Monday, January 20, 2014

၁၁ နှစ်အရွယ် မိန်းကလေးရဲ့ လိင်အင်္ဂါထဲကို ငရုတ်သီးတွေ ထိုးထည့်ပြီး နှိပ်စက်ခဲ့တဲ့ ရက်စက်တဲ့ လင်မယား



အိန်္ဒိယ နိုင်ငံ က ဇနီးမောင်း နှံနှစ်ဦး ဟာ အသက် (၁၁) နှစ် အရွယ် မိန်းကလေးရဲ့ လိင် အင်္ဂါထဲကို ငရုတ် သီး တောင့် တွေ ထည့်ခဲ့ လို့ ဖမ်းဆီး ထိန်းသိမ်း ခြင်း ခံခဲ့ရ တယ်လို့ သိရပါ တယ်။ အသက် (၃၈) နှစ်အရွယ်ရှိ လက်ကိုင် ပုဝါရောင်းချသူ အန်ဆာရီနဲ့ ဇနီးဖြစ်သူ ဖာ ရက်တို့ဟာ အိမ်မှာ ခိုင်းစေဖို့ ခေါ်ထားတဲ့ အသက် (၁၁) နှစ်အရွယ် အမျိုးသမီးငယ်ကို ရိုက်နှက်ခြင်း၊ အစာငတ် ခံထားခြင်းတို့ကို လည်း ပြုလုပ်ခဲ့ပါ တယ်။ ဒီအမျိုးသမီးကို ဆီးသွားတဲ့အခါ နာကျင်မှုဖြစ်ပေါ်စေဖို့ ငရုတ်သီးတွေ အများအပြားကျွေးခဲ့ပြီး၊ မစား ဘူး လို့ ငြင်းဆိုတဲ့အခါ လိင်အဂဩထဲကို ငရုတ် သီးတောင့်တွေထိုးသွင်းနှိပ်စက်ခဲ့တာ ဖြစ်ပါ တယ်။ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ ဝင်တစ်ဦးက အမျိုးသမီး လေးဟာ အမြဲတမ်း ရိုက်နှက်ခံ ရကြောင်း၊ ငရုတ်သီးတွေ အတင်းအကျပ် ကျွေးတာကို လက်မခံခဲ့လို့ လိင်အဂဩထဲ ငရုတ်သီးတောင့်တွေ ထည့်သွင်းခံရခြင်းဖြစ် ကြောင်း အမျိုးသမီး ရဲ့ အော်ဟစ်ငိုကြွေးသံ ပတ်ဝန်းကျင်က ကြားမှာစိုးသဖြင့် သီးချင်းသံ ကို အကျယ်ကြီးဖွင့်လှစ် ခဲ့ကြောင်း ပြော ကြား သွားခဲ့ပါတယ်။

အန်ဆာရီဟာ ဒီအမျိုးသမီးငယ်ကို ပေါင် (၁၅၀) နဲ့ ၀ယ်ယူထားတာဖြစ်ပါတယ်။ ၀ယ်ယူစဉ်က အိမ်မှာ ကျောင်းထားပေးမယ် လို့ ကတိပြုခဲ့ပေမယ့် နေအိမ်သို့ ရောက်လာ ပြီးတဲ့နောက်မှာ အစေခံ တစ်ဦးအဖြစ် ခိုင်း စေ ခဲ့ပါတယ်။ အိန်္ဒိယသတင်းဌာနတစ်ခုရဲ့ ဖော်ပြ ချက်အရ ဒီအမျိုးသမီးငယ်ဟာ ရိုက် နှက်ခံ ထားရမှုကြောင့် တစ်ကိုယ်လုံး ဒဏ်ရာတွေ ရရှိနေတယ်လို့ သိရပါတယ်။ အိန်္ဒိယနိုင်ငံမှာ ကလေးငယ်တွေ ဟာ အတင်း အဓမ္မ ခိုင်း စေမှု တွေနဲ့ ကြုံတွေ့နေရပြီး ဒီလိုမျိုး ရိုက်နှက်မှု တွေ မကြာ ခဏ ဖြစ်ပေါ်နေရတယ်လို့ သိရပါ တယ်။ အိန်္ဒိယ အစိုးရဟာ အသက် (၁၄) နှစ် အောက် ကလေးငယ် တွေကို ခိုင်းစေခြင်း မပြုဖို့ ၂၀၀၆ မှာ အမိန့် အာ ဏာ ထုတ်ထား ပေမယ့် နိုင်ငံရဲ့ လူဦးရေက (၁ ဒသမ ၂) ဘီလီယံအထိရှိတာမို့ ဆင်းရဲမွဲတေမှုကို ထိန်းချုပ်နိုင် စွမ်း မရှိတာကြောင့် ဒီပြဿနာ ကို ဖြေရှင်းနိုင်ခြင်း မရှိသေးဘူးလို့ သိရပါ တယ်။

အမျိုးသမီးတစ်ဦးနှင့်သုံးလသားအရွယ်ကလေးတစ်ဦးအသတ်ခံရ


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ရွှေသောင်ယံမြို့နယ်ခွဲတွင် (၁၈.၁.၂၀၁၄) ရက်နေ့ည (၁၁း၃၀) အချိန် သဲကုန်းအုပ်စု ကျူတောကျေး ရွာမှ နော်ဖလားဖောဆိုသူအမျိုးသမီး၏ သတင်းပေးချက်အရ စခန်းမှူးစန်းဝင်းနှင့် တပ်ဖွဲ့ဝင်များသည် အဆိုပါရွာသို့ သွားရောက်ကြရာ ၄င်းတို့နေအိမ်နှင့် ပေ (၇၀) အကွာ အုန်းခြံထဲတွင် ဖိုးမူဆီးအမည်ရှိ အမျိုးသမီး အလောင်းကို (မျက်နှာညိုမဲဖူးရောင်ဒဏ်ရာ များနှင့်) တွေ့ရှိရသည်။ တဖန် (၁၉.၁.၂၀၁၃) ရက်နေ့၊ နံနက် (၀၂း၃၀) အချိန်တွင် ၄င်းနေရာ နှင့် ပေ (၄၀) အကွာတွင် သုံးလသားအရွယ်ကလေးအလောင်းအား ထမ်မံတွေ့ရှိရသည်။ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံးသူကလေး၏ ဖခင်ဖြစ်သူ စောမုန်တိုင်းအားစစ်ဆေးလျက်ရှိပြီး လူသတ်တရားခံအား အမြန် ဆုံးဖမ်းဆီးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

စူပါဝေါလ်ရတနာခန်းမပိုင်ရှင်နှင့် ဆိုင်ငှားများ အငြင်းပွားမှု ပြင်းထန်




ဗိုလ်ချုပ်ဈေး စူပါဝေါလ်ရတနာခန်းမရှိ အရောင်းဆိုင်များကို တွေ့ရစဉ်။ ပိုင်ရှင်နှင့် ဆိုင်ငှားများအကြား အငြင်းပွားလျက်ရှိသည်။ ဓာတ်ပုံ - ဘူးသီး


ဗိုလ်ချုပ်ဈေးရှိ စူပါဝေါလ်ရတနာခန်းမ တွင် ဖြစ်ပွားလျက်ရှိသော ပိုင်ရှင်နှင့် ငှားရမ်းလုပ်ကိုင်သူများ
အကြား အငှား ရပ်ဆိုင်းမှုကြောင့် ပိုင်ရှင်ဖြစ်သူက အဆိုပါနေရာမှ တစ်လအတွင်း ထွက်ခွာပေးရန်
ရုတ်ချည်းတောင်းဆိုရာမှ စတင်ဖြစ်ပွားခဲ့သော ပြဿနာသည် ယခုအခါ ပိုမိုကြီးထွားလာပြီး မကြာ
မီတွင် ဥပဒေကြောင်းအရ တရားစွဲဆို မှုများ ပေါ်ထွက်လာတော့မည် ဖြစ် ကြောင်း နှစ်ဖက်ရှေ့နေ
များက ပြော သည်။
ဒီဇင်ဘာလ ၁ ရက်နေ့က ရတနာ ခန်းမ၏ ရုံးခန်းတွင် 'အကြီးစားပြင်ဆင် မှုပြုလုပ်ရန်' ၂၀၁၄
ခုနှစ်၊ ဇန်န၀ါရီလ ၁ ရက်နေ့ နောက်ဆုံးထားကာ ထိုခန်းမ မှ ဆိုင် ခန်းအားလုံးပြောင်းရွှေ့ပေးရန်
ကပ်ထားခဲ့သော ကြေညာစာတွင် ပြင်ဆင်မှုပြုလုပ်မည့် ကာလကို ဖော်ပြမထားခြင်း၊ ပြင်ဆင်မှု
ပြုလုပ်ပြီးပါက လက်ရှိဆိုင်ငှားများကို ပြန်လည် ငှားရမ်းမည်ဟု ဖော်ပြမထားခြင်း အပြင် စုံစမ်း
မေးမြန်းမှုပါ လက်ခံ ခဲ့ခြင်းမရှိသောကြောင့် ဆိုင်ငှားအားလုံး ၏ ထက်ဝက်ဖြစ်သည့် ၃၀ ဦးက
ဒီဇင်ဘာ လ ၂၁ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် အဆိုပါကြေညာချက် နှင့်ပတ်သက်၍
ကြေညာချက်တစ်စောင် တုံ့ပြန်ထည့်သွင်းခဲ့ရာမှ နှစ်ဖက်အခြေအနေ ပိုမိုတင်းမာလာခဲ့သည်။
ဆိုင်ငှားများ၏ ကြေညာချက်တွင် ဇန်န၀ါရီလ ၁ ရက်နေ့မှစတင်ကာ ငှားရမ်းခြင်း ရပ်ဆိုင်းကြောင်း
ကြေညာ ချက်အား လုံးဝလက်ခံခြင်းမရှိသည့်အပြင် ဖယ်ရှားပေးမည်မဟုတ်ကြောင်း၊ အဆောက်
အအုံ အနေအထားအရ အကြီးစား ပြင်ဆင်ရန် မလိုအပ်သဖြင့် ခွင့်ပြုချက်မရှိပဲ တစ်ဦးတည်းဆန္ဒ
အရ ပြင်ဆင်ခွင့်မရှိကြောင်းနှင့် နိုင်ငံပိုင် အဆောက်အအုံအား အမှန်တကယ် ရောင်းချပိုင်ခွင့်ရှိ
သည့် အဖွဲ့အစည်းထံမှ နည်းလမ်းတကျဝယ်ယူထားခြင်း မရှိကြောင်း စုံစမ်းသိရှိရသဖြင့် ပုဂ္ဂလိ
က ပိုင်ဆိုင်မှုကို အသိအမှတ်မပြုတော့ ကြောင်း ရေးသားဖော်ပြထားသည်။
"ကျွန်မတို့ဒီမှာ ဆိုင်ခန်းငှားပြီး ဖွင့်လာတာ နှစ်နဲ့ချီနေပါပြီ။ ခုမှ ရုတ်တရက်ကြီး တစ်လအတွင်း
ပြောင်းပေးရမယ်ဆိုတော့ ဘယ်လိုလုပ်မလဲ။ ပြီးတော့ အခု ဒီဇင်ဘာလကနေ သင်္ကြန် မတိုင်မီ
ထိက တစ်နှစ်လုံးမှာ ခရီးသွား အများဆုံးလာတဲ့ရာသီဖြစ်ပြီး ဈေး ရောင်းအကောင်းဆုံးအချိန်
လည်း ဖြစ် နေတယ်။ ဒီတော့ ကျွန်မတို့ကတော့ မဖယ်ပေးနိုင်ပါဘူး။ ကျွန်မတို့ ဒီလ အတွက်
ငှားရမ်းခ မပေးရသေးဘူးဆို တာကလည်း ညှိနှိုင်းမှုကို သူတို့ဘက်က လက်မခံသေးလို့ပါ" ဟု
ခန်းမအတွင်း ရှိ ဆိုင်ပိုင်ရှင်အချို့က မြန်မာတိုင်း(မ်)ကို ပြောသည်။
ဗိုလ်ချုပ်ဈေးအတွင်းရှိ ဆိုင်ခန်းများ မှာလည်း အဆိုပါပြဿနာများ ဖြစ်ပွား ပြီးနောက် ငှားရမ်းခများ
နှစ်ဆကျော် မြင့်တက်သွားသဖြင့် ဆိုင်ငှားများသည် မိမိလိုချင်သောနေရာအကွက်အကွင်းတွင်
မရသည့်အပြင် အဆမတန် ဈေး နှုန်းများပေး၍ ငှားရမ်းရမည်ကို စိုးရိမ်နေကြကြောင်း ပြောသည်။
ဆိုင်ငှားများက ကြေညာချက်ထည့်သွင်းပြီး ၁၈ ရက်အကြာ ဇန်န၀ါရီလ ၈ ရက်နေ့ထုတ် ကြေးမုံ
သတင်းစာတွင် စူပါဝေါလ်ရတနာခန်းမ(၁) ၏ အမည် ပေါက်ပိုင်ရှင် ဒေါ်ရှုကြူထံမှ အထူး ကိုယ်
စားလှယ် လွှဲစာရရှိထားသူ ဦးမောင်မောင်လွင်က တုံ့ပြန် ရှင်းလင်းကြေညာချက်တစ်စောင် ထည့်
သွင်းခဲ့ပြီး တရားဝင်လွှဲပြောင်းအမည်ပေါက်ပိုင်ဆိုင်မှုများ အဆင့်ဆင့်ကို ထည့်သွင်းရေးသားခဲ့ကာ
အမည် အတိ အကျ ဖော်ပြထားခြင်းမရှိသူ ဆိုင်ပိုင် ရှင် ၃၀ နှင့် ရှေ့နေဦးသိန်းထွန်းတို့၏ ကြေညာ
ချက်မှာ ပိုင်ရှင်ဖြစ်သူ၏ သိက္ခာ ကိုထိပါးသဖြင့် တစ်ပတ်အတွင်း တောင်းပန်သည့် ကြေညာချက်
ထည့် သွင်းပေးရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက ဥပဒေအရ ဆောင်ရွက်မည်ဟု ပြန်လည်
ကြေညာခဲ့သည်။
"ကျွန်မတို့ဘက်ကတော့ လုံးဝ မတောင်းပန်နိုင်ပါဘူး။ သူတို့လိုပဲ ကျွန်မတို့ဘက်ကလည်း ဥပဒေ
အရ ပြန်လည်ရင်ဆိုင်သွားမှာပါ" ဟု ရတနာ ခန်းမတွင် လက်ရှိလုပ်ကိုင်လျက်ရှိသူ ဆိုင်ပိုင်ရှင်များ
က မြန်မာတိုင်း(မ်) ကို ပြောသည်။
ပိုင်ရှင်ဘက်မှရှေ့နေဖြစ်သူ ဦးချစ် ကိုကိုက တစ်ပတ်အတွင်း ဆိုင်ပိုင်ရှင် ၃၀ ဦးဆိုသူများ၏
အမည်နှင့် ဆိုင်အမှတ်များကို အတိအကျဖော်ပြ၍ တောင်းပန်သည့် ကြေညာစာကို စောင့် ဆိုင်း
ပေးမည့် အခွင့်အရေးပေးထားသော်လည်း မထည့်သွင်းပါက ပိုင်ရှင် ၏ ညွှန်ကြားချက်အတိုင်း
ထပ်မံ၍ ဥပဒေအရ အဆင့်ဆင့်ဆောင်ရွက်သွားမည်ဟု ပြောသည်။
"သူတို့ဘက်က ဆိုင်ပိုင်ရှင် ၃၀ လို့ပဲရေးထားပြီး နာမည်တွေကော ဆိုင်ခန်းနာမည်တွေရော
ဘာမှအတိအကျမရေး ထားဘူး။ ပြီးတော့ အဆောက်အအုံကို တစ်ဦးတည်း ဆန္ဒအရ ပြင်ဆင်
ခွင့်မရှိဘူးလို့ သူတို့မှာ ပြောခွင့်မရှိပါဘူး" ဟု ၎င်းက ပြောသည်။ ဒေါ်ရှုကြူနှင့် ဦးမောင်မောင်လွင်
တို့မှာ စူပါဝေါလ်သမ၀ါယမအသင်း၏ ဒါရိုက်တာများဖြစ်ကြပြီး ဒေါ်ရှုကြူ သည် ဆိုင်ခန်းပေါင်း
၆၀ ကျော်ပါဝင် သော မြေညီထပ်ရှိ စူပါဝေါလ်ရတနာခန်းမ (၁) အား ၁၉၉၉ ခုနှစ်မှစတင်ကာ
ရန်ကုန်တိုင်း သမ၀ါယမအသင်းစုမှ တရားဝင် အမည်ပေါက် ဆိုင်အငှားချထားခြင်းခံသူ ဖြစ်ကြောင်း
ကို ကြေညာ စာတွင် ထည့်သွင်းဖော်ပြထားသည်။
ဇန်န၀ါရီလ ၁ ရက်နေ့တွင် အငှား ရပ်ဆိုင်းမည်ဟု ပိုင်ရှင်ဘက်မှ ကြေညာ ခဲ့သော်လည်း ယခု
လက်ရှိဖြစ်ပွားနေ သော အငြင်းပွားမှုများကြောင့် တစ်လ ထပ်မံ တိုးပေးထားကာ ယခုလကုန်တွင်
ပြောင်းရွှေ့ပေးရမည်ဖြစ်ကြောင်း ဦးချစ်ကိုကိုက ပြောသည်။

ကိုယ်လုပ်နေတဲ့ အလုပ်ကြောင့် အသားအရေကို ပိုဂရုစိုက်ဖြစ်လာတဲ့ ရွှေပိုးအိမ်




အနုပညာရှင်တစ်ယောက်ဖြစ်လာပြီဆိုရင် သာမာန်လူတစ်ယောက်ထက်တော့ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ခြယ်သ၊ ထိန်းသိမ်းရတဲ့အပိုင်းတွေ များလာပါပြီ။ အဲ့ဒီလို အလှအပနဲ့ ပတ်သက်လို့ ထိန်းသိမ်းမှုတွေ ပြုလာကြတဲ့အထဲမှာ ခုနောက်ပိုင်း အနုပညာခြေလှမ်းတွေ စိပ်လာတဲ့ ရွှေပိုးအိမ်ဆိုတဲ့ ကောင်မလေးတစ်ယောက်လည်း အပါအ၀င်ပါပဲ။ သူမနဲ့ တွေ့ဆုံခိုက် အလှအပဆိုင်ရာ ထိန်းသိမ်းမှုတွေအကြောင်း မေးမြန်းကြည့်လိုက်တဲ့အခါ သူမက ‘အသားအရေက အရင်ကဆို လုံးဝဂရုမစိုက်ဖြစ်ဘူး။ ပြီးတော့ နေပူထဲတွေထွက်တဲ့အခါ လက်မောင်းသားနဲ့ လက်အဖျားပိုင်းက အသားအရေလုံးဝ မညီတော့ဘူး။ အဲဒါနဲ့ကိုယ်က လိုးရှင်းတွေပြန်လူးဖြစ်တယ်။ အရင်ကဆို ဖြစ်ချင်တာဖြစ် မလူးဖြစ်ဘူး။ လူးရင် စိုပြီးကပ်နေတာကို မကြိုက်ဘူး။ အခုတော့ သတိတရနဲ့ကို မျိုးစုံလူးဖြစ်နေတယ်။ အသားအရေကလဲ သမီးတို့လို အနုပညာသမားတွေ ထိန်းသိမ်းသင့်တဲ့အရာတွေထဲက တစ်ခုဆိုတော့လေ။ ပြီးတော့ အိမ်မှာ သခွားသီးကပ်တာမျိုးရှိတယ်။ Skin Care ၊ Cosmetic တွေနဲ့ထိန်းသိမ်းတာမျိုးရှိတယ်။ မျိုးစုံပေါ့အစ်မရယ်။ ကိုယ်လုပ်နေတဲ့ အလုပ်က ပရိသတ်တွေ ချစ်အောင်ခင်အောင် နေရတဲ့အလုပ်ဖြစ်နေတဲ့အတွက်ကို အသားအရေပိုင်းကို အထူးဂရုစိုက်ပြီး ထိန်းသိမ်းနေရပါတယ်’တဲ့။

ငှက်တွေ “V” ပုံစံနဲ့ အုပ်စုဖွဲ့ပျံသန်းကြပုံ





စွမ်းအင် ခြွေတာဖို့လား။ ဟုတ်ပါပြီ၊ ဒါလည်းဒါပေါ့။ ဒါပေမဲ့ စွမ်းအင်ခြွေတာဖို့ဆိုတဲ့ ကိစ္စကို မစမ်းသပ်ရတာ နှစ်ပေါင်း တော်တော်ကြီးကို ကြာသွားပြီ။ ခုတော့ ပုံစံကျကျလေ့လာမှုတွေရဲ့ ရလဒ်တွေအရ ကျွန်တော်တို့ ထင်ထားခဲ့တဲ့အရာတွေကို အတည်ပြုနိုင်ခဲ့ပါတယ်။ ခေါင်းခြောက်စရာ မေးခွန်းတချို့တော့ ရှိတာပေါ့လေ။
ဗြိတိန်၊ Royal Veterinary ကောလိပ်သုတေသီများဖြစ်တဲ့ Steven Portugal နဲ့ အဖွဲ့ဟာ ibisငှက်တွေမှာ အာရုံခံကိရိယာတွေတပ်ပေးပြီး၊ လေယာဉ်ငယ်လေးရဲ့ အကူအညီနဲ့ ပြောင်းရွှေ့ကျက်စားနိုင်အောင် သင်ပေးပြီး လေ့လာမှုတွေ လုပ်ခဲ့ကြပါတယ်။
ငှက်တွေ အုပ်စုဖွဲ့ပျံသန်းကြရာမှာ Vပုံစံ နေရာယူရုံနဲ့ မပြီးသေးဘဲ မှန်ကန်တဲ့ နရည်နဲ့ အတောင်ပံခက်ဖို့လည်း လိုပါတယ်။ ရှေ့ကတစ်ကောင် တောင်ပံခက်လိုက်ရင် စွတ်ကြောင်းက တောင်ပံတွေထိပ်ကနေတဆင့် ထက်အောက် ရောက်ရှိသွားပါတယ်။ ဒါကို နောက်ကငှက်က အာရုံခံနိုင်စွမ်းရှိပြီး ပင့်တင်မှုကင်းတဲ့ ရွေ့လျားဇုန်အတွင်းကနေ အဲ့ဒီ့အတိုင်းတောင်ပံခတ်ပြီး လိုက်ပျံသန်းပါတယ်။ “ရှေ့ကငှက်ရဲ့ ပျံသန်းမှုကို နောက်ကငှက်ဟာ လေထဲကတဆင့် ခြေရာခံတာပေါ့။” လို့ Portugalကရှင်းပြပါတယ်။
ရှေ့ကငှက်တစ်ကောင်ရဲ့ ဘယ်ဘက်အတောင်ပံထိပ်ရဲ့ အတောင်ပံခတ်ပျံသန်းမှုနဲ့ နောက်ကငှက်တစ်ကောင်ရဲ့ ညာဘက်အတောင်ပံထိပ် အတောင်ပံခတ်ပျံသန်းမှုဟာ တစ်သားတည်းကျနေတယ်။ ကျွန်တော်တို့ ကလေးဘ၀တုန်းက နှင်းတွေထဲမှာ တစ်ယောက်ရဲ့ခြေရာနောက်က နောက်တစ်ယောက် တစ်ထပ်တည်းလိုက်သလိုပေါ့။

ပင်ဆယ်ဗေးနီးယားက သားပျက်မိခင်တဦးရဲ့ သောက





ပင်ဆယ်ဗေးနီးယားကမိခင်တစ်ယောက်ဟာ ရက်သတ္တပတ် ၁၉ပတ်နဲ့ မွေးဖွားခဲ့တဲ့သူ့ ရဲ့ သား ပုံတွေကိုဓာတ်ပုံရိုက်ပြီး သူ့ ဘလော့မှာတင်ခဲ့ပါတယ်။

အလက်ဆီဖရက်ဟာအသက်၃၀ ရှိပြီး သမီးလေးနှစ်ယောက်ရှိပါတယ်။
ယခု တတိယကိုယ်ဝန်ဟာသားယောက်ျားလေးဖြစ်ပြီး ကိုယ်ဝန်၁၉ပတ်မှာသွေးနည်းနည်း ဆင်း လာပါ တယ်။
ဆေးရုံမှာစောင့်ဆိုင်းနေရင်း အာလ်ထရာဆောင်းရိုက်ဖို့ အတွက် ရေသုံး ခွက်သောက်လိုက်ပြီး သိပ်မကြာခင်ပဲ ဗိုက်ကမွေးဖွားချင်လို့ နာလာပါတယ်။
သူကသူမွေးဖွားတော့မယ်ဆိုတာသိနေပါတယ်။ ဒါပေမယ့်သူနာပြုဆရာမတွေကတော့ သံသယရှိပြီး အာလ်ထရာဆောင်းရိုက်ဖို့ အတွက်ခေါ်သွားခဲ့ပါတယ်။အာလ်ထရာဆောင်း အခန်းထဲမှာ ပိုနာလာပြီး ညှစ်အားကပိုတိုးလာပါတယ်။
နောက်ဆုံးတော့ သားငယ်ဝေါ်တာကို၉နာရီ၄၂မိနစ်မှာမွေးဖွားခဲ့ပါတယ်။
ဖရက်က
ကျမအရမ်းငိုမိပါတယ်။သားလေးကခြေလက်အင်္ဂါအကုန်စုံလင်နေပါပြီ။ သူနှလုံးခုန်နေတာကိုတောင်ကျမမြင်ရပါတယ်။ကျမသားလေးကိုသူ့ နှလုံးခုန်သံတွေကြားနေရတုန်းဖက်ထား မိပါတယ်။ သူ့ လက်ဖ၀ါးလေးတွေ၊ခြေဖ၀ါးလေးတွေကိုကိုင်ကြည့်ပြီး သူ့ ခေါင်းသေးသေးလေးကိုနမ်းလိုက်ပါတယ်။ အဲဒီအချိန်ကာလလေးကိုကျမ အမြဲတမ်းအမှတ်ရသွားမှာပါ။

ဖရက်ရဲ့ ခင်ပွန်း ယောရှုဝါကကားဆီကိုသွားပြီးကင်မရာပြန်ယူ ပါတယ်။ဒီကင်မရာက သူ့ သူငယ်ချင်းမင်္ဂလာပွဲအတွက်ရိုက်ပေးဖို့ ယူလာ တဲ့ကင်မရာပါ။ပထမတော့ဓာတ်ပုံမရိုက်တော့ဘူးလို့  စဉ်းစားမိပါတယ်။ ဒါပေမယ့်ရိုက်ဖြစ်ခဲ့တဲ့အတွက်သားပုံလေးတွေကိုခုလိုကြည့်ခွင့်ရခဲ့ပါ တယ်။ကျမခင်ပွန်းကိုကျေးဇူးတင်ပါတယ်။

အချိန်မတိုင်မီမွေးဖွားတယ်ဆိုတာလူတော်တော်များများအတွက် သိပ်အရေးမကြီးလှပါဘူး။နောက်ထပ်ကလေးတစ်ယောက်ထပ်ရအောင်ကြိုးစားနိုင်တယ်လို့  ယူဆပြီး ဒီကိစ္စဘယ်တုန်းကမှမဖြစ်ခဲ့သယောင်ဟန်ဆောင်ကြတယ်။ ဒါပေမယ့် မိခင်ကတော့ ၀မ်းနည်းပူဆွေးမှုတပုံကြီးနဲ့ ကျန်ခဲ့ရပါတယ်။ ဆေးရုံဝန်ထမ်းတွေကလည်း ဆေးပစ္စည်း အမှိုက်တစ်ခုလိုကလေးအသေကိုစွန့် ပစ်လိုက်မယ်။ဒါကြောင့်မိခင်တော်တော်များများ သူတို့ ကလေးကိုကိုင်တွယ်ခွင့်ထိတွေ့ ခွင့်မရခဲ့ကြဘူး။တချို့ ဆိုယောက်ျားလေးလား၊မိန်း ကလေးလားတောင်မသိလိုက်ရပါဘူး။
တနှစ်ကိုအမေရိကန်အမျိုးသမီးတစ်သန်းလောက်အချိန်မတိုင်မီမွေးဖွားပြီးသားပျက်သားလျှောကြတယ် လို့ သိရပါတယ်။
ဒီအကြောင်းကိုဘလော့မှာရေးတင်ပြီးတဲ့နောက်
သူ့ ဆီကိုကလေးပျက်ကြတဲ့အမျိုး သမီးတွေ ဆီကစာတွေရောက်လာပါတယ်။ ဖရက်ရဲ့ စာနဲ့ သားလေးရဲ့ ဓာတ်ပုံဟာ သူတို့ စိတ်ကိုကုစားဖို့ အကူအညီပေးပါတယ်တဲ့။

သားရဲ့ ပုံတွေကို လူတွေကဝှေငှကြ၊မှတ်ချက်တွေပေးကြတာ ဖတ်ကြည့်ပြီး ကျမအံ့သြမိပါတယ်။သားလေးဟာသူ့ ရဲ့ မိနစ်ပိုင်းလောက်ဘ၀တိုတိုလေး နေခဲ့ပေမယ့်
ကျမစိတ်မကူးမိနိုင်လောင်အောင်ကို ဘ၀များစွာနဲ့ ထိတွေ့ ခဲ့ပါတယ်။















ဘဏ်စာရင်း မထားသူများ




ဘဏ်မှာငွေစာရင်းမရှိလျှင် နေထိုင်ဖို့မလွယ် သော အမေရိကန်၌ အင်တာနက်အွန်လိုင်းဖြင့် အသုံးစရိတ်များ ပေးချေရှင်းလင်းနိုင်ပြီး၊ ဘဏ် အပ်ငွေကို မိုဘိုင်းလ်ဖုန်းဖြင့် အဝေးမှလှမ်းထုတ် လာနိုင်သဖြင့် အိမ်ထောင်စုအချို့က ဘဏ်စာရင်း ဖွင့်မထားကြတော့ပေ။ အမေရိကန်တွင် ဘဏ် စာရင်း ဖွင့်မထားသူ အတော်များများရှိလာသည် မှာ အံ့သြဖွယ်ဖြစ်နေသည်။

နိုင်ငံလူဦးရေ၏ သုံးပုံ တစ်ပုံခန့်အထိ အခြေခံဘဏ္ဍာရေးဝန်ဆောင်မှု များကို အသုံးမပြုကြချေ။ ဘဏ္ဍာရေးဝန်ဆောင် မှုကို အသုံးမပြုဘဲ နေထိုင်ခြင်းမှာ အဆင်မပြေ ဖြစ်ရုံသာမက စရိတ်လည်းပိုကုန်သည်။ ဘဏ်တွင် စာရင်းဖွင့်ထားပြီး ချက်လက်မှတ်ဖြင့် ငွေအပေး အယူလုပ်လျှင် တစ်နှစ်အတွက် ကုန်ကျစရိတ်မှာ ဒေါ်လာ ၁၂၀ ထက် မပိုချေ။ လစာထုတ်ပေး သည့် ချက်လက်မှတ်၊ လူမှုရေး အကျိုးခံစားခွင့် အတွက် ထုတ်ပေးသည့် ချက်လက်မှတ်တို့အတွက် ငွေသားထုတ်ပေးသည့် ချက်လက်မှတ် ၀န်ဆောင် မှု လုပ်ငန်းများ (Check-cashing services) တွင် ငွေထုတ်ယူခြင်း၊ စာတိုက် ငွေပို့လွှာများ (Money orders)ဖြင့်ပေးချေခြင်း ပြုမည်ဆိုပါက တစ်နှစ်လျှင် ဘဏ္ဍာရေးစရိတ် ဒေါ်လာ ၅၀၀ ကျော်အထိ ကုန်ကျနိုင်သည်။


"ပိုက်ဆံမရှိတဲ့သူတွေမှာ စရိတ်ပိုကုန်တယ်" ဟု နယူးယောက်စီးတီး၊ တောင်ပိုင်းနယ်မြေတွင် ၀င်ငွေနည်းသူများအတွက် ၀န်ဆောင်မှုပေး ရန် ဖွင့်ထားသည့် CheckSpring ဘဏ်၏ ဒုဥက္ကဋ္ဌ၊ ဘရိုင်ယန်ဘလိတ်က ဆိုသည်။ တောင်ပိုင်းနယ် မြေမှ လူလတ်တန်းစားများထဲမှာပင် တစ်နှစ်ဝင် ငွေ ဒေါ်လာ ၁၅၀၀၀ အောက်သာရရှိသူဦးရေက အတော်များနေသည်။ ပြည်ထောင်စုအပ်ငွေ အာ မခံ ကော်ပိုရေးရှင်း (FDIC) ၏ လေ့လာချက်အရ ၀င်ငွေနည်းသူအများစုအနေဖြင့် ဘဏ်ဝန်ဆောင် မှုကို အသုံးမပြုချင်ကြပေ။ တစ်နှစ်ဝင်ငွေ ဒေါ်လာ ၁၅၀၀၀ အောက်သာရရှိသည့် အိမ်ထောင်စုများ အနက် ၂၈ ရာခိုင်နှုန်းတွင် ဘဏ်စာရင်း မရှိကြ ချေ။ နောက်ထပ် ၂၂ ရာခိုင်နှုန်းမှာ ဘဏ်ဝန် ဆောင်မှုကို အပြည့်အ၀ အသုံးမပြုနိုင်ကြပေ။

အလုပ်လက်မဲ့များ၊ အထက်တန်းပညာ မသင်ခဲ့ရသူများနှင့် အသက် ၂၅ နှစ်အောက် အရွယ်များတွင်လည်း ဘဏ်ဝန်ဆောင်မှု အသုံး နည်းသည့်ရာခိုင်နှုန်း မြင့်မားနေသည်။ ထို့ပြင် အာဖရိကနွယ်ဖွား အမေရိကန်များ၊ ဌာနေအမေ ရိကန်ခေါ် အင်ဒီးယန်းနွယ်ဖွားများ၊ လက်တင် အမေရိက နွယ်ဖွားအမေရိကန်(ဟစ်စ်ပါးနစ်) များ သည်လည်း လူဖြူ အမေရိကန်နှင့် အာရှနွယ်ဖွား အမေရိကန်များထက် ဘဏ်ဝန်ဆောင်မှုအသုံးမပြု သူ အချိုးအစားပိုများသည်။

လူလတ်တန်းစားနှင့် အလုပ်လက်ရှိ အမေရိကန်များထဲမှ ၅ ရာခိုင်နှုန်း တွင်လည်း ဘဏ်စာရင်းမရှိကြချေ။ ယင်းတို့အထဲ မှ ၂၀ ရာခိုင်နှုန်းသည် လွယ်ကူအဆင်ပြေမှု ကြောင့် ပြင်ပမှ ဘဏ္ဍာရေးဝန်ဆောင်မှုများကို အသုံးပြုကြသည်။

အတော်အတန် ပိုက်ဆံရှိသူတို့က အချိန်ကုန် မခံနိုင်သဖြင့် ချက်လက်မှတ်ဖြင့် ငွေပေးချေရန် ဘဏ္ဍာရေး ၀န်ဆောင်ခကို အကုန်အကျ ခံနိုင် သည်။ အများစုကတော့ ပေးချေစရာရှိတာ မှန် သမျှကို ဘဏ်မဟုတ်သည့် ဘဏ္ဍာရေးဝန်ဆောင် မှုလုပ်ငန်းများကို အားကိုးကြသည်။ နယူးယောက် တွင် ပြင်ပ၀န်ဆောင်မှု လုပ်ငန်းများအနေဖြင့် ၁ ဒသမ ၉ ရာခိုင်နှုန်းအထိ ၀န်ဆောင်ခယူခွင့်ပြု ထားသည်။

ဝင်ငွေဒေါ်လာ ၁၅၀၀၀ ရရှိသူတစ်ဦး က လစာထုတ်ပေးသည့်ချက်လက်မှတ်ကို ချက် လက်မှတ်ဝန်ဆောင်မှုလုပ်ငန်းတွင်သာ ငွေသား ထုတ်ယူမည်ဆိုပါက တစ်နှစ်လျှင် ၀န်ဆောင် စရိတ် ၂၈၆ ဒေါ်လာ ကုန်မည်ဖြစ်သည်။ စာတိုက် ငွေပို့လွှာတစ်စောင်အတွက် ၁ဒသမ ၁၅ ဒေါ်လာ ကုန်ကျမည်ဖြစ်ရာ တစ်လလျှင်သုံးကြိမ်ငွေပေး ချေ မည်ဆိုက တစ်နှစ်အတွက် နောက်ထပ် ၄၁ ဒေါ်လာကုန်ကျဦးမည်ဖြစ်သည်။ ငွေကြိုတင်ဖြည့် တင်းရသည့် လက်ငင်းငွေချေကတ်ပြား (Debit card) ဖြင့် ငွေကြေးသုံးစွဲမည်ဆိုပါက ၀န်ဆောင် စရိတ်မှာ တစ်နှစ်အတွက် ဒေါ်လာ ၅၀၀ ကျော် ကုန်ကျမည်ဖြစ်သည်။ ဘဏ်စနစ်ပြင်ပတွင် ငွေ ချေးယူမည်ဆိုပါက တစ်နှစ်ပေးရမည့်အတိုးမှာ ၅၀ ရာခိုင်နှုန်းမှ ၁၀၀ ရာခိုင်နှုန်းကျော်အထိရှိသဖြင့် ကြောက်ခမန်းလိလိ ဖြစ်သည်။

ဘဏ်များက အမြတ်များများရနိုင်မည့် ၀န် ဆောင်မှုကိုသာ ဆောင်ရွက်ပေးချင်ကြသည်။ ဘဏ်ဝန်ဆောင်မှုကို အကြိမ်များများ အသုံးပြု နိုင်မည့် ငွေကြေးတတ်နိုင်သူများအတွက်သာ ဦး စားပေးလိုကြသည်။ ၀င်ငွေနည်းသူများနေထိုင်ရာ နယ်မြေတွင် ဘဏ်ခွဲမဖွင့်လိုကြပေ။ ထို့ကြောင့် ဘဏ်ဝန်ဆောင်မှုကို နယ်မြေတိုင်းမှာ မရနိုင်ပေ။ လစာစားဝန်ထမ်းများသည် ငွေသားထုတ်ယူရန် အတွက် ဘဏ်တွင် အချိန်ပေးတန်းစီ မစောင့်နိုင် သဖြင့် ချက်ချင်းငွေထုတ်ပေးသည့် ချက်လက်မှတ် ၀န်ဆောင်မှုလုပ်ငန်းများကို မလွှဲမရှောင်သာ အား ကိုးကြရသည်။

အချို့ကတော့ဘဏ်များကို စိတ် မချသောကြောင့်ဖြစ်သည်။ ဘဏ်စာရင်းတွင် ငွေ လက်ကျန် မလုံလောက်သဖြင့် ချက်လက်မှတ်ကို ငြင်းပယ်ခံရ (Bounce) လျှင်ဖြစ်စေ၊ တစ်ခုခု မှား ယွင်းမှုကြောင့်ဖြစ်စေ ဘဏ်ဆောင်ရွက်ခ ၂၅ ဒေါ်လာပေးရမည်ကို စိုးရိမ်ကြသည်။ လစာပေး ချက်လက်မှတ်များကို ဘဏ်သို့ တိုက်ရိုက်အပ်နှံ မည်ဆိုလျှင် ငွေသားအဖြစ်ထုတ်ယူရာ၌ ပိုမိုမြန် ဆန်နိုင်သည့်အပြင် လစဉ်ဝန်ဆောင်ခလည်း သက်သာနိုင်သည်။

သို့ရာတွင် အီလက်ထရောနစ် ဘဏ်ငွေလွှဲစနစ်ကို စိတ်မချသူများက စက္ကူချက် လက်မှတ်ကိုသာ ပိုပြီးနှစ်သက်ကြသည်။ အချို့က မူ ဘဏ္ဍာရေးအကြောင်း နားမလည်ကြသဖြင့် ဘဏ်များက မည်သို့ဝန်ဆောင်မှုပေးသည်၊ ဘဏ် မဟုတ်သည့်ပြင်ပလုပ်ငန်းများက ဘဏ္ဍာရေးဝန် ဆောင်ခကို မည်မျှအထိ ရယူကြသည်ကို သေချာ မသိကြချေ။ ထို့ကြောင့်ပင် ဘဏ်စာရင်းဖွင့်ပြီး ဘဏ်ဝန်ဆောင်မှုကို အသုံးမပြုကြခြင်းဖြစ်သည် ဟု ဆိုပါသည်။

နိုင်ငံပေါင်း ၄၂ နိုင်ငံမှ ကစားသမား ၂၄၀၀ ကျော် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲတွင် ကင်ညာနိုင်ငံသား ကာရူကီ နှစ်နှစ်ဆက်တိုက်ဗိုလ်စွဲ

 
ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲမြင်ကွင်း


ရိုးမ-ရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကို ဇန်န၀ါရီ ၁၉ ရက်က ကျင်းပခဲ့ရာ ၄၂ ကီလိုပြိုင်ပွဲတွင် ကင်ညာနိုင်ငံသား ကာရူကီက နှစ်နှစ်ဆက်တိုက် ဗိုလ်စွဲခဲ့ပြီး အမျိုးသမီးပြိုင်ပွဲတွင် မြင့်မြင့်အေးက ပထမနေရာ ရရှိခဲ့ကြောင်း သိရသည်။

ယင်းပြိုင်ပွဲတွင် ၄၂ ကီလိုပြိုင်ပွဲနှင့် ၂၁ ကီလိုပြိုင်ပွဲများ ထည့်သွင်းကျင်းပခဲ့ပြီး နိုင်ငံပေါင်း ၄၂ နိုင်ငံမှ ပြိုင်ပွဲဝင် ၂၄၀၀ ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ပြိုင်ပွဲကို အမျိုးသားအားကစား ပြိုင်ပွဲရုံ (၁) သုဝဏ္ဏမှ စတင်တာထွက်ပြီး ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ကြည့်မြင်တိုင်၊ အင်းစိန်၊ လှိုင်၊ ရန်ကင်း၊ သင်္ဃန်းကျွန်းမြို့နယ်များကို ဖြတ်ကာ အမျိုးသားအားကစား ပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ပင် ပြန်လည်ပန်းဝင်ခဲ့ခြင်းဖြစ်သည်။ ၄၂ ကီလိုပြိုင်ပွဲတွင် ပထမ ကာရူကီ (ကင်ညာ)၊ ဒုတိယ ဝေလင်းထွန်း (မြန်မာ)၊ တတိယ စိုးနိုင် (မြန်မာ)၊ အမျိုးသမီးပြိုင်ပွဲတွင် ပထမ မြင့်မြင့်အေး (မြန်မာ)၊ ဒုတိယ နီလာစန်း (မြန်မာ)၊ တတိယ သီတာချို (မြန်မာ) တို့က ရရှိကြသည်။ ယင်းကစားသမားများမှာ မြန်မာ့လက်ရွေးစင် ကစားသမားများလည်းဖြစ်သည်။









၄၂ ကီလိုပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် မြင့်မြင့်အေး (၀ဲ)၊ အမျိုးသားပြိုင်ပွဲတွင် ပထမရရှိခဲ့သည့် ကာရူကီ ပန်းဝင်လာစဉ် (လယ်) နှင့် ပြိုင်ပွဲဝင်တစ်ဦး ယှဉ်ပြိုင်နေစဉ် (ယာ) (ဓာတ်ပုံ- ညီညီစိုးညွန့်)

၂၁ ကီလို အမျိုးသားပြိုင်ပွဲတွင် ပထမ ပေါလ်ကူမန်နီ (ကင်ညာ)၊ ဒုတိယ အွန်ဒိုရာ (ကင်ညာ)၊ တတိယ ဆန်းနိုင် (မြန်မာ)၊ အမျိုးသမီး ပြိုင်ပွဲတွင် ပထမ မယ်ရီ (ကင်ညာ)၊ ဒုတိယ ဖြူဝါသက် (မြန်မာ)၊ တတိယ ခင်မာဆယ် (မြန်မာ) တို့က ရရှိကြသည်။ ဖြူဝါသက်မှာ ပြီးခဲ့သည့် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် မီတာ ၁၅၀၀ ပြိုင်ပွဲ၌ ရွှေတံဆိပ်ရရှိခဲ့သည့် ကစားသမားတစ်ဦးလည်းဖြစ်သည်။ ဆုကြေးများအဖြစ် ၄၂ ကီလိုပြိုင်ပွဲတွင် ပထမ အမေရိကန်ဒေါ်လာ ၂၅၀၀၊ ဒုတိယ ၁၅၀၀၊ တတိယ ၈၀၀၊ ၂၁ ကီလိုပြိုင်ပွဲတွင် ပထမ အမေရိကန်ဒေါ်လာ ၁၅၀၀၊ ဒုတိယ ၈၀၀၊ တတိယ ၄၀၀ တို့ ချီးမြှင့်ခဲ့ကြောင်း သိရသည်။ အခြေခံပညာ ကျောင်းများမှ ကျောင်းသားကျောင်းသူများနှင့် သက်ကြီးရွယ်အိုများ ၀င်ရောက်ယှဉ်ပြိုင်သည့် ငါးကီလို အပြေးပြိုင်ပွဲကိုလည်း ထည့်သွင်းကျင်းပခဲ့သည်။

ယာဉ်အစီး ၄၅၀ ခန့် ရပ်နားနိုင်သည့် အထပ်မြင့် ယာဉ်ရပ်နားနေရာများ ပါဝင်သော တိုးချဲ့မင်္ဂလာဈေးသစ်ကြီး ယခုနှစ်အတွင်း ဖွင့်လှစ်နိုင်မည်


ကျော်ထင်
တိုးချဲ့မင်္ဂလာဈေးသစ်ကြီး ဆောက်လုပ်နေမှုအား တွေ့ရစဉ် (ဓာတ်ပုံ - ကျော်ထင်)


ယာဉ်အစီးရေ ၄၅၀ ရပ်နားနိုင်သည့် အထပ်မြင့် ယာဉ်ရပ်နားနေရာများ ပါဝင်သော တိုးချဲ့မင်္ဂလာဈေးသစ် စီမံကိန်းအား အကောင်အထည် ဖော်လျက်ရှိရာ ယခုနှစ်အတွင်း ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

အဆိုပါဈေးသစ်ကြီးကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီပိုင် မြေပေါ်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် မဟာအောင်မြင်သူ ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းဆောက်လုပ်ခြင်းဖြစ်ပြီး ခြောက်ထပ်အဆောက်အအုံ စီမံကိန်းဖြစ်ကာ မင်္ဂလာဈေး အ၀န်းအ၀ိုင်းထဲဖြစ်သည့် မင်္ဂလာဈေးသစ်နှင့် မင်္ဂလာမွန်ဈေး ဘေးကပ်လျက်တွင် တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။ ဈေးသစ်အဆောက်အအုံတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ခွဲတမ်းရရှိသည့် အထပ်လေးထပ်ထဲမှ အထပ်သုံးထပ်အား ယာဉ်ရပ်နားနိုင်သည့် နေရာများအဖြစ် ပြုလုပ်သွားမည်ဖြစ်ပြီး တစ်ထပ်တွင် ကားအစီး ၁၅၀ ခန့် အခကြေးငွေဖြင့် မည်သူမဆို ၀င်ရောက်ရပ်နားနိုင်မည်ဖြစ်၍ သုံးထပ်ဖြစ်ကာ ကားအစီး ၄၅၀ ခန့် ရပ်ဖြစ်ကြောင်းနှင့် ကျန်တစ်ထပ်တွင်မူ ဈေးဆိုင်ခန်းများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ကုမ္ပဏီဘက်မှ ခွဲတမ်းရရှိသည့် အထပ်များတွင် ဆိုင်ခန်းသဘောမျိုးများ ဖွင့်လှစ်ရန်ရှိသည်ဟုလည်း သိရသည်။

ယင်းသို့ အထပ်မြင့်ယာဉ်ရပ်နားနေရာ ဖွင့်လှစ်မည်ဖြစ်သောကြောင့် မင်္ဂလာဈေးဝင်း အတွင်းနှင့် အပြင်ဘက်တွင်ပါ ဆက်စပ်ဖြစ်ပေါ်နေသော ယာဉ်ကြောပိတ်ဆို့မှုများကို ပြေလည်စေနိုင်မည်ဖြစ်ပြီး ဆိုင်ခန်းဖွင့်လှစ်လိုသူများလည်း ယင်းဈေးကြီးတွင် အဆင်ပြေနိုင်မည်ဟုလည်းဆိုသည်။ လက်ရှိဈေးဝင်းအတွင်း အခကြေးငွေယူ၍ ယာဉ်ရပ်နားခွင့် ပြုထားခြင်းဖြစ်ပြီး တစ်ခါလျှင် (ယာဉ်ငယ်) ကျပ် ၂၀၀ နှုန်းဖြင့် ကောက်ခံလျက်ရှိကြောင်းနှင့် တစ်နာရီကျော်ပါက နောက်ထပ် ၁၀၀ ထပ်ပေးရသည်ဟု စုံစမ်းသိရှိရသည်။

အဆိုပါဈေးသစ်ကြီးကို မဟာအောင်မြေသူ ကုမ္ပဏီမှ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့ ယခုနှစ် မေ ၃၁ ရက် နောက်ဆုံးထား၍ အပ်ရမည်ဖြစ်ကြောင်း၊ နောက်ပိုင်းတွင် ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း၊ မင်္ဂလာဈေးသစ်မှာ ရာခိုင်နှုန်း ၅၇ ခန့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

၂၀၁၃ ခုနှစ်တွင် ရန်ကုန်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်များသို့ နိုင်ငံတကာလေကြောင်းလိုင်း ၂၈ လိုင်းဖြင့် အများဆုံးစံချိန်တင် ပျံသန်းခဲ့


ရွှန်းလဲ့ဝင်း
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်လာသည့် နိုင်ငံတကာ လေကြောင်းလိုင်းအချို့ကို တွေ့ရစဉ်


၂၀၁၃ ခုနှစ်တွင် ရန်ကုန်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်များသို့ နိုင်ငံတကာလေကြောင်း ၂၈ လိုင်းဖြင့် အများဆုံးစံချိန်တင် ပျံသန်းခဲ့ကြောင်း သတင်းရရှိသည်။

၂၀၁၂ ခုနှစ်မတိုင်မီက မြန်မာနိုင်ငံနှင့် တိုက်ရိုက်လေကြောင်းခရီးစဉ် ပျံသန်းသည့် လေကြောင်းလိုင်း ၁၄ လိုင်းသာ ရှိခဲ့ရာမှ ၂၀၁၂ နှစ်ကုန်ပိုင်းတွင် မူပြည်ပလေကြောင်းလိုင်း ၂၁ လိုင်းအထိ ရှိလာခဲ့သည်။

၂၀၁၃ ခုနှစ်တွင်မူ နိုင်ငံတကာ လေကြောင်းလိုင်း ခြောက်လိုင်းနှင့် မြန်မာနိုင်ငံမှ ရွှေမြန်မာလေကြောင်းလိုင်းတို့မှ နိုင်ငံတကာ လေကြောင်းခရီးစဉ်များအား စတင်ပျံသန်းခဲ့သည်။ သို့ဖြစ်၍ ၂၀၁၃ ခုနှစ်တွင် ရန်ကုန်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်များသို့ ပြည်ပလေကြောင်း ၂၈ လိုင်းမှ နိုင်ငံတကာ ခရီးစဉ်များအား ပျံသန်းပြေးဆွဲခဲ့ကြသည်။

၂၀၁၃ ခုနှစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နိုင်ငံတကာ လေကြောင်းခရီးစဉ်များ စတင်ပျံသန်းခဲ့သည့် လေကြောင်းလိုင်း ခြောက်လိုင်းမှာ Hong Kong Dragon, Nok Mini Air, Biman Balgladesh,Tiger Airways, Nok Air နှင့် Business Air လေကြောင်းလိုင်းများဖြစ်သည်။

မြန်မာနိုင်ငံနှင့် ပုံမှန်ခရီးစဉ် ပျံသန်းလျက်ရှိသည့် နိုင်ငံတကာ လေကြောင်းလိုင်းများမှာ All Nippon Airways (ANA) ဂျပန်၊ Qatar Airways၊ EVA Airways (ထိုင်ဝမ်)၊ Korea Airlines၊ Asiana (ကိုရီးယား)၊ Condor Airlines (ဂျာမနီ)၊ Singapore Airlines၊ Myanmar Airways International၊ THAI Airways၊ China Southern Airlines၊ Silk Air၊ Bangkok Airways၊ Airasia Berhad၊ THAI AirAsia၊ Indian Airlines၊ China Eastern Airlines၊ Vietnam Airlines၊ Jetstar Asia၊ Malaysia Airlines၊ China Airline၊ Air China လေကြောင်းလိုင်းတို့ ဖြစ်သည်။

အဆိုပါ နိုင်ငံတကာ လေကြောင်းလိုင်း ၂၈ လိုင်းမှ ပျံသန်းပြေးဆွဲလျက်ရှိသည့် ခရီးစဉ်များမှာ မန္တလေး-ဘန်ကောက်၊ ရန်ကုန်မှဘန်ကောက်၊ ကွာလာလမ်ပူ၊ စင်ကာပူ၊ ဂယာ၊ ဆီရမ်ရိ၊ ဖနွမ်းပင်၊ ကွမ်ကျိုး၊ ဟနွိုင်း၊ ဟိုချီမင်း၊ ကူမင်း၊ နန်နင်း၊ အင်ချွန်း၊ တိုင်ပေ၊ ဒိုဟာ၊ မဲဆောက်၊ နာရီတာမြို့များသို့ေ လကြောင်းခရီးစဉ်များ ပျံသန်းလျက်ရှိသည်။

ရေချိုးနည်း



-ရေချိုးတဲ့အခါ ခြေထောက်ကို အရင်ရေလောင်းပါ။
-တဖြေးဖြေး ဒူး၊ ပေါင်၊ ခါး လောင်းပြီးမှတကိုယ်လုံး ရေချိုးပါ၊
-ရေအဆင့်ဆင့်လောင်းနေတုံး ပါးစပ်ထဲမှာ ရေငုံထားတာက ကိုယ်ခန္ဒာကို
ရေလောင်းလို့ ထွက်လာတဲ့ အပူခိုးတွေမျက်စိကိုမရောက်အောင်အကာကွယ်
ပြုတာပါ၊
-ခန္ဒာကိုယ်ကို အဆင့်ဆင့် ရေလောင်းနေတုံး ချမ်းစိမ့်စိမ့် ဖြစ်လာရင်
ရေမချိုးပါနဲ့။
-ရေချိုးရင် ဖျားတာက အပူရှိလို့အပူငုတ် အပူရှပ်ချင်တာပါ။
-အပူထဲမှလာပြီး ချက်ချင်း ရေမချိုးပါနဲ့။
-ထမင်းစားပြီး ရေမချိုးသင့်ပါ။
-ရေမချိုးခင် ရေဝအောင် သောက်ပါ။
-ရေချိုးပြီးရင်ရေကို စင်အောင်သုတ်ပြီး ရေနွေးသောက်ပါ။”

ရေချိုးလို့ ရနိုင်တဲ့ ကောင်းကျိုးများ
------------------------------------
ဆီးချိုရောဂါ ရှိနေသူတယောက်ဟာ
နာရီဝက်ကြာရေချိုးတာ သွေးထဲက သကြားဓါတ် ၁၃% လျှော့နည်းတယ်။ ရေနွေး ၃၂-၃၅ ဒီဂရီကို ချိုးရင် အရေပြားက အပေါက်လေးတွေကို ပွင့်စေပြီး
အဆိပ်အတောက်တွေ ထွက်ကုန်မယ်။ ကြွက်သားနာတာ သက်သာမယ်၊ အူတွေ ပိုအလုပ်လုပ်နိုင်တယ်။ နေချိုးတာကို ၁ဝ-၂ဝ မိနစ်သာကြာပါစေ။
ရေအေး ၁၂-၁၈ ဒီဂရီကိုချိုးရင် စိတ်ဖိအားကျစေမယ်။ သွေးကြောလေးတွေကို ကျဉ်းစေလို့ သကြားဓါတ် တက်စေမယ်။ အင်ပြင် ထတာမျိုးကို
Sodium bicarbonate (ဆော်ဒါ) ပါတဲ့ ရေချိုးရင် သက်သာတယ်၊ ပိုးတချို့ကိုလဲ သေစေမယ်။ ရေနွေးနဲ့ချိုးတာဟာ တုပ်ကွေး၊ အအေးမိတာ သက်သာစေမယ်။
နှင်းခူနာ သက်သာစေမယ်။ ရေအေးထဲမှာ ခြေထောက်ကို စိမ်ပေးရင် ကောင်းကောင်း အိပ်ပျော်စေတယ်။

ကဲ .... အားလုံးပဲ ကျန်းမာ အသက်ရှည်ကြပါစေ ...

နိုင်ငံတကာရွှေဈေးမှာ ယခုနှစ်ဆန်းပိုင်းတွင် အကျဈေး၌ရှိနေရာ ပြည်တွင်းရွှေဈေးမှာလည်း အကျဈေး၌ပင် ရှိနေဦးမည်ဟုခန့်မှန်း


ချမ်းမြေ့သူ
ရွှေဆိုင်တစ်ဆိုင်တွင် အရောင်းအ၀ယ် ပြုလုပ်နေသည်ကို တွေ့ရစဉ်


ယခင်နှစ် နှစ်ဆန်းပိုင်းက မြင့်တက်မှုရှိခဲ့သည့် နိုင်ငံတကာရွှေဈေးမှာ ယခုနှစ်ဆန်းပိုင်းတွင် အကျဈေး၌ပင် ဆက်လက်ရှိနေခြင်းကြောင့် နိုင်ငံတကာဈေးနှင့် ဆက်နွှယ်မှုရှိသည့် ပြည်တွင်းရွှေဈေးမှာ အကျဈေး၌ပင် ရှိနေဦးမည်ဟု ရွှေလုပ်ငန်းရှင်များက ပြောကြားသည်။

၂၀၁၃ ခုနှစ်အတွင်းက နိုင်ငံတကာ၌ ရွှေဈေးအကျကြမ်းခဲ့ခြင်းကြောင့် နိုင်ငံတကာဈေး အတက်အကျပေါ်တွင် မူတည်သည့် ပြည်တွင်းရွှေဈေးမှာလည်း စံချိန်တင် ကျဆင်းမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

သို့သော် နှစ်ဆန်းပိုင်းတွင် ပြန်လည်မြင့်တက်လာနိုင်ဖွယ် ရှိသည်ဟု ခန့်မှန်းမှုများ ရှိသော်လည်း နှစ်ကုန်ပိုင်း၌ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၂၀၀ ၀န်း ကျင်ပေါက်ဈေးရှိခဲ့သည့် နိုင်ငံတကာ ရွှေဈေးမှာ အကျဈေး၌ပင် ဆက်လက်တည်ရှိနေခဲ့ကြောင်း သိရသည်။

နိုင်ငံတကာ၏ ရွှေဈေးအတက်အကျမှာ တရုတ်နှင့် အိန္ဒိယဘက်မှ ၀ယ်လိုအားနှင့် ဆက်နွှယ်မှုရှိသည်ဟု သိရပြီး လက်ရှိနိုင်ငံတကာတွင် ဖြစ်ပေါ်နေသည့် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၂၀၀ ကျော်ဝန်းကျင်မှာ အတက်အကျမကြမ်းသည့် ပုံမှန်ဈေးနှုန်းပင်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းရှိ ရွှေဈေးနှုန်းနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဦးကျော်ဝင်းက “ဈေးကွက်ထဲမှာ အရောင်းအ၀ယ် ပုံမှန်ရှိပါတယ်။ ဈေးနှုန်းအနေနဲ့ ပြောရရင် အကျဈေးမှာပဲ ကြာနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ နိုင်ငံတကာရွှေဈေးက တက်ရင်လည်း နည်းနည်းပဲ တက်နိုင်တဲ့အတွက်ပါ။ အရင်နှစ် နှစ်ဆန်းပိုင်းကဈေးဖြစ်တဲ့ တစ်အောင်စကို အမေရိကန်ဒေါ်လာ ၁၆၀၀ ကို ရောက်ဖို့တော့ လိုသေးတယ်။ ပြည်တွင်းမှာတော့ အကျဈေးမှာပဲ ငြိမ်နေတဲ့အတွက် အထည်အရောင်းအ၀ယ်လိုင်းက အလုပ်ဖြစ်နေပါတယ်” ဟု ပြောကြားသည်။

ဇန်န၀ါရီ ၁၉ ရက်တွင် နိုင်ငံတကာရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၂၅၉ ကျော် ပေါက်ဈေးရှိပြီး ပြည်တွင်း၌ အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၆၆၁၅၀၀ နှင့် ၁၅ ပဲရည် တစ်ကျပ်သားလျှင် ကျပ် ၆၂၃၀၀၀ ဖြင့် အရောင်းအ၀ယ် ပြုလုပ်လျက်ရှိကြောင်း သိရသည်။

၂၀၁၃ ခုနှစ်တွင် ရန်ကုန်လေဆိပ်မှ ပြည်ပခရီးသည် လက်ခံနိုင်သည့် ပမာဏထက် သုံးသိန်းကျော် ပိုမိုဝင်ရောက်ခဲ့ပြီး နိုင်ငံတကာ ခရီးစဉ်ပျံသန်းမှု နှစ်သောင်းကျော်အထိ စံချိန်တင်တိုးတက်


ရွှန်းလဲ့ဝင်း
ရန်ကုန်လေဆိပ်သို့ နိုင်ငံခြားသားခရီးသွားများ ဆိုက်ရောက်လာသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)


၂၀၁၃ ခုနှစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ပြည်ပခရီးသည် လက်ခံနိုင်သည့် ပမာဏထက် သုံးသိန်းကျော် ပိုမိုဝင်ရောက်ခဲ့ပြီး နိုင်ငံတကာခရီးစဉ် ပျံသန်းမှု အကြိမ်အရေအတွက် နှစ်သောင်းကျော်အထိ စံချိန်တင် တိုးတက်ခဲ့ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်သော စာရင်းများအရ သိရသည်။

မြန်မာနိုင်ငံ၏ အဓိကခရီးသွား ၀င်ပေါက်တစ်ခုဖြစ်သည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် ခရီးသည် ၂ ဒသမ ၁ သန်းသာ လက်ခံနိုင်ပြီး ၂၀၁၃ ခုနှစ် တစ်နှစ်အတွင်း ခရီးသည် ၂ ဒသမ ၄ သန်းကျော်အထိ စံချိန်တင် ၀င်ရောက်ခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်၍ ရန်ကုန်လေဆိပ်မှ ပြည်ပခရီးသည် လက်ခံနိုင်သည့် ပမာဏထက် ကျော်လွန်စွာ ခရီးသည်များ ၀င်ရောက်ခဲ့သည်။

အလားတူ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ Schedule flight နှင့် Non Schedule flight များဖြင့် နိုင်ငံတကာခရီးစဉ် ပျံသန်းမှုအနေဖြင့် နှစ်သောင်းကျော်အထိ စံချိန်တင် တိုးတက်ခဲ့သည်။

“၂၀၁၃ ခုနှစ်မှာ နိုင်ငံတကာ ခရီးသည် ၀င်ရောက်မှု ၂ ဒသမ ၄ သန်းအထိ စံချိန်တင် ၀င်ရောက်ခဲ့သလို နိုင်ငံတကာခရီးစဉ် ပျံသန်းမှု အနေနဲ့လည်း နှစ်သောင်းကျော်အထိ စံချိန်တိုးတက်ခဲ့တာ ဖြစ်ပါတယ်” ဟု လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက ပြောကြားသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ Schedule flight နှင့် Non Schedule flight များဖြင့် နိုင်ငံတကာခရီးစဉ် ပျံသန်းမှုမှာ ၂၀၀၉ ခုနှစ်တွင် ၇၈၈၆ ကြိမ်ရှိခဲ့ပြီး ၂၀၁၀ တွင် ၁၁၁၉၃ ကြိမ်၊ ၂၀၁၁ တွင် ၁၄၀၂၈ ကြိမ်၊ ၂၀၁၂ တွင် ၁၆၆၃၇ ကြိမ်နှင့် ၂၀၁၃ တွင် ၂၂၉၁၇ ကြိမ်အထိ ရှိခဲ့သည်။

၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်သည့် ပြည်ပခရီးသည် အများဆုံးရရှိသည့် ခရီးစဉ်အနေဖြင့် ခရီးစဉ် သုံးခုရှိကြောင်း သိရသည်။ ၂၀၁၃ ခုနှစ်၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရန်ကုန်-ဘန်ကောက် ခရီးစဉ်မှ ပြည်ပခရီးသည် ၁၀၀၇၆၉၂ ဦး၊ ရန်ကုန်-စင်ကာပူခရီးစဉ်မှ ပြည်ပခရီးသည် ၅၂၃၂၆၇ ဦး၊ ရန်ကုန်-ကွာလာလမ်ပူ ခရီးစဉ်မှ ပြည်ပခရီးသည် ၃၁၃၇၀၇ ဦးအထိ ၀င်ရောက်ခဲ့ကြောင်း သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆင်းသက်သည့် နိုင်ငံတကာ လေကြောင်းလိုင်းများ၏ ခရီးသည်ထိုင်ခုံအချိုး (Load Factor) အရ စင်ကာပူ-ရန်ကုန်ခရီးစဉ်တွင် Jetstar Asia လေကြောင်းလိုင်းမှ လည်းကောင်း၊ ဘန်ကောက်-ရန်ကုန် ခရီးစဉ်တွင် Thai Airways (TG) လေကြောင်းလိုင်းမှ လည်းကောင်း ခရီးသည်အများဆုံး ၀င်ရောက်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အား ခရီးသည်ခြောက်သန်း ၀င်ထွက်နိုင်သည်အထိ အဆင့်မြှင့်တင် တည်ဆောက်သွားမည်ဖြစ်သည်။ သို့ရာတွင် လက်ရှိနှုန်းအတိုင်း ဆက်လက်တိုးတက်မည်ဆိုပါက ၂၀၁၅ တွင် ခရီးသည်ဝင်ရောက်မှု ခြောက်သန်းအထိ ရှိလာမည်ဖြစ်သည့်အတွက် အခြားအပြည်ပြည်ဆိုင်ရာ လေဆိပ်တစ်ခုအား ထပ်မံတည်ဆောက်ရန် လိုအပ်လာမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက ပြောကြားသည်။

သို့ဖြစ်၍ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးအား ထပ်မံတည်ဆောက်သွားမည်ဖြစ်ပြီး ရန်ကုန်လေဆိပ် ခရီးသည်လက်ခံနိုင်သည့် အတိုင်းအတာ ကျော်လွန်သွားသည့် ၂၀၁၇ ခုနှစ်တွင် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးအား အသုံးပြုနိုင်ရန် တည်ဆောက်သွားမည်ဟု သိရသည်။

Related Posts Plugin for WordPress, Blogger...