Friday, March 7, 2014

ကျွန်တော့်အရုပ်လေးပြန်မပေးပါ ဇာတ်ကားထဲမှာ အရုပ်မလေးအဖြစ် သရုပ်ဆောင်ထားတဲ့ ခင်ဝင့်ဝါ



နိုင်ငံ ဂုဏ်ဆောင်နိုင်ခဲ့တဲ့ Miss တွေထဲမှာ ပြည်သူရဲ့ချစ်ခင်အားပေးမှုကို ရရှိထားတဲ့အပြင် အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်လာတဲ့သူကတော့ ခင်ဝင့်ဝါ ပါ။ လက်ရှိ ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးရင်း သရုပ်ဆောင်ပညာဘက်ပိုင်းကို ပရိသတ်အတွက် မနားတမ်းကြိုးစားလာတဲ့ ခင်ဝင့်ဝါကို ရှုတင်တစ်ခုမှာတွေ့ဆုံခိုက် လက်ရှိရိုက်ကူးနေတဲ့ ဇာတ်ကားအကြောင်း မေးမြန်းကြည့်ဖြစ်တဲ့အခါ ‘ခုရိုက်နေတဲ့ကားလေးက ကျွန်တော့်အရုပ်လေးပြန်မပေးပါတဲ့။ ကာရိုက်တာက တစ်ကိုယ်၊ အရုပ်ပုံစံက တစ်ကိုယ်ဆိုတော့၂မျိုးပေါ့။ ဒီကားက ကိုနေတိုးနဲ့ပထမဆုံးကားဆိုတော့ သူ့ကိုလဲနဂိုကတည်းက အရမ်းကြိုက်တယ်။ ၀ါရင့် အနုပညာရှင်တစ်ယောက်လဲဖြစ်တယ်။ နောက်ပြီးတော့ ညီမလဲအရမ်းသဘောကျတဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်တဲ့ အတွက်ကြောင့်မို့လို့သူနဲ့အတတ်နိုင်ဆုံး အဆင်ပြေအောင် အပေးအယူတည့်အောင် ကြိုးစားပြီး ရိုက်ဖြစ်ပါတယ်။ ဒီကားက ညီမရဲ့၆ကားမြောက်ပေါ့။ ဒါရိုက်တာကလဲ ကိုသည်ခေတ်နေဆိုတော့ သူ့ကိုလဲ ယုံကြည်တယ်။ ဒီကားထဲမှာဆို အရုပ်မပုံစံလေးတွေကို ဒီဇိုင်နာ ကိုဖြိုးပြည့်က ချုပ်ပေးတယ်။’လို့ သူမက ပြောပြသွားပါတယ်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...