဆရာမပါ။ စာ သင်ရင် စေတနာပါပါနဲ့ သင်တယ်။ ကလေးအပေါ်မှာလည်း ဂရုတစိုက်ရှိ တယ်။ လာဘ်ပေးလာဘ်ယူတာတွေ ဘာမှမရှိဘူးလေ။ ဝန်ထမ်းကောင်း ပီသ တယ်။ မေ့မေ့ကိုအားကျတယ်။ လာဘ် စားတဲ့ဝန်ထမ်းဆိုရင်လည်း သိသာ တယ်။ အငယ်တွေတော့ သိပ်မတွေ့ဖူးဘူး။ များ သောအားဖြင့် အကြီးပိုင်းတွေပေါ့။ အများကြီးတော့ အပြစ်မပြောလိုပါဘူး။

များသောအားဖြင့် ကျွန်မတို့ က ကျောင်း သူဆိုေ တာ့ ကျောင်းတွေမှာ အများဆုံး တွေ့ရတယ်။ ကျွန်မ ရဲပဲဖြစ်ဖြစ် အစိုးရ ဝန်ထမ်းပဲဖြစ်ဖြစ် ကိုယ်ပိုင် လုပ်ငန်းတစ်ခု ခုပဲလုပ်လုပ် လာဘ်ပေးလာဘ်ယူတာတွေ ဘာမှ မလုပ်ဘူး။ ကိုယ်ပိုင် မှန်မှန်ကန် ကန်နဲ့ လုပ်ငန်းတိုးတက်အောင် လုပ် မယ်။ လုပ်ငန်းတွေ အဆင်ပြေတိုးတက် အောင်လုပ်မယ်။

မဖြူဖွေးသန့် (ပထမနှစ်၊ ဥပဒေ)
အသက်က ၁၈ နှစ်ထဲမှာပါ။ တကယ်တမ်းတက်ချင်တာကတော့ GTC တက်ချင်တာပေါ့။ ဒါပေမဲ့လည်း ကိုယ်မီတဲ့အမှတ်နဲ့ပဲ တက်ဖြစ်တာပါ။ ပြီးတော့ ကျောင်းပြီးတာနဲ့ အလုပ်ရလွယ်တယ်လို့ သိထားတယ်။ နောက်ပြီး လေ့လာထား သလောက်က ကမ္ဘာ့အဆင့်ခြောက်မှာရှိ တယ်လို့ သိထားတယ်။ အဲ့ဒါကြောင့် Law ကို တက်မယ်ဆိုပြီး ရွေးချယ်ဖြစ် တာပါ။ စိတ်လည်း စိတ်ဝင်စားတယ်။ ကျောင်းပြီးသွားရင်တော့ အခြေအနေအရ ပဲ။ ဘာဖြစ်လာမယ်တော့ မသိဘူး။ တ ကယ်လို့ နိုင်ငံတော် ကာကွယ်ရေးပဲဖြစ် ဖြစ် အစိုးရဝန်ထမ်းပဲဖြစ်ဖြစ်ပေါ့။

တစ် ထောင့်တစ်နေရာကနေ ပါပါဆိုရင်လည်း ပါဖို့အသင့်ပါ။ ဘာဖြစ်ဖြစ်လုပ်မှာပါ။ စုံ စမ်းထောက်လှမ်းရ တာကိုလည်း စိတ် ဝင်စားပါတယ်။ နိုင်ငံတာဝန်ကိုတစ် ထောင့်တစ်နေရာကနေ ထမ်းဆောင်ချင် ပါတယ်။ နိုင်ငံ့ ဝန်ထမ်းကောင်းတစ် ယောက်ဖြစ်အောင် ကြိုးစားချင် ပါတယ်။ ကျွန်မတို့ပတ်ဝန်းကျင်မှာဆို လာဘ်စား တဲ့ ဝန်ထမ်းတွေလည်းတွေ့နေရတာပဲ။အ အမြဲတမ်းမဟုတ်တောင် တစ်ခါတလေ တော့ တွေ့နေရ တာပဲ။ တွေ့နေေ ပမယ့် လည်း အပြစ်တော့မပြောလိုပါဘူး။ သူတို့ အကြောင်းနဲ့ သူတို့တော့ ရှိမှာပဲလေ။ ကိုယ့်အလှည့်တော့ အကောင်း ဆုံးဖြစ် အောင်ကြိုးစားမယ်။ တကယ်တမ်း လေး စားအားကျရတဲ့ ဝန်ထမ်းမျိုးဖြစ်ချင်ပါ တယ်။ ဝန်ထမ်းတွေထဲမှာဆို အနီးစပ်ဆုံး အဖေ့ကို အားကျတယ်။ လာဘ်ပေး လာဘ် ယူမှုလည်း မရှိဘူး။ အေးအေးဆေးပဲ ဘဝကို ဖြစ်သန်းတယ်။ ကိုယ့်အလုပ်လို သဘောထားတယ်။ သူများအကျိုးကို ရှေ့ တန်းတင်ပြီး လုပ်ပေးတာများ တယ်လေ။ကျွန်မ ကိုယ်တိုင်လည်း အဲ့လိုဝန် ထမ်းမျိုး ဖြစ်အောင် ကြိုးစားမယ်။ တော်တော် များများကို လေ့လာနေပါ တယ်။ အခု ကျွန်မတက်နေတဲ့ ဘာသာဆိုလည်း အ များကြီးလေ့လာ ထားပါတယ်။ အစိုးရ ဝန်ထမ်းပဲဖြစ်ဖြစ် ကိုယ်ပိုင်လုပ်ငန်းပဲ ဖြစ်ဖြစ် အဆင်ပြေတာကို လုပ်သွား မှာပါ။ တကယ်တမ်း ဖြစ်ချင်ခဲ့တာက အဆိုတော်တစ်ယောက်ပါ။ ဒါပေမဲ့ လည်း ပေးလာ တဲ့အခြေနေပေါ်မှာ မူ တည်ပြီး လုပ်ရတာပေါ့။ စုံစမ်းထောက် လှမ်းရတဲ့လုပ်ငန်းတွေလည်း စိတ်ဝင်စား တယ်လေ။ ဘဝမှာတော့ အေးအေးချမ်း ချမ်းနဲ့ ပျော်ပျော်
ရွှ င်နေရရင် ကျေနပ်ပါပြီ။

မောင်အောင်ခန့် ကျော် (ပုသိမ်မြို့)

ကျွန်တော်က Phone Service လုပ်ငန်းလုပ်ချင်တာကြောင့် ပထမနှစ်တက်နေတဲ့ကြားက ကျောင်းကထွက်လိုက် တယ်။ ရန်ကုန်မှာ Phone နဲ့ ပတ်သက် တဲ့ သင်တန်းေ တွတက်ပြီး အခု အလုပ် ဝင်နေတယ်။ တပ်မတော်နဲ့ ရဲဝန်ထမ်း လိုမျိုး အစိုးရအလုပ်ကိုတော့ မလုပ်ချင် ပါဘူး။ အစိုးရဝန်ထမ်းက တိုးတက်မှု နည်းတယ် လို့ထင် တယ်။ကိုယ်လုပ်သ လောက်ကိုယ်ပင်ပန်းသလေက် ငွေကြေး မရဘူး။ အပြင်လုပ်ငန်းက ကိုယ်ကြိုး စားရင် ကြိုးစားသလောက်ရတယ်။ အလုပ်လုပ် တတ်ရင် သိပ်ပြီး စိုးရိမ်စရာ မရှိပါဘူး။ ကျွန်တော်မြင်တာက တပ်မ တော်တို့ ရဲတပ်ဖွဲ့တို့က ၈၈ ခုနှစ် နောက်ပိုင်း လူတွေ အမြင်မကြည်ကြ သလိုတွေးမိ တယ်။ အဲဒီအတွက်လည်း အစိုးရ တပ်တွေနဲ့ ရဲဝန်ထမ်းအလုပ်ကို လုပ်ချင်စိတ်မရှိပါဘူး။ အဲဒီအုပ်ချုပ်ရေး၊ ကာကွယ်ရေးပိုင်းနဲ့ ပတ်သက်လို့ မြင်ဖူး သလောက်လည်း လေးစားလောက်သော သူကို ကျွန်တော် မတွေ့ဖူးပါ။ အဖေနှင့် အမေအစိုးရဝန်ထမ်းဖြစ်သလို အမျိုးတွေ ထဲတွင်လည်း ဝန်ထမ်းအများကြီးရှိခဲ့ တယ်။ ဒါပေမဲ့ ရတဲ့လစာနဲ့လည်း ကိုယ် ပိုင်မြေတို့ အိမ်လေးတစ်လုံးပိုင်ဖို့ဝေးတယ်။ ကျွန်တော်တို့ ငယ်ငယ်တည်းက စားရေး သောက်ရေးတောင် လုံလောက်ခဲ့တာ မဟုတ်ဘူး။

အဖေဆုံးပြီးနောက်ပိုင်းမှာပို ဆိုးလာတယ်။ အမေက စာရေးဝန်ထမ်းဆို တော့လည်း သူရတဲ့လစာကို မျှတသုံး နေရတော့ ကျောင်းပညာကို ဆက်သင်ဖို့ အများကြီးအခက်အခဲတွေ့ လာရပါတယ်။ ညီတစ်ယောက်က ဒီနှစ် ဆယ်တန်းတက် နေပြီ။ ဒီအတွက် တစ်ဖက်တစ်လမ်းကနေ အကူအညီရဖို့အတွက် ကျွန်တော် အလုပ် ကြိုးစားရတယ်။ ဝန်ထမ်းလုပ်ဖို့အတွက် မစဉ်းစားတတ်တော့ ဘူး။

အောင်ထက် (NYK)
Popular Myanmar News Journal

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...