Wednesday, February 12, 2014

Roots ကုမ္ပဏီနဲ့ ရပ်ပ်ပါ Drake တို့ရဲ့ တက္ကသိုလ်စတိုင် ဂျက်ကစ်အင်္ကျီသစ်




ရပ်ပ်ပါ Drake ဟာ ၂၀၁၄ခုနှစ် အားကစားဂျက်ကစ် အင်္ကျီထုတ်ဖို့အတွက် ကနေဒါအခြေစိုက် Roots Canada ကုမ္ပဏီနဲ့ လက်တွဲလုပ်ဆောင်နေပါတယ်။

ရပ်ပ်ပါ Drake ရဲ့ တရားဝင် ၀ဘ်ဆိုဒ်အရ တက္ကသိုလ်စတိုင် သားရေဂျက်ကစ်ကို အဖြူအနက်တွဲ၊ အစိမ်းအဖြူတွဲ နှစ်မျိုးရရှိနေပြီလို့ သိရပါတယ်။ ဂျက်ကစ် အင်္ကျီရဲ့ကျောဘက်မှာ Drake ရဲ့အဖွဲ့သားတံဆိပ်ဖြစ်တဲ့ ဇီးကွက် (သို့) OVO တံဆိပ်ခေါင်း ပါရှိပါတယ်။ ရှေ့ဘက်မှာတော့ Drake ထွက်ဖူးသမျှ အယ်လ်ဘမ် ခေါင်းစီးတွေ ပါရှိပါတယ်။

ဒီဂျက်ကစ် အင်္ကျီတွေဟာ ဈေးကလည်း မသေးလှပါဘူး။ တစ်ထည်ကို ကန်ဒေါ်လာ ၄၅၈ လောက်ပေးရမယ် ထင်ပါတယ်။ ကနေဒါနိုင်ငံ၊ Toronto မြို့၊ Bloor လမ်းအနောက်ဘက်မှာရှိတဲ့ Roots Canada စတိုးဆိုင်မှာ ဖေဖော်ဝါရီလ ၁၅ရက်နေ့၊ နံနက် ၁၀နာရီကစပြီး ၀ယ်ယူနိုင်ပါပြီ။ Roots Canada ကုမ္ပဏီဟာ အရည်အသွေးမြင့် သားရေထည်ပစ္စည်းတွေကို ထုတ်လုပ်ရောင်းချနေတဲ့ ကနေဒါအခြေစိုက် ကုမ္ပဏီပါ။ Drake ရဲ့ဇာတိမြေ ကနေဒါလုပ်တွေပေါ့။



Ref:theboombox.com

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...