Wednesday, October 9, 2013

ပြင် ၊ သစ် ပြဿနာနဲ့ လူထုကို ဦးဆောင်မလား၊ အသုံးချမလား

 
 
ဘုန်းအောင်
 
၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်မည်လော၊ အသစ်ရေးဆွဲမည်လောဆိုသော “ပြင်-သစ် ပြဿနာ” သည် လတ်တလောရေပန်းအစားဆုံး နိုင်ငံရေး ခေါင်းစဉ်တစ်ခု ဖြစ်နေပါသည်။ ပြီးခဲ့သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန်အစည်းအဝေးတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြန်လည်သုံးသပ်ရန် ကြံခိုင်ရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက အဆိုတင်သွင်းခဲ့ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံးက ကန့်ကွက်သူမရှိ ထောက်ခံခဲ့ ကြသည့်အတွက် ပါတီစုံမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များပါဝင်သော အခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီကို ဖွဲ့စည်းခဲ့ကြပါသည်။ ထိုကော်မတီက ဖွဲ့စည်းပုံအခြေခံ ကို လေ့လာသုံးသပ်၍ တွေ့ရှိချက်များကို ဒီဇင်ဘာလကုန်တွင် ပြည်ထောင်စုလွှတ်တော်သို့တင်ပြမည် ဟုသိရပါသည်။

ထိုသို့ အာဏာရ ကြံ့ခိုင်ရေးပါတီအ၀င် နိုင်ငံရေးပါတီအားလုံးက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် ပြင်ဆင်ရန်လိုအပ်ကြောင်း အသိအမှတ်ပြုကြပါသည်။ ထိုအချိန်တွင် အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးဆဲ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ငယ်အချို့က ဖွဲ့စည်းပုံအခြေခံဥပဒေကို အသစ် ရေးဆွဲ ရမည်ဟု လေသံပစ်လာသည်ကို တွေ့ရပါသည်။ သို့သော်လည်း လွှတ်တော်တွင်းရှိ နိုင်ငံရေးပါတီ အားလုံးနီးပါးနှင့် ကေအင်ယူအဖွဲ့မှ တာဝန်ရှိသူများကမူ ဖွဲစည်းပုံအသစ်ရေးဆွဲခြင်း ထက် လက်ရှိ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ခြင်းသည်သာ အကောင်းဆုံးနည်းလမ်းဖြစ် သည်ဟု မီဒီယာများနှင့် တွေ့ဆုံမေးမြန်းမှုများတွင် ပြောကြားခဲ့ကြကြောင်း တွေ့ရှိရပါသည်။

အတိုက်အခံပါတီများအနက် အင်အားအကြီးဆုံးဟု ဆိုနိုင်သော NLD ပါတီကမူ ထူးထူး ဆန်းဆန်း ပင် အခြေခံဥပဒေသစ်ရေးဆွဲရေး (သို့မဟုတ်) ပြင်ဆင်ရေးကို ပြည်သူလူထု၏ဆန္ဒသဘောထား ရယူ လုပ်ဆောင်သွားမည်ဟု ဆိုပါသည်။ ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မီဒီယာများနှင့် တွေ့ဆုံ ရာတွင် ပြည်သူလူထုအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်၍ ကောင်းကောင်း နားမလည် သည့်အတွက် ပြည်သူလူထုကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေး ကာ ပြည်သူ့ အသံ ရယူပြီး လွှတ်တော်၏အခြေခံဥပဒေပြင်ဆင်ရေးကော်မတီကို တင်ပြသွားမည်ဟု ဆိုပါသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ကြေညာချက်နှင့်ပတ်သက်၍ စာရေးဆရာကျော်ဝင်းက အောက်ပါ အတိုင်းရေးသားခဲ့ပါသည်-

`ပွင့်ပွင့်လင်းလင်း ဆိုရလျှင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ကြေညာချက် (၀၂/၀၉/၂၀၁၃) ကို ဖတ်ရသောအခါ စောစောက အပျော်တွေ လွင့်စဉ်သွားသည်။ အတော်ကြီးကို စိတ်ပျက်မိသည်။ NLD က ဆိုခဲ့ပြီးသော လမ်းကြောင်းနှစ်ရပ်ကို ဓလေ့နှစ်ခုတွင် တိတိပပအဖြေမပေး။ “ပြည်သူလူထု၏ ဆန္ဒသဘောထားကို ရယူမည်” ဟုဆိုသည်။ “ဘာလဲ ... ဘယ်လိုလဲ” “ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ” လုပ်မည့် သဘောလား။ ဤသို့ဆိုရလျှင် ဘယ်သူက လုပ်ပေးမည်နည်း။ ဘယ်အဖွဲ့အစည်းက ကြီးကြပ်မည်နည်း။ စာရေးသူ နားလည်သလောက် ဆိုရလျှင် NLD သည် လွှတ်တော်မဟုတ်။ ရွေးကောက်ပွဲကော်မရှင် မဟုတ်။ အစိုးရ မဟုတ်။ ထို့ထက် အရေးတကြီး စဉ်းစားကြရမည်မှာ “ဆန္ဒ ခံယူပွဲတိုင်းသည် လူထုဆန္ဒကို အမှန်တကယ် ထင်ဟပ်နိုင်ပါ၏လော ...”။ “လူထုဆန္ဒ အမှန်ကို ရရှိလျှင် ပင် ထား၊ ပြည်သူလူထု အနေနှင့် လက်တွေ့ကျသော မဟာဗျူဟာ တစ်ရပ်ကို ချမှတ်နိုင်စွမ်း အခါ ခပ်သိမ်း ရှိနိုင်ပါမည်လော ...”။ “မဟာဗျူဟာ ချမှတ်ရန်အတွက် လူထုတွင် တာဝန်ကော ရှိပါ၏ လော...”။ ရာစုဝက်ကျော်မျှ ဒီမိုကရေစီနှင့် ကင်းကွာခဲ့ရသော၊ ပညာရေး ချွတ်ခြုံကျနေသော၊ နိုင်ငံရေးသားကြော ဖြတ်ခံထားရသော၊ စားဝတ်နေရေးအတွက် ကျားကုတ် ကျားခဲ ရုန်းကန်နေကြ ရသော အမိမြန်မာပြည်၏ ပကတိအရှိကို နှလုံးသွင်းနိုင်ကြဖို့ လိုမည် ထင်ပါသည်။´´ (The Voice Journal)

ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ရေး(သို့မဟုတ်) အသစ်ရေးဆွဲရေးအတွက် ပြည်သူ့ သဘောထားခံယူမည်ဆိုသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သဘောထားနှင့်ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီဥက္ကဌ ဦးခင်မောင်ဆွေက ၄င်း၏သဘောထားကို အောက်ပါ အတိုင်း ပြောကြားခဲ့ကြောင်း တွေ့ရှိရပါသည်-

`ပြည်သူတွေဟာ နိုင်ငံရေးနဲ့ ထိစပ်မှုနည်းခဲ့တယ်။ အာဏာနဲ့ အုပ်ချုပ်မှု အောက်မှာ အကြာကြီး နေခဲ့ရတော့ Political Education ဘက်မှာ အင်မတန် အားနည်းတော့ အခြေခံဥပဒေ ဘာကြောင့် ပြင်သင့်တယ်၊ ဘာကြောင့် ဖျက်သင့်တယ်ဆိုတာ မပြောနဲ့ သာမန်နိုင်ငံရေး ဖြစ်စဉ်တွေ ကိုတောင် လက်လှမ်းမီဖို့ တော်တော် အားနည်းပါတယ်။ နိုင်ငံရေးခေါင်းဆောင်မှု ဆိုတာ ပြည်သူ့ ရှေ့က သွားရမှာ။ ဒီနိုင်ငံမှာ အခက်အခဲ အကျပ်အတည်း တွေကြုံနေတာ မဟုတ်ဘူး။ ပြည်သူ တစ်ရပ်လုံး ကလည်း အခြေခံဥပဒေကိုဖျက်ပြီး အသစ်ဆွဲပါလို့အော်နေတာ မဟုတ်ဘူး။ ပြည်သူက ငြိမ်သက် နေချိန်မှာ နိုင်ငံရေးခေါင်းဆောင်မှုက ရှေ့ကမသွားဘဲ ဒီပြဿနာကြီးကို ပြည်သူ့ထံ တွန်းပို့ တယ် ဆိုတာဟာ ပြတ်သားတဲ့ နိုင်ငံရေးခေါင်းဆောင်မှု မယူနိုင်ဘူး ဆိုတဲ့ အဖြေထွက်တယ်။ နိုင်ငံရေး ခေါင်းဆောင်မှု ယူထားတဲ့ ပုဂ္ဂိုလ်အစုအဝေးတွေ အားလုံးက တစ်ညီထဲ ဆုံးဖြတ်ပြီး အခြေခံဥပဒေ ပြင်ရေးကို မြန်မြန်ထက်ထက် လုပ်သင့်တယ်။ ဒါမှ ၂၀၁၅ မတိုင်မီ ပြီးမယ်။ မဟုတ်ရင်တော့ ပြီးစရာ အကြောင်းမရှိဘူး။ လက်တွေ့ကျတဲ့ နိုင်ငံရေးကို သွားဖို့ အချိန်တန်နေပါပြီ။ ဒါကြောင့် ခေါင်းဆောင် မှု ပြတ်သားစေချင် ပါတယ်။ ပြည်သူတွေဟာ နိုင်ငံရေး Awareness အများကြီးရှိတယ် ဆိုရင်တော့ ပြောစရာ မလိုဘူးပေါ့။ မဟုတ်ရင်တော့ ဝင်လာမယ့် Interferences တွေရှိတယ်။ မှန်းဆလို့ တော့ မရဘူး´ (The Voice Weekly)


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နိုင်ငံတော်သမ္မတတာဝန် ထမ်းဆောင်လိုကြောင်း မကြာခဏထုတ်ဖော်ပြောကြားခဲ့သလို ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်မှသာ ၂၀၁၅ ရွေးကောက်ပွဲသည် အဓိပ္ပါယ်ရှိမည်ဖြစ်သည်ဟုလည်း မကြာခဏပြောကြားခဲ့ပါသည်။ ဒေါ်အောင်ဆန်း စုကြည်သည် မြန်မာနိုင်ငံ၏အမျိုးသားခေါင်းဆောင်ကြီးဖြစ်သူ ဗိုလ်ချုပ် အောင်ဆန်း ၏ သမီးဖြစ်သည့်အတွက် မြန်မာတစ်နိုင်ငံလုံး၏ ချစ်ခင်မှုရရှိထားသလို မြန်မာနိုင်ငံ ဒီမိုကရေစီနှင့် လူအခွင့်အရေး သူရဲကောင်းတစ်ဦးအဖြစ်လည်း ကမ္ဘာက အသိအမှတ်ပြုခံရသူဖြစ် ပါသည်။ သို့သော် လည်း ဒေါ်အောင်ဆန်းစုကြည်သည် အင်္ဂလန်နိုင်ငံသားတစ်ဦးနှင့် လက်ထပ် ထားပြီး အင်္ဂလန် နိုင်ငံသားဖြစ်သူ သား ၂ ဦး ရှိသဖြင့် လက်ရှိ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အရ သတ်မှတ် ထားသော ဒုတိယသမ္မတ၊ နိုင်ငံတော် သမ္မတအရည်အချင်းများနှင့်ကိုက်ညီချင်း မရှိပါ။


ပြည်သူအများစုအနေဖြင့် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ် အောင်ဆန်းစုကြည်အား နိုင်ငံတော်သမ္မတအဖြစ်မြင်လိုကြမည်ဖြစ်သော်လည်း နိုင်ငံခြားသား/သူကို လက်ထပ်ထားသော ဒေါ်အောင်ဆန်းစုကြည်မဟုတ်သည့် အခြားသူတစ်ဦးတစ်ယောက်သည်လည်း နိုင်ငံတော်သမ္မတဖြစ်ခွင့်ရမည်ကိုမူ ကြိုက်နှစ်သက်ကြမည် မဟုတ်ဟု ယူဆရပါသည်။ ထို့ကြောင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ရေး အဟန့်အတား ဖြစ်နေ သော ပုဒ်မ၅၉(စ)ပြင်ဆင်ရေးဟုဆိုပါက ပြည်သူလူထုက လက်မခံမည်ကို စိုးရိမ်သဖြင့် လည်းကောင်း၊ အခြေခံဥပဒေအသစ်ရေးဆွဲမည်ဆိုပါက သမ္မတအရည်အချင်းသတ်မှတ်ချက်များ ကို စိတ်ကြိုက်ရေးဆွဲ နိုင်မည်ဟု ယူဆသဖြင့်လည်းကောင်း၊ လူထုအား နားလှည့်သောအားဖြင့် အခြေခံ ဥပဒေအသစ် ရေးဆွဲရေးနှင့် ပြင်ဆင်ရေးကြိုက်ရာရွေးကြပါဆိုသည့် သဘောများလောဟု စဉ်းစား သုံးသပ်မိပါသည်။

ယခုအောက်တိုဘာလ ဖြစ်ပြီး ဒီဇင်ဘာအထိ တွက်လျှင် ကြားကာလမှာ (၃)လသာ ရှိပါသည်။ ဤအချိန်ကာလတွင် အခြေခံဥပဒေတစ်ခုလုံးသဘောကို နားလည်ကြမည်ဟု မှန်းဆထားလျှင် မှား သည် ဟုသာ ဆိုချင်ပါသည်။ တစ်ဖန် အခြေခံဥပဒေစာအုပ် ထောင်ဏန်းသာ ရိုက်နှိပ်၍ ပြည်သူများ အကြား မပြန့်နှံ့ဟူသော အချက်မှာလည်း မှားပါသည်။ ပြည်သူများမှာ အခြေခံဥပဒေစာအုပ် ဖတ်ရှုရန် စိတ်မဝင်စားပါ။ စားဝတ်နေရေးသာ စိတ်ဝင်စားပါသည်။ ဖတ်ခွင့် ရရှိခဲ့ပါလျှင်လည်း လွှတ်တော်အမတ်များကိုယ်တိုင် ဖတ်ရှု၍ နားမလည်နိုင်သော အခြေခံဥပဒေကို ပြည်သူများက အလွယ်တကူ နားလည် နိုင်ရန် ခက်ခဲပါသည်။ ထို့အပြင် ယင်းပြဌာန်းချက်များကို မည်သို့ပြင်သင့် သည် ဟူ၍ ဦးကိုနီလက်ချာ ပါ ဟောကြားချက်များကို အမေရိကန်၊ ဗြိတိန်၊ အိန္ဒိယ၊ ပြင်သစ်၊ ဂျာမဏီ စသည့် နိုင်ငံများ၏ အခြေခံ ဥပဒေများနှင့် နှိုင်းယှဉ် စဉ်းစားကြည့်နိုင်မည့် ဆင်ခြင်တုံ တရား ရှိမည် ဟု မှတ်ယူထားပုံ ရပါသည်။ လူထုကို ချပြ၊ ဘာမှန်းညာမှန်းမသိဘဲ လူထုက ထောက်ခံ၊ ဤသည်ပင် လူထုအသံ ဟူ၍ ရော ကြိတ်မည့် အစီအစဉ် ဟု မဆိုလိုချင်ပါ။

နိုင်ငံရေးပါတီများ ဟူသည် ပြည်သူလူထုကို ဦးဆောင်လမ်းပြရမည် နိုင်ငံရေးသုခမိန်များသာ ဖြစ်ကြ ပါသည်။ ပြင်သစ်ပြဿနာသည် နိုင်ငံရေးသမားတို့၏ ပြဿနာသာ ဖြစ်ပြီး ပြည်သူများက တိုက်ရိုက်စီရင်ရမည့် ကိစ္စမဟုတ် ဟု ရှုမြင်ပါသည်။ လက်ရှိမြန်မာနိုင်ငံ ပြည်သူအများစုမှာ စားဝတ်နေရေး နှင့် လုံးပမ်းနေရပြီး နိုင်ငံရေးသဘောတရား၊ အတွေးအခေါ်များနှင့် ကင်းကွာကာ (ဆရာကျော်ဝင်း စကားအရ) နိုင်ငံရေး သားကြောဖြတ်ခံထားရသူများသာ ဖြစ်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူများ ထဲထဲဝင်ဝင် လေ့လာပြီး ဦးနှောက်မုန်တိုင်းဆင်ကာ အဖြေရှာခြင်းသည် နည်းလမ်းမှန် ဟုတ်ပါသလား မေးလိုပါသည်။ ပြည်သူများမဆိုထားနှင့် လွှတ်တော်အမတ်များ၊ အစိုးရမင်းများ အချင်း ချင်းအကြားတွင်ပင် အခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများ ဖြစ်ပေါ်နေပြီး အခြေခံဥပဒေကို လိုက်နာပါ မည် ဟု သစ္စာဆိုထားကြပါလျက် အခြေခံဥပဒေကို ချိုးဖောက်ရာရောက်နေသည့် လုပ်ဆောင်ချက်များ လုပ်ဆောင်ခဲ့ကြပါသည်။ ဤဆောင်ရွက်မှုတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီအမတ်များလည်း ပါဝင်ခဲ့ကြပါသည်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်သည်ပင်လျှင် အခြေခံဥပဒေ မပြင်ဆင်နိုင်သဖြင့် ဒုတိယ သမ္မတ သာ လုပ်ရမည် ဆိုလျှင် တရားမည် မဟုတ် ဟု လူသိထင်ရှား ထုတ်ဖော်ပြောကြားထားသူ ဖြစ်ပါသည်။ ပြီးခဲ့သည့် လွှတ်တော်အစည်းအဝေးတွင် ဦးဝင်းမြင့်နှင့် ဦးစိုးမောင်တို့ နှစ်လုံး တည်း နှင့် ကပ်ရှုပ်နေကြသည်မှာ အခြေခံ ဥပဒေကို ဖွင့်ဆိုကြရာ၌ စကားလုံးကို ခက်ဆစ်ဖွင့်သည့်နှယ် ငြင်းခုန်နေကြခြင်း ဖြစ်ပါသည်။ အခြေခံဥပဒေကို ဖွင့်ဆိုရာ၌ မြန်မာဘာသာစကား ခက်ဆစ်ပြန်ဆို သလို ဖွင့်ဆို၍ မရပါ။ ဥပဒေအရ မည်ကဲ့သို့ ဖွင့်ဆိုရမည် အတိအလင်း ရှိထားပြီး ဖြစ်ပါသည်။

ဦးဝင်းမြင့်ကိုယ်တိုင်သည် စိုးမိုး-တည်ငြိမ်ကော်မတီ အတွင်းရေးမှူးဟု သိရှိရပါသည်။ မကြာ သေးခင် ကပင် လွှတ်တော်အမတ်များ၏ စွမ်းဆောင်ရည်နှင့်ပတ်သက်၍ လေ့လာသုံးသပ်သူ ဦးဝင်းမျိုးသူ၏ တွေ့ရှိချက်ကို RFA တွင် ထုတ်လွှင့်သွားခဲ့ပါသည်။ ဒီမိုကရေစီပါတီများအနေဖြင့် ဥပဒေကြမ်း ပြုစု တင်ပြရေးတွင် အဆပေါင်းများစွာ ကြိုးပမ်းအားထုတ်ရန် လိုအပ်နေကြောင်း ထုတ်ဖော်ပြောကြား ခဲ့ပါသည်။ အဆိုများတင်သွင်းရာတွင်လည်း ပြောကြားသည့်အကြောင်း အရာပေါ် မူတည်၍ အဆို အောင်နိုင်မှုများကို ရာခိုင်နှုန်းဖြင့် တွက်ချက်ပြောကြားခဲ့ပါသည်။ ဤသည်မှာ လေ့လာသူများ၏ လွှတ်တော်အမတ်များအပေါ် သုတေသနတွေ့ရှိချက် ဖြစ်ပါသည်။

တင်ပြလိုသည့် အချက်မှာ မြန်မာပြည်သူများအနေဖြင့် ဤမျှအချိန်တိုတိုအတွင်း အခြေခံဥပဒေ ဟု ခေါ်တွင်သော အစိမ်းရောင်ဘုတ်အုပ်ကြီးတစ်ခုလုံးကို ထုံးလိုချေရေလိုနှောက် ကျွမ်းကျင်သိမြင်ကာ ဒါတော့ ပြင်သင့်သည်၊ ဒါတော့ မပြင်သင့် ဟူ၍ ဆုံးဖြတ်နိုင်စွမ်း ရှိလာမည် ဟု မျှော်မှန်းထားကြပုံ ပေါ် ပါသည်။ NLD ပါတီတစ်ခုလုံးသည်ပင် အခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ ဦးသိန်းညွန့် ကို အားထားခဲ့ကြရပြီး ယခင်က ထုတ်ပြန်ခဲ့သော အခြေခံဥပဒေပြင်ဆင်ရေးမူမှာ ဦးသိန်းညွန့် ကိုယ်တိုင် ရေးသားထားခြင်း ဖြစ်ကြောင့် ထုတ်ဖော်ပြောကြားခဲ့ပြီး ဖြစ်ပါသည်။ ယခုအခါ ဦးသိန်းညွန့်မှာ ပါတီ သစ်ထူထောင်သွားပြီ ဖြစ်၍ ၄င်းရေးဆွဲထားသော ပြင်ဆင်ရေးမူများကို သုံး၍ မရတော့ပါ။ ထိုအခါ ပါတီခေါင်းဆောင် မဟုတ်သော ပြင်ပရှေ့နေ ဦးကိုနီကို ခေါ်ယူကာ ပြင်ဆင်ရေး မူဝါဒ ချမှတ်ခဲ့ရဖွယ် ရှိသည် ဟု မှန်းဆမိပါသည်။ လက်ရှိ NLD ခေါင်းဆောင်များတွင် ဦးကိုနီလောက် အခြေခံဥပဒေကို နှံ့စပ်သိမြင်ကျွမ်းကျင်သူ မရှိသည့် အနေအထားကို ဖော်ပြနေ ပါသည်။

လွှတ်တော်တွင် အခြေခံဥပဒေကိုင်၍ လုပ်ကိုင်ဆောင်ရွက်နေကြသူများ ကိုယ်တိုင် ပြင်ပ ပညာရှင် များထံ မှီဝဲဆည်းကပ်ရသည့် အနေအထားတွင် မြန်မာပြည်သူများမှာ အဆိုပါ ရှင်းလင်းချက်များကို နားထောင်ပြီး ဥပဒေပညာရှင်များ၊ အခြေခံဥပဒေကျွမ်းကျင်သူများ ဖြစ်လာဖွယ်ရာရှိသည်ဟု မျှော်လင့် ထားခြင်းကို အံ့သြမိပါသည်။ ဤသည်မှာ တရားမျှတပါရဲ့လား ဟူ၍ မေးလိုပါသည်။ ပြည်သူများက ဒါက ဒီမိုကရေစီနည်းလမ်းကျတယ်၊ ဒါကတော့ ဒီမိုကရေစီ နည်းလမ်းမကျဟု ပြန် လည် ထောက်ပြ နိုင်ကြမည် ဟု စဉ်းစားတွေးခေါ်ထားခဲ့ပါလျှင် နိုင်ငံရေးပါတီ မပီသဟု ပွင့်ပွင့် လင်းလင်း ဆိုချင်ပါသည်။

မြန်မာပြည်သူများသည် ဒီမိုကရေစီ ဘာလဲ မသိကြပါ၊ သို့သော် ဒီမိုကရေစီရလျှင် ချမ်းသာ လာမည်၊ စားဝတ်နေရေး အဆင်ပြေတော့မည် ဟု မျှော်လင့်ထားကြပါသည်။ အမေရိကန်ပုံစံလား၊ ဗြိတိန် ပုံစံလား မသိချင်ကြပါ။ စားဝတ်နေရေးအဆင်ပြေဖို့သာ အရေးကြီးပါသည်။ ယခု လွှတ်တော် တွင် အစိုးရနှင့် အငြင်းပွားမှုများတွင် အခြေခံဥပဒေအရ မည်သည့်ဘက်က မှန်သည်၊ မည်သည့်ဘက်က မှားသည်ကို ပြည်သူများ စိတ်မဝင်စားပါ။ ခုံရုံးကို စွပ်စွဲပြစ်တင်ခြင်းအားဖြင့် ပြည်သူများ၏ လူမှုဘဝများ မည်မျှအထိ တိုးတက်ပြောင်းလဲလာမည်လဲ ဟူသည်ကိုလည်း မသိကြပါ။ ပြည်သူများ စိတ်ဝင်စားကြသည်မှာ လူမှုဘဝ၊ စီးပွားဘဝ အဆင်ပြေချောမွေ့ရေးသာ ဖြစ်ပါသည်။

ပြည်သူများအား သေချာ ရှင်းပြမည် ဟု ဆိုသော်လည်း ပြည်သူများက မည်မျှအထိ စဉ်းစား တွေးခေါ် နှိုင်းယှဉ်ကြည့်နိုင်ပါမည်နည်း။ နိုင်ငံတကာသို့ လှည့်ပတ်သွားလာနေကြသော လွှတ်တော် အမတ်မင်း များ၊ အစိုးရမင်းများက စဉ်းစားတွေးခေါ်ပြီး အသင့်လျော်ဆုံးပုံစံကို ရွေးချယ်ရမှာ မဟုတ်ဘူးလား မေးလိုပါသည်။ လူထုကို ဦးဆောင်မှု ပေးဖို့လုပ်နေသလား၊ လူထုကို အသုံးချဖို့ လုပ်နေသလား ပွင့်ပွင့်လင်းလင်း မေးခွန်းထုတ်လိုပါသည်။

အမှန်တစ်ကယ်တွင်လည်း ပြင် ၊ သစ်ပြဿနာသည် ပြည်သူလူထု၏ ပြဿနာ မဟုတ်ပါ။ နိုင်ငံရေး သမားများ အာဏာရရှိရေးအတွက် ဖြစ်ပေါ်လာသော အငြင်းပွားမှုသာ ဖြစ်ပါသည်။

The Messenger ဂျာနယ် အတွဲ(၄) အမှတ်(၂၀)မှ ကူးယူဖော်ပြသည်

အောင်ဆန်းသူရိယဘွဲ့ ရရှိထားသူများ



(၁) အောင်ဆန်းသူရိယ အေးချို (၁၉၄၈) - ဗိုလ်မှူး (ကျဆုံး) / ပြည်ထောင်စု စစ်ရဲတပ်ရင်း (၂၁)

(၂) အောင်ဆန်းသူရိယ တိုက်ချွန်း (၁၉၅၀) - ဗိုလ် (နောင်တွင်ဗိုလ်ကြီး) / အမှတ်(၁) ချင်းသေနတ်ကိုင်တပ်ရင်း

(၃) အောင်ဆန်းသူရိယ လှသောင်း (၁၉၄၉) - တပ်သား (ကျဆုံး) / အမှတ်(၃) ဗမာ့သေနတ်ကိုင်တပ်ရင်း

(၄) အောင်ဆန်းသူရိယ စောမြင့် (၁၉၅၁) - တပ်သား (ကျဆုံး) / အမှတ်(၁)ကရင်သေနတ်ကိုင်တပ်ရင်

(၅) အောင်ဆန်းသူရိယ စောဘရီ (၁၉၅၁) - အရပ်သား (ကျဆုံး) / အမှတ်(၂) ခြေမြန်တပ်မဟာဌာနချုပ် (တွဲဖက်)

(၆) အောင်ဆန်းသူရိယ စွပ်ဗဟာဒူးရိုင်း (၁၉၅၀) - တပ်သား (ကျဆုံး) / အမှတ်(၄)ခြေလျင်တပ်ရင်း


(၁) အောင်ဆန်းသူရိယ အေးချို
-----------------------------
ကိုယ်ပိုင်အမှတ် - ကြည်း ၅၁၈၀

ဘွဲ့ရစဉ်အဆင့် - ဗိုလ်မှူး

အမည် - အေးချို(ကျဆုံး)

အမြင့်ဆုံးရရှိသည့်ဘွဲ့/နှစ် - အောင်ဆန်းသူရိယ (၁၉၄၈)

ဘွဲ့ရရှိစဉ်တာဝန်ထမ်းဆောင်သည့်တပ် - ပြည်ထောင်စု စစ်ရဲတပ်ရင်း (၂၁)

ဘွဲ့အပ်နှင်းခံရသောအမိန့်အာဏာ - ၁၀/အထူး/၅၀

ဘွဲ့ရရှိပုံဖြစ်စဉ်အကျဉ်း ။ ၁၉၄၈ သြဂုတ်လအတွင်း ကွန်မြူနစ်တပ်များသည် အင်အားအလုံးအရင်းဖြင့် ရန်ကုန်မြို့ကိုတိုက်ခိုက်သိမ်းပိုက်ရန် ပြည်-ရန်ကုန်ကားလမ်းအတိုင်း ချီတက်လာရာ ၁၉-၄-၄၈ ည ၇ နာရီခန့်အချိန် နတ္တလင်းမြို့အနီးရှိဖိုးသာအောင်ကုန်း တံတားတဘက်သို့အရောက်တွင် နတ္တလင်းတွင်တပ်စွဲထားသော ပြည်ထောင်စုစစ်ရဲတပ်ရင်း (၂၁)၏ တပ်ရင်းမှူးဗိုလ်မှူးအေးချိုသည် အင်အားအဆမတန်မျးပြားသောရန်သူတို့အား မိမိအသက်ကိုပဓာနမထားပဲ ရွပ်ရွပ်ချွံချွံခုခံတိုက်ခိုက်နိုင်ခဲ့သဖြင့် ကွန်မြူနစ်တပ်များ ဆက်လက်ပြီး မချီတက်နိုင်တော့ပဲ ပြန်လည်ဆုတ်ခွာသွားခဲ့ရသည်။

ဗိုလ်မှူးအေးချိုသည် ယင်းကဲ့သို့ထူးကဲမြင့်မားလှသောရဲစွမ်းသတ္တိ၊ ကြံ့ခိုင်သောစိတ်ဓါတ်တို့ဖြင့် ရွပ်ရွပ်ချွံချွံခုခံ တိုက်ခိုက်ရင်း ပြင်းထန်စွာဒဏ်ရာရရှိကာ ၁၉၄၈ သြဂုတ်လ ၂၁ ရက်နေ့တွင် နိုင်ငံတော်အတွက်တာဝန်ကျေပွန်စွာ အသက်ပေးလှူသွားသူဖြစ်သည့်အလျောက် နိုင်ငံတော်၏ရဲစွမ်းသတ္တိဆိုင်ရာအမြင့်ဆုံးဖြစ်သော အောင်ဆန်းသူရိယဘွဲ့ကို ပထမဆုံးချီးမြှုင့်ခြင်းခံရသူဖြစ်သည်။

(၂) အောင်ဆန်းသူရိယ တိုက်ချွန်း
-------------------------
ကိုယ်ပိုင်အမှတ် - ကြည်း ၇၂၈၈

ဘွဲ့ရစဉ်အဆင့် - ဗိုလ် (နောင်တွင်ဗိုလ်ကြီး)

အမည် - တိုက်ချွန်း

အမြင့်ဆုံးရရှိသည့်ဘွဲ့/နှစ် - အောင်ဆန်းသူရိယ (၁၉၅၀)

ဘွဲ့ရရှိစဉ်တာဝန်ထမ်းဆောင်သည့်တပ် - အမှတ်(၁) ချင်းသေနတ်ကိုင်တပ်ရင်း

ဘွဲ့အပ်နှင်းခံရသောအမိန့်အာဏာ - ၁၀/အထူး/၅၀

ဘွဲ့ရရှိပုံဖြစ်စဉ်အကျဉ်း ။ ၁၉၄၉ ခု ဧပြီလတွင် အင်းစိန်မြို့ကိုအခိုင်အမာစိုးမိုးထားသည့် ကေအင်ဒီအိုများအား ဗမာ့တပ်မတော်ကတိုက်ထုတ်ချေမှုန်းရာတွင် ၁၆-၄-၄၉ နေ့ နံနက်ပိုင်းတွင် အမှတ်(၁)ချင်းသေနတ်ကိုင်တပ်ရင်း စစ်မျက်နှာရှိ တပ်ခွဲတခွဲအား ရန်သူတို့၏၀ိုင်းဝန်းပစ်ခတ်ခြင်းကိုခံနေရစဉ် ဗိုလ်တိုက်ချွန်းသည် ရန်သူများအတွင်းဝင်ရောက်ကာ အများအပြားကျဆုံးအောင် သူရသတ္တိပြောင်မြောက်စွာ တိုက်ခိုက်ချေမှုန်းနိုင်ခဲ့သည့် သူရဲကောင်းတစ်ဦးဖြစ်သည်။

ဗိုလ်တိုက်ချွန်းသည် ယင်းသို့စံတင်လောက်သည့် ရဲစွမ်းသတ္တိ၊ ဂုဏ်ပြုလောက်သည့်စွန့်စားခြင်းတို့ဖြင့် ၁၀-၄-၄၉ နေ့ စော်ဘွားကြီးကုန်းတိုက်ပွဲတွင်လည်းကောင်း၊ ၁၆-၄-၄၉ နေ့ ဦးစက္ကိန်ကျောင်းတိုက်ပွဲတွင်လည်းကောင်း၊ ၁၈-၄-၄၉ နေ့ ရန်သူ့ခံကတုတ်ကိုချေမှုန်း တိုက်ခိုက်ရာတွင်လည်းကောင်းအသက်ကိုပဓါနမထားပဲ ရဲဝံ့စွန့်စားစွာ တာဝန်ထမ်းရွက်ခဲ့သည့်အတွက်နိုင်ငံတော်၏အမြင့်ဆုံးစွမ်းရည်သတ္တိဘွဲ့ ဖြစ်သောအောင်ဆန်းသူရိယဘွဲ့ကိုချီးမြှုင့်ခြင်းခံရသည်။

ဗိုလ်တိုက်ချွန်းသည် ယခင်တိုက်ပွဲတွင်လည်း ရဲစွမ်းသတ္တိပြောင်မြောက်မှုအတွက် နိုင်ငံတော်က သူရဘွဲ့ချီးမြှင့်ခြင်း ခံရသူဖြစ်သည်။

(၃) အောင်ဆန်းသူရိယ လှသောင်း
------------------------------
ကိုယ်ပိုင်အမှတ် - ၈၈၈၆၅

ဘွဲ့ရစဉ်အဆင့် - တပ်သား

အမည် - လှသောင်း(ကျဆုံး)

အမြင့်ဆုံးရရှိသည့်ဘွဲ့/နှစ် - အောင်ဆန်းသူရိယ (၁၉၄၉)

ဘွဲ့ရရှိစဉ်တာဝန်ထမ်းဆောင်သည့်တပ် - အမှတ်(၃)ဗမာ့သေနတ်ကိုင်တပ်ရင်း

ဘွဲ့အပ်နှင်းခံရသောအမိန့်အာဏာ - ၁၀/အထူး/၅၀

ဘွဲ့ရရှိပုံဖြစ်စဉ်အကျဉ်း ။ ၁၉၄၉ ခု ဧပြီလ ၂၈ရက်နေ့မနက် ၀၃၀၀ နာရီတွင် ဒိုက်ဦးစစ်မျက်နာတွင် အင်အားအဆမတန် များပြားသောကေအင်(န)ဒီအိုများက အမှတ်(၃)ဗမာ့သေနတ်ကိုင်တပ်ရင်း ကွပ်ကဲမှုဌာနချုပ်ကိုဝိုင်းဝန်းတိုက်ခိုက်ရာ တပ်သားလှသောင်းသည် အသက်ကိုပဓါနမထားပဲ ရဲဝံ့စွန့်စားစွာ ရန်သူအများအပြားကျဆုံးအောင် ရွပ်ရွပ်ချွံချွံတိုက်ခိုက်ခြင်းဖြင့် ရန်သူ၏ထိုးစစ်ကိုဟန့်တားနိုင်ခဲ့သည့်အပြင် မိမိဘက်မှ တပ်ဖွဲ့ဝင်များအထိခိုက်မရှိဆုတ်ခွာပေးနိုင်အောင် နောက်ချန်ကာဘရင်းစက်သေနတ်ဖြင့် ကာပစ်ပစ်ပေးနေစဉ်ရန်သူ့လက်ချက်ဖြင့် နိုင်ငံတော်အတွက်အသက်ပေးလှူသူဖြစ်သည့်အလျောက် နိုင်ငံတော်၏အမြင့်ဆုံးစွမ်းရည်သတ္တိဘွဲ့ ဖြစ်သောအောင်ဆန်းသူရိယဘွဲ့ကိုချီးမြှုင့်ခြင်းခံရသည်။

တပ်သားလှသောင်းသည် ရခိုင်၊မြစ်ဝကျွန်းပေါ်၊ဇီးကုန်း၊၀က်ကော်နှင့် အင်းစိန်တိုက်ပွဲတို့တွင်လည်း အသက်ကိုပဓါနမထားပဲ၊ထူးကဲမြင့်မားသောရဲစွမ်းသတ္တိ၊ကြံခိုင်ထက်မြက်သောစိတ်ဓါတ်တို့ဖြင့် ထူးချွန်စွာတာဝန်ထမ်းရွက်ခဲ့သူ ဖြစ်သည်။

(၄) အောင်ဆန်းသူရိယ စောမြင့်
----------------------------
ကိုယ်ပိုင်အမှတ် - B/00603

ဘွဲ့ရရှိစဉ်ကအဆင့် - တပ်သား

အမည် - စောမြင့်(ကျဆုံး)

အမြင့်ဆုံးရရှိသည့်ဘွဲ့ - အောင်ဆန်းသူရိယ

ရရှိသည့်နှစ် - ၁၉၅၁

ဘွဲရရှိစဉ် တာဝန်ထမ်းဆောင်သည့်
တပ်ရင်း - အမှတ်(၁)ကရင်သေနတ်ကိုင်တပ်ရင်း၊ အမှတ်(၂) ခြေမြန်တပ်မ ဌာနချုပ်(တွဲဖက်)

ဘွဲ့အပ်နှင်းခံရသော အမိန့်အာဏာ - ၃/အထူး/၅၂

ဘွဲ့ရရှိပုံ ဖြစ်စဉ်အကျဉ်း

တပ်သားစောမြင့်သည် သံတောင်မြို့နယ်၊ ရေသိုးကြီးရွာတွင် ကေအင်ဒီအိုများ၏ ဖမ်းဆီးခြင်း ခံနေရသော ဗိုလ်မှူးကြီးမောင်မောင်နှင့် အဖွဲ့အား ကယ်ထုတ်ရန် အရပ်သားစောဘရီနှင့်အတူ (၈.၆.၅၁)နေ့တွင် သွားရောက်ပြီး ဗိုလ်မှူးကြီးမောင်မောင်နဲ့အဆက်အသွယ်ယူနိုင်ခဲ့ကာ (၂၄.၆.၅၁)တွင် စောဘရီနှင့် အရပ်သား(၄)ဦးပါ အဖွဲ့ငယ်ကို ဦးဆောင်ပြီး ရန်သူ့နယ်မြေအတွင်း ထပ်မံဝင်ရောက်နိုင်ခဲ့သည်။

တပ်သားစောမြင့်နှင့်အဖွဲ့သည် (၂၈.၆.၅၁)ရက်နေ့ညတွင် အခက်အခဲမျိုးစုံတို့အားကျော်ဖြတ်ကာ ဗိုလ်မှူးကြီးမောင်မောင်တို့အား ချုပ်ထားသော အချုပ်ခန်းအား ၀င်ရောက်စီးနင်းလျက် အောင်မြင်စွာကယ်ထုတ်ခဲ့သည်။

ယင်းသို့ ကယ်ထုတ်စဉ် ရန်သူတို့၏ ပြင်းထန်စွာ ၀ိုင်းဝန်းပစ်ခတ်မှုကြောင့် ခြေထောက်တွင် ဒဏ်ရာရရှိလဲကျသွားခဲ့သော်လည်း မိမိဒဏ်ရာကို ဂရုမထားပဲ ဗိုလ်မှူးကြီးမောင်မောင်နှင့်အဖွဲ့ကို ဘေးကင်းရာသို့ ရောက်ရှိသည့်တိုင် ရန်သူများကို ကျည်ကုန်သည်အထိ ပစ်ခတ်ပြီးနောက် မိမိအတွက် ၀န်မလေးစေရန် ကျန်ရှိသည့် လက်ပစ်ဗုံးဖြင့် အသက်ကိုစတေးကာ နိုင်ငံတော်အတွက် အသက်ကိုပေးလှူခဲ့သူဖြစ်သည်။

တပ်သားစောမြင့်သည် ယင်းကဲ့သို့ မိမိရဲဘော်များအတွက် ကိုယ်ကျိုးမဖက်အသက့်စွန့်ဆောင်ရွက်ချက်သည် အလွန်မြင့်မြတ် ဂုဏ်ယူဖွယ်ရာ ဖြစ်သည့်အလျောက် ရဲစွမ်းသတ္တိဆိုင်ရာ အမြင့်ဆုံးဘွဲ့ဖြစ်သော အောင်ဆန်းသူရိယ ဘွဲ့အားချီးမြှင့်ခြင်း ခံရသည်။

ဆရာမန်းသင့်နောင်(ကော့ကရိတ်) ရဲ့စာအုပ်ကပါ။

(၅) အောင်ဆန်းသူရိယ စောဘရီ
----------------------------
ကိုယ်ပိုင်အမှတ် - မရှိ

ဘွဲ့ရရှိစဉ်က အဆင့် - အရပ်သား

အမည် - စောဘရီ (ကျဆုံး)

အမြင့်ဆုံးရရှိသည့်ဘွဲ့ - အောင်ဆန်းသူရိယ

ရရှိသည့်နှစ် - ၁၉၅၁

ဘွဲ့ရရှိစဉ် တာဝန်ထမ်းဆောင်သည့် တပ်ရင်း - အမှတ်(၂) ခြေမြန်တပ်မဟာဌာနချုပ် (တွဲဖက်)

ဘွဲ့ရရှိပုံ ဖြစ်စဉ်အကျဉ်း

စောဘရီသည် သံတောင်မြို့နယ်၊ ရေသိုးကြီးရွာတွင် ကေအင်ဒီအိုများ၏ ဖမ်းဆီးခြင်း ခံနေရသော ဗိုလ်မှူးကြီးမောင်မောင်နှင့် အဖွဲ့အား ကယ်ထုတ်ရန် တပ်သားစောမြင့်နှင့်အတူ (၈.၆.၅၁)နေ့တွင် သွားရောက်ပြီး ဗိုလ်မှူးကြီးမောင်မောင်နဲ့ အဆက်အသွယ်ယူခဲ့ကာ (၂၄.၆.၅၁)တွင် ရန်သူ့နယ်မြေအတွင်း ထပ်မံဝင်ရောက်နိုင်ခဲ့သည်။

စောဘရီဦးဆောင်သော အဖွဲ့သည် (၂၈.၆.၅၁)ရက်နေ့ညတွင် အခက်အခဲမျိုးစုံတို့အားကျော်ဖြတ်ကာ ဗိုလ်မှူးကြီးမောင်မောင်တို့အား ချုပ်ထားသော အချုပ်ခန်းအား ၀င်ရောက်စီးနင်းလျက် အောင်မြင်စွာကယ်ထုတ်ခဲ့သည်။ထိုတိုက်ပွဲတွင် ရန်သူများမှ အပြင်းအထန် ၀ိုင်းဝန်းပစ်ခတ်ခံရပြီး ဒဏ်ရာရရှိကာ အသက်ဆုံးရှုံးခဲ့သည့် သူရဲကောင်းတစ်ဦး ဖြစ်သည်။

စောဘရီသည် မိမိအား ပေးအပ်သည့်တာဝန်ကို ပြီးမြောက်အောင်မြင်သည်အထိ ထူးကဲမြင့်မားသော ရဲစွမ်းသတ္တိဖြင့် တိုက်ခိုက်ရင်း နိုင်ငံတော်အတွက် အသက်ပေးလှူခဲ့သည့်အတွက် ရဲစွမ်းသတ္တိဆိုင်ရာ အမြင့်ဆုံးဘွဲ့ဖြစ်သော အောင်ဆန်းသူရိယ ဘွဲ့ကိုချီးမြှင့်ခဲ့သည်..။

ဆရာမန်းသင့်နောင်(ကော့ကရိတ်) ရဲ့စာအုပ်ကပါ။
(စောဘရီဟာ အရပ်သားဆိုပေမယ့် အလင်းဝင် ကေအင်ဒီအိုဟောင်းဖြစ်သည်)

(၆) အောင်ဆန်းသူရိယ စွပ်ဗဟာဒူးရိုင်း
--------------------------------

ကိုယ်ပိုင်အမှတ် - ၀၁၉၁၄

ဘွဲ့ရစဉ်အဆင့် - တပ်သား

အမည် - စွက်(က်) ဗဟာဒူးရိုင်း (ကျဆုံး)

အမြင့်ဆုံးရရှိသည့်ဘွဲ့/နှစ် - အောင်ဆန်းသူရိယ (၁၉၅၀)

ဘွဲ့ရရှိစဉ်တာဝန်ထမ်းဆောင်သည့်တပ် - အမှတ်(၄)ခြေလျင်တပ်ရင်း

ဘွဲ့အပ်နှင်းခံရသောအမိန့်အာဏာ - ၁၀/အထူး/၅၁

ဘွဲ့ရရှိပုံဖြစ်စဉ်အကျဉ်း ။ ၁၉၅၀ ခု ဇွန် ၁၇၊၁၈ ရက်တို့တွင် အမှတ်(၄)ခြေလျင်တပ်ရင်း၏ (ဃ)တပ်ခွဲသည် ရှမ်းပြည်တောင်ပိုင်း တာလေမှပန်ခီသို့ချီတက်စဉ် အင်အားအဆမတန်များပြားသော ရန်သူတရုတ်ဖြူသောင်းကျန်းသူ များနှင့်တွေ့ဆုံတိုက်ပွဲဖြစ်ပွားရာ တပ်သားစွက်(က်) ဗဟာဒူးရိုင်းသည် မိမိတပ်ခွဲ၏ရိက္ခာတင်ထရပ်ကား(၇)စီးကို ရန်သူဝိုင်းဝန်းပစ်ခတ်မှုမှ ရွပ်ရွပ်ချွံချွံခုခံကာကွယ်နိုင်ခဲ့သည့်အပြင် မိမိတပ်ခွဲအား ရန်သူအင်အားကြီးမားစွာ ၀ိုင်းဝန်းပစ်ခတ်နေသည့်ကြားမှ ဘရင်းစက်သေနတ်ဖြင့် ရန်သူ ၁၀၀ ကျော် ကျဆုံးသည်အထိမိမိအသက်ကို ပဓါနမထားပဲ ရန်သူများအတွင်းသို့ ရဲဝံ့စွန့်စားစွာဝင်ရောက် ပစ်ခတ်ရင်း ရန်သူ၏လက်ပစ်ဗုံးထိမှန်ကာ နိုင်ငံတော်အတွက်အသက်ပေးလှူခဲ့သူဖြစ်သည့်အလျောက် နိုင်ငံတော်၏ အမြင့်ဆုံးစွမ်းရည်သတ္တိဘွဲ့ဖြစ်သောအောင်ဆန်းသူရိယဘွဲ့ကိုချီးမြှုင့်ခြင်းခံရသည်။

စွက်(က်) ဗဟာဒူးရိုင်းသည် ယခင်ကလည်း ရဲစွမ်းသတ္တိပြောင်မြောက်မှုအတွက် စစ်သေနာပတိချုပ်က သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် ချီးမြှင့်ခြင်း ခံရသူဖြစ်သည်။

Reference :
-------------
From Tea Shot
Repost By May Thit Lwin

“တပ်မတော်သားများနှင့် ပါရမီ ဖြည့်ဖက်များ” အဖွဲ့မှ ကျဆုံးစစ်သည် မိသားစုဝင်များကို ထောက်ပံ့ကြေးပေးအပ်





၉-၁၀-၂၀၁၃ ရက်နေ့ (နံနက်-၁၀:၁၅မိနစ်) အချိန်မှာကျဆုံး ခဲ့တဲ့ ဗိုလ်ဇော်မျိုးထက် အပါအ၀င် တပ်မတော် အရာရှိစစ်သည် သုံးဦးအတွက် "တပ်မတော်သားများနှင့် ပါရမီ ဖြည့်ဖက်များ" Group မှ  တစ်ဦးခြင်းအလိုက် ထောက်ပံ့ကြေးများ ပေးအပ်လှူဒါန်း ပြီးစီးခဲ့တယ်လို့ အဖွဲ့တာဝန်ခံ ဦးရောင်နီဦးရဲ့ Facebook စာမျက်နှာ မှာ ဖော်ပြထားချက်အရ သိရှိရပါတယ်။

    တစ်ဆက်တည်းမှာပဲ ၎င်း ရဲ့ စာမျက်နှာ အလှူကောက်ခံ ရရှိငွေ စာရင်း နဲ့  ပေးအပ်လှူဒါန်းမှုစာရင်းတွေ အားလုံးကိုလည်း ဖော်ပြထားရှိပါတယ်။အလှူကောက်ခံ ငွေအားလုံးပေါင်း  (၉,၁၃၈,၄၀၀ိ ကျပ်တိတိ) ကိုလည်း ကျဆုံးသွားတဲ့တပ်မတော် သား သုံးဦးအတွက် အညီအမျှ (၃ နဲ့ စား၍) ခွဲဝေလှူဒါန်းခဲ့ရာ တစ်ဦးလျှင် (၃,၁၇၅,၀၀၀ ကျပ်) စီကိုအဖွဲ့တာဝန်ခံတစ်ဦး ဖြစ်တဲ့ ဦးရောင်နီဦး ရဲ့ ရုံးခန်းမှာ ကျဆုံး စစ်သည်တွေရဲ့ သက်ဆိုင်ရာ မိသားစုဝင်တွေကို ပေးအပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
    ဒီအလှူ ဖြစ်မြောက်အောင် ပံ့ပိုးကူညီပေးခဲ့ကြတဲ့ အနယ်နယ် အရပ်ရပ် က အလှူရှင်များ၊ ပြည်ပရောက်မြန်မာ များ ၊စင်္ကာပူ ၊ ရုရှားရောက် မြန်မာ များ နှင့် အလှူရှင်အားလုံး ကို  အဖွဲ့ရဲ့ကိုယ်စား ကျေးဇူးအထူးပင်တင်ရှိကြောင်း နဲ့ နောက်နောင် နိုင်ငံ အတွက် လိုအပ်နေသည့် နေရာများ အားလှူဒါန်းရာတွင်လည်းပါဝင်ပေးကြဖို့  လေးလေးစားစားနဲ့ဖိတ်ခေါ်ကြောင်းကိုလည်းဦးရောင်နီဦးကထုတ် ဖော်ရေးသားထားကိုတွေ့ရှိရပါတယ်။

မောင်မင်းကြီး (ဗိုလ်တထောင်)

အခြေခံဥပဒေကိစ္စ ပြည်သူကို Hijack မလုပ်သင့်ဘူး ( ဒေါက်တာ ဆလိုင်း ငွန်ကျုံးလန်နှင့် 7 Day News က တွေ့ဆုံမေးမြန်းခြင်း)

Photo: အခြေခံဥပဒေကိစ္စ ပြည်သူကို Hijack မလုပ်သင့်ဘူး 

(ဒေါက်တာ ဆလိုင်းငွန်ကျုံးလန်နှင့် တွေ့ဆုံခြင်း)

အိဖြူလွင်၊ အောင်သူရ

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မည်ဟုဆိုသောအခါ အသစ်ရေးဆွဲခြင်းနှင့် အဟောင်းကို ပြန်လည်ပြင်ဆင်ခြင်း လမ်းကြောင်းနှစ်မျိုး ကွဲပြားထွက်ပေါ်လာသည်။ ထိုလမ်းကြောင်းနှစ်ခုတွင် မည်သည့်လမ်းကြောင်းသို့ ဦးတည်သွားမည်၊ မည်သည့် လမ်းကြောင်း က ပိုမိုလွယ်ကူနိုင်သည်ကို မေးခွန်းထုတ် ငြင်းခုံကြဆဲဖြစ်သည်။ နိုင်ငံရေး ပါတီ များ နှင့် တိုင်းရင်းသားအဖွဲ့အစည်းများကြား အကျေအလည် ညှိနှိုင်းနေရသည့် ဥပဒေ ပြင်ဆင်ရေး အပေါ်တွင် ချင်းအမျိုးသားတပ်ဦး CNF နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုး များ ဖက်ဒရယ်ကောင်စီ (UNFC) ကို တည်ထောင်သူများတွင် ပါဝင်ခဲ့သော ဒေါက်တာ ဆလိုင်း ငွန်ကျုံးလန်နှင့် 7 Day News က တွေ့ဆုံမေးမြန်းခဲ့ပါသည်။

ဒေါက်တာ ဆလိုင်းငွန်ကျုံးလန်သည် အမေရိကန်နိုင်ငံ Indiana University မှ Doctor of Juridical Science ဘွဲ့ကိုရရှိပြီး ယခုမြန်မာ့ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးဗဟိုဌာန (MPC) တွင် ဥပဒေအကြံပေးအဖြစ် ဆောင်ရွက်နေသူဖြစ်သည်။

လက်ရှိအချိန်မှာ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ရေပန်းစားနေတဲ့ လမ်းနှစ်လမ်းမှာ ဘယ်လမ်းကြောင်းက ပိုပြီး လွယ်ကူမယ်လို့ ထင်ပါသလဲ။

အခြေခံဥပဒေကို ကျွန်တော်တို့ ဥပဒေလောက အမြင်နဲ့ ကြည့်တဲ့အခါမှာ ခြောက်ခုပဲ ရှိတယ်။ နံပါတ်တစ်က ပြည်ထောင်စုမပြိုကွဲရေး၊ နောက် တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ လောကပါလတရား ထွန်းကားရေး၊ ပါတီစုံ ဒီမိုကရေစီ စနစ် ထွန်းကားရေး၊ နောက်ဆုံး အမျိုးသားနိုင်ငံရေးမှာ တပ်မတော်က တစ်ဖက် တစ်လမ်း ကနေ ဝင်ပါရေး။ ဒီခြောက်ခုက အခြေခံဥပဒေရဲ့ အစနဲ့အဆုံး။ ဒီမှာ နောက်ဆုံး အချက်ဖြစ်တဲ့ တပ်မတော်က ၂၅ ရာခိုင်နှုန်း ပါမယ်။ ပါပေါ့၊ ဘာဖြစ်လဲ၊ အမျိုးသမီး တွေကတောင် ၃၀ ရာခိုင် နှုန်းယူမယ်လို့ ပြောနေတာ။ ဒါကြောင့် ဒီအချက်ကို တော်တော်လေး စဉ်းစားနိုင်တယ်ဆိုရင် ခုအချိန်မှာ အခြေခံဥပဒေအသစ်ရေးဖို့ဆိုတာ တော်တော်လေး ကြောက်စရာ ကောင်းတယ်။
 
NLD က ပြောနေတယ်။ အခြေခံဥပဒေကို ပြင်ဖို့ ဒါမှမဟုတ် အသစ်ဆွဲဖို့ရာ ပြည်သူ့ သဘောထား ရယူမယ်ဆိုတာက တကယ်ဖြစ်နိုင်မလား။

ကျွန်တော်က ဘယ်ပါတီကိုမှ ထောက်ခံစရာလည်း မရှိဘူး။ ကျွန်တော် အမေရိကန် နိုင်ငံသား၊ မြန်မာပြည်မှာမွေးတဲ့ အမေရိကန်နိုင်ငံသား။ ဒီတော့ ဘယ်ပါတီကိုမှ အားပေးစရာလည်း မရှိဘူး။ မဲပေးလို့လည်း မရဘူး။ ဒါကြောင့် ကျွန်တော်အခုပြောတဲ့အချိန်မှာ နံပါတ် တစ် အရေးကြီးတာ ကတော့ ဘယ်တော့မှ ပြည်သူကို Hijack မလုပ်ဖို့ (အတင်းဆွဲသွင်းခြင်းမျိုး) အရေးကြီးတယ် နိုင်ငံရေး ပါတီတွေက။ ကောင်းပြီ။ ပြည်သူက အသစ်ပြန်ရေး ချင်တယ်ဆိုလို့ ကျွန်တော်တို့က အခြေခံဥပဒေအသစ်ရေးမယ်ဆိုရင် ပြည်သူက အခြေခံဥပဒေကို ဘယ်လောက် နားလည်လဲ။ ဒီမှာ အားသာချက်၊ အားနည်းချက်ဆိုပြီး ပြည်သူကို ဆွဲခေါ်တာမျိုး၊ ကျွန်တော့်အမြင်မှာ ဥပဒေပညာ သင်လာတဲ့သူတစ်ယောက် အမြင်မှာတော့ ပြည်သူကို Hijack မလုပ်သင့်ဘူး။ ဒီအချိန်က နိုင်ငံရေးစတန့်ထွင်ဖို့ အချိန်မဟုတ်ဘူး။ ၁၉၆၂ ကနေ ၂၀၀၈ အထိ ၄၉ နှစ်လုံး ကျွန်တော်တို့မှာ အခြေခံဥပဒေ မရှိဘူး။ ကျွန်တော်တို့ ယဉ်ကျေးမှု ထဲမှာ ဒီမိုကရေစီကို နားလည်သူမရှိဘူး။ ကျွန်တော်လည်း နားမလည်ဘူး။ 


တကယ်တမ်းမှာ အခြေခံဥပဒေအသစ် ပြန်လည်ရေးဆွဲခြင်းဆိုတာမျိုးကရော ဖြစ်လာနိုင်မယ့် အလားအလာရှိလား။

အခုက မသုံးခင်မှာကိုက ပြင်ချင်တယ်။ မပြင်ခင်မှာ လွှင့်ပစ်ချင်တယ်။ အဲဒီတော့ သုံးကြည့်ပါ။ သုံးလို့မရရင် ပြင်ခွင့်ပေးထားတာပဲ။ ပြင်လို့မှမရရင်လည်း လွှင့်ပစ်လိုက်။ ကမ္ဘာမှာ အခြေခံ ဥပဒေ ဆိုတာ အမှိုက်ပုံးထဲရောက်တာ အများကြီးပဲ။

အခြေခံဥပဒေသစ်ကိုသာ တကယ်ရေးနိုင်ခဲ့ရင် လက်ရှိနိုင်ငံရေး အကျပ်အတည်းက ပြီးဆုံး သွားနိုင်မှာလား။

ကျွန်တော်တို့က အခြေခံဥပဒေအသစ်တစ်ခု ထွက်လာတာနဲ့ ရေးပြီးသွားတာနဲ့ ပြဿနာ အားလုံး ပြေလည်သွားမယ်လို့ထင်တာ။ အဲဒါမဟုတ်ဘူး။ ဒုတိယအချက်က ကျွန်တော်တို့ တိုင်းပြည်မှာ ဥပဒေကိစ္စကို နားလည်တာ အရမ်းအားနည်းတယ်။ အခြေခံဥပဒေ ကောင်းသာ ရှိရင် အားလုံးပြီးပြည့်စုံပြီလို့ ထင်နေတာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ၄၇ ဥပဒေ ကို ငါးခေါက်လား၊ ခြောက်ခေါက်လား ပြင်ရတယ်။ ပြင်ရင်းနဲ့ ကောင်းလာမယ့် အနေအထား ရောက်တဲ့အခါမှာ နည်းနည်းမှားသွားခဲ့တာ။ ဒါက တချို့နိုင်ငံရေးသမား ပါတီခေါင်းဆောင်တွေ ဆန္ဒစောသွား တာကြောင့်ပဲ။ ၇၄ ဥပဒေကိုလည်း တစ်ခေါက်ပြင်ထားတယ်။ အခု ၂၀၀၈ ပေါ်လာတဲ့အခါ ကျွန်တော်တို့ မပြင်ရသေးဘူး။ ဒါပေမဲ့ အသစ်ရေးချင်တဲ့သူပေါ်လာတယ်။ စက်တင်ဘာလ လယ်လောက်က ဘန်ကောက်မှာ နိုင်ငံတကာ ဥပဒေပညာရှင်တွေနဲ့  တွေ့ခဲ့တယ်။ သူတို့က ၂၀၀၈ က ဘယ်တော့မှ ဒီမိုကရေစီကို မဖော်ဆောင်ဘူး။ ဖက်ဒရယ်ကို မဖော်ဆောင်ဘူး။ ဒါကြောင့် အသစ်ရေးမယ်လို့ ပြောတယ်။ ကျွန်တော်ပြောလိုက်တယ်။ ခင်ဗျားတို့ရေး၊ ကြိုက်သလိုရေး ကမ္ဘာမှာ အကောင်းဆုံး အခြေခံဥပဒေကို ရေးနိုင်ရင်တောင် ကျွန်တော်တို့ တပ်မတော်က လက်မခံရင် အဲဒီအခြေခံဥပဒေက အမှ်ိုက်ပုံးထဲရောက်မှာပဲ။ ဒီတော့ အမှိုက်ပုံးထဲရောက်မယ့် အခြေခံဥပဒေကို ဘာလို့ အချိန် အကုန်ခံပြီး ရေးနေမလဲ။ ဒီမှာရှိတဲ့ ဥပဒေနားမလည်တဲ့သူတွေကို နားလည်အောင် သင်ပေး။ ဇယား ၂ ထဲမှာ ပြည်နယ် ဥပဒေပြုစာရင်း ၄၄ ချက်ရှိတယ်။ အများဆုံးသုံးနိုင်တာတောင် ၁၅ ခုပဲရှိတယ်။ သုံးဖို့ ကျန်သေးတယ်။

UNFC က အသစ်ရေးနေပြီလို့ ပြောတယ်။ အဲဒီအပေါ်ကို ဘယ်လိုသုံးသပ်ပါသလဲ။

ကျွန်တော် UNFC ဥက္ကဋ္ဌ ခွန်ဥက္ကာနဲ့ အခြေခံဥပဒေနှစ်ခုရေးဖူးတယ်။ တစ်ခုက ဦးစိန်ဝင်း တို့ အတွက်ရေးတာ။ နောက်တစ်ခုလည်း ရှိသေးတယ်။ နှစ်ခုစလုံး အမှိုက်ပုံးထဲမှာပဲ။ ဘယ်သူ ကမှ လက်မခံတာ။ ဒါကြောင့် လက်ခံမယ့် သုံးမယ့်သူမရှိရင် ဘယ်နှစ်ခုပဲ ရေးရေး အသုံးမဝင် ဘူး။ ပုဒ်မ ၂၀(စ)မှာ တပ်မတော်သည် အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက် ရာတွင် အဓိက တာဝန်ရှိ သည် ဆိုပြီး ပါတယ်။ ဒါကြောင့် အသစ် ရေးမယ်ဆိုရင် ကျွန်တော် တို့က တပ်မတော်ကို သွားပြီး ပြဿနာရှာတာနဲ့ အတူတူပဲ။

တပ်မတော်ကို သွားပြီး ပြဿနာရှာတယ်ဆိုတဲ့ စကားကို သေချာရှင်းပြပေးပါဦး။

တချို့က ပြောတယ်။ ကာလုံရှိနေလို့ အာဏာသိမ်းနိုင်တယ်တို့၊ ဒီမိုကရေစီလည်း မရနိုင်ဘူး၊ ဖက်ဒရယ်လည်း မရနိုင်ဘူးတို့ ဆိုတာ မယုံဘူး။ ယိုးဒယားမှာ အာဏာသိမ်းတာ ဘယ် နှစ်ခေါက် ရှိနေပြီလဲ။ တိုင်းပြည်မှာ ကာလုံရှိနေလို့ လိုအပ်တဲ့အခါမှာ နိုင်ငံတော် အာဏာကို အခိုက်အတန့် သိမ်းနိုင်တယ်။ ဥပဒေမှာ မပေးထားရင်လည်း သိမ်းချင် သိမ်းမှာပဲ။ ဘာလို့လဲ။ အခြေခံဥပဒေဆိုတာ စာအုပ်တစ်အုပ်ပဲ။ အဲဒီစာအုပ်နဲ့ ဂျီသရီး ဘယ်ဟာပိုပြင်းလဲ။ စာအုပ်ပြင်း မလား။ စဉ်းစားကြည့်ပါ။ တစ်ချက်ဖောင်းဆို ပစ်လိုက်ရင် စာအုပ်က ပေါက်သွားမှာပဲ။ လုပ်ချင် ရင် လုပ်လို့ရတယ်။ ဒါပေမဲ့ မလုပ်ဖို့အတွက် ကျွန်တော်တို့က တပ်နဲ့အတူတူ လက်တွဲရမယ်။

ဒီအခြေအနေက တကယ့်နိုင်ငံရေးအကျပ်အတည်းဆိုတာမျိုး ဖြစ်လာနိုင်မယ်လို့ထင်လား။

၂၀၀၈ကို လွှင့်ပစ်လိုက်ပြီး အသစ်ရေးကြည့်။ ဒီကြားထဲမှာ တည်ဆဲဥပဒေ လေးရာကျော်နဲ့ သွားရမှာ။ ဒီအချိန်မှာ ကျွန်တော်တို့ကလမ်းပျောက်ပြီ။ ၂၀၀၈ ကြောင့် မရဖူးတဲ့ နှစ် ၄၀ ကျော် ပျောက်သွားတဲ့ ဒီမိုကရေစီယဉ်ကျေးမှုတွေ ပြန်ရလာတယ်။ ဒါကို ဆက်သွားချင်လား။ ဒါမှ မဟုတ် နိုင်ငံရေး စတန့်ထွင်ချင်သေးလား။ စဉ်းစားရမှာ။

ဒီပေါ်မှာ အခြေခံပြီးတော့ ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသားတွေနဲ့ ပြည်ခိုင်ဖြိုးနဲ့ အချင်း ချင်း မညီညွတ်တာမျိုး ဖြစ်လာနိုင်လား။ 

ကျွန်တော်တို့ ဒီမိုကရေစီလိုချင်တယ်ဆိုရင် အယူအဆကွဲတာကို လက်ခံနိုင်ရမယ်။ အာဏာ ရှင် လက်အောက်မှာ နေလာတာကြာတော့ အကျင့်ပါနေတယ်။ ချင်းထဲမှာဆိုရင် CPP နဲ့ CNP ရှိတယ်။ သူတို့ပေါင်းဖို့ ပြောနေတယ်။ ချင်းအမျိုးသားတစ်ပါတီပဲ ရှိရမယ်တဲ့။ အဲဒါ အာဏာရှင် စနစ်ပဲ။ ဒီမိုကရေစီက အသွင်ကွဲပြားခြင်းကို လက်ခံရမယ်။ နောက် ညှိနှိုင်းနိုင်ရမယ်။ ဒါမှ ဒီမိုကရေစီ။

NLDက ပြင်ဆင်ရေးကို USDP နဲ့ တွဲလုပ်မယ့် ပုံစံမျိုး ခုချိန်မှာ ဖြစ်နေပေမယ့် တကယ်လို့များ တွဲမလုပ်နိုင်ခဲ့ရင် တပ်က ဘယ်လောက်ရာခိုင်နှုန်းထိ ပါဝင်လာနိုင်မလဲ။

တပ်က ဘာလုပ်မလဲဆိုတာ ကျွန်တော့်အမြင်မှာတော့ တပ်က လုံးဝလက်လျှော့မှာ မဟုတ် ဘူး။ ဘာလို့ဆိုတော့ သူလျှော့ရင် တပ်ကအားနည်းပြီ။ ဒီ ၂၅ ရာခိုင်နှုန်းကနေ တိုင်းပြည် ကြီးရဲ့ တည်ငြိမ်မှုကို ကောင်းကောင်းကိုင်ထားမှာ။ ဟိုတစ်လောက တပ်ချုပ်ကြီး ထိုင်းမှာ ပြောထားတဲ့ စကားရှိတယ်။ သူတို့က တဖြည်းဖြည်းတော့ လျှော့ပေးမှာလို့။ ဒါပေမဲ့ မနက်ဖြန် မဟုတ်ဘူး။ နောက်နှစ်မဟုတ်ဘူး။ ကျွန်တော်တို့ နှစ်လေးဆယ်ကျော် စောင့်လာခဲ့ပြီးမှ နောက်ထပ် နှစ်လေးဆယ်ကျော် စောင့်ဖို့ ဝန်မလေးပါဘူး။ ဒီမှာ စောင့်နေရင်း ပညာသင်မယ်။ ဒီမိုကရေစီ ယဉ်ကျေးမှုဆိုတာ သင်ယူရမယ်။

တိုင်းရင်းသားတွေကရော အသစ်မရေးဘဲ ပြင်ဆင်မယ်ဆိုတာကို လက်ခံနိုင်ပါ့မလား။

ကျန်တဲ့တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ တွေ့တဲ့အခါမှာ သူတို့ကတော့ မပြောပါဘူး။ တိုင်းရင်း သားလို့ ပြောရင် UNFC ကို အားလုံးက ဆိုလိုကြတယ်။ ကျွန်တော် ဦးခွန်ဥက္ကာနဲ့ တွေ့ခဲ့ ပါတယ်။ သူက အသစ်ရေးဆွဲရေးကို ပြောတာမဟုတ်ဘူး။ သူပြောချင်တာက အခြေခံ ဥပဒေ ကို ပြောင်းလဲပြီးတော့ ဖက်ဒရယ်စနစ်၊ ဒီမိုကရေစီစနစ်၊ တန်းတူညီမျှရေးကို ဖော်ဆောင် ပေးနိုင်မယ့် ဟာကို သွားချင်တယ်လို့ပြောတယ်။ ဒါကြောင့် ခင်ဗျားတို့ Statement ပြင်ဖို့ လိုတယ်။ ကျွန်တော်တို့ နားလည်တာက UNFC က အသစ်ရေးမယ်လို့ပဲ နားလည်ခဲ့တယ်။ UNFC ရဲ့ နောက်ဆုံးအစည်း အဝေးမှာ ၂၀၀၈ ကတည်းက အာဏာခွဲဝေမှု ဇယား ၁၊ ၂၊ ၃၊ ၅ နောက် သယံဇာတခွဲဝေရေး ဒါတွေကို ပြင်ချင်တယ်။ ဒီလိုပဲ ပြောခဲ့တယ်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးတဲ့အခါမှာ အမြဲ လိုက်ပါနေတဲ့အတွက် MPC ဒါရိုက်တာအနေနဲ့ သူတို့ရဲ့ သဘေားထားကရော ဘယ်လိုရှိနိုင်ပါသလဲ။

ခုချိန်ထိတော့ ၂၀၀၈ အခြေခံဥပဒေကို ပစ်ပစ်ခါခါ မကြိုက်ဘူးဆိုတဲ့အဖွဲ့ ကျွန်တော် မတွေ့ သေး ပါဘူး။


၂၀၁၅ မတိုင်ခင်မှာရော အခြေခံဥပဒေပြင်ဆင်ရေးကိစ္စက အောင်မြင်နိုင်မယ်လို့ တွက်နိုင် ပါသလား။

ကျွန်တော့်အသက်က ၅၀ နားကပ်နေပြီ။ ကျွန်တော့်အသက်မှာတော့ ပြင်နိုင်လိမ့်မယ် မထင်ဘူး။ မပြင်သေးဘဲ သုံးကြည့်တာကမှ ပိုပြီးအဓိပ္ပါယ်ရှိသေးတယ်။ တကယ်တမ်းတော့ ဥပဒေပြင်ဖို့ အတွက်က လူတစ်ယောက်ပဲလိုပါတယ်။ အဲဒါ ဘယ်သူလဲဆိုတော့ တပ်မတော် သား တစ်ယောက် ပဲ။ ၇၅ ရာခိုင်နှုန်းကသာ ညီမယ်။ အားလုံးက သဘောတူမယ်ဆိုရင် တပ်မတော်သား တစ်ယောက် ကို ရွေးလိုက်။ ဒါဆိုရင် ပြင်လို့ရမယ်။

7 Day News ဂျာနယ် အတွဲ(၁၂) အမှတ်(၃၁)မှ ကူးယူဖော်ပြသည်
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မည်ဟုဆိုသောအခါ အသစ်ရေးဆွဲခြင်းနှင့် အဟောင်းကို ပြန်လည်ပြင်ဆင်ခြင်း လမ်းကြောင်းနှစ်မျိုး ကွဲပြားထွက်ပေါ်လာသည်။ ထိုလမ်းကြောင်းနှစ်ခုတွင် မည်သည့်လမ်းကြောင်းသို့ ဦးတည်သွားမည်၊ မည်သည့် လမ်းကြောင်း က ပိုမိုလွယ်ကူနိုင်သည်ကို မေးခွန်းထုတ် ငြင်းခုံကြဆဲဖြစ်သည်။ နိုင်ငံရေး ပါတီ များ နှင့် တိုင်းရင်းသားအဖွဲ့အစည်းများကြား အကျေအလည် ညှိနှိုင်းနေရသည့် ဥပဒေ ပြင်ဆင်ရေး အပေါ်တွင် ချင်းအမျိုးသားတပ်ဦး CNF နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုး များ ဖက်ဒရယ်ကောင်စီ (UNFC) ကို တည်ထောင်သူများတွင် ပါဝင်ခဲ့သော ဒေါက်တာ ဆလိုင်း ငွန်ကျုံးလန်နှင့် 7 Day News က တွေ့ဆုံမေးမြန်းခဲ့ပါသည်။

ဒေါက်တာ ဆလိုင်းငွန်ကျုံးလန်သည် အမေရိကန်နိုင်ငံ Indiana University မှ Doctor of Juridical Science ဘွဲ့ကိုရရှိပြီး ယခုမြန်မာ့ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးဗဟိုဌာန (MPC) တွင် ဥပဒေအကြံပေးအဖြစ် ဆောင်ရွက်နေသူဖြစ်သည်။

လက်ရှိအချိန်မှာ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ရေပန်းစားနေတဲ့ လမ်းနှစ်လမ်းမှာ ဘယ်လမ်းကြောင်းက ပိုပြီး လွယ်ကူမယ်လို့ ထင်ပါသလဲ။

အခြေခံဥပဒေကို ကျွန်တော်တို့ ဥပဒေလောက အမြင်နဲ့ ကြည့်တဲ့အခါမှာ ခြောက်ခုပဲ ရှိတယ်။ နံပါတ်တစ်က ပြည်ထောင်စုမပြိုကွဲရေး၊ နောက် တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ လောကပါလတရား ထွန်းကားရေး၊ ပါတီစုံ ဒီမိုကရေစီ စနစ် ထွန်းကားရေး၊ နောက်ဆုံး အမျိုးသားနိုင်ငံရေးမှာ တပ်မတော်က တစ်ဖက် တစ်လမ်း ကနေ ဝင်ပါရေး။ ဒီခြောက်ခုက အခြေခံဥပဒေရဲ့ အစနဲ့အဆုံး။ ဒီမှာ နောက်ဆုံး အချက်ဖြစ်တဲ့ တပ်မတော်က ၂၅ ရာခိုင်နှုန်း ပါမယ်။ ပါပေါ့၊ ဘာဖြစ်လဲ၊ အမျိုးသမီး တွေကတောင် ၃၀ ရာခိုင် နှုန်းယူမယ်လို့ ပြောနေတာ။ ဒါကြောင့် ဒီအချက်ကို တော်တော်လေး စဉ်းစားနိုင်တယ်ဆိုရင် ခုအချိန်မှာ အခြေခံဥပဒေအသစ်ရေးဖို့ဆိုတာ တော်တော်လေး ကြောက်စရာ ကောင်းတယ်။

NLD က ပြောနေတယ်။ အခြေခံဥပဒေကို ပြင်ဖို့ ဒါမှမဟုတ် အသစ်ဆွဲဖို့ရာ ပြည်သူ့ သဘောထား ရယူမယ်ဆိုတာက တကယ်ဖြစ်နိုင်မလား။

ကျွန်တော်က ဘယ်ပါတီကိုမှ ထောက်ခံစရာလည်း မရှိဘူး။ ကျွန်တော် အမေရိကန် နိုင်ငံသား၊ မြန်မာပြည်မှာမွေးတဲ့ အမေရိကန်နိုင်ငံသား။ ဒီတော့ ဘယ်ပါတီကိုမှ အားပေးစရာလည်း မရှိဘူး။ မဲပေးလို့လည်း မရဘူး။ ဒါကြောင့် ကျွန်တော်အခုပြောတဲ့အချိန်မှာ နံပါတ် တစ် အရေးကြီးတာ ကတော့ ဘယ်တော့မှ ပြည်သူကို Hijack မလုပ်ဖို့ (အတင်းဆွဲသွင်းခြင်းမျိုး) အရေးကြီးတယ် နိုင်ငံရေး ပါတီတွေက။ ကောင်းပြီ။ ပြည်သူက အသစ်ပြန်ရေး ချင်တယ်ဆိုလို့ ကျွန်တော်တို့က အခြေခံဥပဒေအသစ်ရေးမယ်ဆိုရင် ပြည်သူက အခြေခံဥပဒေကို ဘယ်လောက် နားလည်လဲ။ ဒီမှာ အားသာချက်၊ အားနည်းချက်ဆိုပြီး ပြည်သူကို ဆွဲခေါ်တာမျိုး၊ ကျွန်တော့်အမြင်မှာ ဥပဒေပညာ သင်လာတဲ့သူတစ်ယောက် အမြင်မှာတော့ ပြည်သူကို Hijack မလုပ်သင့်ဘူး။ ဒီအချိန်က နိုင်ငံရေးစတန့်ထွင်ဖို့ အချိန်မဟုတ်ဘူး။ ၁၉၆၂ ကနေ ၂၀၀၈ အထိ ၄၉ နှစ်လုံး ကျွန်တော်တို့မှာ အခြေခံဥပဒေ မရှိဘူး။ ကျွန်တော်တို့ ယဉ်ကျေးမှု ထဲမှာ ဒီမိုကရေစီကို နားလည်သူမရှိဘူး။ ကျွန်တော်လည်း နားမလည်ဘူး။


တကယ်တမ်းမှာ အခြေခံဥပဒေအသစ် ပြန်လည်ရေးဆွဲခြင်းဆိုတာမျိုးကရော ဖြစ်လာနိုင်မယ့် အလားအလာရှိလား။

အခုက မသုံးခင်မှာကိုက ပြင်ချင်တယ်။ မပြင်ခင်မှာ လွှင့်ပစ်ချင်တယ်။ အဲဒီတော့ သုံးကြည့်ပါ။ သုံးလို့မရရင် ပြင်ခွင့်ပေးထားတာပဲ။ ပြင်လို့မှမရရင်လည်း လွှင့်ပစ်လိုက်။ ကမ္ဘာမှာ အခြေခံ ဥပဒေ ဆိုတာ အမှိုက်ပုံးထဲရောက်တာ အများကြီးပဲ။

အခြေခံဥပဒေသစ်ကိုသာ တကယ်ရေးနိုင်ခဲ့ရင် လက်ရှိနိုင်ငံရေး အကျပ်အတည်းက ပြီးဆုံး သွားနိုင်မှာလား။

ကျွန်တော်တို့က အခြေခံဥပဒေအသစ်တစ်ခု ထွက်လာတာနဲ့ ရေးပြီးသွားတာနဲ့ ပြဿနာ အားလုံး ပြေလည်သွားမယ်လို့ထင်တာ။ အဲဒါမဟုတ်ဘူး။ ဒုတိယအချက်က ကျွန်တော်တို့ တိုင်းပြည်မှာ ဥပဒေကိစ္စကို နားလည်တာ အရမ်းအားနည်းတယ်။ အခြေခံဥပဒေ ကောင်းသာ ရှိရင် အားလုံးပြီးပြည့်စုံပြီလို့ ထင်နေတာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ၄၇ ဥပဒေ ကို ငါးခေါက်လား၊ ခြောက်ခေါက်လား ပြင်ရတယ်။ ပြင်ရင်းနဲ့ ကောင်းလာမယ့် အနေအထား ရောက်တဲ့အခါမှာ နည်းနည်းမှားသွားခဲ့တာ။ ဒါက တချို့နိုင်ငံရေးသမား ပါတီခေါင်းဆောင်တွေ ဆန္ဒစောသွား တာကြောင့်ပဲ။ ၇၄ ဥပဒေကိုလည်း တစ်ခေါက်ပြင်ထားတယ်။ အခု ၂၀၀၈ ပေါ်လာတဲ့အခါ ကျွန်တော်တို့ မပြင်ရသေးဘူး။ ဒါပေမဲ့ အသစ်ရေးချင်တဲ့သူပေါ်လာတယ်။ စက်တင်ဘာလ လယ်လောက်က ဘန်ကောက်မှာ နိုင်ငံတကာ ဥပဒေပညာရှင်တွေနဲ့ တွေ့ခဲ့တယ်။ သူတို့က ၂၀၀၈ က ဘယ်တော့မှ ဒီမိုကရေစီကို မဖော်ဆောင်ဘူး။ ဖက်ဒရယ်ကို မဖော်ဆောင်ဘူး။ ဒါကြောင့် အသစ်ရေးမယ်လို့ ပြောတယ်။ ကျွန်တော်ပြောလိုက်တယ်။ ခင်ဗျားတို့ရေး၊ ကြိုက်သလိုရေး ကမ္ဘာမှာ အကောင်းဆုံး အခြေခံဥပဒေကို ရေးနိုင်ရင်တောင် ကျွန်တော်တို့ တပ်မတော်က လက်မခံရင် အဲဒီအခြေခံဥပဒေက အမှ်ိုက်ပုံးထဲရောက်မှာပဲ။ ဒီတော့ အမှိုက်ပုံးထဲရောက်မယ့် အခြေခံဥပဒေကို ဘာလို့ အချိန် အကုန်ခံပြီး ရေးနေမလဲ။ ဒီမှာရှိတဲ့ ဥပဒေနားမလည်တဲ့သူတွေကို နားလည်အောင် သင်ပေး။ ဇယား ၂ ထဲမှာ ပြည်နယ် ဥပဒေပြုစာရင်း ၄၄ ချက်ရှိတယ်။ အများဆုံးသုံးနိုင်တာတောင် ၁၅ ခုပဲရှိတယ်။ သုံးဖို့ ကျန်သေးတယ်။

UNFC က အသစ်ရေးနေပြီလို့ ပြောတယ်။ အဲဒီအပေါ်ကို ဘယ်လိုသုံးသပ်ပါသလဲ။

ကျွန်တော် UNFC ဥက္ကဋ္ဌ ခွန်ဥက္ကာနဲ့ အခြေခံဥပဒေနှစ်ခုရေးဖူးတယ်။ တစ်ခုက ဦးစိန်ဝင်း တို့ အတွက်ရေးတာ။ နောက်တစ်ခုလည်း ရှိသေးတယ်။ နှစ်ခုစလုံး အမှိုက်ပုံးထဲမှာပဲ။ ဘယ်သူ ကမှ လက်မခံတာ။ ဒါကြောင့် လက်ခံမယ့် သုံးမယ့်သူမရှိရင် ဘယ်နှစ်ခုပဲ ရေးရေး အသုံးမဝင် ဘူး။ ပုဒ်မ ၂၀(စ)မှာ တပ်မတော်သည် အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက် ရာတွင် အဓိက တာဝန်ရှိ သည် ဆိုပြီး ပါတယ်။ ဒါကြောင့် အသစ် ရေးမယ်ဆိုရင် ကျွန်တော် တို့က တပ်မတော်ကို သွားပြီး ပြဿနာရှာတာနဲ့ အတူတူပဲ။

တပ်မတော်ကို သွားပြီး ပြဿနာရှာတယ်ဆိုတဲ့ စကားကို သေချာရှင်းပြပေးပါဦး။

တချို့က ပြောတယ်။ ကာလုံရှိနေလို့ အာဏာသိမ်းနိုင်တယ်တို့၊ ဒီမိုကရေစီလည်း မရနိုင်ဘူး၊ ဖက်ဒရယ်လည်း မရနိုင်ဘူးတို့ ဆိုတာ မယုံဘူး။ ယိုးဒယားမှာ အာဏာသိမ်းတာ ဘယ် နှစ်ခေါက် ရှိနေပြီလဲ။ တိုင်းပြည်မှာ ကာလုံရှိနေလို့ လိုအပ်တဲ့အခါမှာ နိုင်ငံတော် အာဏာကို အခိုက်အတန့် သိမ်းနိုင်တယ်။ ဥပဒေမှာ မပေးထားရင်လည်း သိမ်းချင် သိမ်းမှာပဲ။ ဘာလို့လဲ။ အခြေခံဥပဒေဆိုတာ စာအုပ်တစ်အုပ်ပဲ။ အဲဒီစာအုပ်နဲ့ ဂျီသရီး ဘယ်ဟာပိုပြင်းလဲ။ စာအုပ်ပြင်း မလား။ စဉ်းစားကြည့်ပါ။ တစ်ချက်ဖောင်းဆို ပစ်လိုက်ရင် စာအုပ်က ပေါက်သွားမှာပဲ။ လုပ်ချင် ရင် လုပ်လို့ရတယ်။ ဒါပေမဲ့ မလုပ်ဖို့အတွက် ကျွန်တော်တို့က တပ်နဲ့အတူတူ လက်တွဲရမယ်။

ဒီအခြေအနေက တကယ့်နိုင်ငံရေးအကျပ်အတည်းဆိုတာမျိုး ဖြစ်လာနိုင်မယ်လို့ထင်လား။

၂၀၀၈ကို လွှင့်ပစ်လိုက်ပြီး အသစ်ရေးကြည့်။ ဒီကြားထဲမှာ တည်ဆဲဥပဒေ လေးရာကျော်နဲ့ သွားရမှာ။ ဒီအချိန်မှာ ကျွန်တော်တို့ကလမ်းပျောက်ပြီ။ ၂၀၀၈ ကြောင့် မရဖူးတဲ့ နှစ် ၄၀ ကျော် ပျောက်သွားတဲ့ ဒီမိုကရေစီယဉ်ကျေးမှုတွေ ပြန်ရလာတယ်။ ဒါကို ဆက်သွားချင်လား။ ဒါမှ မဟုတ် နိုင်ငံရေး စတန့်ထွင်ချင်သေးလား။ စဉ်းစားရမှာ။

ဒီပေါ်မှာ အခြေခံပြီးတော့ ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသားတွေနဲ့ ပြည်ခိုင်ဖြိုးနဲ့ အချင်း ချင်း မညီညွတ်တာမျိုး ဖြစ်လာနိုင်လား။

ကျွန်တော်တို့ ဒီမိုကရေစီလိုချင်တယ်ဆိုရင် အယူအဆကွဲတာကို လက်ခံနိုင်ရမယ်။ အာဏာ ရှင် လက်အောက်မှာ နေလာတာကြာတော့ အကျင့်ပါနေတယ်။ ချင်းထဲမှာဆိုရင် CPP နဲ့ CNP ရှိတယ်။ သူတို့ပေါင်းဖို့ ပြောနေတယ်။ ချင်းအမျိုးသားတစ်ပါတီပဲ ရှိရမယ်တဲ့။ အဲဒါ အာဏာရှင် စနစ်ပဲ။ ဒီမိုကရေစီက အသွင်ကွဲပြားခြင်းကို လက်ခံရမယ်။ နောက် ညှိနှိုင်းနိုင်ရမယ်။ ဒါမှ ဒီမိုကရေစီ။

NLDက ပြင်ဆင်ရေးကို USDP နဲ့ တွဲလုပ်မယ့် ပုံစံမျိုး ခုချိန်မှာ ဖြစ်နေပေမယ့် တကယ်လို့များ တွဲမလုပ်နိုင်ခဲ့ရင် တပ်က ဘယ်လောက်ရာခိုင်နှုန်းထိ ပါဝင်လာနိုင်မလဲ။

တပ်က ဘာလုပ်မလဲဆိုတာ ကျွန်တော့်အမြင်မှာတော့ တပ်က လုံးဝလက်လျှော့မှာ မဟုတ် ဘူး။ ဘာလို့ဆိုတော့ သူလျှော့ရင် တပ်ကအားနည်းပြီ။ ဒီ ၂၅ ရာခိုင်နှုန်းကနေ တိုင်းပြည် ကြီးရဲ့ တည်ငြိမ်မှုကို ကောင်းကောင်းကိုင်ထားမှာ။ ဟိုတစ်လောက တပ်ချုပ်ကြီး ထိုင်းမှာ ပြောထားတဲ့ စကားရှိတယ်။ သူတို့က တဖြည်းဖြည်းတော့ လျှော့ပေးမှာလို့။ ဒါပေမဲ့ မနက်ဖြန် မဟုတ်ဘူး။ နောက်နှစ်မဟုတ်ဘူး။ ကျွန်တော်တို့ နှစ်လေးဆယ်ကျော် စောင့်လာခဲ့ပြီးမှ နောက်ထပ် နှစ်လေးဆယ်ကျော် စောင့်ဖို့ ဝန်မလေးပါဘူး။ ဒီမှာ စောင့်နေရင်း ပညာသင်မယ်။ ဒီမိုကရေစီ ယဉ်ကျေးမှုဆိုတာ သင်ယူရမယ်။

တိုင်းရင်းသားတွေကရော အသစ်မရေးဘဲ ပြင်ဆင်မယ်ဆိုတာကို လက်ခံနိုင်ပါ့မလား။

ကျန်တဲ့တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ တွေ့တဲ့အခါမှာ သူတို့ကတော့ မပြောပါဘူး။ တိုင်းရင်း သားလို့ ပြောရင် UNFC ကို အားလုံးက ဆိုလိုကြတယ်။ ကျွန်တော် ဦးခွန်ဥက္ကာနဲ့ တွေ့ခဲ့ ပါတယ်။ သူက အသစ်ရေးဆွဲရေးကို ပြောတာမဟုတ်ဘူး။ သူပြောချင်တာက အခြေခံ ဥပဒေ ကို ပြောင်းလဲပြီးတော့ ဖက်ဒရယ်စနစ်၊ ဒီမိုကရေစီစနစ်၊ တန်းတူညီမျှရေးကို ဖော်ဆောင် ပေးနိုင်မယ့် ဟာကို သွားချင်တယ်လို့ပြောတယ်။ ဒါကြောင့် ခင်ဗျားတို့ Statement ပြင်ဖို့ လိုတယ်။ ကျွန်တော်တို့ နားလည်တာက UNFC က အသစ်ရေးမယ်လို့ပဲ နားလည်ခဲ့တယ်။ UNFC ရဲ့ နောက်ဆုံးအစည်း အဝေးမှာ ၂၀၀၈ ကတည်းက အာဏာခွဲဝေမှု ဇယား ၁၊ ၂၊ ၃၊ ၅ နောက် သယံဇာတခွဲဝေရေး ဒါတွေကို ပြင်ချင်တယ်။ ဒီလိုပဲ ပြောခဲ့တယ်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးတဲ့အခါမှာ အမြဲ လိုက်ပါနေတဲ့အတွက် MPC ဒါရိုက်တာအနေနဲ့ သူတို့ရဲ့ သဘေားထားကရော ဘယ်လိုရှိနိုင်ပါသလဲ။

ခုချိန်ထိတော့ ၂၀၀၈ အခြေခံဥပဒေကို ပစ်ပစ်ခါခါ မကြိုက်ဘူးဆိုတဲ့အဖွဲ့ ကျွန်တော် မတွေ့ သေး ပါဘူး။


၂၀၁၅ မတိုင်ခင်မှာရော အခြေခံဥပဒေပြင်ဆင်ရေးကိစ္စက အောင်မြင်နိုင်မယ်လို့ တွက်နိုင် ပါသလား။

ကျွန်တော့်အသက်က ၅၀ နားကပ်နေပြီ။ ကျွန်တော့်အသက်မှာတော့ ပြင်နိုင်လိမ့်မယ် မထင်ဘူး။ မပြင်သေးဘဲ သုံးကြည့်တာကမှ ပိုပြီးအဓိပ္ပါယ်ရှိသေးတယ်။ တကယ်တမ်းတော့ ဥပဒေပြင်ဖို့ အတွက်က လူတစ်ယောက်ပဲလိုပါတယ်။ အဲဒါ ဘယ်သူလဲဆိုတော့ တပ်မတော် သား တစ်ယောက် ပဲ။ ၇၅ ရာခိုင်နှုန်းကသာ ညီမယ်။ အားလုံးက သဘောတူမယ်ဆိုရင် တပ်မတော်သား တစ်ယောက် ကို ရွေးလိုက်။ ဒါဆိုရင် ပြင်လို့ရမယ်။


7Day 

မိုးစက်ဝိုင်ဖွင့်လိုက်တဲ့ ကိုယ်ပိုင် Facebook အကောင့် တစ်ရက်တည်းနဲ့ Like ပေါင်း ၃ သောင်းနီးပါးရနေ


Miss Universe Myanmar 2013 ဆုရှင် မိုးစက်ဝိုင်၏ တရားဝင် ဖေ့စ်ဘုတ်စာမျက်နှာအား ယမန်နေ့ ညနေပိုင်းတွင် ဖွင့်လိုက်ပြီဖြစ်ကြောင်း Miss Myanmar Universe အဖွဲ့၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ကြေငြာလိုက်သည်။

မိုးစက်ဝိုင်၏ တရားဝင်ဖေ့စ်ဘုတ် ဖွင့်လှစ်ပြီး ၁ ရက်အတွင်း Like လုပ်သူပေါင်း ၃ သောင်းကျော်ရရှိခဲ့သည်။ သူ၏ တရားဝင်ဖေ့စ်ဘုတ်စာမျက်နှာမှာ Moeset Winehttps://www.facebook.com/missuniversemyanmarmoesetwine ဖြစ်သည်။
ထိုဖေ့စ်ဘုတ်စာမျက်နှာတွင် မိုးစက်ဝိုင်က သူမနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ ရုရှားတွင် သွားရောက်ယှဉ်ပြိုင်စဉ်ကာလတွင် ပြိုင်ပွဲ အကြောင်းအရာများ၊ ဓာတ်ပုံများကို သူမကိုယ်တိုင် တင်ပေးသွားမည်ဖြစ်ပြီး သူမနှင့် ပတ်သက်၍ သိလိုသည်များ မေးမြန်းနိုင်ကြောင်းသိရသည်။

သူမ၏ နာမည်ဖြင့် ဖေ့စ်ဘုတ်အကောင့်များစွာပေါ်ထွက်နေပြီး ထိုအကောင့်များအားလုံးသည် သူမသုံးစွဲခြင်းမဟုတ်ဘဲ ယနေ့ဖွင့်သော အကောင့်ကိုသာ တရားဝင် သုံးစွဲမည်ဖြစ်ကြောင်း မိုးစက်ဝိုင်က အောက်တိုဘာလ ၇ရက်က Park Royal Hotel တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မှတ်ပုံတင်လုပ်ရန် ကျပ် ၁ သောင်းကနေ ၄ သောင်းအကြား ပေးနေရ





ပဲခူးတိုင်း သနပ်ပင်မြို့နယ် ပြည်သူတွေဟာ မှတ်ပုံတင်လုပ်ဖို့အတွက် ကျပ် ၁ သောင်းကနေ ကျပ် ၄ သောင်းအထိ ပေးနေရကြောင်း သနပ်ပင်မြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဦးမြင့်ဦးက ပြောဆိုလိုက်ပါတယ်။

အောက်တိုဘာ ၈ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ခုလို ပြောဆိုပြီး လ၀က၀န်ကြီးဌာနကို ဘယ်လို လုပ်ကိုင်ပေးနိုင်မလဲ မေးခွန်းထုတ်လိုက်တာ ဖြစ်ပါတယ်။

လက်ရှိ လ၀က၀န်ကြီးဌာနက ကြေညာနေတဲ့ မိုးပွင့်စီမံချက်ဟာ သာမန်အောက်ခြေ ပြည်သူလူထုတွေအတွက် ဘာမှ အကျိုးမရှိဘူး၊ အစိုးရရဲ့ အဂတိလိုက်စားမှုဟာလည်း အရင်ခေတ်ကအတိုင်း မပြောင်းလဲဘူးလို့ ဝေဖန်ပါတယ်။

သူတို့ မြို့မှာဆို အသက်ပြည့်သူ ၃၀၀ လောက်ရှိပေမယ့် ၁၀ ယောက်လောက်ပဲ မှတ်ပုံတင်ရှိပြီး တချို့ဆို အသက် ၄၀ ပြည့်သည်အထိ မှတ်ပုံတင် မရှိဘူးလို့ ရှင်းပြပါတယ်။

လ၀က၀န်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဦးကျော်ကျော်ဝင်းကတော့ အဂတိ လိုက်စားတာတွေကို တိုင်ကြားရင် အရေးယူမယ်လို့ ဖြေရှင်းသွားပါတယ်။

by ဒီဗွီဘီ

အမျိုးသမီး ဘော်ဒါဆောင်ရှေ့ ဂစ်တာ တီးနေစဉ် အမည်မသိ လူငါးဦးမှ ဓားဖြင့် ၀င်ခုတ်





ပဲခူးတိုင်း ဒေသကြီး တောင်ငူမြို့ (၁၃)ရပ်ကွက် အောင်မြင့်မိုရ် အမျိုးသမီး ဘော်ဒါဆောင်ရှေ့ ဦးမှန်း လမ်းပေါ်၌ ယမန်နေ့ ည ၁ဝ နာရီ မိနစ် ၅ဝ က ဂီတာတီးနေသော အဖွဲ့အား အမည်မသိ လူငါးဦးမှ တုတ်၊ ဓားများဖြင့် ဝင်ရောက် ခုတ်မှုဖြစ်ပွားခဲ့သည်။


ဖြစ်စဉ်မှာ တောင်ငူမြို့ (၁၃)ရပ်ကွက် အမှတ်(၁၃/၃၇ဝ) အောင်မြင့်မိုရ် အမျိုးသမီး ဘော်ဒါဆောင် ရှေ့၌ ဂီတာတီး နေသော အောင်ခန့်ထည် ၂ဝ နှစ်(ဘ) ဦးဝင်းမြင့်အောင် (ရန်ကင်းအဆောင်) မိုးသောက်ကြွယ် ဘုရားလမ်း (၂)ရပ်ကွက် တောင်ငူမြို့တွင် ယာယီနေထိုင်ပြီး ၎င်း၏ သူငယ်ချင်း များ ဖြစ်သော ချမ်းမြေ့အောင် ၁၉ နှစ် (ဘ)ဦးတင်မျိုးနိုင်၊ နောင်ထွန်းလွင် ၂၁ နှစ် (ဘ)ဦးမောင်လွင်၊ ဖြိုးဇော်သူ ၂၁ နှစ် (ဘ)ဦးဇော်ဝင်း ဈေး ရပ်ကွက် ကျွဲပွဲမြို့ အုတ်တွင်းမြို့ နယ် နေ သူနှင့် ကျော်ဇောလှိုင်(ဘ)ဦးဝင်းနိုင် ကြံပိုရွာ ညောင်လေးပင်မြို့နယ် နေသူ တို့ငါးဦးသည် ဦးမှန်းလမ်းပေါ်၌ ဂီတာတီးရန် ရောက်ရှိစဉ် ဦးမှန်းလမ်း ကြားမှ အမည်မသိ လူငါးဦးက တုတ်၊ ဓားများ ကိုင်ဆောင် ၍ ရောက်ရှိ လာပြီး အောင်ခန့် ထည်တို့ အဖွဲ့ ဂီတာတီးသည့် ကိစ္စကို မကျေနပ်သဖြင့် တုတ်၊ ဓား များဖြင့် ဝိုင်းခုတ် ရာအောင်ခန့်ထည် တွင် ဝဲဘက်ချိုစောင်း ပြတ်ရှဒဏ်ရာ၊ ဘယ်လက်ဖျံ ပြတ်ရှဒဏ်ရာ၊ ညာချိုစောင်း ပြတ်ရှ ဒဏ်ရာ (မစိုးရိမ်ရ)နှင့် ကျော်ဇောလှိုင်တွင် ဘယ်လက်ကောက်ဝတ် ပြတ်ရှဒဏ်ရာ၊ ညာချိုစောင်း ဖူးရောင်ဒဏ်ရာ၊ ညာနားရွက်ပွန်းပဲ့ဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့သဖြင့် တောင်ငူပြည် သူ့ ဆေး ရုံကြီး၌ အတွင်းလူနာ အဖြစ် ဆေးကုသမှု ခံယူလျက်ရှိသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ တုတ်၊ဓားများဖြင့် ဝိုင်းခုတ်သွားသော အမည် မသိ လူငါးဦးအား တောင်ငူ မြို့ အမှတ် (၂)ရဲစခန်းမှ(ပ)၃၃၇/၂ဝ၁၃၊ ပုဒ်မ-၃၂၅/၃၂၆ အရ အမှုဖွင့်၍ တရားခံ ဖမ်းဆီးရ မိရေး ဆောင် ရွက်လျက် ရှိကြောင်း သိရသည်။


WWW.MYAWADY.COM.MM

ရေးမြို့ ကလော့ရွာလယ်ရှိ စေတီ စိန်ဖူးတော်မြေခအောင် ဖျက်ဆီးမှု ခံခဲ့ရ






သာသနာ့နယ်မြေ ကျူးကျော်ကိစ္စ အကြောင်းပြု၍ မသမာသူများက ရွာ လယ်ရှိ သာသနာ ၂၅ဝဝ စေတီ စိန်ဖူး တော်မြေခအောင် ဖျက်ဆီးမှု မွန်ပြည် နယ် ရေးမြို့ ကလော့ကျေးရွာ၌ ဖြစ်ပွား ခဲ့သည်။

”ဘုရားရဲ့စိန်ဖူးတော်ကို ကြိုးနဲ့ဆွဲ ထားတဲ့ပုံစံ။ ပြီးတော့ ဘုရားရဲ့ ခြံစည်း ရိုးတိုင်တွေအပေါ်မှာ ထိုင်းကလာတဲ့ မီး လုံးအဝိုင်းကြီးတွေ အလှဆင်ထား တယ်။ အလုံး ၄ဝ ကျော်ပေါ့။ သူတို့ ရိုက်ခွဲထားတယ်။ ပြီးတဲ့အခါကျတော့ ဘုရားသုံးဖို့အတွက် ရေပေါ့နော်။ သောက် တော်ရေအတွက်ပိုက် သူတို့ဆင်ထား တယ်။ ပိုက်တွေ မြေမြှုပ် ထားတာကို လည်း သူတို့ပေါက်တူးနဲ့ ပေါက်ထား တယ်။ ပေါက်တူး တစ်လက်ကျန်ခဲ့ တယ်”ဟု ရေးမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မိမြင့်သန်းက ပြော သည်။

ယင်းကဲ့သို့ သာသနိက စေတီ အ ဆောက်အအုံ အဖျက်အဆီးခံရမှုမှာ ဘုရားဝတ္တကမြေကို ခေတ်အဆက်ဆက် ခြံစည်းရိုးကာရံထားခြင်းမရှိ၍ မသမာ သူများက ကျူးကျော်နေထိုင် ရောင်းချမှု ပြုခဲ့ခြင်းကြောင့် သံဃာ့နာယကအဖွဲ့ ဝင်ဆရာတော်ကြီးများ၏ သြဝါဒကိုခံ ယူပြီး ဒါယကာ၊ ဒါယိကာမများက ခြံ စည်းရိုးကာရံခြင်းလုပ် ငန်းဆောင်ရွက်မှု ပြုလုပ်နေသည့်အချိန် ကာလအတွင်း မှာပင် ဖျက်ဆီးခြင်းခံရကြောင်း ဒေါ်မိ မြင့်သန်းက ပြောသည်။

”ဖြစ်တဲ့အချိန်က ညသန်းခေါင် ကျော်။ဘုန်းကြီးတွေလည်း မသိဘူး။ ရွာ ကလူတွေလည်း မသိသေးဘူး။ ကျေးရွာ အုပ်ချုပ်ရေးမှူးက မြို့နယ်ကို ဘယ်သူမှ မသိခင် အရင်သတင်းပို့လိုက်တယ်။ ဘုရားဆွမ်းတော်တင်တဲ့သူတွေ မသိခင် သတင်းပို့ထားပြီးပြီ။ တချို့လူတွေက ဘယ်သူလုပ်သလဲဆိုတာ မြင်တယ်။ တစ် ယောက်တည်း လုပ်တာတော့ မဟုတ် ဘူး။ အုပ်စုလိုက်လုပ်တယ်။ ဆိုင် ကယ်နဲ့သုံးလေးဦး လှည့်လည်ပြီးတော့ ကင်းလှည့်တာက တစ်ဖွဲ့၊ နောက်ပြီး တော့ ဘုရားကိုရော PVC ပိုက်ကိုရော ပေါက်တူးနဲ့ ပေါက်တာရော မီးလုံးကို ရိုက်ခွဲတာရော၊ ဘုရားရဲ့ စိန်ဖူးတော် ကို ဆွဲနေတာရော အုပ်စုလိုက်ဖြစ်နေ တယ်”ဟု အခင်းဖြစ်ပွားသည့် အချိန် တွင် အသံကြားမြင်လိုက်ရသည့် ဒေသ ခံ၏ ပြန်လည်ပြောပြချက်ကို ၄င်းက ထပ်မံပြောသည်။

ယင်းသို့ ဖျက်ဆီးခြင်းကို လူတစ် ဦး တစ်ယောက်တည်းက မည်သို့မျှ ဆောင်ရွက်နိုင်သည့် အခြေအနေမဖြစ် နိုင်ကြောင်း၊ စေတီဝတ္တကမြေကို ခြံ စည်းရိုးခတ်နေစဉ် အချိန်ကာလအ တွင်း ဖြစ်ပျက်ခဲ့သည့်အတွက် ရည်ရွယ် ချက်ရှိရှိဆောင်ရွက်မှုမှာ ထင်ရှားနေ ကြောင်း ၄င်းက ဆက်ပြောသည်။

ဒေသခံ ကျေးရွာသားတစ်ဦးကို အောက်တိုဘာ ၈ ရက်နေ့က ဆက် သွယ်မေးမြန်းရာ ”မမိသေးဘူးဗျာ။ သူတို့လည်း အလုပ်လုပ်ရင်း ကွင်းဆက် တွေ ဘာတွေ ရှာမိတာပေါ့။ ကျွန်တော် တို့ရွာကျတော့ တခြားရွာတွေလိုမျိုး မွတ်ဆလင်တွေ ဘာတွေ လူမျိုးကွဲတွေ မရှိဘူး။ မွန်တွေပဲ ရှိတယ်။ အခုဖြစ်တဲ့ ပုံက ဘုန်းကြီးတွေလည်း စိတ်မကောင်း၊ ဘယ်သူမှ စိတ်မကောင်း ကြဘူးလေ။ တစ်နယ်လုံးပဲ။ အခုထိ အကောင်အ ထည်မဖော်နိုင်ဘူးဆိုရင် နည်းနည်း အားနည်းချက်တော့ ရှိတာပေါ့”ဟု ရှင်း ပြသည်။

ယင်းဖြစ်စဉ်အတွက် ကျေးရွာတွင် နေထိုင်သည့် စိတ်ကျန်းမာရေး ချို့တဲ့သူ တစ်ဦးကို အာဏာပိုင်များက ၃ ရက် တာ ဖမ်းဆီးခေါ်ဆောင်စစ်ဆေးမှု ပြုခဲ့ ပြီးနောက် ပြန်လည်လွတ်မြောက်လာပြီး ကျေးရွာသို့ ရောက်ရှိပြီးနောက်တစ်နေ့ တွင် ၄င်းစိတ်ကျန်းမာရေး ချို့တဲ့သူ သည် လည်မျိုကို ဓားဖြင့်လှီးဖြတ်ခံရ သည့်အတွက် ရန်ကုန်ြ ပည်သူ့ဆေးရုံကြီး တွင် တက်ရောက်ဆေးကုသခံခဲ့ရ ကြောင်း ဒေါ်မိမြင့်သန်းက ပြောသည်။

အဆိုပါ ဖြစ်ရပ်အတွက် ကျေးရွာ သံဃာ့နာယကအဖွဲ့မှ ဆရာတော်များ က သက်ဆိုင်ရာ သံဃာ့ အဖွဲ့အစည်း များနှင့် အာဏာပိုင်များကို တိုင်ကြားမှု ပြုလုပ်ခဲ့သော် လည်း ၄ လ ကျော်ကြာ သည်အထိ တရားခံများကို အရေးယူ နိုင်ခြင်းမရှိသေးကြောင်း လွှတ်တော် ကိုယ်စားလှယ်က ပြောသည်။

”အာဏာပိုင်တွေကို ပြည်သူတွေ က ယုံကြည်မှု လျော့လာတာ မဟုတ် ဘူး။ ယုံကို မယုံကြည်တော့တာ။ မဆိုင် တဲ့သူကို ဖမ်းတယ်ဆိုပြီးတော့။ ပြီးတော့ အုပ်စုလိုက်မှ လုပ်နိုင်မယ့်ဟာကို အရူး တစ်ယောက်တည်းကိုပဲ ဖမ်းတယ်ဆို တာ ဒါမဖြစ်နိုင်ဘူးပေါ့။ သူတစ်ယောက် တည်းနဲ့ တရားဥပဒေစိုးမိုးမှုကို မရှိဘူး။ အရင်တုန်းက ကျွန်မ တို့ နိုင်ငံက စစ် အာဏာရှင်တောင်မှ အဲဒီလောက်ရက် စက်ကြမ်းကြုတ်မှု မရှိခဲ့ဘူး။ အခု ဒီမို ကရေစီနိုင်ငံရောက်မှ လူထုတွေက အ ရမ်းထိတ်လန့်ပြီးတော့ ဘာဒီမိုကရေစီ လဲ ဒီမိုကရေစီကိုလည်း မယုံကြည် တော့ဘူး”ဟု ၄င်းက ပြောသည်။

ထိုလုပ်ရပ်သည် ပြည်သူတစ်ရပ် လုံးကို စော်ကားသည့် လုပ်ရပ်ဖြစ်ပြီး ဗုဒ္ဓဘာသာမွန်လူမျိုးတို့အကြား အလွန် ရှက်စရာကောင်းသည့် လုပ်ရပ်ဖြစ် ကြောင်း၊ တရားဥ ပဒေစိုးမိုးရေးအတွက် မေးခွန်းထုတ်စရာဖြစ်နေပြီး အာဏာပိုင် များအပေါ် ယုံကြည်မှုကျဆင်းနေ ကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတ၊ ပြည်ထဲရေး ဝန်ကြီး ဌာနတို့ကို တိုင်ကြားမှု ပြုလုပ်ခဲ့သော် လည်း ပြန်ကြားစာ မရသေးကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌမှ တစ်ဆင့် မေးမြန်းမှုကို မွန်ပြည်နယ် အစိုးရအဖွဲ့ က ပြန်လည် ပြန်ကြားခဲ့ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက် ပေးမည်ဟု အကြောင်းကြားစာ ရရှိထား ကြောင်း၎င်းက ပြောသည်။

ရေးမြို့နယ် ကလော့ကျေးရွာတွင် ယခုနှစ်အတွင်း ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်မှု မကျေလည်ခြင်းကိစ္စ၊ မွန်ဒေ သလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ အိမ်ကို သေနတ်ဖြင့် ၅ ချက် ပစ်ခတ်ခံ ရမှုဖြစ်ပွားခြင်း၊ အငြင်းပွားဖွယ် မြေကို ရောင်းပြီး မီးသတ်ကား ဝယ်ယူထားမှု၊ စေတီအဖျက်ဆီးခံရမှု၊ စိတ်ကျန်းမာရေး ချို့တဲ့သူကို လည်မျိုဓားဖြင့် အလှီးခံရမှု တို့ ဖြစ်ပွားခဲ့ကြောင်း ¤င်းက ပြော သည်။

စိုင်းနောင်


Popular Myanmar News Journal





iPhone 6 မျက်နှာပြင်ကျယ်ဖြင့် ထွက်ရှိမည်






iPhone 5S နဲ့ 5C တောင်ထွက်တာ မကြာသေးဘူး။ iPhone 6 နဲ့ ပက်သက် တဲ့ သတင်းတွေက ထွက်ရှိလာ လာပြန်ပါပြီ။ Apple က ယခုရက်ပိုင်း အတွင်းတင်ပဲ ၎င်းတို့ရဲ့  အသစ်ထုတ်လုပ်မယ့် ဖုန်း အတွက် မူပိုင်ခွင့် တင်လိုက်တဲ့ သတင်းကြောင့် iPhone 6 ဘယ်လိုဖြစ်လာ မယ်ဆိုတာ ပညာရှင်များက ခန့်မှန်းခြင်း ဖြစ်ပါတယ်။

အဓိက ကတော့ မျက်နှာပြင် ပိုကျယ်လာခြင်း ဖြစ်ပါတယ်။ အနည်းဆုံး ၄.၈ လက်မ ကနေ ၆ လက်မ ကြားအထိ ကျယ်လာနိုင်ပြီး Retina+IGZO အမျိုးအစား အရည်အသွေးကောင်း မျက်နှာပြင်ကို အသုံးပြုပြီး ကမ္ဘာ့ အကြည်လင်အပြတ်သားဆုံး စမတ်ဖုန်း မျက်နှာပြင်အဖြစ် စံချိန်တင်အုံးမှာ လို့ ဆိုပါတယ်။ Chip အမျိုးအစားက A7 ထက်တစ်ဆင့်မြင့် တဲ့ A7X 64 Bit architechture, ကင်မရာက 13 Megapixel (1.5u pixels f/2.2 aperture တို့ပါဝင်ပြီး မထုတ်ရသေးတဲ့ iOS ဗားရှင်း အသစ်နဲ့ မြင်တွေ့ ရမယ်လို့ ဆိုပါတယ်။

Samsung နဲ့ LG တို့က ကွေးကောက်မျက်နှာပြင် ထုတ်လုပ်မှုနဲ့အတူ Apple ကလည်း လိုက်လံ စမ်းသပ် နေပေမယ့် iPhone 6 မှာ လက်တွေ့ အသုံးချ ရန် ရှိမရှိ ကတော့ ဘယ်သူမှ မပြောနိုင် သေးပါဘူး။ သေချာ တာကတော့ မျက်နှာပြင်ကြီးကြီးနဲ့ ထုတ်မှာမို့ Display အကျယ်များနဲ့ တကယ် လက်တွေ့ စမ်းသပ်လျက် ရှိပါတယ်။

iPhone 6 အနေနဲ့ ဘယ်လိုဖြစ်လာမယ်ဆိုတာကို အောက်ပါ ဗီဒီယိုက ခန့်မှန်းချက်မှာ လေ့လာ နိုင်ပါတယ် ။

http://youtu.be/36d-U8AfxAk

အောင်ခမ်း ( TSJ Team )

အစိုးရနှင့် ကေအိုင်အိုတို့၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပထမနေ့တွင် မေလ ဆွေးနွေးပွဲ ရလဒ်များ အကောင်အထည် ဖော်နိုင်မှု သုံးသပ်ခြင်းနှင့် စောင့်ကြည့်ကြီးကြပ်ရေးရုံးများ ဖွင့်လှစ်ရေး ဆွးနွေး







ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မဂျွယ်ခန်းမတွင် အောက်တိုဘာ ၈ ရက်က ကျင်းပသော အစိုးရနှင့် ကေအိုင်အိုတို့၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပထမနေ့တွင် တပ်ပိုင်းဆိုင်ရာများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ မပြုလုပ်နိုင်ခဲ့ဘဲ ပြီးခဲ့သော မေလ ဆွေးနွေးပွဲ ရလာဒ်များ အကောင်အထည် ဖော်နိုင်မှု သုံးသပ်ခြင်းနှင့် နှစ်ဖက်တပ်များအကြား ရင်ဆိုင်တိုက်ပွဲများ ဖြစ်ပေါ်မလာစေရန် JMC (Joint Monitoring Commttee) များ ဖွဲ့စည်းရေးတို့ကိုသာ ဆွေးနွေးနိုင်ခဲ့ကြောင်း သိရသည်။

အစိုးရနှင့် ကေအိုင်အိုတို့၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအား နံနက် ၁၁ နာရီကျော်မှသာ စတင်နိုင်ခဲ့ပြီး မူလသတ်မှတ်ထားသည့် အခမ်းအနား အစီအစဉ်ခုနစ်ခုအနက် လေးခုသာ ပြုလုပ်နိုင်ခဲ့သည်။

ယခု ဆွေးနွေးပွဲသို့ အစိုးရအဖွဲ့ကိုယ်စား ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ ဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် ကာကွယ်ရေးဦးစီးချုပ်မှ အာဏာကုန် လွှဲအပ်ခြင်းခံရသူ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး အပါအ၀င် ပြည်ထောင်စုဝန်ကြီးများနှင့် အခြားကာကွယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကာ ကေအိုင်အိုအဖွဲ့မှ ဥက္ကဋ္ဌဖြစ်သူ ဦးဆွမ်လွတ်ဂမ်၊ ကေအိုင်အေ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် အပါအ၀င် ခေါင်းဆောင်ရှစ်ဦး တက်ရောက်ခဲ့ကြသည်။

ထို့အပြင် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာနမ်ဘီယာ၊ တရုတ်နိုင်ငံ သံအမတ်ကြီး အပါအ၀င် တိုင်းရင်းသား လက်နက်အဖွဲ့ ၁၀ ဖွဲ့မှ ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များလည်း လေ့လာသူအဖြစ် တက်ရောက်ခဲ့ကြသည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အဖွင့်အမှာစကား ပြောကြားကြရာတွင် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ ဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ''အပစ်အခတ် ရပ်စဲရေးဆိုတာ နိုင်ငံရေး ဆွေးနွေးပွဲတွေရဲ့ လမ်းစဖြစ်ပါတယ်။ နိုင်ငံရေး ဆွေးနွေးပွဲတွေကသာ ကျွန်တော်တို့ တိုင်းရင်သားတွေ လိုလားတဲ့ တန်းတူရည်တူ အခွင့်အရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြဋ္ဌာန်းခွင့်ရရှိရေး၊ တစ်ဆက်တည်းမှာပဲ ဖက်ဒရယ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ သယံဇာတ ခွဲဝေရေးစတဲ့ အရာတွေကိုရမှာ ဖြစ်ပါတယ်။ အရေးအကြီးဆုံးကတော့ ဒီဆွေးနွေး ပွဲကြီးကို ရောက်ဖို့ပဲ ဖြစ်ပါတယ်။ ဒါကလည်း နိုင်ငံတော် တည်ငြိမ်အေးချမ်းနေမှ ဖြစ်ပါတယ်'' ဟု ထည့်သွင်း ပြောကြားသွားသည်။

ကေအိုင်အိုအဖွဲ့ ဥက္ကဋ္ဌ ဦးဆွမ်လွတ်ဂန်ကလည်း ''ပြီးခဲ့တဲ့ ဆွေးနွေးပွဲတွေအရ တိုးတက်မှုတွေ အများကြီး ရှိခဲ့ပါတယ်။ အစိုးရနဲ့ ကေအိုင်အိုတို့ အလွတ်သဘော လေးကြိမ်အပါအ၀င် အခုအကြိမ်နဲ့ဆိုရင် ၁၅ ကြိမ် တွေ့ဆုံပြီးပါပြီ။ ကေအိုင်အိုအနေနဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ နိုင်ငံရေး ဆွေးနွေးပွဲဖြစ်ပေါ်လာရန် အစဉ်တစိုက် လိုလားလျှက် ရှိပါတယ်။ ဒီနေ့ဆွေးနွေးပွဲက တစ်ဆင့် အားလုံး မျှော်လင့်တောင့်တနေတဲ့ ရည်မှန်းပန်းတိုင် ပြည်တွင်းစစ် ရပ်စဲရေး၊ တည်ငြိမ်အေးချမ်းတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်ရေး၊ ဖက်ဒရက် ပြည်ထောင်စုတပ်မတော် ဖွဲ့စည်း အကောင်အထည် ဖော်ဆောင်ရေး၊ ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာရေးနဲ့ အမျိုးသား တန်းတူရေးရရှိရန် အားလုံး ၀ိုင်းဝန်း ကြိုးပမ်းသွားကြပါလို့ တိုက်တွန်းလိုပါတယ်'' ဟု ပြောကြားသွားသည်။

ဆွေးနွေးပွဲများ စတင်ချိန်တွင် သတင်းမီဒီယာများအား ခန်းမအပြင်သို့ ထွက်ပေးရန် ပြောကြားခဲ့ပြီး တံခါးပိတ် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ယခုဆွေးနွေးပွဲနှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့မှ ဦးခွန်းအောင်က ''မေ ၃၀ ရက် ဆွေးနွေးပွဲပြီးနောက်ပိုင်း တိုးတက်တယ်ဆိုတာ အစိုးရရော ကေအိုင်အေပါ တူညီသလောက် နီးပါး လက်ခံပြောဆိုကြပါတယ်။ တိုက်ပွဲတွေ လျော့တယ်။ မြစ်ကြီးနား-ဗန်းမော်ကားလမ်း၊ မြစ်ကြီးနား-ပူတာအို ကားလမ်းတွေ ပြန်ဖွင့်နိုင်တယ်လို့ ဆိုကြပါတယ်။ နောက်တစ်ချက် ဆွေးနွေးတာက လွန်ခဲ့တဲ့မေလ ဆွေးနွေးပွဲ သဘောတူညီချက် ခုနစ်ချက်ထဲက စောင့်ကြည့် ကြီးကြပ်ရေးရုံးဖွင့်ဖို့ကို ကေအိုင်အိုက အဆိုတင်ပြတယ်။ အဲဒါကို အစိုးရဘက်က လူကြီးတွေ အသေးစိတ်မသိတော့ မနက်ဖြန် မနက်စောစောပိုင်းမှာ အလုပ်အဖွဲ့ အချင်းချင်း ဆွေးနွေးမယ်။ နှစ်ဖက်ငြိမ်းချမ်းရေး အဖွဲ့ကတော့ မနက် ၁၀ နာရီမှ စတွေ့နိုင်တော့မှာပါ'' ဟု ပြောကြားသည်။

ယခုဆွေးနွေးပွဲသို့ အသက်အကြီးဆုံး ရပ်မိရပ်ဖအဖြစ် တက်ရောက်လာသည့် ဦးဖ၀ါးဒူဝါဇော်ဂမ်က ''ကချင်တွေက ခဲမှန်ဖူးတဲ့ စာသူငယ်လို ဖြစ်နေပြီ။ ဒါပေမဲ့ တဖြည်းဖြည်း ဆွေးနွေးပြီး အဖြေရှာရမှာပါ့။ အစရှိရင် အဆုံးရှိမှာပါ။ ကျွန်တော်တို့အဖေ လက်မှတ်ထိုးခဲ့တဲ့ ပင်လုံစာချုပ် သဘောတရားရောက်အောင် ချဉ်းကပ်ရမှာပါ'' ဟု ဆွေးနွေးပွဲနှင့် ပတ်သက်ပြီး ၎င်း၏အမြင်ကို ပြောကြားသည်။

မြစ်ကြီးနားမြို့တွင် ကျင်းပနေသော ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအား တွေ့ရစဉ်

eleven




ပျောက်ဆုံးနေတဲ့ ဟော်နန်းကို ဧရာဝတီက ရှာဖွေတွေ့ရှိ




ပျောက်ဆုံးနေတဲ့ ဟော်နန်းကို ဧရာဝတီက ရှာဖွေ တွေ့ရှိလိုက်ပါတယ်။

တချိန်က သီပေါစော်ဘွား ဆာစောချယ် ရဲ့ နွေရာသီ စံနန်းတော် စခန်းသာနန်းဟောင်း ဟာ ရှမ်းပြည်နယ်
ကျောက်မဲ မြို့နယ်တွင်းက စခန်းသာကျေးရွာ အုပ်စုအတွင်း ချုံနွယ်ပိတ်ပေါင်းတွေ ကြားထဲမှာ တောတိုးပြီး ရှာဖွေတွေ့ရှိခဲ့တာပါ။




နေ၀န်းထဲတွင် ကနေသည့် ဒေါင်းရုပ်ဟန် ပုံဖော်ထားသည့် စခန်းသာမုဒ်ဦး (ဓာတ်ပုံ - တေဇာလှိုင် / ဧရာဝတီ)
ပျောက်ဆုံးနေတဲ့ ဟော်နန်းကို ဘယ်လို ရှာဖွေတွေ့ရှိဆိုတာ ဧရာဝတီ မြန်မာပိုင်း စာမျက်နှာက ဒီနေရာတဆင့်(http://myawadynews.blogspot.com/2013/10/blog-post_4546.html) သွား၍ ဖတ်နိုင်ပါပြီ။



ရောမခေတ်ဟန်တိုင်များတွင် ပုံဖော်ထားသည့် ပန်းကနုတ်လက်ရာ (ဓာတ်ပုံ - တေဇာလှိုင် / ဧရာဝတီ)

အမိုးဗလာဖြစ်နေသည့် စံနန်း အလယ်ခန်းမ (ဓာတ်ပုံ - တေဇာလှိုင် / ဧရာဝတီ)

ချုံများ ဖုံးလွှမ်းနေသည့် ဟော်နန်းအတွင်းဘက် (ဓာတ်ပုံ - တေဇာလှိုင် / ဧရာဝတီ)

အရှေ့နှင့် အနောက်ပေါင်းစပ်ထားသည့် ဗိသုကာလက်ရာဖြင့် ပုံဖော်ထားသည့် ယက်မနှင့် တိုင်လုံးများ (ဓာတ်ပုံ - တေဇာလှိုင် / ဧရာဝတီ)

အဝေးမှမြင်ရသည့် ချုံများဖုံးနေသည့် စခန်းသာဟော် (ဓာတ်ပုံ - တေဇာလှိုင် / ဧရာဝတီ)

စခန်းသာအုပ်စု မြင်းကွင်းကျေးရွာ တောရကျောင်းသို့ လမ်းညွန်ဆိုင်းဘုတ် (ဓာတ်ပုံ - ရန်ပိုင် / ဧရာဝတီ)

တောရ ဘုန်းကြီးကျောင်းဝင်းထဲက ညောင်ပင်ကြီး (ဓာတ်ပုံ - ရန်ပိုင် / ဧရာဝတီ)


ဟော်နန်းများ ပုံဖြင့် အမှတ်ရ ထုတ်ဝေထားသည့် ပြက္ခဒိန် (ဓာတ်ပုံ - ရန်ပိုင် / ဧရာဝတီ)



ဟော်သို့ လိုက်ပို့သည့် လမ်းပြနှစ်ဦး (ဓာတ်ပုံ - ရန်ပိုင် / ဧရာဝတီ)

စခန်းသာလွင်ပြင်ကို ၀န်းရံထားသည့် ရှမ်းရိုးမနှင့် စိမ်းစိုနေသည့် သဘာဝအလှ (ဓာတ်ပုံ - ရန်ပိုင် / ဧရာဝတီ)

မျိုးစောင့်ဥပဒေ ထောက်ခံကြောင်းလက်မှတ် လေးသန်းကျော် ရရှိပြီးဖြစ်





“မျိုးစောင့်ဥပဒေ”ဟု လူသိများသည့် မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အရေးပေါ် ဥပဒေကြမ်းကို ထောက်ခံသည့် လက်မှတ်များကို တစ်နိုင်ငံလုံးအနှံ့ ကောက်ခံမှု များ ပြုလုပ်နေရာ အောက်တိုဘာ ၇ ရက် အထိ လက်မှတ်လေးသန်းကျော် ရရှိထားပြီး ဖြစ်သည်ဟု အဆိုပါ လက်မှတ်များ ကောက်ခံသော ဆရာတော်တစ်ပါးဖြစ်သည့် ဦးဝီရသူက မဇ္ဈိမကို မိန့်သည်။
အဆိုပါ လက်မှတ်များကို ယခုနှစ် ဇွန်လမှ စတင် ကောက်ခံခြင်းဖြစ်ရာ လေးလကျော်အတွင်း လက်မှတ် လေးသန်းကျော် ရရှိထားခြင်း ဖြစ်သည်။ ကောက်ခံရရှိသည့် လက်မှတ်များကို စုစည်းပြီး ပြည်သူ့လွှတ်တော်သို့ ပေးပို့ခြင်းဖြစ်သည်။ အနယ်အနယ်အရပ်ရပ်မှ ပေးပို့လာသည့် လက်မှတ် များကို အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်သို့ ပို့ပေးပြီး အဆိုပါ ကျောင်းတိုက်မှတစ်ဆင့် ပြည်သူ့ လွှတ်တော်သို့ ပေးပို့ခြင်း ဖြစ်သည်။

လွှတ်တော်သို့ မျိုးစောင့်ဥပဒေ ထောက်ခံသည့် လက်မှတ်များ ပေးပို့ခြင်းနှင့် ပတ်သက်၍ အင်းစိန်ရွာမပရိယတ်္တိစာသင် တိုက်မှ ဆရာတော်ဦးစန္ဒာသီရိက “ဒီဥပဒေနဲ့ပတ်သက်ပြီး လွှတ်တော်မှာ လွှတ်တော် ကိုယ်စားလှယ်တွေက ဥပဒေ တစ်ရပ် ပေါ်ထွန်းအောင် မဆွေးနွေးသေးသရွေ့ ထောက်ခံ လက်မှတ်တွေ ပို့ပါမယ်” ဟု ပြောသည်။ယင်းသို့ဆွေးနွေးရာတွင် မျိုးစောင့်ဥပဒေဆိုသည့် အမည်ဖြင့် မဟုတ်ဘဲ အခြားအမည်ဖြင့် ဆွေးနွေးမည်ဆိုပါကလည်း မိမိတို့ ရေးဆွဲထားသည့် အချက်အလက်များ ပါဝင်ပါက လက်ခံမည်ဟု ဆရာတော်ကဆိုသည်။

မျိုးစောင့်ဥပဒေ ထောက်ခံလက်မှတ်များ ကောက်ခံခြင်းနှင့် ပတ်သက်၍လည်း ဆရာတော် ဦးဝီရသူက “ကိုယ့်စည်းသူ့စည်း လုံအောင်ထိန်းနိုင်ရင် ပဋိပက္ခတွေ ဖြစ်တော့မှာမဟုတ်ဘူး။ မျိုးစောင့်ဥပဒေ ဆိုတာ ကလဲ ကိုယ့်စည်းကိုယ့်ဘောင်ကို လုံခြုံအောင် ကာကွယ်စောင့်ရှောက်တဲ့ သဘောပါ”ဟု မိန့်ကြားသည်။

ယင်းသို့ လက်မှတ်များ ကောက်ခံရာတွင် မြန်မာတစ်ပြည်လုံး အတိုင်းအတာအနေဖြင့် ကောက် ခံခြင်းဖြစ်ကာ အထက် မြန်မာပြည်မှ ထောက်ခံလက်မှတ် နှစ်သန်းခန့် ရရှိသည်ဟုလည်း သိရသည်။ မျိုးစောင့် ဥပဒေ ထောက်ခံ လက်မှတ်များကို လွှတ်တော်သို့ တစ်ကြိမ်လျှင် တစ်သန်းနှုန်းဖြင့် ပေးပို့ နေခြင်းဖြစ်ပြီး အောက်တိုဘာလတွင် ပေးပို့ခြင်းသည် လေးကြိမ်မြောက်ဖြစ်သည်။

မျိုးစောင့်ဥပဒေ ထောက်ခံလက်မှတ်များကို ပြည်သူ့လွှတ်တော်သို့ တာဝန်ယူပေးပို့သူဆရာတော် ဦးစန္ဒာသီရိက “မျိုးစောင့် ဥပဒေ ထောက်ခံလက်မှတ်တွေ ပြည်သူ့လွှတ်တော်ကိုပေးပို့တာ သုံး သန်းကျော်ရှိသွားပြီ။ အောက်တိုဘာ ဒုတိယ အပတ်ထဲမှာ ကျန်တဲ့ ထောက်ခံလက်မှတ် တစ်သန်း ကိုထပ်မံ ပေးပို့သွားမှာပါ”ဟု မိန့်သည်။

မျိုးစောင့်ဥပဒေဟုခေါ်ဝေါ်နေသော ဥပဒေကြမ်းနှစ်ခုသည် “မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးများ လက်ထပ် ထိမ်းမြားခြင်း ဆိုင်ရာ အရေးပေါ်ဥပဒေကြမ်းနှင့် ကိုးကွယ်ရာဘာသာနှင့် ပတ်သက်၍ မှတ်ပုံတင် ဥပဒေကြမ်း”တို့ ဖြစ်သည်။

ထိုဥပဒေကို ၂၀၁၃ခုနှစ် ဇွန် ၁၂ ရက်က မှော်ဘီ ဆေကိန္ဒာရာမကျောင်းတိုက်တွင် ကျင်းပခဲ့သည့် ဗုဒ္ဓသာသနာတော်ဆိုင်ရာ သြ၀ါဒခံယူပွဲနှင့် အကြိုညှိနှိုင်းဆွေးနွေးပွဲ၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်း ပွဲတွင်ြ ဖန့်ဝေခဲ့ခြင်းဖြစ်သည်။

ထိုဥပဒေများကို ဘုန်းတော်ကြီးအချို့က ရေးဆွဲထားခြင်းဖြစ်ပြီး “မြန်မာဗုဒ္ဓဘာသာအမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အရေးပေါ်ဥပဒေကြမ်း”တွင် မြန်မာဗုဒ္ဓဘာသာဝင် အမျိုးသမီးကို လက်ထပ်မည့်သူသည် တရားဝင် ဗုဒ္ဓဘာသာဝင် ဖြစ်ရမည်ဖြစ်ပြီး၊ ဘာသာခြားဖြစ်ခဲ့သူက ဗုဒ္ဓဘာသာ အမျိုးသမီးကို လက်ထပ်မည်ဆိုလျှင် ဗုဒ္ဓဘာသာဝင်ဖြစ်ကြောင်း တရားဝင်လက်မှတ် ရရှိထားရန် လိုအပ်ကြောင်း ပါရှိသည်။ ထိုကိစ္စကို မလိုက်နာပါက ထောင်ဒဏ် ၁၀ နှစ် ကျခံရမည်ဟု လည်း ပြစ်ဒဏ်ကို တစ်ပါတည်း ထည့်သွင်း ရေးဆွဲထားသည်ကိုလည်း လေ့လာတွေ့ရှိရသည်။

mizzima
 

မေလ ဆွေးနွေးပွဲ နောက်ပိုင်း နှစ်ဖက်တပ်များ ထိတွေ့မှု သိသိသာသာ လျော့နည်းသွားကြောင်း တပ်မတော်နှင့် ကေအိုင်အေတို့ ပြောကြား




၂၀၁၃ ခုနှစ် မေလ ဆွေးနွေးပွဲနောက်ပိုင်း အစိုးရနှင့် ကေအိုင်အိုအကြား နှစ်ဖက်တပ်များ ထိတွေ့မှု သိသိသာသာ လျော့နည်းသွားကြောင်း ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးနှင့် ကေအိုင်အေ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်တို့က အတည်ပြု ပြောကြားသည်။

အောက်တိုဘာ ၈ ရက်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မဂျွယ်ခန်းမတွင် ပြုလုပ်လျှက်ရှိသည့် အစိုးရ ကိုယ်စားပြု ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီနှင့် ကေအိုင်အို ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးပွဲတွင် တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များအား တာဝန်ယူထားသည့် နှစ်ဖက်တာဝန်ရှိသူများက ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

''မေလကုန်ကစပြီး ဒီနေ့အထိ တိုက်ပွဲကြီး နှစ်ကြိမ်ပဲ ဖြစ်ခဲ့ပါတယ်။ အောက်ခြေမှာ ပစ်တာခတ်တာကတော့ အနည်းအကျဉ်းရှိတာပေါ့။ ဒါကလည်း လေးလအတွင်းမှာ ၂၉ ကြိမ်ပဲရှိပါတယ်။ အရင်ကဆို တစ်နေ့ကို သုံးလေးကြိမ် ရှိခဲ့တာပါ။ ဆွေးနွေးပွဲတွေက အများကြီး တိုးတက်လာတယ်ဆိုတာ ပြနေတာပါ''ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အထူးအာဏာကုန်လွှဲအပ်ပြီး စေလွှတ်ထားသူ ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုးက ပြောကြားသည်။

မေလ ဆွေးနွေးပွဲနောက်ပိုင်း ကချင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားမှု အခြေအနေနှင့် ကေအိုင်အိုအနေဖြင့် ယခုဆွေးနွေးပွဲတွင် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးရန် အစီအစဉ် ရှိမရှိအား မေးမြန်းခဲ့ရာတွင် ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က''တိုက်ပွဲတွေကတော့ အများကြီး လျော့ကျသွားပါတယ်။ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးကတော့ အခုမှ စဆွေးနွေးမှာပါ။ အပစ်အခတ် ရပ်စဲရေးအတွက် သဘောတူညီချက် လက်မှတ်ထိုးမလား မထိုးဘူးလား ဆိုတာကတော့ အခုဆွေးနွေးကြတာပါ။ ဒီဆွေးနွေးမှုအပေါ်မှာပဲ အဓိကကျမှာပါ''ဟု ပြန်လည် ဖြေကြားခဲ့သည်။

ရင်ဆိုင်တိုက်ပွဲများ မရှိတော့သော်လည်း နှစ်ဖက်တပ်များအကြား ပစ်ခတ် မှုရှိနေခြင်းမှာ အောက်ခြေရှိ တပ်များအကြား နားလည်မှု လွဲမှားခြင်းကြောင့် ဖြစ်ကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုးက ပြောကြားသည်။
''တပ်ပိုင်းဆိုင်ရာမှာ အောက်ခြေက နားလည်မှု လွဲမှားလို့ ဒီကိစ္စတွေဖြစ်တာပါ။ ငြိမ်းချမ်းရေး ရဖို့ဆိုတာက အပေါ်ပိုင်းမှာ ဆွေးနွေးနေလို့ မပြီးပါဘူး။ အောက်ခြေက လူတွေပါ ငြိမ်းချမ်းရေးကို နားလည် သဘောပေါက်ဖို့ လိုပါတယ်။ နောက်အခက်အခဲတစ်ခုက လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ဒီကိစ္စတွေဖြစ်ရတာပါ။ အထက်က ညွှန်ကြားချက် အောက်ကိုမရောက်တော့ ပစ်တာခတ်တာတွေ ဖြစ်လာတယ်''ဟု ၎င်းက ပြောကြားသည်။

eleven

အစိုးရနှင့်ကေအိုင်အိုဆွေးနွေးပွဲ အခြေအနေ ၀န်ကြီး ဦးအုန်းမြင့်ကို မေးမြန်းချက်


အစိုးရနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) တို့ ပြည်ထောင်စု အဆင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားမြို့မှာ ဒီနေ့ ကျင်းပခဲ့ကြပြီး နှစ်ဖက် ပွင့်လင်းမြင်သာမှုရှိပြီး အလားအလာ ကောင်းတယ်လို့ တက်ရောက်သူတွေက ပြောပါတယ်။


ဒီကနေ့စတင်တဲ့ ဆွေးနွေးပွဲအတွင်း ပြီးခဲ့တဲ့မေလ ဆွေးနွေးပွဲကနေ ဒီကနေ့အထိ နှစ်ဖက် အဖွဲ့တွေကြား ဖြစ်ထွန်းတိုးတက်မှုတွနဲ့ နှစ်ဖက် စောင့်ကြည့်လေ့လာရေးအဖွဲ့ဖွဲ့ဖို့ အချက်နှစ်ချက်ကို ဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲ အခြေအနေတွေနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးလည်းဖြစ်ြ၊ ငိမ်းချမ်းရေးကော်မတီအဖွဲ့ဝင်တဦးလည်း ဖြစ်တဲ့ ဦးအုန်းမြင့်နဲ့ ဆက်သွယ်မေးမြန်းထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။


From : ..dvb

ပျောက်ဆုံးနေသော ဟော်နန်းကို ရှာဖွေတွေ့ရှိခြင်း




မျှော်မဆုံး မြင်နေရသည့် အစိမ်းရောင် ပြောင်းခင်းကြီးများနှင့် အလယ်တွင် ဖြောင့်တန်း စွာဖောက် ထားသည့် မြေနီလမ်းလေးက အလွန်တရာမှ လိုက်ဖက်လှသည်။ ညီညာစွာ စီတန်းနေသော ပြောင်းခင်းများသည် ကျယ်ပြန်သော လွင်ပြင်မှ မှိုင်းပြာနေသော ရှမ်းရိုးမ တောင်တန်း များဆီ သို့ မြင့်တက်သွားကြ၏။


ကျယ်ပြောသော လွင်ပြင်ကြီးကို ၀ိုင်းရံထားသည့် ရှမ်းရိုးမအပေါ်၌မူ နေခြည်က မလင်းတလင်းဖြစ်နေသည်က ပန်းချီကား တချပ် နှယ်။

ဤလွင်ပြင်ကြီးသည် တချိန်က တောင်ပေါ်မြို့လေးအဖြစ် လူသိများခဲ့ဖူးသလို သီပေါစော်ဘွားဟောင်း ဆာစောချယ်၏ နွေရာသီ စံနန်းတော် စခန်းသာဟော်လည်း ရှိခဲ့ဖူးသည်။

ဆာစောချယ်က မင်းတုန်းမင်း၏ ယောက်ဖတော် မွေးစားသားဖြစ်ပြီး မန္တလေးနေပြည်တော်တွင် ပညာသင်ကြားခဲ့ဖူးသူဖြစ်ပြီး မန္တလေးကျအပြီး ဗြိတိသျှကိုလိုနီအစိုးရကလည်း ဆာဘွဲ့ ချီးမြှင့်ခံရသူဖြစ်သည်။ ဒီဟော်နန်းကို မိဖုရား ၄၀ နှင့် စံမြန်းရန် ဆောက်ခဲ့သည်ဟု ကြားဖူးသည်။

စခန်းသာဟော်ကို ရောက်ဖူးချင်နေသည်မှာ ကြာပြီ။ အခွင့်မကြုံနိုင်ခဲ့ပေ။ ပြီးခဲ့သည့်နှစ် သီပေါဟော်သို့ ရောက်ခဲ့စဉ်ကလည်း စခန်းသာဟော်သို့ ခရီးမဆက်နိုင်ခဲ့။

ဒီတခေါက် ရှမ်းပြည်မြောက်ပိုင်း ခရီးစဉ်တွင် စခန်းသာဟော် သွားဖို့ ထည့်သွင်းခဲ့သည်။ သို့သော် ဒေသအခြေအနေမှာ ငြိမ်သက်မှု့မရှိသည့်အတွက် နယ်ခံမိတ်ဆွေ များကို အကူအညီတောင်းကာ သေသေချာချာ ပြင်ဆင်ခဲ့ရသေးသည်။

စခန်းသာသည် ကျောက်မဲမြို့မှ ၇ မိုင်ခန့် ဝေး၍ လားရှိုး- မန္တလေးကားလမ်းနံဘေးမှ ရွာကြီးဖြစ်သည်။ ကျောက်မဲမှ နာရီဝက်ခန့် သွားလိုက်သည်နှင့် လမ်းဘေးတနေရာ၌ အပြာရောင်အောက်ခံ၌ အဖြူရောင်စာလုံး ဖြင့် ရှမ်း- မြန်မာ နှစ်ဘာသာရေးထိုးထားသော စခန်းသာ ကျေးရွာအုပ်စု မြင်းကွင်း ကျေးရွာ ဆိုသည့် ဆိုင်းဘုတ်ကို တွေ့မြင်ရသည်။

ဆိုင်းဘုတ်နံဘေး မြေနီလမ်းကလေးထဲသို့ ချိုးဝင်လိုက်သည့်နှင့် လူတရပ်နီးပါးမြင့်သည့် ပြောင်းခင်းကြီးများ အလယ် ရောက်သွား ပြီး လူရိပ်လူခြေ မမြင်ရတော့သလို သွားရသည်ကလည်း တမျှော်တခေါ်ပင်။

ဤ ပြောင်းခင်းကျယ်ကြီးသည် ကိုလိုနီခေတ်က သီပေါစော်ဘွားကြီး ဆာစောချယ်၏ သားဖြစ်သူ စောအုံကြာနှင့် အပေါင်းအပါ ပြိုင်မြင်းဝါသနာအိုးတို့ နှစ်စဉ် မြင်းပွဲ ကျင်းပရာကွင်းကြီး ဖြစ်သည်။

၁၉၂၉- ၃၀ ခုနှစ်များမှ စတင်ကာ ကျိုက္ကဆံမြင်းကွင်းရှိ ရန်ကုန်တပ် ကလပ်မှ မြင်းသမားများ၊ မန္တလေး၊ လားရှိုး၊ နမ္မတူ၊ နမ့်ဆန် ဒေသ များမှ မျက်နှာဖြူ အရာရှိကြီးများ၊ မြန်မာသူဌေး မန်းညွန့် ဦးမောင်လေး၊ မစ္စတာ မာဖီးယားသား ချန်ချော ခိုင်၊ ပခုက္ကူ ဦးဘကျားစသည့် နာမည်ကြီး မြင်းသမားကြီးများကို ဖိတ်ကြားကာ တောင်ခါးပန်းတွင် ပွဲကြည့်စင်များထိုးပြီး မြင်းပွဲ အကြီးအကျယ် ပြုလုပ်သည့် နေရာဟု မှတ်သားဖူးသည်။ ယင်းသို့ မြင်းပွဲများတွင် လောင်းကစားစေရုံမက ၃၆ ကောင်ကဲ့သို့ လောင်းကစားပွဲများကို ဝှဲချီးကျင်းပကြောင်းလည်း ကြားဖူးသည်။

စောအုံကြာသည် အင်္ဂလန်နိုင်ငံ အောက်စ်ဖို့ဒ်တက္ကသိုလ် ကျောင်းထွက်တဦးပီပီ အနောက်တိုင်းဆန်ပြီး ခေတ်မီသည့် စော်ဘွား တဦးဖြစ်သကဲ့သို့ ပြိုင်မြင်းများ မွေးမြူခြင်းကိုလည်း ၀ါသနာထုံသူတဦးဟု သိရသည်။

ပဒေသရာဇ် ခေတ်၊ ကိုလိုနီခေတ်မှသည် လွတ်လပ်သော ပြည်ထောင်စု မြန်မာနိုင်ငံ၊ နောက် ဆိုရှယ်လစ်ခေတ်ကိုဖြတ်၊ ယခု နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို တံခါးဖွင့်သည့် ဈေးကွက်စီးပွားရေးစနစ် အရောက်တွင် စော်ဘွားစောအုံကြာ၏ မြင်းကွင်းသည် ထိုင်းကုမ္ပဏီ CP ၏ ပြောင်းခင်း အတိအကျဆိုသော် ကြက်စာပြောင်းခင်းများ ဖြစ်သွားလေပြီ။

ပြောင်းခင်းအလယ်ဖြတ်ဖောက်ထားသည့် မီးရထားလမ်းကို ကျော်သည်နှင့် လမ်းမှာ ပို၍ဆိုးလာသည်။ မိုးဆက်တိုက် ရွာထား သည့်အတွက် ဗွက်ပေါက်ကာ မြေပျော့သောကြောင့် ကားဆရာမှာ ကားကို ဂရုတစိုက် မောင်းနှင်နေရ၏။ ဤအတိုင်း စခန်းသာဟော်ကုန်းကို ကားဖြင့်တက်ရန် မလွယ်ကူ၊ ထို့ကြောင့် မြင်းကွင်းရွာသို့ ၀င်ကာ သတင်း စုံစမ်းရသည်။

မြင်းကွင်းရွာတွင် ကားဆရာနှင့် ရှမ်းအမျိုးသားတသိုက် အပြန်အလှန်ပြောဆိုကြပြီးနောက် စခန်းသာဟော်ကုန်းသို့ ကား တက်၍ မရ၊ အနီးရှိ တောရဘုန်းကြီးကျောင်းအထိသာ ကားသွားနိုင်မည်၊ ထိုမှ တဆင့်ဆက်ပြီး စခန်းသာဟော်သို့ ခြေလျင်သာ သွားရမည်ဟု သိရသည်။

ဆက်လက်ထွက်ခွာခဲ့ရာ ချောင်းတခုကို ကျော်လွန်ပြီးသည်နှင့် တောင်စွယ်တခု ပေါ်သို့ တက်သည်။ တောင်စွယ် တဆစ်ချိုးအရောက် နောက်သို့ ပြန်လှည့်ကြည့်လိုက်သည်အခါ ပြောင်း၊ မြေပဲနှင့် ပဲမျိုးစုံ စိုက်ခင်းများသည် မြစိမ်း ရောင် ကမ္ဗလာ ကဲ့သို့ ဖြစ်နေပြီး ကြည့်၍မဆုံး။ တချိန်က သည်ပြန့် သည်တောင်စောင်းတို့တွင် ဒေလီယာ၊ ဂန္ဓမာ၊ နှင်းဆီ၊ သစ္စာ ပန်းစသည့် ပန်းပင်များဖြင့် လှပေနေခဲ့ပေလိမ့်မည်။

မကြာမီတွင် တောရဘုန်းကြီးကျောင်းသို့ရောက်သည်။ ကျောင်းပရ၀ုဏ် အတွင်း လူသူ အရိပ်အယောင် မမြင်ရ။ ကျောင်းပေါ်မှာတော့ ရှမ်းလူမျိုး ဆရာတော်တပါး သီတင်းသုံးနေသည်။

ဆရာတော်သည် ပခုက္ကူ နှင့် မန္တလေးရှိ ကျောင်းတိုက်ကြီးများတွင် စာဝါလိုက်ဖူးသဖြင့် မြန်မာစကားကို ရေလည်စွာ ပြောဆိုနိုင်သည်။ ဘုန်းကြီးကျောင်းတို့၏ ထုံးစံအတိုင်း တိုင်ကပ်နာရီများကလည်း နေရာအနှံ၊ တနေရာတွင် ရှမ်းဘာသာဖြင့် ရိုက်နိုပ်ထားသည့် ဟော်နန်းများပုံပါ ပြက္ခဒိန်တခု ချိတ်ဆွဲထားသည်။

စခန်းသာဟော်သို့ သွားမည်ဖြစ်ကြောင်း ဆရာတော်အား လျှောက်သည့်အခါ ရှမ်းလက်နက်ကိုင်များ နှင့် စစ်တပ်တို့ မကြာသေးမီကမှ အနီးအနားတွင် တိုက်ပွဲဖြစ်ထားသည့်အတွက် ကပ္ပိယကြီးနှစ်ဦးကို လိုက်ပါစောင့်ရှောက်ရန် ထည့်ပေးလိုက်လေသည်။

စခန်းသာဟော်သို့ သွားသည့်လမ်းမှာ ကျောင်းနှင့်မနီးမဝေးရှိပြီး လျှိုတခု၏ အောက်ဖက်သို့ ဆင်းကာ တောလမ်းအတိုင်း လျှောက်ရသည်။ လမ်းဘေးဝဲယာတွင် ချုံများတောထနေပြီး အသွားအလာမရှိသည့်အတွက် လူသူခိုအောင်းချင်စရာ ဖြစ်နေပြီး အချိန်မရွေး အန္တရာယ်ပေါ်တတ်သည့် အနေအထားဖြစ်သည်။

အနီရောင် သစ္စာပန်းပင်များက လမ်းဘေးတဖက်တချက်တွင် အလေ့ကျပေါက်လျက်။ တချို့နေရာများတွင် ချုံနွယ်ပိတ်ပေါင်း များ ထူထပ်သည့် အတွက် ကပ္ပိယကြီး နှစ်ဦးက ရှေ့မှဓားဖြင့် ရှင်းကာ သွားရ၏။ ဟော်အနီးသို့ ရောက်လာလေ ချုံက ပိုမိုထူလာလေ၊ ကပ္ပိယကြီး နှစ်ယောက်၏ ဓားမှာလည်း ပို၍ ပို၍ သွက်လာလေလေပင်။

နာရီဝက်ခန့်လျှောက်မိသောအခါ ပန်းကနုတ်များစီချယ်ထားသည့် မြင့်မိုရ်ပိတ်၏ အလယ်၌ အမြီးဖြန့်ချထားသည့် ဒေါင်းရုပ် သဏ္ဍန် ပုံဖော်ထားသော စခန်းသာဟော် မုဒ်ဦးကြီးကို ချုံနွယ်ပိတ်ပေါင်းကြားမှ ဘွားကနဲ မြင်ရပါလေပြီ။

နေ၀န်းထဲ၌ ကနေသည့် ဒေါင်းရုပ်သည် လွတ်လပ်ကြမ်းတမ်းသော ပဒေသရာဇ်ခေတ်ကို ပုံဖော်နေသည့် အလားရှိ၏။ လူသူအရောက်အပေါက်နည်းပြီး ဤမျှ ချောင်ကြသည်နေရာတွင် ခမ်းနားသည့် အဆောက်အဦနှင့် ဗိသုကာလက်ရာများကို မြင်ရသည်မှာ အိပ်မက်ထဲမှ ရတနာသိုက် ရှာတွေ့သလို စိတ်လှုပ်ရှားနေခဲ့သည်။

ဥရောပဆန်ဆန် တည်ဆောက်ထားသည့် ဟော်နန်းမှာ တထပ်တိုက်ဖြစ်ပြီး နှစ်ပရိစ္ဆေဒ အတော်ကြာ စွန့်ပစ်ထားခြင်းခံရသော်လည်း အဆောက်အဦးတွင် သုတ်လိမ်းထားသည့် အ၀ါရောင်ဆေးသားမှာမူ ပျက်ပြယ်ခြင်းမရှိသေး။

နောက်ဆုံး သီပေါစော်ဘွား စ၀်ကြာဆိုင်၏ ဇနီး သြစတြီးယန်းသူ သုစန္ဒီ(အင်ဂျီ) က စခန်းသာဟော်သည် အီတလီ မြောက်ပိုင်းတောင်ကုန်းတခုပေါ်မှာ ဆောက်ထားသော နို့နှစ်ရောင် အဆောက်အဦးတခုကဲ့သို့ ထည်ထည်ဝါ၀ါရှိလှသည်ဟု သူ၏ Twilight Over Burma စာအုပ်တွင် ဆိုထား၏။

မြေထဲပင်လယ်ထွက် အဖြူရောင် စကျင်ကျောက်ပြားခင်းထားပြီး စံနန်းအလယ် ခန်းမကို ဦးတည်နေသည်ဟု သူရေးခဲ့သည့် အဝင်ပေါက် လှေခါးကြီးမှာ ကျနော် မြင်တွေ့ရသောအခါ ချုံအတိဖုံးအုပ်နေပြီး စော်ဘွား အဖူးအမျှော်ခံရာ စံနန်းအလယ် ညီလာခံ ခန်းမကား အမိုးဗလာနတ္တိ။

ဟော်နန်းတခုလုံးမှာ တပိုင်းတစ ပြိုပျက်နေသည့် နံရံများ၊ ကပ်ပါးပင်များ တွယ်ကပ်နေသည့် ယက်မတန်းကြီ များနှင့် ၎င်းတို့ကို ထောက်ခံထားသည့် ရောမခေတ်ဟန် တိုင်ကြီးများကိုသာ ထောင်လျှက်သား မြင်တွေ့ရသည်။

ကြမ်းခင်း ကျွန်းသားပါကေးများမှာ အကောင်းပကတိနီးပါးရှိဆဲဟု ဆိုနိုင်သော်လည်း ရေညှိများ တက်ကာ တချို့နေရာများတွင် မြက်ရိုင်းနှင့် ချုံများပေါက်လျှက်ရှိ၏။

သစ်ပင်များ ချုံနွယ်များနှင့် ပြိုပျက်နေသည့် အုတ်ပုံများကိုကျော်ပြီး အထဲသို့ ၀င်ခါနီး ဂမ္ဘီရဆန်သည့် ကြီးမားသော မြွေကြီး နှစ်ကောင်ရှိသည်ဟု နယ်ခံတဦးက သတိပေးစကားကြောင့် ခြေလှမ်းများပင် တုန့်သွားမိသည်။ သစ်ပင်ချုံနွယ်များ၊ ကျိုးပဲ့နေသည့် အုတ်ပုံများအောက်တွင် မြွေဆိုးများက ခိုအောင်းနေနိုင်သည် မဟုတ်လား။

ပြန့်ပြူးသည့် တောင်စွယ်ပေါ်တွင် တည်ထားသည့် စခန်းသာဟော်သည် ပေ ၁၅၀ နီးပါးခန့်ရှည်ပြီး အဝင်ပေါက် အဆောင် မျက်နှာစာ၏ ၀ဲ ယာတွင် နောက်ထပ် အဆောင်နှစ်ဆောင်ရှိ၍ အဆောင်များတွင် မီးလင်းဖိုကြီးများနှင့် လူနေအိပ်ခန်းများ ဖွဲ့ခဲ့ဟန်တူ၏။

မှတ်သားမိသည်မှာ မြန်မာဂီတပညာရှင် ဒေါ်စောမြအေးကြည် နာမည်ကျော် မိုးဒေ၀ါ ပတ်ပျိုးကို ယခု စခန်းသာဟော်တွင် နေထိုင်စဉ်က ဖွဲ့ခဲ့ခြင်းဖြစ်သည်။ မီးလင်းဖိုကြီးများ၏ အပေါ် အဖြူရောင်နံရံတွင် “အလွမ်းကမ္ဘာ” “အမှတ်တမဲ့မှ အမှတ်တရသို့” “နင့်ကိုငါချစ်တယ်” စသည့် မီးသွေးခဲဖြင့် ရေးထားသည့် ခေတ်သစ်နံရံစာများကိုလည်း တွေ့မြင်ရ၍ ဟော်နန်းက အလွမ်းရေစီးကြောင်းကို စိတ်ကူးယဉ်မိသည်။

ဘေးဘက် အဆောင်များ၏ နံရံတချို့မှာ ဖြိုဖျက်ခံထားရပြီး ကြမ်းခင်းအောက်ခံ အုတ်များလည်း မရှိတော့ချေ။ ရှေးဟောင်းတွေ ရောင်းစားကောင်း၍ သင်္ချိုင်းဂူများကိုပင် ဖြိုဖျက်ကာ အုတ်များ တူးဖော်ရောင်းစားနေသည့် ခေတ်ကြီးတွင် ဟော်နန်း အုတ်တိုက်ကြီး၏ အခြေအနေမှာ အလွန်စိုးရိမ်စရာ ကောင်းသည်။

ရှမ်းအမျိုးသားကပ္ပိယကြီးက ဟော်ကုန်းမှ အောက်ဘက် အဝေးတနေရာသို့ ကြည့်ကာ နှမြောတသသော မျက်နှာဖြင့် ဤကား ရေကန်၊ ဟိုကား စော်ဘွားမြင်းကွင်းစသဖြင့် ရှမ်းလိုတမျိုး၊ မြန်မာလိုတဖုံ ရှင်းပြနေစဉ် နံဘေးရှိ ချုံများကို တိုးဝှေ့လာသည့် အစိမ်းရောင် အကျီဝတ်ဆင်ထားသည့် လူတယောက်ကို ရုတ်တရက်မြင်လိုက်ရ၍ အားလုံး အံအားသင့်သွား၏။

ရှမ်းဘာသာဖြင့် မေးမြန်းသည့်အခါ ဖြေကြားခြင်းမရှိ။ တောအတွင်း ပြန်လှည့် ပြေးဝင် ပျောက်ကွယ် သွားလေသည်။ တောထဲကလူ လော၊ စစ်သားလော၊ ရွာသားလော မကွဲပြားပေ။ ဆရာမြသန်းတင့်၏ လွမ်းမောဘွယ်ကမ္ဘောဇ မှ ဟော်နန်းအစောင့်ကို သူပုန်များက ပစ်သတ်လိုက်ဖူးသည်ဆိုသည်ကို အမှတ်မထင် သွား၍ သတိရလိုက်မိသေး။

နေ့အလင်းရောင်သည် တဖြည်းဖြည်း နည်းလာပြီ။ အချိန်က လင့်လာလေပြီ။ လေ့လာမှုကို အဆုံးသတ်ပြီး သမိုင်းအရ တူးဆွမှုကို မြို့ပေါ်က အထောက်အထားတွေ ပေါ်မှာ ဆက်လက်လုပ်ဆောင်ရန် လာလမ်းအတိုင်း ပြန်ခဲ့ကြသည်။

စခန်းသာဟော်သည် ၁၉၀၀ပြည်နှစ်က စ တည်ဆောက်ခဲ့ရာ ယနေ့ဆိုလျှင် သက်တမ်း ၁၁၃ နှစ် တိုင်ပြီ။ ထိုစဉ်က စော်ဘွား ဆာစောချယ်နှင့် သားဖြစ်သူ စောအုံကြာတို့က နောက်လိုက်နောက်ပါ အခြွေအရံများဖြင့် သီပေါနွေ၏ အပူဒဏ်ကိုရှောင်ရန် ရည်ရွယ်၍ တောင်ပေါ်မြို့ကလေးအဖြစ် တည်ထားခဲ့ခြင်းဖြစ်ပြီး အင်္ဂလိပ်အစိုးရ မီးရထားဌာနဘက်ကလည်း စခန်းသာ၌ ဘူတာလေးတခု ဖွင့်လှစ် ပေးခဲ့သည်။

၁၉၃၃ ခုနှစ်က ကျိုင်းတုံကျမိုင်း(စော်ဘွားလေး)နှင့် သီပေါစော်ဘွား ဆာစောချယ်၏ ညီ စောလူးမှမွေး သော စောအုံးညွန့်တို့၏ လက်ထပ်ပွဲကို စခန်းသာ မြင်းကွင်းတွင် ထီးဖြူရုံကြီးဆောက်ကာ ဒေါ်စောမြအေးကြည် ဦးစီးသည့် အချောအလှ ဟော်နန်း ပျိုဖြူ များ၏ ဂီတနှင့်အက ဖြေဖျော်မှု အပါအ၀င် ပွဲလမ်းသဘင်များနှင့် ခမ်းခမ်းနားနား ကျင်းပခဲ့ကြောင်း လူထုဦးလှ၏ “ကျွန်တော်မြင်းသမား” စာအုပ်၌ ဆိုထား၏။

လက်ထပ်ပွဲတွင် သီပေါစော်ဘွားစောအုံကြာနှင့် ဥရောပတိုက်သားမျက်နှာဖြူများ၊ လူကုံတန်များသည် ညစာစားပွဲများ၊ ကပွဲများ၊ ၃၆ ကောင်ပွဲများနှင့် ပျော်ရွင်ခဲ့မည်။

မြန်မာပြည်သို့ ဒုတိယကမ္ဘာစစ်ရောက်လာသည့်အခါ ဂျပန်တပ်များ၏ လက်ချက်ဖြင့် ဟော်နန်း၏ ဘယ်ဘက်ခြမ်း မီးစွဲလောင်ခဲ့သော်လည်း ကျန် အဆောက်အဦများမှာ အကောင်းပကတိ ကျန်ရှိခဲ့၏။

နောက်ဆုံး သီပေါစော်ဘွား စ၀်ကြာဆိုင်လက်ထက်တွင် ပြန်ပြင်ရန် ကြိုးစားခဲ့သေးသည်။ သို့သော် ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီး နေ၀င်း ဦးဆောင်သည့် တော်လှန်ရေးကောင်စီက အာဏာသိမ်းခဲ့ရာတွင် စ၀်ကြာဆိုင် အဖမ်းခံရသည့် နောက်ပိုင်း စစ်တပ်များ တပ်စွဲထားသည့်အတွက် ဤနေရာသို့ မည်သူမျှ သွားရောက်ခွင့်မရှိ တော့ပေ။ အဖမ်းခံရပြီး နောက်ပိုင်း စဝ်ကြာဆိုင် ပျောက်ဆုံးသွားခဲ့ရာ ဗထူး တပ်မြို့တွင် သုတ်သင်ခံခဲ့ရနိုင်သည်ဟု ယူဆချက်များရှိသည်။

စခန်းသာဟော်ကို မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရလက်ထက်မှာတော့ မူးယစ်ဆေးဝါးသုံးစွဲသူများအတွက် ဘိန်းဖြတ် စခန်းအဖြစ် အသုံးပြုခဲ့ဖူးသည်မှ အပ စွန့်ပစ်ခံထားရသည်မှာ ကြာပြီဖြစ်သည်။

သို့သော် သမိုင်းဘီးတပတ်လည်ခြင်းလောဟု မေးခွန်းထုတ်စရာပင်။ ရှမ်းပြည်တွင် စော်ဘွားများသည် အင်္ဂလိပ်လက်ထက်မှ အာဏာစွန့်ချိန် ၁၉၅၉ ခုနှစ်အထိ ပဒေသရာဇ်၊ နယ်ရှင်ပယ်ရှင်များဖြစ်ပြီး သားစဉ်မြေးဆက် အုပ်ချုပ်ခဲ့သူများအဖြစ် နေထိုင်ခဲ့ကြသည်။

လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် နိုင်ငံရေးအမြင်တိုးတက်လာသော ရှမ်းပြည်သူများ၏ ဆန့်ကျင်တော်လှန်ခြင်းကို ခံခဲ့ရပြီး အာဏာစွန့်ခဲ့ကြသည်။ သို့သော် ပဒေသရာဇ်စနစ်ထက် ဆိုးရွားသည့် စစ်အာဏာရှင်စနစ်ကို ကြုံတွေ့ရသောအခါ လူထုသည် စော်ဘွားများ၏ ရွှေခေတ်ကို တမ်းတကြပြန်သည်။

သီပေါ်စော်ဘွား၏ စခန်းသာဟော်နန်းကတော့ ၅၁ နှစ်ကြာ စွန့်ပစ်ခံထားရသောကြောင့် ယခုအခါ အပျက်အစီးများဖြင့်။ တခြမ်းပဲ့နေသည့် ဒေါင်းရုပ်က သမိုင်းတွင် ရွှေရောင်လွှမ်းသော နေ့များကို ထင်ဟပ်ပြနေသည်။

လက်ရှိ သီပေါစော်ဘွား၏ မျိုးနွယ်များအနေဖြင့်လည်း စခန်းသာဟော်ကို ပြန်လည်ပြုပြင်နိုင်ခြင်း မရှိတော့ပေ။ ရှမ်းစော်ဘွားများ၏ ဟော်နန်းတော်များ ကံမကောင်း။ ရှမ်းစော်ဘွားများထဲမှ တဦးဖြစ်သည့် ကျိုင်းတုံစော်ဘွား၏ ဟော်နန်းသည်လည်း စစ်အစိုးရလက်ထက် ၁၉၉၁ ခုနှစ်တွင် ဖြိုဖျက်ခံခဲ့ရသည်။ ညောင်ရွှေ ဟော်သည်လည်း ယဉ်ကျေးမှုဝန်ကြီးဌာနမှ ထိန်းသိမ်းထားပြီး မိသားစုလက်သို့ ယခုတိုင် မရောက်သေးပေ။

နေထွက်ဘုရင် မြန်မာမင်းများ စံမြန်းရာ မန္တလေး ရတနာပုံ၊ ရွှေဘို စသည့် နန်းတော်များမှ အစ ပုဂံခေတ်၊ ပျူ ခေတ်တိုင် သမိုင်း ယဉ်ကျေးမှုများကို ထိန်းသိမ်းစောင့်ရှောက်နေသည့်အချိန်တွင် နေ၀င်ဘုရင် ရှမ်းစော်ဘွားများ၏ ဟော်နန်းများကိုလည်း ၀ိုင်းဝန်း ပြုပြင်ကာ ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ထိန်းသိမ်းစောင့်ရှောက်လျှင် သမိုင်းတန်ဘိုးသာမက တိုးတက်လာမည့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအတွက် အကျိုးရှိရှိ အသုံးချနိုင်မည်ဟု ထင်မြင်မိပါသည်။

အမျိုးသားပြန်လည်ရင်ကြားစေ့ရေး အချိန်ကာလ ဖြစ်နေသောကြောင့် ရှမ်းတိုင်းရင်းသားများ၏ သမိုင်းအမွေအနှစ်များ သက်ဆိုင်သူများလက်တွင် ပြန်လည်ထိန်းသိမ်းခွင့် ပေးအပ်သင့်ပါသည်။ အမြန်ဆုံး လုပ်ဆောင်သင့်သည်မှာ နယ်မြေငြိမ်းချမ်းရေး တိုက်ပွဲများ ရပ်သင့်ပြီ။ ခါးသီးသော အတိတ်ဒဏ်ရာများ ဖြေသိမ့်သင့်ပြီ။ ပြည်တွင်းစစ်တွင် အချင်းချင်း တိုက်ခိုက် သတ်ဖြတ်ရင်း ဆင်းရဲဒုက္ခတွင်းထဲမှ ရုန်းလွတ်သင့်ပါပြီ။

ဧရာဝတီ

အနှစ်ငါးရာကျော်ပျောက်ဆုံးနေခဲ့တဲ့ လီယိုနာဒိုဒါဗင်ချီရဲ့ ပန်းချီကားတစ်ချပ်


နာမည်ကျော်ပန်းချီဆရာကြီးလီိယိုနာဒိုဒါဗင်စီရဲ့  ပန်းချီကားတစ်ချပ်ပျောက်ဆုံးသွားမှုဟာ အနုပညာလော ကအတွက်အနှစ်ငါးရာလောက်ဆန်းကျယ်မှုကြီး တခုဖြစ်ခဲ့ပါတယ်။
ခုတော့ ဒီပန်းချီကားကို ဆွစ်ဘဏ်ရဲ့ မြေအောက်ခန်းထဲမှာ ပုဂ္ဂလိကပိုင်ပစ္စည်းအဖြစ် ပြန်လည်တွေ့ ရှိခဲ့ပါပြီ။ဒီပန်းချီကားကိုပိုင်ဆိုင်တဲ့ အီတလီလူမျိုးကတော့ သူ့ အကြောင်းကို မဖော်ပြစေလိုပါဘူး။


ဆွစ်ဘဏ်ရဲ့ မြေအောက်ခန်းမှာထိန်းသိမ်းထားတဲ့ အစ်ဇဘယ်လာရဲ့ ပန်းချီကား

အီတလီ မှူးမတ်မျိုးရိုး ကဆင်းသက် လာတဲ့ လျှို့ ဝှက်တဲ့အပြုံးနဲ့ မေးစေ့ ၀ိုင်းဝိုင်းပိုင်ရှင် အစ်ဇဘယ်လာ ရဲ့ ပုံကို အဲဒီကာလက နာမည်ကျော် ပန်းချီဆရာတွေတိုင်း ကပန်းချီဆွဲချင်ခဲ့ကြပါ တယ်။ အဲဒီပန်းချီ ဆရာတွေထဲမှာ ဒါဗင်ချီဟာလည်း တစ်ယောက်အပါအ၀င်ဖြစ်ခဲ့ပါတယ်။

ဒီအမျိုးသမီးရဲ့ ပုံတူကိုပဲ ခဲနဲ့ ကောက်ကြောင်းခြစ်ထားတဲ့ပုံကို၁၄၉၉ ခုနှစ်ကရေးဆွဲခဲ့ပြီး လုဗ်ပြတိုက် မှာချိတ်ဆွဲထားပါတယ်။အဲဒီ ခဲခြစ်ပုံကို အစ်ဇဘယ်လာရဲ့ မိတ်ဆွေများ ကအထူးချီးမွမ်းခဲ့ကြပြီး အစ်ဇဘယ်လာက အပြီးသတ်ဆွဲဖို့  ပြောခဲ့တယ်လို့ ဆိုပါတယ်။
အနုပညာသမိုင်းပညာရှင်တွေကြားထဲမှာတော့ ဒီပုံကို အပြီးသတ်ဆွဲခဲ့လား၊မဆွဲခဲ့ဘူးလားဆိုတာ ၀ိဝါဒကွဲပြားကြပါတယ်။ဒီပန်းချီကားဆွဲပြီးမကြာခင်မှာ ဒါဗင်စီဟာ The Battle of Anghiariဆိုတဲ့ ပန်းချီကားကိုဆွဲပါတယ်။၁၅၀၃ ခုနှစ်မှာတော့ နာမည်ကျော်မိုနာလီဇာပန်းချီကားကြီးကိုစတင်ဆွဲပါတယ်။

ကယ်လီဖိုးနီးယားတက္ကသိုလ်က ပါမောက္ခကားလို့ စ်က"ဒီပန်းချီကားဟာ လီယိုနာဒိုဆွဲခဲ့တဲ့ ပန်းချီကားဆိုတာသံသယဖြစ်ဖွယ်မရှိပါဘူး။ အထူးသဖြင့်တော့အမျိုးသမီးရဲ့ မျက်နှာဆွဲသားချက်တွေ ကိုကြည့်ပြီး ဒီပန်းချီကားဟာ လီယိုနာဒိုရဲ့ လက်ရာဖြစ်ကြောင်းကျနော် သုံးသပ်နိုင်ပါတယ်။" လို့ ပြောပါတယ်။

ကာဘွန်နည်းနဲ့ စစ်ဆေးကြည့်မှုက ၉၅ ရာခိုင်နှုန်း ရီနေးဆန်းခေတ်က ဆွဲခဲ့တဲ့ ပန်းချီဖြစ်ကြောင်းပြ သနေ ပါတယ်။သိပံနည်းကျစမ်းသပ်မှုတွေကနေကင်းဘတ်စဟာဒါဗင်စီသုံးနေကျကင်းဗတ်စဖြစ်ကြောင်း သိရပါတယ်။။ဒီအမျိုးသမီးရဲ့  ရွှေသဖူအပါအ၀င် လက်ဝတ်တန်ဆာတွေဟာ သူ့ ရဲ့ လက်ထောက် ပန်းချီဆရာရေးဆွဲခဲ့တာလားဆိုတာကိုတော့နောက်ထပ်စမ်းသပ်မှုတွေကနေ ရှင်းရှင်းလင်းလင်းသိလာရပါလိမ့်မယ်။ the melting pot 4 U
(ကူးယူဖော်ပြပါက the melting pot 4 U မှကူးယူကြောင်းခရက်ဒစ်ပေးပါရန်မေတ္တာရပ်ခံပါသည်။)



လီယိုနာဒိုဒါဗင်ချီ




လုဗ်ပြတိုက်ကအစ်ဇဘယ်လာရဲ့ ခဲခြစ်ပန်းချီ

နှစ်တစ်ရာသက်တမ်းရင့် သစ်ပင်ကြီး စည်ပင်အဖွဲ့၏ဆုံးဖြတ်ချက်ဖြင့် ခုတ်လှဲ





မကွေးမြို့လမ်းငါးဂွရှိ နှစ်(၁၀၀)သက်တမ်းရင့် ကုက္ကိုပင်ကြိးအား ယခုဆောက်လုပ်လျှက်ရှိသော အဆင့်မြင့်(၃) ထ ပ်ဈေးအားအနှောက်အယှက်ပြုနိုင်သည်ဟု ယူဆရသောကြောင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ဆုံးဖြတ်ချက်ဖြင့် ခုတ်လှဲရန်စီစဉ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“ မလွတ်ကင်းတဲ့အကိုင်းအလက်တွေကို ခုတ်ဖို့ပါ၊ ဒါပေမဲ့ခုတ်ရမဲ့အနေအထားက ငုံး တိုကြီး အထိခုတ်ရမှာဆိုတော့၊မြို့လည်ခေါင်မှာရှိတာရယ်၊အဆောက်အဦးမှန်တွေကိုထွက်လာမဲ့အကိုင်းအလက်
တွေက လာပြီးထိခိုက်နိုင်တာကြောင့် အဖွဲ့ရဲ့ဆုံးဖြတ်ချက်ယူခဲ့တာပါ” ဟုစည်ပင် လက် ထောက် ညွှန် ကြားရေးမှူးမှ ရှင်းပြခဲ့သည်။
ယခင်ရွှေလှရောင် စား သောက် ဆိုင်နေရာအားဖျက်သိမ်း၍ အဆင့်မြင့်(၃)ထပ်ဈေးဆောက်လုပ်နိုင်ရန်(LEGACY GROUP) မှတာ ၀န်ယူဆောက်လုပ်နေခြင်းဖြစ်သည်။
“ ဒါမျိုးဆိုတာကသေချာတွက်ချက်စဉ်းစားပြီးမှလုပ်သင့်တယ်ဗျ၊ဖွံ့ဖြိုးတိုးတက်မှုရှိလာတာမှန်ပေမဲ့၊ ပတ်ဝန်းကျင်အများအကျိုးသက်ရောက်မှုကိုကြည့်ဖို့လိုမယ်ဗျ၊လမ်းဘေးမှာပေါက်နေတဲ့ သက်တမ်း ရင့် သစ်ပင်တစ်ပင်ကို ပုဂ္ဂလိကအကျိုးစီးပွားအတွက် ဖြိုဖျက်ပြစ်တယ် လို့မြင်ပါ တယ်၊” ဟုသ ဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေး လူမှုအကျိုးပြုလုပ်နေသော ကိုမျိုးမြင့်ဦး(Green Net Work)မှ မှတ် ချက်ပြု ပြောသည်။
မကွေးမြို့အထင်ကရလမ်းမကြိးပေါ်ရှိ သက်တမ်းရင့်သစ်ပင်ကြိးများမှာ တိုးတက် လာသောအဆောက် အဥိး များဆောက်လုပ်လာရာမှ အပြီးတိုင်ခုတ်ထွင်ရှင်းလင်းခံနေရသည်ဟု၎င်းကဆက်လက်ဆိုသည် ။ပြည်တော် သာတိုက်များဝန်းအတွင်းရှိသစ်ပင်များမှာလည်းခုတ်လှဲခံခဲ့ရသည်။
မကွေးတိုင်းဒေသကြီးသစ်တောဦးစီးဌာနသို့သွားရောက်မေးမြန်းခဲ့ရာယခင်ကသစ်ပင်ကြီး
များခုတ်မည်ဆိုလျှင် မြို့နယ်စည်ပင်သာယာရေးကော်မတီကတိုင်းဒေသကြီး အစိုးရအဖွဲ့သို့တင်ပြပြီး၊ သစ် တောဦးစီးဌာ နသို့အကြံပြုချက်တောင်းခံလေ့ရှိသော်လည်း ယခုသစ်ပင်ခုတ်လှဲခြင်းနှင့်ပတ်သက်၍ တစ်စုံ တစ်ရာ အကြောင်းကြားထားခြင်းမရှိဟုဖြေကြားခဲ့သည်။
မကွေးတိုင်းဒေသသည် ယခင်တပ်မတော်အစိုးရလက်ထက်တွင် ကိုးခရိုင်စိမ်းလန်းစိုပြေရေးစီမံချက် တွင်အဓိကပါဝင်ခဲ့သည်ဟုသိရသည်။
ဦးမင်း

Popular

ထောက်လှမ်းရေး ဘောလ်ပင်



ပြီးခဲ့တဲ့သုံးလေးလလောက်တုန်းက အွန်လိုင်းမှာပလူပျံလာတဲ့ သတင်းတစ်ပုဒ်ကို မှတ်မိနေကြဦးမယ်ထင်ပါတယ်။ ရန်ကုန် စူပါမားကစ်ကြီးတစ်ချို့ရှိ အမျိုးသမီးများအ၀တ်လဲခန်းတွေထဲမှာ (ဗွီဒိယို) ကင်မရာခိုးရိုက်ပြီး အင်တာနက်မှာ တင်ထားတဲ့ သတင်းပါ။ ကျနော်လဲ လူစွာလုပ်ပြီး ပို့စ်တစ်ခုရေးဖြစ်ခဲ့ပါသေးတယ်။ သက်ဆိုင်သူအမျိုးသမီးထုကြီးအတွက် ရှက်စရာကောင်းတဲ့ အခြေအနေတစ်ရပ်လို့ အများစုသုံးသပ်ကြပါတယ်။ အမျိုးသမီးတစ်ယောက် အ၀တ်လဲခန်းထဲဝင်ပြီး အ၀တ်လဲပြီဆိုမှတော့ သူဝယ်မည့်အ၀တ်အထည် သူနဲ့တော်/မတော်သိရဖို့အတွက် သူ့ကိုယ်ပေါ် နဂိုဝတ်လာတဲ့ အ၀တ်တွေကို ချွတ်မှပဲ အဆင်ပြေမှာပေါ့ဗျာ။ ဒါများ ကင်မရာတွေဘာတွေနဲ့ ခိုးရိုက်နေဖို့ လိုလို့လား။ မှန်းကြည့်ပေါ့။

ဒီခေတ်ဒီခါကြီးမှာ အမျိုးသမီးတွေကို သဘာဝအတိုင်းမြင်ချင်သပဆိုရင် လွယ်ပါ့။ အင်တာနက်ပေါ်တစ်ချက်တက်လိုက်ပြီး သက်ဆိုင်ရာဝက်ဘဆိုဒ်ကို click လိုက်တာနဲ့ Day-to-Day Update လုပ်ထားတဲ့ ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေ ပုံလို့ အောလို့ပဲ။ ဒါနဲ့များ ချောင်းကြည့်ချင်၊ ခိုးကြည့်ချင်တဲ့ လူတွေက ရှိသေး။ တစ်ယောက်ကို ကျကျနနမြင်ရပြီးရင် နောက်တစ်ယောက်လဲ ဒီအတိုင်းပဲဆိုတာ သိရော့ပေါ့။ ပိန်တာ၊ ၀တာ၊ ဖြူတာ၊ မည်းတာပဲကွာမယ်။ ကျနော်ပြောတာ ဟုတ်ဘူးလားဗျာ။

ဒါပေမဲ့ ခက်နေတာက လူ့စရိုက်။ လူတစ်ယောက်အကြိုက်တစ်မျိုးစီရှိတယ်ဆိုတဲ့အတိုင်း တစ်ယောက်နဲ့တစ်ယောက် အကြိုက်ချင်းတော့ မတူဘူးပေါ့။ အချို့ရှင်းရှင်းလင်းလင်းမြင်ရမှ၊ အချို့ မပေါ့်တပေါ်မြင်ရမှ၊ အချို့ကျတော့လဲ ပင်ပင်ပန်းပန်းကို ချောင်းကြည့်ရမှ အာသာပြေကြတယ် ဆိုကိုး။ ခက်လှချည့်။ အဲလိုလူမျိုးတွေကို မြင်ဖူးချင်ရင် ကန်တော်ကြီးစောင်း သွားကြည့်။ ပေါသမှ။ ပြောရင်းနဲ့ ကျနော့်သူငယ်ချင်းတစ်ယောက်ကို ပြေးသတိရမိသေးတယ်။ ကျနော်ငယ်ငယ်က ရန်ကုန်မှာနေတော့ စနေ၊ တနင်္ဂနွေအားတဲ့ရက်တွေဆို ရောက်လာပြီ၊ ကျနော့်ဆီ။ ဘာလုပ်ဖို့လဲဆိုတော့ ကန်တော်ကြီးထဲ အတွဲသွားချောင်းဖို့။

ကျနော်လဲ ပျင်းနေတဲ့အခါနဲ့ကြုံရင်တော့ သူ့အလိုလိုက်ပြီး လိုက်သွားတဲ့အခါ တစ်ခါနှစ်ခါလောက်ရှိပါတယ်။ များသောအားဖြင့်တော့ မလိုက်ဖြစ်ဘူး။ အဲလိုအတွဲချောင်းရတာတို့၊ တစ်ယောက်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စကို ချောင်းရမြောင်းရတာတို့ဆို မုန်းလွန်းလို့။ ကိုယ်ချင်းစာကြည့်တယ်လေ။ ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာကိစ္စကို သူများက လာချောင်းမြောင်းရင် ကြိုက်မလား။ ဘယ်ကြိုက်လိမ့်။ ဒါကြောင့် ကျနော် မလိုက်တာ။ အဲလို မလိုက်ရင် မင်းကဘာဖြစ်တယ်၊ ညာဖြစ်တယ်ပြောပြီး သူ့တစ်ယောက်တည်းသွားတာပဲ။ ပြန်လာရင်ပြောပြီ၊ ဘယ်အတွဲက ဘယ်လို၊ ဘယ်အတွဲက ညာလို စသဖြင့်စသဖြင့်၊ စိတ်ညစ်နေအောင် နားထောင်ပေတော့။ သူခေါ်တုန်းက မလိုက်ပဲငြင်းခဲ့တော့ ပြန်လာပြီးပြောပြတဲ့အခါ သည်းခံပြီး နားထောင်ပေးရရှာတယ်။ မဟုတ်ရင် မိတ်ဆွေပျက်ဦးမှာ။ အော်---ကျနော့်ခမျှလဲ အတော်သနားစရာကောင်းပါတယ်။ အဲဒီတုန်းကပါ။

အဲဒီလိုလူမျိုးကို ကျနော်ဖတ်ဖူးတဲ့ ဘုရားစာပေတွေထဲမှာ Gay တစ်မျိုးလို့ သတ်မှတ်တယ်ဗျား။ သူများကိုယ်ရေးကိုယ်တာကိစ္စကို ချောင်းရမြောင်းရမှ အာသာပြေတဲ့ အခြောက်ဆိုပဲ။ ၀ါသနာရှိတဲ့သူများ ကိုယ့်ကိုယ်ကို ကျားကျားယားယား ရှိ/မရှိ မှတ်ကျောက်တင်ချင်ရင်တော့ အဲဒါနဲ့သာတင်။ မလွဲဘူး။ အဲလိုချောင်းမြောင်းတဲ့အခါမှာ အချို့က မှန်ဘီလူးနဲ့၊ အချို့က အဝေးရိုက်ကင်မရာနဲ့၊ ဘာမှမရှိလို့ ကိုယ့်မွေးရာပါ မျက်လုံးပဲအားကိုးစရာရှိတဲ့သူတွေကျတော့လဲ အတွဲရှိလောက်တဲ့နေရာ၊ လာလောက်တဲ့နေရာနဲ့ အနီးဆုံးသစ်ပင်၊ ချုံပုတ်တွေအနားသွားပြီး ခြင်အကိုက်ခံ၊ ဖြုတ်အကိုက်ခံပြီး ချောင်းကြရရှာတယ်။ အတော်သနားစရာကောင်းတဲ့ လူတွေပေါ့ဗျာ။

IT-ခေတ်ရဲ့ ဒီဘက်အပိုင်းရောက်လာတဲ့အခါမှာတော့ အထက်မှာပြောတဲ့ လေးလံတဲ့မှန်ဘီလူးတွေ၊ ကင်မရာတွေမလိုအပ်တော့ဘူး။ သေးပေ့၊ ကွေးပေ့ဆိုတဲ့ ကင်မရာလေးတွေ၊ မှန်ဘီလူးလေးတွေ ရှိနေပြီကိုး။ ရိုးရိုးကင်မရာမပြောနဲ့၊ ဗွီဒီယိုကင်မရာတွေတောင် အသေးဆုံးအနေအထားရောက်နေပြီ။ လက်ကိုင်ဖုန်းတစ်လုံးလောက်ရှိရင် ကိစ္စအကုန်ပြီးတယ်။ ဓာတ်ပုံရိုက်မလား၊ ဗွီဒီယိုရိုက်မလား၊ ရေဒီယို၊ MP3, MP4 စသည်စသည်အကုန်ရ။ ဒါက ကျနော်တို့ဆင်းရဲတဲ့နိုင်ငံကလူတွေ လက်လှမ်းမီသလောက်ကိုပြောတာ။

ယနေ့မှာတော့ အဲဒီလို အချောင်းအမြောင်းဝါသနာကြီးတဲ့ ဖိုးချောင်းချင်တွေအတွက် Spy Camera အသေးစားလေးတွေအနက် Pen Camera လို့ခေါ်တဲ့ ဓာတ်ပုံရော၊ ဗွီဒီယိုပါ ရိုက်လို့ရတဲ့ ဘောလ်ပင်လေးတွေ ပေါ်နေပါပြီ။ စာရေးလို့လဲရသလို ဓာတ်ပုံ၊ ဗွီဒီယိုရိုက်ခြင်းအပါအ၀င် ကျန်တဲ့ကိစ္စအတော်များများကိုလဲ ဆောင်ရွက်ပေးနိုင်ပါတယ်။ 1GB ကနေ 8GB အထိ Storage Capacity ရှိပါတယ်။ ဒီ Pen Camera ရဲ့ရည်ရွယ်ချက်ကတော့ Spy Camera ဆိုတဲ့အတိုင်း မသင်္ကာသူတွေကို မသိမသာထောက်လှမ်းဖို့ တီထွင်ထားတယ်လို့ ဆိုပါတယ်။ ဒါပေမဲ---ဒါပေမဲ့---

ကနေ့ ကျနော် AFP internet သတင်းမှာ ဒီကင်မရာလေးနဲ့ပတ်သက်တဲ့ သတင်းတစ်ပုဒ်ဖတ်လိုက်ရပါတယ်။ စပိန်နိုင်ငံ၊ တောင်ပိုင်းက အသက် (၂၅)နှစ်အရွယ် အသက်ငယ်ငယ် ဆရာဝန်လေးတစ်ယောက်ကို ပုလိပ်တွေလာဖမ်းသွားတယ်ဆိုတဲ့ သတင်းပါ။ လာဖမ်းရခြင်းရဲ့အကြောင်းကတော့ သူ့ရဲ့ ဆေးဝါးကုသမှုနဲ့ နည်းနည်းမှ မပတ်သက်ပါဘူး။ ခုနားက ကျနော်ပြောခဲ့တဲ့ စပိုင်ဘောလ်ပင်လေးကို လွဲမှားစွာ အသုံးပြုမှုနဲ့ပါ။ သူ့ဆေးခန်းမှာ အလုပ်လုပ်တဲ့ အမျိုးသမီးဝန်ထမ်းလေးတွေ အ၀တ်လဲခန်းထဲ အ၀တ်အစားလဲနေပုံတွေကို အဲဒီဘောလ်ပင်နဲ့ ဗွီဒီယိုရိုက်ထား ဆိုကိုး။ ပြဿနာဖြစ်ချင်တော့ သူ့လုပ်ဖေါ်ကိုင်ဘက်တစ်ယောက်က ထူးဆန်းတဲ့ဘောလ်ပင်လေးကို သင်္ကာမကင်းဖြစ်လို့ ဆရာဝန်လေးအလစ်မှာ ဘယ်လိုဟာများတုန်းဆိုပြီး စပ်စုမိရာကနေ အဲဒီဘောလ်ပင်ထဲမှာ အမျိုးသမီးလေးတွေ အ၀တ်လဲနေတဲ့ပုံ အတော်များများတွေ့သွားသတဲ့။

ဒါနဲ့ ပုလိပ်ကို အကြောင်းကြားလို့ သက်ဆိုင်ရာက လာရောက်စစ်ဆေးပြီး ဆရာဝန်လေးကို ဖမ်းသွားပါလေရော။ အဖြစ်ကတော့ ဒါပါပဲ။ အဲဒီတော့ ကျနော်ပြောချင်တာက ခေတ်ကြီးရဲ့ တိုးတက်မှုနဲ့ လိုက်လျှောညီထွေဖြစ်လာတဲ့ ဆိုးကျိုးတွေကိုပါ။ အရာဝတ္ထုတစ်ခုကို ရည်ရွယ်ချက်တစ်ခုခုကြောင့် တီထွင်လိုက်တာနဲ့ အဲဒီမူလရည်ရွယ်ချက်နဲ့ ဆန့်ကျင်ဘက်ဆိုးပြစ်တွေဟာလဲ ရံခါ တွဲပါလာတတ်ပါတယ်။ ကျနော်တို့လူသားတွေက သူ့စည်း၊ ကိုယ့်စည်းစောင့်ပြီး နေထိုင်ကြမယ်ဆိုရင် ဘာပြဿနာမှ တက်ဖို့အကြောင်းမရှိပါဘူး။ ဘာပဲဖြစ်ဖြစ်လေ၊ ဒီလို Spy Camera မျိုးလေးတွေ သာမန်လူထုလက်ဝယ် ရောက်နေပြီဆိုတော့ အချောင်းအမြောင်းဝါသနာအိုးတွေအတွက်တော့ အကွက်ဖြစ်သွားတာပေါ့။ အမျိုးသမီးလေးတွေ သွားသွားလာလာ ခါတိုင်းထက် ပိုမိုဂရုစိုက်ကြဖို့တော့ လိုမယ်ထင်တယ်နော်။ သတိပေးပါတယ်ဗျာ။

ရွှေဈေးထက်ကြီးတဲ့ ခွေးဈေး





ဆင်းရဲတဲ့လူတွေအတွက် ကုန်းကောက်စရာမရှိလောက်အောင် မွဲနေရတဲ့ ဟောဒီခေတ်ကြီးမှာ ထားစရာမရှိလောက်အောင် ချမ်းသာနေတဲ့လူတွေကလဲ တပုံတပင်။ ပြီးခဲ့တဲ့နှစ်ဦးပိုင်းက တစ်ကမ္ဘာလုံးစီးပွါးရေးကပ်ဆိုက်ပြီး ကုမ္ပဏီကြီးတွေအတော်များများနဲ့ ဘဏ်တစ်ချို့ဒေ၀ါလီခံလိုက်ရပေမဲ့ လုပ်ငန်းရှင်ကြီးတွေအတွက် အသက်ရှုပိတ်မသွားခဲ့။ တကယ့်တကယ် အထိအရှခံလိုက်ရသူတွေကတော့ သက်ဆိုင်ရာကုမ္ပဏီဝန်ထမ်းတွေနဲ့ ဘဏ်ဝန်ထမ်းတွေပါပဲ။ အလုပ်ပြုတ်၊ အိမ်ပြန်၊ ထမင်းတစ်နပ်မှန်ဖို့အရေး ရရာအလုပ်ရှာလုပ်။ စီးပွါးရေးအကြပ်အတည်းဖြစ်လဲ တကယ်ခံရတာက လူဆင်းရဲတွေ၊ နိုင်ငံရေးကပ်ဆိုက်လဲ ဆင်းရဲသားတွေပဲ မွဲတွင်းနစ်။ အဖြစ်ကတော့ မနှစ်သက်စရာ။ ဘယ်သူ့ကို အပြစ်တင်ရပါ့။ ဖန်ဆင်းရှင်ကိုလား? ကိုယ့်ကိုယ်ကိုလား?

တရုတ်နိုင်ငံမြောက်ပိုင်း Shaanxi ပြည်နယ်ရဲ့ မြို့တော် Xi'an လေဆိပ်မှာ အနက်ရောင် မာစီဒီးကားအစီး (၃၀)နဲ့ အလံနီတွေ ဝှေ့ရမ်းကြိုဆိုနေကြတဲ့ လူအုပ်ကြီးကြောင့် လေဆိပ်ကြီးတစ်ခုလုံး အုပ်အုပ်ကျက်ကျက် ဖြစ်နေခဲ့ပါတယ်။ ဒီလောက်တန်ဖိုးကြီးမားတဲ့ ကားအစီးပေါင်းသုံးဆယ်နဲ့ ဒီလူတွေ ဘယ်နိုင်ငံက ကြွလာတဲ့ မင်းဧကရာဇ်ကိုများ ကြိုဆိုနေကြပါလိမ့်။ အိုဗားမားလာမှာလား၊ ဂေါ်ဒင်ဘရောင်းလား၊ ဒါမှမဟုတ်၊ တရုတ်သမ္မတကြီးလား။ မဟုတ်ပါ။ ဒီလူတွေ ဒီကားတွေ ကြိုဆိုနေတဲ့သူကတော့ Wang (Surname) လို့ခေါ်တဲ့ တရုတ်သန်းကြွယ်သူဋ္ဌေးမလေးတစ်ယောက်နဲ့ သူမရဲ့ဝယ်ပြီးကာစ အချစ်တော်ခွေးကြီးတစ်ကောင်ပါ။

သူဋ္ဌေးမလေး ၀မ်ဟာ သူ့အိမ်မှာ မွေးဖို့ ခွေးတစ်ကောင်ကို ကာလအတော်ကြာကြာရှာနေခဲ့ပါတယ်။ ခွေးတွေအများကြီးရှိနေပေမဲ့ သူမစိတ်ကြိုက်မတွေ့သေးတဲ့အတွက် မ၀ယ်ဖြစ်ခဲ့ပါဘူး တဲ့။ အခုတော့ သူ့မရင်ထဲ ကြာမြင့်စွာခိုတည်နေတဲ့ ဆန္ဒတစ်ခုကို ဖြည့်ဆည်းပေးလိုက်ရလို့ အရမ်းပျော်နေပါတယ်။ သူမလိုချင်တဲ့ခွေးအမျိုးအစားကိုရဖို့အတွက် သူနေတဲ့နေရာနဲ့ အင်မတန်အလှမ်းကွာတဲ့ တရုတ်ပြည်အနောက်မြောက်ပိုင်းက Qinghai ပြည်နယ်အထိသွားခဲ့ရပါတယ်။ အဲဒီပြည်နယ်ဟာ တိဘက်လူမျိုးအများစု နေထိုင်ပြီး တိဘက်ခွေးအမျိုးအစားများစွာကိုလဲ မွေးမြူတယ်လို့ ဆိုပါတယ်။

ကင်ဟိုင်းပြည်နယ်က သူမဘာကို ၀ယ်ခဲ့သလဲ? Mastiff အမျိုးအစား အနက်ရောင် တိဘက်ခွေးကြီးတစ်ကောင်ကို စိတ်ကြိုက်ဈေးပေးပြီးဝယ်ခဲ့ပါတယ်။ တန်ဖိုးကိုလဲ ကြည့်ပါဦး။ တရုတ်ယွမ်ငွေ လေးသန်း တဲ့။ ဒေါ်လာနဲ့တွက်ရင်တောင် ခြောက်သိန်းကျော်ရှိပါတယ်။ ဒီလောက်များပြားလှတဲ့ငွေတွေကို သုံးပြီး ဒီခွေးကိုဝယ်ရတာဟာ ခွေးတန်ဖိုးက ဒီလောက်တောင် ကြီးနေလို့လား လို့မေးစရာရှိပါတယ်။ ကြီးမယ်မထင်ပါ။ အတော်အတန် တန်ကြေးတော့ရှိကောင်းရှိမှာပါ။ တစ်ခုသေချာတာကတော့ အရင်က ဒီလောက်ဈေးမရှိခဲ့တဲ့ ဒီခွေးအမျိုးအစားတွေဟာ သူဋ္ဌေးမ၀မ် ၀ယ်ပြီးနောက်ပိုင်းမှာတော့ ဈေးတက်သွားမှာ ဧကန်ပါပဲ။ ဒါကလဲ စီးပွါးရေးလောကမှာ ဖြစ်မြဲကိုးဗျာ့။ လိုချင်သူပေါရင် ပစ္စည်းဟာ ဈေးကွက်မှာ နေရာရမြဲပဲ မဟုတ်လား။ အခုလဲ တိဘက် Mastiff ခွေးတွေ ဈေးကွက်ထဲ ၀င်လာခဲ့ပါပြီ။ လိုချင်ရင်တော့ ပိုက်ဆံသာများများ ရှာထားပေတော့။

အချို့လူတွေက ငွေကို စားဖို့ သုံးတယ်။ အချို့ကတော့ ကြွားဖို့ သုံးတယ်။ တစ်ချို့ကျတော့ ထားဖို့နေရာမရှိလို့ သုံးပစ်တယ်။ အချို့လူတွေ ကျပြန်တော့ ဆန္ဒတစ်ခုပြည့်ဝရေး အလေးပေးပြီး သုံးစွဲကြတယ်။ ဒေါ်လာခြောက်သိန်းတန်ဖိုးမရှိတဲ့ ခွေးတစ်ကောင်ကို ဒေါ်လာခြောက်သိန်းပေးပြီး ၀ယ်လိုက်တဲ့အပေါ်မှာ သင်ဘယ်လို စဉ်းစားမိသလဲ။ အမြင်ချင်းတော့ တစ်ယောက်နဲ့ တစ်ယောက် ကွဲပြားမှုရှိမှာပါ။ “ရွှေမှာ တန်ဖိုးရှိတယ်၊ ဒီတိဘက်မာစ်တစ်ဖ်ခွေးမှာ ဘာတန်ဖိုးမှမရှိဘူး” လို့ အချို့လူတွေက ဆိုပေမဲ့ သူဋ္ဌေးမလေး ၀မ်အတွက်တော့ သူ့ဆန္ဒတစ်ခုပြည့်ဝရေးအတွက် သူသုံးခဲ့တဲ့ငွေကို သုံးသင့်တဲ့နေရာမှာ သုံးလိုက်တယ်လို့ ယူဆကောင်း ယူဆနေမယ်ထင်ပါရဲ့။ သုံးနိုင်ဖြုန်းနိုင်ပါပေရဲ့ လို့တောင် ချီးကြူးရမလိုလို။ အော် ရှိသူတွေကလဲ ရှိကြပါ့၊ မွဲသူတွေကျပြန်တော့လဲ ဒီလိုခွေးမျိုးကို ဒီဈေးပေးပြီး ၀ယ်ဖို့မပြောနဲ့ အိမ်က ကလေးဆော့ဖို့ ပလပ်စတင့်ခွေးရုပ်တောင် အနိုင်နိုင်။ အော် လောက--လောက။ သြချလောက်ပါပေရဲ့ဗျား။

Related Posts Plugin for WordPress, Blogger...