Tuesday, October 1, 2013

Samsung Galaxy S4နဲ့ LG Optimus G Proကို နှိုင်းယှဉ် သုံးသပ်ခြင်း



ပြီးခဲ့တဲ့ ရက်သတ္တပတ်က အထိ လူစိတ်ဝင်စားမှု အရှိဆုံးနဲ့ ၀င်ရောက်ကြည့်ရှုခံရမှု အများဆုံး စာရင်းမှာ Samsung Galaxy Note 3, iPhone 5sနဲ့ Galaxy S4တို့ အသီးသီး ရပ်တည်နေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုအခါမှာတော့ Appleရဲ့ iPhone 5sကြီးက တတိယနေရာကို ဆင်းပေးလိုက်ရပြီး သူ့ရဲ့နေရာမှာ Galaxy S4က တက်လာခဲ့တာပါ။ သို့သော် မြန်မာပြည်ဈေးကွက် ထဲမှာ Samsung Galaxy S4ရဲ့ ဈေးက မသေးလှပါဘူး။ တောင်ကိုရီးယားအခြေစိုက်ပဲ ဖြစ်တဲ့ LGမှ ထုတ်လုပ်ထားတဲ့ Optimus G Proနဲ့ Galaxy S4တို့ရဲ့ နှိုင်းယှဉ်သုံးသပ် ချက်ကို တင်ဆက်ပေးလိုက် ပါတယ်။

Display

Screenကျယ်ကျယ်၊ မျက်နှာပြင် ကြီးကြီးတွေ ခေတ်စားနေတဲ့ အခုခေတ်ထဲမှာ Optimus G Proက Galaxy S4ထက် မျက်နှာပြင်ပိုကြီး တာဟာ နံပါတ်တစ် အားသာချက် တစ်ခုပါ။ Galaxy S4 မှာ ကတော့ Super AMOLED Capacitive Touchscreen ကို တပ်ဆင်သုံးစွဲ ထားပြီး Optimus G Proမှာ တပ်ဆင်ထားတဲ့ Displayဟာ True Full HD(1080x1920 pixels)ဖြစ်ပါတယ်။

Hardware & OS

Samsung Galaxy S4မှာ တပ်ဆင်ထားတဲ့ Chipsetက Exynos 5 Octaဆိုတဲ့ Chipsetဖြစ် ပါတယ်။ Optimus G Proကတော့ Qualcommမှ ထုတ်လုပ်တဲ့ Snapdragon 600 Chipsetကို တပ်ဆင် အသုံးပြု ထားတာ ဖြစ်ပါတယ်။ ဖုန်းကို မောင်းနှင်ဖို့ OSအနေနဲ့လည်း Galaxy S4ရော၊ Optimus G Proပါ Android OS 4.2(Jelly Bean)ဗားရှင်း ကိုသုံးထားတာပါ။

CPU, GPU

CPU(Processor)ပိုင်းမှာတော့ ဖုန်းနှစ်လုံးစလုံးဟာ Quad-Coreကို သုံးထားကြပါတယ်။ ဒါပေမယ့် အမြန်နှုန်းကို ကြည့်ရင် Optimus G Proက 1.7GHzရှိပြီး Galaxy S4ကတော့ 1.6GHzသာ စီစဉ်ပေးထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ဖုန်းရဲ့ လုပ်ဆောင်ချက်တွေမှာ LGစမတ်ဖုန်းက ပိုမိုလျင်မြန် နေမယ်လို့ အကြမ်းဖျင်းအားဖြင့် မှတ်ယူ နိုင်ပါတယ်။ ဖုန်းရဲ့ ရုပ်ထွက်နဲ့ အန်နီမေးရှင်းပိုင်းမှာ ဖုန်းနှစ်မျိုးဟာ များစွာ မကွာခြားပေမယ့် Galaxy S4ဟာ PowerVR SGXဆိုတဲ့ GPU(Graphic)ကို သုံးထားတာ ဖြစ်ပါတယ်။ Optimus G Proကတော့ ယနေ့ခေတ်မှာ Adreno 320 GPUကို သုံးထားတာပါ။

Memory

RAMနဲ့ ဖုန်းတွင်းမှတ်ဥာဏ်ပိုင်းမှာ ဖုန်းနှစ်မျိုးလုံးက အတူတူပါပဲ။ RAM 2GBစီ ရှိပြီး Internal Memory 32GBစီစဉ် ပေးထားကာ မလုံလောက်သေးရင် ထပ်မံတိုးချဲ့ဖို့ Card Slotလည်း စီစဉ်ပေးထား ပါတယ်။

Camera

ကင်မရာကတော့ ဖုန်းနှစ်လုံး စလုံး 13MP အရည်အသွေးနဲ့ ဖြစ်ပါတယ်။ ဒါပေမယ့် အနည်းငယ် ကွာခြားသွားတာက Galaxy S4ဟာ ရုပ်ထွက် 4128x3096 Pixels Resolutionသာ ရှိပြီး LGရဲ့ Optimus G Proကတော့ Resolutionအနေနဲ့ 4208x3120ထုတ်လုပ် ပေးနိုင်ပါတယ်။ ကင်မရာရဲ့ Features ပိုင်းမှာလည်း စမတ်ဖုန်း နှစ်လုံးဟာ များစွာမကွာခြားပါဘူး။ ရှေ့ကင်မရာမှာတော့ Galaxy S4က 2MPဖြစ်ပြီး Optimus G Proကတော့ 2.1MPဖြစ်ပါတယ်။

Connectivity

ဖုန်းကို ချိတ်ဆက်မှု ကွန်ရက်ပိုင်းမှာလည်း GSM, HSPDA, LTEစတဲ့ 2G, 3G, 4Gကွန်ရက်တွေ အားလုံးမှာ ချိတ်ဆက် သုံးစွဲနိုင်ပါတယ်။ SIM Cardကတော့ ဖုန်းနှစ်မျိုးလုံး Micro-SIM Cardထည့်သွင်း သုံးစွဲရမှာပါ။

Data Transfer

Dataတွေ ကူးပြောင်းမှု ပိုင်းမှာလည်း GPRS, EDGEစတဲ့ စနစ်တွေသာမက Wi-Fi 802.11 a/b/g/n/acစတဲ့ စနစ်တွေမှာ အကုန်ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။ Bluetooth, NFC, USB, microUSBနဲ့ Infrared Portတွေ ပါဝင်မှုလည်း S4ရော၊ G Proပါ အတူတူပဲ ဖြစ်ပါတယ်။

Design, Body & Battery

ဖုန်းရဲ့ ဒီဇိုင်းပိုင်းမှာတော့ Optimus G Proက Galaxy S4ထက် ပိုမိုကြီးမားခန့်ထည်ကာ လှပတဲ့ Interfaceရှိတယ်လို့ LG က ပြောသလို Samsung ကလည်း Elegant ဖြစ်တဲ့ စတိုင်တစ်ခုကို ပိုင်ဆိုင် ထားတယ်လို့ ကြွေးကြော်ထား ပါတယ်။ Batteryပိုင်းမှာတော့ ကွာခြားသွားပါတယ်။ အားလုံးက ပိုမိုတာရှည်ခံတဲ့ Batteryကို မျှော်လင့်နေကြတဲ့ အချိန်မှာ Optimus G Proက Li-ion 3140mAh Batteryကို တပ်ဆင်သုံးစွဲ ပေးထားပေမယ့် Samsung Galaxy S4ကတော့ Li-ion 2600 mAhကိုသာ သုံးထားတာ ဖြစ်ပါတယ်။

အနှစ်ချုပ်

G pro နဲ့ Galaxy S4 ဈေးက သိပ်မကွာကြပါဘူး။ စာဖတ်သူတို့ထဲမှာ ဈေးသိသူများ ရှိရင် comment ရေးနိုင်ပါတယ်။ G Pro ကတော့ ၅သိန်း၉သောင်းကျော် ရှိပြီး S4 ဈေးက ၆ သိန်းထပ်လား၊ ၅ သိန်းခွဲအထပ်လား သေချာ မသိရပါဘူး။ သို့ပေမယ့် LG G Pro က ဈေးပိုက်သာကြောင်းတော့ ၎င်းတို့က ဆိုထား ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဈေးနှုန်းမတိမ်းမယိမ်းရှိပြီး စွမ်းဆောင်ရည်လည်း မတိမ်းမယိမ်းရှိတဲ့ စမတ်ဖုန်း ၂ လုံးကို စိတ်ကြိုက်ရွေးချယ် ဝယ်ယူလို့ရအောင် တင်ဆက်ပေးလိုက် ရပါတယ်။
.
ရိုးရာလေး နည်းပညာ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...