Monday, November 4, 2013

“မိဘမဲ့ကလေးများကျောင်းနှင့် ဘုန်းကြီးကျောင်း လိပ်စာများ”

=================================ပရဟိတ လှူဒါန်းချင်သူများ အတွက် ကူညီမှု လိုအပ်သော နေရာလေးများကို ဖော်ပြပေးခြင်း ဖြစ်ပါသည်။၁)သီလရှင်စာသင်တိုက် ရွှေပုန်းပွင့်ဘုရားလမ်း၊ ကျောက်ရေတွင်းရပ်ကွက်၊ အမှတ်(၂၂)ကျောင်းအနီး ၊ မြောက်ဥက္ကလာ ဖုန်း - ၀၉ ၇၃၀ ၂၆၂၂၆ ၂)ဆူထူးပန် သီရိမင်္ဂလာကန်တော် ဘုန်းတော်ကြီး ပညာသင်ကျောင်း အလွတ်းဆွတ်ကျေးရွာ၊ အေးမေတ္တာရပ်ကွက်၊ သန်လျင်။ ဖုန်း - ၀၉ ၈၆၂ ၈၄၉၄ ၃)အေးရိပ်သာကျောင်း (၁၃၃) ရပ်ကွက်၊ တကောင်းလမ်း၊ ဒဂုံအရှေ့ ဖုန်း - ၀၉ ၄၃၀ ၅၆၆၀ ၄)ရွှေငြိမ်စံကျောင်း...

ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုးမှု စီမံကိန်းအရ နန်းသီတာ ဆိပ်ကမ်း၌ အထပ်၂၀ မြင့် အဆောက်အုံ တည်ဆောက်ရန် စီစဉ်မှုအား ရန်ကုန်မြို့တော် စည်ပင်မှ ခွင့်ပြုခြင်း မရှိ

 Created on Monday, 04 November 2013 နန်းသီတာ ဆိပ်ကမ်းပါဝင်သည့် ရန်ကုန်ဆိပ်ကမ်း နယ်မြေအား တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်) ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုးမှု စီမံကိန်းအရ နန်းသီတာ ဆိပ်ကမ်း၌ အထပ် ၂၀ မြင့် အဆောက်အုံ တည်ဆောက်ရန် စီစဉ်မှုအား ရန်ကုန်မြို့တော် စည်ပင်မှ ခွင့်ပြုခြင်း မရှိသေးကြောင်း သတင်းရရှိသည်။ ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွင် ပါဝင်သည့် နန်းသီတာ ဆိပ်ကမ်းနှင့် ပန်းဆိုးတန်း-ဒလခရီးသည်တင် ဆိပ်ခံဗောတံတားအား အဆင့်မြင့် ခေတ်မီခရီးသည်တင်...

ရွှေပြည်သာမြို့နယ် သာဓုကန် စက်မှုဇုန်ရှိ MAI အလူမီနီယမ် စက်ရုံရုံးခန်း မီးလောင်မှုဖြစ်ပွား

 Created on Monday, 04 November 2013 မီးလောင်ကျွမ်းခဲ့သည့် MAI အလူမီနီယမ် စက်ရုံရုံးခန်းအား တွေ့ရစဉ် ရွှေပြည်သာ မြို့နယ်ရှိ သာဓုကန် စက်မှုဇုန်ရှိ MAI အလူမီနီယမ် စက်ရုံရုံးခန်း မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ရွှေပြည်သာမြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။ နိုဝင်ဘာ ၃ ရက် မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်ခန့်တွင် ရွှေပြည်သာမြို့နယ်၊ သာဓုကန်စက်မှုဇုန်၊ ကျောက်စိမ်းလမ်းမ၊ အမှတ် (၄၇)ရှိ MAI အလူမီနီယမ် စက်ရုံရှိ (၂၀ x ၄၀) ပေရှိ ရုံးခန်းမှာ သစ်သားခုံပေါ်တင်၍ ရေနွေးတည်ထားရာမှ...

နိုင်ငံခြားသားဆိုလျှင် အမြတ်တင်တတ်သည့် အမူအကျင့်များ ပြုပြင်ရန် လိုအပ်လာ

Monday, November 4, 2013 နိုဝင်ဘာ ၁ ရက်မှ စတင်ပြေးဆွဲသည့် အထူးရထားတွင် လိုက်ပါစီးနင်းနေသော နိုင်ငံခြားသား ခရီးသွားများ (ဓာတ်ပုံ- ကြည်နိုင်) နိုင်ငံတွင်းသို့ အကြောင်းအမျိုးမျိုးဖြင့် ၀င်ရောက်လာသော နိုင်ငံခြားသားများအပေါ် အမြတ်တင်တတ်သည့် အမူအကျင့်များကို ပြုပြင်ရန် လိုအပ်ကြောင်း သုံးသပ်ဝေဖန်မှုများ ရှိနေကြောင်း သိရသည်။ ထို့ပြင် အများပြည်သူ ၀န်ဆောင်မှု လုပ်ငန်းများနှင့် ပတ်သက်ပြီး နိုင်ငံတကာကဲ့သို့ပင် နိုင်ငံသားနှင့် နိုင်ငံခြားသား ခွဲခြားဆက်ဆံခြင်းများ...

မြန်မာနိုင်ငံတွင် ရှာဖွေတွေ့ရှိထားသည့် အတည်ပြုပြီး သဘာဝဓာတ်ငွေ့ ပမာဏ ကုဗပေ ၈ ဒသမ ၁ ထရီလျံနှင့် ခန့်မှန်းခြေ ကျောက်မီးသွေးတန်ချိန် သန်း ၄၉၀ တန် ရှိနေကြောင်း သိရ

Monday, November 4, 2013 ထိုင်းနိုင်ငံသို့ တင်ပို့မည့် ရတနာ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း လုပ်ငန်းခွင် တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ဖြိုးဝေ) မြန်မာနိုင်ငံတွင် ရှာဖွေတွေ့ရှိထားသည့် သဘာဝဓာတ်ငွေ့ ပမာဏ ကုဗပေ ၈ ဒသမ ၁ ထရီလျံနှင့် ခန့်မှန်းခြေ ကျောက်မီးသွေးတန်ချိန် သန်းပေါင်း ၄၉၀ တန် ရှိနေကြောင်း၊ ၂၀၁၃ ခုနှစ် ဇွန်လထုတ် အစီရင်ခံစာဖြစ်သော မြန်မာနိုင်ငံ၏ စွမ်းအင်ဆိုင်ရာ ဖွဲ့စည်းမှုအသစ် (New Energy Architecture: Myanmar) ဟူသော အစီရင်ခံစာတွင် ဖော်ပြထားကြောင်း...

ဝက်မွေးမြူရေး လုပ်ငန်းအများစုမှာ အကျိုးအမြတ် နည်းပါးနေသည့်အပြင် ပုံမှန်မဟုတ်သည့် ၀က်သေဆုံးမှုများကြောင့် လူမှုစီးပွားရေးအပေါ် သက်ရောက်မှု များစွာရှိနေ

Monday, November 4, 2013 ၀က်မွေးမြူရေးခြံ တစ်ခုမှ ၀က်အား ရောဂါရှိ၊ မရှိ သွေးဖောက်စစ်ဆေး နေစဉ် ၀က်မွေးမြူရေး လုပ်ငန်းအများစုမှာ အကျိုးအမြတ် နည်းပါးနေသည့်အပြင် လက်ရှိတွင် ပုံမှန်မဟုတ်သည့် ၀က်သေဆုံးမှုများကြောင့် လူမှုစီးပွားရေးအပေါ် များစွာသက်ရောက်မှု ရှိနေကြောင်း သုတေသန စာတမ်းအရ သိရသည်။ အဆိုပါ စစ်ဆေးတွေ့ရှိချက်ကို ၂၀၁၃ ခုနှစ် မတ်မှသြဂုတ်အတွင်း မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊ ရောဂါပျံ့နှံ့မှု လေ့လာရေး ဘာသာရပ်တွင် သုတေသန ပြုလုပ်ခဲ့သူ ဒေါက်တာတုတုဇော်ဝင်း...

မီးပုံးပျံဖြင့် ခရီးစဉ် ပျံသန်းခြင်းအား ပုဂံဒေသအပြင် ယခုနှစ်မှစ၍ မန္တလေးနှင့် အင်းလေးဒေသများ၌ပါ ထပ်မံခွင့်ပြု

Monday, 04 November 2013 မီးပုံးပျံ ခရီးစဉ်တစ်ခု စတင်ရန် ပြင်ဆင်နေသည်ကို တွေ့ရစဉ် မီးပုံးပျံဖြင့် ခရီးစဉ် ပျံသန်းခြင်းအား ပုဂံဒေသအပြင် ယခုနှစ်မှစ၍ မန္တလေးနှင့် အင်းလေးဒေသများ၌ပါ ထပ်မံခွင့်ပြုခဲ့ကြောင်း လေကြောင်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှု ဦးစီးဌာနမှ သတင်းရရှိသည်။ ပုဂံဒေသတွင် မီးပုံးပျံဖြင့် ခရီးစဉ် ပျံသန်းခြင်းအား ၁၉၉၉ ခုနှစ်မှ စတင်ကာ လက်ရှိအချိန်ထိ ရွှေလေတံခွန် ကုမ္ပဏီ တစ်ခုတည်းမှသာ လုပ်ကိုင်ခဲ့ကြောင်း သိရသည်။ လက်ရှိတွင် ယင်းကဲ့သို့ မီးပုံးပျံ...

ဘဏ်များနှင့် ချိတ်ဆက်ကာ ကားနှင့်ဆက်စပ်ပစ္စည်းများအား ကုန်သွယ်မှု ပြုလုပ်နေသည့် ဂျပန်အခြေစိုက် World Navi ကုမ္ပဏီက မြန်မာနိုင်ငံ၏ ကားဈေးကွက်တွင် ၀င်ရောက်လုပ်ကိုင်မည်

Monday, 04 November 2013   World Navi မှ တင်ပို့မည့် ကားများအား ပြည်ပဆိပ်ကမ်း တစ်ခုတွင် တွေ့ရစဉ် (ဓာတ်ပုံ-World Navi.com) ဘဏ်များနှင့် ချိတ်ဆက်ကာ ကားနှင့်ဆက်စပ် ပစ္စည်းများအား တင်သွင်းတင်ပို့ခြင်းဆိုင်ရာ လုပ်ငန်းများ လုပ်ကိုင်နေသည့် ဂျပန်နိုင်ငံ အခြေစိုက် World Navi ကုမ္ပဏီမှ မြန်မာနိုင်ငံ၏ ကားဈေးကွက်တွင် ၀င်ရောက်လုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ လုပ်ငန်းများ ၀င်ရောက်လုပ်ကိုင်နိုင်ရန်အတွက် မြန်မာနိုင်ငံတွင် ရုံးခွဲလာရောက် ဖွင့်လှစ်ခွင့်ကို...

၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ စတော့အိတ်ချိန်းဈေးကွက် စတင်နိုင်ရန် ဂျပန်ကုမ္ပဏီ Daiwa ပြင်ဆင်

Monday, 04 November 2013 Stock Exchange ဈေးကွက်အကြောင်း ရှင်းပြနေစဉ် (ဓာတ်ပုံ-ချမ်းမြေ့သူ) ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ စတော့အိတ်ချိန်းဈေးကွက် စတင်အသုံးပြုနိုင်ရန် ဂျပန်ကုမ္ပဏီဖြစ်သည့် Daiwa Institute of Research ကုမ္ပဏီက ပြင်ဆင်နေပြီး မိုဘိုင်းဖုန်းများ၌ပင် စတော့ရှယ်ယာ အရောင်းအ၀ယ် ပြုလုပ်နိုင်ရန် ဆောင်ရွက်သွားမည်ဟု Daiwa Institute of Research ကုမ္ပဏီမှ စီနီယာ မန်နေဂျင်းဒါရိုက်တာဖြစ်သူ Mr.Masahiro Ushiyama က ပြောပြသည်။ Daiwa Institute of Research...

အစိုးရ ကိုယ်စားလှယ်များနှင့် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ ညှိနှိုင်းမည့် မြစ်ကြီးနား ငြိမ်းချမ်းရေးဆွေးနွေးပွဲ နိုဝင်ဘာ ၄ ရက် (ယနေ့) စတင်မည်

 Created on Monday, 04 November 2013 မြစ်ကြီးနားမြို့သို့ ရောက်ရှိလာသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား ကချင်ဒေသခံများက ကြိုဆိုနေစဉ် တိုင်းရင်းသား လက်နက်ကိုင်များ၏ လိုင်ဇာထိပ်သီး ဆွေးနွေးပွဲရလဒ်ကို အစိုးရ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ ညှိနှိုင်းမည့် မြစ်ကြီးနား ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို နိုဝင်ဘာ ၄ ရက် (ယနေ့) တွင် စတင်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ မြစ်ကြီးနား ဆွေးနွေးပွဲသို့ တက်ရောက်မည့်...

Related Posts Plugin for WordPress, Blogger...