Monday, September 9, 2013

လားရှိုးမှ မူဆယ်ဘက်သို့အထွက် အေတီတံတားအနီး နမ့်ယောင်ချောင်း ရေကြီးမှု ကြောင့် ကယ်ဆယ်ရေးဆောင်ရွက်


From: Eleven Medai Group

လားရှိုးမြို့တွင် စက်တင်ဘာ ၆ ရက်မှ စတင်၍ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် စက်တင်ဘာ ၇ ရက်တွင် လားရှိုးမှ မူဆယ်ဘက်သို့အထွက် အေတီတံတားအနီး နမ့်ယောင်ချောင်းသည် ထပ်မံ၍ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရေကြီးရေလျှံမှုသည် ဆိုင်ကယ်များ၊ ကုန်တင်ယာဉ်ကြီးများနှင့် ခရီးသည်တင်ယာဉ်များ၊ စက်တင်ဘာ ၇ ရက် ညပိုင်းထိ ဖြတ်သန်း သွားလာနိုင်သေးသော်လည်း ည ၈နာရီခန့်တွင် လမ်းပေါ်သို့ ခြောက်ပေ ခန့် အထိ ရေများမြင့်တက်လာမှုကြောင့် ဖြတ်သန်းသွားလာခွင့် မပြုတော့ကြောင်း သိရသည်။

"စနေနေ့က မိုးတစ်နေကုန် ရွာပေမယ့် လမ်းပေါ်ချောင်းရေတက်တာက သုံးပေလောက်ထိပဲဆိုတော့ ယာဉ်ငယ်တွေရော၊ ယာဉ်ကြီးတွေရော ဖြတ်လို့ရသေးတယ်။ ညပိုင်း ၈ နာရီလောက်မှာတော့ တောင် ကျရေတွေ စီးဆင်းတာများပြီး လမ်းပေါ်ကို ရေခြောက်ပေလောက် ထိ မြင့်တက် လာတော့ ယာဉ်တွေဖြတ်လို့ မရတော့ဘူး" ဟု ဒေသခံ တစ်ဦး က ပြောကြားသည်။

အဆိုပါ ရေကြီးရေလျှံမှုသည် စက်တင်ဘာ ၈ ရက် နံနက်ပိုင်းထိ ရေကျ ဆင်းမှု မရှိခြင်းကြောင့် မန္တလေး-လားရှိုး-မူဆယ်နှင့် မန္တလေး-လားရှိုး-ကွမ်းလုံ-ချင်းရွှေဟော်-လောက်ကိုင်မြို့များသို့ ကုန်စည်ကူးသန်း ရောင်း ၀ယ်ကြသည့် ကုန်တင်ယာဉ်များ၊ ခရီးသည်တင်ယာဉ်များ လားရှိုးမြို့ အေတီတံတား အနီးတွင် အစီးရေ ၆၀၀ ကျော်ခန့် ထိ စောင့်ဆိုင်းလျက် ရှိနေကြောင်း သိရသည်။



0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...