Saturday, October 5, 2013

ပြည့်တန်ဆာတွေအတွက် ပြစ်ဒဏ်ကြီးကြီးလာတော့မည်

အတင့်ရဲလာသည့် ပြည့်တန်ဆာ လုပ်ငန်းနှင့် မိန်းကလေးများအား အရောင်းအဝယ် ပြုလုပ်ခြင်းကို နှိပ်ကွပ်ရန် အတွက် ကြီးလေးသည့်ပြစ်ဒဏ် များကိုသာ ချမှတ်ရန် တရားရုံး အားလုံးသို့ ညွှန်ကြားချက် ပေးပို့ထားကြောင်း ရန်ကုန် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြောသည်။အဆိုပါ လုပ်ငန်းများကို ၁၉၄၉ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ပြည့်တန်ဆာ နှိပ်ကွပ်ရေး ဥပဒေဖြင့်သာ အရေးယူ လျက်ရှိပြီး တရားရုံးချုပ်နှင့် တရား လွှတ်တော်တို့၏ ညွှန်ကြားမှုများ ထပ်မံ...

ဒေါ်လာ ၁၁ ဘီလီယံကိစ္စ မသိရှိကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌ ပြော

သတင်းစာနဲ့ ဂျာနယ်တွေမှာ ဖော်ပြနေတဲ့ မြန်မာနိုင်ငံက ဘဏ်စာရင်း အကောင့် ၅ခုနဲ့ နိုင်ငံခြားဘဏ်တွေမှာ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံ အပ်နှံထားတယ်ဆိုတဲ့ကိစ္စ မသိရှိပါကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်က ပြောပါတယ်။ဒီနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ သူက ခုလို ရှင်းပြတာ ဖြစ်ပါတယ်။မြန်မာနိုင်ငံအနေနဲ့ နိုင်ငံပိုင်ဘဏ်၊ ပုဂ္ဂလိကဘဏ်တွေကနေ နိုင်ငံခြားဘဏ်တွေမှာ အပ်နှံထားတဲ့ နိုင်ငံခြား အရန်ငွေဟာ စက်တင်ဘာလ ၁၀ ရက်နေ့အထိ စုစုပေါင်း ၇ ဒဿမ ၆ ဘီလီယံပဲ ရှိပြီး...

အိုဘားမား အာရှခရီးစဉ် အကုန်ဖျက်သိမ်း

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ကျင်းပမယ့် အဓိက စီးပွားရေး ထိပ်သီး အစည်းအဝေးဖြစ်တဲ့ အာရှ ပစိဖိတ် စီးပွားရေး ပူပေါင်းဆောင်ရွက်မှု ညီလာခံ APEC အေပက် အစည်းအဝေးကို သမ္မတ အိုဘားမား မတက်ရောက်တော့တဲ့အတွက် အလွန်တရာ စိတ်ပျက်မိကြောင်း အင်ဒိုနီးရှားအ စိုးရက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။သမ္မတ အိုဘားမားဟာ သူ့အစိုးရအတွက် ဘတ်ဂျက် ဥပဒေ မူကြမ်းကို ကွန်ဂရက်က အတည်မပြုပေးခဲ့တဲ့အတွက် အာရှသွားမယ့် ခရီးစဉ် အကုန်လုံးကို ဖျက်သိမ်းလိုက်တာ ဖြစ်ပါတယ်။ဒီအတွက် အိုဘားမားဟာ အေပက်...

သတိလေးနဲ့တော့ ရွေးစေချင်

တရုတ်ပြည်မှ တင်သွင်းလာသော အစားအစာများကို လုံးဝ (လုံးဝ) ဝယ်မစားကြပါနဲ့။၁။ တရုတ်က သွင်းတဲ့ ဆိတ်သားခြောက် ဆိုရင် လုံးဝ ဝယ်စားဖို့ စိတ်မကူးပါနဲ့ တဲ့။ တရုပ်မှာ ဆိတ်သားဟာ တကယ့်ရှားပါးအစာပါ။ ဝက်သားကို ဓါတုဆေးတွေမထည့်ခင်မှာ အာသံ ဘက်က ဝယ်ပြီးလှောင်ထားတဲ့ ဆိတ်ကျင်ငယ်ရည်မှာ ၃၊၄ ရက်စိမ်ပြီး အခြောက်လှမ်းပြီးမှ အပူပေး ဆိတ်သားခြောက်ဖြစ်စေပါသတဲ့။၂။ မြီးရှည်ဆိုတာ တရုပ်စကားနဲ့ခေါ်တဲ့ မုန့်ဟင်းခါးဖတ်ပါ။ ဆန်နဲ့လုပ်ထားတဲ့ မုန့်ဖတ် အလုံး အကြီး အသေးမှန်သမျှကို တရုပ်တွေက...

ပြိုင်ကားတစ်စီးနှင့် အိမ်စီးကားတစ်စီး တိုက်မိမှုကြောင့် လူခုနစ်ဦး အပြင်းအထန် ဒဏ်ရာရ

 Created on Friday, 04 October 2013 အရှိန်ပြင်းစွာ ယာဉ်နှစ်စီး တိုက်မိမှုကြောင့် ပက်လက်လှန်သွားသည့် ဘီဘီခွေးဘီလူး အမျိုးအစားယာဉ်ကို တွေ့ရစဉ် (ဓာတ်ပုံ - ဝေလင်းအောင်) ကုန်သည်ကြီးများ ဟိုတယ်အနီး မီးပွိုင့်တွင် ပြိုင်ကားတစ်စီးနှင့် ဘီဘီခွေးဘီလူး အမျိုးစားယာဉ် တစ်စီးတို့ အရှိန်ပြင်းထန်စွာ တိုက်မိမှုကြောင့် လူခုနစ်ဦး အပြင်းအထန် ဒဏ်ရာရရှိပြီး ရန်ကုန်ပြည့်သူ့ ဆေးရုံကြီး အရေးပေါ် ဌာနတွင် ဆေးကုသ နေရကြောင်း သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၄ ရက် နံနက် ၄ နာရီ...

ရေကြီးရေလျှံမှုအပြီး ကလေးမြို့နယ် အတွင်းရှိ ဒေသအချို့တွင် သွားလာရေး ခက်ခဲနေဆဲဖြစ်

 Created on Friday, 04 October 2013 နတ်တံခါးချောင်း တံတားကျိုးကျမှုကြောင့် ဒေသခံများ ခက်ခဲစွာ ဖြတ်ကူးနေရသည်ကို တွေ့ရစဉ် ရေကြီးရေလျှံမှုကြောင့် ပိတ်နေခဲ့သည့် ကလေးမြို့နှင့် ဆက်သွယ်ထားသော လမ်းမကြီးများ ပြန်လည်သွားလာ နိုင်ပြီဖြစ်သော်လည်း ဒေသတွင်း လမ်းအချို့မှာ သွားလာမှု ခက်ခဲနေဆဲ ဖြစ်သည်ဟု သိရသည်။ ''အခုဆိုရင် ကလေးမြို့နဲ့ ဆက်သွယ်ထားတဲ့ ကလေးဝ၊ တမူး၊ ဂန့်ဂေါ၊ မုံရွာ၊ မန္တလေးလမ်းတွေ သွားလာလို့ရပါပြီ။ ရေပြန်ကျသွားတော့ ရေဘေးဒုက္ခသည်တွေ အားလုံးလဲ သူတို့နေထိုင်ရာဆီကို...

တန်းတူဆက်ဆံမှု မရှိသောကြောင့် အမျိုးသမီးများ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင်များတွင် ပါဝင်ခွင့် နည်းပါးနေကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

Created on Saturday, 05 October 2013 နိုင်ငံရေးတွင် အမျိုးသမီးများ၏ ဦးဆောင်မှု ခေါင်းစဉ်ဖြင့် ပြုလုပ်သော ဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်မှ မိန့်ခွန်း ပြောကြားနေစဉ် အမျိုးသား-အမျိုးသမီး တန်းတူရည်တူ မရှိခြင်း၊ ဒုတိယ လူတန်းစားအဖြစ် သတ်မှတ်ထားခြင်းကြောင့် ဥပဒေပြုရေး အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးတို့တွင် အမျိုးသမီးများ အနေဖြင့် ပါဝင်ခွင့် နည်းပါးနေကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ အမျိုးသား-အမျိုးသမီး တန်းတူရည်တူ...

ခွေးရူးပြန် ရောဂါရှိသည့်မြင်း အကိုက်ခံရမှုကြောင့် လူလေးဦး ဆေးရုံတက်ရ

Created on Saturday, 05 October 2013 သေဆုံးသွားသည့် ခွေးရူးပြန် ရောဂါရှိသည့် မြင်းအား တွေ့ရစဉ် (ဓာတ်ပုံ-ဒေါက်တာကျော်နိုင်ဦး) ခွေးရူးပြန် ရောဂါရှိသည့် မြင်းကိုက်ခံရမှုကြောင့် ဆေးရုံတက်ရောက်ရသည့် လူနာလေးဦး ရှိနေကြောင်း အောက်တိုဘာ ၄ ရက် ည ၁၁ နာရီခွဲတွင် ရရှိသည့် သတင်းများအရ သိရသည်။ ခွေးရူးပြန် ရောဂါရှိသည့် မြင်းကိုက်ခံရမှုကြောင့် လက်ရှိတွင် အင်းစိန်အထွေထွေ ရောဂါကုဆေးရုံကြီး အမျိုးသမီး ခွဲစိတ်ကုသ ဆောင်တွင် အသက် (၄) နှစ်၊ (၆) နှစ်၊ (၂၈) နှစ်နှင့် (၂၀)နှစ်အရွယ်...

သံတွဲမြို့နယ်တွင် ပဋိပက္ခများ ထပ်မဖြစ်တော့ဘဲ သံသယကြောင့် တင်းမာမှု ဆက်ရှိနေ

Created on Friday, 04 October 2013 သံတွဲမြို့နယ် ဇီးကျွန်းကျေးရွာရှိ ကိုးန၀င်း မဟာဝိဟာရ ကျောင်းတိုက်တွင် ခိုလှုံနေကြရသော ဒေသခံရခိုင် တိုင်းရင်းသားများကို အောက်တိုဘာ ၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- ၀င်းမြင့်ကျော်) သံတွဲမြို့နယ်အတွင်း စက်တင်ဘာ ၂၉ ရက်က စတင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်မှာ အောက်တိုဘာ ၃ ရက်တွင် ဆက်လက်ဖြစ်ပွားမှု မရှိတော့ဘဲ ငြိမ်သက်နေသော်လည်း အတူယှဉ်တွဲ နေထိုင်နေသည့် ရခိုင်လူမျိုးများနှင့် ကမန်လူမျိုးတို့မှာ တစ်ဖက်နှင့် တစ်ဖက် သံသယ စိတ်များဖြင့်...

နာမည်ကြီးထိပ်တန်း ကုမ္ပဏီကြီးများ အခွန်ရှောင်တိမ်းမှုကို ပြန်လည်စစ်ဆေးနေပြီး အခွန်ရှောင် ကုမ္ပဏီများအား ဥပဒေအရ အရေးယူသွားမည်

Created on Friday, 04 October 2013 ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားနေစဉ် ဆောက်လုပ်ရေး လုပ်ငန်းများ အပါအ၀င် နာမည်ကြီး ထိပ်တန်း ကုမ္ပဏီကြီးများ အခွန်ရှောင်တိမ်းမှုကို ပြန်လည် စစ်ဆေးနေပြီး အခွန်ရှောင်တိမ်းသည့် ကုမ္ပဏီများအား ဥပဒေအရ အရေးယူမည်ဟု ဘဏ္ဍာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က အောက်တိုဘာ ၄ ရက်တွင် သတင်းထောက်များသို့ ပြောကြားသည်။ အောက်တိုဘာ ၄ ရက်က ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးအပြီး...

နိုင်ငံတော်၏ နိုင်ငံခြားသုံး သီးသန့်ငွေမှာ အမေရိကန်ဒေါ်လာ ၇ ဒသမ ၆ ဘီလျံခန့်ရှိပြီး ၁၁ ဘီလျံရှိသော ငွေစာရင်းငါးခုနှင့် ဆက်စပ်သက်ဆိုင်ခြင်း မရှိသည့်အပြင် အဆိုပါ ငွေစာရင်းငါးခု အကြောင်းကို မသိရှိဟု ဗဟိုဘဏ်ဥက္ကဋ္ဌ လွှတ်တော်သို့ လာရောက်ရှင်းလင်း

 Created on Friday, 04 October 2013 အောက်တိုဘာ ၄ ရက်က ကျင်းပခဲ့သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေး တွေ့ရစဉ် နိုင်ငံတော်၏ နိုင်ငံခြားသုံး သီးသန့်ငွေမှာ အမေရိကန်ဒေါ်လာ ၇ ဒသမ ၆ ဘီလျံ ခန့်သာရှိပြီး ၁၁ ဘီလျံရှိသည့် ငွေစာရင်း ငါးခုနှင့် ဆက်စပ်သက်ဆိုင်ခြင်း မရှိသည့်အပြင် အဆိုပါ ၁၁ ဘီလျံရှိသည့် ငွေစာရင်း ငါးခုအကြောင်းကို မသိရှိဟု ပြည်ထောင်စု လွှတ်တော်၌ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်က ရှင်းလင်းပြောကြားသည်။ အောက်တိုဘာ ၄ ရက်က ပြုလုပ်သော...

Related Posts Plugin for WordPress, Blogger...