ဒီရက်ပိုင်း နယ်တွေကနေ ကျွန်တော့်ဆီရောက်လာတဲ့ သတင်းများထဲက (၂)ပုဒ်ကတော့ နယ်ဆေးရုံတွေရဲ့ သတင်းတွေဖြစ်ပါတယ်၊အဲဒီသတင်းတွေကိုကျွန်တော်ရေးသားဖေါ်ပြခြင်း မပြုပေမယ့် အဲဒီဆေးရုံတွေနဲ့ ပါတ်သက်ပြီး တာဝန်ရှိတဲ့ ဆရာဝန်ကြီးများကိုတော့ ၀န်ထမ်းများကို သတိပေးထားနိုင်ဖို့အသိပေးစကားတော့ ပြောဖြစ်ခဲ့ပါတယ်၊ကျွန်တော်အနေနဲ့ ဒီသတင်းတွေကို နာမည်နဲ့တကွ အတိအကျ ဘာကြောင့် မရေးသလဲဆိုရင် ဒီသတင်းကြောင့် ဒုက္ခရောက်သွားနိုင်သူတွေဟာ ဆေးရုံတွေရဲ့ အနှိမ့်ဆုံးဝန်ထမ်းဖြစ်တဲ့ သန့်ရှင်းရေးလုပ်သားတွေဖြစ်နေကြလို့ပါပဲ၊ဒါဆို ဘာ့ကြောင့် စာတစ်တန် ပေတစ်ဖွဲ့ရေးနေရသေးလဲ ဆိုရင်တော့ သန့်ရှင်းရေးလုပ်သားများထက်...