Friday, November 1, 2013

အပူချိန် ၂ဝဝဝ ဒီဂရီထက် လွန်ကဲပြီး ကမ္ဘာဂြိုဟ်နှင့် တူသည် Kepler-78 ဂြိုဟ်တစ်လုံး သုတေသီများ ရှာဖွေတွေ့ရှိ




Friday, 01 November 2013

အမေရိကန် ပြည်ထောင်စုမှ သုတေသီများသည် နေစကြာဝဠာ၏ အလွန်တွင် ကမ္ဘာဂြိုဟ်၏ အရွယ်အစား၊ ထုထည်၊ အလေးချိန် သိပ်သည်းဆ တူညီလု နီးပါးရှိသည့် Kepler-78 အမည်ရှိ ဂြိုဟ်တစ်လုံးကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။


အဆိုပါ ဂြိုဟ်၏ မျက်နှာပြင်သည် ပြေပြစ် ချောမွေ့မှု မရှိသည့်အပြင် အပူချိန်မှာ ကမ္ဘာမြေ ထက် ၂ဝဝဝ ဒီဂရီ ပိုမိုပူပြင်းကြောင်း သိရသည်။ ထို့အပြင် ၎င်းဂြိုဟ်၏ ထုထည်သည် ကမ္ဘာဂြိုဟ် ထက်၁ ဒသမ ၆၉ ဆ ပိုမို ကြီးမားပြီး သိပ်သည်းဆမှာလည်း ကမ္ဘာဂြိုဟ်၏ အလေးချိန် သိပ်သည်းဆ ၁ ကုဗ စင်တီမီတာတွင် ၅ ဒသမ ၃ ဂရမ် ရှိကြောင်း သိရသည်။

အခြား သုတေသီ တစ်ဖွဲ့၏ တိုင်းတာချက်များအရ ၎င်းဂြိုဟ်၏ ထုထည်သည် ကမ္ဘာဂြိုဟ် ထက် ၁ ဒသမ ၈၆ ဆ ကြီးမားပြီး သိပ်သည်းဆသည် ၅ ဒသမ ၅၇ ဂရမ် ရှိကြောင်း သိရသည်။ Kepler-78 ဂြိုဟ်သည် ၈ ဒသမ ၅ နာရီတွင် တစ်ကြိမ်လည်ပတ်ပြီး ကမ္ဘာဂြိုဟ် ကဲ့သို့ လူသားများ နေထိုင်ရန် သင့်လျော်သည့် ဂြိုဟ်တစ်လုံးဖြစ်သောကြောင့် ၎င်းဂြိုဟ်ကို ယခုကဲ့သို့ ရှာဖွေ တွေ့ရှိမှုသည် ကောင်းသော အတိတ်နိမိတ် တစ်ခုအဖြစ် သုတေသီများက လက်ခံယုံကြည်ထားကြောင်း သိရှိရသည်။



0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...