Media Access Control address ( MAC address ) ဆိုတာကတော့ Network တစ်ခုရဲ့ အဓိကသတ်မှတ်ထားတဲ့ အစိတ်အပိုင်းသတ်မှတ်ချက်တစ်ခုဖြစ်ပါတယ်။ MAC Address ကို IEEE 802 Network တွေမှာလည်း အသုံးပြုသလို..Ethernet လို Network တွေမှာပါ အသုံးပြုကြပါတယ်။ Printer , Camera , စတဲ့ ကွန်ပျူတာဆက်စပ် ပစ္စည်းတွေမှာလဲ MAC Address ဆိုတာ သက်ဆိုင်ရာ ပစ္စည်းတစ်ခုချင်း အလိုက်သူ့နေရာနဲ့သူပါဝင်ပါတယ်။ ဒါကတော့ အကြမ်းဖျင်းပြောပြပေးတာပါ။အခု ညီငယ်တစ်ယောက်က မေးလာပါတယ်။ သူ့ အိမ်နားက WiFi...