Thursday, December 26, 2013

တောင်ကြီးမြို့ စိန်ပန်းရပ်ကွက်တွင် လက်လုပ်မိုင်းတစ်ခု တွေ့ရှိ၍ ဖောက်ခွဲဖျက်ဆီး

  Thursday, 26 December 2013 တာဝန်ရှိသူများက လက်လုပ်မိုင်းကို ရှာဖွေသိမ်းဆည်းနေစဉ် တောင်ကြီးမြို့ စိန်ပန်းရပ် ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး အရှေ့ဘက် ပြည်တော်အေးလမ်းမဘေး လမ်းသွယ်စည်ပင် ဆောက်လုပ်ရေး လုပ်ငန်းခွင်နှင့် လူငယ်ထိန်းသိမ်းရေး မိဘမဲ့ဂေဟာကြားရှိ လမ်းဘေးရေမြောင်းငယ်အတွင်း လက်လုပ်မိုင်းတစ်ခု ဒီဇင်ဘာ ၂၅ ရက်မွန်းလွဲ ၁၂ နာရီ ၅၅ မိနစ်ခန့်က တွေ့ရှိခဲ့၍ ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။ အဆိုပါ လမ်းဘေးရေမြောင်းငယ်အတွင်း၌ မသင်္ကာဖွယ် ပလက်စတစ်ထုပ် တစ်ခုကို...

မောင်ကိန်းရွှေဆိုင် ဓားပြမှုတွင် ကိုင်ဆောင်ခဲ့သည့် သေနတ်မှာ လောက်ကိုင်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၏ နေအိမ်လုံခြုံရေး အစောင့်ထံမှ ယူဆောင်လာခြင်းဖြစ်ဟု ကျူးလွန်သူထွက်ဆို

Thursday, 26 December မောင်ကိန်းရွှေဆိုင် အတွင်းရှိ ပျက်စီးနေသည့် ကောင်တာများကို တွေ့ရစဉ် မောင်ကိန်းရွှေဆိုင် ဓားပြမှုဖြစ်စဉ် အနုကြမ်းစီးရာတွင် ကျူးလွန်သူ ကိုင်ဆောင်အသုံးပြုသည့် သေနတ်မှာ လောက်ကိုင်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလေးဖြစ်သူ၏ နေအိမ်လုံခြုံရေး အစောင့်ထံမှ ယူဆောင်လာခြင်းဖြစ်ကြောင်း ကျူးလွန်သူက ၀န်ခံထွက်ဆိုခဲ့ကြောင်း သိရသည်။ ကျူးလွန်သူမှာ လောက်ကိုင်မြို့တွင် နေထိုင်သူ ကိုးကန့်လူမျိုး အားရှန့် (၃၀ နှစ်)၊ (ဘ) ဦးလီကွမ်ရီဟု သိရပြီး...

အီဂျစ်အစ္စလာမ္မစ် ၀န်ကြီးချုပ်ဟောင်း ကာဒီလ်ဖမ်းဆီးခံရ

Thursday, 26 December ဒီဇင်ဘာ ၂၄ ရက်က ကိုင်ရိုမြောက်ဘက် မန်ဆူရာမြို့တွင် ကားဗုံးဖောက်ခွဲ တိုက်ခိုက်မှုကြောင့် ပျက်စီးနေမှုမြင်ကွင်း (Photo:AFP) အီဂျစ်တွင် အစ္စလာမ္မစ် သမ္မတဟောင်း မိုဟာမက်မော်စီ လက်ထက်တွင် ၀န်ကြီးချုပ်အဖြစ် ထမ်းဆောင်ခဲ့သည့် ဟီရှမ်ကာဒီလ်ကို ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၂၄ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ရဲဌာနချုပ်ရုံး အပြင်ဘက်တွင် ဒီဇင်ဘာ ၂၄ ရက်က ကားဗုံးဖောက်ခွဲ တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၂ ဦးထက်မနည်း အပါအ၀င် လူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပြီးနောက်...

ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းနှင့် လေဆိပ်တွင် ကျပ် ၂၅၄ သိန်းကျော် တန်ဖိုးရှိ အကောက်ခွန်မဲ့ တရားမ၀င် တင်သွင်းလာသည့် ဆေးဝါး၊ အလှကုန်နှင့် CCTV ကင်မရာများ ဖမ်းမိ

Thursday, 26 December ဖမ်းမိခဲ့သည့်ဆေးဝါးနှင့် အလှကုန်ပစ္စည်းများအား တွေ့ရစဉ် (ဓာတ်ပုံ-အကောက်ခွန်) ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းနှင့် လေဆိပ်တွင် ကျပ် ၂၅၄ သိန်းကျော် တန်ဖိုးရှိ အကောက်ခွန်မဲ့ တရားမ၀င် တင်သွင်းလာသည့် ဆေးဝါး၊ အလှကုန်နှင့် CCTV ကင်မရာများအား ဖမ်းမိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။ အဆိုပါ ပစ္စည်းများမှာ ဒီဇင်ဘာ ၁၁ ရက်မှ ဒီဇင်ဘာ ၂၀ ရက်အထိ ဖမ်းဆီးရမိခဲ့သည့် ပစ္စည်းတန်ဖိုး စုစုပေါင်းဖြစ်ပြီး တည်ဆဲအကောက်ခွန် လုပ်ထုံးလုပ်နည်း...

ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲကို ပြည်သူများ ချီတက်ဆန္ဒပြရန် အတိုက်အခံများ တိုက်တွန်း

Thursday, 26 December ဒီဇင်ဘာ ၂၄ ရက်တွင် ဒါကာ၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေသာ ဘင်္ဂလားဒေ့ရှ် အတိုက်အခံခေါင်းဆောင် ခါလီဒါဇီယာ (Photo:AFP) ဇန်န၀ါရီ ၅ ရက်တွင်ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲ အစီအစဉ် ပျက်ပြားရန်အတွက် မြို့တော်ဒါကာ၌ ဒီဇင်ဘာ ၂၉ ရက်တွင် လူစုလူဝေးဖြင့် ချီတက်ဆန္ဒပြရန် ဘင်္ဂလားဒေ့ရှ် အတိုက်အခံခေါင်းဆောင် ခါလီဒါဇီယာက ပြည်သူများကို ဒီဇင်ဘာ ၂၄ ရက်တွင် တောင်းဆိုခဲ့ရာ ဘင်္ဂလားဒေ့ရှ်တွင် တင်းမာမှု ပိုမိုမြင့်တက်စေခဲ့သည်။ အဆိုပါ ရွေးကောက်ပွဲ မတိုင်မီကလည်း...

ဒီဇင်ဘာလကုန်တွင် ဖွင့်လှစ်ရန် စီစဉ်ထားသော သီရိမင်္ဂလာ ဈေးသစ်ကြီးနံဘေးရှိ ရွှေပိတောက် ငါးဈေးသစ်ကြီး ၂၀၁၄ နှစ်ဆန်းပိုင်းမှ ဖွင့်နိုင်မည်

Thursday, 26 December 2013 ရွှေပိတောက် ငါးဈေးသစ်ကြီးအား တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ထင်) ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ သီရိမင်္ဂလာ ဈေးသစ်ကြီး နံဘေးကပ်လျက်တွင် တည်ဆောက်ထားသော ရွှေပိတောက် ငါးဈေးသစ်ကြီးအား ဒီဇင်ဘာလကုန်တွင်ဖွင့်ရန် မှန်းထားခဲ့သော်လည်း ၂၀၁၄ နှစ်ဆန်းပိုင်းမှသာ ဖွင့်လှစ်နိုင်တော့မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနမှ သိရသည်။ အဆိုပါဈေးကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် တောက်တွန်းကုမ္ပဏီတို့ အကျိုးတူပူပေါင်း...

ဘဏ္ဍာငွေမရ၍ ရန်ကုန်မြို့၌ အထပ်မြင့် ယာဉ်ရပ်နားနေရာများအား ယခုဘဏ္ဍာရေးနှစ်တွင် တည်ဆောက်နိုင်မည် မဟုတ်

Thursday, 26 December လှည်းတန်းဈေးရှေ့လမ်းမတွင် ယာဉ်နှစ်ထပ် ရပ်နားထားသော ယာဉ်အချို့အား တွေ့ရစဉ် ရန်ကုန်မြို့၌ ယခုဘဏ္ဍာရေးနှစ်အတွင်း အထပ်မြင့် ကားပါကင်များ တည်ဆောက်သွားရန် လျာထားခဲ့သော်လည်း ဘဏ္ဍာငွေ ရရှိမှု အခြေအနေများကြောင့် လာမည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှသာ စတင်တည်ဆောက် သွားနိုင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။ ရန်ကုန်မြို့တော်အတွင်း ယာဉ်အစီးရေ တိုးပွားလာမှုကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ပိုမိုဖြစ်ပွားလာပြီး ယင်းပြဿနာအား...

ပြုပြင်ပြောင်းလဲရေးကောင်စီ ဖွဲ့စည်းရန် ထိုင်းဝန်ကြီးချုပ် အကြံပြု

Thursday, 26 December ဒီဇင်ဘာ ၂၅ ရက်တွင် ဘန်ကောက်ရှိ အားကစားရုံ အပြင်ဘက်၌ ရဲတပ်ဖွဲ့နှင့် အစိုးရဆန့်ကျင် ဆန္ဒပြသူများ ပဋိပက္ခ ဖြစ်ပွားနေစဉ် (Photo:AP) ထိုင်းနိုင်ငံတွင် နိုင်ငံတွင်း အကွဲအပြဲ ဖြစ်ပေါ်စေသည့် နိုင်ငံရေး မတည်ငြိမ်မှုများနှင့် ပတ်သက်ပြီး အဖြေရှာရန်အတွက် အမျိုးသား ပြုပြင်ပြောင်းလဲရေး ကောင်စီတစ်ရပ် ဖွဲ့စည်းထူထောင်ရန် ထိုင်းဝန်ကြီးချုပ် ယင်လက်ရှင်နာဝပ်က ဒီဇင်ဘာ ၂၅ ရက်တွင် အဆိုပြုခဲ့သည်။ အစိုးရအဖွဲ့ကို ဖြုတ်ချရန် ကြိုးစားနေသော ဆန္ဒပြ လှုပ်ရှားမှုများနှင့်...

၂၀၀၉ ခုနှစ်က ရပ်ဆိုင်းခဲ့သည့် တရုတ်ပြည်မ အတွင်းပိုင်းမှ တရုတ်နိုင်ငံသားများ မူဆယ်မှတစ်ဆင့် မြန်မာနိုင်ငံသို့ နေ့ချင်းပြန် လည်ပတ်ခွင့် ဒီဇင်ဘာ ဒုတိယပတ်မှ စတင်ခွင့်ပြု

 Thursday, 26 December 2013 တရုတ်-မြန်မာနယ်စပ် မူဆယ်နန်းတော်ဂိတ်ရှေ့ မြင်ကွင်းကို ဒီဇင်ဘာလဆန်းပိုင်းက တွေ့ရစဉ် တရုတ်ပြည်မ အတွင်းပိုင်းနှင့် ယူနန်ပြည်နယ် အတွင်းရှိ အခြားခရိုင်များမှ တရုတ်နိုင်ငံသားများကို ယူနန်ပြည်နယ်ရဲမှ ထုတ်ပေးသည့် နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်စာအုပ် (အပြာရောင်)၊ နေ့ချင်းပြန် ၀င်/ထွက် သွားလာခွင့် လက်မှတ်ထုတ်ပေးမှုကို ၂၀၀၉ ခုနှစ် အောက်တိုဘာ ၁၇ ရက်မှစ၍ ရပ်ဆိုင်းထားခဲ့ကြောင်း သိရသည်။ လက်ရှိတွင် ယင်းသို့ ၂၀၀၉ ခုနှစ်မှ စတင်ရပ်ဆိုင်းခဲ့သည့်...

ခရစ္စမတ်နေ့တွင် ရန်ကုန်မြို့ရှိ ပန်းခြံများ၊ ကစားကွင်းများတွင် လာရောက်လည်ပတ်သူများဖြင့် စည်ကား

 Thursday, 26 December 2013 ခရစ္စမတ်နေ့တွင် မဟာဗန္ဓုလပန်းခြံသို့ လာရောက်အပန်းဖြေသူများကို တွေ့ရစဉ် ဒီဇင်ဘာ ၂၅ ရက်(ခရစ္စမတ်နေ့)တွင် ရန်ကုန်မြို့ရှိ ပန်းခြံများ၊ ကစားကွင်းများနှင့် ရှော့ပင်းစင်တာများတွင် ဈေးရောင်းပွဲတော်နှင့် ဖျော်ဖြေပွဲများ ပြုလုပ်ခဲ့ပြီး လာရောက်လည်ပတ်သူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။ ကန်တော်ကြီး မျှော်စင်ကျွန်းတွင် ခရစ္စမတ် အထူးဈေးရောင်းပွဲတော်နှင့် တေးဂီတ ဖျော်ဖြေပွဲများကို ပြုလုပ်ခဲ့ပြီး ဈေးရောင်းပွဲတော်တွင် စားသောက်ကုန်၊...

ပုပ်ရဟန်းမင်းကြီးအဖြစ် ပထမဆုံး ခရစ်စမတ်ပွဲတော်တွင် တောင်ဆူဒန်နှင့် ဆီးရီးယားတို့၌ ငြိမ်းချမ်းစေကြောင်း ဖရန့်စစ် ပုပ်ရဟန်းမင်း ဆုတောင်း

Thursday, 26 December ခရစ်စမတ် အကြိုညဆုတောင်း အခမ်းအနားကို ဦးဆောင်ခဲ့သော ဖရန့်စစ် ပုပ်ရဟန်းမင်း (အလယ်) (Photo:AFP) ကမ္ဘာ့ကက်သလစ် ခရစ်ယာန် ဘာသာဝင်များ၏ ခေါင်းဆောင်ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က ပုပ်ရဟန်းမင်းကြီးအဖြစ် ပထမဆုံးအကြိမ် ခရစ်စမတ်ပွဲတော်ကို ဒီဇင်ဘာ ၂၅ ရက်က ဗာတီကန်နန်းတော်တွင် ဆင်နွှဲခဲ့ကြောင်း သိရသည်။ ၎င်း၏ ပထမဆုံး ခရစ်စမတ် ဆုတောင်းသ၀ဏ်လွှာကို ဂရင်းနစ် စံတော်ချိန် ၁၁း၀၀ နာရီတွင် ဖတ်ကြားခဲ့သည်။ နိုင်ငံရေးနှင့် လက်ရှိဖြစ်ရပ်များကို သုံးသပ်ဖော်ပြလေ့ရှိသည့်...

အစိုးရအနေဖြင့် အပစ်အခတ်ရပ်စဲရေးအတွက် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆွေးနွေးသကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် နိုင်ငံရေးပါတီအားလုံးနှင့် ဆွေးနွေးရန် လိုအပ်ဟုဆို

Thursday, 26 December ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြည်သူ့ကွန်ရက်၏ လူထုဆွေးနွေးပွဲ၌ ဦးစိုင်းညွန့်လွင်ဆွေးနွေးစဉ်(ဓာတ်ပုံ-ဇာလီမြင့်ဦး) အစိုးရအနေဖြင့် အပစ်အခတ်ရပ်စဲရေးအတွက် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆွေးနွေးပွဲပြုလုပ်သကဲ့သို့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် လက်ရှိမြန်မာ့နိုင်ငံရေးတွင် လှုပ်ရှားလျက်ရှိသည့် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးရန် လိုအပ်ဟု ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစိုင်းညွန့်လွင်က ပြောကြားသည်။ ဒီဇင်ဘာ...

လာမည့်လွှတ်တော် အစည်းအဝေးများတွင် ဘတ်ဂျက်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အဓိကဆွေးနွေးမည်

Thursday, 26 December 2013 ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတစ်ရပ် မကျင်းပမီ လွှတ်တော်ကိုယ်စားလှယ်များအား တွေ့ရစဉ် (ဓာတ်ပုံ-ဝေယံဖြိုးဦး) လာမည့်လွှတ်တော် အစည်းအဝေးများတွင် ဘတ်ဂျက်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အဓိက ဆွေးနွေးမည်ဟု လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။ နေပြည်တော်တွင် ပြုလုပ်မည့် ပထမအကြိမ်လွှတ်တော် န၀မပုံမှန် အစည်းအဝေးများကို ဇန်န၀ါရီ ၁၃ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အစည်းအဝေးများကို နံနက် ၁၀...

ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရန်နှင့် နိုင်ငံသားတို့ အကျိုးအတွက် ပို၍လုံခြုံစိတ်ချမှု ပေးနိုင်ရန် ရင်းနှီးမြှုပ်နှံမှု ဥပဒေနှစ်ခုအား တစ်ခုတည်း ပေါင်းစည်းသွားရန် စီစဉ်

Thursday, 26 December 2013 ဒီဇင်ဘာ ၂၄ ရက်တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရုံး ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲအား တွေ့ရစဉ် တိုင်းပြည်၏ ပြည်ပရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ရန်နှင့် နိုင်ငံသားတို့၏ အကျိုးအတွက် ပိုပြီးလုံခြုံစိတ်ချမှု ပေးနိုင်ရန် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု ဥပဒေအား ပေါင်းစည်းသွားရန် စီစဉ်နေကြောင်း သတင်းရရှိသည်။ “မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့ နိုင်ငံသား...

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်က တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂၃၇ သန်း ရှိခဲ့ရာမှ ယခုနှစ် လက်ရှိကာလအထိ ၁၅ သန်းသာ ၀င်ရောက်မှုရှိ

Thursday, 26 December 2013 တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံထားသော ချီဗွေရေအားလျှပ်စစ်စီမံကိန်းအား တွေ့ရစဉ် မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကို လေ့လာကြည့်ပါက ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၂၃၇ သန်းရှိခဲ့ရာမှ ယခုနှစ်တွင် လက်ရှိကာလအထိ ၁၅ သန်းသာ ၀င်ရောက်မှုရှိသေးကြောင်း သို့သော်နောက်ထပ်ဝင်ထားသော project proposal များရှိနေသည့်အတွက် စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ညွန်ကြားရေးမှူးချုပ်...

Related Posts Plugin for WordPress, Blogger...