
ကျမနာမည် သီရိမာ ပါ။ အသက် ၃၇ နှစ် ရှိပြီ။ ကျမဟာ HIV ပိုးနဲ့ ဆက်လက် အသက်ရှင်သန်နေသူ တစ်ယောက် ဖြစ်ပါတယ်။ကျမ ဒီပိုးကို စတွေ့တာ ၂၀၀၇ ခု ၊ ၁ လပိုင်းတုန်းကပါ။သွေးအဖြေကို ဆရာဝန်ဦးအောင်သန်းဆီကရခဲ့တဲ့အချိန်ကဆိုရင် ကျမရဲ့ရင်ထဲမှာ တလောကလုံးကို ရန်သူ တစ် ယောက်လို မြင်ခဲ့ပါတယ်။ဝမ်းနည်းစိတ်၊ ကြောက်လန့်တဲ့စိတ်၊ အစိုးမရတဲ့ဒေါသတွေနဲ့ ဆောက်တည် ရာမရဖြစ်ပြီး မိသားစုနဲ့လဲအဆင်မပြေ ဖြစ်ခဲ့ရပါတယ်။ ကိုယ့်ရဲ့လိင်ဆက်ဆံဘက်ကိုလဲ သတ်ပစ်ချင်လောက် အောင် မုန်းတီးပေမဲ့ကျမရဲ့ဘ၀က...