Tuesday, October 1, 2013

ဆရာတော်ကြီးများ၏ မှတ်သားဘွယ်ရာ သြဝါဒကထာ

ဘုန်းကြီးက ကိုယ်ကျိုးလေး ကြည့်တဲ့သူကို မကြည်ညိုဘူး၊ ပရဟိတ အများအကျိုးကို ဆောင်ရွက်မှ ကြည်ညိုတယ်၊ သံဃာတွေ နားလည်ထားကြပါ။ အခုရင်းနှီးတယ်၊ နောင်ဘဝတွေ ထပ်တွေ့ရလိမ့်ဦးမယ်။ အညံ့စား မဖြစ်စေနဲ့၊ ဒီဘဝ ပရဟိတဆောင်လို့ သီလလုံလို့ ဒါမှကောင်းမယ်။(အမရပူရ မဟာဂန္ဓာရုံ ဆရာတော် အရှင်ဇနကာဘိဝံသ)တို့ဒကာတွေ စိတ်ဒုက္ခရောက်နေတဲ့အခါ စိတ်မငြိမ်မသက် ဖြစ်နေတဲ့အခါ သေသေချာချာ ဆန်းစစ်ကြည့်ကြ၊ ကိုယ့်စိတ် မငြိမ်မသက် ဖြစ်နေရင် တခုခုကို မှီထားမိလို့ပဲဆိုတာ ပေါ်ကြပါလား၊ဥပမာ-သစ်တုံးကို...

ဧဝရက်တောင်ထိပ်ပေါ်မှ ပထမဆုံးသော ဗီဒီယိုဖုန်း ခေါ်ဆိုမှု

(ဧဝရက်တောင်ထိပ်မှာ ဖုန်းလိုင်းမိပါတယ်)သင့်အနေနဲ့ ဧဝရက်တောင်ထိပ်သည်သာ ရှုပ်ထွေးပွေလီလှစွာသော ဆဲလ်ဖုန်းများနှင့် အခြားသော အီလက်ထရော်နစ် ပစ္စည်းများ၏ လွတ်ကင်းရာနေရာဟု ယူဆနေပါသလား။ မှားသွားပါလိမ့်မယ်။ဧဝရက်တောင်ထိပ်၌ ဆဲလ်ဖုန်းအသုံးပြုပြီး ဖုန်းခေါ်နိုင်ပါတယ်။ ဧဝရက်တောင်ထိပ်မှာ ဖုန်းလိုင်းမိပါတယ်။ဒါကို ဗြိတိန်နိုင်ငံသား စွန့်စားသူ Daniel Hughes က ယမန်နေ့ (မေလ ၁၉ ရက်) မှာ လက်တွေ့ပြသခဲ့ပါတယ်။ Daniel ဟာ ကမ္ဘာ့ အမြင့်ဆုံးဖြစ်တဲ့ ဧဝရက်တောင်ထိပ်ကနေ စမတ်ဖုန်းအသုံးပြုပြီး...

"မင်္ဂလာရှိသော နေအိမ်"

မိမိတို့ အိမ်တွင် ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များကိုဘုရားစင်နှင့် ကိုးကွယ်ထားခြင်းအားဖြင့် ဖော်ပြလတ္တံ့ ပါအကျိုးကျေးဇူး (၉) မျိုးကို ရရှိပါသည်။(၁) ဘုရားစင်ရှိသည့်အတွက် ဘုရားကို မြင်နေရခြင်း၊ဘုရားဝေယျာဝစ္စ ပြုနေရခြင်း၊ ဘုရားကို ကိုင်းညွတ်သည့်စိတ်ဖြင့် မမေ့ခြင်းနှင့် ဘုရား တရားနှင့် ကင်းကွာမနေခြင်း။(၂) မြတ်စွာဘုရားကို ဖူးတွေ့ ရခြင်းဖြင့် ဗုဒ္ဓဘာသာအပေါ်ပို၍ ယုံကြည်မှု လေးနက်လာသည်။(၃) အိမ်တွင် ဘုရားစင်ရှိလျှင် စနစ်တကျ ဆည်းကပ်ကိုးကွယ်မှုပြုခြင်းဖြင့် သတိမြဲခြင်းနှင့်...

လေ့လာရသလောက် မိန်းမတွေပြောတဲ့စကားနဲ့ အဓိပ္ပါယ်များ ...

( ၁ ) ကောင်းပြီလေ … ရန်ဖြစ်ပြီးတဲ့အချိန်မိန်းမတစ်ယောက်သုံးတတ်သည့်စကားဖြစ်သည် … ထိုအချိန်မှာ သူသာအမှန်ဖြစ်ပြီး သင်ကတော့ပါးစပ်ပိတ်ထားရန်သာလိုသည် …( ၂ ) ဘာမှမပာုတ်ပါဘူး … အဲ့လိုပြောရင်တော့တစ်ခုခုကိုသူသိထားပြီ … သင်သတိထားဖို့လိုနေပြီ( ၃ ) လုပ်ကြည့်လေ …. အဲ့ဒါမျိုးပြောရင် ခြိမ်းခြောက်တာပါ … လုပ်ပါလို့ခွင့်ပေးလိုက်တာမပာုတ်ပါဘူး … သင့်အနေနဲ့ မလုပ်တာအကောင်းဆုံးပဲ( ၄ )ဘာပဲဖြစ်ဖြစ်ပါ …. အဲ့ဒီစကားပြောရင်တော့ သေချာတယ် သင့်ကိုသူအကြောင်းတစ်ခုခုကြောင့် ရစ်တော့မည်(...

Society: လူနေမှုစနစ်

1. Call your family often.၁။ သင့်မိသားစုထံ မကြာခဏဖုန်းဆက်ပါ။2. Each day give something good to others.၂။ ကောင်းမှုတစ်ခု နေ့စဉ်ပြုပေးပါ။3. Forgive everyone for everything.၃။ အရာအရာတိုင်းအတွက် လူတိုင်းကို ခွင်.လွှတ်ပေးပါ ။4. Spend time with people over the age of 70 & under the age of 6.၄။ အသက် ၇၀ ကျော်သူတွေ၊ အသက် ၆ နှစ်အောက် လူတွေနဲ့ အချိန်ကို ကုန်လွန်ပါစေ။5. Try to make at least three people smile each day.၅။ တစ်နေ့လျှင် လူသုံးယောက်ကို ပြုံးပြဖို့...

အိမ်ရှင်မလုပ်မည့်.. မမများအတွက်...

ကဲ ဧဒင်ထမင်းဆိုင်က ချက်နည်းမသင်ခင်လေးမှာအိမ်ရှင်မလုပ်မည့် မမများအတွက်.... သိထားသင့်တာလေးသင်ပေးပါမယ်...။။။မမကတော့အချက်အပြုတ်ရှေ့ တန်းကပေါ့ .. ဇွန်းကိုင်ပြိးမြည်းတတ်တာ...၁။ ပုရွက်ဆိတ်တွေ တက်နေပါသလား။ ပုရွက်ဆိတ်တို့သည် သခွားသီးကို မုန်း၏။ထို့အတွက် ပုရွက်ဆိတ်များလာလျှင် သူတို့လမ်းကြောင်းတွင် သခွားသီးခွံများ ပစ်ချထားလိုက်ပါလေ။ ၎င်းတို့သည် ကြိမ်ဆဲကာ အဝေးသို့ထွက်ပြေးသွားပါလိမ့်မည် (လို့ပြောပါသည်)။၂။ အမှုန်အမှိုက်များ လုံးဝကင်းစင်သော ရေခဲတုံးကလေးများ အလိုရှိပါသလား။ရေခဲသေတ္တာထဲ...

အိမ်ထောင်ပြုတော့မည်ဆိုလျှင်..."..ပါသုံးပါ."....."...ချာသုံးချာ.."...."..ကွာသုံးကွာ.."......

ကိုရှောင်ကြဉ်ရမည်ဟု..... ရှေးဆရာတော်ကြီးများက နောင်လာနောက်သား တပည့် ဒကာဒကာမများအတွက် ဆိုဆုံးမထားခဲ့ပါသည်.။..ပါသုံးပါဆိုသည်မှာ.......(၁) အပိုစားမည့်သူ ပါလာတာ.....(၂) အကြွေးတွေပါလာတာ....(၃) ရောဂါပါလာတာ......။ ထိုပါသုံးပါကို ရှောင်ကြဉ်ရပါမည်..။ချာသုံးချာ...ဆိုသည်မှာ ....(၁) ပညာနုံချာသူ....(၂) အလုပ်အကိုင်နုံချာသူ....(၃) စာရိတ္တနုံချာသူ .....။ ထို ချာသုံးချာကို ရှောင်ကြဉ်ရပါမည်..။ကွာသုံးကွာ...ဆိုသည်မှာ...(၁) နိုင်ငံရပ်ခြားကွာသူ....(၂) စိတ်သဘောထားကွာသူ...(၃)...

မွေးဖွားကာစ ကလေးရဲ့ရနံက မိခင်ဖြစ်သူရဲ့ဦးနှောက်ကို အလွန်သံယောဇဉ် ခိုင်မာအောင်လှုပ်ဆော်ကြောင်း လေ့လာချက်တွေအရတွေ့ရှိချက်

Tuesday, October 1, 2013ကနေဒါ နိင်ငံ Motreal သိပ္ပံပညာ တက္ကသိုလ်ရဲ့ လေ့လာမူအသစ်တစ်ရပ်အရ မိခင်နှင့်ကလေးကြားဆက်သွယ်မူပေါင်းကူး တစ်ခုအနေနှင့် ကလေးတွေရဲ့ရနံ ကြောင့် ပိုပြီး ရင်နှီး ချစ်ခင်စေကြောင်းကို တွေ့ရှိခဲ့ရပါတယ်။မွေးကာစ ကလေးရနံဟာ မိခင်တွေ အတွက်ကတော့ ကြားလေ မသွေးနိင်အောင် လှုပ်ဆော်ပေးပြီး အင်အားပြည်ဝတဲ့ ခံစားမူတစ်မျိုး ဖြစ်ကာ နွေးထွေးတဲ့ အသိကို ပေးစွမ်းပါတယ်။ ကလေးမွေး ဖွားပြီး လို့ အချို့ မိခင်တွေဟာ လုပ်ငန်းခွင်ပြန်ဝင်တဲ့ အချိန် မှာတောင် ဒီခံစားမူကို...

စာအုပ်ဖတ်ခြင်းဖြင့် လက်တွေ့လောကဘ၀ကို အထောက်အကူပြုစေမည့် သိပံ္ပနည်းကျအချက် ၁၀ ချက်

လူအများစုတွေဟာ စာအုပ်ဖတ်ခြင်းကို ၀ါသနာအရသော်လည်းကောင်း၊ ဗဟုသုတရလိုသောကြောင့်သော်လည်းကောင်း၊ တစ်ကိုယ်တည်းသီးသန့်နေလိုသောကြောင့်သော်လည်းကောင်း စသဖြင့် ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ဖတ်ရှုကြပါတယ်။ သို့သော်လည်း စာဖတ်ခြင်းအားဖြင့် သင့်ရဲ့ ပြင်ပလူနေမှုဘ၀ကို အပေါင်းသင်္ကေတဖြစ်စေမဲ့ အချက်တွေကို သင်သိသွားမယ်ဆိုလျှင်တော့ အံအားသင့်မှာပါ။1. စာအုပ်ဖတ်ခြင်းဟာ အယ်ဇိုင်းမားရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။လေ့လာတွေ့ရှိချက်အရ တစ်နေ့ကို စာအုပ် ၂ နာရီခွဲခန့်ဖတ်တဲ့သူတွေဟာ မဖတ်တဲ့သူတွေထက်...

Samsung Galaxy S4နဲ့ LG Optimus G Proကို နှိုင်းယှဉ် သုံးသပ်ခြင်း

ပြီးခဲ့တဲ့ ရက်သတ္တပတ်က အထိ လူစိတ်ဝင်စားမှု အရှိဆုံးနဲ့ ၀င်ရောက်ကြည့်ရှုခံရမှု အများဆုံး စာရင်းမှာ Samsung Galaxy Note 3, iPhone 5sနဲ့ Galaxy S4တို့ အသီးသီး ရပ်တည်နေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုအခါမှာတော့ Appleရဲ့ iPhone 5sကြီးက တတိယနေရာကို ဆင်းပေးလိုက်ရပြီး သူ့ရဲ့နေရာမှာ Galaxy S4က တက်လာခဲ့တာပါ။ သို့သော် မြန်မာပြည်ဈေးကွက် ထဲမှာ Samsung Galaxy S4ရဲ့ ဈေးက မသေးလှပါဘူး။ တောင်ကိုရီးယားအခြေစိုက်ပဲ ဖြစ်တဲ့ LGမှ ထုတ်လုပ်ထားတဲ့ Optimus G Proနဲ့ Galaxy S4တို့ရဲ့...

မဟာရန်ကုန် ရွှေမြို့တော်ကြီးက အကောင်းဆုံး အစားအသောက် စာရင်း ၁၀၁"

***************************************************၁. တရုတ်တန်း ကိုကိုညီညီ ထမင်းကြော်ဆိုင်က ဝက်သားကြော်နဲ့ ချဉ်ပေါင်ကြော်၂. ၁၅လမ်းထိပ် ကိုဆယ်သန်းဆိုင်က ဝက်သားလုံးယိုးဒယားဟင်းချို၃. ဆင်မလိုက်လမ်းဆုံက ဝက်သားစပယ်ရှယ်ထမင်းကြော်၎. လှည်းတန်းဗဟိုလမ်းက ပြည် ဒေါ်ဥထမင်းသုပ်နဲ့ ဆိတ်သားကြော် ဆိတ်သားလုံးကြော်၅. ဝက်လယ်သမားဟင်း သဘောင်္သီးထောင်း@ ပန်းစွယ်တော် Thai Express၆. မင်းလမ်းမုန့်တီ က ရေချိုပုဇွန်မီးဖုတ်သုပ် နဲ့ ငရုပ်သီးငါးပိဖျော်....၇. မြေနီကုန်း ရှမ်းကုန်းလမ်း...

Apple ထုတ်ကုန်များအား ဧရာဝတီဘဏ်နှင့်ချိတ်ဆက်ကာ အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်ရန်ဆောင်ရွက်လိုက်ပါပီခင်ဗျာ(for apple)

Apple ထုတ်ကုန်များအား ဧရာဝတီဘဏ်နှင့်ချိတ်ဆက်ကာ အရစ်ကျစနစ်ဖြင့် ဝယ်ယူနိုင်ရန်ဆောင်ရွက်လိုက်ကြောင်း Apple ထုတ်ကုန်များအား တရားဝင်အရောင်းကိုယ်စားလှယ်အဖြစ် ရောင်းချခွင့်ရသော mDrive မှ ကိုမြတ်ထူးက ပြောသည်။ ဧရာဝတီဘဏ်တွင် အရစ်ကျစနစ် ဝယ်ယူခွင့် အကောင့်ဖွင့်ကာ ဝယ်ယူနိုင်မည်ဖြစ်သည်။ “mDrive ကနေ ဧရာဝတီဘဏ်နဲ့တွဲဖက်ပြီး အရစ်ကျစနစ်နဲ့ ရောင်းချပေးသွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ Apple ထုတ်ကုန်တွေကို အရစ်ကျစနစ်နဲ့ ပထမဦးဆုံး ရောင်းချပေးသွားမယ့် ဆိုင်လို့လည်း...

အမျိုးသားတွေက အမျိုးသမီးတွေထက် နာမကျန်းမှုပိုဖြစ်နိုင်

လေ့လာမှုတစ်ရပ်မှာ ဖော်ပြ ထားချက်အရ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ရုပ်ပိုင်းဆိုင်ရာ နာမကျန်းမှုတွေ ပိုပြီးကြုံတွေ့ရ တယ်လို့ ဖော်ထုတ်ထားပါတယ်။ St Michael ဆေးရုံရဲ့ သုတေသနပြု ချက်အရ ဒီလေ့လာမှုကို သက်သေပြ ဖို့ (၁၀)နှစ်ကျော်ကြာ လေ့လာမှုများ စွာပြုလုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။ဆေးရုံရဲ့ မြို့ပြကျန်းမာရေး သုတေသနမှ Dr Flora Matheson က “အမျိုးသမီးတွေဟာ စိတ်ပိုင်းဆိုင် ရာ နာမကျန်းမှုကြောင့် ကိုယ်ပိုင်း ထိခိုက်ရတာဖြစ်ပြီး ပျမ်းမျှကိုယ်ပိုင်း ဆိုင်ရာထိခိုက်မှု ( physical...

မာမာလာ လက်ဖက်ရည်နှင့် AIDS

မာမာလာပင်ကရတဲ့ သစ်ခေါက် ကနေ ထုတ်ထားတဲ့ ဆေးလက်ဖက် ရည်မှာ AIDS ကို တိုက်ခိုက်နိုင်တဲ့ ဓာတ်ပေါင်းပါဝင်နေတယ်လို့ သိပ္ပံ ပညာရှင်တွေ တွေ့ရှိခဲ့ပါတယ်။ ဒီ ဆေးလက်ဖက်ရည်ကို တောင်ပစိဖိတ် ကျွန်းတစ်ကျွန်းဖြစ်တဲ့ Samoa ကျွန်းမှာ တိုင်းရင်းဆေးဆရာတွေက အသည်း ရောင်ရောဂါကို ကုသအောင်မြင်ခဲ့ ရာကနေ သုတေသနပြုဖော်ထုတ် နိုင်ခဲ့တာဖြစ်ပါတယ်။မာမာလာ ( mamala tree )ရဲ့ သစ်ခေါက်ကနေ ဖော်စပ်ထားတဲ့ လက်ဖက်ရည်မှာ ပါဝင်တဲ့ Prostratin ကြောင့် အခုလိုဗိုင်းရပ်တွေကို တိုက် ခိုက်နိုင်တာလို့...

နာတာရှည်နာကျင်မှုကို စီချွမ်ငရုတ်သီးစားခြင်းဖြင့် သက်သာစေနိုင်

လူသိများတဲ့ စီချွမ်ငရုတ်သီး ( szechuan pepper )ကို စားသုံးပေးခြင်းကြောင့် ဖြစ်လာတဲ့ ပူစပ်စပ်၊ စပ်ဖျဉ်းဖျဉ်းခံစားမှုဟာ နာတာရှည် နာကျင်မှုကို သက်သာစေတယ်လို့ သုတေသနတစ်ခုမှာ ဖော်ပြထားပါတယ်။ ဒါဟာ အရသာခံစားမှုနဲ့ ထိတွေ့မှုကြားထဲက ရှုပ်ထွေးတဲ့ ဆက်စပ်မှုတစ်ရပ်ကို ဖော်ထုတ်နိုင်ခဲ့ တာဖြစ်ပါတယ်။ဒီလေ့လာမှုကို University College London မှ သုတေသီ Dr. Nobuhiro Hagura က ဦးဆောင်ခဲ့ပြီး အာရှတိုက်ရဲ့ ဟင်းလျာချက်ပြုတ်မှုတွေမှာ ကျယ်ပြန့်စွာ သုံးနေတဲ့ စီချွမ်ငရုတ်သီးကို သုတေသနပြုခဲ့ပါတယ်။...

အမျိုးသမီးများ ကားမောင်းပါက သားအိမ်ထိခိုက်နိုင်ဟု ဆော်ဒီဘာသာရေးခေါင်းဆောင် ပြောကြား

အစ္စလာမ် ဘာသာရေး၏ အထင်ကရ ဦးဆောင်နိုင်ငံ တစ်ခုဖြစ်သော ဆော်ဒီတွင် အမျိုးသမီးများ ကားမောင်းခွင့်အတွက် တက်ကြွသော လှုပ်ရှားတောင်းဆိုမှုများ ဖြစ်ပေါ်လာချိန်တွင် ဘာသာရေး ခေါင်းဆောင် တစ်ဦးဖြစ်သော ရှိတ်ခ်ဆာလား အယ်လ်လိုဟိုင်ဒန်က ယခုလို ပြောဆိုခဲ့ခြင်း ဖြစ်သည်။အမျိုးသမီးများ ကားမောင်းခြင်းသည် ယင်းတို့၏ သားအိမ်ကို ထိခိုက်စေနိုင်ပြီး သားဖွားသည့်အခါ ပြဿနာများ ဖြစ်ပေါ်စေနိုင်ကြောင်း ဆော်ဒီအာရေဗျ ဘာသာရေး ခေါင်းဆောင်တစ်ဦးက ပြောကြားလိုက်သည်။ အစ္စလာမ် ဘာသာရေး၏ အထင်ကရ ဦးဆောင်နိုင်ငံ...

အမေရိကမှ ပြန်လာသော အီရန်သမ္မတ ဖိနပ်ဖြင့် ပစ်ပေါက်ခံရ

အမေရိကန်ပြည်ထောင်စု၌ ကျင်းပပြုလုပ်သည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တက်ရောက်ခဲ့သည့် အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီသည် အီရန်သို့ ပြန်လည် ရောက်ရှိလာစဉ် ဆန္ဒပြသူများ၏ ဖိနပ်ဖြင့် ပစ်ပေါက်ခြင်းကို ခံလိုက်ရကြောင်း လုံခြုံရေး အရာရှိများ၏ ပြောကြားချက်ကို CNN သတင်းဌာနက ရေးသားဖော်ပြသည်။ သမ္မတ ဟတ်ဆန်ရိုဟာနီကို ဖိနပ်ဖြင့် ပေါက်သူများမှာ အမေရိကန်ပြည်ထောင်စုနှင့် အီရန်အကြား တွေ့ဆုံ စကားပြောမည့် အစီအစဉ်ကို ဆန့်ကျင်သည့် ဆန္ဒပြအုပ်စုများ ဖြစ်ကြပြီး ၎င်းကို ထောက်ခံသူများကလည်း မြို့တော်တီဟီရန်...

မိုးကာကို သန့်စင်အောင် ဘယ်လိုဆေးကြောမလဲ

ယခုလို မိုးရာသီအခါသမယတွင် မိုးကာအင်္ကျီများကို ပုံမှန်ဆေးကြောပေးလိုခြင်း (သို့) မဆေးဘဲပစ် ထားသည်မှာကြာပြီဖြစ်၍ ဆေးကြော လိုပါက၊ လိုအပ်သောပစ္စည်းများမှာ – အ၀တ်စ၊ ရေဇလုံ (သို့) ရေပုံး အသေး၊ မုန့်ဖုတ်ဆိုဒါ၊ ဗနီကာ၊ ရေ မြှုပ်၊ ဇလုံအကြီးစားတို့ဖြစ်သည်။(၁) ရေပုံးထဲကို ဗနီကာအနည်းငယ် ထည့်ပါ။(၂) မိုးကာအင်္ကျီကိုဖြန့်ပါ။(၃) ဗနီကာရည်ကို အ၀တ်စ(သို့) ရေမြှုပ်တွင်ဆွတ်ပါ။(၄) မိုးကာအင်္ကျီ၏ မျက်နှာပြင်ကို ဗနီကာနှင့် ဖြည်းဖြည်းချင်းသုတ်ပါ။ အထူးသဖြင့် မြေကြီး၊ ရွှံ့များပေနေသောနေရာကို...

ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုမဖြစ်ပွား အောင်ကာကွယ်နိုင် သလား

Suicide အများစုဟာ ကြိုတင် ကာကွယ်နိုင်ပြီး စိတ်ကျနေတဲ့ အဆုံး စီရင်နိုင်ချေများနေတဲ့သူတွေကို စကားပြောပေးခြင်း၊ အချိန်ကာလအ လိုက် နှစ်သိမ့်ဆွေးနွေးပေးခြင်းအား ဖြင့် လျော့ကျစေနိုင်တယ်လို့ သိရပါ တယ်။Cosmos စိတ်ကျန်းမာရေးနှင့် အပြုအမူဆိုင်ရာ သိပ္ပံမှ ဒါရိုက်တာ Sunil Mitital က “ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်နိုင်ခြင်း ( Suicidal tendency )ဆိုတာဟာ စိတ်ပိုင်းဆိုင် ရာနာမကျန်းမှုတစ်ခုဖြစ်ပြီး ကာကွယ် နိုင်ပါတယ်။ အဆုံးစီရင်နိုင်ချေရှိသူ တွေကို သူရဲ့မိသားစုတွေ၊ သူငယ်ချင်းဆွေမျိုးတွေက...

ဦးရေပြားယားယံခြင်းအတွက် လွယ်ကူသက်သာနည်းလမ်းများ

ဦးရေပြားယားယံခြင်းဟာ ဗောက်ထခြင်းကြောင့် အဓိကဖြစ်ရပါ တယ်။ ဆိုးရွားပြင်းထန်တဲ့ အခြေအနေမှာဆိုရင် နာကျင်ခြင်း၊ အကွက် များပေါ်ခြင်းနဲ့ ပူလောင်တဲ့ ခံစားမှု တွေကိုပါ ဦးရေပြားမှာ ကြုံတွေ့ရနိုင် ပါတယ်။ သက်သာစေမယ့် နည်း လမ်းတချို့ကို ပြောပြပေးပါ့မယ်။၁။ ရနံ့သင်းတဲ့ အလှဆီကိုသုံးပါဒီ aroma oil တွေကို ရနံ့ကုထုံး အတွက် သာမကဘဲ ဦးရေပြားအတွက်လည်း သုံးလို့ရပါတယ်။ လာဗင် ဒါရနံ့၊ လက်ဖက်ရနံ့၊ အုန်းသီးရနံ့၊ သံလွင်ဆီစသဖြင့် အမျိုးမျိုးရှိပါ တယ်။ သတိပြုရမှာကတော့ ရနံ့ဆီ...

အသုံးများတဲ့ သန္ဓေတားနည်းများ

(၁) အမျိုးသားသုံးကွန်ဒွန်အလွယ်ကူဆုံးအသုံးပြုနိုင်တဲ့ နည်းလမ်းဖြစ်ပြီး ဈေး ကွက်ထဲမှာ အလွယ်တကူရရှိနိုင်ပါတယ်။ သန္ဓေတားရန် သာမက လိင်မှတစ်ဆင့် ကူးစက်တတ်သည့်ရောဂါများ ကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ တစ်ကြိမ်သာ အသုံး ပြုနိုင်ပြီး အရည်အသွေးနိမ့်တဲ့ ပစ္စည်းအချို့ဟာ ပေါက်ပြဲ လွယ်ပါတယ်။(၂) သောက်ဆေးလက်ညိုးကဒ်လို့ လူသိများတဲ့ ပဋိသန္ဓေတားသောက် ဆေးဟာ နေ့စဉ်မှန်မှန်သောက်မည်ဆိုလျှင် (၉၅) ရာခိုင်နှုန်း စိတ်ချရပါတယ်။ ရာသီသွေးမှန်မှန် ပေါ်စေတာ ကြောင့် သွေးမပေါ်ခြင်းကို စိတ်အနှောင့်အယှက်ဖြစ်တတ်သူ...

ပါကစ္စတန်တွင် ငလျင်တစ်ခု ထပ်မံလှုပ်ခတ်

အ၀ါရန်ခရိုင်တွင် ငလျင်ကြောင့် ပျက်စီးသွားသော ရွှံ့အိမ်များအပြင်တွင် စုဝေးနေကြသည့် ပါကစ္စတန် ငလျင်ဒုက္ခသည်များ (Photo:AFP) စက်တင်ဘာ ၂၄ ရက်က လူ ၃၀၀ ကျော် သေဆုံးခဲ့သည့် အင်အား ၇ ဒသမ ၇ ရစ်ခ်ျစတာ စကေးရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့သော ပါကစ္စတန် နိုင်ငံတွင် စက်တင်ဘာ ၂၈ ရက်က အင်အား ၆ ဒသမ ၈ ရစ်ခ်ျစတာ စကေးရှိ ငလျင်တစ်ခု ထပ်မံလှုပ်ခတ်သွားကြောင်း သိရသည်။ နိုင်ငံ အနောက်တောင်ပိုင်း၊ အ၀ါရန်ခရိုင် အရှေ့မြောက်ဘက် ၉၆ ကီလိုမီတာ အကွာရှိ မြေအောက် ၁၄ ကီလိုမီတာကို ဗဟိုပြုကာ ဒေသစံတော်ချိန်...

ပြန်လည်တည်ဆောက်ရေးအတွက် ဒေါ်လာသန်း ၂၅၀ လိုအပ်ဟု ဆီးရီးယား ပြောကြား

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြောက်ပိုင်း ၃၅၀ ကီလိုမီတာ အကွာရှိ အီအာဘေးမြို့ရှိ ဆီးရီးယား ဒုက္ခသည်စခန်း (Photo:AP) စစ်ပွဲကြောင့် ပျက်စီးသွားမှုများကို ပြန်လည်တည်ဆောက်ရန် လာမည့်နှစ်အတွင်း နိုင်ငံတော် အသုံးစရိတ်မှ ဒေါ်လာသန်း ၂၅၀ (ဆီးရီးယားပေါင် ဘီလျံ ၅၀) သတ်မှတ်ခဲ့ကြောင်း ဆီးရီးယားဝန်ကြီးချုပ် ၀ါအယ်လ်ဟယ်လ်ကီ၏ ပြောကြားချက်ကို ကိုးကား၍ အစိုးရ လိုလားသည့် Al-Watan သတင်းစာက စက်တင်ဘာ ၂၃ ရက်တွင် ဖော်ပြခဲ့သည်။ ၂၀၁၃ ခုနှစ် အတွင်းက အဆိုပါ ကဏ္ဍများအတွက် အသုံးစရိတ်ကို ပေါင်...

ဂီနီတွင် ဆယ်စုနှစ် တစ်ခုကျော်အတွင်း ပထမဆုံးအကြိမ် ပါလီမန် ရွေးကောက်ပွဲ ကျင်းပ

  မြို့တော်ကွန်နာကရီတွင် ဂီနီပြည်သူ့ပါတီ (RPG) ထောက်ခံသူများက စက်တင်ဘာ ၂၆ ရက်က မဲဆွယ်မှု တစ်ခုတွင် ပါဝင်နေစဉ် (Photo:AFP) မတည်မငြိမ် ဖြစ်ပွားခဲ့သော ဂီနီနိုင်ငံ၏ ဆယ်စုနှစ် တစ်ခုကျော်အတွင်း ပထမဆုံး ပါလီမန် ရွေးကောက်ပွဲများကို စက်တင်ဘာ ၂၈ ရက်တွင် ပထမဆုံးအကြိမ် ကျင်းပခဲ့ကြောင်း သိရသည်။ အမျိုးသား လွှတ်တော်တွင် အမတ်နေရာ ၁၁၄ နေရာအတွက် ကိုယ်စားလှယ်လောင်း ၁၇၀၀ ကျော်က ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။ ၂၀၁၀ ပြည့်နှစ်တွင် စစ်တပ်အုပ်ချုပ်မှု အဆုံးသတ်ပြီးနောက်...

ဇမ်ဘိုအန်ဂါမြို့တွင် သူပုန်တို့နှင့် စစ်ဆင်ရေး ပြီးဆုံးသွားပြီဟု ဖိလစ်ပိုင် ကြေညာ

အလောင်းပုပ်ပွ အနံ့များကြောင့် ဓာတ်ငွေ့ကာ မျက်နှာဖုံး ၀တ်ဆင်ထားသော ဖိလစ်ပိုင်စစ်သားများ ပျက်စီးနေသော အိမ်များအကြား စက်တင်ဘာ ၂၆ ရက်က ကင်းလှည့်နေစဉ် (Photo:AFP) ဖိလစ်ပိုင် တောင်ပိုင်းတွင် ဓားစာခံ ၂၀၀ နီးပါးကို ဖမ်းဆီးထားသော မွတ်စလင် သူပုန်များနှင့် သီတင်းပတ်သုံးပတ်ကြာ စစ်ဆင်ရေး ပြီးဆုံးသွားပြီဖြစ်ပြီး ဖမ်းဆီးခံထားရသူအားလုံး လွတ်မြောက်ခဲ့ပြီဖြစ်ကြောင်း ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး Voltaire Gazmin က စက်တင်ဘာ ၂၈ ရက်တွင် ပြောကြားခဲ့သည်။ အစိုးရတပ်များက...

ချင်းတောင်ခြေတွင် တောင်ကျရေ ကျဆင်းလာမှုကြောင့် မြေပြိုခြင်း အိမ်၊ တိရစ္ဆာန်များ မျောပါခြင်းနှင့် လူသေဆုံးမှုများ ရှိခဲ့

 Created on Tuesday, 01 October 2013 ကလေးဝမြို့နယ် ကျောက်ခုတ်ကျေးရွာအနီး မြေပြိုမှု ဖြစ်ပွားနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- အောင်သူထွန်း) ကလေး၊ ကလေးဝ၊ တမူးမြို့နယ်များတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျချောင်းရေများ အရှိန်အဟုန်ဖြင့် စီးဆင်းလာသဖြင့် မြေပြိုကျခြင်း၊ အိမ်များ၊ တိရစ္ဆာန်များ မျောပါခြင်းများ ဖြစ်ခဲ့ကာ ဒေသတွင်းရှိ ကားလမ်းများ ပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။ ''အခုဆိုရင် ကလေးမြို့နဲ့ ကလေးဝမြို့ ၂၄ မိုင်ခရီးမှာ မြေပြိုမှုကြောင့်...

တိုက်လေယာဉ်တစ်စင်း ရန်ကုန်လေဆိပ် ပြေးလမ်းပေါ်၌ အရှိန်ထိန်းချုပ်သည့် လေထီးမပွင့်၍ ရန်ကုန်လေဆိပ် ခေတ္တပိတ်ခဲ့ရ

Created on Tuesday, 01 October 2013 မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ်မှ တိုက်လေယာဉ်တစ်စင်းအား ၂၀၁၃ မတ် ၁၉ ရက်က ရန်ကုန်လေဆိပ်၌ တွေ့ရစဉ် (ဓာတ်ပုံ-ရွှန်းလဲ့ဝင်း) မင်္ဂလာဒုံ လေတပ်စခန်းဌာနချုပ်မှ တိုက်လေယာဉ်တစ်စင်း ရန်ကုန်လေဆိပ် ပြေးလမ်းပေါ်၌ အရှိန်ထိန်းချုပ်သည့် လေ ထီးမပွင့်မှုကြောင့် ၂၀၁၃ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်၊ မွန်းလွဲပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အား ခေတ္တပိတ်ခဲ့ရကြောင်း သတင်းရရှိသည်။ ''မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ်က တိုက်လေယာဉ်တစ်စင်း ရန်ကုန်လေဆိပ်ကို...

လက်ပံတောင်းတောင် စီမံကိန်းအတွင်းရှိ လယ်တီဆရာတော်ကြီး၏ စေတီနှင့် သိမ်တော်ကိစ္စ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြနေစဉ်အတွင်း မူလအတိုင်း ထားရှိရန် တိုင်းဒေသကြီး အစိုးရကတိပြု

Created on Tuesday, 01 October 2013 ဆန္ဒထုတ်ဖော် သူများနှင့် ဖြေလျော့ညှိနှိုင်းရေးအဖွဲ့တို့ စည်တီးဘုန်းကြီး ကျောင်းအတွင်း တွေ့ဆုံကြစဉ် လက်ပံတောင်းတောင် ဒေသရှိ လယ်တီဆရာတော် ဘုရားကြီး၏ သိမ်တော်နှင့် စေတီအား ပြည်ထောင်စု လွှတ်တော်တွင် တင်ပြနေစဉ်အတွင်း မူလအတိုင်း မပျက်မယွင်း ထားရှိရန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စက်တင်ဘာ ၃၀ ရက် ညနေပိုင်းတွင် ကတိပြု လက်မှတ်ထိုးခဲ့ကြောင်း သိရသည်။ လက်ပံတောင်းတောင်သို့ လမ်းလျှောက် သူများမှာ စက်တင်ဘာ ၂၉ ရက် ညနေပိုင်းတွင် အဆိုပါ...

ပထမဆုံး အကြိမ်အဖြစ် ဂျပန်ရေတပ်မှ လေ့ကျင့်ရေး စစ်သင်္ဘောသုံးစင်း မြန်မာနိုင်ငံသို့ ငါးရက်ကြာ ချစ်ကြည်ရေးခရီး လာရောက်

 Created on Tuesday, 01 October 2013 စက်တင်ဘာ ၃၀ ရက်က သီလ၀ါဆိပ်ကမ်းသို့ ရောက်ရှိလာသည့် ဂျပန်ရေတပ်မှ လေ့ကျင့်ရေး စစ်သင်္ဘောကို တွေ့ရစဉ် (ဓာတ်ပုံ- အောင်ဇော်ထွန်း) ဂျပန်ရေတပ် ကာကွယ်ရေး တပ်ဖွဲ့မှ လေ့ကျင့်ရေး စစ်သင်္ဘောသုံးစင်း မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ်အဖြစ် ငါးရက်ကြာ ချစ်ကြည်ရေးခရီး လာရောက်ခဲ့ကြောင်း သတင်းရရှိသည်။ မြန်မာ-ဂျပန် နှစ်နိုင်ငံ အပြန်အလှန် နားလည်မှုအရ ဂျပန်ရေတပ် ကာကွယ်ရေး တပ်ဖွဲ့မှ အရာရှိများအား ပြည်ပလေ့ကျင့် သင်တန်းပေးရေး အစီအစဉ်အရ...

ဘာသာပေါင်းစုံ ပါဝင်သော မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းခြင်း နှစ်နှစ်ပြည့် ဆုတောင်းပွဲ အခမ်းအနားတွင် မြစ်ဆုံစီမံကိန်း ရပ်တန့်ရန် ဘာသာဝင်အားလုံး ဆန္ဒပြု

Created on Tuesday, 01 October 2013 မြစ်ဆုံရပ်ဆိုင်းခြင်း နှစ်နှစ်ပြည့် ဆုတောင်းပွဲ အခမ်းအနား ကျင်းပစဉ် (ဓာတ်ပုံ- ထွန်းလင်းအောင်) ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဘာသာပေါင်းစုံ ပါဝင်သော မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းခြင်း နှစ်နှစ်ပြည့် ဆုတောင်းပွဲ အခမ်းအနားကို ဒေသခံ ဘာသာဝင်များက ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ယင်းဆုတောင်းပွဲသို့ ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူများ၊ ဟိန္ဒူဘာသာဝင်များ၊ ဆစ်ခ် ဘာသာဝင်များ၊ မွတ်စလင် ဘာသာဝင်များ၊ ခရစ်ယာန် ဂိုဏ်းပေါင်းစုံ သာသနာ...

Related Posts Plugin for WordPress, Blogger...