Showing posts with label သရော်စာ. Show all posts
Showing posts with label သရော်စာ. Show all posts

Friday, October 18, 2013

"စီးခံ စီးခံ၊ ခန္တီစ ဆိုတဲ့ စီးခံခြင်း တရား လက်ကိုင်ထားရမယ်လို့ ၀တို့ ဘုရား ဟောခဲ့တယ်လေ"


"မောင်ကြွက်နီရေ... လူဝင်မှုကြီးကြပ် ရေးမှာ မင်းအသိလေးများမရှိဘူးလား" လို့ မေးမိတော့
မောင်ကြွက်နီက - "ဘာဖြစ်လို့လဲ၊ ခင်ဗျားကြီး မှတ်ပုံတင် ပျောက်ပြန်ပြီလား" တဲ့။
"မဟုတ်ရပါဘူးကွာ။ ငါ့မှတ်ပုံတင်မှာ လူမျိုးနေရာလေးပြောင်းချင်လို့ပါ" ဆိုရင်ပဲ မောင်ကြွက်နီက
မျက်လုံးပြူးပြီး "ဘာလဲ ခင်ဗျားက မှတ်ပုံတင်မှာ ဘင်္ဂါလီဗမာ ဖြစ်နေလို့လား" တဲ့။
"နင့်အမေကလွှားမှပဲ။ ငါက အညာသားစစ်စစ်ကွ။ အသားမည်းတာနဲ့ ငါ့ကို ပြောရက်တယ်ပေါ့။
ဒါပေသည့်မောင်ကြွက်နီရေ ငါက မှတ်ပုံတင်မှာ ဗမာလူမျိုးလို့ ရေးထားတာကနေ၊ တရုတ်ဗမာ
ဆိုပြီး ပြောင်းချင်လို့ကွ"
"ဘာ...ဘာ... ဘာပြောလိုက်တယ်။ သူများတွေက မြန်မာနိုင်ငံထဲ ခိုးဝင်ပြီး မြန်မာနိုင်ငံသား
ကတ်ပြားရအောင် မျိုးစုံကြံနေကြတဲ့ အချိန်၊ သူတို့ ကိုယ်သူတို့ မပီကလာပီကလာနဲ့ ၀တို့ က
မြန်တြင့်တွေပါလို့ လော်ဘီလုပ်နေချိန်မှာ ခင်ဗျားကြီးက တရုတ်ဗမာဆိုပြီး လုပ်မယ်။ နားကို
မလည်တော့ဘူးဗျာ။ လောကကြီး ဘာတွေဖြစ်ကုန်ပြီလဲ"

"ဘာမှမဖြစ်ဘူး မောင်ကြွက်နီ။ ငါ့ အမေက တရုတ်နဲ့မယူခဲ့တာကိုပဲ အမေ့ကိုအပြစ်တင်ရမလို
ဖြစ်နေပြီ"

"ခင်ဗျားတွေးတာခေါ်တာတွေက ပို့စ်မော်ဒန်ဖြစ်လွန်းနေပြီဗျာ။ နေစမ်းပါဦး ဘယ်ကနေ ဘယ်လို
ပေါက်ကွဲ သံစဉ်တွေ ထွက်လာတာလဲ"

"မင်းသတင်းစာတွေ၊ ဂျာနယ်တွေ ဖတ်ကြည့်စမ်း။ ရန်ကုန်-မန္တလေး အပါအ၀င် မြို့အတော်များများ
ရဲ့ အဓိကရ နေရာတွေကို တရုတ်စီးပွားရေးသမား တွေကိုပဲ လုပ်ခွင့်တွေပေးလိုက်တာမတွေ့ဘူး
လား။ ငါလည်း ကျွန်တော်က မြန်မာအစစ်မဟုတ်ပါဘူး။ တရုတ်ကပြားပါဆိုပြီး မြေလေး ဘာလေး
တောင်းရမလားလို့ကွ။ ငါတို့ လူကြီးတွေက ကိုယ့်မြန်မာလူမျိုးထက် စကားမပီတဲ့ အဲဒီ ပြည်တွင်း
ရောက် ပြည်တွင်းပေါက် နိုင်ငံခြားသားတွေကို ပိုပြီး ယုံကြည်နေလို့"

"ခင်ဗျားကြီးရဲ့ အညာသံဝဲ၀ဲကြီးက ဘယ်လိုမှ ဖျောက်မရတာ။ မှတ်ပုံတင် ဘယ်လိုပြင်ပြင် ခင်ဗျား
က ဗမာက ဗမာပဲ" "ဒီအတွက်တော့မပူနဲ့၊ စကားမပီအောင် ငါ့လျှာခင်ကို ခွဲစိတ်ဖြတ်တောက်ဖို့
စီစဉ်ပြီးပြီ။ အသားဖြူအောင်လည်း ဆေးထိုးဖို့ လုပ်ထားပြီ။ ဒီဘ၀မှာ ငါတရုတ်ဗမာကပြားမဖြစ်ရ
ရင်ဖြင့် အသေတောင် ဖြောင့်မယ်မထင်ဘူးကွာ"

"ကဲ...ကဲ... ခင်ဗျားမှတ်ပုံတင်မှာ တရုတ်ဗမာကပြား ဖြစ်ပါပြီတဲ့။ ခင်ဗျားကြီးက ဘာတွေလုပ်ဖို့
ကြံစည်ထားလဲ"

"ပထမဆုံး တရုတ်သံရုံးသွားပြီး ပင်လယ်ရပ်ခြား တရုတ်ဖြစ်ကြောင်းလက်မှတ်လုပ်မယ်။ ဒါဆိုရင်
တရုတ် နိုင်ငံကို သွားချင်တဲ့အချိန်သွားလို့ရပြီ။ ပြီးရင် ကျွန်တော်က အလွန်စွာတဲ့ မီဒီယာသမားပါ။
သတင်းစာထုတ်ချင်လို့ အထောက်အပံ့ပေးပါဆိုပြီး တောင်းမယ်"

"တွက်ရေးကတော့ စက်သူဌေးပဲ။ ခင်ဗျားရှေ့မှာ အဲဒီလိုတောင်းပြီး ပွနေတဲ့သူတွေ ရှိနေပြီဆိုတာ
ရော သိရဲ့ လား။ စဉ်းစားလိုက်ရင် သူများတွေက စားသောက်ပြီးလို့ သွားကြားတောင် ထိုးနေပြီဆို
တဲ့အထဲက။ ပြီးတော့ သူတို့ ပင်လယ်ရပ်ခြား တရုတ်လူမျိုး ဖြစ်ဖို့ဆိုတာက မြန်မာနိုင်ငံသား
မှတ်ပုံတင်ရသလို လွယ်တာမျိုးမဟုတ် ဘူး။ မျိုးရိုးတွေ ဘာတွေ တိုက်ဆိုင် စစ်ဆေးတာ"
"ဒါကတော့ကွာ ငါ့လို ခပ်စွာစွာ မီဒီယာသမားတစ်ယောက်ကို ရမယ်ဆိုရင် လုပ်ပေးဖို့များပါတယ်။
ပြီးရင် ငါထုတ်မယ့် သတင်းစာတို့၊ ဂျာနယ်တို့ထဲမှာ တရုတ်လူမျိုး စီးပွားရေးသမားတွေရဲ့ ကြော်ငြာ
တွေ လိုက်ကောက်မယ်။ လူမျိုးတူချင်းဆိုတော့ အားပေးကြမှာ ပေါ့။ မင်းသိတဲ့အတိုင်း ငါတို့နိုင်ငံ
မှာ လက်ဖက်ရည်ဆိုင်ကအစ၊ ဆူပါမား ကက်အလယ်၊ စက်မှုလုပ်ငန်းတွေအဆုံး သူတို့ပဲလုပ်နေ
ပိုင်နေကြတာ"

"ခင်ဗျားကို ပြည်ပအားကိုး ပုဆိန်ရိုး လို့ ပြောပြန်ရင်လည်း ပျံလွန်တော်မူပြီး ဖြစ်တဲ့ အစိုးရက ငါတို့
လေသံလိုက်နင်းတယ်ဆိုပြီး ဂုဏ်ယူနေဦးမယ်။ ခင်ဗျား ကြီးကို နစ်နစ်နာနာ ဘယ်လိုအမည်တပ်
ရမလဲဆိုတာ တွေးလိုက်ဦးမယ်"

"တပ်ချင်သလိုသာ တပ်ပေတော့ မောင်ကြွက်နီ။ ဒါပေသည့် ငါ့ရှေ့မှာ ပြည်ပအားကိုး ပုဆိန်ရိုး
လုပ်ချင်သူတွေ များနေလို့ ငါက သူတို့ကိုအပုပ်ချပြီး ရှေ့ရောက်အောင် မနည်းကြံရဦးမှာ။ အကြံတူ
တွေက သိပ်များသကွ"

"ဒါပေမဲ့ဗျာ၊ ရှေ့မှာ ခင်ဗျားပြောသလိုပဲ တရုတ်စီးပွားရေးသမားတွေက သင်္ချိုင်းတောင်မကျန်တော့
ဘူး ယူပြီး နေပြီ။ ခင်ဗျားအတွက် ဘယ်နေရာကျန် သေးလို့လဲ" "လူကလေး မောင်ကြွက်နီ။
လူကလေးကိုပြောရတာ ၀အများကြီး လက်ဝင်တယ်။ တော်လှန်ရေးပန်းခြံ ကြီးနဲ့ အင်းလျား
ကန်ကြီး ကျန်သေးတယ်လေ။ အဲဒီနေရာတွေသာရလိုက် လို့ကတော့ ၀တီဆွေလုံး တီမျိုးလုံး
လောပန်ဖြစ်ပြီ"

"အဲဒီနေရာတွေရဖို့က ရေအတော် လောင်းရမှာလေ။ ခင်ဗျားကြီးမှာ ဘယ်က ပိုက်ဆံရှိလို့လဲ-
"လူကီလေး မောင်ကြွက်နီ၊ ၀အများကြီး နီ့ကို တနားတယ်။ ၀က တီလုပ်ဖြစ် သွားရင် ၀တို့လူမျိုး
တွေက ပေးမှာပေါ့။ နီတို့ မြန်မာတွေလို အီချင်းချင်း ခြေထိုးတာမျိုး ၀တို့မှာ မရှိဘူးလေ"
"ရွယ်တူချင်းဆို ခင်ဗျားကြီးကို ထရိုက်တယ်။ စိတ်ကူးနဲ့ ခင်ဗျား ကိုယ်ခင်ဗျား တရုတ်ကပြားလုပ်ပြီး
ပြောနေတာနဲ့တင် အတော်အမြင်ကတ်စရာကောင်းနေပြီ"

"စီးခံ စီးခံ၊ ခန္တီစ ဆိုတဲ့ စီးခံခြင်း တရား လက်ကိုင်ထားရမယ်လို့ ၀တို့ ဘုရား ဟောခဲ့တယ်လေ"
"နေစမ်းပါဦး၊ ခင်ဗျားက ဒီဘုရားစကား၊ တရားစကားလည်း ပြောတတ်တာပဲလား"

"နီတို့ဆီက နာမည်ကြီးဆရာတော်တွေ အားလုံးရဲ့ ပစ္စည်းလေးပါး ဒကာတွေက ၀တို့လူမျိုးတွေ
လေ။ ဒီလောက်တော့ တတ်တာပေါ့။ ၀တို့သာ ဒီမှာမရှိရင် ဆရာတော်တွေ ဒီလိုပြည့်ပြည့်စုံစုံနေ
ရမှာ မဟုတ်ဘူး"
"ခင်ဗျားကြီးက... ခင်ဗျားကြီးက... ဆိုပြီး မောင်ကြွက်နီ ဒေါသတွေကြီးပြီး တက်မလို ချက်မလို
ဖြစ်သွားတာနဲ့ မာဂျေရဲ့ နိုင်ငံသားပြောင်းဖို့ ကိစ္စအရေး တပည့်ကို သနားပြီး လောလောဆယ်
ဒီအစိုးရသက်တမ်းမှာတော့ မြစ်ဆုံစီမံကိန်းလို ဆိုင်းငံ့ထားလိုက်ရသဗျာ။

သကျားနီးဟောင်။ ပရိသတ်ကြီး ကိုယ်စိတ်ချမ်းသာကြပါစေ။

မာဂျေ

Monday, October 7, 2013

ပြောပြန်ရင်လည်း ကိုဥာဏ်လွန်ရာကျဦးမယ်

(က)

မူလတန်းကလေးတွေပါတဲ့ ဆန္ဒဖော်ထုတ်မှုတစ်ခု ရန်ကုန်မြို့က မဟာဗန္ဓုလပန်းခြံဘေးမှာ လုပ်ခဲ့တယ်တဲ့။ မူလတန်းကလေးတွေကို ဘာဖြစ်လို့ နိုင်ငံရေးဇာတ် သွင်းနေကြတာလဲ။ ဒီအရွယ်၊ ဒီအချိန်ဟာ ကျောင်းစာသင်ခန်းတွေထဲမှာ သူငယ်ချင်းတွေနဲ့အတူ စာသင်ကြားနေကြရမှာ မဟုတ်ဘူးလား။ ဘာဖြစ်လို့ ကိုယ့်ဘာသာကိုယ် လုပ်တဲ့အလုပ်မှာ ကလေးတွေကို ခုတုံးလုပ်ချင်ရတာလဲ၊ ကာဗာလုပ်ချင်ရတာလဲ။ စီစဉ်တဲ့လူတွေ၊ ခွင့်ပြုတဲ့မိဘတွေကို သေဒဏ်သာ ပေးလိုက်ချင်တော့တာပဲ။
 
 
 
 
(ခ)
ပြည်ခိုင်ဖြိုးပါတီက ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ပြင်ဆင်ရေးဆွဲရေးနဲ့ပတ်သက်ပြီး အန္တရာယ် များနိုင်တယ်လို့ သဘောထားကြေညာချက် ထုတ်ပြန်တာဟာ တစ်ဖက်လှည့်နဲ့ ခြိမ်းခြောက်လိုက်တာ ပဲလို့ ဝေဖန်နေကြတယ်။ ဟ.... နိုင်ငံရေးကိစ္စရပ်တစ်ခု ကို နိုင်ငံရေးပါတီတစ်ခုက ကြေညာချက်ထုတ်တာ ဘာထူးဆန်းလို့လဲကွ။ NLD ပါတီဆိုရင် တရားဝင်ပါတီအဖြစ်ကနေ ရပ်စဲထားခြင်းခံရတဲ့ အချိန် မှာတောင် မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ပြီး တစ်ခုပြီးတစ်ခု စာရွက်တွေ ထုတ်နေခဲ့တာပဲ မဟုတ်ဘူးလား ဘယ်သူကမှလည်း အရေးတယူမရှိ၊ ဘယ်သူမှလည်း စိတ်မ၀င်စား၊ ဘာအကျိုးသက်ရောက်မှုမှလည်း မရှိဘဲနဲ့ ထုတ်ခဲ့ကြတာပါ။ အခုဟာက လက်ရှိ ရေပန်းအစားဆုံး ကိစ္စရပ်တစ်ခုအပေါ်မှာ တရားဝင်နိုင်ငံရေး ပါတီ (ပြောရရင်တော့ အာဏာရပါတီ)က ကြေညာချက်ထုတ်တာကို ဘာဖြစ်လို့များ ရှဥ့်အ၀ှာ အနာလုပ်နေကြသလဲလို့ တွေးလို့မရကြောင်းပါ။

(ဂ)
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်မလား၊ အသစ်ရေးဆွဲမလား ဆိုတာနဲ့ပတ်သက်ပြီး ဆန္ဒမဲကောက်ခံရာမှာ ပြန်လည်ပြင်ဆင်ဖို့ သဘောတူထောက်ခံခဲ့ကြတယ်တဲ့။ အဲဒီအထိ ဘာမှ မထူးခြားသေးဘူး။ ထူးခြားတာက ဒီလိုဒီလို။ ဖွဲ့စည်းပုံပြင်ဖို့ ဆန္ဒကောက်ခံမှု ကို ပြန်ပြင် ဖို့ ထောက်ခံတယ်ဆိုတာက ဘားအံခရိုင်ပါ။ တက်လာတဲ့လူ ၃၀၀ လောက်ကို လက်ထောင်ခိုင်းရာမှာ ၉၀ ရာခိုင်နှုန်းလောက်က လက်ညှိုးထောင်တဲ့အတွက် ဘားအံခရိုင်က ထောက်ခံတယ်လို့ ဆုံးဖြတ်လိုက်ကြ တာတဲ့။ ဘုရား... ဘုရား...။ လူ ၃၀၀ လောက်က ဘားအံခရိုင်တစ်ခုလုံးကို ကိုယ်စားပြုတယ်ဆိုပြီး အတည်ပြုလိုက်ကြသတဲ့လား။ အိုဘယ့် ကိုရွှေခမောက်တို့။ ရွှေဉာဏ်တော် ကြီးလှပါတယ်ဗျာ။ တကယ့်ကို လိုက်မမီလောက်အောင် အတွေးအခေါ် မြင့်မားကြပါပေတယ်။ အဲဒီလိုလူမျိုးတွေ မြန်မာပြည်မှာ အာဏာရစေချင်ပါတယ်။ အဲဒါမှလည်း တိုးတက်လာမှာ၊ ဖွံ့ဖြိုးလာမှာ၊ ခေတ်မီလာမှာ မဟုတ်ပါလား။ အပေါ်က သတင်းတွေက ကျွန်တော်လုပ်ကြံပြီး ရေးထားတာမဟုတ်ဘူး။ RFA မှာ ရေးထားတဲ့ဟာတွေ။ အဲဒီအကြောင်းအရာတွေကို ဖြေတဲ့လူက ဘားအံခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသန်းနိုင် ပါတဲ့။ မကျေလည်ရင် သူ့ကိုသာ ဆက်သွယ်ပြီး ရှင်းကြပေရော့။

(ဃ)
ရခိုင်ပါတီ ၂ ခုပေါင်းပြီး ပါတီသစ်တစ်ခု ဖွဲ့စည်းလိုက်တယ်တဲ့။ အဲဒီအထိ ပြဿနာမရှိဘူး။ စိတ်ဝင်စားတာက ပါတီကသာ တစ်ခုတည်းဖြစ်သွားတယ်။ ခေါင်းဆောင်ကိုလည်း ၂ ဦး ရွေးချယ်လိုက်ကြ သတဲ့။ အံ့သြလိုက်တာမှ သေတောင်သေသွားနိုင်တယ်။ ဘာတဲ့... ပထမခေါင်းဆောင်နဲ့ ဒုတိယခေါင်းဆောင်တဲ့။ အတော်ရယ်ရတဲ့လူတွေ....။ ဘာဖြစ်လဲဗျာ... တစ်ပါတီတည်းပဲဟာ၊ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ စသဖြင့်ပေါ့၊ ဒါမှမဟုတ် တစ်ဦးက နာယက၊ တစ်ဦးက ဥက္ကဋ္ဌပေါ့။ အခုတော့ ဘယ့်နှယ် ခေါင်းဆောင်နှစ်ဦးရယ်လို့။ လေ့လာစရာ၊ လိုက်မေးစရာ မလိုပါဘူးဗျာ။ ခင်ဗျားတို့ဟာက ပါတီနာမည်ကသာ တစ်ခုတည်းဖြစ်သွားတာ၊ ပါတီကတော့ နှစ်ခုပဲမလား။ ကိုယ့်ပါတီဝင် ကိုယ့်ဘာသာကိုယ် ကွပ်ကဲကြမှာပဲမလား။ ကိုယ့်အချင်းချင်းတောင် မညီညွတ်နိုင်တာ အခြား တိုင်းရင်းသားတွေနဲ့ ညီညွတ်အောင် လုပ်ချင်နေတာကတော့ နည်းနည်းများ ဟာသဖြစ်မနေဘူးလား။ ပါတီနှစ်ခုပေါင်းပြီး ဖွဲ့တာဖြစ်တဲ့အတွက် မင်းလည်း တစ်ကျပ်၊ ငါလည်း တစ်ကျပ် ဆိုတဲ့မူနဲ့ လုပ်ကြတာဆိုရင်တော့ ဒင်းတို့သာ အာဏာရပါတီဖြစ်ရင် သမ္မတ(၁)၊ သမ္မတ(၂) ဆိုပြီး ရာထူးအသစ်တွေကို ဖွဲ့စည်းပုံထဲ ပြင်ကြဦးမလား မသိပါဘူးဗျာ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်၊ တနင်္လာနေ့။
နံနက် ၂ နာရီ ၂၂ မိနစ်တွင်ပြီး၏။ 
http://myanmarthway.blogspot.com/
 

Sunday, September 29, 2013

အာဏာပေါ့ကွယ်

မာဂျေ့တွင် ဘကြီး တစ်ယောက်ရှိသည်။ သူသည် တိုင်းနှင့်ပြည်နယ် ၁၄ ခု ကို ပြည့်စုံအောင်
မပြောတတ်သော်လည်း ယခင်ခေတ်က တိုက်နယ်သူကြီး ဖြစ်သည်။

သူ့ကို ဘာမေးမေး မမှားသော စကားတစ်ခွန်းဖြင့် ပြန်ဖြေတတ်သည်။ ထိုအဖြေ မှားသည်ဟုလည်း
တစ်ခါမှ မတွေ့ဖူးသေးပေ။

မယုံလျှင် ဘကြီးနှင့် မြေးဖြစ်သူ မာဂျေ ပေါက်စ တို့ အမေးအဖြေကို နားဆင်ကြည့်ကြပါကုန်။

"ဘကြီးက တစ်သက်လုံး သူကြီး လုပ်လာတာ၊ ဘကြီးနေရာကို ၀င်ပြိုင်သူမရှိ ဘူးလား"

"ရှိတာပေါ့ကွ။ တစ်ခါတလေ ငါ့ တပည့်ထဲကတောင် ငါ့ကိုပြန်ပြိုင်သေး"

"ကိုယ် ကျွေးမွေးထားရဲ့ သားနဲ့ ကျေးဇူးကန်းလိုက်တာ။ သူတို့ ဘာလို့ ၀င်ပြိုင်တာလဲ"

"အာဏာပေါ့ကွယ်။ အဲဒါကြီး လိုချင်လို့ပေါ့" တဲ့။ ငယ်ငယ်တုန်းက မေးခဲ့ခြင်းဖြစ်သည်။

ထို့နောက် မာဂျေ အရွယ်ရောက်လာသော် ဆိုရှယ်လစ်ခေတ်နှင့် ကြုံသည်။

ဆိုရှယ်လစ်ခေတ်တွင်လည်း သူပင် ပြိုင်ဘက်မရှိ ကျေးရွာပြည်သူ့ ကောင်စီဥက္ကဋ္ဌ ဖြစ်လာသည်။

သို့သော် သူ့ကို ဥက္ကဋ္ဌကြီးဟုခေါ်လျှင် မကြိုက်။ သူကြီးဟုသာခေါ်မှ ကြိုက်သည်။ သူပြောသည်မှာ
အင်္ဂလိပ်မင်းတွေက မြန်မာစာ မတတ်ပေမယ့် မြန်မာကြိုက်တော့ အလွန်သိ။ ကြည့်ပါလား၊
ရာထူးတွေကို ခေါ်သွားတာ၊ သူကြီး၊ သပြုသီး မြို့အုပ်၊ မြို့အုပ်၊ မြို့ပိုင်၊ တိုက်ပိုင်၊ လယ်ဝန်၊ အခွန်ဝန်၊
အရေးပိုင်၊ မင်းကြီး၊ ၀န်ကြီး၊ ၀န်ထောက်၊ အတွင်းဝန်၊ အပါးတော်မြဲ တဲ့။

အခုခေတ်ရောက်မှ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့နယ် ရဲတပ်ဖွဲ့မှူး တဲ့။

ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာနမှူးတဲ့၊ ရှည်လျား ထွေပြားလိုက်တာ။ ငါ့မှာ မြို့ပိုင် အဲလေ
မင်းတို့ခေတ် အဲဒီ အထွေထွေအုပ်ချုပ်ရေးမှူးဆိုတာ ကြီးလာရင် သူ့ရာထူးခေါ်ဖို့ တစ်ရက်ကြိုပြီး
အလွတ်ရအောင် ရွတ်နေရတယ်ဟုလည်း ရှုတ်ချတတ်သေးသည်။

မသိတတ်သောမာဂျေက ဘကြီးကို သွားမေးမိသည်။

"ဘကြီးကလည်းဗျာ၊ ဘာလို့ ဥက္ကဋ္ဌ ၀င်လုပ်တာလဲ။ နားရောပေါ့။ ကိုယ်လည်း အသက်ရလာပြီ"

"အာဏာပေါ့ကွယ်"ဟု တိုတိုတုတ်တုတ် ပြန်ဖြေသည်။

သူဖြေသည်က မှန်နေလေတော့ ဘာမှအတွန့်မတက်ဝံ့။ ဒီလိုနှင့် မြန်မာနွေဦးသည် အာရပ်နွေဦး
ထက် ၂၅ နှစ်စောပြီး ဖြစ်လာသည်။

တစ်နိုင်ငံလုံး ဒီမိုကရေစီချက်ချင်းပေး ဟု အော်နေကြသည်။ ဘကြီးကား သူ၏ စီးတော်လှည်းကို
လွှတ်ပြီး မြို့ကျောင်းသား မာဂျေကို အခေါ်လွှတ်သည်။

"မင်းတို့မြို့သားတွေ ဘာတွေ အော်နေတာလဲ။ ဒီမိုကရေစီဆိုတာ ငါ့ရှင်းပြဦး။ မနေ့က ရွာသားတွေ
ငါ့ဆီ ရောက်လာပြီး ဥက္ကဋ္ဌ၊ ကျုပ်တို့တော့ ဒီမိုကရေစီရမှဖြစ်မယ် လာပြောတယ်။ ငါက ရှင်းရှင်းပဲ။
ဒီမိုကရေစီဆိုတာ ငါမသိဘူး။ ဒီစကားလုံးလည်း တစ်သက်လုံး မကြားဖူးဘူး။ ဘာလဲပြန်မေးတော့
သူတို့လည်း မသိဘူးတဲ့။ ဟ မသိတာ ဘာကိစ္စလာ တောင်းနေတာလဲပြောမှ မြို့ကနေ စာပို့တယ်။
ဒီမိုကရေစီတိုက်ပွဲ ဆင်နွှဲပါ ဆိုလို့တဲ့။ မင်းသိတဲ့အတိုင်း ငါ့နယ်မှာ ဘာသူပုန် သူကန်မှလည်း
မရှိဘူး။ ငါက ဘယ်သူ့ကို သွားတိုက်ရမှာလဲ"

"ဘကြီးကလဲဗျာ၊ ဒီမိုကရေစီဆိုတာ အများပြည်သူဆန္ဒနဲ့ အညီ အုပ်ချုပ်ဖို့၊ လွတ်လပ်ခွင့်တွေပေးဖို့
ပြောတာ"ဟု လိုရင်းတိုရှင်း ပြောပြလိုက်သည်။

"ဒါဆိုရင် ငါ့ရွာမှာ ဒီမိုကရေစီဆိုတာ ရပြီးသားပဲ။ တစ်ရွာလုံးက ငါ့ကို သူကြီးခန့်ထားတာ။
လွတ်လပ်ခွင့်လည်း ရနေတာပဲ။ ထန်းတောထဲက ညနေ မူးမူးပြီး ပြန်လာတဲ့ကောင်တွေတောင်
ငါက ထိတ်တုံးခတ်တာ မဟုတ်ဘူး။ ဘယ်သူ့မှ မထိခိုက်ရင် မူးချင်သလို မူးလို့ရတာပဲ"ဟု
ပြောကာ သူ့အိမ်မှ မောင်းကို တဒူဒူထုတော့သည်။

ရွာရှိ အရွယ်ရောက်သူ လူကုန်ရောက်လာသော် ဘကြီးက - "ဒီမှာ အားလုံးနားထောင်၊ ငါ့မြေးက
ဒီမိုကရေစီဆိုတာ ဘာလဲလို့ ငါ့ကိုပြောပြပြီးပြီ။ မင်းတို့ကို ငါအုပ်ချုပ်နေတဲ့အချိန်မှာ ငါ ဘာမတရား
တာ လုပ်ဖူးသလဲ"ဟု မေးရာ အားလုံးက ဘာမှ မလုပ်ပါဘူးဟု ဖြေကြသည်။

ထို့နောက် နောက်ဆုံးတွင် ထိုင်နေသော ဇိုးမောင်မောင်များကို မင်းတို့ ထန်းရည်သောက်တာ၊
ချက်အရက်သောက်တာရော ငါက အရေးယူဖူးလား မေးပြန်သည်။

ဇိုးသမားများက ပျာပျာသလဲ အရေးမယူပါဘူး ခင်ဗျဟု ဖြေရာ ဘကြီးက အောင်ပွဲရစစ်သူကြီးလို
ပြုံးပြီး အဲဒါ ဒီမိုကရေစီပဲ။ မင်းတို့ ဒီမိုကရေစီရပြီးသားဟု ပြောလိုက်သည်။

သို့နှင့် ရှစ်လေးလုံး အရေးတော်ပုံကို ဘကြီး၏ ရွာသည် အေးချမ်းစွာ ဖြတ်သန်းနိုင်ခဲ့သည်။

နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ဟု ထိုစဉ်ကခေါ်ပြီး လွတ်လပ်စွာ ရေးခွင့်၊ ပြောခွင့်
ရလာသည့်အချိန်တွင် စစ်အစိုးရဟု သမုတ်ကြသည့် အစိုးရ တက်လာသည့်အချိန်တွင်လည်း
ဘကြီးကား ကျေးရွာ ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး ဥက္ကဋ္ဌပင်။

မာဂျေကား တစ်ရွာမပြောင်း သူကောင်းမဖြစ် စကားနှင့်အညီ တောတွင် မရှိတော့။

ရန်ကုန်သို့ ရောက်နေပေပြီ။

တစ်ရက် ဘကြီး ရန်ကုန် လာအလည်တွင် "ဘကြီးရယ် အသက်လည်း ကြီးလှပါပြီ၊ မနားသေးဘူး
လား။ ဒီလောက် စိတ်ညစ်စရာအလုပ်ကို ဘာကြောင့် ဆက်လုပ်နေတာလဲ"လို့ မေးမိရာ

သူက တိုတိုတောင်းတောင်းဖြင့် "အာဏာ ပေါ့ကွယ်"ဟုသာ ဖြေသွားသည်။

နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်သည်ကား အထက်မှလူများ
အသက်ကြီးသလောက် အလွန် အငယ်ကြိုက်သော ကာလဖြစ်သည်။

အသက် ၄၀ ကျော်လျှင် ဥက္ကဋ္ဌမလုပ်ရ ဆိုသဖြင့် ဘကြီးကား ရာထူးမှ အရာကျသွားသည်။

သို့သော် သားဖြစ်သူက ကျေးရွာအေး ချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဖြစ်လာသဖြင့်
အနေအစားတော့ ပျက်မသွား။

မာဂျေက ဘကြီးကို စချင်သဖြင့် ရန်ကုန်သို့ ဘုရားဖူးလာသော ဘကြီးကို - "အစိုးရအဖွဲ့ဝင်တွေက
ဘကြီးထက်တောင် အသက်ကြီးလို့ တုန်ချည့်နေကြပြီ။ သူတို့ကတော့ မနားကြဘူးနော်" ဟု
ဘကြီး၏ ပြောနေကျအဖြေ ကြားချင်သဖြင့် မေးလိုက်သည်။

ဘကြီးကား တစ်ခွန်းတည်းပင် ဖြေသွားသည်။ "အာဏာပေါ့ကွယ်" ယခုတော့ ဘကြီးလည်း
ဆုံးပါးသွားပြီ။ သူ့သားကား သူ့အရိုက်အရာကိုဆက်ခံပြီး ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ် နေလေပြီ။

သို့သော် လွှတ်တော်နှင့် အစိုးရအဖွဲ့ အငြင်းအခုံများကို မြင်ရတိုင်း၊ ဖွဘုတ်ပေါ်မှ နိုင်ငံရေး
အငြင်းအခုံများကို ဖတ်ရတိုင်း၊ သမ္မတလုပ်ချင်တယ်ဟု ပြောသူများကို မြင်ရတိုင်း၊ နိုင်ငံရေးသမား
တို့၏ အခမ်းအနား ပွဲလမ်းသဘင်များ၊ ဟောပြောပွဲများကိုမြင်ရတိုင်း ဘကြီးကို သတိရမိသည်။

သူသာ သက်ရှိထင်ရှား ရှိမည်ဆိုပါက ရုပ်သံမှ ထုတ်လွှင့်ပေးမည့် အဆိုပါအစီအစဉ်များကို
လက်ဖက်ရည်ကြမ်း သောက်ရင်း အိမ်ဦးခန်းမှ ကြည့်နေ ပေလိမ့်မည်။

ထိုအစီအစဉ်များကို ကြည့်ပြီး ငယ်ရွယ်သူ မြေးမြစ်များက "ဘ..အဲဒါ ဘာတွေလဲ၊ ဘာကြောင့်လဲ"
ဟု မေးလာခဲ့သော် သူ၏ မရိုးနိုင်သော လက်သုံးစကား ဖြစ်သည့် "အာဏာပေါ့ကွယ်" ဆိုသည့်
အဖြေနှင့် ကျေနပ်စေမည်ဆိုသည်ကိုကား မာဂျေ ယုံကြည်ဆဲပင်။

မာဂျေ

Friday, September 27, 2013

ဒါဆိုရင်တော့သေချာပြီ


ဘဏ်တစ်ခုထဲသို.
ကျွန်ုပ်တို.၏ ချစ်လှစွာသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဝင်လာ၏။
ထိုအခါ ဘဏ်မန်နေဂျာမှ
“ငွေထုတ်မှာလား၊ ငွေလွှဲမှာလား ခင်ဗျာ”

“ငွေထုတ်ချင်လို.ကွယ်၊ သိန်း(100) လောက် ခုတော်တော်အရေးကြီးနေလို.”

“သြော်၊ ဟုတ်ကဲ.ပါခင်ဗျာ။ မှတ်ပုံတင်လေး တစိတ်လောက်ပြပါလား”

လူထုမှာ ဘယ်မှတ်ပုံတင် ပြရမလဲဟု စဉ်းစားရင်း ဟိုစမ်းဒီစမ်း ဖြင့်

“အေးကွယ် အရေးကြီးလို.အလောတကြီး ထွက်လာတာ မှတ်ပုံတင် ကျန်နေခဲ.တယ်”

“ကွန်တော်တို. တာဝန်ဝတ္တရားအရ၊ မှတ်ပုံတင်ပါမှ ငွေထုတ်ခွင့်ပြုပါတယ်ခင်ဗျာ”

“ကျွန်မ လူထု ခေါင်းဆောင်ပါ ၊ လူတိုင်းသိပါတယ်”

“ ဟုတ်ပါတယ်ခင်ဗျ၊ ဒါပေမဲ. တာဝန်နဲ.၀တ္တရား၇ှိလို.ပါ”

“ကျွန်မ လူထုခေါင်းဆောင် လေကွယ်”

“ဟုတ်ကဲ. ဒါဆို၊ လူထုခေါင်းဆောင် ဟုတ်ကြောင်းမှန်ကြောင်း အထောက်အထားတစ်ခုပြပါ ခင်ဗျာ”

မန်နေဂျာပြောစကားအား ကောင်းကောင်းနားမလည်သော လူထုခေါင်းဆောင်ကြီးမှာ

“ဘာလိုလဲ.၊ ကျွန်မ သိပ်နားမလည်ဘူး”

“ဒီလိုပါ ခင်ဗျာ၊ ကျွန်တော်တို.ဘဏ်ကို လွန်ခဲ.တဲ. အပတ် လောက်က စာရေးဆရာ ချစ်ဦးညိုလာပါတယ် ခင်ဗျာ၊ သူလည်းငွေလာထုတ်တာပါ ဒါပေမဲ. အခုလိုပဲ မှတ်ပုံတင်ပါမလာပါဘူး၊ အဲ.ဒါနဲ. ကျွန်တော်က စာရေးဆရာချစ်ဦးညိုဖြစ်ကြောင်း အထောက်အထား တစ်ခုပြပါဆိုတော. သူကရှေ. ထွက်ပြီး “မ နဲ.မောင်နဲ. ခုမှတွေ.တာxxxx လူပါးမ၀ခင်တုန်းက ပြောကြတော.ရယ်စရာပါxxxx ဟာ..ဟာ..ဟာ”
ဆိုပြီးတော. ကွေးနေအောင်ကပြပါတယ်၊ ဒါဆိုရင်တော. ကျွန်တော်တို.ကယုံပါတယ် ဘာလို.လဲဆိုတော. စာရေးဆရာထဲမှာ အဲ.လိုသီချင်းဆိုပြီး ကတတ်တာ ချစ်ဦးညို တစ်ယောက်ပဲရှိတာကိုး။ ကျွန်တော်တို.ငွေထုတ်ပေးလိုက်ပါတယ်”

မန်နေ၈ျာက ဆက်လက်၍
“ အဲ.လိုပဲ ဟိုတစ်နေ.က ဦးဇင်ဝိုင်း ငွေလာထုတ်ပါတယ် အလားတူပါပဲ သူလည်း
အဲ.ဒါနဲ. အထောက်အထားပြခိုင်းရော သူက ရှေ.ထွက်ပြီး၊ “ ကျွန်တော်က ရုပ်ရှင်အစည်းအရုံး ဥက္ကဌ မဟုတ်ပါဘူးဗျာ၊ ကျွန်တော်က ဘုံကျွန်ကြီးပါဗျာ၊ ခိုင်းဖတ်ကြီးပါခင်ဗျာ” ဆိုပြီးငိုပါလေရော
သေချာပြီ ဒါဆို ရုပ်ရှင်အစည်းအရုံးဥက္ကဌ ဇင်ဝိုင်းပဲ၊ ကျွန်တော်တို.ငွေထုတ်ပေးလိုက်ပါတယ်၊ ခု လူထု ခေါင်းဆောင်ကြီးဖြစ်ကြောင်းဘယ်လိုအထောက်ထားပြချင်ပါသလဲခင်ဗျာ”

လူထုခေါင်းဆောင်ကြီးမှာ ခေါင်းကုတ်၍
“ ကျွန်မ တို့ ဖေဖေ တို့တုန်းကပေါ့...” လို့ပြောဖို့ အစချီ လိုက်ယုံနဲ့ပဲ

“ရပြီ ရပြီ  ဒီလို အစချီ ရင် ဒါ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အစစ်ပဲ” ဟုဆိုကာ ငွေထုတ်ပေးလိုက်ပါသည်။


မွှေးညှပ်

http://shwenewnews.blogspot.com/2013/09/blog-post_6842.html

ချိုးဖြူလေးကို အားနာပါ


------------
ရေးသားသူ- ဘစီ

ငြိမ်းချမ်းရေးဆိုတဲ့ စကားကို ကျုပ်တို့တိုင်းပြည်မှာ ပြောလာလိုက်ကြရတာ လွတ်လပ်ရေးရပြီး ကတည်းကပဲနော်။ ဒါပေမဲ့
ကနေ့အထိ မငြိမ်းချမ်းနိုင်သေးဘူးဖြစ်နေတာလည်း အားလုံးအသိပဲ။ ပြည်တွင်းငြိမ်းချမ်းရေး လှုပ်ရှားမှုရဲ့ တပ်ဦးမှာရှိခဲ့တဲ့ဆရာ
ကြီးသခင်ကိုယ်တော်မှိုင်းဆိုရင်လည်း သူမသေခင်မှာ တိုင်းပြည်ငြိမ်းချမ်းရေးရတာ မြင်သွားချင်တယ်လို့ တဖွဖွပြောခဲ့ရတယ်။ ဒါ
ပေမဲ့ သေသာသွားရော မြင်မသွားရပါဘူးဗျာ။

ငြိမ်းချမ်းရေးစကား ပြောသာပြောရ မငြိမ်းချမ်းနိုင်သေးတာမို့ သူ့လေးချိုးကြီးတစ်ပုဒ်ထဲ မှာ “ပြေ(ပြည်)ရွာမှာ သေတာ လောက် မကောင်းချိန်မို့” ဆိုပြီး တောင်မှ ဆရာကြီးက ထည့်ရေးသွားတာတွေ့ရဖူးသဗျ။ အခုအချိန်ထိလည်း ကျုပ်တို့ဟာ ဆရာကြီး ကလိတိတိနဲ့ ညည်းခဲ့သလို ပြေရွာမှာ သေတာလောက် မကောင်းချိန်ထဲမှာ ရှိနေကြတုန်းပါပဲ။ ငြိမ်းချမ်းပြီးတော့ ရေကန်သာ ကြာ တိုင်းအေးနိုင်မယ့် ရွှေပြည်တော်ဟာ မျှော်တိုင်းဝေးနေရတုန်းပဲဆိုပါတော့လေ။

ပြီးခဲ့တဲ့တစ်ရက်ကတော့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့လို့ဆိုတယ်ခင်ဗျ။ အဲဒီနေ့တုန်းက ကျုပ်တို့တိုင်းပြည်မှာလည်း အ ခမ်းအနားတွေ လွှတ်လုပ်ကြသပေါ့ဗျာ။ လမ်းလျှောက်ကြ၊ ချီ တက်ကြ။ ငြိမ်းချမ်းရေးအကျိုးဆောင်များကလည်း ချိုးငှက်တွေ လွှတ်ကြ၊ ဖယောင်းတိုင်မီးတွေ ထွန်းကြနဲ့လုပ်နေလိုက်ကြတာ ဗျာ။ ငြိမ်းချမ်းရေးကို ကျုပ်တို့ပြည်သူတွေ ဘယ်လောက်လိုချင်စိတ် ပြင်းပြနေကြတယ်ဆိုတာကို ပြသတဲ့ သက်သေသာဓကတစ်ခုအ ဖြစ် ကျုပ်ကတော့ ရှုမြင်သဗျ။

ငြိမ်းချမ်းရေးနေ့ဆိုလို့ ကျုပ်ခေါင်းထဲ အမှတ်ရလာတာက ဟိုလွန်ခဲ့တဲ့ လအနည်းငယ်လောက်တုန်းက “စစ်ပွဲတွေရပ်”ဆိုပြီး ငြိမ်း ချမ်းရေးကိုလိုလားတဲ့ တက်ကြ အင်အားစုများက ဦးဆောင်ပြီး သကာလအင်လျားကန်ပေါင်မှာ အထိမ်းအမှတ် ကျောက်တိုင် လေးတစ်ခု စိုက်ထူခဲ့ကြသေးတယ်မို့လား။ အနှီငြိမ်းချမ်းရေး ကျောက်တိုင်ခမျာ ၂၄ နာရီတောင် မခံရှာဘူး။ အာဏာပိုင်တွေလာ ပြီး တူးဖြိုသွားတာ မှတ်မိသေးတယ်။ ငြိမ်းချမ်းရေးကျောက်တိုင် ခိုင်ခိုင်မာမာဖြစ်မှာ မလိုလားသူ တွေရှိနေတယ်ဆိုတာအဲဒီကတည်းက ကျုပ်တို့ သံသယ၀င်မိတယ်။

ဒါပေသိ ငြိမ်းချမ်းရေးအကျိုးဆောင်တဲ့ ၀န်ကြီးတစ်ဦးကတော့ တစ်နေ့တုန်းက ပြောရှာတယ်။ သူဟာ ငြိမ်းချမ်းရေးလိုချင် လွန်းအားကြီးလို့ အိမ်ရောင်း၊ ကားရောင်းပြီးတောင်မှ လုပ်နေသတဲ့။ ဘယ်အိမ်တွေ ရောင်းထားသလဲ။ သိချင်ရင် လိပ်စာပေးလိုက်မယ်။ သွားကြည့်ကြတဲ့ဗျ။ (သူ့မယ် အိမ်ဘယ်နှလုံးတောင်မှ ရှိနေသလဲတော့ မသိဘူးပေါ့ဗျာ)

အနှီလို ငြိမ်းချမ်းရေးအတွက် ကိုယ့်အိတ်ကိုယ်စိုက် လုပ် နေရှာတဲ့ အစိုးရ၀န်ကြီးများရှိတာကို သိရတော့ ကျုပ်သိပ်ပြီး ၀မ်း သာတာပဲဗျာ။ ကျုပ်တို့မှာ ငြိမ်း ချမ်းရေးကိုလိုလားတဲ့ ပြည်သူ တွေလည်း ရှိနေပြီ။ ငြိမ်းချမ်းရေးကိုလိုလားတဲ့ သမ္မတကြီးလည်း ရှိ နေပြီ။ ၀န်ကြီးတွေလည်း ရှိနေပြီ။ နိုင်ငံရေးအင်အားစုတွေလည်း ရှိ နေပြီ။ ငြိမ်းချမ်းရေးလိုလားတဲ့ တပ်မတော်ကြီးလည်း....။ ကဲ ဗျာ ဘာလိုသေးလဲ။

အခု တစ်နိုင်ငံလုံး အပစ်ရပ် ပါ့မယ်လို့ သမ္မတကြီးရော၊ ငြိမ်းချမ်းရေးအကျိုးဆောင်များရော၊ တက်ကြွလှုပ်ရှား ငြိမ်းချမ်းရေး သမားများရော အတူတကွ တိုင်းပြည်ကို ကြေညာမောင်းတီးပြီး ဆော်သြသမှုပြုနေကြတဲ့အခါမှာပဲ ငြိမ်းချမ်းရေးတေးသံအစား သေ နတ်သံများကို ပြန်ကြားလာရတာကတော့ တစ်ခုခုဖြင့် မှားလို့များ နေပြီလားခင်ဗျာ။

ငြိမ်းချမ်းရေးဆိုတဲ့စကား အစိုးရအဆက်ဆက် ပြောတော့ ပြောခဲ့ကြတာပဲ။ ဟိုးရှေးက ဖဆပလအစိုးရကလည်း ငြိမ်းချမ်းရေးစကား ပြောခဲ့တယ်ဗျာ။ နောက် တော်လှန်ရေးကောင်စီကလည်း ငြိမ်းချမ်းရေးကို ပြောခဲ့တာပဲ။ ကဲတော်လှန်ရေးကောင်စီတစ်
ဖြစ်လဲ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအပြီးမှာ တက်လာတဲ့ တပ်မတော်အစိုးရဆိုတာကလည်း ဘာဆက်ပြောခဲ့သလဲ။ အားလုံးအသိပါ။ပြည်တွင်းငြိမ်းချမ်းရေးပါပဲ။

ဒါပေမဲ့ ငြိမ်းချမ်းရေးရတယ် လို့တော့ ကြားခဲ့ကြသလားဗျ။ ငြိမ်းချမ်းရေးဆိုတာထက် ပစ်ရခတ်ရလွန်းလို့ လက်ညောင်းတဲ့အချိန်မှာ ခဏတဖြုတ်အနားရအောင် အပစ်ရပ်ကြတာလို့ ပြော စမှတ်တွင်အောင် နားလိုက်၊ ပစ် လိုက်ပဲ ရှိနေခဲ့တာ မဟုတ်လားဗျာ။ “နားနားပြီးပြော” ဆိုတဲ့ သီချင်းနာမည်လိုပဲ နှစ်ဖက်စစ်တပ် များဟာ “နားနားပြီး ပစ်” နေရကြ တယ်လို့ပဲ ဆိုရမလိုပေါ့ခင်ဗျ။

အခု ဒီနေ့ဒီအချိန်မှာလည်း ငြိမ်းချမ်းရေးသံစုံတီးဝိုင်းကြီးဟာ ဘယ်ခေတ်အခါနဲ့မှ မတူအောင်ကို ဆူလောင်မြည်ဟည်းနေတယ် ခင်ဗျ။ ငြိမ်းချမ်းရေးအတွက် အစိုးရအပါအ၀င် နိုင်ငံရေးပါတီများ၊ အရပ်သားလူမှုအဖွဲ့အစည်းများနဲ့ အနုပညာရှင်များပါမကျန် တစ် သံတည်းထွက်နေကြတဲ့အချိန် ပေါ့ခင်ဗျာ။ တကယ့်လက်တွေ့မှာ ဘယ့်နှယ်လုပ်ကြမလဲတော့ မသိဘူးပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်တို့ရွာဘုန်းကြီးပျံမှာ မဏ္ဍပ်ဆောက်သလိုတော့ မဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းနေရပါသဗျ။

ဒီလိုလေဗျာ။ ကျုပ်တို့ရွာ ဘုန်းကြီးကျောင်းက ကျောင်းထိုင် ဆရာတော်ကြီး ပျံလွန်တော်မူတော့ကာ ရွာမှာဧည့်ခံမဏ္ဍပ်ကြီး ဆောက်ဖို့ ကိုစံလှနဲ့ ကိုအုန်းဖေ (နာမည်ရင်းများမဟုတ်) ဆိုတဲ့ ရွာနေပြည်ထိုင် လက်သမားနှစ်ယောက်ကို ရပ်ရွာက တာဝန်ပေး လိုက်တယ်ဗျာ။ ခက်တာက အဲဒီ ကိုစံလှနဲ့ ကိုအုန်းဖေဟာ အချင်း ချင်းကပ်ပြီး ပညာပြိုင်နေတဲ့သူတွေဗျ။ ဒီမှာတင် အနှီလက်သမား ဆရာနှစ်ယောက်ရဲ့ အားပြိုင်မှုဟာ ဘုန်းကြီးပျံတော်မူလို့ ပူဆွေး နေတဲ့ တစ်ရွာလုံးက ဒါယကာ ဒါယိကာမတွေရဲ့အကြားမှာ ပွက် လောရိုက်စရာဖြစ်လာတယ်ဗျာ။

ဖြစ်ပုံကတော့ သူတို့နှစ် ယောက်စလုံးက ရွာဦးကျောင်းဆရာတော်ရဲ့ ဈာပနမဏ္ဍပ်ကို အကြောင်းပြုပြီး သူ့နည်းသူ့ဟန်နဲ့ အစွမ်းပြချင်နေကြတာပေါ့ဗျာ။ ခပ်တိုတိုဆိုရရင် သူတို့နှစ်ယောက်က သူ့အစွမ်း၊ ငါ့အစွမ်းပြချင်နေတော့ကာ အတူတွဲလုပ်ဖို့ဆိုတာ ညှိမရဘူးခင်ဗျ။ ကိုစံလှဘက်ကလည်း သူ့တစ်သက်မှာ ဆရာတော် ရဲ့ ဈာပနမဏ္ဍပ်ကြီးကို ဟည်းဟည်းထအောင် တည်ဆောက် ပေးခဲ့တာလို့ သူ့ရဲ့သားစဉ်မြေးဆက်အကြားမှာ ဂုဏ်ယူဝင့်ကြွားရအောင် လုပ်မယ်တကဲကဲနဲ့ မှန်းနေတာ။

ကိုအုန်းဖေကလည်းထိုနည်းလည်းကောင်းပဲ။ နောင်အခါ ရွာထဲက မျိုးဆက်သစ်တွေက ရွာ ဦးကျောင်းဆရာတော်ရဲ့ ဈာပန ရာဇ၀င်ကို ခြေရာခံကြတဲ့အခါ အနှီဆရာတော်ရဲ့ နောက်ဆုံးခရီးအတွက် ဧည့်ခံမဏ္ဍပ်ကြီးဟာ လက်သမားဆရာကြီး ကိုအုန်းဖေ တည်ဆောက်ပေးခဲ့တာဖြစ်တယ်လို့ နှောင်းလူများ တဖွဖွနဲ့ အံ့သြခြင်းကြီးစွာ ထောပနာပြုရစေ့ မယ်ဆိုပြီး ကြိတ်ကြံနေတာကလား။

ဆိုတော့ကာ ကိုစံလှနဲ့ ကိုအုန်းဖေကို ရွာထဲက ဘယ်လိုမှ ညှိမရဘူးပေါ့ခင်ဗျာ။ ကိုစံလှကို ဆောက်ခိုင်းရင်လည်းကိုအုန်း ဖေက မကျေနပ်ဘူး။ အလားတူ ကိုအုန်းဖေကို ဆောက်ခိုင်းရင်လည်း ကိုစံလှက ကန့်ကွက်မယ် တကဲကဲဗျ။ နှစ်ယောက်အတူ ဆောက်ပေးပါလို့ ရွာက မေတ္တာ ရပ်ခံတော့လည်း မဟုတ်ဘူး။

သို့ကလို ညှိမရ၊ နှိုင်းမရဖြစ် နေတုန်းမှာ ဈာပနပွဲကလည်း နီးလာပြီ။ ဒီမှာ လက်သမားနှစ်ယောက်လည်း သူဆောက်မယ်၊ ငါဆောက်မယ်ဆိုပြီး ငြင်းခုံလို့ မပြီးသေးဘူး။ နောက်ဆုံးမှာတော့ ရွာက ကာလသားတွေက တိုက်ကရိုက်ဝိုင်းဆောက်လိုက်ကြတဲ့ သက်ငယ်တစ်ဝက်၊ ရိုးပြတ်တစ်ဝက်၊ ကောက်ရိုးတစ်ဝက်ရောထားတဲ့ ခနော်ခနဲ့ လေးတိုင်စင်မဏ္ဍပ်လေးနဲ့ပဲ အရပ်လေးမျက်နှာက ဒါယကာ၊ ဒါယိကာမတွေကိုပဲ ဧည့်ခံကျွေးမွေးလိုက်ရတော့တယ်။

ကိုစံလှနဲ့ ကိုအုန်းဖေတို့ရဲ့ သဲဖြူခင်း၊ ရာဇမတ်ကာ၊ ငှက်ပျောပင်စိုက်ထားတဲ့ ဈာပနဧည့် ခံမဏ္ဍပ်ကြီးကိုတော့ကနေ့အထိ ရွာက မမြင်ကြရသေးဘူး။ ရွာထဲက လူကြီးတွေကတော့ ပြောရှာတယ်။ သြော်.. တို့ဆရာတော်ကြီး ၀ဋ်ကြွေးကြီးပုံများ ဈာပနမှာ အုန်းဖေနဲ့ စံလှတို့နဲ့မှ တွေ့ရပလေတယ်လို့ သွားလေသူ ရွာဦးဘုန်းကြီးရဲ့ အတိတ်ကံကိုပဲ ယိုးမယ်ဖွဲ့ကြရုံမှတစ်ပါး အခြားဘာမှ မတတ်နိုင်ခဲ့ဘူး။

အခုလည်း ငြိမ်းချမ်းရေးကို အဖွဲ့အစည်းအသီးသီးက ကိုယ့် နည်းကိုယ့်ဟန်နဲ့ ပြောနေဆိုနေလုပ်နေကိုင်နေကြတဲ့အချိန်မျိုး ဆိုတော့ပေါ့ခင်ဗျာ။ ငြိမ်းချမ်းရေး ဗိမာန်ကြီးတည်ဆောက်ကြတဲ့ နေရာမှာ ကျုပ်ရွာက လက်သမားနှစ်ယောက်လိုတော့ မဖြစ်ပါစေနဲ့ ဆုတောင်းနေရသဗျာ။

ငြိမ်းချမ်းရေးအတွက် အိမ်ရောင်းပြီးတောင်မှ လုပ်နေပါတယ်ဆိုတဲ့ ၀န်ကြီးကိုလည်း တကယ်ဟုတ်တယ်ဆိုရင် ကျုပ်တို့ က ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ငြိမ်းချမ်းရေးအထိမ်းအမှတ် ရန်ပုံငွေပွဲများ လုပ်တာလည်း ကြိုက်ပါတယ်။ လမ်းလျှောက်တာလည်း ကောင်းပါတယ်။ မီးထွန်းတာလည်း သင့်မြတ်ပါတယ်။ ဒါပေသိ အပြောထက် အလုပ်တွေက အရေးကြီးတယ်ခင်ဗျ။ နှစ်ဖက်တပ် မကြီးတွေကလည်း “နားနားပြီးပစ်” နေချိန်မှာ ငြိမ်းချမ်းရေးလှုပ် ရှားသူတွေရဲ့ ငြိမ်းချမ်းရေးစကားများဟာလည်း “ပြောပြောပြီးပြီး” နဲ့ ဇာတ်မျောကြီး မဖြစ်ဖို့လိုပါတယ်ဗျို့။

ပြည်ထောင်စုဝန်ကြီးများ အပါအ၀င် အရပ်ဘက်အဖွဲ့အစည်းအချို့က ပုဂ္ဂိုလ်ကြီးများဟာ ပြီးခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်း ချမ်းရေးနေ့မှာ ချိုးဖြူငှက်များ လွှတ်နေတာတွေ့ရတော့ ကျုပ် တို့သိပ်ပြီး ကြည်နူးအားတက် ဖြစ်ရပါတယ်ဗျာ။ အလားတူ မြန်မာ့ တပ်မတော်ကြီးနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်သားများလည်းပါဝင်ပြီးတော့မှ ချိုးဖြူငှက်ကလေးတွေ လွှတ်ကြရင် သိပ်ကောင်း
မှာပဲ။

ငြိမ်းချမ်းရေးနေ့မှာ ချိုးငှက်လွှတ်တာတွေ့ရတော့ ကာတွန်းဖေသိန်းရဲ့ ကာတွန်းတစ်ကွက်ကို ကျုပ်ဖြင့် အမှတ်ရနေမိသေးတယ် ခင်ဗျာ။ ဟိုး...ရှေးရှေးကာလ ၁၉၅၀ တစ်ဝိုက်လောက်ကဖြစ် မှာပေါ့။ ပြည်တွင်းစစ်မီး အရှိန်မြင့်ပြီး ဒလဘက်ကမ်းမှာတောင် တိုက်ပွဲတွေ ဖြစ်နေချိန်ပေါ့။ ဆ ရာဦးဖေသိန်းကလဒ (လင်းတ) ပုံကြီးဆွဲပြီး အောက်မှာ အခုလိုရေးထားသဗျ။

“ရန်ကုန်ဘက်ကမ်းမှ ပျံ သန်းလာသော ချိုးငှက်ကလေး သည် ဒလဘက်ကမ်းသို့ ရောက်သောအခါ လဒ (လင်းတ) ဖြစ် သွားလေတော့သတည်း”ပါတဲ့ ခင်ဗျ။ အခုလည်း ရန်ကုန်မှ ငြိမ်း ချမ်းရေးလိုလားသူများ လွှတ်လိုက်သော ချိုးငှက်ကလေးဟာ မြန်မာပြည်မြောက်ပိုင်းနဲ့ နယ်စပ်ဒေသ တောင်တန်းများအကြားသို့ ရောက်သောအခါ လဒ (လင်းတ) ဖြစ်မသွားပါစေနဲ့လို့ ကျုပ်ဖြင့် ရင် တမမနဲ့ ဆုတောင်းနေရသဗျ။ လဒဖြစ်သွားတဲ့ ချိုးဖြူတွေလည်း ရှေ့မှာ မနည်းတော့ပဲကိုး။
(ဖော်ပြပါ သရော်စာသည် စာရေးသူ ဘစီ၏ အာဘော်သာဖြစ်သည်)

နတ်သမီးဈေးကွက်

"အစ်ကိုကြီး... အင်တာနက်ပေါ်က ဖွဘုတ်ကိုကြည့်ရင်း ကျွန်တော်တစ်ခု သတိထားမိတာရှိတယ်"
လို့ တပည့် မောင်ကြွက်နီက ပြောလာပါတယ်။

"အားအားယားယားကွာ၊ ငါဖြင့် ဘာမှ ထူးတာမတွေ့ပါဘူး။ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ဆဲနေတာ၊ အပုပ်ချနေ
တာတွေပဲ တွေ့တာပါ" လို့ ပြန်ဖြေလိုက်တော့ သင်းက-

"ဒါကတော့ ခင်ဗျားကြီးက နိုင်ငံရေးသမားတွေကို ဖရန့် လုပ်ထားတာကိုး။ ကျွန်တော်ဆိုရင်
ကောင်မလေးလှလှလေးတွေပုံပဲ ရွေးပြီး ဖရန့်လုပ်တာ"တဲ့။

"အေး.. ဒါဆိုရင်တော့ မင်းလည်း ဘယ်နေ့ အခြောက်နဲ့ ရည်းစားဖြစ်မလဲ မသိဘူး။ သူတို့က
ကောင်မလေး ချောချောလေးပုံတွေတင်ပြီး အမဲလိုက်နေကြတာ" ပြောမိပြန်လည်း သင်းက
မလျှော့ဘဲ

"ကျွန်တော်က သူတို့ ကိုယ်ရေး ရာဇ၀င်တွေဘာတွေစစ်ပြီးမှ ဖရန့်လုပ်တာပါ။ အဲဒီမှာ မော်ဒယ်
ပေါက်စတချို့က နတ်သမီးတွေဖြစ်နေတာကို သွားတွေ့မိတယ်"လို့ ပြောတာနဲ့ မာဂျေလည်း
မျက်လုံးပြူးသွားပြီး

"ဟုတ်လို့လား မောင်ကြွက်နီရယ်၊ မင်းပြောလိုက်ရင် အထူးအဆန်းချည်းပဲ။ ကဲပြောစမ်းပါဦး။
မင်းက ဘယ်လို လုပ်သိတာလဲ" မေးတော့

"ဒီလိုဗျ၊ ကျွန်တော်နဲ့ ဖွဘုတ်မှာဖရန့် ဖြစ်နေတဲ့ မော်ဒယ်မလေးနှစ်ယောက်ရှိတယ်။ အမြဲတမ်း
သောကြာနေ့ဆိုရင် သူတို့က နေပြည်တော်သွားတယ်။ ဟိုတယ်မှာ တည်းတယ်။ တနင်္လာနေ့
မနက်ဆို ရန်ကုန်ကိုပြန်လာတယ်"

"သူများ သားသမီးကို အိုးစွတ်ခွက်စွပ် မပြောစမ်းပါနဲ့ကွာ။ သူတို့လည်း ဟိုမှာ ရှိုးပွဲတွေ ဘာတွေ
ရှိလို့နေမှာပေါ့။ အဲဒီလိုသွားတာကို မင်းကို သတင်းပို့နေလို့ သိတာလား" မေးတော့

"ဟုတ်ဖူးဗျ။ ကျွန်တော်က ဖွဘုတ်ထဲမှာ လေ့လာနေတာ။ ခင်ဗျားသိတဲ့အတိုင်း ဖွဘုတ်ဆိုတာ
ကိုယ်ဘယ်နားမှာ ဓာတ်ပုံရိုက်တင်တယ်ဆိုတာ တစ်ခါတည်း နေရာအညွှန်းနဲ့ပြတာလေ။ ပြီးတော့
ဒီကလေးမတွေက သူတို့ ဘယ်ရောက်နေပြီ။ ဘယ်ဟိုတယ်မှာဆို အမြဲတင်လေ့ရှိလို့ သတိထား
မိတာ"

"ဒါဆိုလည်း မေးကြည့်လေကွာ။ ဟုတ် မဟုတ်"

"ခင်ဗျားပြောတာ နောက်ကျနေပြီ။ ကျွန်တော်က သမီးတို့ အမြဲတမ်း နေပြည်တော်သွားတယ်
နော်။ ဦးလည်း နေပြည်တော်သွားစရာရှိလို့ လိုက်ကြမလား မေးကြည့်တော့"

"ဘာလဲ၊ ကျွန်မတို့ကို ဘာထင်နေလို့လဲ။ ပါးကျိုးသွားချင်သလားဆိုပြီး မင်းကို ပြန်ရန်တွေ့သွား
တယ်မဟုတ်လား"

"အင်း... ခင်ဗျားပြောရင် လွဲမှလွဲ ပါ့မလားလို့။ အဲဒီကလေးမက ကျွန်မတို့က သူငယ်ချင်း
နှစ်ယောက် တွဲပြီး သွားနေကျ။ ဦးဆိုရင် တစ်ယောက် လေးသိန်းစီပဲ ယူပါ့မယ်။ ဦးသူငယ်ချင်း
တစ်ယောက်လည်း ခေါ်ခဲ့ပေါ့" တဲ့။

"ဟုတ်ရဲ့လား မောင်ကြွက်နီရယ်။ မင်းပြောတာ နားရှိလို့သာ ကြားရတယ်" ဆိုပြီး ပြန်ပြောမိလို့
သင်းက -

"ခင်ဗျား ကွန်ပျူတာ ဖွင့်ဗျာ" တဲ့။ ဒါနဲ့ ကွန်ပျူတာလည်း ဖွင့်ပြီးရော သူက ဖွဘုတ်ထဲက
သူ့အကောင့်ထဲကို ၀င်လိုက်တယ်။ ပြီးတော့ ဟိုရှာဒီရှာလုပ်ပြီး

"ဒီမှာကြည့်၊ ကျွန်တော်ပြောတဲ့ ကလေးမလေးတွေ" တဲ့။ မျက်စိရှိလို့သာ မြင်ရ၊ နားရှိလို့သာ
ကြားရ၊ ဒီလောက် မှုန်နေအောင်ချောတဲ့ ကလေးမလေးနှစ်ယောက်က ဒီလို အလုပ် လုပ်မယ်
မထင်လို့ "ပုံကတော့ ဘယ်သူ့ပုံပြပြရတာပဲကွ။ ဘာလဲ မင်းက ဖွဘုတ်သုံးပြီး သူများတွေကို
နာမည်ဖျက်နေတာလား"ဆိုပြီး သူမခံနိုင်အောင်ပြောလိုက်တော့ သူက ချက်ချင်း
အဲဒီကလေးမလေး တစ်ယောက်ဆီကို

"ဒီတစ်ပတ် သွားဖြစ်တယ်။ ဈေး မလျှော့တော့ဘူးလား" တဲ့။ ဟိုက ဘာပြန်ပြီး စာရိုက်လိုက်သလဲ
ဆိုတော့ "ဦးမို့လို့ လေးသိန်းပဲယူတာ၊ စနေ တနင်္ဂနွေနှစ်ရက်ဆို သမီးတို့က စရိတ်ငြိမ်း ငါးသိန်း
ယူနေကျ။ ဈေးမဆစ်ပါနဲ့ ဦးရယ်။ ပထမဆုံးအခေါက် ဆိုတော့ မိတ်ဖြစ်ဆွေဖြစ်ပေါ့။ သူများတွေ
ဆိုရင် လေယာဉ်နဲ့တောင် ခေါ်တာ ဦးရဲ့။ ဦးသိတဲ့အတိုင်း ဒီကားလမ်းကြီးက ကြောက်စရာကြီး၊
တော်ကြာတစ်ခုခု ဖြစ်မှ ချေးထုပ်လေးတွေနဲ့ ကလပ်မှာ ညဘက်မကဲရ ဖြစ်နေပါဦးမယ်" ဆိုပဲ။

မာဂျေက နားမလည်တော့ "ဘာလဲကွ၊ ချေးထုပ်ဆိုတာ" ဆိုပြီး မောင်ကြွက်နီကို ပြန်မေးရတယ်။
မောင်ကြွက်နီက "ကျွန်တော်တို့လို ဘူဒါးကြီးတွေနဲ့ တွဲတာက စီးပွားရေးအရ။ သူတို့လို အရွယ်တူ
လေးတွေနဲ့ တွဲတာက သူတို့အတွက် ပျော်ရွှင်ဖို့။ သူတို့ ရွယ်တူချင်းဆိုတော့ ဟိုကလေးတွေက
ဘာမှမပေးဘဲ လူကိုပဲယူလို့ သူတို့က ချေးထုပ်လေးတွေလို့ခေါ်တာ" ဆိုပဲ။

ဒါတွေလည်း မြင်လိုက်ရရော မာဂျေလည်း ဘာမှပြန်မပြောနိုင်တော့ဘူး။ အဲဒါကိုကြည့်ပြီး
မောင်ကြွက်နီက-

"ကျွန်တော်က ခင်ဗျားကြီးလို သူတစ်ပါး နစ်နာအောင် ရေးနေတဲ့လူ မဟုတ်ဘူး။ မြန်မာပြည်မှာ
ဘာတွေဖြစ်နေတယ်ဆိုတာ ခင်ဗျားကြီးသိအောင် သတင်းပေးတာ" တဲ့။

"မောင်ကြွက်နီရယ်... နင်ကတော့ ကြံကြံဖန်ဖန်ကို သိနေတော့တာပဲ"လို့ ချီးကျူးလိုက်တော့ -

"လေ့လာတဲ့အကျိုးပေါ့ဗျာ။ ဒီကောင်မလေးနှစ်ယောက်က ဖွဘုတ်မှာ အလွန်တင်ချင်တာ။ သူတို့
တင်တဲ့ နေရာကြည့်လိုက်ရင် ပင်လယ်ကမ်းခြေရယ်၊ ကလပ်ရယ်၊ နေပြည်တော်ရယ်ပဲ။
အဲဒါကလည်း အပတ်စဉ်ဆိုတော့ မပြေးသော် ကန်ရာရှိ၊ ရမ်းပစ်ကြည့်လိုက်တာ၊ တည့်တည့်ကို
မှန်တော့တာပဲ။ ခင်ဗျားသိအောင်ပြောရ ဦးမယ်။ စနေ၊ တနင်္ဂနွေဆိုရင် နတ်သမီး အတော်များများ
က နေပြည်တော်ကို သွားပြီး စီးပွားရှာနေကြတာ။ ဟိုမှာအပတ်စဉ် နတ်သဘင်ရှိတယ် ထင်ပါ့ဗျာ။
နေပြည်တော်မှာ လုပ်ပိုင်ခွင့်ကောင်းတဲ့ အစိုးရအရာရှိတွေကို ပြုစုဖို့ စီးပွားရေးသမားတွေက
ငွေထုပ်ပိုက်ပြီး စောင့်နေကြတာ။ တချို့ကျတော့ ရန်ကုန်ကနေ ယောက်ျားတွေချည်း မသွားချင်လို့
တစ်ခါတည်းခေါ်သွားကြတာ။ အခုဆိုရင် စနေ၊ တနင်္ဂနွေ ရောက်ရင် ရန်ကုန်မှာ နတ်သမီးရှားနေပြီ။
နေပြည်တော်က ဟိုတယ်တွေမှာတော့ စနေ၊ တနင်္ဂနွေဆိုရင် နတ်သမီးတွေနဲ့စည်ကားလို့
သိရဲ့လား" ဆိုပဲ။

သူပြောတာတွေ နားထောင်ပြီး ဘာမှကို ဆက်မပြောနိုင်တော့ဘူး။ ဘယ်သူ့ကို အပြစ်တင်ရမှန်း
တောင် မသိတော့ဘူး။ဒါပေသည့် အပြစ်တင်စရာ မရှိရင် ကြံဖန်ပြီး အပြစ်တင်စရာက ရှိပြီးသား
လေ။

ဒါကြောင့် - "အဲဒါ အစိုးရညံ့လို့ပေါ့ကွ။ လူတွေကို ဆင်းရဲမွဲတေမှု နွံထဲက ဆွဲမထုတ်နိုင်သေးသရွေ့
ဒီလိုအဖြစ်မျိုးတွေ တွေ့နေရာမှာပဲ" ပြောလိုက်မိလို့ သင်းက-

"ခင်ဗျားမလည်း ဟိုနိုင်ငံရေးပါတီကို ထောက်ခံတဲ့သူတွေနဲ့ အတူတူပဲ။ ပြောစရာမရှိရင်
တစ်ခါလာလည်း အစိုးရ၊ တစ်ခါလာလည်း အာဏာရှင်နဲ့ ဒါကလွဲရင် တခြားမပြောတတ်တော့
ဘူးလား" ဆိုပြီး နှက်သွားတာ ခံလိုက်ရတယ်ဗျာ။

မာဂျေ (မြန်မာတိုင်းစ်)

Sunday, September 15, 2013

တို့မမ


မမရွရွ ထထက အက ပထမ
ကပါ ကပါ မမရာ ညညလသာသာ
ကျွန်တော်တို့ မိသားစုတွင် မမ တစ်ယောက် ရှိပါသည်။ မမ၏ အမည်မှာ မလှ ဟုခေါ်ပါသည်။ ဖေဖေ အရာရှိကြီး ဦးလှ၊ မေမေ ဘွဲ့ရကြီး ဒေါ်လှ၊ မမ မလှနှင့် ကျွန်တော် မောင်လှ အပါအဝင် အစ်ကို ကိုလှ လည်း ရှိပါသေးသည်။

မမ မလှသည် မော်ဒယ်လုပ် ပါသည်။ မော်ဒယ် လုပ်၍ အဆိုတော် ပါလုပ်သည်။ အဆိုတော် လုပ်၍ သရုပ်ဆောင် လုပ်ပါသည်။ အခမ်းအနားမှူး လုပ်ပါသည်။ ဓာတ်ပုံ လုပ်ပါသည်။ ကြော်ငြာ လုပ်ပါသည်။ လုပ်ပါသည်။ လုပ်ပါသည်။ လုပ်ပါသည်။ အစုံ လုပ်ပါသည်။ အလုပ်စုံ လုပ်သော မမ၏ အသက် ဘယ်လောက် ရှိမှန်း ကျွန်တော် မသိပါ။ မမသည် သရုပ် ဆောင်လုပ်လျှင် လုပ်အားခ ဘယ် လောက်မှ မရပါ။ မိတ်ကပ်ဖိုး၊ အဝတ်အစားဖိုး၊ ဖိနပ်ဖိုး၊ ဆံပင်တု ဖိုး တော်တော် များများ ပို၍ကုန်ပါ သည်။ ကုန်ကျသည်များ ဘယ်ကရ လည်း မသိပါ။ ရိုက်ကွင်းသို့ ကျွန်တော် လိုက်သွားဖူးပါသည်။ တစ်နေ ကုန်နေလို့ တစ်ခါခေါ် မ ရိုက်ပါ။ မမက သူ့တွင်ပါသော ခုံနှင့် ထိုင် ကာ တယ်လီဖုန်းဖြင့် “ခေါ်နော်” “မအားဘူး” ချည်း ပြောနေတတ်ပါသည်။ အန်းဂရီး ဘတ်လည်း ကစား ပါသည်။ မမ အနားတွင် ထီးမိုးသူ တစ်ယောက်နှင့် မိတ်ကပ် လိမ်းသော ကြောက်စရာ မာမီ တစ်ယောက် အမြဲရှိပါသည်။

မမသည် ဖေဖေ၊ မေမေနှင့် မိသားစု အကြောင်းကို ဘယ်တော့မှ မပြောပါ။ မမသည် တစ်ချိန်လုံး ဖုန်းပြောနေပါသည်။ ဖုန်း မပြောလျှင် ဖုန်းထဲမှ အန်းဂရီးဘတ် ဂိမ်း ကစားပါ သည်။ ပြီးလျှင် အချင်းချင်းလည်း “ငါတော့ ဘယ်နှကောင် ပစ်ပြီးပြီ”ဟု ဖုန်းထဲမှ လှမ်းကြွားတတ်ပါသည်။

မမသည် ချစ်သူခင်သူ ပေါပါသည်။ တယ်လီဖုန်းဖြင့် “ခေါ်နော်” “မအားဘူး” ချည်း တစ်နေကုန် ပြောနေတတ်ပါသည်။ မမ၏ ချစ်သူများ လည်း တစ်နေကုန် ဖုန်းဆက်နေ တတ်ပါသည်။ တစ်ယောက် တည်းလည်း မဟုတ်ပါ။ နှစ်ယောက်တည်းလည်း မဟုတ်ပါ။ အများကြီး ဖြစ်နိုင်ပါသည်။ မမက ဘယ်သူနှင့်မှ အိမ်ထောင်မပြု ပါ။မပြုကြ တာ လည်းဖြစ်နိုင်ပါသည်။ မမနိုင်ငံခြား သွားပြီးသော အခါ အိမ်ထောင်ပြု မည့်သူ တွေ့လာပါ သည်။ နိုင်ငံခြားက အစ်ကိုကြီးနှင့် ယူ လိုက် ပါသည်။

မေမေကတော့ “တွေ့ လား၊ နင်တို့ မမမင်းသမီး တွေက ပီကင်းဘဲ တွေချည်းပဲ”ဟု ပြောပါသည်။ အဓိ ပ္ပာယ် ကို သဘော မပေါက် ၍ မေးသောအခါ “အိုအေ၊ ဒီမြေ မှာမွေး၊ ဒီရေထဲ ဆင်း၊ ဒီမြောင်းထဲပျော် နေတဲ့ဘဲတွေလေ၊ ဒီဘဲကဒီကဘဲပဲ ဖြစ်ရမှာကို သေတော့မှ ဆိုင်ပေါ်မှာ ပီကင်းဘဲကင် ဆိုပြီး အဆီ တဝင်းဝင်းနဲ့ကား ကား ကြီး မြင်ရတာ၊ နင့်မမလည်း ဘာထူးလဲ၊ ဒီမြေမှာမွေး၊ ဒီမြောင်း ထဲကြီးပြီး ယောက်ျား ယူမှ နိုင်ငံခြား ကနဲ့ယူတာ၊ ပီကင်း ဘဲကင် နဲ့ ဘာထူးလဲ” ဟုပြောပါသည်။ ကျွန်တော်တော့ မေမေ့ စကားကို နားမလည်ပါ။ မမများ နိုင်ငံခြား သားနှင့် ယူတာကိုတော့ သိပါသည်။ ပြီးတော့ ပြောပါသေး သည်။

“တချို့ကျတော့လည်း နိုင်ငံခြား ကလူဆိုပြီး ယူတာပဲ။ ဒါပေမဲ့ ဘာ အထောက်အပံ့ မှ မရဘဲ ကိုယ် က ပြန်လုပ်ကျွေးေ နရတာမျိုးလည်း ရှိတယ်၊ အရည်မရ အဖတ် မရနဲ့ နိုင်ငံခြားက ဆိုတာပဲ ရပြီး ကိုယ်ပဲပြန်ခံနေ ရတာ၊ အဲဒါမျိုး ကျတော့ ပီကင်းဘဲ ကင်မဖြစ်ဘဲ ပီကင်းဖားကင် ဆိုတာပဲ ဖြစ်တယ်။ တစ်သက်လုံး ဒီမှာနေ ဒီ တွင်းအောင်း တဲ့ဖား၊ ဒီမှာ ဘယ်သူ ကမှ ရိုက်ချက် မစားလို့ နိုင်ငံခြားက ဆိုပြီး အထင်တ ကြီးယူမှ ပီကင်းဖား ကင်ဖြစ်သွားတာ” ဒါလည်း ကျွန် တော်နား မလည်ပါ။

မမကို ကျွန်တော် လေးစား အားကျပါသည်။ ကျွန်တော်လည်း ကြီးလာ လျှင် မမလို အောင်မြင် သော သရုပ်ဆောင်၊ အနုပညာသမား ကြီး လုပ်ပါမည်။ နောက်ပြီး မမလို ပဲ ပီကင်းဘဲ ကင်ဖြစ်အောင် ကျွန်တော် ကြိုးစားမည်ဟု ကတိပြုပါသည်။
အကြည်တော်
By Popular

Thursday, September 5, 2013

ရွာလည်တဲ့ စာ



တိုင်းလုံးကျော်လည်းခေတ်မီပြီ။ ဆူဆူညံညံ အသံတွေ ကြောင့် တိုင်းလုံးကျော်လန့် နိုးသွားတယ်။ စာရေးစားပွဲပေါ် မှောက်ရက်သားအိပ်ပျော်သွားတာမို့ အသံတွေ က နှိုးလိုက် သလိုပါပဲ ။ ဘာတွေတုန်း တိုင်းလုံးကျော်လည်း လန့်ဖြန့်ပြီး ဘေးက ပြတင်းပေါက်ကိုဖွင့်လိုက်တော့ လားလား လူအုပ် ကြီးပါလား။ တိုင်းလုံးကျော် အိမ်ရှေ့မှာ ဘုရား ဘုရား။ သစ္စာဆိုပါရဲ့ဗျာ။ တိုင်းလုံးကျော် နိုင်ငံရေးလည်းလုပ်ပါဘူး။ ပါတီလည်းထောင်ပါဘူး။ အဟင့် အကြမ်းဖက်လည်း လုပ်ပါ ဘူး။ တိုင်းလုံးကျော် လူကောင်းေ လးပါခင်ညာ့ အရပ်ကတို့ ရေ။ အမယ် အခုမှ ကြည့်မိတယ် ။ သူတို့လက်ထဲမှာ ဆိုင်း ဘုတ်တွေနဲ့ပါလား။
ဘာတဲ့ဖတ်ကြည့်ရအောင် . . .
”အလုပ်မလုပ်တဲ့ တိုင်းလုံးကျော် အလိုမရှိ” အလိုလေး။ ” ဗိုလ်ကျဇိမ်ခံ တိုင်းလုံးကျော် အလိုမရှိ” ”အလုပ် မလုပ်ရင်အခုထွက် ထွက်” ”အများဆန္ဒအလေးထားတိုင်း လုံးကျော် ဝေးဝေးသွား” ဘုရားဘုရား တိုင်းလုံးကျော်ဘာ များ မှားခဲ့ပါလိမ့်ဗျာ။ ဘာများလုပ်ခဲ့မိပါလိမ့်။ တွေးမရ တိုင်းလုံးကျော်တွေးမရပါ။ ဒီကြားထဲအသံတွေက ပို ကျယ်လာကြတယ်။ အားလုံးကလည်း တူညီ ဝတ်စုံတွေနဲ့ဗျ။ လှတောင်လှသေးဟေး ဟေး အယ် ဟုတ်ပါဘူး ဒါ တိုင်းလုံးကျော်ကို ဆန္ဒပြနေတာလေ။ အမလေးဖြစ် ရလေခြင်း။ ဒါနဲ့တိုင်းလုံးကျော်လည်း မနေသာတော့ ဘူး။ ဘယ်နှယ့် လူကြားမကောင်း သူကြား မကောင်းဗျာ။ တိုင်းလုံးကျော် ကိုယ့်ဘာ သာ ဝါသနာအရ လုပ်တတ်တာလေးအရ စာလေးဘာလေး မတောက်တခေါက်ရေး၊ စာမူခလေးနဲ့ ရှာကြံစားနေရတာပါ။ ဒီလို ဆန္ဒပြအရေးဆိုရလောက်အောင် တိုင်းလုံး ကျော် ဘာတွေများ လုပ်မိပါလိမ့်ပေါ့။ အတွေးနဲ့ပဲ တိုင်းလုံးကျော် အိမ်ရှေ့ ထွက်ပြီး မေးလိုက်ရပါတယ်။
”ဟေ့လူတွေ ဟေ့လူတွေ မပြေးနဲ့ သူကြီးကလိုက်တယ်အာာ–စိုင်းစိုင်းနဲ့ မှား ကုန်ပြီ ကျုပ်အိမ်ရှေ့လာပြီး ဒီလိုလုပ်ရ အောင် ဘာတွေလဲ” တိုင်းလုံးကျော်လည်း စိတ်ပေါက်ပေါက်နဲ့ ဒေါသတကြီးမေးလိုက် တာပေါ့။ အဲဒီတော့ သူတို့အဖွဲ့က ခေါင်းဆောင် ထင်ပါတယ်။ တစ်ယောက်က ထွက်လာပြီး ”မသိဘူးလေ။ ကျွန်တော်တို့လည်း ဒီလိုလုပ်ပေးပါဆိုပြီး ငှားလို့ဗျ ဗျာ”တိုင်းလုံးကျော်အခုမှ လန့်မိတာပါ။ ဖြစ်ရလေ။ ဒီလိုတောင် ငှားပြီး လုပ်ရအောင် တိုင်းလုံးကျော်မှာ ရန်သူလည်း မရှိ။ မကျေနပ်တဲ့ စာဖတ်သူက လုပ်ရအောင်ကလည်း တိုင်းလုံး ကျော် စာတွေကို ဖတ်မိသူလက်ချိုးရေလို့ ရပါတယ်။ ဒါနဲ့      ”ဘယ်သူက ငှားတာလဲဗျ” လို့ တိုင်းလုံးကျော် လည်း အလော တကြီးပြန်မေး မိလိုက်စဉ်မှာပဲ နောက်ကနေ ဘယ် တုန်းကရောက်နေမှန်းမသိတဲ့ မဒမ်တိုင်းလုံးကျော်က ”ဘယ် သူဖြစ်ရမှာလဲ။ ကျုပ်ပေါ့။ ရှင်ကစာရေးတယ် အကြောင်ြး ပ ပြီး ဘာမှအိမ်အလုပ်မလုပ်။ ညဥ့်နက်သန်းခေါင်ထိ လက် ဖက်လေးသုတ်ပေးပါဦး၊ ရေနွေးလေးတည်ပေးပါဦး။ ဆေး လိပ်ကွမ်းယာ ဟင်း.. ကြီးကြီးကျယ် ကျယ်ခိုင်းနေ တာများ။ မသိရင် ချက်ခြင်းပဲ ကမ္ဘာကျော်တော့မလိုလို။ ဘာမှဖြစ်ဖြစ် မြောက်မြောက်မရှိ စာမူခလေးငါးထောင်တစ်သောင်းနဲ့ ရှင် ပြန်သုံးနေတာက ပိုများ တယ်။ အဲဒါတွေမကျေနပ်လို့ ဒီလို ငှားလုပ်တာတော့်ရေ ။ သိပြီလား”
အမလေး ဖြစ်မှဖြစ်ရလေ အရပ်ကတို့။ ကြည့်စမ်း မိန်းမဆိုတာအနီးကပ်ရန်သူဆိုတာမှန်လိုက်လေခြင်း။ ဒင်းလုပ် ရက်လေခြင်း။ဒါပေမယ့်တိုင်း လုံးကျော်အသံမထွက်နို င်ပါ ဘူး။ ဟီးဟီး ဟုတ်တယ်လေ ။ ချစ်စကိုရှည်စေ မုန်းစကိုတိုစေမဟုတ်လား။ဒီတော့လည်းမဒမ်တိုင်းလုံးကျော်အချက် ပြ တဲ့အခါ ဆက်ဆက်အော်နေကြတဲ့ အသံေ တွ အောက် ”တိုင်းလုံးကျော် အလိုမရှိ” ”အလုပ်မလုပ်သူ တိုင်းလုံးကျော် ထွက်သွား ထွက်သွား” အမလေးတော်ကြပါတော့ တော်ကြ ပါတော့ဗျို့
   ”ယောက်ျား ယောက်ျား ထထ ဘာဖြစ်တာလဲ ဘာလို့ အော်နေတာလဲ”
ရုတ်တရက် လှုပ်နှိုးခံလိုက်ရတော့ တိုင်းလုံးကျော်လည်း လန့်ပြီး နိုးသွားပါတယ်။
”ဟင်ဘာဖြစ်တာလဲ ဘာလဲ”
”ဘာဖြစ်ရမှာလဲ ရှင် အိပ်မက်မက်တာလား။ အိပ်နေ ရင်း ထအော်နေလို့လေ”
ဟင် ဒါအိပ်မက်လား တော်ပါသေးရဲ့ဗျာ။ တိုင်းလုံး ကျော် တော်တော်ဝမ်းသာသွားရသဗျာ။ သက်ပြင်းတွေဘာ တွေချပြီး ကိုယ့်ဘာသာ ပြန်ရယ်မိပါတယ်။ တကယ်တော့ ဗျာ တိုင်းလုံးကျော်လည်း သတင်းတွေဖတ် ဆန္ဒပြတာတွေ စိတ် စွဲပြီး ကြံကြံဖန်ဖန်မက်ဟန်တူပါတယ်ဗျာ။ ဟုတ်ပါ့။ အရင် က နိုင်ငံရေးအရ၊ အလုပ်သမားရေးရာအရ၊ လယ်သိမ်း ယာသိမ်းတွေအတွက်ဆန္ဒထုတ်ဖော်ကြတာလေ။ ဟိုတလော ကထူးထူးခြားခြားလေးမြင်ခဲ့ရတော့ ညက အဲဒါကို စဉ်းစား ရင်း စိတ်စွဲမက်တာဖြစ်မှာပေါ့။ ဘာအကြောင်းလဲ ဟုတ်စ။
သိကြသားနဲ့ဗျာ။ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌကြီးကို ထုတ်လုပ် ဖြန့်ချိသူတွေ လောကသားအချို့တွေ ဆန္ဒပြကြပါရောလား။ ဒါ ဘာဆန်းလဲတော့မထင်နဲ့ဗျ။ ဆန်းတာက ဒါဟာ လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်ရတဲ့ကာလတစ်လျှောက်မှာ ပထမ ဆုံးအကြိမ် အစိုးရမဟုတ်တဲ့ အရပ်ဘက် အင်န်ဂျီအိုအဖွဲ့ အစည်းတစ်ခုအပေါ် ဆန္ဒပြခြင်းပါပဲ။ ဒါနဲ့ပတ်သက်လို့ လုပ်ကြံတာတို့၊ အယောင်ဆောင်တွေတို့ ငှားတာတို့ ကော လာဟလတွေကြားကြားနေရပေမယ့် မှန်တာမှားတာ အသာ ထား။ ဒီလိုဖြစ် တာဟာ ဖြစ်လောက်စရာအကြောင်းတွေတော့ ရှိမယ်ဆိုတာ မှန်းဆနိုင်တာပဲမဟုတ်လားဗျာ။ တကယ်တော့ ဒီလိုအခွင့်အရေးမျိုးရှိချိန်မှာ မတရားမှုကို မတရားတဲ့ အတိုင်း၊ နစ် နာမှုကို နစ်နာမှု အတိုင်း ပြောဆိုထုတ်ဖော်ခွင့်ရတာ၊ တောင်းဆိုနိုင်တာ အလွန်ကောင်းတဲ့အရာပါ။ ဒါပေမဲ့ ပုဂ္ဂိုလ်ရေးအရ အပုပ် ချချင်လို့ တိုက်ချင်လို့ ဆိုတာ မျိုးတွေ တော့မဖြစ်ချင်စေဘူးဗျ။
နောက်တစ်ချက်က မှားရင်လည်း မှားသလို၊ မှန်ရင် လည်းမှန်သလို မျှမျှတတ သဘောထားကြီးကြီးနဲ့ ဖြေရှင်းကြ တာမျိုး ဂုဏ်သိက္ခာရှိရှိလုပ်စေချင်မိတာပါပဲ။ ဘာဖြစ် လို့လဲ ဆို ဒီဆန္ဒပြတဲ့အပေါ်မှာ ပြည်သူအချို့က အပျက်ဘက်က မြင်ပြီး လုပ်ဇာတ်တွေလို့ သဘောထားလာရင် ဒီရတောင့်ရခဲ တန်ဖိုးလည်း ပေါ့ပျက် ထိခိုက်မ ယ်လေ။ အဲဒါဆို တကယ်လို အပ်လို့ လုပ်ကြပြီဟေ့ဆို အုတ်ရောရော ကျောက်ရောရောနဲ့ ပြည်သူက ညိုငြင်မှာ၊ မထောက်ခံကြမှာစိုးလို့ တိုင်းလုံး ကျော်က ဓားခုတ်ရာ လက်ဝင်လျှိုမိတာမျိုးပါပဲ။ ဒီတော့ မတရားမှုတွေကိုထုတ်ဖော်ကြပါ။ ရသင့်တဲ့ ကိုယ့်အခွင့်အ ရေးကို စည်းနဲ့ကမ်းနဲ့တောင်းကြပါ။ အဲလိုပဲ သက်ဆိုင်သူ တွေကလည်း မှားနေရင် ထောက်ပြရှင်းလင်းကြပါ။ မှန်နေ ရင် ရိုးဖြောင့်စွာ ဝန်ခံပြုပြင်ဆောင်ရွက်ပေးကြပါ။ ဒါမှသာ အညမညတရားတွေ ထွန်းကားပြီး အပြန်အလှန် ညီညွတ် မျှတခြင်းတွေနဲ့ လောကကလှမယ်မဟုတ်လားဗျာ။ အဲလိုမှ မဟုတ်ဘဲ ခေတ်တလျှောက်လုံးတစ်ခါမှ မရဖူးတဲ့ ပြည်သူ့ ဆန္ဒကို လွတ်လပ်စွာ ထုတ်ဖော်ခွင့်ရခြင်းဆိုတဲ့ အသီးအ ပွင့်ကိုတော့ အလိမ်အညာတွေနဲ့ြေ>ွခချဖျက်ဆီးတာမလုပ်ကြ ပါနဲ့လို့ တိုင်းလုံးကျော် စိတ်သဘောအမှန်နဲ့ ဆန္ဒပြုလိုက်ရ ပါကြောင်းဗျာ။
ခပ်ကြမ်းကြမ်း သြဂုတ်လွန်ပြီးနောက်သကာလ ပြော မယ့်သာပြောရတယ်။ ဒီရက်ပိုင်းတွေမှာ ထူးထူးခြားခြားလှုပ် လှုပ်ရှားရှား ဖြစ်ရပ်တွေမရှိမကြားရတော့ တိုင်းလုံးေ ကျာ် စိတ်ချမ်းသာရပါတယ်ဗျာ။ သြဂုတ်လကလည်း သိတဲ့အတိုင်း အစားထိုးမရတဲ့ဆုံးရှုံးမှုတွေနဲ့ အမှည့်ခြွေ ခြွေခဲ့တာတွေရှိ တော့ ဒီဝမ်းနည်းဖွယ် နာရေး သတင်းတွေကြောင့်ပဲ သက်မဲ့ ဖြစ်တဲ့သြဂုတ်လကို မုန်းခဲ့ကြတယ်လေ။ အခုတော့ သြဂုတ် လလည်း ကုန်ပါပြီ။ ဘာပဲဖြစ်ဖြစ် ကံတရားပဲဆိုဆို သမိုင်း ပဲဆိုဆို အားလုံး ကတော့ သူ့အလုပ်သူလုပ်၊ တချို့က အရှုပ် တွေလုပ်နေကြပြီး၊ တချို့က သမိုင်းကောင်းဖို့ အလုပ်တွေ လုပ်နေကြတာပါပဲ။ ဒါကလည်းမဆန်းပါဘူး။ သဘာဝတရား မှာကိုက အလင်းနဲ့အမှောင်ဆိုတာ ရှိစမြဲပဲလေ။ မဆန်းလှပါ ဘူး။ အဲ ဒါပေမယ့် သံသရာဆိုတာ သမိုင်းဆိုတာ တစ် ပတ်ပြန်လည်တတ်တဲ့သဘောအရ မကြာခင်ေ ရာက် လာ တော့မယ့် စက်တင်ဘာလဆိုတာကလည်း မြန့်မာ့နိုင်ငံရေး သမိုင်းမှာအထင်ကရမှတ်တမ်းတစ်ခုရှိနေတယ်မဟုတ်လား။ ၈၈ နောက်ပိုင်းဖြစ်ခဲ့သ မျှတွေရှိပေ မယ့် ၂ဝဝ၇ ခုနှစ် စက် တင်ဘာလတုန်းက ပြည်သူအားလုံး ကြုံလိုက်ရတဲ့အဖြစ်၊ အထူး သဖြင့် ဒီဘက်ခေတ်လူငယ်တွေ ကြုံခဲ့ရတဲ့ အာဏာရှင်ဆို တာရဲ့အဓိပ္ပာယ်က အခုလာမယ့်စက်တင်ဘာလမှာ ခြောက် နှစ်ပြည့်အဖြစ် တစ်ပတ်ပြန်လည်လာပါဦးမယ်။ တစ်ပတ်ပြန် လည်မယ်ဆိုတာကို အနက်တစ်မျိုး မပေါက်စေချင်ဘူးဗျ။ တိုင်းလုံးကျော်ဆိုလိုတာက အတိတ်ဆိုတာ သင်ခန်းစာယူ စရာပဲမဟုတ်လား။ ကောင်းခဲ့တာတွေကိုပိုကောင်းအောင်၊ အဆိုးတွေကိုကျ သင်ခန်းစာယူပြီး ပြုပြင် တတ်ေ အာင် လုပ်ကြရမယ်မဟုတ်လား။ တိုင်းလုံးကျော်က အဆိုးမြင် သမားမဟုတ်ပါဘူး။ ဒါပေမယ့် အစိုးရိမ်ကြီးတတ်ပါတယ်။
ဒါကိုပြောရင်လည်း ကိုယ့်ပေါင် ကိုယ်လှန်ထောင်းနေသလိုပါပဲ။ ဘာလို့ဆို တိုင်းလုံးကျော်တို့ မြန်မာလူမျိုးတွေက သွေးဆူ လွယ်တဲ့သူတွေပါ။ ညီညွတ်ဖို့ စည်းလုံးဖို့မှာ ဘာကြောင့်လဲမသိအားနည်းကြပြီး အပြစ်ပြော ဖို့နဲ့ တစ်ပွဲထိုးစိတ်ဆူမှုမှာကျ ပေါင်းစီးမိတတ်ကြတာ ပြုပြင် ရမယ့်စိတ်လို့ တိုင်းလုံးကျော် အဆဲခံရနိုင်မှန်းသိပေမယ့် လျှာရှည်မိပါတယ်။ သမိုင်းသာပြန်ကြည့်ပါတော့ဗျာ။ စုစု စည်းစည်းရှိခဲ့ကြလည်း မကြာပါဘူး။ တစ်ယောက်နဲ့တစ် ယောက် သည်းမခံနိုင်ကြ၊  ကွဲပြားတဲ့ အမြင်တွေရှိကြ တာကိုက ပြဿနာဖြစ်၊ ပြိုကြကွဲကြနဲ့။ ဒီဒဏ်တွေကို နိုင်ငံက တောက် လျှောက်ခံလာရတယ်လို့ တိုင်းလုံးကျော်မြင် ပါတယ်။ ရှေ့မှာ ဖြစ်ခဲ့တာတွေပြန်ကြည့်ရင် အများစုဖြစ်ရပ်တွေမှာ အစပြု လှုံ့ဆော်သူတွေက စပြီးရင် နောက်ကလူထုက ဘာမှန်းညာ မှန်းမသိပါလာပြီး ထိန်းမရတော့ ဘူးဆိုရင် စခဲ့သူတွေလည်း ကြက်ပျောက် ငှက်ပျောက်၊ တရားခံရှာမရ၊ ဘယ်သူ့မှာ တာ ဝန်ရှိမှန်းမသိဘဲ ဟိုလိုလို ဒီလိုလိုနဲ့ ပြီးပြီးသွားတာ များနေ ပြီမဟုတ်လား။ ဒီတော့ လာမယ့် စက်တင်ဘာဟာ ရှိရင်းစွဲ သမိုင်းတန်ဖိုးတွေကို မယုတ်လျော့စေဘဲ ပိုမိုကောင်းမွန်စနစ် ကျတဲ့ အပြောင်းအလဲတွေအတွက် အထောက်အပံ့ဖြစ်မယ့် အကြောင်းတရားကောင်းေ တွကိုပဲ မြင်ခွင့်ရ ပါစေလို့ တိုင်းလုံးကျော်ဆုတောင်းလိုက်ပါတယ်ဗျာ။ တို့မြန်မာဂုဏ်ဆောင် ရတဲ့နေရာက ဆောင်သတင်းတွေ မထူးခြားပေမယ့် ဒီရက် ပိုင်း တိုင်းလုံးကျော်တစ်ေ ယာက် ဖေ့ဘွတ်ကို တော်တော် ဓာတ်ကျနေသဗျ။ ဟဲ ဟဲ ဒါကလည်း ခိုင်လုံတဲ့အကြောင်း ရှိသကိုး။ ရှိရမယ်လေ ။ နိုင်ငံတကာအလှမယ်တွေနဲ့အပြိုင် တိုင်းလုံးကျော် တို့ ရွှေမြန်မာမလေးတစ်ယောက်လည်း ပြိုင်ပွဲ ဝင်နေသကိုး။ ဟုတ်ပါ့ လှပါ့ ခင်ဝင့်ဝါ နှမငယ်။ အရင်က
နန်းခင်ဇေယျာလည်း အတိုင်းအတာတစ်ခုအထိ ပေါက်မြောက် အောင်မြင်ခဲ့တော့ ဒီတစ်ယောက်လည်း အောင်မြင်စေချင်ပါ တယ်ဗျာ။ ဒါကလည်း အားကစားတစ်ခုလို မိန်းမတို့ရဲ့ အဆင်းနဲ့အချင်းကို ပြိုင်ရတာမဟုတ်လား။ တိုင်းလုံးကျော် ဓာတ်ကျတာလည်းမပြောနဲ့ဗျ။ ခင်ဝင့်ဝါလေး ပြိုင်ပွဲဝင်ပွဲတွေ တက်တက်လာတော့ ကြည့်မိပါတယ်။ လားလား အသား အရေ ကိုယ်နေဟန်ထား ကောက်ကြောင်း မျက်နှာအမူအယာ တယ် ဟုတ်တဲ့သူငယ်မပဲဗျ။ အဲ အဲ ဒီလိုတွေရေး နေတော့ ဒီလူကြီးလည်း ဘူးဇာတ်ပဲမထင်ပါနဲ့။ တိုင်းလုံးကျော်က တစ်မျိုးတစ်ဘာသာပါ။ နောက်ပြီး လူကြီးလည်းမဟုတ် လူငယ် လည်းမဟုတ် စကောစက လူလတ်ပိုင်း ဆိုတော့ အလှအပကို လည်းချစ်ပါတယ်။ နောက်ပြီး မြန်မာဆိုတာ ကမ္ဘာပေါ်မှာ ကောင်းသတင်းနဲ့ ကျော်ကြားရဖို့မှာ ဖြစ်နိုင်ချေတွေကို အားပေးရမှာပဲ မဟုတ်လား။ သို့သော်လည်း ပေါ့လေ ထုံးစံအတိုင်း ကျုပ်တို့မြန်မာ မနေသာ စကားတင်းလေးဆိုလိုက်မှာ။ သိတော် မူကြတဲ့အတိုင်း ဒင်းကလေးပုံနဲ့ ကဗျာ လေးချိုးပြီး အမျိုးဖျက် ယဉ်ကျေးမှု ဖျက်ဘိသကဲ့သို့ ဆိုသူကဆိုကြတော့။
ဟူးးးးးးးး
သက်ပြင်းကလေးအသာချ တိုင်းလုံး ကျော်လည်း ခေါင်းတခါခါလုပ်မိပြန် တယ်ဗျာ။ ဆိုပါတော့ဗျာ။ အရှက်အ ကြောက်တရား နဲ့ကြီးပြင်းလာကြတဲ့ မြန်မာ အမျိုးသမီးများ အတွက် မမြင် အပ်တာကို မမြင်ရအောင် လုံလုံခြုံခြုံထိန်းသိမ်းရစမြဲဆိုတာ တိုင်းလုံးကျော် လေးစားတန်ဖိုးထားပါတယ်။ ဒါပေမဲ့ အဆင်အယင်ဆိုတာ တမင်တကာ စိတ်နှိုးဆွဖို့လုပ်တာမျိုးကျ ဆန့်ကျင်ပေါ့။ အဲ လိုမှမဟုတ် ယှဉ်ပြိုင်ရတဲ့ ပွဲအနေအထား၊ ပုံသဏ္ဌာန်၊ စည်း ကမ်းချက်များအရလုပ်ရတဲ့အခါ ဒါကိုမှ ယဉ်ကျေးမှု ဖျက် တယ်ဆိုပြန်ရင်ဖြင့် မနိပ်ပါဘူးဗျာ။ ဥပမာပေါ့ ရင်ဖုံးနဲ့ ထမီ ခြေမျက်စိဖုံးနဲ့ ဒါပေမဲ့ အကျင့်စရိုက် က မကောင်းဘူးဆိုပါစို့။ ဒါဆို သူအဆင်အယင်အရ ယဉ်ကျေးမှုစောင့် ထိန်းသူလို့ ဆိုနိုင်ပါ့မလား။ ဒါက ယေဘုယျ ဆန်ပေမယ့် အကြမ်းဖျင်း ဥပမာပေါ့လေ။ ပြောချင်တာကတော့ဗျာ။ ခေတ်မီမီ ကမ္ဘာ ကြည့်ကြည့်မြင်လို့ ဆရာမြို့မငြိမ်း ရေးခဲ့ သလိုပါပဲ။ နိုင်ငံ တကာကို တိုးဝင်နိုင်ဖို့ ကြိုးစားကြတဲ့အခါ ယဉ်ကျေးမှုစံ နှုန်းတွေမှာလည်း အလျှော့အတင်းဆိုတာ ရှိလာမှာပါပဲ။ ဒီလိုဝတ်ပြီးပျက်စီးနေရင်တော့ တိုင်းလုံးကျော် ရှေ့ကနေ တိုက်မယ်ဗျာ။ ဒါပေမဲ့ ပြိုင်ပွဲတစ်ခုအတွက် စိတ် ဖြူဖြူစင်စင် ရိုးရိုးသားသားကြိုးစားနေကြသူတွေကို ဒီလိုဆိုရင်ဖြင့် သူတို့ မှာမရှိတဲ့စိတ်ကို တိုင်း လုံးကျော်တို့က အရောင်စွန်းအောင် ထည့်ပေးနေမိသလိုဖြစ်နိုင်ပါတယ်။ ဖြစ်သွားနိုင်ပါတယ်။
အခုပြိုင်နေတဲ့ ညီမငယ်ဆိုရင်လည်း မိဘမောင်ဖွားတွေနဲ့ ပါပဲ။ ဘယ်သူကမှ မကောင်းရာမကောင်းကြောင်းကို လုပ်ဖို့ တိုက်တွန်းကြမယ်မထင်သလို ဒီသူငယ်မ လည်း နေရာတကာ အမြဲဒီလိုဝတ်ပြီး ဖော်ချွတ်နေမတဲ့လားဗျာ။ ခက်တော့ခက် နေပါပြီလေ။ သူ့အရပ်နဲ့သူဇာတ်မှာ အရေးကြီးတာက ကိုယ့် ယဉ်ကျေးမှု စရိုက်လက္ခ ဏာတွေကို သွေးသားထဲကနေစိမ့် ဝင်ပြီး ကိုယ်ခံအားဒေါင်ဒေါင်မြည်နေဖို့လိုတာပါ။ အပေါ်ယံ တွေမှာ လမ်းဆုံးနေသမျှ အတွင်းသားတန်ဖိုးတွေကို မျက် ကွယ်ပြု သလိုပဲဖြစ်နေဦးမှာပါ။ ဒီတော့ တိုင်းလုံးကျော် ဆို ချင်တာက အရိုးကို အရွက်မဖုံးစေချင်တာမှန်ပါတယ်။ ဒါ ပေမဲ့ အဲဒီအရိုးက ညှိုးခြောက်ပြီး အမြင်မလှ မတင့်တယ်နေ ရင်တော့ ဘယ်လိုမွမ်းမံ အသက်သွင်းရမယ်ဆိုတာက ပို အရေးကြီးတာပဲမဟုတ်လား။ အရိုးကို အရွက်ဖုံးတိုင်းလည်း အရွက်မှာ အပြစ်မရှိ။ အရွက်က လည်းအရွက် အလှနဲ့ အရိုး ကလည်း အရိုးအလှနဲ့ ပေါ်လွင်ကြစတမ်းပါလို့ နော်ဗျာ။
ဒီတပတ်တော့ ရွာလည်တဲ့စာမှာ တိုင်းလုံးကျော် အာ ဘော်အမြင်တွေနဲ့ဖုံးနေရင်ဖြင့် နားလည်ပေးကြဖို့နဲ့ လောက် လောက်လားလား ရေးကွက်မရှိတာကိုက အဆိုးတွေအဖြစ် နည်းတာပဲလို့ အကောင်းဘက်ကတွေး အေးအေးနေခွင့်ရ တယ်လို့ နှလုံးသွင်းကြရင် မကောင်းကြပေဘူးလားဗျာ။ ဘာပဲဖြစ်ဖြစ် စာဖတ်ပရိသတ် အပေါင်း သူတော်ကောင်းတို့ ကျန်းမာထီပေါက် မာဆတ်ရောက် အဲ … နိဗ္ဗာန်ရောက် ကြပါစေဗျာ ။
တိုင်းလုံးကျော်
Popular

Related Posts Plugin for WordPress, Blogger...