Thursday, December 26, 2013

ခရစ္စမတ်နေ့တွင် ရန်ကုန်မြို့ရှိ ပန်းခြံများ၊ ကစားကွင်းများတွင် လာရောက်လည်ပတ်သူများဖြင့် စည်ကား


 Thursday, 26 December 2013


ခရစ္စမတ်နေ့တွင် မဟာဗန္ဓုလပန်းခြံသို့ လာရောက်အပန်းဖြေသူများကို တွေ့ရစဉ်

ဒီဇင်ဘာ ၂၅ ရက်(ခရစ္စမတ်နေ့)တွင် ရန်ကုန်မြို့ရှိ ပန်းခြံများ၊ ကစားကွင်းများနှင့် ရှော့ပင်းစင်တာများတွင် ဈေးရောင်းပွဲတော်နှင့် ဖျော်ဖြေပွဲများ ပြုလုပ်ခဲ့ပြီး လာရောက်လည်ပတ်သူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။

ကန်တော်ကြီး မျှော်စင်ကျွန်းတွင် ခရစ္စမတ် အထူးဈေးရောင်းပွဲတော်နှင့် တေးဂီတ ဖျော်ဖြေပွဲများကို ပြုလုပ်ခဲ့ပြီး ဈေးရောင်းပွဲတော်တွင် စားသောက်ကုန်၊ အ၀တ်အထည်၊ အလှကုန်၊ လျှပ်စစ်ပစ္စည်း၊ ဆေးဝါးများ၊ အိမ်အလှဆင် ပစ္စည်းများကို ရောင်းချနေခြင်းဖြစ်၍ လာရောက်လည်ပတ်သူများဖြင့် စည်ကားခဲ့ကာ ပြည်သူ့ရင်ပြင်၊ တိရစ္ဆာန်ဥယျာဉ်၊ ဟက်ပီးဝေါလ်၊ စိမ်းလန်းစိုပြည်၊ တိုင်းရင်းသား ကျေးရွာတို့တွင်လည်း စည်ကားခဲ့ကြောင်း သိရသည်။

အခမဲ့ ၀င်ရောက်အပန်းဖြေနိုင်သည့် မဟာဗန္ဓုလ ပန်းခြံတွင်လည်း ခရစ်ယာန် အသင်းဖွဲ့များ၊ မိသားစုများ၊ သူငယ်ချင်းများဖြင့် အုပ်စုလိုက် လာရောက်အပန်းဖြေမှုများလည်း ရှိခဲ့ကြောင်း သိရသည်။ ထို့အပြင် ရှော့ပင်းစင်တာများတွင်လည်း ခရစ္စမတ် အထူးလျှော့ဈေးများဖြင့် ကုန်ပစ္စည်းများ ရောင်းချခြင်း၊ Lucky Draw အစီအစဉ်များ ပြုလုပ်ခြင်း၊ တေးသီချင်း ဖျော်ဖြေခြင်းများနှင့် ခရစ္စမတ်ဘိုးဘိုးမှ လက်ဆောင်ပေးသည့် အစီအစဉ်များ ပြုလုပ်ခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...