Tuesday, December 31, 2013

အောင်ပွဲနှင့်ဝေးကွာနေခဲ့ရာမှ အားကစားမောင်မယ်များ ကြိုးစားမှုကြောင့် ရွှေတံဆိပ် ဒုတိယအများဆုံးနိုင်ငံအဖြစ် အောင်ပွဲခံနိုင်ခဲ့ခြင်းဖြစ်ကြောင်း သမ္မတဦးသိန်းစိန်မှပြောကြား

 Tuesday, 31 December 2013


မြန်မာနိုင်ငံအားကစားပြိုင်ပွဲများတွင် အောင်ပွဲနှင့် ဝေးကွာနေခဲ့ရာမှ အားကစားမောင်မယ်များ ကြိုးစားမှုကြောင့် ရွှေတံဆိပ် ဒုတိယအများဆုံးနိုင်ငံအဖြစ် အောင်ပွဲခံနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဒီဇင်ဘာ ၃၀ ရက် MICC အစည်းအဝေးခန်းမတွင် ပြုလုပ်သည့် ဆီးဂိမ်းပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် အောင်ပွဲရ မြန်မာ့လက်ရွေးစင် အားကစားသမားများအား နိုင်ငံတော်သမ္မတက တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာစားပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။

နိုင်ငံတော်သမတ ဦးသိန်းစိန်က" ၁၉၇၉ ခုနှစ် (၁၀) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ရွှေ ၂၆ ခုနှင့် နိုင်ငံအလိုက် ရွှေတံဆိပ် တတိယအများဆုံးနိုင်ငံဖြစ်ခဲ့သည့် နောက်ပိုင်းအောင်ပွဲနှင့် ဝေးကွာနေခဲ့ရာမှ မောင်တို့မယ်တို့ ကျိုးစားမှုကြောင့် ရွှေတံဆိပ် ဒုတိယအများဆုံးနိုင်ငံအဖြစ် အောင်ပွဲခံနိုင်ခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတော်အနေနဲ့ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို လက်ခံကျင်းပနိုင်ရန်အတွက် ၂၀၀၉ ခုနှစ်ကတည်းက စတင်အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းကဲ့သို့ ပြင်ဆင်ရာတွင် နိုင်ငံတကာအဆင့်မီ အားကစားကွင်းများ၊ အားကစားရုံများ၊ အားကစားအသုံးအဆောင်များနှင့် အားကစားသမားများကိုလည်း ရွှေးချယ်လေ့ကျင့် ပျိုးထောင်ပေးခဲ့ပါတယ်။ နိုင်ငံတော်အနေနဲ့ သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်များ၊ မိတ်ဆွေနိုင်ငံများ၊ မိတ်ဖတ်အဖွဲ့ အစည်းများနှင့် ပူးပေါင်းပြီး မြန်မာ့အားကစားသမားများကို စိတ်ဓာတ်ကြံခိုင်မှု၊ စနစ်တကျ ပြုစုပျိုးထောင်မှုများနှင့် အားကစားသမားများ၏ ကြိုးစားအားထုတ်မှုနှင့် ပေါင်းစပ်လိုက်သည့်အတွက် နိုင်ငံနှင့်လူမျိုးအတွက် ဂုဏ်ယူဖွယ်ရာ အောင်မြင်မှုများကို ရရှိလာခဲ့ခြင်းဖြစ်ကြောင်း" ပြောကြားခဲ့သည်။

(၂၇) ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် နိုင်ငံအလိုက် မြန်မာနိုင်ငံသည် ဒုတိယနေရာရရှိခဲ့ပြီး ရွှေ ၈၆ ခု၊ ငွေ ၆၂ ခု၊ ကြေး ၈၅ ခု စုစုပေါင်း ဆုတံဆိပ် ၂၃၃ ခု ရရှိခဲ့ကြောင်း သိရသည်။

"ပြိုင်ပွဲတွင် ရွှေတံဆိပ်၊ ငွေတံဆိပ်၊ ကြေးတံဆိပ်ဆုများ အသီးသီးရယူနိုင်ခဲ့သည့် အားကစားမောင်မယ်များအတွက် ဂုဏ်ပြုသကဲ့သို့ အကောင်းဆုံးယှဉ်ပြိုင်ကစားခဲ့ပြီး အကြောင်းကြောင်းကြောင့် ဆုတံဆိပ်နှင့် လွဲချော်ခဲ့ရသော အားကစားမောင်မယ်များ၏ ကြိုးစားအားထုတ်မှုများကိုလည်း နိုင်ငံတော်နှင့် ပြည်သူများက အသိအမှတ်ပြုအားပေးလျက်ရှိသည်ကို ပြောကြားလိုပါကြောင်း၊ ပြိုင်ပွဲတွင် ဆုတံဆိပ်နှင့် လွဲချော်ခဲ့ရသော်လည်း စိတ်ဓာတ်မကျဘဲ နောင်ပြိုင်ပွဲများတွင် နိုင်ငံဂုဏ်ဆောင် အောင်ပွဲဆင်နိုင်ရေးအတွက် ပြန်လည်လေ့ကျင့်ထားကြရန် တိုက်တွန်းလိုပါကြောင်း" နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဆက်လက်ပြောကြားခဲ့သည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...