Monday, January 6, 2014

ရန်ကုန်မြို့ရှိ ၅၁ လမ်းအိမ်ရာကို လူနေအိမ်ခန်းများ ပါဝင်သည့် အထပ်မြင့် အဆောက်အအုံအဖြစ် ပြန်လည်အဆင့်မြှင့်လျက်ရှိရာ မူလတိုက်ခန်း နေသူများကို ၂၀၁၄-၁၅ ကျောင်းဖွင့်ရာသီအမီ ပြန်လည်နေရာချထားမည်


Monday, January 6, 2014
နီလာ

အထပ်မြင့် အဆောက်အအုံအဖြစ် ပြန်လည်အဆင့်မြှင့်တင်နေသည့် မူလ ၅၁ လမ်း ပြည်သူ့အိမ်ရာကို တွေ့ရစဉ်


ရန်ကုန်မြို့ရှိ ပြည်တော်သာခေတ် ၅၁ လမ်းအိမ်ရာ စီမံကိန်းကို အထပ်မြင့် အဆောက်အအုံအဖြစ် ပြန်လည်အဆင့်မြှင့်တင်ရာ၌ လူနေအိမ်ခန်းများ ပါဝင်သည့် အထပ်မြင့် အဆောက်အအုံများအဖြစ် ပြန်လည်အဆင့်မြှင့် တည်ဆောက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ၅၁ လမ်းအိမ်ရာ စီမံကိန်းတွင် ခန့်မှန်းခြေအားဖြင့် အိမ်ခန်းပေါင်း ၁၀၀၀ ကျော် ပါဝင်မည်ဖြစ်ကာ ၂၀၁၅ ခုနှစ် ဇွန်လအပြီး တည်ဆောက်ရန် လျာထားကြောင်း မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။

“ပြည်တော်သာခေတ် ၅၁ လမ်းအိမ်ရာကို အထပ်မြင့် အဆောက်အအုံအဖြစ် အဆင့်မြှင့်ရာမှာ Apartment တွေကို ဦးစားပေးတည်ဆောက်မှာ ဖြစ်ပါတယ်။ ရေကူးကန်၊ Gym နဲ့ စာကြည့်တိုက် စတာတွေပါဝင်မယ်။ အခန်းပေါင်း ၁၀၀၀ ကျော် ပါဝင်မှာဖြစ်ပါတယ်။ ခန့်မှန်းခြေအားဖြင့် ၂၀၁၅ ဇွန်လမှာ အပြီးတည်ဆောက်မှာ ဖြစ်ပါတယ်” ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ဗိုလ်တထောင်မြို့နယ်၊ လမ်း ၅၀ နှင့် ၅၁ လမ်းကြား၊ ကုန်သည်လမ်းနှင့် မဟာဗန္ဓုလလမ်းကြားရှိ ၅၁ လမ်း ပြည်သူ့အိမ်ရာကို ၁၉၅၆ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ မြေ ၂ ဒသမ ၄၈၆ ဧက ကျယ်ဝန်းပြီး ရှစ်ခန်းတွဲ လေးထပ်တိုက်ခုနစ်လုံးရှိပြီး အိမ်ထောင်စု ၂၂၄ စု နေထိုင်ခဲ့ကြောင်း သိရသည်။

“ဒီစီမံကိန်းမှာ အရင်တုန်းက ဟိုတယ်စီမံကိန်း ပါဝင်ပါတယ်။ နောက်ပိုင်းမှာ ဟိုတယ်မပါတော့ဘဲ Apartment တွေကိုပဲ ဦးစားပေး တည်ဆောက်သွားမှာပါ။ ဒီလို တည်ဆောက်ရာမှာ မူလတိုက်ခန်း နေထိုင်ခဲ့တဲ့ ပြည်သူတွေကို နေရာပြန်လည် ချထားဖို့ကို အရေးကြီးတဲ့အတွက် အဲဒါကို ဦးစားပေး တည်ဆောက်လျက် ရှိပါတယ်။ အခု ဦးစားပေးဆောက်နေတဲ့ အပိုင်းကို ၂၀၁၅ အစပိုင်းမှာ အပြီးတည်ဆောက်ပြီး ဧပြီလကုန်မှာ အခန်းနေထိုင်သူတွေ တင်နိုင်အောင် ဆောင်ရွက်နေပါတယ်။ ၂၀၁၅ ကျောင်းဖွင့်ရာသီအမီ ပြန်လည်နေရာချထားနိုင်ဖို့ ဆောင်ရွက်နေပါတယ်” ဟု အဆိုပါအိမ်ရာ အဆင့်မြှင့်တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် မဟာန၀ရတ်မြေေ ဆာက်လုပ်ရေးမှ မန်နေးဂျင်းဒါရိုက်တာ ဦးနိုင်ဝင်းက ပြောကြားခဲ့သည်။

အဆိုပါအိမ်ရာ စီမံကိန်းအား အထပ်မြင့် အဆောက်အအုံအဖြစ် ပြန်လည်အဆင့်မြှင့်တင်ရာ၌ လတ်တလောတွင် မူလတိုက်ခန်း နေထိုင်သူများအတွက် ဦးစားပေး တည်ဆောက်လျက်ရှိကာ ယင်းတို့ပြီးမှသာ ကျန်အဆောက်အအုံများကို ဆက်လက်တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...