Tuesday, October 1, 2013

အမျိုးသားတွေက အမျိုးသမီးတွေထက် နာမကျန်းမှုပိုဖြစ်နိုင်



လေ့လာမှုတစ်ရပ်မှာ ဖော်ပြ ထားချက်အရ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ရုပ်ပိုင်းဆိုင်ရာ နာမကျန်းမှုတွေ ပိုပြီးကြုံတွေ့ရ တယ်လို့ ဖော်ထုတ်ထားပါတယ်။ St Michael ဆေးရုံရဲ့ သုတေသနပြု ချက်အရ ဒီလေ့လာမှုကို သက်သေပြ ဖို့ (၁၀)နှစ်ကျော်ကြာ လေ့လာမှုများ စွာပြုလုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။
ဆေးရုံရဲ့ မြို့ပြကျန်းမာရေး သုတေသနမှ Dr Flora Matheson က “အမျိုးသမီးတွေဟာ စိတ်ပိုင်းဆိုင် ရာ နာမကျန်းမှုကြောင့် ကိုယ်ပိုင်း ထိခိုက်ရတာဖြစ်ပြီး ပျမ်းမျှကိုယ်ပိုင်း ဆိုင်ရာထိခိုက်မှု ( physical illness ) ရဖို့ အမျိုးသားတွေထက်နှစ်အနည်း ငယ်နောက်ကျနေတယ်” လို့ပြော ကြားထားပါတယ်။
ဒီလေ့လာမှုမှာ အမျိုးသား တွေဟာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုရ နိုင်ချေ ၁၄%လောက် အမျိုးသမီး တွေထက်ပိုများနေပြီး ဒါဟာလိင်ပိုင်း ဆိုင်ရာကွဲပြားမှုက physical illness အပေါ်သက်ရောက်မှုရှိနေ တယ်ဆိုတာကို ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာအမျိုးသားတွေ မှာ ရုပ်ပိုင်းဆိုင်ရာ ဇီဝဖြစ်ပျက်မှု ရောဂါတွေဖြစ်တဲ့ ဆီးချိုသွေးချို၊ သွေးတိုး၊ နှလုံးရောဂါနဲ့ အသက်ရှူလမ်းကြောင်း ရောဂါတွေ ပိုဖြစ်နိုင်ချေများတယ် လို့အဓိပ္ပာယ်သက်ရောက်နေပါတယ်။
ဒီလေ့လာမှုကို Journal of Epidemiology and Community Health မှာဖော်ပြထားတာဖြစ်ပါ တယ်။
သက်နှင်း
ref: ANI


Health Updates Journal

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...