Tuesday, December 31, 2013

သံယောဇဉ်ခိုင်မြဲရင် အချစ်တစ်ခု ပြိုကွဲဖို့ဆိုတာ မဖြစ်နိုင်ဘူး ကောင်းခန့်



31 DECEMBER 2013

လူရယ်လို့ ဖြစ်လာရင် အချစ်ဆို တာကို မခံစားတတ်သူ မရှိသ လောက်ရှားမယ် ထင်ပါတယ်။ တချို့ ကတော့လည်း ပိုင်ဆိုင်ရမှ အချစ်၊ မပိုင်ဆိုင်ရဘဲ ခွင့်လွှတ် အနစ်နာခံ တာကိုလည်း အချစ်လို့ဆိုပြန်ပါ တယ်။ အချစ်ဒဿန ဆရာတွေက အချစ်ကို အမျိုးမျိုး အဓိပ္ပာယ်ဖွင့်ဆို ကြသလိုချစ်ခြင်းနဲ့ အိမ်ထောင်ပြု ခြင်းကြားမှာ ဘယ်လို ဆက်နွယ်မှု တွေရှိနေလဲ အနုပညာ ရှင်တွေကို တီးခေါက်ကြည့်တဲ့ အခါ...

မြင်မြင်ချင်း ချစ်တယ်ဆိုတာ ယုံတာပေါ့

မြင်မြင် ချင်းချစ်မိတယ် ဆိုတာ ယုံပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြင်မြင်ချင်းချစ်မိတယ်ဆိုကတည်းက ခံစားမှုတစ်ခုပဲလေ။ အချစ်ဆိုတာ ကလည်း ခံစားမှုတစ်ခုပဲ ဆိုတော့ ခံ စားမှုကနေ ဖြစ်ပေါ်လာ တယ်ဆို တော့ မြင်မြင်ချင်း ချစ်တယ်ဆိုတာ လက်ခံပါတယ်။ ယုံလည်း ယုံကြည် ပါတယ်။ အပြင်မှာလည်း တကယ် ရှိပါတယ်။ လူတိုင်းမှာလည်း ရှိပါ တယ်။

ယုံကြည်ထားတဲ့ အချစ်ဆိုတာ နားလည်မှု၊ ပေးဆပ်မှု၊ လေးစားမှု၊ အားပေးမှုတွေ ပါဝင်ရမယ်

ကျွန်တော်ခံယူ ထားတဲ့ ကျွန် တော်တွေ့ကြုံရတဲ့ အချစ်မျိုးကတော့ တစ်ယောက်နဲ့ တစ်ယောက် အပြန် အလှန်နားလည်မှုရှိရမယ်။ ယုံကြည် မှု ရှိရမယ်။ လေးစားမှုတွေ ရှိရပါ မယ်။ တစ်ယောက် လိုအပ်ရင်၊ တစ် ယောက်က အားပေးကူညီသူဖြစ်ရ မယ်လို့ပဲ ကျွန်တော်သတ်မှတ်ထား ပါတယ်။

ကျွန်တော်က ရသစုံလင်အောင် ချစ်တတ်ပါတယ်

တချို့တွေက အချစ်ကို ရယူ ခြင်း ပေးဆပ်ခြင်း မျိုးတွေနဲ့ ချစ် တယ်ဆိုပေမယ့် ကျွန်တော်ကတော့ အချစ်ကို ရသစုံနဲ့ချစ် ပါတယ်။ အ ချစ်နဲ့ အိမ်ထောင်ပြုခြင်းမှာ ခြားနား ချက်ကွာဟ ချက်တွေတော့ ရှိပါတယ်။ အချစ်တစ်ခု ခိုင်မြဲလာပြီဆိုရင် ရေ ရှည်မှာ သံယောဇဉ် ဆိုတာဖြစ်တည် လာပါတယ်။ အဲဒီအချိန်မှာ အချစ် တစ်ခုပြိုကွဲဖို့ဆိုတာ မဖြစ်နိုင်တော့ ဘူး။ တခြား အကြောင်းအရာတွေ ကြောင့်သာ ပြိုကွဲရင်ပြိုကွဲမယ်။ သံ ယောဇဉ်ကြောင့် ပြိုကွဲ သွားတာမျိုး တော့မဖြစ်နိုင်တော့ဘူး။ အဲဒီလို သံယောဇဉ်တွေ ခိုင်မြဲလာပြီး တစ် ယောက်နဲ့ တစ်ယောက် မခွဲနိုင်တဲ့အ ခါ လက်ထပ်ချင်မိတဲ့စိတ်တွေ ဖြစ် လာမှာပဲ။ လက်ထပ်ပြီဆိုရင်လည်း ကိုယ်ချစ်တဲ့သူနဲ့သာ လက်ထပ်ဖြစ် ရင်အကောင်းဆုံး ပါပဲ။ အခုဆိုရင် အနုပညာရှင်တော်တော်များများ မင်္ဂလာပွဲသတင်းတွေကြားသိရပေ မယ့် ကျွန်တော့် အတွက် မင်္ဂလာ သတင်း ကတော့ မကြာခင်ကြေညာ ပါ့မယ်လို့ ပြောချင် ပါတယ်။

လမင်းမို့မို့သာ သူ့အကြောင်းကို ဒီလိုပြောတယ်


My Head - ခေါင်းမှာဆိုရင် ဆံပင်က အရေးကြီး ဆုံးပေါ့။ ဆံပင် ကိုအမြဲ ဂရုတစိုက် လုပ်ဖြစ်တယ်။ ပုံ စံမျိုးစုံပြောင်းနေတဲ့ အတွက် အရမ်း ဂရုစိုက် ရတယ်။

My Brain - လူတစ်ယောက် အတွက် ရုပ်ပိုင်းဆိုင်ရာကို စိတ်ပိုင်း ဆိုင်ရာနဲ့ ထိန်းချုပ်ပြီး ကောင်းမွန်စွာ ရပ်တည်နိုင်ဖို့ ဦးနှောက်က အရေး ပါဆုံးပါပဲ။ ဖြစ်သင့်၊ မဖြစ်သင့်၊ လုပ် သင့်၊ မလုပ်သင့်ကို ဦးနှောက် အဓိ ကထားပြီး ဆုံးဖြတ်ရတယ်။

My Eyes - မျက်လုံးက လူ့ ဘဝအတွက်အရမ်းအရေးကြီးတယ်။ အမြင်အာရုံမရှိရင် လောကကြီးတစ် ခုလုံးမှောင်မည်းပြီးအရာရာအသက် မဲ့သွားမယ်ထင်တယ်။

My Ears - နားကိုတော်တော် လေးအသုံးချဖြစ်တယ်။ ဖုန်းပြော တယ်။ သီချင်းနားထောင်တယ်။ နား ကပ်အကြီးကြီးနဲ့ အလေးကြီးတွေ ဆွဲဖြစ်တယ်။

My Nose - နှာခေါင်းကတော့ ပြင်ရင်ကောင်းမလား စဉ်းစားနေ တယ်။ ကိုယ့်ကိုယ်ကိုယ် နှာခေါင်း သိပ်မလှဘူးလို့ ခံစားနေရလို့ပါ။

My Mouth - သီချင်းတွေ အ များကြီးသီဆိုနိုင်ဖို့အတွက် ဂရုစိုက် ရတယ်။ အဆိုတော်တစ်ယောက်အ တွက်အရေးပါဆုံးလို့ပြောလို့ရတယ်။

My Teeth - စားချင်တာတွေ ကို အမုန်းဆွဲနိုင်ဖို့ သွားတွေကို ဂရု စိုက်နေတယ်။ သွားလည်းခဏခဏ တိုက်ဖြစ်ပါတယ်။

My Neck - လည်တိုင်လေး အမြဲသန့်ရှင်းပြီး စင်းနေမှရင်ပြတ် တွေ ဝတ်ရင် အဆင်ပြေနိုင်မယ်။

My Shoulder - ကိုယ့်ပခုံး လာမှီတာကို မကြိုက်ဘူး။ သူများ ပခုံးတော့မှီချင်တယ်။ အပျင်းကြီး တာပေါ့။

My Heart - ဒီနှလုံးသား ကြောင့် ခဏခဏ ဒုက္ခရောက်နေ တယ်။

My Hands - အမြဲတမ်းအ သုံးပြုနေရတယ်လေ။ အရမ်းအလုပ် ပေးနေရတယ်။

My Legs - လီဗာနဲ့ဘရိတ် မှားပြီး မနင်းရအောင် အမြဲဂရုစိုက် ရတယ်။

My Money - ကိုယ်ဖြစ်ချင် တာတွေ၊ လုပ်ချင်တာတွေ လုပ်နိုင် ဖို့များလေ ကောင်းလေပဲ။

My Work - အနုပညာအ လုပ်မှာရော စီးပွားရေးအလုပ်မှာပါ စေတနာအမြဲထားပါတယ်။

My Lover - နားလည်မှု အ ပြည့်အဝပေးတဲ့ချစ်သူဖြစ်စေချင် တယ်။

My Hobby - ပညာရေးနဲ့ စီး ပွားရေးကို လုပ်နေပြီး ကိုယ့်ဝါသနာ ဖြစ်တဲ့ အနုပညာကို ဇောက်ချမလုပ် နိုင်ပေမယ့် အချိန်တစ်ခုပေးပြီး အ ကောင်အထည်ဖေါ်တော့ မယ်လို့ ဆုံးဖြတ် ထားပါတယ်။

My Aim - ရည်ရွယ်ချက်က တော့ အောင်မြင်တဲ့ စီးပွားရေးလုပ် ငန်းရှင် တစ်ယောက်အဖြစ်ရော၊ ပရိ သတ်လက်ခံတဲ့ အနုပညာရှင်တစ် ယောက်အဖြစ် ပါရပ်တည်ချင်တယ်။

လပွတ္တာမြို့နယ် ကန်ဘဲ့မြို့မ ကျေးရွာတွင် ရွာလုံးကျွတ်နီးပါး မီးလောင်ကျွမ်းမှု ဖြစ်ပွားပြီး လူ ၂၀ ကျော် ဒဏ်ရာရရှိ

  Tuesday, 31 December 2013


လပွတ္တာမြို့နယ် ကန်ဘဲ့မြို့မကျေးရွာတွင် မီးလောင်မှု ဖြစ်ပွားပြီးနောက် ဒီဇင်ဘာ ၃၀ ရက် နံနက်က တွေ့ရစဉ်

လပွတ္တာမြို့နယ် ကန်ဘဲ့ရွာမ ကျေးရွာတွင် ဒီဇင်ဘာ ၃၀ ရက် နံနက် ၂ နာရီခန့်က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူနေအိမ်နှင့် ဈေးဆိုင်ခန်းများ ၃၅၀ ကျော် မီးလောင်ကျွမ်းကာ လူဦးရေ ၁၅၀၀ ကျော် မီးဘေးဒဏ် သင့်ခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်ပွားပုံမှာ အဆိုပါနေ့ နံနက် ၂ နာရီခန့်တွင် ကန်ဘဲ့ရွာမကျေးရွာ အမှတ် (၄) ရပ်ကွက်ရှိ ဦးဝတုတ် ဆိုသူ၏ မုန့်ဟင်းခါး ပြုလုပ်ရောင်းချရာ နေအိမ်မှ စတင်မီးလောင် ကျွမ်းခဲ့ပြီး အနီးရှိနေအိမ် ဈေးဆိုင်တန်းများသို့ ကူးစက်ကာ ကျေးရွာရွာမကြီး တစ်ခုလုံး မီးကူးစက် လောင်ကျွမ်းခဲ့ကြောင်း၊ ကျေးရွာလူထုက မီးဝိုင်းဝန်း ငြှိမ်းသတ်မှုကြောင့် နံနက် ၆ နာရီခွဲကျော်တွင် မီးလောင်မှုကို ထိန်းသိမ်းနိုင်ခဲ့ပြီး နံနက် ၉ နာရီခန့်တွင် မီးငြိမ်းသွားကြောင်း၊ အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ကျေးရွာ၏ ရာခိုင်နှုန်း ၈၀ မှာ ပျက်စီးခဲ့ပြီး လူဦးရေ ၁၅၀၀ ကျော်မှာ မီးဘေးဒဏ် သင့်ခဲ့ရကြောင်း၊ မီးလောင်မှုကြောင့် လူသေဆုံးမှု မရှိခဲ့သော်လည်း လူ ၂၀ ဦးမှ ၃၀ ဦးဝန်းကျင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသခံများနှင့် မီးဘေးသင့် သူများကို သွားရောက် ကူညီသူများထံမှ သိရသည်။

“ရွာမကြီးတစ်ခုလုံး မီးလောင်သွားတာ၊ မီးလောင်တာကို ၀င်ငြှိမ်းရင်း ကျွန်တော့် သူငယ်ချင်း တစ်ယောက် ဒဏ်ရာရတယ်။ ခြောက်ချက်တောင် ချုပ်ရတယ်။ ကျွန်တော်က မနက်ပိုင်းမှ ရွာမှာမီးလောင်တယ် ဆိုတဲ့သတင်းကို ရလို့လိုက်သွားတာပါ။ အခုတော့ ကယ်ဆယ်ရေး လုပ်မယ့်အဖွဲ့တွေ ရောက်နေပါပြီ။ တစ်ရွာလုံးနီးပါးကို မီးလောင်သွားတာပါ။ လူသေဆုံးတယ်လို့တော့ မကြားပါဘူး” ဟု ဒီဇင်ဘာ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် ကန်ဘဲ့ကျေးရွာသို့ ရောက်ရှိခဲ့သူ ကုမ္ပဏီဝန်ထမ်း တစ်ဦးက ပြောကြားသည်။



မီးလောင်မှု ဖြစ်ပွားသည့် လပွတ္တာမြို့နယ် ကံဘဲ့မြို့မ ကျေးရွာအား တွေ့ရစဉ် ( ဓာတ်ပုံ-မင်းသူဝင်းထွဋ်)

“ကန်ဘဲ့မှာ မီးလောင်တယ်လို့ ကြားလို့ ဒီကနေ ကယ်ဆယ်ရေးတွေ လုပ်ရအောင် လူမှုရေးအဖွဲ့တွေနဲ့ NLD လူမှုထောက်ကူပြု အဖွဲ့က ဆရာဝန်တွေပါသွားပြီး ကူညီပါတယ်။ ကျေးရွာမှာ စာသင်ကျောင်းရယ်၊ ရဲစခန်းရယ်၊ ဘုန်းကြီးကျောင်းရယ် မီးမလောင်ပဲ ကျန်တယ်။ စာသင်ကျောင်းက ၀န်ထမ်းအိမ်ရာတော့ ပါသွားတယ်။ အခု ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းမှာ မီးဘေးသင့်သူတွေကို ကယ်ဆယ်ထားတယ်။ လူအသေအပျောက် မရှိဘူး။ လူ ၂၀ နဲ့ ၃၀ ကြားတော့ ဒဏ်ရာရတယ်။ မီးဘေးသင့်သူတွေကို ကယ်ဆယ်ကူညီဖို့ NLD၊ နာရေးကူညီမှုအသင်း၊ နှလုံးသားအသင်း၊ ရွှေမိုးစက် အဖွဲ့တို့က ထမင်းထုပ်တွေ၊ ခေါက်ဆွဲခြောက်ထုပ်တွေ၊ အ၀တ်အစားတွေနဲ့ သွားရောက်ကူညီ နေပါတယ်” ဟု လပွတ္တာမြို့ NLD ပါတီမှ ကိုကောင်းကောင်းက သွားရောက်ကူညီ သူများထံ ဆက်သွယ်မေးမြန်းပြီး ပြောကြားခဲ့သည်။

EMG

အာဏာရပြည်ခိုင်ဖြိုးပါတီ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်သင့်သည့် အချက်များတွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ကန့်သတ်ချက်ပြင်ဆင်မှု မပါဝင်

 Tuesday, December 31, 2013



အာဏာရပြည်ခိုင်ဖြိုးပါတီ၏ ဗဟိုကော်မတီ ဒုတိယအကြိမ် အစည်းအဝေးကျင်းပသော နေပြည်တော်ရှိ ပါတီဌာနချုပ်အား တွေ့ရစဉ်

သုံးရက်ကြာကျင်းပသည့် အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုကော်မတီ ဒုတိယအကြိမ် အစည်းအဝေးတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပြင်ဆင်သင့်သည့် အချက်(၇၃)ချက် ရှိကြောင်း၊ ယင်းတို့အနက်(၂၁)ချက်အား ပယ်ဖျက်သင့်ကြောင်း အစည်းအဝေး၌ ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါဝင်သည့် နိုင်ငံတော်သမ္မတဖြစ်ခွင့် အရည်အချင်းသတ်မှတ်ချက်တွင် ပါဝင်သည့် တရားဝင်သားသမီးတစ်ဦးဦး၏ ဇနီး(သို့မဟုတ်) ခင်ပွန်းသည် နိုင်ငံခြားသားမဖြစ်ရဟူသည့်အချက်အား လျှော့ချရန်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအား သမ္မတက တိုက်ရိုက်ခန့်အပ်ခြင်းအစား ပြည်နယ်နှင့်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက ရွေးချယ်ခန့်အပ်ရန် အချက်များအား ပြင်ဆင်ရန် ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။

ထို့ကြောင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ကန့်သတ်ချက်ပြင်ဆင်မှု အာဏာရ ပြည်ခိုင်ဖြိုးပါတီ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြင်ဆင်ရေးတွင် ပါဝင်လာခြင်းမရှိပေ။

"ဒီဆွေးနွေးပွဲကတော့ ဒီမိုကရေစီ တော်တော်ဆန်ပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်၊ အစိုးရအဖွဲ့ဝန်ကြီးခန့်အပ်တာနဲ့ ပတ်သက်ပြီး ဆွေးနွေးရာမှာ ၀န်ကြီးချုပ်အချို့က မကြိုက်ကြဘူး။ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားတွေက ရွေးချယ်ခန့်အပ်မှ ဒီမိုကရေစီနဲ့ ကိုက်ညီမှာပါ။ ဒါကြောင့် ပြင်ဆင်ဖို့ဆွေးနွေးရခြင်း ဖြစ်ပါတယ်။ အားလုံးစိတ်ဝင်စားတဲ့ ၅၉ (စ)လုံးမှာလည်း လျှော့ချဖို့ သဘောတူဆုံးဖြတ်တယ်။ အရင်က သားသမီးရဲ့ဇနီး၊ ခင်ပွန်းနိုင်ငံခြားသားဖြစ်ရင် သမ္မတဖြစ်ခွင့်မရှိဘူးလို့ ပြဋ္ဌာန်းထားတယ်။ ဒါကိုလျှော့ချဖို့ ဆုံးဖြတ်လိုက်တယ်။ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း သားနှစ်ယောက်ကို မြန်မာနိုင်ငံသား ခံယူခိုင်းလိုက်ရင် သမ္မတဖြစ်ခွင့်ရှိသွားပြီပေါ့"ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင်တစ်ဦးက ပြောကြားသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်လိုပါက ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံရမည်ဟူသည့်အချက်အစား ၇၅ ရာခိုင်နှုန်း၊ နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုဝန်ကြီးများသည် အစိုးရအဖွဲ့တာဝန်သာမက ပါတီတွင်လည်း တာဝန်ထမ်းဆောင်နိုင်သည်ဟု ပြင်ဆင်ရန်၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယသမ္မတဖြစ်ရန်အတွက် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ထားသည့် ပြည်သူ့ကိုယ်စားလှယ်ထဲမှသာ ရွေးချယ်ခန့်အပ်နိုင်ရန် အချက်များအား ပြင်ဆင်ထားကြောင်း သိရသည်။

အာဏာရ ပြည်ခိုင်ဖြိုးပါတီ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရန်ကျင်းပသည့် ဗဟိုကော်မတီအစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များအား ရွေးကောက်ခံပြည်သူ တစ်ရာခိုင်နှုန်း ထောက်ခံပါက ဖြုတ်ချနိုင်သည့်အချက်အစား ၂၀ ရာခိုင်နှုန်းထောက်ခံမှုဖြင့်ဟု ပြင်ဆင်ထားကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများအားရွှေ၊ သတ္တုများအား လုပ်ပိုင်ခွင့်ပြုရန်၊ မြို့နယ်၊ ခရိုင်အုပ်ချုပ်ရေးမှူးများသည် နိုင်ငံ့ဝန်ထမ်းဖြစ်ရမည်ဟူသည့် အချက်အစား ပြည်သူကရွေးချယ်သူကိုသာ ခန့်အပ်ရမည်ဟူသည့်အချက်များအား ပြင်ဆင်ရန် ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

အာဏာရပြည်ခိုင်ဖြိုးပါတီ၏ ဆွေးနွေးပွဲတွင် ဦးစားပေးပြင်ဆင်ရန်နှင့် ဒုတိယဦးစားပေး ပြင်ဆင်ရန်များကို ခွဲခြားသတ်မှတ်ထားကြောင်း၊ ၅၉ (စ)သည် ဒုတိယဦးစားပေးအဖြစ် သတ်မှတ်ထားကြောင်း၊ ၀န်ကြီးများအား လွှတ်တော်ကိုယ်စားလှယ်များမှ ရွေးချယ်ရမည့်အချက်များသည် ဦးစားပေးပြင်ဆင်ရန် သတ်မှတ်သည့်အချက်များတွင် ပါဝင်ကြောင်း သိရသည်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရန် ဆွေးနွေးဆုံးဖြတ်သည့်အချက်များအား ပြည်ထောင်စုလွှတ်တော်မှ ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ ဒီဇင်ဘာ ၃၁ ရက် (ယနေ့) ပေးပို့မည်ဖြစ်သည်။

လိင်ဖျော်ဖြေသူအမျိုးသမီးများက အခက်အခဲများကို ပြန်ပြောရန် စိုးရွံ့ ခြင်းကြောင့် ယင်းတို့၏အခွင့်အရေးများကို ကာကွယ်မပေးနိုင်ဖြစ်နေ



Tuesday, December 31, 2013

လိင်မှု ဖျော်ဖြေသူအမျိုးသမီးများ သည် မိမိတို့တွေ့ကြုံနေရသည့် အခက် အခဲများကို ပြန် လည် ပြောပြရန် စိုးရွံ့ကြသည့်အတွက် ယင်းတို့၏အခွင့် အရေးများကို အကာအကွယ် မပေးနိုင်ဖြစ်နေ ကြောင်း The Help Myanmar အဖွဲ့မှ ဒါရိုက်တာ ဒေါ်သက်မွန်ဖြိုးက ပြောသည်။

The Help Myanmar သည် အိတ်ခ်ျအိုင်ဗွီကာကွယ် တားဆီးရေးလုပ် ငန်းများကို ဆောင်ရွက်ပေးနေသောအဖွဲ့ အစည်းဖြစ်ပြီး လူ့အခွင့်အရေးနှင့် လိင်တူချစ်သူများ၏အခွင့် အရေးများ၊ လိင်မှုဖျော်ဖြေသူ အမျိုးသမီးများ၏ အခွင့်အရေး များကိုပါ ကာကွယ်ဆောင်ရွက် နေသော အဖွဲ့အစည်းဖြစ် ကြောင်း၊ အဆိုပါအဖွဲ့၏ အတွေ့ အကြုံများအရ လိင်မှုဖျော်ဖြေသူ အမျိုးသမီးများသည် မိမိတို့ ၏တွေ့ကြုံနေရသော အခက်အခဲများကို ပြန်လည်ပြောပြ ရန်စိုးရွံ့လျက်ရှိနေကြောင်း သိရသည်။

''မိန်းမလျာတွေကမှ ကြုံနေရတဲ့ အခက်အခဲတွေကို ပြောပြသေးတယ်။ သူတို့ကကျတော့ မိန်းကလေးတွေလဲ ဖြစ်နေကြတော့ သူတို့တွေ့ကြုံခံ စားနေ ရာတာတွေကို ပြန်ပြောရမှာကို ရှက်ကြတယ်။ ပြောလိုက်ရင်လဲ သူတို့ကို ရဲကဖမ်းမှာကို ကြောက်ကြတယ်။ သူတို့ရဲ့ကြုံ တွေ့နေရတဲ့ အခက် အခဲတွေကို ဖွင့်ပြောသင့်တယ်။ ဒါမှ သူတို့ရဲ့အခွင့်အရေးကို ကာကွယ်ပေး နိုင်မယ်''ဟု ဒေါ်သက်မွန်ဖြိုးက ထပ်မံပြောသည်။

ထို့ပြင်အဆိုပါအဖွဲ့အနေ ဖြင့် အိတ်ခ်ျအိုင်ဗွီကာကွယ် တားဆီးရေးလုပ်ငန်း များနှင့် လူ့အခွင့်အရေးဆိုင်ရာအသိ ပညာပေးခြင်းလုပ်ငန်းများကို မန္တလေး တိုင်းဒေသကြီးအတွင်းရှိ ပြင်ဦးလွင်၊ မလှိုင်၊ ကျောက်ပန်းတောင်း၊ မိတ္ထီလာ၊ စစ်ကိုင်း စသည့်ဒေသများတွင် ကျေး လက်ဒေသများ တိုင်အောင် ဆောင်ရွက်ပေးလျက်ရှိသည်။

ဒူးမှအရွတ်များကို အားဖြည့်သည့် အစားအစာများ


Tuesday, December 31, 2013

ဒူးနာနေသူများ၊ အဆစ်နာသူများ၊ အရိုးပွသူများ၊ လေးဖက်နာသမားတို့အတွက် အရွတ်များ အားကောင်းစေရန် အရွတ်များ ပျော့ပြောင်းစေဖို့ စားသုံးသင့်သည့် အစားအစာများကို ဖော်ပြရလျှင်

(၁) အိုမီဂါ (ဒ) ဖက်တီးအက်ဆစ်
ယင်းက အရွတ်များကို ပျော့ပြောင်းစေသည်။ ဥပမာအားဖြင့် ဥများ၊ နှမ်းကြတ်စေ့၊ သစ်ကြားသီး၊ ရေအေးငါးများဖြစ်သည့် တူနာ၊ ဆယ်လ်မွန်တို့ဖြစ်သည်။

(၂)ဗီတာမင်စီ
သည်အရွတ်များကို ကျန်းမာစေပြီး အင်တီအောက်ဆီးဒင့်ဓာတ်ကိုလည်း ရရှိစေသည်။ ဓာတ်တိုးဆန့်ကျင်မှုကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးများကို လျော့ပါးစေသည်။ ဥပမာအားဖြင့် ရှောက်သီးကဲ့သို့ အချဉ်သီးများ၊ ဟင်းရွက်သုတ်၊ ကိုက်လန်၊ ငရုတ်ပွသီး၊ စတော်ဘယ်ရီတို့ ကို စားသုံးနိုင်သည်။

(၃)ဗီတာကရိုတင်း
တည်သီး၊ ပြောင်း၊ လိမ္မော်၊ သင်္ဘော၊ ရွှေဖရုံ၊ ငရုတ်သီးပွအနီအခွံပွ၊ လိမ္မော်သီးတို့တွင် ပါဝင်သည်။

(၄) Quercetin
အင်တီအောက်ဆီးဒင့်ပါဝင်ပြီး ရောင်ရမ်းမှုကို ကာကွယ်ပေး နိုင်သောဓာတ်တစ်မျိုးဖြစ်ပြီး တည်သီး၊ ဘလူးဘယ်ရီ၊ ဘရိုကိုလီ၊ ကို ကိုးအမှုန့်၊ ရှောက်သီးများ၊သံလွင်ဆီ ၊ ကြက်သွန်ဖြူတို့တွင် ပါဝင်သဖြင့် စားသုံးသင့်သည်။

HT

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ကျူးကျော်နေထိုင်သူများကို စိစစ်လေ့လာကာ ဥပဒေအရ အရေးယူမည်

Tuesday, 31 December 2013



လှိုင်သာယာ ၁၅ ရပ်ကွက်တွင် ကျူးကျော်နေထိုင်ရန် ပြင်ဆင်နေမှုများအား တွေ့ရစဉ် ( ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)

ရန်ကုန်တိုင်းအတွင်း ကျူးကျော် နေထိုင်သူများကို စိစစ်လေ့လာမှုများနှင့် ဥပဒေအရ အရေးယူမှုများကို အစိုးရအဖွဲ့က လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

ကျူးကျော်နေထိုင်မှုမှာ ယခုနောက်ပိုင်း ကာလများတွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း အများအပြား ရှိလာနေပြီး ငွေကြေးတတ်နိုင်မှု မရှိသဖြင့် ကျူးကျော်သူများနှင့် စီးပွားရေးဆန်ဆန် တွက်ခြေကိုက် လုပ်ဆောင်သူများလည်း ရှိလာခဲ့ခြင်းကြောင့် ယင်းကဲ့သို့ ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းကြောင့် လက်ရှိ ကျူးကျော် နေထိုင်သူများကို စိစစ်လေ့လာမှု ပြုလုပ်ရမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမှုများကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ဆိုသည်။

“အခုနောက်ပိုင်း ကျူးကျော်တွေက အရမ်းများလာတယ်။ ပြီးတော့ ဘယ်နေရာမှာမဆို ဆောက်လို့ရတယ်ဆိုတဲ့ အခြေအနေတွေ ဖြစ်လာတာဟာ တိုင်းဒေသကြီးရဲ့ ပုံရိပ်တွေကို ကျဆင်းလာစေတယ်။ အဲဒါကြောင့်လည်း ကျွန်တော်တို့ စိစစ်လေ့လာမှုတွေ ပြုလုပ်နေတယ်။ ပြီးရင်တော့ ဥပဒေအရ အရေးယူမှုတွေ ပြုလုပ်သွားမှာပါ” ဟု ဗိုလ်မှူးကြီးတင်ဝင်းက ပြောကြားသည်။

လက်ရှိတွင် လှိုင်သာယာ ၁၅ ရပ်ကွက်ရှိ ရွှေလင်းဗန်းချောင်း ကမ်းဘေး၌ အိုးအိမ်ပိုင် မြေကွက်လပ်ပေါ်တွင် ကျူးကျော်တဲများ ဆက်လက် ဆောက်လုပ်နေမှုအပေါ် ဥပဒေအရ အရေးယူသွားမည်ဟု နေထိုင်သူများအား အသိပေးမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း ဗိုလ်မှူးကြီးတင်ဝင်းက ဆက်လက်ပြောကြားသည်။

အချို့မှာ မြင့်တက်နေသော အိမ်ငှားစရိတ်များနှင့် မြေဈေးနှုန်းများကြောင့် ကျူးကျော်မှုများကို ပြုလုပ်ခဲ့သော်လည်း စီးပွားရေးအရ ကျူးကျော်နေထိုင် မှုများတွင်မှု စီမံကိန်းရှိသော မြေနေရာများနှင့် မြေဈေးရှိသော မြေနေရာများကို အဓိက ကျူးကျော်မှုများ ပြုလုပ်လာပြီး အချို့မှာ ပြန်လည်ငှားရမ်း၊ ရောင်းချမှုများပင် ရှိလာကြောင်း သိရသည်။

ယင်းအပြင် ကျူးကျော်နေထိုင်ရန် ပြင်ဆင်သူ အချို့၏ ပြောကြားချက်များအရ ခရိုနီများ ရယူထားသော မြေပေါ်တွင် ကျူးကျော်နေထိုင်မှုများ ပြုလုပ်ခြင်းဖြစ်ကြောင်း ပြောကြားမှုများပင် ရှိလာခဲ့သည်။

ကျူးကျော်နေထိုင် မှုများကြောင့် မြေပိုင်ဆိုင်သူများ၊ အစိုးရအဖွဲ့ဝင်များအပြင် ဒေသခံရွာသားများနှင့် ကျူးကျော်နေထိုင် နေသူများ၊ နေထိုင်ရန် ပြင်ဆင်သူများ တို့အကြား ရုန်းရင်ဆန်ခတ် ဖြစ်ပွားမှုများ ယခုနောက်ပိုင်းတွင် ဖြစ်ပေါ်လာခဲ့သည်။ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ကျူးကျော်နေထိုင်မှု အများဆုံးမြို့နယ်များမှာ လှိုင်သာယာ၊ ရွှေပြည်သာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ သာကေတနှင့် မင်္ဂလာတောင်ညွှန့် မြို့နယ်တို့တွင် အများဆုံးရှိနေပြီး ကျူးကျော်အိမ်ခြေ တစ်သိန်းခန့်ထိ ရှိနေကြောင်း သိရသည်။

သွားရောက်လည်ပတ်စရာ New Year နေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများ

 Tuesday, 31 December 2013


၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်ညက မိုင်ဒါကွင်းတွင် နှစ်သစ်ကူးညအကြို ပြင်ဆင်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-မင်းသိန်းနိုင်)

New Year နေ့တွင် shopping center များမှာကျင်းပမယ့် ဈေးရောင်းပွဲတော်များ၊ အထူးအစီအစဉ်များ၊ ပန်းခြံများ၊ ခန်းမများတွင်ကျင်းပမည့် ဖျော်ဖြေပွဲနှင့် နှစ်သစ်အတွက် အထူးအစီအစဉ် ပျော်ပွဲရွှင်ပွဲလေးများအကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။

နိုင်ငံတကာသတ်မှတ်ထားတဲ့ နှစ်သစ်ကို မြန်မာနိုင်ငံမှာလည်း တွင်ကျယ်စွာနဲ့ ကြိုဆိုပွဲများ ပြုလုပ်နေကြပြီပဲ ဖြစ်ပါတယ်။ ရန်ကုန်မြို့တွင်းမှာ ကျင်းပသွားမယ့် နှစ်သစ်အကြိုပွဲလေးများကတော့ ရန်ကုန်မြို့ မိုင်ဒါကွင်းမှာတော့ ညနေ ၅ နာရီကနေ နောက်တစ်နေ့ နံနက် ၁ နာရီအထိ The Biggest Myanmar New Year Contdown 2014 ပွဲကို ကျင်းပသွားမှာပဲဖြစ်ပြီး၊ မည်သူမဆို သွားရောက်ကြည့်ရှု့နိုင်တဲ့ နှစ်သစ်ကြိုပွဲလေးတစ်ခုလည်း ဖြစ်ပါတယ်။

ရန်ကုန်မြို့၊ တာမွေမြို့နယ် ရွှေထွဋ်တင်ကွင်းမှာ ကျင်းပမယ့်ပွဲလေးကတော့ Grand Royal နှစ်သစ်ကြိုပွဲလေးပဲ ဖြစ်ပါတယ်။ ဒီပွဲမှာတော့ပြည်ပက ဒီဂျေပညာရှင်များနဲ့ ပြည်တွင်းက အဆိုရှင်တွေဖြစ်တဲ့ Big Bag၊ Wanted၊ Idiots၊ Reason၊ ဂျီလတ်၊ အေသင်ချိုဆွေ၊ ရတနာမိုင်၊ အိုင်းရင်းဇင်မာမြင့်နဲ့ အခြားအနုပညာရှင်များစွာတို့ရဲ့ ဖျော်ဖြေတင်ဆက်မှုတွေကိုလည်း ကြည့်ရှု့နိုင်မှာပဲ ဖြစ်ပါတယ်။

New Year နေ့မှာကျင်းပမယ့် နောက်ထပ်ပွဲလေးတစ်ခုကတော့ Hip Hop ကိုနှစ်သက်တဲ့ လူငယ်များအတွက် အကြိုက်တွေ့စေမဲ့ Hip Hop Beach Party ဖျော်ဖြေပွဲကို ကန်တော်ကြီး(မျှော်စင်ကျွန်း)မှာ ကျင်းပသွားမှာပဲ ဖြစ်ပါတယ်။ ဒီဖျော်ဖြေပွဲမှာတော့ လူငယ်တေးသံရှင်တွေဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်၊ လွှမ်းပိုင်၊ ရဲရင့်အောင်၊ ဘန်နီဖြိုး၊ ကျော်ထွဋ်ဆွေ၊ Snare၊ Bobby Soxer စတဲ့ အနုပညာရှင်တွေက ပါဝင်ဖျော်ဖြေသွားမှာပဲဖြစ်ပြီး၊ လက်မှတ်တစ်စောင်ကျပ် ၆၅၀၀ သတ်မှတ်ထားတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် Yangon-Myanmar Event Park (မြေနီကုန်းကားပါကင်အနီး) မှာလည်း မွန်းလွဲ ၂ နာရီ မှ ည ၁၀ နာရီအထိ အထူးခြားဆုံးသော ဘန်ကောက် airway winter festival 2013 ပွဲကို ကျင်းပသွားမှာပဲ ဖြစ်ပါတယ်။

New Year နေ့အထိမ်းအမှတ် ဖျော်ဖြေပွဲများ ကျင်းပကြသလို၊ နှစ်သစ်အကြို အထိမ်းအမှတ်အဖြစ် Shopping Center များမှာလည်း ဈေးရောင်းပွဲတော်များနှင့် ပျော်ပွဲရွှင်ပွဲများကို ကျင်းပလျက်ရှိပါတယ်။

နှစ်သစ်ကို ထူးထူးခြားခြားအနေနဲ့ ကျင်းပချင်သူများအတွက်လည်း လူ ၈၀၀ ဆံ့ အပျော်စီးသင်္ဘောဖြစ်တဲ့ ဗလမင်းထင်သင်္ဘောကိုလည်း စီစဉ်ထားတာမို့ စိတ်ဝင်စားသူများအနေနဲ့ ဖုန်းနံပါတ် ၇၃၀၆၅၀၅၅ သို့ ဆက်သွယ်မေးမြန်းကြီး လက်မှတ်များကို ၀ယ်ယူနိုင်မှာပဲဖြစ်ပါတယ်။ ဒီအပျော်စီးသင်္ဘောပေါ်မှာတော့ နာမည်ကျော်တေးသံရှင်များနဲ့ အကပညာရှင်များက ပါဝင်ဖျော်ဖြေမှုများကို ပြုလုပ်သွားမှာပဲ ဖြစ်တယ်လို့လည်း သိရပါတယ်။

Junction Square၊ Victoria နဲ့ ဂမုန်းပွင့် shopping center များမှာတော့ Christma & New Year Promotion ပွဲများကို ကျင်းပလျက်ရှိပြီး၊ City Mart မှာတော့ Beauty Fair Promotion ပွဲ၊ Dagon Center မှာတော့ Dagon Center ရဲ့ ၁၀ နှစ်ပြည့်အထိမ်းအမှတ်ပွဲကို ကျင်းပမှာမို့ ဘယ်သူမဆို အခမဲ့သွားရောက် ကြည့်ရှု့နိုင်ပါတယ်။ ရန်ကုန်မြို့၊ တပ်မတော်ခန်းမမှာတော့ Yangon ICT Fair ပွဲရှိတာကြောင့် စိတ်ဝင်စားသူများအတွက် New Year နေ့လေးမှာ သွားရောက်လေ့လာ ကြည့်ရှု့စရာနေရာလေးတစ်ခုလည်း ဖြစ်မှာပါ။

နှစ်သစ်ကို ပျော်ပွဲရွှင်ပွဲများ သွားရောက်နိုင်ပြီး၊ ကုသိုလ်ကောင်းမှုပြုလုပ်ပြီး ဖြတ်သန်းချင်သူများအတွက်လည်း ဘုရားများသို့ သွားရောက်ဖူးမြော်ခြင်း၊ အထင်ကရပန်းခြံများဖြစ်သည့် ကန်တော်ကြီး၊ စိမ်းလန်းစိုပြည်၊ မဟာဗန္ဓုလပန်းခြံ၊ ပြည်သူ့ရင်ပြင်တို့သို့ မိသားစုဖြင့် သွားရောက်အပန်းဖြေနိုင်ပြီး၊ Happy World နှင့် တိရစ္ဆာန်ဥယျာဉ်ကဲ့သို့သော ကစားကွင်းများတွင်လည်း သွားရောက်အပန်းဖြေနိုင်ကြပါတယ်ဆိုတာ အကြံပြုပြောကြားရင်း.....။

EMG

အခမဲ့ အလယ်တန်း ပညာရေးစနစ်အား တစ်နိုင်ငံလုံး အတိုင်းအတာအရ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်၌ အကောင်အထည်ဖော်ရန် စီစဉ်


Tuesday, 31 December 2013




မရမ်းကုန်းမြို့နယ် အတွင်းရှိ အခြေခံပညာ ကျောင်းတစ်ခုမှ ကျောင်းဆင်းလာသည့် ကျောင်းသူအချို့အား တွေ့ရစဉ် (ဓာတ်ပုံ-မျိုးမင်းထက်)

အခမဲ့ မသင်မနေရ အလယ်တန်း ပညာရေးစနစ်အား တစ်နိုင်ငံလုံး အတိုင်းအတာအရ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်၌ စတင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် စီစဉ်လျက်ရှိကြောင်း ပညာရေး ၀န်ကြီးဌာနမှ သိရသည်။

အဆိုပါ စနစ်မှာ အခမဲ့ မသင်မနေရ မူလတန်း ပညာရေးစနစ်အား တိုးချဲ့ဆောင်ရွက်သည့် အစီအစဉ် တစ်ရပ်ဖြစ်ပြီး ယင်းစနစ်အရ ကျောင်းအပ်ရာတွင် ကုန်ကျသည့် စရိတ်များဖြစ်သည့် အလယ်တန်းများ အတွက် ကျောင်းလခ၊ မိဘဆရာအသင်းကြေး၊ စာကြည့်တိုက်၊ အားကစား၊ စာရေးကိရိယာကြေး၊ ကျောင်းသုံး ဖတ်စာအုပ်ကြေး စသည်တို့ ကင်းလွတ်ခွင့် ရရှိမည်ဖြစ်သည်။

“၂၀၁၄-၂၀၁၅ ပညာသင်နှစ်ကနေစပြီး အခမဲ့ မသင်မနေရ မူလတန်း ပညာရေးစနစ်ကို တိုးချဲ့ဆောင်ရွက် နိုင်ဖို့အတွက် ဒီစနစ်ကို စီစဉ်ဆောင်ရွက်ဖို့ လုပ်တာပါ။ အခမဲ့ မသင်မနေရ မူလတန်း ပညာရေးစနစ်ကို ဆောင်ရွက်တဲ့ အခါမှာ ကျောင်းနေမြဲနှုန်းတွေ တက်လာတယ်။ ကျောင်းထွက်မှု နှုန်းတွေလည်း လျော့နည်းသွားတဲ့ အတွက်ကြောင့်မို့ အဲဒါကို ဆက်လက်ပြီးတော့ အကောင်အထည်ဖော် ဆောင်ရွက်ဖို့ အတွက် အခမဲ့ မသင်မနေရ အလယ်တန်း ပညာရေးစနစ်ကို စီစဉ်တာ ဖြစ်ပါတယ်။ ဒီစနစ်အရ အလယ်တန်းတွေကို ကျောင်းလခ မကောက်တော့ဘူး။ အားကစား၊ စာရေးကိရိယာ၊ စာကြည့်တိုက်ကြေးနဲ့ မိဘဆရာ အသင်းကြေးတွေလည်း မကောက်တော့ဘူး။ ပြဋ္ဌာန်းစာအုပ် တွေကိုလည်း အလယ်တန်း ကျောင်းသား ကျောင်းသူတိုင်းကို အခမဲ့ပေးသွားဖို့အတွက် ဦးတည်ဆောက်ရွက်တာပါ” ဟု အမှတ်(၁)၊ အခြေခံပညာ ဦးစီးဌာန (အောက်မြန်မာပြည်)၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးသိမ်းကြီးက ဆိုသည်။

မသင်မနေရ အခမဲ့ အလယ်တန်း ပညာရေးစနစ်အား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်သွားမည်ဟု သိရပြီး အဆိုပါစနစ် အောင်မြင်စေရန်အတွက် ကျောင်းများကို အထူးကြပ်မတ်မည်ဟု သိရသည်။

“မိဘတွေက ကလေးတွေ ကျောင်းပညာရေးအတွက် ကုန်ကျစရိတ်တွေ သက်သာသွားတဲ့အခါ ကလေးတွေရဲ့ ကျောင်းနေမြဲနှုန်း တက်လာပြီးနဲ့ ကျောင်းထွက်နှုန်း လျော့နည်းသွားဖို့အတွက် နိုင်ငံတော် အနေနဲ့ ဒီစနစ်ကို စီစဉ်ဆောင်ရွက်တာ ဖြစ်ပါတယ်။ မသင်မနေရ အခမဲ့ပညာရေး စနစ်အတွက် သတ်မှတ်ထားတဲ့ ပုံစံအတိုင်း ကျောင်းတွေလည်း လိုက်နာဆောင်ရွက်ဖို့ ကျောင်းတွေက အခကြေးငွေတွေ မကောက်ခံဖို့ အတွက်ကိုလည်း နိုင်ငံတော်ကနေပြီး ကျောင်းသားဦးရေပေါ် မူတည်ပြီး ကျောင်းတွေကို ကြီးကြပ်ပံ့ပိုး ပေးသွားမှာလည်း ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

အခမဲ့ မသင်မနေရ အလယ်တန်း ပညာရေးစနစ် စတင်အကောင်အထည်ဖော် ဆောင်ရွက်သည့်အချိန်၌ အလယ်တန်း အဆင့်များဖြစ်သည့် ပဉ္စမတန်းအတွက် ကျောင်းသုံး ဖတ်စာအုပ်ကြေး ကျပ် ၁၅၅၀ နှင့် ကျောင်းလခ ကျပ် ၅၀၀ ၊ ဆဋ္ဌမတန်းအတွက် ကျောင်းသုံးဖတ်စာအုပ်ကြေး ၁၅၅၀ ကျပ်နှင့် ကျောင်းလခ ကျပ် ၆၀၀၊ သတ္တမတန်းအတွက် ကျောင်းသုံး ဖတ်စာအုပ်ကြေး ကျပ် ၁၇၀၀ နှင့် ကျောင်းလခ ကျပ် ၇၀၀၊ အဌမတန်းအတွက် ကျောင်းသုံး ဖတ်စာအုပ်ကြေး ကျပ် ၂၃၀၀ နှင့် ကျောင်းလခ ကျပ် ၈၀၀ တို့အပြင် မိဘဆရာ အသင်းကြေး ကျပ် ၅၀၀ နှင့် စာကြည့်တိုက်၊ အားကစား၊ စာရေးကိရိယာကြေး စုစုပေါင်း ကျပ် ၅၀၀ တို့ လုံးဝပေးအပ်ရန် မလိုကြောင်း သိရသည်။

အခမဲ့ မသင်မနေရ မူလတန်းပညာရေး စနစ်အား ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

နှစ်သစ်ကူးနေ့တွင် ရန်ကုန်မြို့ရှိ နိုက်ကလပ်များနှင့် KTV များအားလုံး ည ၁၁ နာရီအထိသာ ဖွင့်လှစ်ခွင့်ပြုမည်

Tuesday, 31 December 2013


ယမန်နှစ် ဒီဇင်ဘာ ၃၁ ရက်က ရန်ကုန်မြို့ရှိ မိုင်ဒါကွင်း၌ The Big Myanmar New Year Countdown ပြုလုပ်ခဲ့ရာ ပရိသတ်များနှင့် စည်ကားနေသည်ကို တွေ့ရစဉ်

ဒီဇင်ဘာ ၃၁ ရက်၌ ကျရောက်မည့် နှစ်သစ်ကူးနေ့တွင် ရန်ကုန်မြို့ရှိ နိုက်ကလပ်များနှင့် KTV များအားလုံးကို ည ၁၁ နာရီအထိသာ ဖွင့်လှစ်ခွင့် ပြုထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ၀င်းကြည်က ဒီဇင်ဘာ ၃၀ ရက် နံနက်က ပြောကြားသည်။ ထို့ပြင် အဆိုပါ နှစ်သစ်ကူးနေ့ ညပိုင်းတွင် ရန်ကုန်မြို့ရှိ လူစည်ကားသော နေရာအားလုံးတွင် လုံခြုံရေး အပြည့်အ၀ ချထားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်း ဒေသကြီး အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်အေးက “KTV တွေ၊ နိုက်ကလပ်တွေ အားလုံး ည ၁၁ နာရီအထိသာ ဖွင့်လှစ်ခွင့် ပြုထားပါတယ်။ နှစ်သစ်ကူးနေ့ညမှာ လူစည်ကားနိုင်တဲ့ ကန်တော်ကြီးလို နေရာမျိုးတွေအပြင် အခြားနေရာတွေ အားလုံးမှာ ရဲတပ်ဖွဲ့ဝင်တွေကို အပြည့်အ၀ လုံခြုံရေး ချထားပါမယ်။ သာမန်ခိုက်ရန် ဖြစ်ပွားမှုတွေ ဖြစ်လာနိုင်ပေမယ့် အုပ်စုလိုက် ဖြစ်ပွားမှုတွေနဲ့ ဆူပူမှုတွေ မဖြစ်အောင် အဓိကထားပြီး ထိန်းသိမ်းသွားမယ်” ဟု ပြောကြားသည်။ ထို့ပြင် အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းကြည်က “နှစ်သစ်ကူးနေ့မှာ ဒုစရိုက်မှုတွေ၊ ခိုက်ရန်ဖြစ်ပွားမှုတွေ၊ မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်ပွားဖို့ တစ်မြို့လုံးအနေနဲ့ လုံခြုံရေး အပြည့်အ၀ ချထားပါမယ်။ ညဘက်ဖွင့်တဲ့ ဆိုင်တွေအားလုံးကလည်း သတ်မှတ်ထားတဲ့ ည ၁၁ နာရီ အထိပဲ ဖွင့်လှစ်ခွင့် ပြုသွားမှာ ဖြစ်တယ်” ဟု ပြောကြားသည်။

အလားတူ လှိုင်မြို့နယ်နှင့် ကမာရွတ်မြို့နယ်ရှိ အင်းလျားကန်ဘောင်၊ မရမ်းကုန်း မြို့နယ်ရှိ မြကျွန်းသာ ကန်ပေါင်တို့၌ ည ၁၁ နာရီ အထိသာ လာရောက်ခွင့် ပြုမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၅ ရက် (ခရစ်စမတ်နေ့) ကမူ ရန်ကုန်မြို့၌ ယာဉ်တိုက်မှု ခြောက်ကြိမ် ဖြစ်ပွားပြီး တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် ညပိုင်း နှစ်သစ်ကို ကြိုဆိုသည့်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း အမှုကြီး ဖြစ်စဉ်များ ဖြစ်ပွားခြင်း မရှိခဲ့ကြောင်း၊ ယင်းနေ့တွင်လည်း ရဲတပ်ဖွဲ့ဝင် အင်အားကို ပိုမိုချထားပြီး လုံခြုံရေး တင်းကျပ်ခဲ့ကြောင်း သိရသည်။



ရန်ကုန်မြို့ ပြည်လမ်းမပေါ်တွင် ညပိုင်းလုံခြုံရေး ဆောင်ရွက်နေမှုကို ဒီဇင်ဘာ ပထမပတ်အတွင်းက မြင်တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)

“ပြီးခဲ့တဲ့ နှစ်သစ်ကူးနေ့မှာလည်း သာမန်ခိုက်ရန် ဖြစ်ပွားမှုတွေနဲ့ မတော်တဆ ယာဉ်တိုက်မှုတွေပဲ ဖြစ်ပွားခဲ့တယ်။ ဖြစ်စဉ်ကြီး တစ်ခုမှ မဖြစ်ခဲ့ပါဘူး” ဟု ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး ဒေါ်သီသီမြင့်က ပြောကြားသည်။

၂၀၁၃ ခုနှစ်အတွင်း ရန်ကုန်တိုင်း ဒေသကြီး အပါအ၀င် ပြည်နယ်နှင့် တိုင်းဒေသကြီး အချို့တွင် ဗုံးပေါက်ကွဲမှုများနှင့် ဗုံးလန့်မှုများ ဖြစ်ပွားခဲ့မှုကြောင့် ယခုနှစ်၏ နှစ်သစ်ကူး ညပိုင်းတွင် အုပ်ထိန်းသူ မိဘအများစုက မိမိတို့၏ သားသမီးများကို လူစည်ကားသည့် နေရာများသို့ သွားရောက်ခြင်း မပြုဘဲ တစ်နိုင်တစ်ပိုင် မိသားစု အချင်းအချင်း ပျော်ပွဲရွှင်ပွဲသာ ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

နှစ်သစ်ကူးနေ့တွင် ပြုလုပ်သွားမည့် ပွဲများမှာ ရန်ကုန်မြို့၊ မိုင်ဒါကွင်း၌ ညနေ ၅ နာရီခန့်မှ နံနက် ၁ နာရီခန့်အထိ The Big Myanmar New Year Countdown ၂၀၁၄ ပွဲ ကျင်းပသွားမည်ဖြစ်ပြီး အခမဲ့ဖြစ်သည်။

ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ ရွှေထွဋ်တင် ကွင်း၌လည်း Grand Royal မှ နှစ်သစ်ကြိုဆိုပွဲ ပြုလုပ်မည်ဖြစ်ပြီး Hip Hop Beach Party ဖျော်ဖြေပွဲကို ကန်တော်ကြီး (မျှော်စင်ကျွန်း) ၌ ကျင်းပသွားမည် ဖြစ်သည်။

ထို့ပြင် Yangon-Myanmar Event Park (မြေနီကုန်း ကားပါကင်အနီး) ၌လည်း မွန်းလွဲ ၂ နာရီမှ ည ၁၀ နာရီအထိ ဘန်ကောက် Airway Winter Festival ၂၀၁၃ ပွဲ ကျင်းပသွားမည် ဖြစ်သည်။

နှစ်သစ်ကို ကြိုဆိုလိုသူများ အနေဖြင့် လူ ၈၀၀ ဆံ့ အပျော်စီး ဗလမင်းထင် သင်္ဘောကိုလည်း စီစဉ်ထားကြောင်း၊ စိတ်ဝင်စားသူများ အနေနှင့် ဖုန်း ၀၉-၇၃၀၆၅၀၅၅ သို့ ဆက်သွယ်မေးမြန်းပြီး လက်မှတ်များ ၀ယ်ယူနိုင်ကြောင်း သိရသည်။

EMG

လက်လုပ်မိုင်းဗုံး ပြုလုပ်ပြီး ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး အနီးတွင် ဖောက်ခွဲရန် ထားရှိခဲ့သည်ဟု သံသယ ရှိသူများကို ဖမ်းဆီးစစ်ဆေးနေ

Tuesday, December 31, 2013



ဒီဇင်ဘာ ၂၅ ရက်က တောင်ကြီးမြို့တွင် တွေ့ရှိခဲ့သည့် လက်လုပ်မိုင်းဗုံးကို ကာကွယ်ထားမှုအား တွေ့ရစဉ်

ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး အနီးတွင် ဖောက်ခွဲရန် လက်လုပ်မိုင်းဗုံး ပြုလုပ်ပြီး ထားရှိခဲ့သည်ဟု သံသယ ရှိသူများကို ဖမ်းဆီးစစ်ဆေး နေပြီဖြစ်ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ ဒုတိယရဲမှူးကြီး လှိုင်တင့်က ဒီဇင်ဘာ ၃၀ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။

အဆိုပါ ပြစ်မှုကျူးလွန်သည်ဟု သံသယ ရှိသူများကို ခေါ်ယူစစ်ဆေးနေသည့် အဆင့်သာရှိနေပြီး ပါဝင်ပတ်သက်မှု မရှိသူများကိုလည်း ပြန်လည် လွှတ်ပေးနေကြောင်း သိရှိရသည်။

“ကျွန်တော်တို့ အနေနဲ့ ဒီဖြစ်စဉ်ကို ဖိဖိစီးစီး ကိုင်တွယ်ဆောင်ရွက် နေတယ်။ ထပ်မံပြီးတော့ မဖြစ်ပွား အောင်လည်း ရဲလုပ်ငန်းတွေအရ ပြင်ဆင်ထားပြီး ဖြစ်တယ်။ မသင်္ကာလို့ ခေါ်ယူစစ်ဆေးတဲ့ တချို့လူတွေဆိုရင် စစ်ဆေးတဲ့ အခါမှာ ခက်ခဲမှုတွေရှိတယ်။ အခုလက်ရှိ စစ်ဆေးလို့ ရရှိတဲ့ အချက်အလက်တွေကို သတင်းထုတ်ပြန်ပေးဖို့ စောပါသေးတယ်။ အခုသံသယရှိလို့ စစ်ဆေးတဲ့ သူတွေထဲမှာ ကျူးလွန်သူ ပါဝင်တယ် ဆိုတာကတော့ ပြောဖို့စောပါသေးတယ်” ဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ ဒုတိယရဲမှူးကြီး လှိုင်တင့်က ဆိုသည်။

ဖြစ်စဉ်မှာ တောင်ကြီးမြို့ စိန်ပန်းရပ်၊ ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး အရှေ့ဘက် ပြည်တော်အေးလမ်းမဘေး၊ လမ်းသွယ်စည်ပင် ဆောက်လုပ်ရေး လုပ်ငန်းခွင်နှင့် လူငယ်ထိန်းသိမ်းရေး မိဘမဲ့ ဂေဟာကြားရှိ လမ်းဘေး ရေမြောင်းငယ်အတွင်း လက်လုပ်မိုင်း တစ်ခုကို ဒီဇင်ဘာ ၂၅ ရက် မွန်းလွဲပိုင်းတွင် တွေ့ရှိခဲ့ရသဖြင့် သက်ဆိုင်ရာမှ ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

ယင်းလမ်းဘေး ရေမြောင်းငယ် အတွင်း၌ မသင်္ကာဖွယ် ပလတ်စတစ်ထုပ် တစ်ခုကို တွေ့ရှိခဲ့ရသည်ဟု စည်ပင်ဝန်ထမ်း တစ်ဦးမှ သတင်းပေး တိုင်ကြားချက်အရ သက်ဆိုင်ရာမှ သွားရောက် စစ်ဆေးရာတွင် အဆိုပါ လက်လုပ်မိုင်းကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

EMG

အာဆီယံနိုင်ငံများတွင် မြန်မာလုပ်သားများအား အများနည်းတူ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိအောင် ဆောင်ရွက်ပေးမည်


Tuesday, 31 December 2013


လုပ်ငန်းအထောက်အကူပြုအဖွဲ့၏ ရှေ့လုပ်ငန်းစဉ်များဆိုင်ရာ အစည်းအဝေးကျင်းပနေစဉ်

အာဆီယံအသိုင်းအ၀ိုင်းတွင် မြန်မာလုပ်သားများအား အများနည်းတူ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိအောင် လုပ်ကိုင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြန်မာလုပ်သားများ ကျွမ်းကျင်မှု စံလက်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ NSSA လုပ်ငန်းကဏ္ဍအလိုက် ကော်မတီများနှင့် လုပ်ငန်းအထောက်အကူပြုအဖွဲ့ (Technical Working Group (TWG) တို့၏ ရှေ့လုပ်ငန်းစဉ်များဆိုင်ရာ အစည်းအဝေးပွဲမှ သိရသည်။

အာဆီယံကျွမ်းကျင်မှု အသိအမှတ်ပြုရေးပရောဂျက်တွင် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်၊ ထိုင်းနိုင်ငံများတွင် ဂဟေ၊ ကွန်ကရစ်ဖျော်၊ လေအေးပေးစက်စက်ပြင်၊ မွေးမြူရေးခြံလုပ်သားနှင့် ဧည့်လမ်းညွှန်အလုပ်အကိုင်များအတွက် လုပ်ရည်ကိုင်ရည်များကို ပရောဂျက်အထောက်အကူပြုအဖွဲ့ အစီအစဉ်ဖြင့် ရေးဆွဲခဲ့ကြောင်းသိရသည်။

အလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးမြင့်က " NSSA က ၂၀၀၇ ခုနှစ်ကတည်းက ဖွဲ့စည်းခဲ့တာပါ။ မြန်မာနိုင်ငံရဲ့ ကျွမ်းကျင်မှုစံတွေ သတ်မှတ်ပြဋ္ဌာန်းခြင်းအတွက် ရည်ရွယ်ပြီးလုပ်တာပါ။ ဒါပေမဲ့ ဒီအဖွဲ့ကြီးက ၂၀၀၇ ခုနှစ်ကတည်းက လုပ်တယ်ဆိုပေမယ့် သူ့ရဲ့လုပ်ဆောင်ချက်တွေက နည်းနည်းလေးနှေးခဲ့တာပေါ့။ အဲဒီအတွက် အလုပ်အကိုင်နှင့် ကျွမ်းကျင်ဖွံ့ဖြိုးမှု ဥပဒေဆိုပြီးတော့ ယာယီဥပဒေနဲ့ ပိုအသက်ဝင်အောင် လုပ်လိုက်တာပေါ့။ အရင်တုန်းကတော့ အမိန့်ကြော်ငြာစာ အနေနဲ့ပဲရှိတယ်။ အဓိကက ဒါကိုလုပ်ရတဲ့ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာရှိတဲ့ အလုပ်သမားတွေကို အဲဒါနဲ့ပတ်သက်ပြီးတော့ သူ့ကဏ္ဍအလိုက်မှာ ကျွမ်းကျင်းမှုစံတွေကိုသိမယ်။ သိရင်ကျွမ်းကျင်မှုနဲ့ ပတ်သက်တဲ့ အသိအမှတ်ပြုလက်မှတ်တွေကို ထုတ်ပေးနိုင်အောင် ရည်ရွယ်တာဖြစ်ပါတယ်" ဟု ပြောကြားသည်။

မြန်မာနိုင်ငံတွင် လုပ်သားကျွမ်းကျင်မှုနှင့် စံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့အား လုပ်ငန်းကဏ္ဍအလိုက် အစိုးရနှင့်ပုဂ္ဂလိကမှ ကိုယ်စားလှယ်များဖြင့် ကော်မတီ (၁၄) ခု ဖွဲ့စည်းထားရှိပြီး နည်းဥပဒေများ အကောင်အထည်ဖော်နိုင်ရေးအတွက် လုပ်ငန်းအထောက်အကူပြုအဖွဲ့ (Technical Working Group (TWG) အား လုပ်ငန်းကျွမ်းကျင်ပညာရှင်များဖြင့် စတင်ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တာချီလိတ်နယ်စပ်မှ ကိုးလအတွင်း အမေရိကန်ဒေါ်လာ ၅၁ သန်းကျော်ဖိုး ကုန်သွယ်မှု ပြုလုပ်ထားပြီး သွင်းကုန်အတွက် ဒေါ်လာ ၂၈ သန်းကျော် ပိုမိုအသုံးပြုခဲ့ရ

Tuesday, December 31, 2013



ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ တာချီလိတ်မြို့ အတွင်းသို့ ပစ္စည်းတင်ပို့မှုအား တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇေယျ)

တာချီလိတ်နယ်စပ်မှ ကိုးလအတွင်း အမေရိကန်ဒေါ်လာ ၅၁ သန်းကျော်ဖိုး ကုန်သွယ်မှု ပြုလုပ်ထားပြီး သွင်းကုန်အတွက် ဒေါ်လာ ၂၈ သန်းကျော် ပိုမိုအသုံးပြုခဲ့ရကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။

အဆိုပါ နယ်စပ်ကုန်သွယ်ရေး စခန်းမှာ ထိုင်း-မြန်မာ နယ်စပ်ရှိ ကုန်သွယ်ရေး စခန်းတစ်ခုဖြစ်ပြီး ယခုဘဏ္ဍာနှစ်ဖြစ်သည့် ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၁၃ ရက်အထိ ပို့ကုန်မှ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၃၇၉ သန်းရရှိထားပြီး သွင်းကုန်အတွက် အမေရိကန်ဒေါ်လာ ၄၀ ဒသမ ၀၇၉ သန်း အသုံးပြုထားခြင်းကြောင့် အမေရိကန်ဒေါ်လာ ၂၈ သန်းကျော်အား သွင်းကုန်အတွက် ပိုမိုအသုံးပြုခဲ့ရပြီး ကုန်သွယ်မှုလိုငွေ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

ယခင်ဘဏ္ဍာနှစ် ကာလတူ ကုန်သွယ်မှုဖြင့် နှိုင်းယှဉ်ပါက ကုန်သွယ်မှု စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၁၅ သန်းကျော်ပိုမို ကုန်သွယ်မှု ပြုလုပ်ထားသော်လည်း ပို့ကုန်တင်ပို့နိုင်မှုမှာ ယခင်နှစ်ထက် လျော့နည်းနေကြောင်း သိရသည်။

တာချီလိတ် နယ်စပ်မှတစ်ဆင့် မြန်မာနိုင်ငံတွင်းသို့ ဘိလပ်မြေ၊ ဓာတ်ဆီ၊ ဒီဇယ်၊ စားသောက်ကုန်၊ ဆောက်လုပ်ရေးသုံးပစ္စည်း၊ ဆိုင်ကယ်တာယာ၊ လယ်ထွန်စက်နှင့် အပိုပစ္စည်းများကို အများဆုံး တင်သွင်းမှု ပြုလုပ်ပြီး မြန်မာနိုင်ငံဘက်မှ ဆန်အပါအ၀င် လယ်ယာထွက် ကုန်ပစ္စည်းများ၊ ကတ်ထူစက္ကူနှင့် ကျွန်းသစ်မျိုးစုံအား တင်ပို့မှုများကြောင်း သိရသည်။

ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဌာနအနေဖြင့် တာချီလိတ်နယ်စပ်တွင် တစ်ဦးချင်း ကုန်သွယ်မှု လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် (ITC Card) ဖြင့် ကုန်သွယ်မှု ပြုလုပ်နိုင်ရန် ခွင့်ပြုထားပြီးဖြစ်ရာ အဆိုပါ ITC ကတ်ဖြင့် ကုန်သွယ်မှု ပြုလုပ်လျက်ရှိရာ ကုန်သွယ်မှုတန်ဖိုး ကျပ် ၅၉၆ သန်းကျော်အတွက် ကတ် ၅၉ ကတ် ထုတ်ပေးထားပြီး သွင်းကုန်အတွက် လာရောက် လျှောက်ထားမှုများကြောင်း သိရသည်။

အောင်ပွဲနှင့်ဝေးကွာနေခဲ့ရာမှ အားကစားမောင်မယ်များ ကြိုးစားမှုကြောင့် ရွှေတံဆိပ် ဒုတိယအများဆုံးနိုင်ငံအဖြစ် အောင်ပွဲခံနိုင်ခဲ့ခြင်းဖြစ်ကြောင်း သမ္မတဦးသိန်းစိန်မှပြောကြား

 Tuesday, 31 December 2013


မြန်မာနိုင်ငံအားကစားပြိုင်ပွဲများတွင် အောင်ပွဲနှင့် ဝေးကွာနေခဲ့ရာမှ အားကစားမောင်မယ်များ ကြိုးစားမှုကြောင့် ရွှေတံဆိပ် ဒုတိယအများဆုံးနိုင်ငံအဖြစ် အောင်ပွဲခံနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဒီဇင်ဘာ ၃၀ ရက် MICC အစည်းအဝေးခန်းမတွင် ပြုလုပ်သည့် ဆီးဂိမ်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် အောင်ပွဲရ မြန်မာ့လက်ရွေးစင် အားကစားသမားများအား နိုင်ငံတော်သမ္မတက တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာစားပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။

နိုင်ငံတော်သမတ ဦးသိန်းစိန်က" ၁၉၇၉ ခုနှစ် (၁၀) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ရွှေ ၂၆ ခုနှင့် နိုင်ငံအလိုက် ရွှေတံဆိပ် တတိယအများဆုံးနိုင်ငံဖြစ်ခဲ့သည့် နောက်ပိုင်းအောင်ပွဲနှင့် ဝေးကွာနေခဲ့ရာမှ မောင်တို့မယ်တို့ ကျိုးစားမှုကြောင့် ရွှေတံဆိပ် ဒုတိယအများဆုံးနိုင်ငံအဖြစ် အောင်ပွဲခံနိုင်ခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတော်အနေနဲ့ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို လက်ခံကျင်းပနိုင်ရန်အတွက် ၂၀၀၉ ခုနှစ်ကတည်းက စတင်အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းကဲ့သို့ ပြင်ဆင်ရာတွင် နိုင်ငံတကာအဆင့်မီ အားကစားကွင်းများ၊ အားကစားရုံများ၊ အားကစားအသုံးအဆောင်များနှင့် အားကစားသမားများကိုလည်း ရွှေးချယ်လေ့ကျင့် ပျိုးထောင်ပေးခဲ့ပါတယ်။ နိုင်ငံတော်အနေနဲ့ သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်များ၊ မိတ်ဆွေနိုင်ငံများ၊ မိတ်ဖတ်အဖွဲ့ အစည်းများနှင့် ပူးပေါင်းပြီး မြန်မာ့အားကစားသမားများကို စိတ်ဓာတ်ကြံခိုင်မှု၊ စနစ်တကျ ပြုစုပျိုးထောင်မှုများနှင့် အားကစားသမားများ၏ ကြိုးစားအားထုတ်မှုနှင့် ပေါင်းစပ်လိုက်သည့်အတွက် နိုင်ငံနှင့်လူမျိုးအတွက် ဂုဏ်ယူဖွယ်ရာ အောင်မြင်မှုများကို ရရှိလာခဲ့ခြင်းဖြစ်ကြောင်း" ပြောကြားခဲ့သည်။

(၂၇) ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် နိုင်ငံအလိုက် မြန်မာနိုင်ငံသည် ဒုတိယနေရာရရှိခဲ့ပြီး ရွှေ ၈၆ ခု၊ ငွေ ၆၂ ခု၊ ကြေး ၈၅ ခု စုစုပေါင်း ဆုတံဆိပ် ၂၃၃ ခု ရရှိခဲ့ကြောင်း သိရသည်။

"ပြိုင်ပွဲတွင် ရွှေတံဆိပ်၊ ငွေတံဆိပ်၊ ကြေးတံဆိပ်ဆုများ အသီးသီးရယူနိုင်ခဲ့သည့် အားကစားမောင်မယ်များအတွက် ဂုဏ်ပြုသကဲ့သို့ အကောင်းဆုံးယှဉ်ပြိုင်ကစားခဲ့ပြီး အကြောင်းကြောင်းကြောင့် ဆုတံဆိပ်နှင့် လွဲချော်ခဲ့ရသော အားကစားမောင်မယ်များ၏ ကြိုးစားအားထုတ်မှုများကိုလည်း နိုင်ငံတော်နှင့် ပြည်သူများက အသိအမှတ်ပြုအားပေးလျက်ရှိသည်ကို ပြောကြားလိုပါကြောင်း၊ ပြိုင်ပွဲတွင် ဆုတံဆိပ်နှင့် လွဲချော်ခဲ့ရသော်လည်း စိတ်ဓာတ်မကျဘဲ နောင်ပြိုင်ပွဲများတွင် နိုင်ငံဂုဏ်ဆောင် အောင်ပွဲဆင်နိုင်ရေးအတွက် ပြန်လည်လေ့ကျင့်ထားကြရန် တိုက်တွန်းလိုပါကြောင်း" နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဆက်လက်ပြောကြားခဲ့သည်။

ကားတင်သွင်းခွင့်အတွက် ယာဉ်အမျိုးအစားနှင့် နှစ်အလိုက် သတ်မှတ်ချက်များ ထုတ်ပြန်


Tuesday, December 31, 2013



ပြည်ပမှ တင်သွင်းလာသော ကားများအား သီလ၀ါဆိပ်ကမ်းတွင် တွေ့ရစဉ် (ဓာတ်ပုံ-ရွှန်းလဲ့ဝင်း)

၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှ စတင်ပြီး လူစီးမော်တော်ယာဉ်များ၊ လုပ်ငန်းသုံး ယာဉ်များနှင့် ယန္တရားယာဉ်များ တင်သွင်းခွင့်ကို ယာဉ်အမျိုးအစား နှစ်အလိုက် သတ်မှတ်ချက်များကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ယင်းသတ်မှတ်ချက်များတွင် ယာဉ်အိုယာဉ်ဟောင်း အစားထိုးယာဉ် လျှောက်ထားမှု၊ နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ထားသော လူပုဂ္ဂိုလ်တစ်ဦးချင်း၊ ပို့ကုန်သွင်းကုန် ကုမ္ပဏီများ၊ နိုင်ငံခြားရေး ၀န်ထမ်းများ၊ သင်္ဘောသားများ၊ ပြည်ပအလုပ်သမားများ၊ ကာကွယ်ရေး ၀န်ကြီးဌာန စစ်သံဝန်ထမ်းများ၊ ဟိုတယ်/ခရီး လုပ်ငန်းရှင်များ မော်တော်ယာဉ် လျှောက်ထားမှု၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ ထောက်ခံချက်ဖြင့် တက္ကစီ လျှောက်ထားမှု၊ ပုံမှန်လိုင်စင်ဖြင့် မော်တော်ယာဉ် လျှောက်ထားမှု (FOC စနစ်ဖြင့် ပြည်ပမှ လှူဒါန်းသည့် မော်တော်ယာဉ် ပါမစ်လျှောက်ထားမှု)၊ အစိုးရ ဌာနများမှ မော်တော်ယာဉ် လျှောက်ထားမှုတို့ အတွက် ပါဝင်ကြောင်း သိရသည်။

ယာဉ်အိုယာဉ်ဟောင်း အစားထိုးယာဉ် လျှောက်ထားမှု (Consignment စနစ် အပါအ၀င်) အတွက် လူစီးမော်တော်ယာဉ်များမှာ ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၈ ခုနှစ်အတွင်း၊ ၁၃၅၀ စီစီနှင့်အောက် လူစီးယာဉ်များ တင်သွင်းပါက ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၄ ခုနှစ်အတွင်း၊ ကုန်တင်ယာဉ် ဖြစ်ပါက ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၈ ခုနှစ်အတွင်း၊ ခရီးသည်တင်ယာဉ် ဖြစ်ပါက ၂၀၀၀ ပြည့်နှစ်မှ ၂၀၀၈ ခုနှစ်အတွင်း တင်သွင်းမှု သတ်မှတ်ပေးခဲ့ကြောင်း သိရသည်။

နိုင်ငံခြား ငွေစာရင်း ဖွင့်လှစ်ထားသော လူပုဂ္ဂိုလ်တစ်ဦးချင်း၊ ပို့ကုန်သွင်းကုန် ကုမ္ပဏီများ၊ နိုင်ငံခြားရေး ၀န်ထမ်းများ၊ သင်္ဘောသားများ၊ ပြည်ပအလုပ်သမားများ၊ ကာကွယ်ရေး ၀န်ကြီးဌာန စစ်သံဝန်ထမ်းများ၊ ဟိုတယ်/ခရီး လုပ်ငန်းရှင်များ မော်တော်ယာဉ် လျှောက်ထားမှုအတွက် လူစီးမော်တော်ယာဉ် (၂၀၀၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း)၊ ၁၃၅၀ စီစီနှင့်အောက် လူစီးယာဉ်များ (၂၀၀၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း)၊ ကုန်တင်ယာဉ်များ (၂၀၀၄ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း)၊ ခရီးသည်တင်ယာဉ် (Express) များ (၂၀၀၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း-ဘယ်မောင်း)၊ ခရီးသည်တင်ယာဉ်များ၊ မြို့တွင်းပြေးဆွဲ ယာဉ်များ၊ Mini Bus၊ City Bus (ဘယ်မောင်း) များ (၂၀၀၄ ခုနှစ် မှ ၂၀၁၄ ခုနှစ်အတွင်း) လျှောက်ထားနိုင်ကြောင်း သိရသည်။

တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ ထောက်ခံချက်ဖြင့် တက္ကစီ လျှောက်ထားမှုတွင် ၂၀၀၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်းရှိ လူစီးမော်တော်ယာဉ်များကို လျှောက်ထားနိုင်ကြောင်း သိရသည်။

ပုံမှန်လိုင်စင်ဖြင့် မော်တော်ယာဉ် လျှောက်ထားမှု (FOC စနစ်ဖြင့် ပြည်ပမှ လှူဒါန်းသည့် မော်တော်ယာဉ်ပါမစ် လျှောက်ထားမှု) တွင်မူ လူစီးမော်တော်ယာဉ်များ အတွက် ၂၀၀၉ မှ ၂၀၁၄ ခုနှစ်အတွင်း၊ လုပ်ငန်းသုံး ယန္တရားများ အတွက် ၂၀၀၄ မှ ၂၀၁၄ ခုနှစ် အတွင်း၊ မီးသတ်ကား၊ လူနာတင်ယာဉ်၊ နိဗ္ဗာန်ယာဉ်များအတွက် ၁၉၉၈ မှ ၂၀၁၄ ခုနှစ်အတွင်း၊ သာသနာရေးဆိုင်ရာ ယာဉ်များအတွက် ၂၀၀၄ မှ ၂၀၁၄ ခုနှစ်အတွင်း၊ ခရီးသည်တင်ယာဉ်များ (Express) အတွက် ၂၀၀၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း (ဘယ်မောင်း)၊ ခရီးသည်တင် ယာဉ်များ၊ မြို့တွင်းပြေးဆွဲယာဉ်များ၊ Mini Bus, City Bus များအတွက် ၂၀၀၄ မှ ၂၀၁၄ ခုနှစ်အတွင်း (ဘယ်မောင်း)များကို တင်သွင်းခွင့် လျှောက်ထားနိုင်ကြောင်း သိရသည်။

အစိုးရဌာနများမှ မော်တော်ယာဉ် လျှောက်ထားပါက ၂၀၀၄ မှ ၂၀၁၄ ခုနှစ်အတွင်း လူစီးမော်တော်ယာဉ်များ၊ လုပ်ငန်းသုံးယာဉ်/ခရီးသည်တင်ယာဉ်၊ ကုန်တင်ယာဉ်/ယန္တရားများကို လျှောက်ထားနိုင်ကြောင်း သိရသည်။

ထိုသို့ယာဉ် တင်သွင်းခွင့်အတွက် နှစ်သတ်မှတ်ချက်များကို ထုတ်ပြန်ရာတွင် နိုင်ငံတော်အတွက် လှူဒါန်းသည့် မီးသတ်ကားနှင့် လူနာတင်ယာဉ်များ လျှောက်ထားရာတွင် Model Year လျှော့ပေါ့ လျှောက်ထားပါက ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

တပ်မတော်သည် တိုင်းပြည်အတွက်



နိုင်ငံရဲ့လက်ရှိအခြေအနေကို လက်မခံနိုင်ကြတဲ့လူအချို့ဟာ NLD ခေါင်းဆောင် ဒေါ်စုကြည်ရဲ့ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ရန် ကမ်းလှမ်းလာမှု မအောင်မမြင်ဖြစ်ပြီးနောက် တပ်မတော်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပေါ် အဆက်မပြတ် ဝေဖန်ထိုးနှက်တိုက်ခိုက်လာတာကို သတင်း ဂျာနယ်များအပါအ၀င် မီဒီယာများမှာ တွေ့ရှိနေရပါတယ်။ တပ်မတော်ဟာ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်များကို အဓိကတာဝန်ယူထားတာဖြစ်ပါတယ်။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား

စည်းလုံးညီညွတ်မှုမပြိုကွဲရေးနဲ့ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဆိုတဲ့ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရမယ့်တာဝန်ရှိပါတယ်။ နိုင်ငံတော်ရဲ့ရှေ့အနာဂတ်ခရီးမှာ မမျှော်မှန်းနိုင်တဲ့ ဘေးအန္တရာယ်ဆိုးများ မကျရောက်ရလေအောင် အချုပ်အခြာအာဏာရဲ့ အရင်းအမြစ်ဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း ကာကွယ်စောင့်ရှောက်သွားရမယ့် တာဝန်ရှိပါတယ်။



နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရာမှာ နိုင်ငံတော်သမ္မတကြီးရဲ့ ညွှန်ကြားချက်နဲ့အညီ တပ်မတော်က လိုက်နာဆောင်ရွက်သွားမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အခိုင်အမာ ထုတ်ဖေါ်ပြောကြားထားပြီးဖြစ်ပါတယ်။ လူပုဂ္ဂိုလ်အဖွဲ့အစည်းအချို့အနေနဲ့ ၄င်းတို့ရဲ့ဆန္ဒတွေ မပြည့်ဝ ကြတဲ့အခါ ပုတ်ခတ်မှုတွေ ပြုလုပ်ကြပါတယ်။ “ကာကွယ်ရေးဦးစီးချုပ်ဟာ သမ္မတအထက်မှာ ရှိသလား”၊ တပ်ချုပ်ဟာဗီတိုအာဏာပိုင်ရှင်လား” စသည်ဖြင့် ထင်ရာမြင်ရာ ရေးသားလာကြပါတယ်။ တပ်မတော်ဟာ နိုင်ငံတော်အစိုးရနဲ့ သမ္မတကြီးရဲ့ ကွပ်ကဲမှုအောက်မှာဘဲ ရှိတယ်ဆိုတာ ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ပြောကြားချက်တွေမှာ ပါရှိပြီးဖြစ်ပါတယ်။ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး ကဏ္ဍများဟာ နိုင်ငံတော်ရဲ့ အဓိကမဏ္ဍိုင်သုံးရပ်ဖြစ်ပါတယ်။ တပ်မတော်ဆိုတာ နိုင်ငံတော်အစိုးရရဲ့ ကွပ်ကဲမှုအတွင်းက အဓိကကာကွယ်ရေး အင်အားစုတစ်ခုသာ ဖြစ်ပါတယ်။

 နိုင်ငံတော်အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းတွေမှာ တပ်မတော်က လိုက်ပါဆောင်ရွက်ပေး နေတာဘဲ ရှိပါတယ်။ နိုင်ငံတော်အစိုးရသစ် စတင်တာဝန်ယူခဲ့တဲ့အချိန်ကစပြီး ယနေ့အထိ တပ်မတော် အနေနဲ့ နိုင်ငံတော်ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေမှာ ၀င်ရောက်စွက်ဖက် အဟန့်အတားပြုလုပ်

ခဲ့ဖူးတယ်ဆိုတာလည်း မရှိခဲ့ပါဘူး။ လိုအပ်ချက်အရ လွှတ်တော်အတွင်းမှာ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ပါဝင်ဆောင်ရွက်နေတာသာ ရှိပါတယ်။ ဒါဟာ နိုင်ငံရဲ့အသွင်ကူးပြောင်းရေးကာလမှာ အမှန်တကယ် လိုအပ်တာလည်း ဖြစ်ပါတယ်။ လွှတ်တော်အတွင်းမှာလည်း တပ်မတော်ကိုယ်စားလှယ်များဟာ အပြုသဘောဆောင်တဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်နေတာကို အများအသိ၊ လွှတ်တော်ကိုယ်စားလှယ်များလည်း အသိဘဲဖြစ်ပါတယ်။ အမှန် တကယ်ဆိုရင် တပ်မတော်သားကိုယ်စားလှယ်များက နိုင်ငံတော်ရဲ့ ပြုပြင်ပြောင်းလဲမှုများမှာ အနှောင့် အယှက်ပေးခဲ့တယ်ဆိုတာ မရှိခဲ့ပါဘူး။ တပ်မတော်အပေါ် အမြင်မကြည်လင်သူများနဲ့ ကိုယ်ကျိုး ထင်ပေါ်လိုသူအချို့ကသာ တပ်မတော်နဲ့ တပ်မတော်သားကိုယ်စားလှယ်များအပေါ် ဝေဖန်ပုတ်ခတ် တိုက်ခိုက်ခဲ့မှုတွေ ရှိခဲ့တာဖြစ်ပါတယ်။

ဒီမိုကရေစီကူးပြောင်းတဲ့နိုင်ငံများမှာ လွှတ်တော်အတွင်း တပ်မတော်သားကိုယ်စားလှယ်များ ပါဝင်မှုရာခိုင်နှုန်းဟာ အချို့နိုင်ငံများမှာ မြန်မာနိုင်ငံမှာထက် ပိုလို့များတာကို လေ့လာတဲ့သူများ သိရှိ နိုင်ပါတယ်။ သို့သော်လည်း အမှန်တရားကို လက်မခံလိုသူများနဲ့ လူပုဂ္ဂိုလ်အချို့ကတော့ လွှတ်တော် ထဲမှာ စစ်တပ်ကိုယ်စားလှယ်တွေရောက်နေတာ အလုပ်ကိုမဟုတ်ဘူးရယ်လို့ ခါးခါးသီးသီး ဝေဖန် ပြောဆိုနေကြတာလည်း ရှိပါတယ်။ ရှင်းအောင်ထပ်ပြောရရင် ဒီမိုကရေစီ ကူးပြောင်းတဲ့နိုင်ငံတွေမှာ စစ်တပ်က မလွှဲသာမရှောင်သာ ပါဝင်ကြရမြဲဖြစ်ပါတယ်။ နောင်တစ်ချိန်မှာ ဒီမိုကရေစီရင့်ကျက်မှုအရ စစ်တပ်ရဲ့ အခန်းကဏ္ဍကို တဖြည်းဖြည်း လျှော့ချသွားရတာဘဲ ဖြစ်ပါတယ်။ ဒီလိုလျှော့ချနိုင်ဖို့ ပြည်သူ တစ်ရပ်လုံးနဲ့ ပြည်သူ့ကိုယ်စားလှယ်များဟာ ဒီမိုကရေစီအရည်အချင်းများ ပြည့်ဝလာကြရပါမယ်။ ကိုယ်ကိုယ်တိုင်က ဒီမိုကရေစီရေချိန်မပြည့်ဝသေးဘဲ တစ်ယောက်တစ်ပေါက် ထင်ရာစိုင်းပြီး ညီညွတ်မှု မရှိ၊ အထိန်းအကွပ်မဲ့နေရင်တော့ ထိန်းကျောင်းပေးတဲ့သူနဲ့ နေရတဲ့ခေတ်ကနေ လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး။

မြန်မာနိုင်ငံရဲ့ ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်များကို ပြန်ကြည့်မယ်ဆိုရင် နိုင်ငံတော်အစိုးရဟာ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များကို တစ်စိုက်မတ်မတ်ဆောင်ရွက်နေတာ မျက်ဝါးထင်ထင် တွေ့မြင်ကြ ရမှာဖြစ်ပါတယ်။ ဒီမိုကရေစီအစိုးရသစ် စတင်တာဝန်ယူချိန်မှာ ဒီလို ပြုပြင်ပြောင်းလဲမှုတွေကို မြင်ကြရ လိမ့်မယ်လို့ ဘယ်သူကမှ မမျှော်လင့်ခဲ့ရိုး အမှန်ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရက ပြုပြင်ပြောင်းလဲမှု တွေကို ဆက်တိုက်ဆောင်ရွက်လာတဲ့အခါ ပြည်သူအများစုက ၀မ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ကြရပါတယ်။ သို့သော်လည်း နိုင်ငံရေးအမြတ်ထုတ်လိုသူ အချို့ကတော့ ရလေလိုလေဆိုတဲ့ ပုံစံနဲ့ အစိုးရကို အကြပ် အတည်းဖြစ်အောင် ဖိအားပေးဆောင်ရွက်နေတာ တွေ့ကြရပါတယ်။ အခြေခံဥပဒေကို စောင့်ထိန်း လိုက်နာပါမယ်လို့ ကျမ်းသစ္စာကျိန်ဆိုထားသူများ ကိုယ်တိုင်ကပါ ၄င်းတို့ရဲ့ နိုင်ငံရေးအကျိုးအမြတ် ရလိုမှုအတွက် မလုပ်သင့်တာတွေ လုပ်လာကြတာကိုလည်း မြင်တွေ့ကြရပါတယ်။


ဥပဒေများရေးဆွဲခြင်း၊ ပြင်ဆင်ခြင်းတွေကိုပြုလုပ်ဖို့ လွှတ်တော်မှာတာဝန်ရှိပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပြင်ဆင်နိုင်ရေးအတွက် ကော်မတီဖွဲ့စည်းပြီးဆောင်ရွက်နေပြီဖြစ်ပါတယ်။ တပ်မတော် ကတော့ ဖွဲ့စည်းပုံအခြေခံဥဒေအတိုင်း သူ့တာဝန်သူထမ်းဆောင်နေတာ ဖြစ်ပါတယ်။ နိုင်ငံရေး နယ်ပယ်မှာ ပါဝင်စွက်ဖက်စေခြင်းမရှိဘဲ မိမိရဲ့မူလတာဝန်ဖြစ်တဲ့ နိုင်ငံတော်ကာကွယ်ရေး တာဝန်တွေ ကိုသာ ထမ်းဆောင်နိုင်ဖို့ အားလုံးနဲ့ကင်းရှင်းစွာ ဆောင်ရွက်နေတာဖြစ်ပါတယ်။ နိုင်ငံရဲ့ ဒီမိုကရေစီ အရေးမှာရော ငြိမ်းချမ်းရေးဆောင်ရွက်မှုများမှာပါ တပ်မတော်က အဟန့်အတားဖြစ်အောင် လုပ်ဆောင် နေတာ တစ်ခုမှ မရှိခဲ့ပါဘူး။

ဒါကြောင့် ပြည်သူများအနေနဲ့ ယနေ့ဖြစ်ပေါ်နေတဲ့ အခြေအနေများကို အမှန်အတိုင်း ရှုမြင် သုံးသပ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဟာ လူတစ်ဦးတစ်ယောက်အတွက် ရည်ရွယ်ကန့်သတ်ထားတဲ့ ဥပဒေတစ်ခုလား၊ လူတစ်ဦးတစ်ယောက်က မိမိအကျိုးအတွက် ဒီဥပဒေကို ပြင်ဆင်ချင်တာလား ဆိုတာကို ပြည်သူတွေက ကိုယ်ပိုင်စဉ်းစားခြင့်ချိန်ဆုံးဖြတ်ကြရမှာသာ ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုဖြစ်စဉ်များမှာ တပ်မတော်က မပါဝင်လိုတာလား၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက တန်းတူအခွင့်အရေးကို အကြောင်းပြပြီး လက်နက်ကိုင်လမ်းစဉ်ကို မစွန့်လွှတ်ချင် ကြတာလား၊ စစ်မှန်တဲ့ပြည်ထောင်စုစနစ်ထက် လက်နက်ကိုင်စွဲပြီး ကိုယ့်ပြည်နယ်ဒေသအလိုက် တစ်ဗိုလ်တစ်မင်း ကြီးစိုးနေထိုင်လိုကြတာလား ဆန်းစစ်ရမှာဖြစ်ပါတယ်။ မီဒီယာများကိုလည်း ပြည်သူ လူထုကို သတင်းအချက်အလက်အမှန်တွေ ပေးချင်တာလား၊ ၄င်းတို့ရဲ့ ကိုယ်ကျိုးစီးပွားအတွက် လုပ်ကြံဖန်တီးပြီး လိုရာကိုဆွဲကာ ရေးသားနေကြတာလားဆိုတာတွေကိုလည်း သတိထားစောင့်ကြည့် ကြရမှာ ဖြစ်ပါတယ်။ တပ်မတော်ကတော့ တိုင်းပြည်အတွက်ပါဘဲ။

ပြည်ချစ်သား

Monday, December 30, 2013

ဖက်ရှင်ဒီဇိုင်း တော်တော်များများနဲ့ လိုက်ဖက်တဲ့ ဦးထုပ်ဒီဇိုင်းကို ရွေးချယ်မယ်ဆိုရင်



Monday, December 30, 2013
 
ထသွားထလာပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ အပြင်သွားတဲ့အခါပဲဖြစ်ဖြစ်၊ ခရီးသွားမယ်ဆိုရင်တောင် ယူဆောင်သွားသင့်တဲ့ ဦးထုပ်ဒီဇိုင်းတွေထဲမှာ ခုလတ်တလော ခေတ်စားနေတဲ့ ဦးထုပ်ဒီဇိုင်းကို ဖော်ပြပေးလိုက်ပါတယ်။ မိန်းကလေးဆန်ဆန်လေးပဲ ၀တ်ဝတ်၊ ယောင်္ကျားလေးဆန်တဲ့ ဖက်ရှင်နဲ့ပဲ တွဲတွဲ အထာကျတာမို့ ပျိုမေတွေ နှစ်ခြိုက်ကြမှာ သေချာပါတယ်။

၁။မိန်းကလေးဆန်ဆန် ဂါဝန်လေးတွေ၊ စကတ်လေးတွေနဲ့ တွဲဝတ်လည်း လိုက်ဖက်မှုရှိနေမှာဖြစ်ပြီး ပုံထဲကလို ဘောင်းဘီအကျပ်၊ ခါးအတိုအကျီ Urban Outfitter လေးတွေနဲ့ မိုက်နေမှာမို့ ဦးထုပ်ရွေးချယ်မှုအပိုင်းအတွက် သိပ်ခေါင်းရှုပ်ခံစရာမလိုဘူးနော်။



၂။ဟိုးအရင်ကဆို ဒီလို ဦးထုပ်မျိုး ကမ်းခြေသွားမှသာ ပျိုမေတွေ ဆောင်းကြတာပါ။ အနားသားတွေက အပျော့တွေမို့ ထသွားထလာအတွက် မဆောင်းရဲခဲ့ကြဘူးဆိုရင် ခု ဆောင်းကြည့်ဖို့ တိုက်တွန်းပါရစေ။



၃။ကုတ်အကျီင်္ံတွေ၊ ဂျက်ကတ်တွေနဲ့တွဲရင် သိပ်မိုက်တဲ့ ဦးထုပ်ဒီဇိုင်းပါ။ ဒီလိုဖက်ရှင်မျိုးဆို ၁၉၈၀၀န်းကျင် ကာလကိုရောက်သွားတဲ့ ဖီလင်မျိုး ခံစားရမှာအမှန်ပဲ။



၎။ကိုယ့်ဖက်ရှင်ကို သူများနဲ့ မတူစေချင်ဘူး။ အားလုံးငေးသွားမယ့် ဖက်ရှင်မျိုး ဖန်တီးရဲတယ်၊ ၀တ်ဆင်ရဲတယ်ဆိုရင်တော့ ဒီလိုဦးထုပ်ဒီဇိုင်းမျိုးကို ရွေးချယ်လိုက်ပါ။



၅။ဒီလို ဦးထုပ်မျိုးကို ရိုးရှင်းပြီး အထာကျတဲ့ ဖက်ရှင်မျိုးနဲ့ တွဲဆောင်းဖို့ ၀န်မလေးပါနဲ့။ သင့်ဖက်ရှင်အတွက် တစ်ဖက်တစ်လမ်းက ပံ့ပိုးပေးနိုင်မယ့် ဦးထုပ်ဒီဇိုင်းမျိုးဆိုတာ သိထားပါ။



Ref:lookbook.nu

ဂျာမနီနိုင်ငံရဲ့ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတွေရဲ့ စွမ်းအင်ထုတ်လွှတ်မှု ကမ္ဘာ့စံချိန်သစ်ထပ်တင်ခဲ့



Monday, December 30, 2013

ဂျာမနီရဲ့ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတွေကနေ ၂၀၁၃ ခုနှစ်မှာ တစ်နာရီ ၂၄ ဂီဂါဝပ်ထုတ်လွှတ်ပေးနိုင်ခဲ့ပြီး ဒီပမာဏဟာ နျူကလီးယားစွမ်းအင်သုံးဓာတ်အားပေးစက်ရုံ အလုံး ၂၀ ကနေ ထုတ်လွှတ်ပေးတဲ့ ပမာဏနဲ့  ညီမျှပါတယ်။ ဂျာမနီနိုင်ငံဟာ နေရောင်ခြည်စွမ်းအင် ထုတ်လုပ်သုံးစွဲမှုမှာ ထိပ်သီးခေါင်းဆောင် နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ နိုင်ငံတွင်း နျူကလီးယားစွမ်းအင်သုံးစွဲမှုကို လုံးဝပယ်ဖျက်နိုင်မယ်လို့ မျှော်လင့်လျက် ရှိပါတယ်။ ဒီဆိုလာပြားတွေကို နေရောင်ခြည်လုံလောက်အောင် ရတဲ့နေရာမှာ ဆိုလာပန်းခြံတွေအဖြစ်တည်ဆောက်ထားတာဖြစ်ပြီး ၂၀၁၃ ခုနှစ်မှာ တစ်နာရီ ၂၄ ဂီဂါဝပ်ထုတ်လုပ်ပေးနိုင်ခဲ့ကာ ကမ္ဘာ့နေရောင်ခြည်စွမ်းအင် ထုတ်လုပ်မှု စံချိန်သစ်ကို တင်နိုင်ခဲ့ပါတယ်။ ပထမသူတို့ တင်ထားတဲ့ စံချိန်က ၂၀၁၂ ခုနှစ်မှာ တစ်နာရီ ၂၂ ဂီဂါဝပ် ပမာဏ ဖြစ်ပါတယ်။

“ဘယ်နိုင်ငံကမှ ဒီလောက်များတဲ့ နေရောင်ခြည်စွမ်းအင်ပမာဏကို မထုတ်လုပ်နိုင်ခဲ့ပါဘူး။ ဂျာမနီဟာ အချိန် အနည်းငယ်အတွင်းမှာပဲ တစ်နာရီ ၂၀ ဂီဂါဝပ် ရှိတဲ့ စွမ်းအင်ကို ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ဒါဟာ သန့် ရှင်း တဲ့စွမ်းအင် အရင်းအမြစ် တွေအတွက် ခြေလှမ်းတစ်လှမ်းပါပဲ” လို့  စွမ်းအင်အရင်းအမြစ်အသစ်ထုတ်လုပ်ရေး အသင်းအဖွဲ့  ရဲ့ ဒါရိုက်တာ နောဘတ်အယ်နော့ခ်ျ က ပြောကြားခဲ့ပါတယ်။

ဂျာမနီနိုင်ငံဟာ ဂျပန်နိုင်ငံဖူကူရှီးမားနျူကလီးယားမတော်တဆမှု အပြီးမှာ နျူကလီးယားစွမ်းအင်ထုတ်လုပ်မှု ကိုလျော့ချခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ လုံးဝအသုံးမပြုတော့ဖို့ မျှော်မှန်းထားပါတယ်။ ဂျာမနီဟာ ဒီသဘာဝစွမ်းအင်ထုတ်လုပ်မှုတွေဖြစ်တဲ့ နေရောင်ခြည်နဲ့ လေအားသုံးစက်ရုံ လုပ်ငန်းတို့ မှာ တစ်နှစ်ကို ယူရို ၁၄ ဘီလီယံ ကျော်သုံးစွဲနေပြီး နိုင်ငံသားတွေကလည်း ဒီစွမ်းအင်အတွက် အခွန်ဆောင်ပြီး ထောက်ပံ့ပေးရပါတယ်။

အခုအချိန်ထိတော့ ဂျာမနီနိုင်ငံရဲ့ အဓိကလျှပ်စစ်စွမ်းအင်ထုတ်လုပ်မှုက ကျောက်မီးသွေးလောင်စာဖြစ်နေပြီး ဒုတိယနေရာမှာ နျူကလီးယားစွမ်းအင် ၊နောက် လေအားလျှပ်စစ်၊ သဘာဝဓာတ်ငွေ့ ၊ နေရောင်ခြည်စွမ်းအင်၊ ရေအားလျှပ်စစ်စွမ်းအင်တို့ က တည်ရှိနေပါတယ်။



Ref: Wikipedia.com , greentechmedia.com

အမေရိကန် DARPA က ချီးမြှင့်မယ့် နောက်ဆုံးပေါ်စက်ရုပ်များ ပြိုင်ပွဲကျင်းပ


 
Monday, December 30, 2013


လမ်းလျှောက်နိုင်တဲ့၊ တောင်တက်နိုင်တဲ့၊ ကားမောင်းနိုင်တဲ့ စက်ရုပ်တွေရဲ့ ခေတ်ရောက်နေပါပြီ။ ဒါပေမဲ့ ဒီစက်ရုပ်တွေဟာ ဇီဝိန်ခြွေ စက်ရုပ်တွေနဲ့ ယှဉ်ရင်တော့ ကလေးဆန်ပါသေးတယ်။ ဒီစက်ရုပ်တွေဟာ နှေးတယ်၊ ချော်လဲတယ်၊ လက်ကောက်ဝတ်၊ ခြေချင်းဝတ်တွေလဲ ကျိုးသေးတယ်။

ပြီးခဲ့တဲ့ ရက်အနည်းငယ်တုန်းက မိုင်ယာမီ တောင်ပိုင်းမှာ စက်ရုပ်ပြေးပွဲကို နောက်ဆုံးပေါ်စက်ရုပ်တွေနဲ့ အတူပြသခဲ့ပါတယ်။ အမေရိကန် စစ်တပ်က ကန်ဒေါ်လာ (၂)သန်း မ’တည် ပေးထားတဲ့ ပြိုင်ပွဲရဲ့ တစ်ကဏ္ဍလဲ ဖြစ်ပါတယ်။

နည်းပညာမြင့် ကုမ္ပဏီတွေနဲ့ ထိပ်တန်းတက္ကသိုလ်တွေက အင်ဂျင်နီယာ အသင်းတွေဟာ သူတို့ရဲ့ စက်ရုပ်ဒီဇိုင်းတွေကို ပြသခဲ့ပါတယ်။ ပင့်ကူလို တွားသွား စက်ရုပ် နမူနာကအစ စက်ရုပ်ကြီးတွေ၊ လူသားဆန်ဆန် ဧရာမ စက်ရုပ်တွေထိ ပါပါတယ်။

စုစုပေါင်း အင်ဂျင်နီယာအသင်း (၁၃) သင်းက ၀င်ရောက်ယှဉ်ပြိုင်နေပြီး DARPA (အဆင့်မြင့် ကာကွယ်ရေး သုတေသန စီမံကိန်းအေဂျင်စီ) က နောက်နှစ်မှာ ကန်ဒေါ်လာ(၂)သန်း ချီးမြှင့်သွားဖို့ ရှိပါတယ်။

Ref:CNN

DARPA ‘စက်ရုပ်လက်ရည်စမ်း ပြိုင်ပွဲ ၂၀၁၃’ မှာ Google မ’တည်ပေးထားတဲ့ စက်ရုပ်ကြီးစိုး


 
Monday, December 30, 2013

DARPA (အဆင့်မြင့် ကာကွယ်ရေး သုတေသနစီမံကိန်း အေဂျင်စီ) က ဆုကြေးငွေ ကန်ဒေါ်လာ ၂သန်း ချီးမြှင့်မယ့် ‘စက်ရုပ်လက်ရည်စမ်း ပြိုင်ပွဲ ၂၀၁၃’ မှာ Google က မ’တည်ပေးထားတဲ့ စက်ရုပ်တစ်ရုပ်ဟာ ကြီးစိုးနေခဲ့ပါတယ်။ အလုပ် ၈မျိုးကို ခိုင်းပြီး ၃၂မှတ်အများဆုံး ပေးတဲ့နေရာမှာ Google မ’တည်ထားတဲ့ စက်ရုပ်က ၂၇ မှတ် ရရှိခဲ့ပါတယ်။

ပြိုင်ပွဲအကြောင်းသိရန် Click

ဒီ ‘စက်ရုပ် လက်ရည်စမ်းပြိုင်ပွဲ’ ကိုကျင်းပရခြင်း ရည်ရွယ်ချက်ကတော့ သဘာဝဘေးအန္တရာယ်၊ ကပ် ဆိုက်ပြီးတဲ့နောက် ဒုက္ခသည်တွေကို အကူအညီပေးနိုင်မယ့် စက်ရုပ်တွေကို ကမ္ဘာလုံးဆိုင်ရာ ၀ိုင်းဝန်း တည်ဆောက်ပြီး တိုးတက်အောင်လုပ်ဖို့ပဲ ဖြစ်ပါတယ်။ လူသားဆန်ဆန် စက်ရုပ်တွေလဲ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး လုပ်ဆောင်ရတဲ့ အလုပ်တွေကတော့ တောကြမ်း၊ မြေကြမ်း ဖြတ်လျှောက်ခြင်း၊ နံရံ လွန်ဖောက်ခြင်း၊ ကားမောင်းခြင်း စတာတွေပါ။ Google က မ’တည်ထားပြီး ဂျပန်အသင်း SCHAFT က တည်ဆောက်ခဲ့တဲ့ ပြိုင်ပွဲဝင်စက်ရုပ်ဟာ ပြိုင်ပွဲမှာ အခက်အခဲမရှိ၊ ကျွမ်းကျွမ်းကျင်ကျင် ပြသနိုင်ခဲ့ပါတယ်။ လှေကားတွယ်တက်၊ တောကြမ်း မြေကြမ်း လမ်းပြ၊ အကျိုးအပဲ့ အပျက်အစီးရှင်း၊ မီးသတ်ပိုက် ထိန်း စတဲ့ လုပ်ငန်းတာဝန်တွေအတွက် “best in task” ဆုကိုရရှိခဲ့ပါတယ်။ အံ့သြစရာကောင်းတာ တစ်ခုကတော့ NASA ကထုတ်တဲ့ Valkyrie စက်ရုပ်ဟာ လက်ရည်စမ်းပွဲ တစ်လျှောက် တစ်မှတ်တောင် မရခဲ့တာပါပဲ။

Ref:gurdianlv

ပရီမီယာလိဂ်မှာ နည်းပါးနေတဲ့ အင်္ဂလန်ကစားသမားတွေကြောင့် လက်ရွေးစင်အတွက် စိုးရိမ်နေတဲ့ ရီယိုဖာဒီနန်



 Monday, December 30, 2013

အင်္ဂလန်လက်ရွေးစင်ကနေ အနားယူခဲ့တာ သိပ်မကြာသေး သူ ရီယိုဖာဒီနန်က ဆန်းဒေးတိုင်း မ်သတင်းစာနဲ့ တွေ့ဆုံခိုက်မှာ သူ စိတ်ထဲ ဘ၀င်မကျဖြစ်မိနေတဲ့ အကြောင်းအရာများကို ပြောပြ လာခဲ့ပါတယ်။ ဖာဒီနန်ဟာ အင်္ဂ လန်နည်းပြရွိုင်းဟော့ဆန်က သူ့ ကိုရွေးချယ်ချင်ပေမယ့် ဂျွန်တယ် ရီကို ဦးစားပေးကာ သူ့ကိုချန်ခဲ့ ဖူးတာကြောင့် လက်ရွေးစင်ဘ၀ ကနေ အနားယူခဲ့တာပါ။ ““ပရီး မီးယားမှာ အင်္ဂလန်လက်ရွေးစင် တွေနည်းပါးလာနေခြင်းက ကျွန် တော်တို့နိုင်ငံအသင်းကို ထိခိုက် စေပါတယ်။ နယူးကာ ဆယ်-အာဆင်နယ်ပွဲကိုသာကြည့်တော့ဗျာ။ ပွဲထွက်(၂၂)ယောက်မှာ အင်္ဂလန် က (၄)ယောက်ပဲပါတယ်လေ။ကလပ်အသင်းအတော်များများ မှာ ကြည့်လိုက်မယ်ဆိုရင်လည်း အင်္ဂလန်ကစားသမားတွေ ဘေး ထိုင်နေတာများပါတယ်။ နိုင်ငံ ခြားကစားသမားတစ်ဦးကို သန်း ချီပြီးပေးဝယ်ထားတဲ့ နည်းပြက အင်္ဂလန်လူငယ်ကစားသမားတစ် ဦးကို ပွဲထုတ်ဖို့ဆိုတာက ရာခိုင် နှုန်းနည်းပါတယ်””လို့ ရီယိုဖာဒီ နန်က ပြောခဲ့ပါတယ်။ အာဆင်နယ်က နယူးကာဆယ်အသင်းကို အဝေးကွင်းမှာ တစ်ဂိုးဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာကြည့်မယ်ဆိုရင် နယူးကာဆယ်ဘက်မှာ နောက်ခံလူဝီလီယံ ဆင်တစ်ဦးပဲ အင်္ဂလန်သားပါဝင်ပြီး အာဆင်နယ်မှာဆိုရင် ကီရင်ဂစ်ဘ်၊ ၀ီလ်ရှိုင်းယားနဲ့ သီယိုဝဲလ်ကော့တ်တို့ (၃)ဦးပါဝင်နေခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် သူ့အနေနဲ့ လူ ငယ်ကစားသမားဘ၀ကနေ တက်လှမ်းလာခဲ့ပုံများကိုလည်း ပြောပြခဲ့ပြန်ပါတယ်။ “ ကျွန်တော်ဝက်စ်ဟမ်းမှာ လူငယ်က စားသမားဘ၀နဲ့ရှိနေတုန်းမှာ ဟယ်ရီရက်ဒ်နပ်က အသင်းအရန် ခုံမှာထိုင်ခိုင်းခဲ့ပြီး ၀င်ကစားခိုင်းခဲ့ ပါတယ်။ ဒီနေ့ခေတ်မှာ နည်းပြ တွေက အသင်းပိုင်ရှင်တွေကို လွန်ဆန်ပြီး လူငယ်တွေကိုဝင်ကစားခိုင်းဖို့ဆိုတာ မဖြစ်နိုင်တဲ့အ နေအထားမျိုးဖြစ်နေပါပြီ”လို့ ပြောခဲ့ပါတယ်။

ဘယ်အချိန်မှာ အလုပ်က ထွက်သင့်ပြီလဲ


အလုပ်က နေ့ရက်ဆိုးတွေကိ တွန်းလှန်နိုင်စွမ်း မရှိတော့ဘူးလား။ တချို့သော အမျိုးသားတွေဟာ သူတို့ရဲ့ လက်ရှိအလုပ်ကနေ ထွက်ချိန်တန်နေတာကို သတိမမူဘဲ အဆင်ပြေမလားဆိုတဲ့ အတွေးနဲ့ ဆက်လက် ရုန်းကန်နေကြဆဲပါပဲ။ ဒါဟာလည်း တချို့တွေပြောတတ်တဲ့ “တကယ်တော်တဲ့ လူတစ်ယောက်ဟာ ဘယ်တော့မှ လက်မြှောက်ထွက်မသွားဘူး”ဆိုတဲ့ စကားမျိုးတွေကြောင့် သင့်ကို မပျော်ရွှင်မှုတွေနဲ့ ဆက်လက် ရှင်သန်နေစေပြန်ပါတယ်။

ဆက်လက် ဖက်တွယ်နေဖို့ အကြောင်းပြချက်မရှိတော့ဘူးဆိုပါစို့။ အလုပ်က တကယ်ထွက်ချိန်တန်ပြီ ဖြစ်ကြောင်း အလွန်သေချာတဲ့ အကြောင်းပြချက် (၅)ခု ပြောပြပါရစေ။

(၁) အလွန်အကျွံ စိတ်ဖိစီးမှုများအောက် ရောက်ရှိနေလျင်



အနည်းငယ် စိတ်ဖိစီးရတဲ့ နေ့ရက်တွေဆိုတာ လစဉ်လိုလို ရှိတတ်ပါတယ်။ ဒါပေမယ့် ဒီလိုစိတ်ဖိစီးမှုမျိုးတွေချည်း နေ့စဉ်ရက်ဆက် အလွန်အကျွံ ခံစားနေရတယ် ဆိုရင်တော့ ဒီအလုပ်ဟာ သင်နဲ့ မသင့်တော်ပါဘူး။ ဒါကြောင့် နောင်တမရခင် အရင်ထွက်လိုက်ပါ။

(၂) စိန်ခေါ်မှုတွေ မရှိတော့လျင်

နေ့တွေ ၊ လတွေ ၊ နှစ်တွေများစွာ ဆယ်စုနှစ် တစ်စုလောက်တိုင်အောင် သင့်အလုပ်ဟာ သင့်ကို ဘာစိန်ခေါ်မှုမှ မပေးနိုင်တော့ရင် ဒါဟာ အချိန်တွေကို အလဟဿ ဖြုန်းတီးပစ်နေတာပါပဲ။ ဒီအချိန်ဟာ တခြားအသက်မွေးဝမ်းကြောင်းတစ်ခု စတင်ပြောင်းလဲသင့်တဲ့ အချိန်ပါ။

(၃) ကုမ္ပဏီဟာ ဘယ်နေရာမှာမှ ဦးမဆောင်နိုင်တော့လျင်

ကုမ္ပဏီဟာ နှစ်ရှည်လများ နာတာရှည်ရောဂါမျိုး တဖြည်းဖြည်းလှိုက်စားနေတဲ့အခါ သင့်ကို လက်ရှိပေးနိုင်တဲ့လစာထက် ပိုပြီး မပေးနိုင်တော့ပါဘူး။ နောက်ပြီး သင့်ရဲ့ အနာဂတ်ဟာလည်း ဘာမှ ရေရေရာရာ မတွက်ဆနိုင်တော့ဘူးဆိုရင် ဒီကုမ္ပဏီကို သံယောဇဉ် ဖြတ်သင့်ပါပြီ။ အလုပ်တစ်ခုကို ရှာဖွေတဲ့အခါ ၀င်ငွေတစ်ခုတည်းကို မကြည့်ပါနဲ့။ ဒီကုမ္ပဏီဟာ အနာဂတ်ရည်မှန်းချက်အစီအစဉ်နဲ့ အိမ်မက်တွေ ဘယ်လောက်ထိ ရည်မှန်းအကောင်အထည် ဖော်နိုင်မလဲဆိုတာကို ချင့်ချိန်ပါ။

(၄) အလုပ်မှာ စိတ်တက်ကြွ ရှင်သန်ဖို့အင်အား ရှာမတွေ့တော့လျင်

ရည်မှန်းချက်ဆိုတာ လူတိုင်းအတွက် အရေးအကြီးဆုံးအရာတစ်ခုဖြစ်လို့ ဒီစိတ်ဓါတ် ပျောက်ပြယ် လွင့်ပါးသွားတာမျိုး ဘယ်တော့မှ မဖြစ်သင့်ပါဘူး။ အခုသင့်ရဲ့ လက်ရှိအလုပ်ဟာ သင့်ကို မပြောပလောက်တဲ့ ရည်မှန်းချက်လေးပေးထားပြီး တိုးတက်နိုင်တဲ့ နယ်ပယ်မှာ မလုပ်နေရဘူး ဆိုရင်တော့ မှန်ကန်တဲ့နည်းလမ်းနဲ့ အဆုံးသတ်ဖို့ ဆုံးဖြတ်သင့်ပါပြီ။

(၅) စိတ်အာရုံတွေ အဝေးကိုသာ ပျံ့လွင့်နေလျင်

အလုပ်က သင့်ကို လုံလောက်တဲ့ စိတ်ဝင်စားမှုတွေ မပေးစွမ်းနိုင်တော့တဲ့ အခါ ပျင်းရိခြင်းက ကြီးစိုးလာပြီး ငြီးငွေ့ခြင်းတွေနဲ့အတူ ငိုက်မြည်းနေတတ်ပါလိမ့်မယ်။ ဒါဟာ သင့်အတွက်ရော သင့်အလုပ်ရှင်အတွက်ပါ အတော်လေး စိတ်ကသိကအောက်ဖြစ်စရာ အခြေအနေပါ။ ဒါမျိုး ဖြစ်နေပြီဆိုရင် ကိုယ်စိတ်ပါဝင်စားနိုင်တဲ့အလုပ်တစ်ခုကို ရှာဖို့လိုအပ်နေပါပြီ။ ဘ၀ဆိုတာ အချိန်ခဏလေးဖြစ်ပြီး အင်မတန်ကုန်လွယ်ပါတယ်။ ဒါကြောင့် နယ်မြေသစ်ကို စတင်ရှာဖွေပါ။ တရွတ်ဆွဲ အလုပ်လုပ်နေခြင်းဟာ သင့်အနာဂတ်အတွက်သာမက ကုမ္ပဏီအနာဂတ်အတွက်ပါ ထိခိုက်နိုင်ပါတယ်။

Ref:mensxp

နှစ်သစ်အကြိုဝမ်းနည်းစရာသတင်း- ဖော်မြူလာဝမ်း ပြိုင်ပွဲရဲ့ ဂန္တ၀င်မြောက်ကစားသမား မိုက်ကယ်ရှူးမေကာ မတော်တဆမှုဖြစ်ပြီး Coma ၀င်ရောက်လျက်ရှိ




Monday, December 30, 2013

 နှစ်သစ်ကူးပြောင်းခါနီးမှာ သတင်းဆိုးတစ်ခုကို မမျှော်လင့်ဘဲ ကြားသိလိုက်ရပါတယ်။ ဖော်မြူလာဝမ်း ပြိုင်ပွဲရဲ့ အရှင်သခင်တစ်ယောက်၊ ဂန္တ၀င်မြောက်ကားမောင်းသမားဖြစ်တဲ့ မိုက်ကယ်ရှူးမေကာဟာ မနေ့ က နှင်းလျှောစီးကစားရင်း ဦးခေါင်းမှာ ဒဏ်ရာရရှိကာ ကိုမာ ၀င်ရောက်သွားခဲ့ပါတယ်။

ဖော်မြူလာဝမ်း ကမ္ဘာ့ချန်ပီယံဆုကို ခုနှစ်ကြိမ်ရရှိသူထားသူ အသက် ၄၄ နှစ်အရွယ် မိုက်ကယ်ရှူးမေကာဟာ ပြင်သစ်တောင်တန်းတွေမှာ နှင်းလျောစီးကစားရင်း ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။ အခု ပြင်သစ်နိုင်ငံအရှေ့  တောင်ပိုင်း ဂရီနိုဘယ်မြို့ ဆေးရုံတင်ထားပြီး ကိုမာရောဂါဝင်ရောက်လျက်ရှိပါတယ်။

နှင်းလျောစီးတုန်းက မိုက်ကယ်ဟာ ခေါင်းဆောင်းအကာဝတ်ဆင်ထားခဲ့ပါတယ်တဲ့။ ဖြစ်ဖြစ်ချင်းမှာ မိုက်ကယ်ဟာ သတိရနေခဲ့ပေမယ့် မကြာခင်မှာ အခြေအနေဆိုးရွားလာခဲ့ပြီး ကိုမာ ၀င်ရောက်သွားခဲ့တာပါ။

“မိုက်ကယ်ဟာ ဦးခေါင်းခွံမှာ အပြင်းစားဒဏ်ရာရရှိခဲ့ပြီး ကိုမာ အခြေအနေရောက်ရှိသွားခဲ့တာပါ။ အာရုံကြောပိုင်းဆိုင်ရာ ကုသမှုတစ်ချို့ ချက်ချင်းပြုလုပ်ဖို့ လိုအပ်ပါတယ်။ အခုထိတော့ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတုန်းပါပဲ” လို့ ဂရီနိုဘယ် ဆေးရုံရဲ့ ဒါရိုက်တာ ဂျင်းန် မာခ် ဂရီနီယာ က ပြောကြားသွားခဲ့ပါတယ်။

မိုက်ကယ် ရှူးမေကာဟာ သူ့ ရဲ့ ၁၄ နှစ်သားအရွယ် သားနဲ့ အတူ မီရီဘယ် နှင်းလျောစီးအပန်းဖြေစခန်းမှာ အနားယူအပန်းဖြေနေခဲ့တာ လို့ သိရပါတယ်။ ပြီးတော့ မိုက်ကယ်ဟာ နှင်းလျော ကျွမ်းကျွမ်းကျင်ကျင် စီးတတ်သူ တစ်ယောက်ဖြစ်တယ်လို့ လည်း သူ့ မိတ်ဆွေတွေက ဆိုပါတယ်။

မိုက်ကယ်ရှူးမေကာဟာ အားကစားလောကသမိုင်းတစ်လျှောက်မှာ အအောင်မြင်ဆုံးကားမောင်းသမား တစ်ယောက်အဖြစ် သတ်မှတ်ခံထားရပြီး မနှစ်ကမှ အားကစားလောကက အနားယူထားတာပါ။ နှစ်သစ်မှာ မိုက်ကယ်ရှူးမေကာ တစ်ယောက် အမြန်ဆုံးပြန်လည်နိုးထ ကောင်းမွန်လာပါစေ လို့ ဆုတောင်းလိုက်ပါတယ်။

Ref: euronews.com

ချစ်သူသက်တမ်းတစ်လျှောက် အမြဲတမ်းပြုမူရမယ့် အချက်(၁၀)ချက်






အချစ်ရေးတစ်ခု အောင်မြင်ဖို့ သော့ချက်တချို့ကတော့ သင်တို့အချင်းချင်း တစ်ယောက်နဲ့တစ်ယောက် ပြုမူဆက်ဆံတတ်ကြတဲ့ အသေးအဖွဲ့ကိစ္စလေးတွေထဲမှာ ရှိနေပါတယ်။ ဒါပေမယ့် ဒီအချက်လေးတွေကို တချို့က မေ့လျော့ထားတတ်ကြပါတယ်။

ဘယ်လိုအရာတွေကများ အချစ်မီးတောက်လေး အမြဲတောက်နေအောင် စွမ်းဆောင်နိုင်တာပါလိမ့်။ မေ့လျော့နေတာလေးတွေ တူးဆွကြည့်ရအောင်။


(၁) “I Love You” လို့ပြောတာကို ဘယ်တော့မှ မရပ်တန့်ပစ်ပါနဲ့။ ဒီစကားသုံးလုံးဟာ အမျိုးသမီးတစ်ရောက်ရဲ့ ရင်ထဲ စွဲမြဲနေစေနိုင်တာကို ဘယ်တော့မှ မမေ့ပါနဲ့။


(၂) တစ်ယောက်နဲ့တစ်ယောက် တွေ့ကြတဲ့အခါ နှုတ်ဆက်အနမ်းလေးတွေ ပေးဖို့ ဘယ်တော့မှ မမေ့ပါနဲ့။


(၃) အိပ်ရာထဲရောက်ချိန်နဲ့ အခြေအနေပေးတဲ့ အချိန်တွေမျိုးမှာ တစ်ယောက်နဲ့တစ်ယောက် နွေးထွေးစွာ ပွေ့ဖက်ဖို့ မမေ့ပါနဲ့။


(၄) တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်စနောက်ပြီး ပျော်စရာလေးတွေ ဖန်တီးဖို့ မမေ့ပါနဲ့။


(၅) တစ်ယောက်နဲ့တစ်ယောက် ခဏတာ ခွဲခွာရချိန်မျိုးမှာတောင် အဆက်အသွယ် မပြတ်ပါစေနဲ့။ ကြုံတွေ့ရတဲ့အရာတွေ ခံစားချက်တွေ မျှဝေကြဖို့ မမေ့ပါနဲ့။



(၆) သင့်အနေနဲ့ မုသားသုံးလိုက်တဲ့ ခဏတာဟာ သင်တို့ရဲ့အချစ်ခရီးလမ်းကို စတင် အက်ကွဲစေပြီဆိုတာ မမေ့ပါနဲ့။ ဒါကြောင့် ရိုးသားစွာ ဆက်ဆံကြဖို့ မမေ့ပါနဲ့။


(၇) သူမဘယ်လောက်လှကြောင်း ၊ ဘယ်လောက် ဆွဲဆောင်မှုရှိကြောင်း ပြောပြဖို့ ဘယ်တော့မှ မမေ့ပါနဲ့။ နှစ်တွေကြာလာလို့ သူမအလေးချိန်တွေတက်လာရင် (ဒါမှမဟုတ်) မျက်လုံးလေးတွေ မတောက်ပနိုင်တော့ရင်တောင် သင့်ရဲ့ဒီစကားလေးတွေ သူမအတွက် လိုအပ်နေပါသေးတယ်။


(၈) အလုပ်တွေကြားမှာ အခြေကျလို့ မအားလပ်နိုင်ကြတော့ရင်တောင် အတူတကွ ထွက်လည်ဖို့ စီစဉ်တာဖို့လိုတာ မမေ့ပါနဲ့။


(၉) သင့်ရဲ့ ဘယ်လိုမျိုးလက်ဆောင်မဆို သူမကို အံ့သြပျော်ရွှင်သွားအောင် လုပ်နိုင်တယ်ဆိုတာ မမေ့ပါနဲ့။ တန်ဖိုးနည်းတာပဲဖြစ်ဖြစ် ၊ များတာပဲဖြစ်ဖြစ် အရေးမကြီးပါဘူး။

မမေ့မလျော့ လက်ဆောင်လေးတွေ ပေးနေနိုင်ဖို့သာ အဓိကပါ။


(၁၀) အရင်းနှီးဆုံးသူငယ်ချင်းတွေအဖြစ် ပေါင်းသင်းဆက်ဆံပေးဖို့ မမေ့ပါနဲ့။ သင့်ရဲ့ ရည်းစား၊ အိမ်ထောင်ရှင်မ ၊ ကလေးတွေရဲ့အမေ ဘယ်ခြေအနေကိုပဲ ရောက်ရောက် တိုင်ပင်စရာရှိလာရင် အကောင်းဆုံး သူငယ်ချင်းတွေအဖြစ် ရပ်တည်ပေးဖို့လိုပါတယ်။

Ref:mensxp

လူသိနည်းတဲ့ သကြားရဲ့ဆိုးကျိုး ၁၀ မျိုး



မြန်မာနှလုံးဖောင်ဒေးရှင်း ဒီတစ်ပါတ် ကျန်းမာရေးသတင်းတွေထဲမှာ သကြားဟာ အဆီထက်ကို အန္တရာယ်များတဲ့အကြောင်းတွေ တော်တော်လေးပါပါတယ်။ အဲဒါကြောင့် သကြားလွန်လွန်ကဲကဲ စားသုံးခြင်းရဲ့  ဆိုးကျိုးအကြောင်း ၁၀ မျိုးကို တင်ပြလိုက်ပါတယ်။

(၁)သကြားက နှလုံးကို ဒုက္ခပေးတတ်တယ်။

American Heart Association ရဲ့  အဆိုအရ သကြားလွန်ကဲစွာစားသုံးခြင်းကြာင့် နှလုံးညှစ်ခြင်းကို ထိခိုက်နိုင်ပြီး နှလုံးညှစ်အားနည်းရောဂါ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။


(၂)သကြားက အဓိကအားဖြင့် ဗိုက်ကို ရွှဲစေပါတယ်။

တကမ္ဘာလုံးမှာ အ၀လွန်တဲ့သူတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ အတွင်း အဆတော်တော်များများ တိုးလာပါတယ်။ ၂၀၁၀ ခုနှစ်က ပြုလုပ်ခဲ့တဲ့ ဆေးသုသေနတစ်ခုအရ ကလေးတွေမှာ သကြားစားသုံးမှုများတဲ့အတွက်ကြောင့် ကိုယ်ခန္တာထဲက ကလီစာတွေ အဆီများလာပြီး ဗိုက်ရွှဲစေတယ်၊ နောက်တော့ နှလုံးရောဂါနဲ့ ဆီးချိုရောဂါတွေလည်း ဖြစ်စေပါတယ်။

(၃)သကြားက တကယ့်ကို အသံတိတ်လူသတ်သမားပါ။

ဆားနဲ့ သွေးတိုးရောဂါတွေနဲ့အပြိုင် သကြားက လူတွေကိုသတ်ပါတယ်။ ၂၀၀၈ ခုနှစ်က လုပ်ခဲ့တဲ့ ဆေးသုသေသနတစ်ခုအရ leptin resistance လို့ခေါ်တဲ့ ရောဂါကိုရစေပါတယ်။ လူ့ကိုယ်ခန္တာမှာ အစားစားတဲ့အခါ Leptin ဓာတ်က အာသာပြေတဲ့စိတ်ကို ဖြစ်စေပါတယ်။ leptin resistance ရတဲ့အခါ စားပြီးရင်းစားချင်ရင်းမို့ အ၀လွန်စေပါတယ်။ ၀လွန်းတဲ့အခါ ဘာမှမသိပဲ ရောဂါတွေကိုရလာပြီး လူကို သေစေပါတယ်။

(၄)သကြားကြောင့် ကင်ဆာပိုဖြစ်စေပြီး၊ ကင်ဆာကြောင့်သေနှုန်းကိုလည်း များစေပါတယ်။

အူထဲမှာ သကြားဓာတ်တွေများရင် β-catenin ဆိုတဲ့ဓာတ်တစ်မျိုးထွက်လာပြီး ကင်ဆာဖြစ်ပွားမှုကို အားပေးပါတယ်။ ရင်သားကင်ဆာနဲ့ အူမကြီးကင်ဆာလိုရောဂါတွေမှာ သကြားစားတာ များတဲ့လူတာတွေရဲ့  သေနှုန်းက ပိုပြီးများပါတယ်။

(၅) သကြားကြိုက်တာ မျိုးရိုးလိုက်တတ်ပါတယ်။

Ghrelin ဓာတ်များတဲ့ သူတွေဟာ သကြားနဲ့ အရက်ကိုပိုစွဲတတ်ပါတယ်။ Ghrelin ဓာတ်က ကိုယ်ခန္တာကို ဆာလောင်စေပါတယ်။

(၆)သကြားနဲ့ အရက်ဟာ အသည်းကို ဒုက္ခပေးတာ အတူတူပါပဲ။

အရမ်းမ၀တဲ့ လူတွေမှာတောင် သကြားက အရက်နဲ့အလားတူ အသည်းကို ပျက်စီးစေပါတယ်။ သကြားနဲ့ အရက်ကို ကိုယ်ခန္တာက ချေဖျက်ရတဲ့ နည်းလမ်းတွေက အတူတူပါပဲ။ (

(၇)သကြားက ဦးဏှောက်ကို ဒုက္ခပေးပါတယ်။

လွန်ကဲတဲ့သကြားဓာတ်က ကိုယ်ခန္တာက ဆဲလ်တွေကို အိုမင်းစေပါတယ်။ သကြားအရမ်းစားတဲ့ လူတွေမှာ သတိမေ့ခြင်း၊ ဦးဏှောက်အားလျော့ခြင်းတွေ ပိုပြီးဖြစ်တတ်ပါတယ်။

(၈)သကြားဓာတ်က နေ့စဉ် စားသုံးစရာတွေထဲမှာ ပြည့်နေခြင်း

သွားရည်စာတွေ အချိုရည်တွေထဲမှာ သကြားတွေ အများကြီးပါပါတယ်။ ဥပမာ-Coke တစ်ဘူးမှာ သကြား ၁၀ ဇွန်းလောက်ပါဝင်ပါတယ်။

(၉)သကြားလွန်ကဲစွာစားသုံးမှုကြောင့် အသက်တိုနိုင်ပါတယ်။

၂၀၁၃ စစ်တမ်းတစ်ခုအရ ကမ္ဘာတ၀န်းမှာ တစ်နှစ်ကို ၁၈၀၀၀၀ လောက် သကြားစားသုံးမှု လွန်ကဲလို့ သေကြေကြရပါတယ်။ ဆီးချို၊ နှလုံးနဲ့ ကင်ဆာရောဂါတွေကြောင့် သေကြရတာ ဖြစ်ပါတယ်။

(၁၀) သကြားကြောင့် အ၀လွန်စေပါတယ်။

ဒီအချက်က လူတိုင်း သိကြပါတယ်။သကြားစားပြီးရင် ဗိုက်ပြည့်တယ်မရှိပါဘူး။ အဲဒါကြောင့် အချိုတွေ စားပြီးရင် အစားကို ထပ်ပြီး စားစေချင်စိတ် ဖြစ်စေပါတယ်။

ကျန်းမာရွှင်လန်းကြပါစေ

တော်လှန်သောကွန်ပျူတာများ





သမိုင်းဦးဘုံမြေခေတ်၊ ကျေးပိုင်ကျွန်ပိုင်ခေတ်၊ မြေရှင်ပဒေသရာဇ်ခေတ်၊ အရင်းရှင်ခေတ်၊ ဆိုရှယ်လစ်ခေတ်၊ ကွန်မြူနစ်ခေတ်ဆိုပြီး လူ့သမိုင်းဟာ ခေတ်ပေါင်းစုံကို ကျော်ဖြတ်လာခဲ့ပါတယ်။ တော်လှန်သောဆိုတဲ့နေရာမှာလည်း ခေတ်တစ်ခေတ်ကနေ နောက်တစ်ခေတ်၊ စနစ်တစ်ခုကနေ နောက်စနစ်တစ်ခုကို ကူးပြောင်းဖို့ လူတွေအသက်၊ သွေး၊ ချွေးပေါင်းများစွာနဲ့ ရင်းနှီးခဲ့ကြရတယ်။ တော်လှန်ရေးမှာလည်း သွေးစွန်းသော တော်လှန်ရေး၊ သွေးမဲ့တော်လှန်ရေးဆိုပြီး အနေအထားတစ်ခုကနေ အခြား အနေအထားတစ်ခုကို ကူးပြောင်းသွားတာတွေလည်းရှိတယ်။

လူတွေက ကွန်ပျူတာစိတ်ကူးကို ၁၉ ရာစုလောက်တည်းက ရခဲ့ကြတယ်။ ဒါကြောင့် ကွန်ပျူတာတော်လှန်ရေးဆိုတာ နှစ်ကာလပေါင်းများစွာ သန်ေဓတည်ခဲ့ပြီးမှ ပေါက်ဖွားလာခဲ့တဲ့ သွေးမဲ့တော်လှန်ရေးလို့လည်းပြောနိုင်တယ်။ ကွန်ပျူတာ ပေါ်လာလိုက်တာဟာ လူ့သမိုင်းကြီးတစ်ခုလုံးကို ဇောက်ထိုးမိုးမြော်ဖြစ်သွားလောက်အောင် ပြောင်းလဲသွားပါတယ်။ အဲဒီလို ဖြစ်အောင် ဘယ်လိုတွေ ကြိုးပမ်းခဲ့ရပါသလဲ။

The Difference Engine



Charles Babbage ဆိုသူပုဂ္ဂိုလ်က ကွန်ပျူတာဆိုတဲ့စိတ်ကူးကို စတင်ခဲ့တယ်။ သူက အဲဒီစက်ကို Difference Engine ဆိုပြီး စတင်ခဲ့တာဖြစ်တယ်။ ဗြိတိသျှအစိုးရကို သူ့စက်တီထွင်နိုင်ရေး အကူအညီဆက်ပေးဖို့တောင်းဆိုတော့ အငြင်းခံလိုက်ရတယ်။ စတင်တီထွင်စဉ်က သင်္ချာတွက်စက်အနေနဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး အထောက်အပံ့မရလို့ သူလည်း လုပ်ငန်းကို ရပ်ခဲ့ရတယ်။ ဒါကြောင့် ၁၈၂၂ ခုနှစ်လောက်မှာ စတင်တီထွင်ခဲ့ပေမယ့် ဗြိတိန်တွေဟာ ပထမဦးဆုံး တီထွင်သူ စာရင်းမဝင်ခဲ့ဘူး။ Babbage လုပ်ဆောင်ခဲ့တဲ့ ဂဏန်းတွက်စက်ဟာ အံ့သြစရာကောင်းလောက်အောင်ကောင်းတဲ့ သမိုင်းဦး ကွန်ပျူတာစက်လို့ ပြောရမယ်။ အဲဒီအချိန်က တီထွင်ခဲ့တဲ့စက်ကတော့ မရှိတော့ဘူး။ ယခုပြတိုက်မှာ ပြထားတဲ့စက်က ပုံစံတူ ပြန်လည်တည်ဆောက်ပြသထားတာလို့ သိရတယ်။ ခုလည်း အဲဒီစက်က အလုပ် လုပ်နိုင်သေးတယ်လို့ ဆိုပါတယ်။

ENIAC



အမေရိကန်စစ်တပ်အတွက် တည်ဆောက်ထားတဲ့ Electronic Numerical Integrator And Computer (ENIAC) ကွန်ပျူတာစက်ဖြစ်ပါတယ်။ တစ်စက္ကန့်ကို တွက်ချက်မှုပေါင်း ၃၅၇ မျိုးလောက် လုပ်ပေးနိုင်ပါတယ်။ ၁၉၄၆ ခုနှစ်လောက်က တီထွင်ပြီးအသုံးပြုခဲ့တဲ့ ပရိုဂရမ်သုံးကွန်ပျူတာလို့ဆိုနိုင်တယ်။ စက်အလေးချိန် တန် ၃၀ လောက်ရှိပြီး Vacuum Tube လို့ခေါ်တဲ့ မီးလုံးပေါင်း ၁၇,၄၇၈ လုံး အသုံးပြုထားတယ်။ အဲဒီအတွက် လျှပ်စစ်စွမ်းအင် 150 kilowatts လောက်အသုံးပြုတယ်။ ပရိုဂရမ်စနစ်က မီးလုံး၊ ကြိုး၊ ခလုတ်တွေနဲ့ ပေါင်းစပ်ပြီး အလုပ်လုပ်တယ်။

IBM System/360



စီးပွားရေးနဲ့ ပုဂ္ဂလိကလုပ်ငန်းကြီးတွေမှာသုံးဖို့ IBM က System/360 ဆိုတဲ့ ကွန်ပျူတာကြီးကို တီထွင်ပြီး လုပ်ငန်းသုံး မိတ်ဆက်နိုင်ခြင်းဟာ စီးပွားရေးလောကကြီးတစ်ခုလုံးအတွက် ပြုပြင်ပြောင်းလဲမှုတစ်ခုကို စတင်လိုက်ခြင်းလို့ ဆိုရမယ်။ ၁၉၆၄ ခုနှစ်လောက်မှာ IBM ကုမ္ပဏီက သမိုင်းဝင် S/360 ကွန်ပျူတာနဲ့ ကမ္ဘာကို ကိုင်လှုပ်နိုင်ခဲ့တယ်။ လုပ်ငန်းကြီးတွေမှာ ကွန်ပျူတာမသုံးမဖြစ်အနေအထားရောက်လာအောင် အုတ်မြစ်ချလိုက်တာလို့ ဆိုနိုင်ပါတယ်။

Datapoint 2200



၁၉၇၀ ပြည့်နှစ်လောက်မှာ ပေါ်လာတဲ့ ကွန်ပျူတာဖြစ်ပါတယ်။ ကွန်ပျူတာတွေကို တန်နဲ့ချီပြီး ဘောလုံးကွင်း တစ်ကွင်းစာ လောက်ရှိတဲ့ အခန်းကျယ်ကြီးတွေကနေ အိမ်ခန်းထဲ သွင်းလာနိုင်တဲ့ ကွန်ပျူတာလေးတွေ ဖြစ်တည်လာခြင်းရဲ့ သမိုင်းအစ လို့လည်းဆိုနိုင်တယ်။ တစ်ကိုယ်ရည်သုံးကို အဲဒီအချိန်က Single-user လို့ပဲပြောသေးတယ်။ Personal လို့ မပြောသေးဘူး။ ယခုအချိန်မှာ ပျောက်ကွယ်သွားပြီဖြစ်တဲ့ Computer Terminal Corp. (CTC) ကုမ္ပဏီကနေ ထုတ်လုပ်ခဲ့တဲ့ ကွန်ပျူတာဖြစ်ပါတယ်။ Datapoint 2200 လို့ခေါ်တဲ့ အဲဒီကွန်ပျူတာဟာ ယနေ့ခေတ် PC ကွန်ပျူတာ တွေရဲ့ သမိုင်းအစလို့လည်း ပြောနိုင်တယ်။ ကွန်ပျူတာကို ဒီလောက်သေးအောင် လုပ်နိုင်တာဟာ Intel ကုမ္ပဏီက ထုတ် လိုက်တဲ့ single chip ပရိုဆက်ဆာကြောင့်ဖြစ်ပါတယ်။ ပရိုဆက်ဆာ chip တစ်ခုတည်းနဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို စုပြုံထည့်လာနိုင်ခြင်းဟာ ခန်းလုံးပြည့် ကွန်ပျူတာစနစ်ကို တော်လှန်ပြီး ပေါ်ပေါက်လာခဲ့ရတာဖြစ်တယ်။ အဲဒီ အချိန်ကစပြီး Intel ကုမ္ပဏီလည်း သမိုင်းဝင်တီထွင်မှုများရဲ့ အဓိကကျတဲ့နေရာကနေ ပါဝင်လာခဲ့ရတယ်။ PC Microprocessor တွေပေါ်ပေါက်လာခြင်းဟာ ကွန်ပျူခေတ်မှာလည်း ခေတ်ပြောင်းတော်လှန်ရေးတစ်ရပ်ကို ဆင်နွှဲလိုက်ခြင်းဖြစ်ပါတယ်။

Xerox PARC Alto



ကွန်ပျူတာခေတ်ထဲကို Windows, icon, mouse, cursor ဆိုတာတွေဝင်လာတယ်။ ဖန်သားပြင်ပေါ်မှာတွေ့နေရတဲ့ အရုပ်လေးတွေကို မောက်စ်လို့ခေါ်တဲ့ ကိရိယာလေးနဲ့ click လုပ်ပြီး ထိန်းချုပ်ဖန်တီးနိုင်စွမ်းတွေ ရလာတယ်။ ကွန်ပျူတာ ထဲကို ဟာ့ဒ်ဒစ်တွေထည့်ပေးနိုင်လို့ အချက်အလက်တွေ သိုလှောင်လို့ရလာတယ်။ Ethernet ဆိုတာပေါ်လာလို့ ကွန်ပျူတာ တစ်လုံးနဲ့တစ်လုံး ချိတ်ဆက်ပြီးသုံးလာနိုင်တယ်။ အိမ်သုံး၊ ရုံးသုံးတဲ့အဆင့်ဖြစ်လာတယ်။ Xerox Palo Alto Research Center က ၁၉၇၄ ခုနှစ်က ထုတ်တာဖြစ်ပြီး PARC ကွန်ပျူတာလို့လည်း သိကြတယ်။ ဈေးကွက်ကို သိပ် မရောက်ခဲ့ဘူး။

TRS-80



၁၉၇၇ ခုနှစ်မှာ Radio Shack ကနေ TRS-80 လို့အမည်ပေးထားတဲ့ကွန်ပျူတာ လုံးရေ ၃၀၀၀ လောက် ထုတ်လိုက် တယ်။ အဲဒီအချိန်ကတော့ ဆိုင်တွေမှာ ရောင်းရသမျှ ငွေစာရင်းကို ဖြည့်သွင်းဖို့ အဓိကသုံးခဲ့ကြတယ်။ ဒါပေမဲ့ နောက်ပိုင်း ငွေဖြည့်ရုံသက်သက်မဟုတ်တော့ဘဲ အချက်အလက် မှတ်တမ်း(documentation) တွေကို ဖြည့်သွင်းလို့ရအောင် လုပ်လာနိုင်ပြီး Trash-80 ကွန်ပျူတာလို့ လူသိများလာတယ်။ အတိုကောက် TRS-80 လို့ခေါ်တယ်။ သူနဲ့တွဲပြီး third-party ဆော့ဖ်ဝဲထုတ်လုပ်မှုတွေလည်း အစပျိုးလာတယ်။ ဒီစက်လေးမှာ အထက်တန်းကျောင်းသားလေးတွေက ပရိုဂရမ်တွေ ရေးသားထည့်သွင်းပြီး ကွန်ပျူတာခေတ်ပြောင်းတော်လှန်ရေးကို စတင်ဆောင်ရွက်နိုင်ခဲ့ကြတယ်။

Apple II



Apple ကုမ္ပဏီကို စတင်ထူထောင်နိုင်ခဲ့ပြီး ၁၉၇၇ ခုနှစ်မှာ Apple ကွန်ပျူတာတွေကို ထုတ်နိုင်ခဲ့တယ်။ နှစ်ပေါင်း ၁၅ နှစ် လောက် ဈေးကွက်မှာ လွှမ်းမိုးထားနိုင်လောက်အောင် လူကြိုက်များခဲ့တယ်။ Apple II ကွန်ပျူတာအဆင့်မှာ ဈေးကွက်ထဲကို အလုံးအရင်းနဲ့ထုတ်ပြီး ဖြန့်ချိနိုင်တဲ့အဆင့်ရောက်လာတယ်။ တီထွင်သူတွေက ဖန်သားပြင်ပေါ်မှာ ပုံပြရောင်စုံ GUI စနစ်နဲ့ သုံးနိုင်အောင်စီစဉ်ပေးခဲ့တာကြောင့် ပညာရေးအတွက်သုံးဖို့ ပိုပြီး စိတ်ဝင်စားသွားကာ ပေါက်သွားတယ်လို့ ဆိုရမယ်။ ကလေး ကြိုက်ဖြစ်ပေမယ့် စီးပွားရေးလုပ်ငန်းကြီးတွေမှာ သုံးဖို့ကျတော့ ကလေးကလားဆန်တယ်ဆိုပြီး သိပ်အားမပေးခဲ့ကြဘူး။

IBM PC



၁၉၈၁ ခုနှစ်လောက်မှာ IBM ကုမ္ပဏီက အမြန်ဆုံး၊ လုပ်ငန်းသုံးအတွက် အဆင်အပြေဆုံး မိုက်ခရိုကွန်ပျူတာဆိုပြီး ထုတ် လိုက်ပါတယ်။ ကွန်ပျူတာလောကအတွက် ဟာ့ဒ်ဝဲဆိုတာဘာ၊ ဆော့ဖ်ဝဲဆိုတာဘာ၊ ကွန်ပျူတာဆိုတာဘာလို့ ကွဲပြားစွာ Standard တစ်ခုကို တည်ဆောက်ထူထောင်ပြလိုက်တာလို့ ဆိုနိုင်ပါတယ်။ အဲဒီအချိန်က ကွန်ပျူတာဆိုတာ ကိုယ့်နည်း ကိုယ့်ဟန် ကိုယ့်စံအတိုင်းထုတ်နေကြတာများတော့ လူတွေအနေနဲ့ နားလည်ရ ဝေခွဲရခက်ခဲခဲ့ပါတယ်။ Clone ကွန်ပျူတာ စနစ်နဲ့ လူတိုင်းအတွက် ဟာ့ဒ်ဝဲ၊ ဆော့ဖ်ဝဲတွေ လိုသလောက်ရယူသုံးစွဲနိုင်အောင် IBM ကုမ္ပဏီက ဈေးကွက်မှာ ဖြန့်ခဲ့တယ်။ Personal Computer (PC) ခေတ်ဟာ ခုမှ တကယ်ရောက်လာတယ်လို့ ဆိုရမှာပါ။

Apple Macintosh



၁၉၈၄ ခုနှစ်လောက်မှာ ကွန်ပျူတာတစ်ခေတ်ဆန်းအောင် Apple ကုမ္ပဏီက ကြံဆောင်နိုင်ခဲ့ပါတယ်။ ကွန်ပျူတာကို အိမ်တိုင်းမှာ မရှိမဖြစ်၊ မသုံးမဖြစ်အနေအထားရောက်အောင် လုပ်နိုင်ခဲ့တာလို့လည်း ဆိုရမယ်။ ယခင် ကွန်ပျူတာတွေ သုံးရတာ ကွန်ပျူတာနားလည်အောင် command လိုင်းတွေ ဝင်ရေးမှ သုံးလို့ရတယ်။ အထူးသဖြင့်တော့ IBM ကထုတ်တဲ့ PC တွေမှာ MS-DOS လို့ခေါ်တဲ့ operating system ကိုသုံးပြီး စာတွေရိုက်ထည့်သုံးကြရတယ်။ Apple က အဲဒီခေတ်ကို ပြောင်းလိုက်ပါတယ်။ ဂရပ်ဖစ်ပုံတွေကို မြင်ကွင်းပေါ်မှာ မောက်စ်နဲ့ တိုက်ရိုက် click လုပ်ပြီး ကွန်ပျူတာကို သုံးနိုင်တဲ့စနစ်ကို တွင်ကျယ်အောင်လုပ်ခဲ့တယ်။ သူတို့ကြောင့်လည်း Graphical User Interface (GUI) စနစ်ဟာ ပိုပြီး တွင်ကျယ်ခေတ်စားလာခဲ့ရတယ်။ ဈေးကွက်နဲ့ စီးပွားရေးအရ အောင်မြင်တဲ့တီထွင်ချက်ဖြစ်ပါတယ်။

IBM Roadrunner



Super Computer ဆိုပြီးနှစ်ပေါင်းများစွာ တီထွင်ခဲ့ကြတာ မရိုးနိုင်ပါဘူး။ အိမ်သုံး ရုံးသုံး ကွန်ပျူတာလေးတွေရှိသင့် သလို၊ လုပ်ငန်းသုံးအတွက်လည်း ကွန်ပျူတာကြီးတွေ ရှိသင့်ပါတယ်။ နိုင်ငံနဲ့ချီပြီး လုပ်ရတဲ့ လုပ်ငန်းတွေမှာလည်း Super ကွန်ပျူတာကြီးတွေ လိုအပ်ပါတယ်။ ဒေတာတွေ မြောက်မြားစွာ သိုလှောင်နိုင်ရမယ်၊ မြန်ဆန်စွာ တွက်ချက်နိုင်ရမယ်ဆိုတဲ့ အဓိကအချက်တွေကို Super ကွန်ပျူတာတွေကပဲ ပေးနိုင်ပါတယ်။ ၁၉၄၆ ခုနှစ်ကထုတ်ခဲ့တဲ့ ENIAC ကွန်ပျူတာတွေထက် ပိုကြီးပေမယ့် စွမ်းဆောင်နိုင်ရည်ကတော့ ပိုပြီးတော့ ကောင်းလာပါတယ်။ ယခင် တစ်စက္ကန့်ကို Quadrillion (one followed by 15 zeros) လောက် လုပ်နိုင်စွမ်းကနေ Petaflop (one million billion) လောက် လုပ်ဆောင်နိုင်စွမ်းတွေတိုးလာတယ်။ ယနေ့ခေတ်တိုင်အောင် Super ကွန်ပျူတွေကို နိုင်ငံတော်အနေနဲ့ ဂုဏ်ယူပြီးတည် ထောင်နေကြဆဲဖြစ်ပါတယ်။

Related Posts Plugin for WordPress, Blogger...