Sunday, November 3, 2013

အမေရိကန်က ဂျာမနီ ၀န်ကြီးချုပ်ကို သူလျှိုလုပ်ခဲ့ခြင်းအတွက် စုံစမ်းစစ်ဆေးမှု၌ ကူညီရန် စနိုးဒင် လိုလား

Created on Sunday, 03 November 2013 ဟန်းခရစ်ရှန်စထရိုးဘဲလ် (ယာ) နှင့် အက်ဒ၀ပ်စနိုးဒင်တို့ အောက်တိုဘာ ၃၁ ရက်က မော်စကိုမြို့ရှိ အမည်မဖော်ပြသော နေရာတစ်ခု၌ တွေ့ဆုံစဉ် (Photo:AFP) အမေရိကန်၏ ဖုန်းနှင့်အင်တာနက် သူလျှိုလုပ်မှုများကို ဖော်ထုတ်ခဲ့သူ အက်ဒ၀ပ် စနိုးဒင်သည် အမေရိကန်က ဂျာမနီဝန်ကြီးချုပ် အင်ဂျလာမာကယ်ကို သူလျှိုလုပ်ခဲ့မှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရာ၌ ကူညီရန် လိုလားလျက်ရှိပြီး အမေရိကန် ကွန်ဂရက်နှင့် တိုက်ရိုက်စကားပြောဆိုရန် လိုလားလျက်ရှိကြောင်း...

မြန်မာသံတော်ဆင့်ဂျာနယ်နှင့် မည်သို့မျှ သက်ဆိုင်ခြင်း မရှိကြောင်းနှင့် ငွေကြေးတစ်ကျပ်တစ်ပြားမှ စိုက်ထုတ်ထောက်ပံ့ထားခြင်း မရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ဆို

 Created on Sunday, 03 November 2013 သာသနာရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့် သတင်းမီဒီယာများအား တွေ့ဆုံရှင်းလင်းနေစဉ် မြန်မာသံတော်ဆင့် ဂျာနယ်နှင့် မည်သို့မျှ သက်ဆိုင်ခြင်း မရှိကြောင်းနှင့် ငွေကြေးတစ်စုံတစ်ရာ စိုက်ထုတ်ထောက်ပံ့ထားခြင်းလည်း မရှိကြောင်း သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က နိုဝင်ဘာ ၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး သာသနာရေး ၀န်ကြီးဌာနရုံးတွင် ပြုလုပ်သည့် သာသနာရေးဆိုင်ရာ ကိစ္စရပ်များနှင့်...

အီးယူကုန်သွယ်မှု အထူးအခွင့်အရေး GSP ရရှိရန် လျှောက်ထားသည့် ပို့ကုန်များတွင် လက်ခစားစနစ် အထည်ချုပ် လုပ်ငန်းများနှင့် ရေထွက်ကုန်များ အများဆုံးဖြစ်

Sunday, 03 November 2013 ပြည်တွင်းရှိ အထည်ချုပ်စက်ရုံ တစ်ခုအား တွေ့ရစဉ် အီးယူကုန်သွယ်မှု အထူးအခွင့်အရေး (GSP) ရရှိရန်အတွက် GSP Form(A) လျှောက်ထားမှုတွင် လက်ခစားစနစ်ဖြင့် လုပ်ကိုင်သည့် အထည်ချုပ် လုပ်ငန်းများနှင့် ရေထွက်ကုန်များ အများဆုံး လျှောက်ထားကြကြောင်း သိရသည်။ အီးယူကုန်သွယ်မှု အထူးအခွင့်အရေး (GSP) ကို မြန်မာနိုင်ငံမှ ဇူလိုင် ၁၉ ရက်တွင် ပြန်လည်ရရှိခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံမှ အီးယူနိုင်ငံများသို့ တင်ပို့သည့် ကုန်ပစ္စည်းများအတွက် GSP ရရှိရန်...

အစိုးရနှင့် နိုင်ငံရေး ဆွေးနွေးမည့် အဖွဲ့၏ ခေါင်းဆောင်ပိုင်းနေရာအတွက် တိုင်းရင်းသား လက်နက်ကိုင်များအကြား ကွဲလွဲမှု ရှိခဲ့

 Created on Sunday, 03 November 2013 နိုဝင်ဘာ ၂ ရက်က ပြုလုပ်သော လိုင်ဇာထိပ်သီးဆွေးနွေးပွဲ (စတုတ္ထနေ့)တွင် ကေအိုင်အေ စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဂမ်ရှောင်နှင့် ကေအင်န်ယူ အကြံပေးအရာရှိ ဗိုလ်မှူးကြီး တူးတူးလေးတို့အား တွေ့ရစဉ် (ဓာတ်ပုံ-နေထွန်းနိုင်) တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေး စာချုပ်အတွက် တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘောထားကို သဘောတူခဲ့ ကြသော်လည်း အစိုးရနှင့် နိုင်ငံရေး ဆွေးနွေးမည့် အဖွဲ့၏ ခေါင်းဆောင်ပိုင်း နေရာအတွက်...

လျှပ်စစ်ဓာတ်အားခ မြင့်တက်လိုက်ခြင်းဖြင့် ပြည်တွင်းစားသောက်ကုန်ထုတ် လုပ်ငန်းများအပေါ် သက်ရောက်မှု ရှိနိုင်ပြီး ကုန်ချောဈေးများ တက်သွားနိုင်ဟု စားသောက်ကုန် အသင်းဥက္ကဋ္ဌ ပြောကြား

Sunday, 03 November 2013 စားသောက်ကုန်ထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း အစည်းအဝေးပွဲကို တွေ့ရစဉ် လျှပ်စစ်ဓာတ်အားခ မြင့်တက်လိုက်ခြင်းဖြင့် ပြည်တွင်းစားသောက်ကုန်ထုတ် လုပ်ငန်းများအပေါ် သက်ရောက်မှုရှိနိုင်ပြီး ကုန်ချောဈေးများ တက်သွားနိုင်ကြောင်း မြန်မာနိုင်ငံ စားသောက်ကုန်ထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက နိုဝင်ဘာ ၁ ရက်တွင် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၌ ကျင်းပသော နှစ်ပတ်လည် စုံညီအစည်းအဝေးပွဲတွင်...

ရန်ကုန်မြို့ရှိ ဆင်ဖြူတော်က အစွယ်ဖြင့်ထိုးပြီး တက်နင်းသဖြင့် ဆင်ဦးစီး ဦးသိန်းစိန် သေဆုံး

 Created on Sunday, 03 November 2013 ဆင်ဦးစီးအား အစွယ်ဖြင့်ထိုး တက်နင်းခဲ့သည့် ဆင်ဖြူတော်ကို ချုပ်ထားစဉ်(ဓာတ်ပုံ-ကြည်နိုင်) နိုဝင်ဘာ ၂ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်မြို့နယ် ကြို့ကုန်း အရှေ့ရပ်ကွက် ရတနာဆင်ဖြူတော် ဥယျာဉ်တွင် ထားရှိသည့် ဆင်ဖြူတော် (အထီး)က ဆင်ဦးစီးအား အစွယ်ဖြင့် ထိုးပြီး တက်နင်းခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယင်းနေ့နံနက် ၆ နာရီခွဲခန့် မှ စတင်၍ ဆင်ဦးစီး ဦးသိန်းစိန်သည်...

အမေရိကန် မောင်းသူမဲ့လေယာဉ်၏ တိုက်ခိုက်မှုကြောင့် ပါကစ္စတန် တာလီဘန်ခေါင်းဆောင် သေဆုံး

Sunday, 03 November 2013 ၂၀၀၈ ခုနှစ် နိုဝင်ဘာ ၂၆ ရက်က ရိုက်ကူးထားသည့် ဓာတ်ပုံတွင် တွေ့ရသော ပါကစ္စတန် တာလီဘန်ခေါင်းဆောင် (Photo:AFP) အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုထဲတွင် ပါဝင်သည့် ပါကစ္စ တန်တာလီဘန် အဖွဲ့ခေါင်းဆောင်ဖြစ်သူ ဟာကီမူလာမီဆွတ်သည် နိုဝင်ဘာ ၁ ရက်က အမေရိကန် မောင်းသူမဲ့လေယာဉ် တစ်စင်း၏ တိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့ကြောင်း အစိုးရနှင့် တာလီဘန်အဖွဲ့ သတင်းရင်းမြစ်များက ထုတ်ပြန်ခဲ့သည်။ မီဆွတ် သေဆုံးမှုကြောင့် တာလီဘန်တို့ဘက်မှ လက်တုံ့ပြန်တိုက်ခိုက်မှုများ...

ကင်ညာစာနယ်ဇင်းများက အလွန်ပြင်းထန် တင်းကျပ်သည့် မီဒီယာ ဥပဒေကြမ်းကို ၀ိုင်းဝန်းဆန့်ကျင်

Sunday, 03 November 2013 မီဒီယာ ဥပဒေကြမ်းအကြောင်း မျက်နှာဖုံးများတွင် ဖော်ပြထားသော သတင်းစာများကို ကင်ညာနိုင်ငံမြို့တော် နိုင်ရိုဘီတွင် သတင်းစာရောင်းသူ တစ်ဦးက ရောင်းချနေစဉ် (Photo:AFP) ကင်ညာ ပါလီမန်က မီဒီယာ ဥပဒေကြမ်း တစ်ရပ်ကို မဲခွဲဆုံးဖြတ် ခဲ့ပြီးနောက် နိုဝင်ဘာ ၁ ရက်တွင် ကင်ညာမီဒီယာများက ယင်းဥပဒေကြမ်းကို ဒေါသတကြီး ပြင်းထန်စွာ တုံ့ပြန်ခဲ့ကြသည်။ ယင်းဥပဒေ၌ ပါဝင်သည့် အချက်အလက်များကို ချိုးဖောက်ပါက ဂျာနယ်လစ်များကို ကြီးလေးသော ဒဏ်ငွေများ ချမှတ်မည်ဖြစ်၍...

ဘဏ္ဍာရေး နှစ်ဝက်အတွင်း ပြည်ပသို့ ပို့ကုန်အုပ်စု ခုနစ်မျိုး တင်ပို့ခဲ့ပြီး ယခင်ဘဏ္ဍာရေးနှစ် ကာလတူ တင်ပို့မှုထက် အမေရိကန်ဒေါ်လာ တစ်ဘီလျံနီးပါး ပိုမိုတင်ပို့

 Created on Saturday, 02 November 2013 ပြည်ပတင်ပို့မည့် ရေထွက်ကုန်များအား တွေ့ရစဉ် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်ဝက်အတွင်း ပြည်ပသို့ ပို့ကုန်အုပ်စု ခုနစ်မျိုး တင်ပို့ခဲ့ပြီး ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေး နှစ်ဝက်အတွင်း တင်ပို့မှုထက် အမေရိကန် ဒေါ်လာတစ်ဘီလျံနီးပါး ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။ လယ်ယာထွက်ကုန်၊ တိရစ္ဆာန်ထွက်၊ ရေထွက်ကုန်၊ သတ္တုတွင်းထွက်၊ သစ်တောထွက်ကုန်၊ စက်မှုကုန်ချောနှင့် အခြားပို့ကုန်များ တင်ပို့ခဲ့ခြင်း...

နိုင်ငံရေး ဆွေးနွေးပွဲအတွက် ကတိပြု မှုရရှိပြီးမှ ဒုတိယအဆင့် အပစ်ရပ် လက်မှတ်ထိုးရန် အချက်ပါဝင်သော တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘောတူညီချက်အား RCSS/SSA မှလွဲ၍ တိုင်းရင်းသား လက်နက်ကိုင် ၁၇ ဖွဲ့ လက်မှတ်ရေးထိုး

 Created on Sunday, 03 November 2013 နိုဝင်ဘာ ၂ ရက်က အပစ်အခတ် ရပ်စဲရေး စာချုပ်အပေါ် တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘောတူညီချက်အား လက်မှတ် ရေးထိုးနေကြစဉ် (ဓာတ်ပုံ - အောင်ဇော်ထွန်း ) အစိုးရဘက်က နိုင်ငံရေး ဆွေးနွေးပွဲအတွက် ကတိပြုမှု ရရှိပြီးမှ ဒုတိယအဆင့်အနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးရန် အချက်ပါဝင်သော တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘောတူညီချက်ကို ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA)...

Related Posts Plugin for WordPress, Blogger...