
Friday, 01 November 2013 အမေရိကန် ပြည်ထောင်စုမှ သုတေသီများသည် နေစကြာဝဠာ၏ အလွန်တွင် ကမ္ဘာဂြိုဟ်၏ အရွယ်အစား၊ ထုထည်၊ အလေးချိန် သိပ်သည်းဆ တူညီလု နီးပါးရှိသည့် Kepler-78 အမည်ရှိ ဂြိုဟ်တစ်လုံးကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။အဆိုပါ ဂြိုဟ်၏ မျက်နှာပြင်သည် ပြေပြစ် ချောမွေ့မှု မရှိသည့်အပြင် အပူချိန်မှာ ကမ္ဘာမြေ ထက် ၂ဝဝဝ ဒီဂရီ ပိုမိုပူပြင်းကြောင်း သိရသည်။ ထို့အပြင် ၎င်းဂြိုဟ်၏ ထုထည်သည် ကမ္ဘာဂြိုဟ် ထက်၁ ဒသမ ၆၉ ဆ ပိုမို ကြီးမားပြီး သိပ်သည်းဆမှာလည်း...