Thursday, December 26, 2013

၂၀၀၉ ခုနှစ်က ရပ်ဆိုင်းခဲ့သည့် တရုတ်ပြည်မ အတွင်းပိုင်းမှ တရုတ်နိုင်ငံသားများ မူဆယ်မှတစ်ဆင့် မြန်မာနိုင်ငံသို့ နေ့ချင်းပြန် လည်ပတ်ခွင့် ဒီဇင်ဘာ ဒုတိယပတ်မှ စတင်ခွင့်ပြု

 Thursday, 26 December 2013


တရုတ်-မြန်မာနယ်စပ် မူဆယ်နန်းတော်ဂိတ်ရှေ့ မြင်ကွင်းကို ဒီဇင်ဘာလဆန်းပိုင်းက တွေ့ရစဉ်

တရုတ်ပြည်မ အတွင်းပိုင်းနှင့် ယူနန်ပြည်နယ် အတွင်းရှိ အခြားခရိုင်များမှ တရုတ်နိုင်ငံသားများကို ယူနန်ပြည်နယ်ရဲမှ ထုတ်ပေးသည့် နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်စာအုပ် (အပြာရောင်)၊ နေ့ချင်းပြန် ၀င်/ထွက် သွားလာခွင့် လက်မှတ်ထုတ်ပေးမှုကို ၂၀၀၉ ခုနှစ် အောက်တိုဘာ ၁၇ ရက်မှစ၍ ရပ်ဆိုင်းထားခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ယင်းသို့ ၂၀၀၉ ခုနှစ်မှ စတင်ရပ်ဆိုင်းခဲ့သည့် တရုတ်ပြည်မမှ မြန်မာနိုင်ငံသို့ နေ့ချင်းပြန် လည်ပတ်ခွင့်လက်မှတ် (နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်စာအုပ်-အပြာရောင်) ထုတ်ပေးမှုကို တရုတ်နိုင်ငံက ဒီဇင်ဘာ ဒုတိယပတ်မှစ၍ ပြန်လည်ခွင့်ပြု ထုတ်ပေးနေပြီဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန (မူဆယ်) မှ သိရသည်။

“ကျွန်တော်တို့ဘက်က မူဆယ်ခရိုင်အတွင်းက ဒေသခံတွေဟာ စီးပွားရေးအရ၊ ကျန်းမာရေးအရ၊ ယဉ်ကျေးမှုအရ၊ အားကစားအရဖြစ်ဖြစ် အကုန်လုံးပေါ့ နေ့တိုင်းကူးသန်း သွားလာနေကြရတဲ့ သူတွေရှိတယ်။ နယ်စပ်ဒေသ တိုင်းရင်းသားတွေ အလွယ်တကူ သွားဖို့လာဖို့ဆိုပြီး ကျွန်တော်တို့ဘက်က BP တွေ ထုတ်ပေးတယ်။ ဒါကနယ်စပ်နေတဲ့ သူတွေအတွက် ပေးခဲ့တာ။ နယ်စပ်နေတဲ့သူ မဟုတ်တဲ့ ဥပမာ ရန်ကုန်၊ မန္တလေးကလူတွေ သွားဖို့လာဖို့အတွက် TBP ဆိုတဲ့ Temporary Border Pass ကို ခွင့်ပြုခဲ့တယ်။ သူတို့ဘက်ကလည်း ယူနန်နယ်စပ် ခရိုင်သုံးခုထဲက လူတွေအတွက် Border Pass အုပ်ထုတ်ပေးတယ်။ ပြည်မက လူတွေဆိုရင် Border Pass အညိုကိုင်ဆောင်ခွင့် မရှိဘူး။ Border Pass အပြာရောင်စာအုပ် ထုတ်ပေးတယ်။ အဲဒီ အပြာရောင်စာအုပ် ထုတ်ပေးမှုကို တရုတ်ဘက်က ၂၀၀၉ က ရပ်ဆိုင်းခဲ့တာ။ အခုတော့ ဒီဇင်ဘာ ၁၆ ရက်ကစပြီး တရုတ်ဘက်က အပြာရောင်စာအုပ် ပြန်လည်ထုတ်ပေးခွင့် ပြုလိုက်ပါပြီ” ဟု မူဆယ်မြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းကိုက ပြောကြားသည်။

ပြည်မက လူတွေဆိုရင် Border Pass အညိုကိုင်ဆောင်ခွင့် မရှိဘူး။ Border Pass အပြာရောင်စာအုပ် ထုတ်ပေးတယ်။ အဲဒီ အပြာရောင်စာအုပ် ထုတ်ပေးမှုကို တရုတ်ဘက်က ၂၀၀၉ က ရပ်ဆိုင်းခဲ့တာ။ အခုတော့ ဒီဇင်ဘာ ၁၆ ရက်ကစပြီး တရုတ်ဘက်က အပြာရောင်စာအုပ် ပြန်လည်ထုတ်ပေးခွင့် ပြုလိုက်ပါပြီ . . . . .


၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁ ရက်တွင် အဆိုပါ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်စာအုပ် (အပြာရောင်) ဖြင့် မြန်မာနိုင်ငံဘက်သို့ နေ့ချင်းပြန် လည်ပတ်ခွင့်ကို ပြန်လည်ခွင့်ပြု ဆောင်ရွက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ ရွှေလီပြည်ပရေးရာ ဌာနမှ မြန်မာနိုင်ငံသို့ စာဖြင့်ကမ်းလှမ်းခဲ့ကြောင်း သိရသည်။



တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှ ဆင်ဖြူကင်းစခန်းအား တွေ့ရစဉ် (ဓာတ်ပုံ- နေထွန်းနိုင်)

မြန်မာ-တရုတ် နယ်စပ်ဒေသ နှစ်နိုင်ငံသားများအား နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (Border Pass-BP)၊ ယာယီနယ်စပ် ဖြတ်သန်းခွင့်လက်မှတ် (Temporary Border Pass-TBP) များဖြင့် ၀င်/ထွက်ခွင့် ပြုလျက်ရှိကြောင်း၊ တစ်ကြိမ်လျှင် ခြောက်ညအိပ် ခုနစ်ရက် ၀င်/ထွက်ခွင့် ပြုလျက်ရှိကြောင်း သိရသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အစိုးရတို့အကြား နယ်စပ်ဒေသ စီမံခန့်ခွဲရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ကို ၁၉၉၇ ခုနှစ် မတ် ၂၅ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၁၆ ရက်မှစ၍ တရုတ်နိုင်ငံသားများ မူဆယ်ဒေသသို့ တရားဝင်နေ့ချင်းပြန် ၀င်/ထွက်သွားလာနိုင်ရန်အတွက် ယူနန်ပြည်နယ် ရဲတပ်ဖွဲ့မှ BP စာအုပ် (အပြာရောင်) များ ပြန်လည်ထုတ်ပေးခဲ့ပြီးနောက် တစ်ပတ်အတွင်း တရုတ်နိုင်ငံသား ၃၀၀ ကျော် မူဆယ်ဒေသသို့ လာရောက်ခဲ့သည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...