
သင်္ဃန်းကျွန်းမြို့နယ်ရှိ တည်းခိုခန်းတစ်ခုတွင် ဇနီးဖြစ်သူနှင့်အတူ တည်းခိုနေသည့် အမျိုးသားတစ်ဦး ဖေဖော်ဝါရီ ၉ ရက်ညက ရုတ်တရက်သေဆုံးခဲ့သဖြင့် မြို့နယ်ရဲစခန်းက ဓမ္မတာတိုင်း သေဆုံးခဲ့ခြင်း ဟုတ်မဟုတ် စစ်ဆေးဖော်ထုတ်နေသည်ဟု ဆိုသည်။ဖြစ်စဉ်မှာ စံပြဆေးရုံကြီးတွင် အမျိုးသားတစ်ဦး သေဆုံးရောက်ရှိလာကြောင်း ည ၁၂ နာရီခွဲအချိန် သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု ဆိုထားသည်။ထို့ကြောင့် သေဆုံးသူမှာ ရခိုင်ပြည်နယ် မြေပုံမြို့နယ်၊ အုန်းချောင်းကျေးရွာတွင်...