Monday, January 6, 2014

ကင်ဆာရောဂါကာကွယ်ဖို့ ဂျူးမြစ်/ ဂျူးဖူးစားကြစို့



ဂျူးမြစ်နှင့် ကျန်းမာရေး

ဂျူးမြစ်ကို နေ့စဉ် ပုံမှန်စားသုံးခြင်းဖြင့် သွေးဖိအား ပုံမှန် ဖြစ်စေခြင်း၊ နှလုံးသွေးလွှတ်ကြောဆိုင်ရာ ရောဂါများ၊ အယ်ဇိုင်းမား ဖြစ်ခြင်းနှင့် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်နိုင်ခြင်း၊ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နှင့် မှိုကြောင့်ဖြစ်သော ရောဂါများ၊ အရိုးပါးရောဂါ၊ အဆုတ်နှင့် အူလမ်းကြောင်းကင်ဆာများကို ကာကွယ်နိုင်ခြင်း စသည့် ကောင်းကျိုးများ ရရှိစေပါသည်။

ဂျူးမြစ်တွင် ပါဝင်သော အာဟာရဓါတ်များ

• ဂျူးမြစ် (၁၀၀) ဂရမ်လျှင် -
• ကာဗွန်ဟိုက်ဒရိတ် - ၄.၃၅ ဂရမ်
• ဂရိုတိန်း - ၃.၂၇ ဂရမ်
• အဆီ - ၀.၇၃ ဂရမ်
• ကိုလက်စထရော - ၀.၀ မီလီဂရမ်
• အမျှင်ဓါတ် - ၂.၅ ဂရမ်
• စွမ်းအင် - ၃၀ KcaL

ဂျူးမြစ်တွင် ပါဝင်သော ဗီတာမင်များ

• ဖေါလစ်အက်ဆစ် - ၁၀၅ µg
• နိုင်ယာစင် - ၂၁၂.၇ µg
• ဗီတာမင် အေ - ၄၃၅၃ lU
• ဗီတာမင် ကေ - ၂၁၂.၇ µg
• သိုင်ယာမင်း - ၀.၀၇၈ mg
• ဗီတာမင် စီ - ၅၈.၁ mg
• ဗီတာမင် အီး - ၀.၂၁ mg

ဂျူးမြစ်တွင် ပါဝင်သော သတ္တုဓါတ်များ

• ကယ်ဆီယမ် - ၉၂ mg
• ကော့ပါး - ၀.၁၅၇ mg
• သံဓါတ် - ၁.၆၀ mg
• မဂ္ဂနီဆီယမ် - ၄၂ mg
• မဂ္ဂနီးစ် - ၀.၃၇၃ mg
• ဆီလီနီယမ် - ၀.၉၀ µg
• ဇင့် - ၀.၅၆ mg

ကင်ဆာရောဂါကာကွယ်သည့် ဒြပ်ပေါင်းများ

• သိုင်အိုဆိုင်ဖိုနိတ်စ် - ၃.၆ mg
• β - ကယ်ရိုတင်း - ၂၆၁၂ µg
• β - ကရိုင်တို ဇန်သင် - ၀.၀ µg
• လူတိန်း - ဇီဇန်သင် - ၃၂၃ µg
စိုက်ပျိုးသည့် ဒေသ၏ အပူချိန်ပေါ်မူတည်၍ ကင်ဆာရောဂါကို ကာကွယ်နိုင်သည့် သိုင်အိုဆိုင်ဖိုနိတ်စ် ဓါတ်ပေါင်း ပါဝင်မှုကွာခြားသည်။ နေ့အပူချိန် (၂၁•) စင်တီဂရိတ်တွင် ၁၅ µmol/ g၊ (၂၅•) စင်တီဂရိတ်တွင် ၃၆ µmol/ g နှင့် (၃၁•) စင်တီဂရိတ်တွင် ၅၃µmol/ g ပါဝင်သည်။

ဂျူးမြစ်၏ အာဟာရတန်ဖိုးမပျက်စီးစေရန် သိုလှောင်နည်းစနစ်များ

• အပူချိန် (၃ ± ၁•C) အတွင်း သိုလှောင်ပါက (၂၅-၃၅) ရက် အထိ သိုလှောင်နိုင်သည်။
• ပုံမှန်အခန်းအပူချိန် (၂၅ ± ၁•C) ဖြင့် သိုလှောင်ပါက (၅ - ၇) ရက်အထိ အဟာရတန်ဖိုးများ မပျက်စီးပဲ သိုလှောင်နိုင်သည်။
• အခန်း၏ စိုထိုင်းဆ (၉၀ - ၉၅%) တွင် သိုလှောင်ရန် အသင့်တော်ဆုံးဖြစ်သည်။
• ပါကင်တစ်ဘူးလျှင် (၅ - ၁၀) kg စီ ပလတ်စတစ်ပါးစဖြင့် ထုတ်ပိုး၍ ထည့်သွင်း၍ ဈေးကွက်သို့ တင်ပို့နိုင်သည်။
• ပန်းပွင်းချိန်တွင် ဟော်မုန်း (၂, ၄ - D) သို့ GA3 ပတ်ဖျန်းထားပါက သိုလှောင်ချိန်တွင် အရည်အသွေးပိုမို ကောင်းမွန်စေသည်။

ဂျူးမြစ်မှ ထုတ်လုပ်နိုင်သော တန်းဖိုးမြင့် ထုတ်ကုန်များ

• အအေးခံဂျူးရွက် (Forzen Chinese chives leaves)
• ဂျူးမြစ် ရှာလကာရည် (vine gar with Chinese chives)
• သီရွက်စုံ ဆလတ် (Basil, Chinese chives, leek Salad)
• ငါး + ဂျူးမြစ်ခဲပတ်ကင် (First Backed Chinese chives Sprinkled)
• အသင့်သုံး ကျန်းမာရေး ဟင်းခတ်အမွှေးအကြိုင် (User-Friendly Herbs Ready Made Spices)

မှတ်ချက်

ဂျူးမြစ်/ ဂျူးဖူးစားခြင်း၏ အကျိုးကျေးဇူးများကို သိရှိစေရန် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနမှ ထုတ်ဝေသော လက်ကမ်းစာဆောင်ကို ရည်ညွှန်းကိုးကား ဖော်ပြလိုက်ပါသည်။

ရုပ်ရှင်မဟုတ်ခဲ့တဲ့ တိုက်ပွဲကြားက သူရဲကောင်း(သို့မဟုတ်) ဒုတပ်ကြပ် အောင်သိမ်း





'ဆရာကြီး သက်ဦး ခင်ဗျားဆီက အခြေအနေကောင်းလား"

"ကောင်းပါတယ် ရင်းမှူး ကျနော်ဘက်ကို စိတ်ချပါ ရင်းမှူး ရှေ့ဆက်တက်ဖို့ အဆင့်သင့်ပါပဲ"

"ဆရာ မောင်ဖြူ ခင်ဗျားကော ရရဲ့လား"

"ရပါတယ် အဘ ဒီကောင်တွေလောက်တော့ ကျနော်တောင့်ခံထားနိုင်ပါတယ်"

လဂျားယန် ဒေသ ပွိုင့် ၇၇၁ စခန်းသိမ်း တိုက်ပွဲမှာ ခမရ(၃၁၇) က တပ်ရင်းမှူး သူ့လက်အောက်က ရဲဘော်တွေကို ကွပ်ကဲနေတာပါ။

ကျည်ဆံတွေ လက်ပစ်ဗုံးတွေ မိုးရွာသလို တ၀ုန်းဝုန်းကျနေတဲ့ အချိန်မှာ သူ့အသံက ဆူညံပေါက်ကွဲသံတွေကို ဖြတ်၍ ရဲဘော်တွေကြားရအောင် အော်ပြောနေသည်။

ဒီတိုက်ပွဲက အရေးကြီးသည် လဂျားယန်ဒေသမှာ ရှိတဲ့ နယ်မြေအေးချမ်းရေး လုံခြုံရေးယူထားသည့် သူတို့ တပ်မတော်သားများစခန်းကို KIA တို့က ရိက္ခာပို့လို့ မရအောင် ၀ိုင်းပတ်ပိတ်ဆို့ထားသည်။ အုပ်ချုပ်မှု ကိစ္စဆောင်ရွက်ဖို့ တပ်များ ရုတ်သိမ်းပေးဖို့ KIA ဘက်ကို တောင်းဆိုသော်လည်း မဖယ်ပေးဘဲ လဂျာယန်းမှာ ရှိတဲ့ တပ်မတော်သားတွေကိုရိက္ခာပြတ်သေ အောင် ပတ်ပတ်လည်ကို ပို၍ ပိတ်ဆို့လာသည်။

ဒီပွိုင့် ၇၇၁ တောင်ကုန်းကလဂျားယန်ဒေသမှာ အမြင့်ဆုံး ကုန်းဖြစ်၍ ပတ်ဝန်းကျင်ကို စိုးမိုးထားသည်။ ဒီတောင်ကုန်းပေါ်မှာ နေ၍ KIA တို့က အနားကပ်လာသမျှ မြန်မာ့တပ်မတော်မှ တပ်တိုင်းကို ရိက္ခာပို့လို့မရအောင် ဒုက္ခပေးနေသည်။ နယ်မြေ လုံခြုံရေးယူထားသည့် တပ်များ ရိက္ခာပြတ်အောင်
ပိတ်ဆို့ထားသည်။

ဒီတိုက်ပွဲကို အောင်နိုင်မှ ပိတ်မိနေသူတွေ အသက်ရှင်မည်။ KIA တို့၏ ယုတ်မာသော အကြံကို ဖယ်ရှားနိုင်မှ မိမိတပ်မတော်သားများကို ကယ်တင်နိုင်မည်။

တပ်မတော်နှင့် KIA တို့ကြား တိုက်ပွဲက ပိုမိုပြင်းထန်လာသည်။

"ဟိုကောင် ရန်နိုင်လင်း မင်းသိပ်မတက်နဲ့ ငါ့အမိန့်ရမှလုပ်"

"အောင်သိမ်း မင်းအတင့်မရဲနဲ့ ဒီကောင်တွေ ဗုံးတွေအပေါ်က ပစ်ပစ်ချနေတယ် ၀ပ်နေစမ်း"

KIA တို့၏ မိုးကဲ့သို့ သွန်ချနေသော ကျည်ဆံတွေကို ခမရ(၃၁၇) တပ်ရင်းမှူးတစ်ယောက်
ဂရုမစိုက်အား သူ့တပည့်တွေကို ကြီးကြပ်ကွပ်ကဲနေသည်။


ထိုစဉ် KIA မှ ပစ်လိုက်သော လက်ပစ်ဗုံး တစ်လုံး ကြီးကြပ်ကွပ်ကဲနေသော တပ်ရင်းမှူး အနားသို့ ကျလာသည်။ အနားမှာက အရာရှိတွေရော အခြားစစ်သည်တွေလည်းရှိသည်။ လက်ပစ်ဗုံးနှင့် အနီးဆုံးက ဒုတပ်ကြပ် အောင်သိမ်း။ လျှပ်တပြက်မို့ သူ့မှာ စဉ်းစားချိန်မရ။ ရုတ်တရက် လက်ပစ်ဗုံးရှိရာ သို့ သူခုန်အုပ်လိုက်သည်။ တပ်ရင်းမှူးက လှမ်းအော်သည်။

"အားလုံးဝပ်"


" ဂျိမ်း..." ကနဲလက်ပစ်ဗုံး ပေါက်ကွဲသံက ဆူညံသွားသည်။ မြေစာများ ဖွာလန်ကျဲသွားသည်။
မီးခိုးများ က ပတ်ဝန်းကျင်ကို ဖုံးအုပ်သွားသည်။ အဖြစ်အပျက်က မြန်ဆန်လွန်းသည်။ အရာအားလုံးက
၎ စက္ကန့်ဝန်းကျင်အတွင်း ဖြစ်ပျက်သွားသည်။ မီးခိုးများကြားမှ တပ်ရင်းမှူး သူ့တပည့်ရှိရာသို့ လှမ်းကြည့်လိုက်သည်။

ကျန်တဲ့သူများလက်ပစ်ဗုံးထိမှာ စိုး၍ ခန္ဓာကိုယ်ဖြင့် ဖိအုပ်ခဲ့သော ရဲရင့်သည့် ဒုတပ်ကြပ် အောင်သိမ်း မမြင်ဝံ့စရာ သွေးအလူးလူးဖြင့် ခန္ဓာကိုယ်က တစ်စစီ။ တိုင်းပြည်အတွက် အသက်ကို စွန့်သွားသည်။

ကျန်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေက အကောင်းမဖြစ်တော့သော်လည်း ဒုတပ်ကြပ် အောင်သိမ်း၏ မျက်ဝန်းတစ်စုံက အကောင်းအတိုင်းရှိနေသေးသည်။ မပိတ်သေးသော ထိုမျက်ဝန်းထဲတွင် တစ်စုံတစ်ခုကို သူပြောချင်နေသည်။ သို့သော် ဒုတပ်ကြပ် အောင်သိမ်းမပြောနိုင်ရှာတော့။

တပ်ရင်းမှူးနှင့် အခြားသူတွေရဲ့ မျက်ဝန်းမှာ မခံချင်စိတ်၊ ယူကြုံးမရတဲ့ စိတ်နှင့်အတူ ၀မ်းနည်းကြေကွဲမှုများ အတိုင်းသား ပေါ်နေသည်။ သူ့ တပည့်ဘာပြောချင်ခဲ့သည်ကို တပ်ရင်းမှူး ကောင်းကောင်းသိလိုက်သည်။ ကျန်သူများလည်း သိပေလိမ့်မည်။ တပ်ရင်းမှူး သူ့တပည့်ကိုလှမ်းကြည့်ရင်း အံကိုတင်းတင်းကြိတ်ကာ ကတိတစ်ခုပေးလိုက်သည်။

"ငါ တို့ နိုင်ကို နိုင်ရမယ် အောင်သိမ်း..."


မြန်ဆန်လွန်းသည့် အဖြစ်အပျက်များကြားတွင် တွေဝေမနေအား။ ချက်ချင်းပင် ရန်သူကို ချေမှုန်းဖို့ တပ်ရင်းမှူး အမိန့်ပေးသံက ကျည်ဆံများကြားက ဟိန်းထွက်လာသည်။ "ပစ်..... ရဲသော်မသေ သေသော်ငရဲမလား... ပြည်သူ့တပ်မတော်သား ကွ"


ထိုတိုက်ပွဲကို သူတို့အောင်မြင်ခဲ့ပါသည်။ KIA ၏ လက်နက်တွေလည်း သိမ်းဆည်းရမိခဲ့သည်။ ထောင်ချီသော ဗုံးသီးများ သောင်းချီသော ကျည်ဆံများကို KIA တို့ စွန့်ခွာ ထွက်ပြေးခဲ့သည်။ ထိုလက်နက်တွေကို KIA ဘယ်က ရသည်မသိ။ ထိုလက်နက်တွေကြားမှာ တပ်မတော်သားများ တိုင်းပြည်အတွက် အသက်စွန့်လွှတ်ခဲ့ကြသည်။ တရားသောစစ်အတွက် ရဲရင့်သူတို့ အောင်နိုင်ခဲ့သည်။


အသက်စွန့်သွားသော် တပ်မတော်သားများအတွက် သေချာသည်က သူတို့ တာဝန်ကျေပွန်ခဲ့သည်။ ရဲသော်မသေ သေသော်ငရဲမလား ဆိုသလို သေသည့်တိုင် ငရဲသို့ရောက်မည့်သူများမဟုတ် နိုင်ငံတော်
ကလည်း သူရဲကောင်းများအတွက် ဘွဲ့တံဆိပ်များ ချီးမြှင့်ခဲ့သည်။


ရုပ်ရှင်ထဲကလို လက်ပစ်ဗုံးပေါ်ကို တက်ဖိ၍ မိမိအသက်ကိုစွန့်လွှတ်ပြီး အများအသက်ကို ကယ်တင်ခဲ့သည့် ဒရမ်မာဆန်ဆန် ပြကွက်တစ်ခုမဟုတ် ။ လဂျားယန် ဒေသ ပွိုင် ၇၇၁ စခန်းသိမ်း တိုက်ပွဲ မှာ တပ်ရင်းမှူး နှင့် အရာရှိ စစ်သည် အများ စု ရှိနေတဲ့ နေရာ ကိုကျရောက်လာတဲ့ KIA ရဲ့ လက်ပစ်ဗုံးပေါ်သို့ အချိန် ၄ စက္ကန့်လောက်အတွင်းမှာ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာနှင့် မိမိအသက်ကို ငဲ့မကွက်ဘဲ မိမိခန္ဓာကိုယ်ကို ဖိ၍ အခြားသူများ ဗုံးဆန်မထိအောင် ကာကွယ်ပေးခဲ့သည့် ဒုတပ်ကြပ် အောင်သိမ်း၏ အဖြစ်အပျက်မှာ အမှန်တကယ်ဖြစ်ပေါ်ခဲ့သည်။

ရဲဝံ့ကိုယ်ကျိုးစွန့်သော ထိုစိတ်ဓာတ်အတွက် နှစ်ပေါင်း ၂၀ ကျော်အတွင်း အမြင့်ဆုံး ဘွဲ့ထူး ဂုဏ်ထူးဖြစ်လာသော တပ်မတော်ဆိုင်ရာ စွမ်းရည်သတ္တိဘွဲ့တစ်ခုဖြစ်သည့် သီဟသူရ ဘွဲ့ ပေးအပ်ချီးမြှင့် ခြင်းဖြင့် ဂုဏ်ပြုခဲ့သည်။ ထို့ပြင် ဒုတပ်ကြပ်မှ တပ်ကြပ်သို့ အဆင့်တိုးပေးခဲ့သည်။

တိုင်းပြည်၏ အနာဂတ်သည် လွတ်လပ်ရေး ရပြီးတည်းက ယမ်းခိုးယမ်းငွေ့များကြားထဲတွင် တောက်ပသင့်သလောက် မတောက်ပလာခဲ့။ နယ်မြေရယူလိုမှု၊ အာဏာရယူလိုမှု၊ မဖြေရှင်းနိုင်သေးသော ပြသနာပေါင်းစုံကြားထဲတွင် တိုင်းပြည်အတွက် အသက်၊ သွေး၊ ချွေးများ ပေးဆပ်သွားသူ သူရဲကောင်းတွေမနည်း။ ထိုသူများအားလုံး တူညီသော
ခံစားချက် တစ်ခုတော့ရှိပေလိမ့်မည်။ မြင့်မြတ်သော သေဆုံးခြင်းကြောင့် နောင်တချိန်မှာ ငါတို့ တိုင်းပြည်ကြီး အေးချမ်းသာယာတိုးတက်လာလိမ့်မယ် ဟူသတည်း။



ပွိုင့် ၇၇၁ တောင်ကုန်းကို သိမ်းပိုက်ရရှိပြီးနောက် KIA တို့ စွန့်ပစ်ခဲ့သော
လက်နက်များကိုတွေ့ရစဉ်


ပွိုင့် ၇၇၁ တောင်ကုန်းကို သိမ်းပိုက်ရရှိပြီးနောက် KIA တို့ စွန့်ပစ်ခဲ့သော
လက်နက်များကိုတွေ့ရစဉ်

မနောမြေမှ သားမောင်စစ်သည်


စော်ကားခံရမှုကို ရဲအားတိုင်ပြီးအပြန် အုပ်စုလိုက်အဓမ္မပြုကျင့်ခံရပြီး မီးရှို့အသတ်ခံရတဲ့ ဆယ်ကျော်သက်



အိန္ဒိယနိုင်ငံရှိ Madhyagram မြို့တွင် အသက်(၁၆)နှစ်အရွယ် မိန်းကလေးသည် အောက်တိုဘာ(၂၆)ရက်နေ့က မတော်တရော် ပြုကျင့်ခံရပြီး နောက်တစ်နေ့ အောက်တိုဘာ(၂၇)ရက်နေ့တွင် လူ(၆)ထက်ပိုသော အမျိုးသားအုပ်စုက သူမအား သူမ မိသားစုတွေ နေထိုင်သည့် နေအိမ်အနီးမှာပင် အုပ်စုလိုက် ပြုကျင့် စော်ကားခဲ့ကြသဖြင့် ရဲစခန်းသို့ တိုင်တန်းပြီး အပြန်လမ်းတွင် အခြားအုပ်စုတစ်ဖွဲ့က သူမအား အုပ်စုလိုက် အဓမ္မပြုကျင့်ခဲ့ရကြောင်း သိရသည်။

ဒီဇင်ဘာ (၂၃)ရက်နေ့တွင်မူ နေအိမ်တွင် တစ်ဦးတည်း ကျန်နေခဲ့သော သူမအား လူနှစ်ဦးက မီးတင်ရှို့ခြင်းခံခဲ့ရကာ နှစ်သစ်ကူးပွဲတော် နှောင်းပိုင်းတွင် ရရှိထားသော ဒဏ်ရာများဖြင့် ဆေးရုံပေါ်၌ သေဆုံးသွားခဲ့ကြောင်း ရဲဘက်မှ တာဝန်ရှိသူ ရဲအရာရှိတစ်ဦးက ဆိုခဲ့သည်။

ပထမဦးစွာ သူမအား မတော်တရော် ပြုကျင့်ခဲ့သော သူများထဲမှ နှစ်ဦးကို အခင်းဖြစ်ပွားပြီး နှစ်လအကြာတွင် ရဲများက ဖမ်းဆီးခဲ့ကြောင်း သိရသည်။

Source : Channelnewsasia

နန်းဆုရတီစိုးက ကိုယ့်ခန္ဓာကိုယ်မှာ နှုတ်ခမ်းကို အကြိုက်ဆုံးပါတဲ့

 


ကိုယ့်ကိုယ်ကိုယ် အောင်မြင် လာတာ ဘာကြောင့်လို့ထင်လဲ
ပရိသတ်ရဲ့အားပေးမှုတွေရယ် နန်းဆုရဲ့ ကြိုးစားမှု၊ ဖန်တီးမှုတွေ၊ ကံ ညဏ် စန်း ၀ီရိယတွေကြောင့် အောင်မြင်မှုတစ်ခုကို ရရှိတယ်လို့ ထင်ပါတယ်။



ကိုယ့်ကို ပရိသတ်တွေက ဘာကြောင့် ကြိုက်တယ်လို့ထင်လဲ
နန်းဆုရဲ့ စေတနာကြောင့်ပါ။ နန်းဆုပရိသတ် အပေါ်မှာထားတဲ့ စေတနာ၊ မေတ္တာကြောင့် ရောင် ပြန်ဟပ်တယ်လို့ထင်ပါတယ်။ အဓိကကတော့ ပရိသတ်အပေါ်မှာ စေတနာထားပြီး အလုပ်လုပ်တဲ့အတွက် ပရိသတ်ရဲ့ အသိအမှတ်ပြုတာကို ခံရတယ်လို့ ထင်ပါတယ်။



ကိုယ့်ရဲ့ခန္ဓာကိုယ်မှာ လှတယ် ဆိုပြီး ကိုယ်သတ်မှတ်ထားတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းကဘာလဲ
နန်းဆုခန္ဓာကိုယ်မှာ နန်းဆု အကြိုက်ဆုံး အစိတ်အပိုင်းက နှုတ်ခမ်းပါ။ နန်းဆုရဲ့ နှုတ်ခမ်းကို အကြိုက်ဆုံးပါပဲ။



တစ်ယောက်တည်းရှိရင် အများဆုံးလုပ်တတ်တဲ့အမူအကျင့်ကတစ်ယောက်တည်းရှိနေရင် တော့ သီချင်းနားထောင်တယ်။ စာ အုပ်ဖတ်တယ်။ ဂိမ်းဆော့တယ်။ ဘု ရားရှိခိုး တရားထိုင်တယ်။ Beuaty Saloon သွားတယ်။ တစ်ခါတလေ သီချင်းဆိုပြီးကတယ်။



ရှူတင်မိတ်ကပ်လူးရတဲ့အခါ မှာရော သဘောကျလားအလုပ်အတွက်လိမ်းရ တာဆို တော့ ကြိုက်ပါတယ်။ ဒါပေမဲ့ နေ့ တိုင်းကြီး လိမ်းရရင်တော့ နည်း နည်းတော့ ငြီးငွေ့တာမျိုးတော့ရှိ တယ်။ အလုပ်အတွက်ဆိုတော့ လိမ်းရတာပေါ့။ မျက်နှာပြောင်နဲ့ ပိုနေချင်တယ်။

ရင်သားနဲ့ ပန်းချီ ရေးဆွဲတဲ့ အမေရိကန်သူ မာစီဟော့ခ်(Marcey Hawk)





မာစီဟော့ခ်သည် အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်မှ ပရော်ဖက်ရှင်နယ် ပန်းချီ ဆရာမ တစ်ဦးဖြစ်သည်။ အခြား ပန်းချီပညာရှင် များနှင့် ကွဲလွဲသော တစ်ချက်မှာ မာစီက စုတ်တံ ကို အသုံးပြုပြီး ပန်းချီဆွဲရ သည်ကို သမားရိုးကျ ဆန်လွန်းသည်ဟု ယူဆထားခြင်း ဖြစ်သည်။

သူမ သည် ဒေါ်လာ (၅၀၀) တန် ပန်းချီကား အတော်များများကို ရောင်းချခဲ့ပြီး ဖြစ်သည်။ ထိုပန်းချီကားများကို ရေးဆွဲရာတွင် စုတ်တံအစား အရွယ်သတ်မှတ်ချက် 30Dရှိသော သူမ၏ ရင်သားကိုသာ မာစီက အားကိုးအားထား ပြုခဲ့သည်။



ရင်သားပေါ်တွင် ဆေးရောင်မျိုးစံ ခြယ်သပြီး ပိတ်ကား အဖြူပေါ်တွင် ဖိနပ်ခြင်းဖြင့် အရောင် အသွေး စုံလင်သော ပန်းချီကားများကို မာစီက ဖန်တီးရေးဆွဲခဲ့သည်။ ရင်သား၏ ဖိနှိပ်အားနှင့် ပွတ်တိုက်မှု လမ်းကြောင်းတို့ကို မျိုးစုံပြောင်းလဲကာ သူမ၏ ပန်းချီများကို ရေးဆွဲခဲ့ခြင်းဟု မာစီက ဆိုသည်။

ဆေးခြယ်ရာတွင်လည်း ရင်အုံတစ်ခုလုံးကို ခြယ်သခြင်း၊ ရင်အုံထိပ်ဖျားကို သာ ခြယ်သခြင်း အစရှိသဖြင့် ကွဲပြားသော ချဉ်းကပ်မှု အသီးသီး လိုအပ်ကြောင်း သူမက ရှင်းပြခဲ့သည်။ မာစီသည် အဆိုပါ ပန်းချီကားမျိုးကို(၂၀၀၆)ခုနှစ်တွင် ပထမဆုံးအကြိမ် စမ်းသပ် ရေးဆွဲခဲ့သည်။


ယခုအခါ Boobie Painter ဟု အမည်ပေးထားသည့် Online Shop မှတစ်ဆင့် ယင်းပန်းချီကားမျိုး ထောင်နှင့်ချီ ရောင်းချပြီးဖြစ်ကြောင်း မာစီကပြောကြားခဲ့သည်။"ကျွန်

မရဲ့ အနုပညာ ဖန်တီးမှုက ရင်းနှီးကျွမ်းဝင်မှု၊ နှိုးဆွမှု၊ စူးစမ်းမှုနဲ့ ဆန်းသစ်ထူးခြားမှုတွေကို နိမိတ်ဆောင်ပါတယ်။

ဒါဟာ လှပဆန်းကျယ်ပြီး တစ်မျိုးတစ်ဘာသာ ထူးခြားတဲ့ ပုံရိပ်တစ်ခုပါ" ဟု မာစီက မှတ်ချက်ပြုခဲ့
သည်။ သူမက ဂျက်ဆင်ပိုလော့ခ်နှင့် ဗင်းဆင့်ဗန်ဂိုးတို့ကို အားကျသူ ဖြစ်ကြောင်းလည်း မာစီက ဝန်ခံခဲ့သည်။ သူမသည် ပန်းချီကားများ ရောင်းချ၍ ရရှိလာသမျှ ငွေကြေးများအနက် အစိတ် အပိုင်း တစ်ရပ်ကို ရင်သားကင်ဆာ တိုက်ဖျက်ရေးအတွက် ထူထောင်ထားသည့် ဆူဆန်ဂျီကိုးလ် မန်း ဖောင်ဒေးရှင်းသို့ လှူဒါန်းနေကြောင်းလည်း သိရှိရသည်။



"ကျွန်မရဲ့ ပန်းချီကားတွေကို ဗြိတိန်၊ ဩစတြေးလျတို့ထိ တင်ပို့ရောင်းချရတယ်။ အမေရိကန်မှာ တော့နေရာတော်တော်များများကို ရောင်းချထားပြီး ပါပြီ"ဟုလည်း မာစီက ဂုဏ်ယူစွာ ပြောဆိုခဲ့ သည်။ နာမည်ကျော်များအနက် ရော့ဘ်ဒိုင်ဒရက်ခ်၊ ဟုဂ်ျဟက်ဖ်နာနှင့် ရက်ဆဲလ်ဘရန်း တို့သည် လည်း မာစီ၏ လက်ရာကို အားပေးဝယ်ယူထားသူများ ဖြစ်ကြောင်း သတင်းများက ဖော်ပြသွား သည်။

မြန်မာနိုင်ငံ အပါအ၀င် တရုတ်နိုင်ငံနှင့် နယ်နိမိတ်ထိစပ်နေသည့် အိမ်နီးချင်းနိုင်ငံများ၌ ကြက်ငှက်တုပ်ကွေး H7N9 ကူးစက်ပျံ့နှံ့မှု အခြေအနေကို စစ်ဆေးနေဟုဆို



Monday, January 6, 2014

အိသဉ္ဇာကျော်၊ ထွယ်ဆန်အောင်

မြန်မာ-တရုတ် နယ်စပ်ဒေသရှိ ဈေးတစ်ဈေးတွင် ကြက်သားရောင်းချနေမှုအား တွေ့ရစဉ်


မြန်မာနိုင်ငံ အပါအ၀င် တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် အိမ်နီးချင်းနိုင်ငံများတွင် ကြက်ငှက်တုပ်ကွေး H7N9 ကူးစက်ပျံ့နှံ့မှု အခြေအနေကို စစ်ဆေးနေကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ရောဂါပျံ့နှံ့မှု လေ့လာရေး ဌာနစိတ်မှ သိရသည်။

တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသည့် ကြက်ငှက်တုပ်ကွေး H7N9 ကြောင့် မြန်မာနိုင်ငံတွင် ရောဂါပျံ့နှံ့မှု ရှိမရှိကို ၂၀၁၃ ခုနှစ် မေလမှစ၍ မြန်မာ-တရုတ် နယ်စပ်ဒေသများ၌ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ကြက်ဘဲဈေးများတွင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်းနှင့် စစ်ဆေးမှုများအရ လက်ရှိအချိန်အထိ ရောဂါပိုးကူးစက်မှု မတွေ့ရှိရသေးကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ရောဂါကူးစက်ပျံနှံ့မှု မတွေ့ရှိရသေးသော်လည်း လက်ရှိတရုတ်ပြည်တွင် ကြက်ငှက်တုပ်ကွေးရောဂါ မျိုးစိတ်သစ်များ ထပ်မံဖြစ်ပွားနေပြီး လူသေဆုံးမှုများ ရှိနေသည့်အတွက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ရောဂါပျံ့နှံ့မှု လေ့လာရေးဌာနစိတ်နှင့် FAO အဖွဲ့တို့ပူးပေါင်း၍ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့်အရှေ့ပိုင်း)၊ ရန်ကုန်နှင့် မန္တလေးတိုင်း ဒေသကြီးများရှိ မြို့နယ်အချို့တွင် ထပ်မံစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

“တရုတ်မှာ ကြက်ငှက်တုပ်ကွေး H7N9 စဖြစ်တုန်းက မြန်မာ-တရုတ် နယ်စပ်ဂိတ်တွေမှာ ကြက်အ၀င်အထွက်တွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးခဲ့ပြီး ရောဂါကူးစက်မှု ရှိ၊ မရှိပါ တစ်ခါတည်း စစ်ဆေးခဲ့တယ်။ နောက်တစ်ကြိမ်မှာ ရန်ကုန်နဲ့ မန္တလေးမှာရှိတဲ့ ကြက်ဘဲဈေးတွေမှာ ရောင်းချနေတဲ့ ကြက်နဲ့ကြက်ထွက်ပစ္စည်းတွေကို စစ်ဆေးခဲ့ပေမယ့် ရောဂါပိုးကူးစက်မှု မတွေ့ခဲ့ရပါဘူး။ အခုတစ်ကြိမ်မှာ ရန်ကုန်၊ မန္တလေးအပြင် ရှမ်းပြည်နယ်မှာရှိတဲ့ အရင်မစစ်ဆေးခဲ့ရတဲ့ မြို့နယ်တွေမှာပါ ထပ်ပြီးစစ်ဆေးနေပါတယ်။ ဒီတစ်ခါမှာတော့ ရောဂါဖြစ်ပွားမှု အခြေအနေတွေအပြင် ကြက်နဲ့ကြက်ထွက်ပစ္စည်း ရောင်းဝယ်ဖောက်ကားမှု ဈေးကွက်စနစ်တွေကိုပါ တစ်ခါတည်း ပြုလုပ်နေပါတယ်” ဟု မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ရောဂါပျံ့နှံ့မှု လေ့လာရေး ဌာနစိတ်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

စစ်ဆေးရာတွင် ရှမ်းပြည်နယ်ရှိ လားရှိုး၊ မူဆယ်၊ နမ့်ခမ်း၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကုန်းကြမ်း၊ ကွမ်းလုံ၊ ဟိုပန်၊ ကျိုင်းတုံနှင့် မိုင်းလားမြို့များပါဝင်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း မင်္ဂလာတောင်ညွန့်၊ ကြည့်မြင်တိုင်၊ လှိုင်သာယာအပါအ၀င် မန္တလေးတိုင်းဒေသကြီးတွင် မန္တလေး၊ အမရပူရနှင့် မတ္တရာမြို့များရှိ ဈေးများနှင့် ကြက်မွေးမြူရေးခြံများတွင် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ကြက်ငှက်တုပ်ကွေးမျိုးခွဲ ရောဂါပိုးသစ် (H7N9) တရုတ်နိုင်ငံတွင် ၂၀၁၃ ခုနှစ် မတ်လတွင် စတင်ဖြစ်ပွားခဲ့ပြီး ရောဂါကူးစက်ခံရသူ ၁၀၀ ကျော်ရှိခဲ့ကြောင်းနှင့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ပထမပတ်တွင် ကြက်ငှက်တုပ်ကွေးမျိုးစိတ်သစ် (H10N8) စတင်ဖြစ်ပွားခဲ့ပြီး လူတစ်ဦးသေဆုံးခဲ့ကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာများတွင် ဖော်ပြချက်အရ သိရသည်။

ပြည်တွင်း၌ အဆိုပါ ကြက်ငှက်တုပ်ကွေး ရောဂါပိုးမျိုးစိတ်သစ်များ ဖြစ်ပွားမှု မတွေ့ရှိရသော်လည်း ကြက်မွေးမြူရေးခြံများ၌ ပုံမှန်မဟုတ်သည့် ကြက်သေဆုံးမှုများ တစ်နှစ်ပတ်လုံး ဖြစ်ပွားမှု ရှိနေကြောင်းနှင့် သေဆုံးမှုများသည် အများအားဖြင့် ကြက်ငှက်တုပ်ကွေးရောဂါ၊ ကြက်လည်လိမ်ရောဂါ၊ ကြက်ဝမ်းကျရောဂါနှင့် ကြက်များအပူမိခြင်း (အပူရှိန် ရုတ်တရက်ပြောင်းလဲမှု) ကြောင့် သေဆုံးနေခြင်းများ အများဆုံး ဖြစ်ပွားမှုရှိနေကြောင်း သိရသည်။

အထူးယာဉ်လိုင်းများအား လူပုဂ္ဂိုလ်တစ်စုကသာ ပြေးဆွဲခွင့်ရရှိနေသည့် မမျှတမှုများအပေါ် အစိုးရနှင့် ညှိနှိုင်းသွားရန် စီစဉ်နေ

Monday, January 6, 2014
ကျော်ထင်

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် အထူးယာဉ်လိုင်းမှ ဘတ်စ်ကားများအား တွေ့ရစဉ်


ရန်ကုန်တိုင်းဒေသကြီးအတွင်း အထူးယာဉ်လိုင်းများအား လူပုဂ္ဂိုလ်တစ်စုသာ ပြေးဆွဲခွင့်ရရှိသည့် မမျှတ အခြေအနေများအပေါ် အစိုးရနှင့် ညှိနှိုင်းဆောင်ရွက်ရန် စီစဉ်နေသည်ဟု ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော အထူးယာဉ်လိုင်းများကို ငွေကျပ် ၂၀၀ ပေးကာ စီးနင်းနေရပြီး စတင်ပြေးဆွဲစဉ်က ထိုင်ခုံရှိခရီးသည်သာ တင်မည်ဖြစ်ပြီး မတ်တတ်စီးခရီးသည် မတင်ကြောင်း၊ လေအေးပေးစက်ဖွင့်ပေးခြင်း စသည်တို့ကြောင့် စီးနင်းအသုံးပြုသည့် ခရီးသည်များ လာခဲ့ကြောင်း၊ ထိုသို့များပြားလာသည့် ခရီးသည် အခြေအနေကြောင့် နောက်ပိုင်းတွင် ထိုင်ခုံအပြင် မတ်တတ်ရပ်စီး ခရီးသည်များဖြင့် ပြည့်ကျပ်စွာ တင်ဆောင်လာခြင်း၊ လေအေးပေးစက်များ မလည်ပတ်တော့ခြင်းများ ရှိလာကြောင်း၊ ထို့အတွက် ပုံမှန်ပြေးဆွဲနေသည့် ခရီးစဉ်တစ်ပိုင်းလျှင် ကျပ် ၅၀ နှုန်းဖြင့် ကောက်ခံနေသည့် ယာဉ်လိုင်းများဖြင့် မထူးခြားနားပင် ဖြစ်လာခဲ့သည်။

ယင်းသို့ အထူးယာဉ်လိုင်းများအား လူပုဂ္ဂိုလ်တစ်စုကသာ ပြေးဆွဲခွင့် ရရှိနေမှုအပေါ် ယာဉ်ပိုင်ရှင်များဘက်က လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းကြောင်း သိရသည်။

“အထူးယာဉ်လိုင်းက ဘယ်စီးစီး ၂၀၀ ကျပ်ရိုးရိုးယာဉ်လိုင်းက ၅၀ ကျပ် ဒါပေမဲ့ ကားချင်းကအတူတူပဲ။ ဘာမှမကွာခြားတော့ဘူး။ အထူးတွေက ကျပ် ၂၀၀ ရပြီး ရိုးရိုးတွေက ၅၀ ပဲရတော့ ၀င်ငွေချင်း အရမ်းကွာဟနေတယ်။ ကျပ် ၂၀၀ က အဲကွန်းပါလား။ သက်တောင့်သက်သာရှိလား။ ရှိရင် ၂၀၀ ယူတာ ပြဿနာမဟုတ်ဘူး။ လူထုကလည်း ပေးစီးမှာပဲ။ အခုတော့ ကားတွေက ဘာမှမထူးခြားဘူး ဖြစ်နေတယ်။ ပြီးတော့ ဒီအထူးကားတွေကို ပုဂ္ဂိုလ်တစ်စုပဲ ပြေးဆွဲခွင့် ရနေတယ်။ ဒါဟာ မမျှတတဲ့ အနေအထားတွေပါ။ အဲဒါကို အစိုးရပိုင်းနဲ့ ညှိနှိုင်းပေးဖို့ ရှိပါတယ်” ဟု ဒေါက်တာညိုညိုသင်းက ပြောကြားသည်။

“အန်တီအနေနဲ့ ယာဉ်ပိုင်ရှင်တွေနဲ့ အပေးအယူ သဘောမျိုး လုပ်မယ်။ ဘယ်လိုအပေးအယူလဲဆိုတော့ အစိုးရကို အန်တီအနေနဲ့ ဒီမမျှတမှုကို တင်ပြပြီး ညှိနှိုင်းပေးမယ်။ ယာဉ်လိုင်းတွေဘက်ကလည်း ရုံးတက်ရုံးဆင်းချိန်တွေမှာ အမျိုးသမီး သီးသန့်ယာဉ်တွေ ထည့်သွင်းပြေးဆွဲပေးရေး စီစဉ်ပေးဖို့ပါပဲ” ဟု ဒေါက်တာညိုညိုသင်းက ဆက်လက်ပြောကြားသည်။

ထို့ပြင် ယာဉ်လိုင်းများ ပြေးဆွဲခွင့်ကို စီမံခန့်ခွဲနေသော ယခင်ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (မ.ထ.သ)နှင့်ပတ်သက်၍ တိုင်ကြားများစွာ လက်ခံရရှိခဲ့ပြီး ယင်းအထဲတွင် ယာဉ်လိုင်းဝင်လိုပါက ကော်မတီက ယာဉ်ပိုင်ရှင်ထံမှ ငွေကြေးတောင်းခံမှုများလည်း ပါဝင်နေကြောင်း သိရသည်။ ယခု မ.ထ.သ ကော်မတီကို အသစ်ပြန်လည် ဖွဲ့စည်းခဲ့ပြီးဖြစ်သည်။

ရန်ကုန်တိုင်ဒေသကြီးအတွင်း ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်လိုင်း အဖွဲ့အစည်း ၁၈ ခုခန့်ရှိပြီး ခရီးသည်တင်ယာဉ် အစီးရေ ၆၀၀၀ ကျော် ပြေးဆွဲလျက်ရှိနေကြောင်း သိရသည်။

လူရည်ချွန် (၁၉၆၄-၈၈) အဖွဲ့ ရွှေရတုအကြို တွေ့ဆုံပွဲကျင်းပခဲ့ပြီး လူရည်ချွန်အဖွဲ့ ညစာစားပွဲသို့ လူရည်ချွန်တစ်ဦး ဖြစ်ခဲ့သူ ဒုတိယသမ္မတ တက်ရောက်ဂုဏ်ပြု

Monday, January 6, 2014

လူရည်ချွန်အဖွဲ့ ညစာစားပွဲတွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း နှုတ်ခွန်းဆက်စကား ပြောကြားနေစဉ်


၁၉၆၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အတွင်းတွင် လူရည်ချွန်ဆု ရခဲ့ကြသည့် လူရည်ချွန်အဖွဲ့ ရွှေရတုအကြို တွေ့ဆုံပွဲကို ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၅ ရက် နံနက် ၈ နာရီခန့်တွင် ရန်ကုန်မြို့နယ်၊ ပြည်လမ်းရှိ ဆေးတက္ကသိုလ် (၁)၊ လိပ်ခုံးကျောင်းဆောင် အတွင်း၌ ကျင်းပပြုလုပ်ခဲ့ပြီး ညပိုင်းတွင် ပြုလုပ်ခဲ့သည့် လူရည်ချွန်အဖွဲ့ ညစာစားပွဲသို့ လူရည်ချွန်တစ်ဦးဖြစ်သူ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက်ဂုဏ်ပြုခဲ့ကြောင်း သိရသည်။

နံနက်ပိုင်း အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဖေသက်ခင်က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး အခမ်းအနားတွင် ကြွရာက်လာကြသည့် လူရည်ချွန်အချို့မှ လူရည်ချွန်အဖွဲ့အတွက် အလှူငွေများကို လှူဒါန်းခဲ့ကာ လူရည်ချွန်အဖွဲ့၏ အလုပ်အမှုဆောင်များကို မဲဆန္ဒအရ ရွေးချယ်ခဲ့ကြောင်း သိရသည်။

ဇန်န၀ါရီ ၅ ရက်ညပိုင်းတွင် ဆေးတက္ကသိုလ် (၁) ပရိဝုဏ်အတွင်း ပြုလုပ်သည့် လူရည်ချွန်အဖွဲ့ ညစာစားပွဲသို့ တက်ရောက်လာသည့် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် “လူရည်ချွန်ကျောင်းသူ ကျောင်းသားဟောင်းများ ပြန်လည်တွေ့ဆုံပွဲမှာ ကျွန်တော်ရဲ့ လူရည်ချွန်အကြောင်း ပြန်ပြောရမယ်ဆိုရင် စတဲ့နှစ်က ၁၉၆၄ ဆုံးတာက ၁၉၈၈။ ၆၄ နှစ်ကစတဲ့ သူတွေအတွက်က နှစ် ၅၀ ရွှေရတုထဲ ရောက်ရှိနေပါပြီ။ ကျွန်တော်ကတော့ ၆၅ batch ကပါ။ အဲဒီအချိန်ခါတုန်းက လူရည်ချွန်ရကြသူများက တော်တယ်။ တတ်တယ်ဟု ယူဆကြပါတယ်။ မှန်ပါတယ်။ သို့သော် အဲ့ဒီလို ယူဆကြတာထက် သူ့နေရာနဲ့သူ ထူးခြားခဲ့ကြသူများဟု ဆိုချင်ပါတယ်။ စာပေဘက် တော်ကြပါတယ်။ သို့သော် လူ့ဘ၀အတွေ့အကြုံ မရကြသေးတဲ့ အရွယ်ကို ကျွန်တော်တို့ ဖြတ်သန်းလာခဲ့တာ ဖြစ်ပါတယ်။ ယနေ့လူရည်ချွန် ရဲဘော်ရဲဘက်များကို လူမှုဘ၀ပုံစံ၊ ပုံသဏ္ဍာန် အမျိုးမျိုးနဲ့ တစ်ခါပြန်ဆုံ တွေ့ကြရသည်မှာ ခေတ်ပြောင်းစနစ်ပြောင်း၊ ကုသိုလ်ကံကောင်းလို့ပဲ ပြန်ဆုံနိုင်ကြတယ်လို့ ယူဆမိပါတယ်။ မကြာခဏ ပြန်ဆုံနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။ သို့သော် ယခုလို Gathering လေးလုပ်ရင်း ပြီးသွားခြင်းမျိုး မဟုတ်ဘဲ၊ အနာဂတ်အတွက် တစ်ခုခု အကျိုးရှိအောင် လုပ်နိုင်ပါမှ အနှစ်သာရရှိသော တွေ့ဆုံမှုမျိုးဖြစ်မည် ဖြစ်ပါလိမ့်မယ်။ အခုလည်း အနှစ်သာရ ပြည့်စုံအောင် မနက်ကရော နေ့လယ်ကရော တွေ့ဆုံပြီး ရှေ့လုပ်ငန်းစဉ်တွေကို ချမှတ်ပြီးပြီလို့ သိရပါတယ်။ ဒီကနေ့ခေတ်မှာ နိုင်ငံတော်ရဲ့ လိုအပ်ချက်တွေက များလွန်းလှပါတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ပညာရေး၊ ကျန်းမာရေး အစရှိသည်ဖြင့် ရေးပေါင်းများစွာ ရှိနေပါတယ်။ ဒီအသက်အရွယ်အတွင်း ရလာသော အတွေ့အကြုံနဲ့ တတ်မြောက်လာတဲ့ပညာ၊ စုဆောင်းမိသော ဓနအင်အားနဲ့ နိုင်ငံကို တဖန်ပြန်ပြီး အကျိုးပြုနိုင်အောင် ကူညီဖို့ ဖြစ်ပါတယ်။ ကူညီဖို့ တာဝန်ရှိကြသလိုပဲ ကူညီနိုင်တဲ့ အခြေအနေ၊ ကူညီနိုင်တဲ့ နည်းလမ်းတွေ ရှိကြမှာပါ။ မည်သို့သော အကူအညီမျိုး၊ မည်သည့်နေရာကနေ ကူညီကြသည်ဖြစ်စေ၊ ကျွန်တော်တို့ အနာဂတ်တိုင်းပြည်ကို ဖွံ့ဖြိုးအောင်၊ နိုင်ငံတကာ အဆင့်မီအောင် အေးချမ်းတဲ့ နည်းလမ်းမျိုးနဲ့ ကူညီကြစေလိုပါတယ်” ဟု ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်၊ လူရည်ချွန်စီမံကိန်း အကောင်အထည်ဖော်ရာတွင် ဦးဆောင်ခဲ့သူ ဒေါက်တာညီညီ၊ ဦးသန်းဦးနှင့် လူရည်ချွန်မောင်မယ်များက နှုတ်ဆက်စကား ပြောကြားခဲ့ကြသည်။

EMG

ရန်ကုန်မြို့ရှိ ၅၁ လမ်းအိမ်ရာကို လူနေအိမ်ခန်းများ ပါဝင်သည့် အထပ်မြင့် အဆောက်အအုံအဖြစ် ပြန်လည်အဆင့်မြှင့်လျက်ရှိရာ မူလတိုက်ခန်း နေသူများကို ၂၀၁၄-၁၅ ကျောင်းဖွင့်ရာသီအမီ ပြန်လည်နေရာချထားမည်


Monday, January 6, 2014
နီလာ

အထပ်မြင့် အဆောက်အအုံအဖြစ် ပြန်လည်အဆင့်မြှင့်တင်နေသည့် မူလ ၅၁ လမ်း ပြည်သူ့အိမ်ရာကို တွေ့ရစဉ်


ရန်ကုန်မြို့ရှိ ပြည်တော်သာခေတ် ၅၁ လမ်းအိမ်ရာ စီမံကိန်းကို အထပ်မြင့် အဆောက်အအုံအဖြစ် ပြန်လည်အဆင့်မြှင့်တင်ရာ၌ လူနေအိမ်ခန်းများ ပါဝင်သည့် အထပ်မြင့် အဆောက်အအုံများအဖြစ် ပြန်လည်အဆင့်မြှင့် တည်ဆောက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ၅၁ လမ်းအိမ်ရာ စီမံကိန်းတွင် ခန့်မှန်းခြေအားဖြင့် အိမ်ခန်းပေါင်း ၁၀၀၀ ကျော် ပါဝင်မည်ဖြစ်ကာ ၂၀၁၅ ခုနှစ် ဇွန်လအပြီး တည်ဆောက်ရန် လျာထားကြောင်း မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။

“ပြည်တော်သာခေတ် ၅၁ လမ်းအိမ်ရာကို အထပ်မြင့် အဆောက်အအုံအဖြစ် အဆင့်မြှင့်ရာမှာ Apartment တွေကို ဦးစားပေးတည်ဆောက်မှာ ဖြစ်ပါတယ်။ ရေကူးကန်၊ Gym နဲ့ စာကြည့်တိုက် စတာတွေပါဝင်မယ်။ အခန်းပေါင်း ၁၀၀၀ ကျော် ပါဝင်မှာဖြစ်ပါတယ်။ ခန့်မှန်းခြေအားဖြင့် ၂၀၁၅ ဇွန်လမှာ အပြီးတည်ဆောက်မှာ ဖြစ်ပါတယ်” ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ဗိုလ်တထောင်မြို့နယ်၊ လမ်း ၅၀ နှင့် ၅၁ လမ်းကြား၊ ကုန်သည်လမ်းနှင့် မဟာဗန္ဓုလလမ်းကြားရှိ ၅၁ လမ်း ပြည်သူ့အိမ်ရာကို ၁၉၅၆ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ မြေ ၂ ဒသမ ၄၈၆ ဧက ကျယ်ဝန်းပြီး ရှစ်ခန်းတွဲ လေးထပ်တိုက်ခုနစ်လုံးရှိပြီး အိမ်ထောင်စု ၂၂၄ စု နေထိုင်ခဲ့ကြောင်း သိရသည်။

“ဒီစီမံကိန်းမှာ အရင်တုန်းက ဟိုတယ်စီမံကိန်း ပါဝင်ပါတယ်။ နောက်ပိုင်းမှာ ဟိုတယ်မပါတော့ဘဲ Apartment တွေကိုပဲ ဦးစားပေး တည်ဆောက်သွားမှာပါ။ ဒီလို တည်ဆောက်ရာမှာ မူလတိုက်ခန်း နေထိုင်ခဲ့တဲ့ ပြည်သူတွေကို နေရာပြန်လည် ချထားဖို့ကို အရေးကြီးတဲ့အတွက် အဲဒါကို ဦးစားပေး တည်ဆောက်လျက် ရှိပါတယ်။ အခု ဦးစားပေးဆောက်နေတဲ့ အပိုင်းကို ၂၀၁၅ အစပိုင်းမှာ အပြီးတည်ဆောက်ပြီး ဧပြီလကုန်မှာ အခန်းနေထိုင်သူတွေ တင်နိုင်အောင် ဆောင်ရွက်နေပါတယ်။ ၂၀၁၅ ကျောင်းဖွင့်ရာသီအမီ ပြန်လည်နေရာချထားနိုင်ဖို့ ဆောင်ရွက်နေပါတယ်” ဟု အဆိုပါအိမ်ရာ အဆင့်မြှင့်တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် မဟာန၀ရတ်မြေေ ဆာက်လုပ်ရေးမှ မန်နေးဂျင်းဒါရိုက်တာ ဦးနိုင်ဝင်းက ပြောကြားခဲ့သည်။

အဆိုပါအိမ်ရာ စီမံကိန်းအား အထပ်မြင့် အဆောက်အအုံအဖြစ် ပြန်လည်အဆင့်မြှင့်တင်ရာ၌ လတ်တလောတွင် မူလတိုက်ခန်း နေထိုင်သူများအတွက် ဦးစားပေး တည်ဆောက်လျက်ရှိကာ ယင်းတို့ပြီးမှသာ ကျန်အဆောက်အအုံများကို ဆက်လက်တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

EMG

ပခုက္ကူ ဆန်ဈေးကွက်အတွင်း ရွှေဘိုဒေသထွက် မိုးဆန်သစ်များ မ၀င်ရောက်နိုင်သေးခြင်းကြောင့် မြစ်ဝကျွန်းပေါ်ဒေသထွက် မိုးဆန်များကိုသာ အဓိကမှာယူ ရောင်းချနေရ

Monday, January 6, 2014
သက်ထိန်ဝင်း

မြစ်ဝကျွန်းပေါ်ဒေသမှ ဆန်ပို့မော်တော်များ ပခုက္ကူဆိပ်ကမ်းတွင် ကုန်ချနေမှုအား မြင်တွေ့ရစဉ်


ပခုက္ကူမြို့မှ ဆန်ရောင်းဝယ်ရေး လုပ်ကိုင်သော ကုန်သည်အများစုသည် ရွှေဘိုဒေသထွက် မိုးဆန်သစ်များ ယခုနှစ်ဆန်းပိုင်းထိ ၀င်ရောက်လာခြင်း မရှိသေးသည့်အတွက် မြစ်ဝကျွန်းပေါ်ဒေသထွက် မိုးဆန်များကို အဓိကထား မှာယူရောင်းချနေရကြောင်း ဒေသခံ ဆန်ကုန်သည်များထံမှ သိရသည်။

ပခုက္ကူ ဆန်ဈေးကွက်အတွင်း နိုဝင်ဘာ ဒုတိယပတ်တွင်းမှစ၍ မြန်မာနိုင်ငံအောက်ပိုင်း မြစ်ဝကျွန်းပေါ်ဒေသထွက် မိုးဆန်အသစ်များ ၀င်ရောက်လာခဲ့ပြီး ယခုနှစ် မိုးဆန်အသစ်ပေါ်ဈေးမှာ ယခင်နှစ် မိုးဆန်အသစ်ပေါ် ဈေးနှုန်းထက် ဆန်တစ်အိတ် ကျပ် ၄၀၀၀ နီးပါး မြင့်တက်ခဲ့ပြီး ယခင်နှစ်တစ်အိတ် ၁၃၅၀၀ ကျပ် ရောင်းချသောဆန်အား ယခုနှစ်တွင် ၁၇၀၀ ကျပ်ခန့် ရောင်းချနေရကြောင်း ဒေသခံ ဆန်ကုန်သည်များ၏ ပြောကြားချက်အရ သိရသည်။

“လက်ရှိအချိန်ထိတော့ ဆန်ကုန်သည်တွေ အနေနဲ့ အောက်ပိုင်းဆန်တွေကိုပဲ အဓိကထား ရောင်းနေရတယ်။ ရွှေဘိုဘက်က မိုးဆန်အသစ်တွေ ဈေးကွက်ထဲ မ၀င်လာသေးဘူး။ အထွက်လည်းနောက်ကျတယ်။ ထွက်တဲ့နှုန်းလည်း ရာသီဥတုကြောင့် လျော့တယ်လို့ သိရတယ်။ ခုရက်ပိုင်း ရွှေဘိုပေါ်ဆန်းဈေးကိုပဲ တစ်အိတ်ကို ၂၀၀၀ လောက် တက်သွားတော့ ၃၆၀၀၀ ကျပ်လောက် ရောင်းနေရတယ်။ ခုတစ်ရာသီလုံးက အောက်ပိုင်းဆန်ကိုပဲ အဓိကထား မှာယူရောင်းရမယ့် အနေအထားပဲ” ဟု ပခုက္ကူမြို့မှ ဆန်ကုန်သည်တစ်ဦးက ဆိုသည်။

ပခုက္ကူ ဆန်ကုန်သည်များမှာ နွေဆန်သစ်များ ရောင်းဝယ်လုပ်ကိုင်ရာတွင်လည်း ရွှေဘိုဒေသထွက် နွေဆန်အသစ်ဈေးများ မြင့်တက်နေခြင်းကြောင့် အောက်ပိုင်းဒေသထွက် နွေဆန်များကိုသာ အဓိကထား မှာယူရောင်းချနေရကြောင်း သိရသည်။

ချင်းပြည်နယ်၊ ယောဒေသနှင့် စစ်ကိုင်းတိုင်းရှိ မြို့များသို့ ဆန်တင်ပို့ ရောင်းချနေသော ပခုက္ကူမြို့ ဆန်ဈေးကွက်သည် မြန်မာနိုင်ငံ အောက်ပိုင်းဒေသများမှ ထွက်ရှိသော ဆန်များအား အဓိက၀ယ်ယူ ရောင်းချရာ ဆန်ဈေးကွက်တစ်ခုလည်း ဖြစ်သည်။

EMG

ရန်ကုန်ဆိပ်ကမ်းများမှ ပြည်ပသို့ မြန်မာ့သစ်များ တင်ပို့ခြင်းအား ၂၀၁၄ ခုနှစ် မတ် ၃၁ ရက် ည ၁၂ နာရီ နောက်ဆုံးထားတင်ပို့ရန် မြန်မာ့သစ်လုပ်ငန်းကကြေညာ

Monday, January 6, 2014
ရွှန်းလဲ့ဝင်း

MITT ဆိပ်ကမ်းအတွင်းသို့ ၀င်ရောက်ရန် စောင့်ဆိုင်းနေသည့် သစ်လုံးတင်ယာဉ်များအား ၂၀၁၃ ခုနှစ်က တွေ့ရစဉ် (ဓာတ်ပုံ-ရွှန်းလဲ့ဝင်း)


ရန်ကုန်ဆိပ်ကမ်းများမှ ပြည်ပသို့ မြန်မာ့သစ်များ တင်ပို့ခြင်းအား ၂၀၁၄ ခုနှစ် မတ် ၃၁ ရက် ည ၁၂ နာရီ နောက်ဆုံးထား တင်ပို့ကြရန် မြန်မာ့သစ်လုပ်ငန်းမှ ကြေညာချက် ထုတ်ပြန်ထားကြောင်း သိရသည်။

၂၀၁၄ ခုနှစ် ဧပြီ ၁ ရက်မှစ၍ ပြည်ပသို့ သစ်အလုံးလိုက် တင်ပို့မှုကို ရပ်ဆိုင်းပြီး တန်ဖိုးမြင့် သစ်အချောထည်များကိုသာ တင်ပို့ရောင်းချခွင့် ပြုမည်ဖြစ်သည်။

သို့ဖြစ်၍ ပြည်ပသို့ မြန်မာ့သစ်များ တင်ပို့သည့် ဆိပ်ကမ်းများအား ၂၀၁၄ ခုနှစ် မတ် ၃၁ ရက် ည ၁၂ နာရီအထိသာ သင်္ဘောတင်ခွင့်ပြုရန် ယခုကဲ့သို့ ကြေညာချက် ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။

“မြန်မာ့သစ်လုပ်ငန်းက ဆိပ်ကမ်းတွေကနေ သစ်တွေကို ပြည်ပတင်ပို့ဖို့ သင်္ဘောတင်တာကို ၂၀၁၄ ခုနှစ် မတ် ၃၁ ရက် ည ၁၂ နာရီ အထိပဲ ခွင့်ပြုဖို့ စာထုတ်ထားပါတယ်။ ဆိပ်ကမ်းတွေကနေ သင်္ဘောတင်ရင် ကားတွေနဲ့ တစ်ခါတည်းလာပြီး တင်တာဖြစ်တဲ့အတွက် ည ၁၂ နာရီကျော်မှ ရောက်လာတဲ့ ကားတွေကို သင်္ဘောတင်ခွင့် မပြုဘဲ ပြန်လွှတ်ရမှာပေါ့” ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံ အနေဖြင့် ၂၀၁၄ ခုနှစ်တွင် ပြည်ပသို့ သစ်အလုံးလိုက် တင်ပို့မှု ရပ်ဆိုင်းတော့မည် ဖြစ်သဖြင့် သစ်နှင့်သစ်အခြေခံ ပစ္စည်းများကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်မည့် စက်ရုံများ တည်ထောင်ရေးအတွက် အာရှအခြေစိုက် ကုမ္ပဏီများမှ လာရောက်ဆွေးနွေးလျက်ရှိကြောင်း သိရသည်။

အိန္ဒိယအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်သည့် Greenply Industries (Myanmar) P.Ltd.(India) အား သစ်အချောထည် ပစ္စည်းများ ထုတ်လုပ်သည့်လုပ်ငန်းကို ၂၀၁၃ ခုနှစ် ဇွန်လအတွင်းက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း သိရသည်။

အလားတူ မြန်မာနိုင်ငံအတွင်း သစ်အချောထည်ပစ္စည်းများ ထုတ်လုပ်မည့် စက်ရုံများ တည်ထောင်နိုင်ရန် အမေရိကန်နှင့် အီးယူနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနမှ သိရသည်။

စစ်ဘေးသင့် မြန်မာတိုင်းရင်းသားများအတွက် ယန်း ၁၀ ဘီလျံ အကူအညီပေးရန် ဂျပန်စီစဉ်

Monday, January 6, 2014


၂၀၁၃ ခုနှစ် နိုဝင်ဘာလအတွင်းက ကချင်ပြည်နယ် မန်စီမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ဒုက္ခသည်စခန်း တစ်နေရာအား ညပိုင်းတွင် တွေ့ရစဉ်


ပြည်တွင်းလက်နက်ကိုင် တိုက်ပွဲများအတွင်း ဒုက္ခကြုံတွေ့ခဲ့ကြရသည့် မြန်မာတိုင်းရင်းသားများအတွက် လာမည့်ငါးနှစ်အတွင်း ယန်း ၁၀ ဘီလျံ အကူအညီပေးပြီး ပမာဏအများစုမှာ ထောက်ပံ့ငွေများ ဖြစ်မည်ဟု ဂျပန်အစိုးရ သတင်းရင်းမြစ်များက ဇန်န၀ါရီ ၄ ရက်တွင် ပြောကြားခဲ့ကြောင်း ကျိုဒိုသတင်းဌာနက ဖော်ပြခဲ့သည်။

မြန်မာအစိုးနှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအကြား ပြုလုပ်နေသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို အရှိန်မြှင့်ဆောင်ရွက်နိုင်ရန် ဂျပန်အစိုးရက ယခုကဲ့သို့ ကူညီထောက်ပံ့မှုများ ပြုလုပ်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေး လုပ်ငန်းများအား ကူညီရန်နှင့် နှစ်နိုင်ငံအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာစေရန် ချေးငွေနှင့် ကူညီထောက်ပံ့ငွေ ယန်း ၁၅၀ ဘီလျံကျော်ကို ပေးသွားမည်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် အရှင်ဇိုအာဘေးက ကတိပြုထားသည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးများနှင့် ပြန်လည်ရင်ကြားစေ့ အစီအစဉ်များ အရှိန်အဟုန်မြှင့် လုပ်ဆောင်နိုင်ပြီး ပြည်သူများ၏ လူနေမှု အဆင့်အတန်းများ တိုးတက်စေရေးအတွက် အကူအညီပေးရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။

အစားအစာနှင့် ဆေးဝါးများ ကူညီထောက်ပံ့ရန်၊ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရန်နှင့် စစ်ပွဲများကြောင့် နေရပ်စွန့်ခွာ ခဲ့ရသူများအား ပြန်လည်နေရာ ချထားပေးရေးအတွက် ကူညီထောက်ပံ့မှုများကို အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် ဂျပန်အစိုးရက စီစဉ်ထားကြောင်း သိရသည်။

ဂျပန်အစိုးရ၏ ယခုအစီအစဉ်အား မြန်မာအစိုးရနှင့် တိုင်းရင်းသား အဖွဲ့အစည်းများ၏ သဘောတူညီချက် ရရှိပြီးပါက အသေးစိတ် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

ဂျပန်အစိုးရ အနေဖြင့် ၂၀၁၄ ခုနှစ် ဘဏ္ဍာနှစ်အတွက် ပြည်ပနိုင်ငံများသို့ အကူအညီပေးမှု စုစုပေါင်း ယန်း ၅၅၀ ဒသမ ၂ ဘီလျံ လျှော့ချသွားမည်ဟု ဒီဇင်ဘာ ၂၄ ရက်က ထုတ်ပြန်ခဲ့သော်လည်း မြန်မာနိုင်ငံအား အကူအညီပေးရန် ယခုလို စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။

သို့သော် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) အနေဖြင့် ထောက်ပံ့ကူညီမှု ပမာဏ ၁ ဒသမ ၉ ရာခိုင်နှုန်းကို ၂၀၁၄ ခုနှစ်အတွင်း တိုးမြှင့်ကာ အစိုးရချင်း ပူးပေါင်းဆောင်ရွက်မှုမှ အဖွဲ့အစည်းပေါင်းစုံနှင့် ပူးပေါင်းဆောင်ရွက်မှုပုံစံသို့ ကူးပြောင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

EMG

မြတ်စွာဘုရား က ကုလားဆိုတာ ဟုတ်သလား ?





အစ္စလာမ်ဘာသာဝင် မွတ်စလင်များမေးလေ့ရှိသော မေးခွန်းတစ်ခုကို
ပြန်လည်ဖြေရှင်းပြထားခြင်း ဖြစ်ပါတယ်။

မေးခွန်း ။ ။
=======
မင်းတို့ ဘုရားက ကုလားကြီး၊ ကုလားကို ကိုးကွယ်ပြီး ကုလားတွေကို ပြန်စော်ကားနေကြတာပဲ။
ဒါကြောင့် မင်းတို့ ဘုရားကို ကုလားပြည် ပြန်ပို့ ဖို့ ပဲ ရှိတယ်။ မင်းတို့ ဘုရားက ကုလားမဟုတ်လို့  ဘာလဲ?

ဖြေဆိုချက် ။ ။
===========
ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွဋ်အမြတ်ကိုးကွယ်ရာ ဂေါတမမြတ်စွာ
ဘုရားကို ကုလားတစ်ယောက်ဖြစ်ပါတယ်လို့ ပြောနေတဲ့အကြောင်းပါ။

ဗုဒ္ဓဟာ ကုလားပြည်သား ဖြစ်တယ်ဆိုတာနဲ့ ပက်သက်ပြီး ပြောချင်ပါတယ်။
ဘုရားဟောကျမ်း များအရရော၊ ကမ္ဘာ့အဖွဲ့အစည်းအသီးသီးက လက်ခံ၊
အတည်ပြုထားကြတဲ့ သမိုင်းအထောက်အထား များအရရောဆိုရင် ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားကို ခရစ်တော်မပေါ်မီ ဘီစီ ၅၆၃ ခုနှစ်မှာ ကပိလ၀တ်ပြည့်ရှင် သုဒ္ဓေါဒနမင်းကြီးရဲ့ မိဖုရားခေါင်ကြီး သီရိမဟာမာယာဒေ၀ီက ကပိလ၀တ်ပြည်နဲ့ ဒေ၀ဒဟပြည်အကြား လုမ္ဗိနီအင်ကြင်းဥယျာဉ် (ယခု နီပေါနိုင်ငံ) မှာမွေးဖွားခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန် အိန္ဒိယနိုင်ငံမှာ ကပိလ၀တ်ပြည်၊ ဒေ၀ဒဟပြည်၊ ရာဇဂြိုဟ်ပြည်၊ ဝေသာလီပြည်အစရှိတဲ့ မြို့ပြနိုင်ငံငယ်လေး များကို ထွန်းကားနေတဲ့အချိန်ဖြစ်ပါတယ်။ ကပိလ၀တ်ပြည်ကို အုပ်ချုပ်တဲ့ မင်းမျိုးမင်းနွယ်တွေဟာ သကျသာကီဝင်လူမျိုးတွေဖြစ်ပါတယ်။ ကပိလ၀တ်ပြည်ဟာ ယခုအိန္ဒိယနိုင်ငံမှာ ပါတယ်ဆိုတိုင်း ကပိလ၀တ်ဘုရင်ကလည်း အိန္ဒိယအမျိုးသားကြီး (သို့ မဟုတ်) ကုလားကြီးဆိုရင် မှားပါလိမ့်မယ်။

သကျသာကီဝင်အမျိုးဆိုတာဟာ ယခုခေတ်အိန္ဒိယနိုင်ငံရှိ အမျိုးအားလုံးနဲ့ မရောယှက်ပဲ ထိုခေတ်ထိုအခါကတည်းက သီးသန့် တစ်သွေးတစ်သားကို အလေးထားထိန်းသိမ်းခဲ့ကြသော မြင့်မြတ်တဲ့အမျိုးအနွယ်တွေဖြစ်ပါတယ်။ ဘယ်လောက်ထိတောင် ထိန်းသိမ်းသလဲဆိုရင် သကျသာကီဝင် မင်းမျိုးတွေဟာ တခြားအမျိုးအနွယ်တွေနဲ့ သွေးနှောမှာစိုးလို့ ကိုယ့်မောင်နှမ၀မ်းကွဲကိုသာ ပြန်ယူတဲ့အထိကို အမျိုးအနွယ်ကိုချစ်မြတ်နိုးစောင့်ရှောက် သန့်စင်စေသူများဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော် ဗုဒ္ဓရှင်တော် ပွင့်တော်မူတဲ့ကာလက အိန္ဒိယပြည်မှာ ဇာတ်ခွဲခြားမှုစနစ်ရှိပါတယ်။ ခတ္တိယ၊ ဗြဟ္မဏ၊ ဝေဿ၊ သုဒ္ဓ ဆိုတဲ့ အမျိုးဇာတ် လေးပါးထဲမှာ ဗုဒ္ဓရှင်တော်ဟာ တိုင်းသူပြည်သားအပေါင်းတို့ ရိုသေလေးမြတ်ရာ ထိပ်ဆုံးက ခတ္တိယအမျိုးထဲမှာပါပါတယ်။

ဒီအမျိုးဇာတ်လေးပါးထဲမှာ နောက်ဆုံးအမျိုးဖြစ်တဲ့ သုဒ္ဓဆိုတဲ့အမျိုးဟာ ဗုဒ္ဓရှင်တော်လက်ထက်တော်အခါက အနိမ့်ဆုံးဇာတ်နိမ့်အမျိုးတွေဖြစ်ကြပါတယ်။ လက်ရှိအိန္ဒိယနိုင်ငံမှာ အများစုနေထိုင်ကြတဲ့ အိန္ဒိယ တိုင်းရင်းသားများ ( Original ethnics) ဖြစ်ပါတယ်။ သူတို့ကိုမြန်မာတွေက ကုလားလို့လွယ်လင့်တကူခေါ်ကြတာဖြစ်ပါတယ်။(ဒါပေမယ့် ယခုအချိန်မှာတော့ ပွင့်လင်းလေးစားလာသော လူ့အဖွဲ့အစည်းများက အမျိုးဇာတ်ခွဲခြားမှုကို ကန့်ကွက်ကြလို့ တိုင်းရင်းသားအချင်းချင်းအတူတူဖြစ်ပါတယ်... ဟိုခေတ်အခါကတော့ အမျိုးဇာတ်ချင်း ခွဲခြားထားတာဖြစ်ပါတယ်။)

နောက်တစ်နည်းနဲ့တွက်ချက်မယ်ဆိုရင် ယခုခေတ်သမိုင်းသုတေသီများနဲ့ မနုဿာဗေဒပညာရှင်များ အလိုအရ ဗုဒ္ဓဘုရားရှင်ပွင့်ပေါ်တော်မူစဉ်က ထိုနယ်ထိုဒေသမှာနေကြတဲ့ လူမျိုးနွယ်တွေအားလုံးဟာ မွန်ဂိုမျိုးရင်းမှဆင်းသက်လာကြတဲ့ Mongoloid အနွယ်ဝင်တွေဖြစ်ပါတယ်။ ယခုခေတ် လူမျိုးနွယ်ခွဲခြားမှုအရဆိုရင် လူဖြူမျိုး ( Caucasians)၊ လူဝါမျိုး ( Mongoloids) နဲ့ လူမည်းမျိုး ( Negroids)ထဲမှာမှ လူဝါမျိုး (Mongoloid) ထဲမှာပါဝင်တဲ့ အမျိုးအနွယ်ဖြစ်ပါတယ်။ ဗုဒ္ဓရှင်တော်လက်ထက် ဇာတ်မြင့်လူတန်းစားသုံးမျိုးဖြစ်တဲ့ မင်းမျိုး (ခတ္တိယ)၊ ပုဏ္ဏားမျိုး (ဗြဟ္မဏ)၊ ကုန်သည်မျိုး (ဝေဿ) ဆိုတဲ့အမျိုးတွေက ဥရောပတိုက် အရှေ့ပိုင်းက ပြောင်းရွှေ့လာကြတဲ့ Caucasians မျိုးတွေဖြစ်ပါတယ်။ ဒါကြောင့် ဗုဒ္ဓမြတ်စွာဘုရားဟာ လူဝါမျိုး (Mongoloid) သော်လည်းကောင်း၊ လူဖြူမျိုး ( Caucasians) သော်လည်းကောင်း၊ အဆိုပါအရင်းအမြစ်တစ်ခုခု က ပွင့်ထွန်းပေါ်ပေါက်တော်မူလာတာဖြစ်ပါတယ်။

ဘာသာရေးကို ထဲထဲဝင်ဝင်နားလည်ခြင်းမရှိပဲ အပေါ်ယံလေ့လာသူများပြောသလို ကုလားပြည်က ကုလားဘုရင်ကြီးနဲ့ ကုလားမိဖုရားကြီး ထိမ်းမြားကြလို့ ထွက်လာတဲ့ ကုလားလူမျိုး၊ ကုလားမင်းသားလေးမဟုတ်ပါ။
အလွန်အင်မတန် အထက်တန်းကျ၊ အမျိုးဂုဏ်မာန် မြင့်မြတ်တော်မူတဲ့ လူဝါမျိုးနှင့် လူဖြူမျိုးအရင်းအမြစ်ခံ သကျသာကီဝင်ခတ္တိယမင်းမျိုးမင်းနွယ်မှ ဆင်းသက်လာသော သာကီဝင်မင်းသွေးစစ်စစ်ဖြစ်ပါတယ်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးများကလည်း ဗုဒ္ဓရှင်တော်ကို ဘုရင့်သားတော်ဖြစ်လို့၊ မြင့်မြတ်လို့၊ တန်ခိုးအာဏာကြီးမားခဲ့လို့၊ ဈာန်အဘိညာဉ်နဲ့ပြည့်စုံလို့ ကယ်မခြင်းခံရအောင်၊ ကောင်းချီးပေးခြင်းခံရအောင် ကိုးကွယ်ဆည်းကပ်တာမဟုတ်ပဲ ကျွန်တော်တို့ကို ဘယ်ဟာကောင်းသလဲ၊ ဘယ်ဟာမကောင်းဘူးလဲဆိုတာကို ရှင်းရှင်းလင်းလင်းသိအောင် လမ်းညွှန်ပြသဆုံးမပေးတဲ့ ဆရာတစ်ယောက်အဖြစ်၊ လူနတ်ဗြဟ္မာ လောကီစည်းစိမ်ချမ်းသာတို့အားလုံးထက် သာလွန်မြင့်မြတ်တဲ့ နိဗ္ဗာန်တည်းဟူသော အမတသုခကို ပို့ဆောင်ပေးတော်မူတဲ့ ကျေးဇူးရှင်တစ်ပါးအဖြစ် ရိုရိုသေသေ၊ ယုံယုံကြည်ကြည်၊ ချစ်မြတ်နိုးစွာနဲ့ ကိုးကွယ်ဆည်းကပ်ကြတာဖြစ်ပါတယ်။ ကြောက်လို့လည်းမဟုတ်၊ မိဘကိုးကွယ်လို့ လိုက်ကိုးကွယ်တာလည်းမမည်သလို အားနာခြင်းလည်းမပါပါ။ အစ္စလာမ် ဘာသာဝင်တွေလို ကြောက်လို့ ကိုးကွယ်နေကြတာ တစ်ယောက်မှ မပါဘူး။

ဒီတော့ နောက်ဆုံး ပြောကြားလိုတာက ဗုဒ္ဓဘာသာဝင်များ ကိုးကွယ်ယုံကြည်နေသော ဘုရားရှင်သည်

- အမျိုးထဲမှာလည်း အမြင့်မြတ်ဆုံးမျိုးရိုးဖြစ်ပါတယ်
- ဥစ္စာဓနအရမှာလည်း အချမ်းသာဆုံး ဖြစ်ကြပါတယ်။
- အသားအရည်၊ ရုပ်ရည်ပိုင်းမှာလည်း ချောမောလှပပြီး ကြည်ညိုဖွယ်ရာဖြစ်ပါတယ်။
- ထိုခောတ်ထိုအခါမှာ ပညာတတ်ဖြစ်ပါတယ်။

ဘာသာခြားများအားလုံး အသိအလိမ္မာရှိစွာ ဆင်ခြင်တုံညာဏ်နဲ့ ပြည့်စုံကြပါစေ။

By
Kaung Myat Min Soe

၅၉ (စ) ပြင်ဆင်ခြင်း နှင့် ဒေါ်အောင်ဆန်းစုကြည်၊ NLD တို့၏ အနာဂတ်




ဒေါ်စု နှင့် NLD က ၅၉ (စ) ကို ပြင်ချင်တယ်ဆိုတာတွေ ခုတစ်လောမှာ လုပ်လာတယ်။ ဟုတ်ပြီ ပြင်ကြမယ်ပဲ ဆိုပါစို့။ ဘယ်လိုပြင်ချင်တာလဲက အရေးကြီးလာတယ်။ ခက်နေတာက ဘယ်လိုပဲပြင်ပြင် ဒေါ်စုသမ္မတ ဖြစ်နိုင်သည်ထက်ပြင်ရင် အမျိုးသားလုံခြုံရေးကို ထိခိုက်မယ်။

ဒေါ်စုက တိုင်းရင်းသား မိဘနှစ်ပါးက မွေးလာတာတွေက မှန်ပေမယ့် ၅၉ (စ) ကို ပြင်/ဖျက်ရလောက်အောင်ထိ ၅၉ (ခ) က မလုံခြုံသေးဘူး။ ၅၉ (စ) ပြင်ဆင်လိုက်ရင် ဖြစ်လာမယ့် အကျိုးဆက်ကို ဥပဒေပညာရှင် ဒေါက်တာ ဆလိုင်းငွန်ကျုံးလျန်ပြောတာ အထင်အရှားရှိတယ်။ ဘယ်သူမှ မငြင်းနိုင်ဘူး။ အမျိုးသားလုံခြုံရေးကို ထိခိုက်မယ်ဆိုရင် ဒေါ်စုလည်း မရဘူး။ အခြား ဘယ်သူမှလည်း မရဘူး။ ကန့်ကွက်ကြမှာပဲ။ ဒေါ်စုအနေနှင့်လည်း ဒါကို သဘောပေါက်ပြီး နောက်တက်လာမယ့် အစိုးရမှာ နောက်ကွယ်က သြဇာအာဏာရှိတဲ့သူ အနေအထားကို စဉ်းစားတာက ပိုအဆင်ပြေမယ်။ ဒေါ်စုရဲ့ အလုပ်လုပ်ပုံတွေကို ကြည့်လိုက်ရင် ဘယ်ကိစ္စတစ်ခုမှ ဖြေရှင်းနိုင်တာ မတွေ့ရဘူး။ လက်ပံတောင်း။ တရားဥပဒေစိုးမိုးရေးကော်မတီ။ ဒေါ်စုကို သမ္မတနေရာမှာ စဉ်းစားကြည့်ရင် သာမာန်ပုဂ္ဂိုလ်တစ်ယောက်ရဲ့ အရည်အချင်းပဲရှိတယ် ဒီ့ထက်မပိုဘူးလို့ သုံးသပ်လို့ရတယ်။

တစ်ဖက်ကကြည့်ရင်တော့လည်း ဒေါ်စုရဲ့ အရှိန်အဝါနှင့် အင်းမေ့ဂ်ျက ကမ္ဘာ့အကြီးဆုံး ပုဂ္ဂိုလ်တွေထဲမှာ ပါတယ်။ ဒီတော့ ဒေါ်စု တက်လာရင် ပြည်ပအကူအညီနှင့် အထောက်အပံ့ကို ရနိုင်မယ်ဆိုတဲ့ အနေအထားမျိုး ရှိတယ်။ အခုလည်း ရထားတာ ရှိတယ်။

တွေးစရာက ဒေါ်စုအာဏာရလာရင် ၅၉ (စ) ကို ပြင်လိုက်လို့ ပြည်ပက နိုင်ငံတော် အချုပ်အခြာအာဏာပိုင်မှုကို ထိပါးလာနိုင်တဲ့ အခြေအနေနှင့် တိုင်းရင်းသားတွေရဲ့ အပိုင်းကဏ္ဍမှာ ဒေါ်စု မကိုင်တွယ်နိုင်မယ့် ကိစ္စ။ တိုင်းရင်းသား လက်နက်ကိုင်တွေနှင့် ပြသနာက ဒေါ်စု ပြောပြောနေသလို ဒီမိုကရေစီစံနှုန်းနှင့် မပြီးဘူး။ ပြီးပြီးရော ဆိုသလို ပြည်နယ်တွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ယူကြဆိုရင်လည်း မူဘောင် မရှိသေးဘူး။ ဒါတွေကို တိုင်းရင်းသားများက ဒေါ်စုကို ပါဝင်စေချင်ပေမယ့် နှာစေးနေတော့ တာရှည်မှာ အမြင်မကြည်စရာ ဖြစ်လာတယ်။ ဆန့်ကျင်ဖက် အနေနှင့် တိုင်းရင်းသား တစ်ချို့ (ရခိုင်၊ မွန်၊ ကရင်) တို့နှင့် လူမျိုးရေး ပဋိပက္ခရှိတဲ့ ရိုဟင်ဂျာ အမည်ခံ ဘင်္ဂါလီနှင့် ပလဲပနံသင့်နေတော့ ပိုပြီး အထင်လွဲစရာ ဖြစ်နေတယ်။ ခုချိန်မှာ ဒေါ်စုနှင့် NLD တကယ် အာရုံစိုက်သင့်တာက ၅၉ (စ) ပြင်ဆင်ရေးထက် Decentralization ပဲ။ ဒီကိစ္စကို ခုချိန်မှာ ပြေလည်အောင် တိုင်းရင်းသားတွေနှင့် ညှိနှိုင်းထားနိုင်ရင် ဒေါ်စု သမ္မတဖြစ်သည် ဖြစ်စေ မဖြစ်သည် ဖြစ်စေ နောင်အနာဂတ်နိုင်ငံ တည်ဆောက်ရေးမှာ ဒေါ်စု အခန်းကဏ္ဍက အဓိက roll က ပါဝင်လာမယ်။ ဆိုလိုတာက သမ္မတ မဖြစ်လဲ နိုင်ငံ့ခေါင်းဆောင်ပဲ။ ဖြစ်လည်း နိုင်ငံခေါင်းဆောင်ပဲ။ ဒါကို မဖြေရှင်းပဲ သမ္မတဖြစ်သွားရင် ဒေါ်စု အရည်အချင်းနှင့်ဆို သမ္မတ သက်တမ်းတစ်ဝက်လောက်မှာ ရှင်းမရအောင် ရှုပ်လာလိမ့်မယ်။

အနောက်က အကူအညီကတော့ ဒေါ်စု သမ္မတ ဖြစ်ဖြစ် မဖြစ်ဖြစ် ပေးလာမှာပဲ။ သူတို့ ကြည့်နေတဲ့ ဒီမိုကရေစီရှိမရှိဆိုတာမှာ ဒေါ်စု သမ္မတ အရွေးချယ်ခံနိုင်ရေးဟာ အချက်တစ်ချက်အဖြစ်သာ ပါဝင်ပြီး ကျန်တဲ့ အချက်တွေလည်း ရှိသေးတယ်။ ကျန်အချက်တွေမှာ ဦးသိန်းစိန်ရဲ့ အနေအထားက ကောင်းနေတော့ အကူအညီက လာမှာက လာမှာပဲ။ ဒေါ်စု သမ္မတဖြစ်မှ အကူအညီ ရင်းနှီးမြှပ်နှံမှု လာမယ်ဆိုတာက ယုတ္တိမတန်တဲ့ တွေးဆချက်တွေ။ ဗီယက်နမ်ဟာ အနောက်ကပေးတဲ့ ဒီမိုကရေစီ စံနှုန်းတွေကို မလိုက်နာခဲ့တာက များတယ်။ ဒါပေမယ့် strategic source ဖြစ်နေလို့ အနောက်က လိုက်လျောရတယ်။ ခု ဗီယက်နမ် အနေအထားက သိတယ့်အတိုင်းပဲ။ ထိုင်း၊ မလေးရှားနှင့် တန်းတူ ဖြစ်သွားပြီ။ မြန်မာက strategic source ပိုကျတယ်။ လက်မလွှတ်ရဲကြဘူး။ တရုတ် နှင့် အိန္ဒိယရဲ့ လက်ဦးမှုကိုလည်း ကြောက်ကြတယ်။ အထူးသဖြင့် natural resources တွေမှာ။

နောက်တစ်ခုက ဒေါ်စုအနေနှင့် ကြံ့ဖွံ့ရဲ့ ကစားကွက်မှာ မျောသွားပြီ။ ကြံ့ဖွံ့က ၅၉ (စ) ပြင်ဖို့တင်မယ် ပြောတယ်။ ပြင်ပေမယ့်လို့ အဆင်မပြေနိုင်ဘူး။ သားနှစ်ယောက် နိုင်ငံသား ဖြစ်နိုင်မယ့် ကိစ္စမှာ နိုင်ငံတော်ကောင်စီက ခွင့်ပြုပေးရင် ရနိုင်မယ့် အခြေအနေရှိပေမယ့် ချွေးမက မရနိုင်ဘူး။ မြန်မာနိုင်ငံသား ဖြစ်ရန် နှစ် ၂၀ နေဖူးသူ ဖြစ်ရမည်ဆိုတဲ့ ၈၂ နိုင်ငံသား ဥပဒေနှင့် ညိနေတယ်။ ဒါကို မကျေနပ်လို့ ၈၂ ကို ပြင်ဖို့ကြိုးစားလာလျှင် မျိုးချစ်တွေက လက်မခံဘူး။ ရိုဟင်ဂျာ အမည်ခံ ဘင်္ဂါလီတွေက ၈၂ ပြင်ဆင်ရေး ထောက်ခံလာလို့ တိုင်းရင်းသား ပါတီတွေက ဒေါ်စုကို လက်ခံမှာ မဟုတ်တော့ဘူး။

ဒီအခြေအနေက NLD ဟာ ပြည်သူ့အမုန်းခံပါတီအဖြစ်တောင် ရောက်သွားနိုင်တယ်။ ခုတောင်မှပဲ အရည်အချင်းမဲ့ ပါတီဝင်အချို့ရဲ့ စကားတွေကြောင့် NLD က နာမည်ပျက်စ ပြုနေပြီ။ ကုလားနှင့် သွားပေါင်းရင် ရှင်းမရတော့ဘူး။ NLD မြောင်းထဲရောက်သွားမယ်။ ဒါကို သိဖို့လိုတယ်။

ပြသနာအားလုံးရဲ့ ရင်းမြစ်ကို ကြည့်ရင် ၅၉ (စ) ပြင်ပြီး ဒေါ်စု သမ္မတဖြစ်ချင်တာက အဓိကအကြောင်းရင်း ဖြစ်နေတယ်။ ခုချိန်ထိ NLD နှင့် ဒေါ်စုတို့ မြင်နေတဲ့အတွေးက ဘာဖြစ်ဖြစ် ဒေါ်စုကို ထောက်ခံတုန်းဆိုတဲ့ လွဲမှားတဲ့ အမြင်။ NLD နှင့် ကုလားပေါင်းလိုက်ရင် မျိုးချစ်အင်အား မှုစရာ မလိုဘူးဆိုတဲ့ အတွေးကလည်း ရှိနေတယ်။ ဒါပေမယ့် ၅၉ (စ) ကို ပြင်ဖို့ကြိုးစားရင် မျိုးချစ်၊ တိုင်းရင်းသားနှင့် စစ်တပ်တို့ ပေါင်းစည်းမိသွားမယ်ဆိုတာကို ထည့်တွက်ရပါမယ်။ ကြံ့ဖွံကတော့ နှစ်ဖက်ကြားက အမြတ်ထုတ်ဖို့ ကြိုးစားလိမ့်မယ်။

ဒီလို အခြေအနေကို ရွေ့နေတယ်ဆိုရင် NLD အနေနှင့် ဒေါ်စုအနေနှင့် ဘယ်လို ဖြေရှင်းသင့်လဲ။ အကောင်းဆုံးကတော့ ၅၉ (စ) ကို ပြင်ဆင်ဖို့ မကြိုးစားခြင်းပါ။ ၅၉ (စ) ရဲ့ နောက်ဆက်တွဲ ၈၂ နိုင်ငံသားဥပဒေကို ထိပါးခြင်း မပြုဖို့ပါ။ အဲဒီအစား တိုင်းရင်းသားပါတီတွေနှင့် ပူးပေါင်းပြီး ပြည်နယ်အာဏာခွဲဝေခြင်းကိစ္စ၊ သယံဇာတ ခွဲဝေခြင်းကိစ္စတို့ကို ညှိနှိုင်းပြီး ဖွဲ့စည်းပုံမှာ ပြင်ဆင်ဖို့ ဆောင်ရွက်သင့်ပါတယ်။ ဒါဆိုရင် NLD နှင့် ဒေါ်စုရဲ့ ပုံရိပ်က အမြင့်ဆုံးကို ရောက်သွားပါလိမ့်မယ်။ မေးစရာရှိလာတာက ဒီလိုဆိုရင် ဒေါ်စု သမ္မတ မလုပ်ရတော့ဘူးလား။ သမ္မတ မဖြစ်တော့ပါဘူး။ ဒါပေမယ့် သမ္မတထက် မြင့်တဲ့နေရာမှာ ရှိနေပါလိမ့်မယ်။ သမ္မတဆိုတာ ပညတ်ချက်တစ်ခုပါ။ သွားလေသူ တောင်အာဖရိက ခေါင်းဆောင်ကြီး နယ်လဆင် မင်ဒဲလား၊ စင်္ကာပူ ဝါရင့်ဝန်ကြီး လီကွမ်ယု၊ တရုတ်ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန်တို့လို အနေအထားမျိုး ဖြစ်သင့်ပါတယ်။

ဒီအတိုင်းဆက်သွားရင်တော့ NLD နှင့် ဒေါ်စုရဲ့ အနာဂတ်က သိပ်မကောင်းပါဘူး။ လူတစ်ယောက်ကို ဖျက်ဆီးတာဟာ သူ့ရဲ့လောဘသာလျှင် ဖြစ်တယ်လို့ ဆိုကြပါတယ်။ ဒေါ်စု နှင့် NLD ကို ဖျက်ဆီးလျှင်လည်း ဒေါ်စု နှင့် NLD ရဲ့ လောဘကြောင့်သာလျှင် ဖြစ်တယ်လို့ ဆိုရပါလိမ့်မယ်။

အမှားသိ၍ အမှန်ပြင်နိုင်ကြပါစေ။

From: Myo Min Thant

မြန်မာနိုင်ငံ၏ မြေဈေးနှုန်းကြီးမြင့်မှု ပြဿနာကြောင့် သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်း မြေဈေးနှုန်းများကို ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များအတွက် လက်ရှိပေါက်ဈေးထက် နည်းပါးစေရန် ဆောင်ရွက်မည်

Monday, January 6, 2014
ဖြိုးဝေ

သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းအတွင်းရှိ မြေကွက်များကို တွေ့ရစဉ် (ဓာတ်ပုံ-နီလာ)


မြန်မာနိုင်ငံအတွင်း ၀င်ရောက်မြှုပ်နှံလိုသည့် နိုင်ငံတကာ ကုမ္ပဏီ အများအပြား ရှိနေသော်လည်း မြေဈေးနှုန်း ကြီးမြင့်လွန်းသည်ဟုဆိုကာ ရင်းနှီးမြှုပ်နှံမှုများ တွန့်ဆုတ်နေသောကြောင့် ဂျပန်နိုင်ငံနှင့် ပူးပေါင်းတည်ထောင်မည့် သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းတွင် မြေဈေးနှုန်း သတ်မှတ်မှုအား လက်ရှိရန်ကုန်မြို့၏ စက်မှုဇုန် ဈေးနှုန်းများထက် နည်းပါးစေရန် လုပ်ဆောင်မည်ဖြစ်ကြောင်း ကုန်သည်စက်မှု အသင်းချုပ်နှင့် သီလ၀ါ အထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားသည်။

“နိုင်ငံတကာက လာမြှုပ်နှံတဲ့အခါမှာ မြန်မာနိုင်ငံရဲ့ မြေဈေးနှုန်းက မြင့်လွန်းတယ်ဆိုပြီး ဝေဖန်ကြတယ်။ အခုကျွန်တော် အာမခံနိုင်တာက သီလ၀ါ အထူးစီးပွားရေးဇုန်မှာ မြှုပ်နှံမယ့် မြေဈေးနှုန်းက လက်ရှိရင်းနှီးမြှုပ်နှံနေတဲ့ စက်မှုဇုန် မြေဈေးနှုန်းတွေထက် နည်းစေရပါမယ်” ဟု ၎င်းကဆိုသည်။

သီလ၀ါ အထူးစီးပွားရေးဇုန်အဖြစ် မြေဧက ၆၀၀၀ နီးပါးအား ၂၀၁၃ ခုနှစ် စက်တင်ဘာလအတွင်း နယ်နိမိတ် သတ်မှတ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ယင်းသို့ သတ်မှတ်ရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင် အတွင်းရှိ နယ်နိမိတ်တိုင်းတာ ပြီးစီးမှု အမှတ်ပေါင်း ၁၇၉ ခုဖြစ်သည့် နယ်မြေဧရိယာ စတုရန်းကီလိုမီတာအားဖြင့် ၂၃ ဒသမ ၄၂၂၁ (ဧရိယာ အကျယ်အ၀န်းအားဖြင့် ၅၇၈၇ ဒသမ ၇၁၈ ဧက) ကို သီလ၀ါ အထူးစီးပွားရေးဇုန်အဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်သည်။

သီလ၀ါ အထူးစီးပွားရေးဇုန်အဖြစ် သတ်မှတ်ခဲ့သည့် နယ်နိမိတ်အတွင်း မြန်မာစီးပွားရေး ကော်ပိုရေးရှင်း၏ ဖန်ချက်စက်ရုံ၊ သွပ်ပြားစက်ရုံ၊ ဖိနပ်စက်ရုံများ အပါအ၀င် ဌာနဆိုင်ရာ၊ အဖွဲ့အစည်း၊ ရပ်ကွက်များနှင့် ဘာသာရေး အဆောက်အအုံများ အသုံးပြုထားသည့် အ၀န်းအ၀ိုင်းများ တည်ရှိရာ ၁၃၄၅ ဒသမ ၆၄၄ ဧကကို ချန်လှပ်ထားရမည်ဟု ထည့်သွင်းဖော်ပြထားသည်။

“ရှယ်ယာတစ်စုကို ကျပ်တစ်သောင်းနှုန်းနဲ့ ရောင်းချပေးမှာ ဖြစ်သလို မြေဈေးနှုန်း သတ်မှတ်ပြီးရင်လည်း အမှန်တကယ် ရင်းနှီးမြှုပ်နှံသူတွေပဲ မြေ၀ယ်ယူခွင့်ရဖို့ စိစစ်သွားပါမယ်” ဟု ဦးဝင်းအောင်က ဆက်လက်ပြောကြားသည်။

သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းမြေကွက်များအား တစ်ဧကလျှင် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာဖြင့် ရောင်းချမည်ဆိုသည့် သတင်းများနှင့် မြန်မာနိုင်ငံသား လုပ်ငန်းရှင်များအား ရောင်းချမည်မဟုတ်ဟုဆိုသော သတင်းများမှာ မှားယွင်းနေကြောင်း ဦးဝင်းအောင်ကဆိုသည်။

ရန်ကုန်မြို့တွင်း စက်မှုဇုန်မြေများ၏ လက်ရှိအငှားဈေးနှုန်းများမှာ တစ်ပေပတ်လည်လျှင် ကျပ် ၂၀၀၊ ၂၅၀ ရှိပြီး အရောင်းဈေးနှုန်းမှာ တစ်ဧကလျှင် ကျပ်သိန်း ၁၀၀၀ ခန့်မှ ကျပ်သိန်း ၄၅၀၀ ၀န်းကျင်အထိ ကွာဟမှုအရ ရှိနေသည်။

EMG

သမ္မတနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့အား ကေအန်ယူ ခေါင်းဆောင်များမှ တွေ့ဆုံကာ အပစ်အခတ် ရပ်စဲရေးဆိုင်ရာနှင့် ပတ်သက်ပြီး တိုင်းရင်းသားများ၏ လှုပ်ရှားမှုများကို တင်ပြဆွေးနွေးခဲ့

Monday, January 6, 2014
အောင်ဇော်ထွန်း

နိုင်ငံတော်သမ္မတနှင့် ကေအင်န်ယူခေါင်းဆောင်များ ဇန်န၀ါရီ ၅ ရက်က တွေ့ဆုံစဉ် (ဓာတ်ပုံ-Hla Maung Shwe/Facebook)


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အား ကေအန်ယူခေါင်းဆောင်များမှ နေပြည်တော်၌ သွားရောက်တွေ့ဆုံကာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာနှင့် ပတ်သက်ပြီး တိုင်းရင်းသားများ၏ လှုပ်ရှားမှုများကို တင်ပြဆွေးနွေးခဲ့သည်ဟု ကရင်အမျိုးသား အစည်းအရုံးမှ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ကေအန်ယူခေါင်းဆောင်များသည် ဇန်န၀ါရီ ၅ ရက် နံနက်ပိုင်းက နေပြည်တော် ဧက ၅၀၀ စံပြစိုက်ခင်းရှိ လယ်တောဆောင်တွင် ၂ နာရီနီးပါး တွေ့ဆုံကာ ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်းနှင့် ဆွေးနွေးမှုတွင် နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးစိုးသိန်း၊ ဦးခင်ရီ၊ ဒုတိယ၀န်ကြီး ဦးရဲထွဋ်နှင့် Myanmar Peace Center မှ တာဝန်ရှိသူများပါဝင်ပြီး ကေအန်ယူဘက်မှ ဗိုလ်ချုပ်ကြီးမူ တူးဆေးဖိုး၊ ပဒိုစောကွယ်ထူးဝင်း၊ ပဒိုမန်းငြိမ်းမောင်နှင့် တပ်ပိုင်းဆိုင်ရာအရာရှိများ စုစုပေါင်း ၁၂ ဦး ပါဝင်သည်ဟု Myanmar Peace Center မှ သိရသည်။

ထို့ပြင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကေအန်ယူခေါင်းဆောင်များသည် ဇန်န၀ါရီ ၅ ရက် မွန်းလွဲပိုင်း၌ နေပြည်တော်တွင် ၁ နာရီခန့်ကြာ တွေ့ဆုံဆွေးနွေးခဲ့သည်ဟု သိရသည်။

ကရင်အမျိုးသား အစည်းအရုံးမှ ပဒိုစောကွယ်ထူးဝင်းက “အဓိကကတော့ ကျွန်တော်တို့ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာနဲ့ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မယ့် ကိစ္စတွေကို အဓိကထားပြီး ဆွေးနွေးပါတယ်။ အခုလာမယ့် တိုင်းရင်းသားတွေရဲ့ တိုင်းရင်းသားညီလာခံကိစ္စ၊ နောက်ပြီးတော့ ဘားအံမှာလုပ်မယ့် ကျွန်တော်တို့ ဆွေးနွေးမယ့် ကိစ္စမှာ အောင်မြင်ချင်တဲ့သဘော ကျွန်တော်တို့ အဲဒါကို တင်ပြဆွေးနွေးတာ ဖြစ်ပါတယ်။ သမ္မတကြီးကတော့ မူလရည်ရွယ်ချက်ရှိတဲ့အတိုင်း ပြည်တွင်းအပစ်အခတ်ရပ်စဲရေး လုပ်နိုင်ပြီးတော့ နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ တွေ့ဆုံဆွေးနွေးမှုနဲ့ စတင်နိုင်ဖို့ သူကလိုလားတာပေါ့” ဟု ပြောကြားသည်။

“သမ္မတကြီးနဲ့လည်း တွေ့ခဲ့တယ်။ ကာကွယ်ရေးဦးစီးချုပ်နဲ့လည်း တွေ့ခဲ့တယ်။ သူတို့ဆန္ဒကလည်း တိုင်းပြည်ငြိမ်းချမ်းဖို့အတွက် လိုလိုလားလား ရှိကြတယ်။ ဆန္ဒရှိကြတယ်။ ကြိုးစားကြဖို့လည်း သူတို့ကလည်း နှိုးဆော်တာပေါ့။ ကျွန်တော်တို့ တိုင်းရင်းသားဘက်ကလည်း တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ လှုပ်ရှားမှုတွေကို ကျွန်တော်တို့ တင်ပြခဲ့တယ်။ ဆွေးနွေးခဲ့တယ်။ ဒါကိုလည်းသူတို့က အများကြီးဝမ်းသာတယ်။ လိုအပ်တဲ့ အကူအညီတွေလည်း သူတို့ကပေးဖို့လည်း သူတို့ကတော့ ဆန္ဒရှိကြတယ်” ဟု ပဒိုစောကွယ်ထူးဝင်းက ဆိုသည်။

“ဆွေးနွေးတာကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို နှစ်ဖက်လုံးကနေပြီးတော့ တွေ့ဆုံဆွေးနွေးရေးကနေ အပစ်အခတ်ရပ်ပြီးတော့ စားပွဲဝိုင်းမှာ ပြဿနာတွေကို တွေ့ဆုံဆွေးနွေးနည်းနဲ့ ဖြေရှင်းကြဖို့ ထပ်ပြီးတော့ ညှိနှိုင်းကြတာပေါ့” ဟု Myanmar Peace Center မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

နိုင်ငံတော်သမ္မတနှင့် ကေအန်ယူခေါင်းဆောင်များသည် ၂၀၁၂ ခုနှစ်အတွင်းတွင် တစ်ကြိမ်၊ ၂၀၁၃ ခုနှစ်တွင် နှစ်ကြိမ် တွေ့ဆုံခဲ့ပြီး ယခုတစ်ကြိမ် တွေ့ဆုံမှု အပါအ၀င် လေးကြိမ်တွေ့ဆုံခဲ့ကြောင်းနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ကေအန်ယူခေါင်းဆောင်များသည် ယခုအကြိမ် အပါအ၀င် သုံးကြိမ်တွေ့ဆုံခဲ့ကြောင်း သိရသည်။

EMG

Facebook Fanpage များတွင် ကြည့်ရှုသူနှင့် Like လုပ်သူများလာစေရန် ငွေကြေးဖြင့် လုပ်ဆောင်မှု ပိုများလာ


Monday, January 6, 2014


Facebook Fanpage များတွင် နောက်ပိုင်း၌ အသုံးပြုသူ များလာစေရန်နှင့် Like လုပ်သူ များလာစေရန်အတွက် ငွေကြေးဖြင့် လုပ်ဆောင်မှုများ ပိုမိုများပြားလာကြောင်း သိရသည်။

“ဒီလိုမျိုးတွေ ပြုလုပ်နေတာတော့ ကြာပါပြီ။ အများဆုံး လုပ်တာကတော့ ကြော်ငြာကုမ္ပဏီတွေပါပဲ။ သူတို့က ကြော်ငြာအားကောင်းမှ သူတို့ရဲ့ ထုတ်ကုန်တွေကို လူသိမှာ။ ဒါကျတော့ အွန်လိုင်းကြော်ငြာပေါ့။ အခုနောက်ပိုင်းမှာဆိုရင် နိုင်ငံခြား ကြော်ငြာကုမ္ပဏီတွေလည်း အများဆုံး လုပ်လာကြတယ်။ ပြီးတော့ မီဒီယာအသေးစားတွေ ဆိုရင်လည်း လုပ်ကြတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် သူတို့တင်ဆက်တဲ့ သတင်းတွေကို လူတွေပိုပြီးတော့ သိလာမယ်။ ဒါကြောင့် တော်တော်များများက နောက်ပိုင်းမှာ လုပ်လာကြတယ်။ ဒါက Facebook မှာ ပိုက်ဆံပေးပြီး လုပ်ခိုင်းတယ်။ မခိုင်းဘူးဆိုတာက ကြည့်ရင်သိပါတယ်။ ဒါကလည်း ပိုက်ဆံပေးရင် ကိုယ်ကြိုက်တဲ့ပုံစံကို လုပ်ခိုင်းလို့ ရတယ်။ ပိုက်ဆံများများပေးရင် Like လုပ်တဲ့သူများလာမယ်။ ကြည့်တဲ့သူ များလာမယ်။ ကြော်ငြာအားကောင်းတာပေါ့” ဟု Myanmar soft-gate Technology မှ မန်နေဂျင်းဒါရိုက်တာ ကိုရန်နောင်စိုးက ပြောကြားသည်။

Facebook Fanpage များတွင် အသုံးပြုသူ များလာစေရန်အတွက် ငွေကြေးဖြင့်လုပ်ဆောင်ရာတွင် Super, Sunsilk.Pound's, Nivera, များအပါအ၀င် စုစုပေါင်း ကုမ္ပဏီ ၅၀ ကျော်ရှိပြီး အချို့မီဒီယာများလည်း ပါဝင်ကြောင်း သိရသည်။

“ဒီလိုမျိုး လုပ်တယ်ဆိုတာ ကြော်ငြာထုတ်ကုန်ဆိုရင်လည်း ဘယ်လောက်ကြော်ငြာ၊ ကြော်ငြာပစ္စည်းကောင်းမှ လူတွေသုံးကြမှာ။ ဒီလိုမျိုးတွေ ကြော်ငြာတာထက် ကိုယ့်ပစ္စည်းတွေကို ပိုပြီးကောင်းအောင် ထုတ်ရင်တော့ သုံးတဲ့သူ များလာမှာပေါ့။ မီဒီယာဆိုရင်လည်း ဒီလိုမျိုးပဲလေ။ ကိုယ်ကသူများထက်ဦးအောင်၊ ကောင်းအောင်တင်ဆက်ရင်တော့ လူကြိုက်များမှာပဲလေ။ ဒီိလိုမျိုး ပိုက်ဆံပေးပြီးတော့ Like လုပ်စရာတောင် မလိုဘူး။ တင်ဆက်တဲ့ သတင်းကောင်းလေ လူကြိုက်များလေပဲ” ဟု Facebook အသုံးပြူသူ အိုင်တီကျွမ်းကျင်သူ ကိုမင်းသီဟက ပြောကြားသည်။

“ဒီလိုမျိုးတွေ ကြော်ငြာတာက သတင်းစာတွေ၊ ဂျာနယ်တွေထဲမှာ ကြော်ငြာတာထက် ပိုက်ဆံပိုကုန်တယ်။ ဒီလိုမျိုးကြော်ငြာတဲ့ ပိုက်ဆံတွေကို Facebook ကပဲရတာ။ ဂျာနယ်ထဲမှာ ကြော်ငြာထည့်ရင် ပေးရသလိုပဲ” ဟု ကိုရန်နောင်စိုးက ဆက်လက်ပြောကြားသည်။

ယင်းသို့ငွေကြေးဖြင့် လုပ်ဆောင်ရာတွင် ကြော်ငြာကုမ္ပဏီများအပြင် မြန်မာနိုင်ငံရှိ မီဒီယာအချို့လည်း ပါဝင်လာကြောင်း သိရသည်။

Related Posts Plugin for WordPress, Blogger...