Monday, September 9, 2013

စင်ကာပူ နိုင်ငံ၏ ရေလိုအပ်မှု နှစ်ပေါင်း ၅၀ အတွင်း နှစ်ဆမြင့်တက်



စင်ကာပူ နိုင်ငံ၏ ရေလိုအပ်မှုသည် နိုင်ငံအတွင်း လူဦးရေ တိုးမြှင့်မှုနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်လာမှု များကြောင့် နှစ်ပေါင်း ၅၀ အတွင်း နှစ်ဆမြင့်တက် လာကြောင်း ယင်းနိုင်ငံ၏ ရေအရင်း အမြစ်ဆိုင်ရာ အေဂျင်စီ PUB က ထုတ်ပြန်ပြောကြား ခဲ့သည်ဟု သြဂုတ် ၄ ရက် AFP သတင်းတစ်ရပ် အရ သိရသည်။
ရေလိုအပ်ချက် တိုးမြှင့် လာမှု၏ ၇၀ ရာခိုင်နှုန်းကို ပြည်ပ နိုင်ငံများမှ နေ၍ ၀ယ်ယူဖြည့်တင်း သွားရဖွယ် ရှိကြောင်းနှင့် လက်ရှိ အချိန်တွင်လည်း စင်ကာပူ နိုင်ငံသည် ၎င်း၏ ရေလိုအပ်ချက် အတွက် ၆၀ ရာခိုင်နှုန်းခန့်ကို မလေးရှား နိုင်ငံမှ ၀ယ်ယူတင်သွင်း ရလျက်ရှိသည်။ စင်ကာပူ နိုင်ငံ၏ အသုံးပြုပြီးရေ ပြန်လည် သန့်စင်ရေး ကုမ္ပဏီ NE Water နှင့် ပင်လယ်ရေ ပြုပြင် အသုံးပြုရေး လုပ်ငန်းတို့သည် အနာဂတ် ကာလအတွက် အဆိုပါ လိုအပ်ချက်အား လျှော့ချ ပေးနိုင်ဖွယ် ရှိသော်လည်း ရေလိုအပ်ချက် စီမံ ခန့်ခွဲရေး ပြဿနာသည် စင်ကာပူ နိုင်ငံအတွက် ဦးစားပေး လုပ်ငန်းတစ်ရပ် အဖြစ် တည်ရှိနေဆဲ ဖြစ်သည်။ NE Water ကုမ္ပဏီသည် လက်ရှိ အချိန်တွင် ရေလိုအပ်ချက်၏ ၃၀ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးလျက် ရှိပြီး ပင်လယ်ရေ ကျိုချက်ရေး လုပ်ငန်းမှ ၁၀ ရာခိုင် နှုန်းခန့် ဖြည်းဆည်းပေးလျက် ရှိကြောင်း သိရသည်။ PUB သည် လာမည့် ၂၀၆၀ ပြည့်နှစ်တွင် ရေလိုအပ်ချက်၏ ၈၀ ရာခိုင်နှုန်းကို အဆိုပါ အရင်းအမြစ် နှစ်ခုမှ ထုတ်လုပ် ပေးနိုင်ရန် ဦးတည်လုပ်ဆောင် နေကြောင်းလည်း သိရသည်။



http://www.myawady.net.mm/allnews/global/item/24639-2013-09-06-14-16-51

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...