Monday, January 20, 2014

၂၀၁၃ ခုနှစ်တွင် ရန်ကုန်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်များသို့ နိုင်ငံတကာလေကြောင်းလိုင်း ၂၈ လိုင်းဖြင့် အများဆုံးစံချိန်တင် ပျံသန်းခဲ့


ရွှန်းလဲ့ဝင်း
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်လာသည့် နိုင်ငံတကာ လေကြောင်းလိုင်းအချို့ကို တွေ့ရစဉ်


၂၀၁၃ ခုနှစ်တွင် ရန်ကုန်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်များသို့ နိုင်ငံတကာလေကြောင်း ၂၈ လိုင်းဖြင့် အများဆုံးစံချိန်တင် ပျံသန်းခဲ့ကြောင်း သတင်းရရှိသည်။

၂၀၁၂ ခုနှစ်မတိုင်မီက မြန်မာနိုင်ငံနှင့် တိုက်ရိုက်လေကြောင်းခရီးစဉ် ပျံသန်းသည့် လေကြောင်းလိုင်း ၁၄ လိုင်းသာ ရှိခဲ့ရာမှ ၂၀၁၂ နှစ်ကုန်ပိုင်းတွင် မူပြည်ပလေကြောင်းလိုင်း ၂၁ လိုင်းအထိ ရှိလာခဲ့သည်။

၂၀၁၃ ခုနှစ်တွင်မူ နိုင်ငံတကာ လေကြောင်းလိုင်း ခြောက်လိုင်းနှင့် မြန်မာနိုင်ငံမှ ရွှေမြန်မာလေကြောင်းလိုင်းတို့မှ နိုင်ငံတကာ လေကြောင်းခရီးစဉ်များအား စတင်ပျံသန်းခဲ့သည်။ သို့ဖြစ်၍ ၂၀၁၃ ခုနှစ်တွင် ရန်ကုန်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်များသို့ ပြည်ပလေကြောင်း ၂၈ လိုင်းမှ နိုင်ငံတကာ ခရီးစဉ်များအား ပျံသန်းပြေးဆွဲခဲ့ကြသည်။

၂၀၁၃ ခုနှစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နိုင်ငံတကာ လေကြောင်းခရီးစဉ်များ စတင်ပျံသန်းခဲ့သည့် လေကြောင်းလိုင်း ခြောက်လိုင်းမှာ Hong Kong Dragon, Nok Mini Air, Biman Balgladesh,Tiger Airways, Nok Air နှင့် Business Air လေကြောင်းလိုင်းများဖြစ်သည်။

မြန်မာနိုင်ငံနှင့် ပုံမှန်ခရီးစဉ် ပျံသန်းလျက်ရှိသည့် နိုင်ငံတကာ လေကြောင်းလိုင်းများမှာ All Nippon Airways (ANA) ဂျပန်၊ Qatar Airways၊ EVA Airways (ထိုင်ဝမ်)၊ Korea Airlines၊ Asiana (ကိုရီးယား)၊ Condor Airlines (ဂျာမနီ)၊ Singapore Airlines၊ Myanmar Airways International၊ THAI Airways၊ China Southern Airlines၊ Silk Air၊ Bangkok Airways၊ Airasia Berhad၊ THAI AirAsia၊ Indian Airlines၊ China Eastern Airlines၊ Vietnam Airlines၊ Jetstar Asia၊ Malaysia Airlines၊ China Airline၊ Air China လေကြောင်းလိုင်းတို့ ဖြစ်သည်။

အဆိုပါ နိုင်ငံတကာ လေကြောင်းလိုင်း ၂၈ လိုင်းမှ ပျံသန်းပြေးဆွဲလျက်ရှိသည့် ခရီးစဉ်များမှာ မန္တလေး-ဘန်ကောက်၊ ရန်ကုန်မှဘန်ကောက်၊ ကွာလာလမ်ပူ၊ စင်ကာပူ၊ ဂယာ၊ ဆီရမ်ရိ၊ ဖနွမ်းပင်၊ ကွမ်ကျိုး၊ ဟနွိုင်း၊ ဟိုချီမင်း၊ ကူမင်း၊ နန်နင်း၊ အင်ချွန်း၊ တိုင်ပေ၊ ဒိုဟာ၊ မဲဆောက်၊ နာရီတာမြို့များသို့ေ လကြောင်းခရီးစဉ်များ ပျံသန်းလျက်ရှိသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...