ဘုန်းအောင်
၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပေ
ထိုသို့ အာဏာရ ကြံ့ခိုင်ရေးပါတီအ၀င် နိုင်ငံရေးပါတီအားလုံးက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် ပြင်ဆင်ရန်လိုအပ်ကြောင်း အသိအမှတ်ပြုကြပါသည်။ ထိုအချိန်တွင် အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးဆဲ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ငယ်အချို့က ဖွဲ့စည်းပုံအခြေခံဥပဒေကို အသစ် ရေးဆွဲ ရမည်ဟု လေသံပစ်လာသည်ကို တွေ့ရပါသည်။ သို့သော်လည်း လွှတ်တော်တွင်းရှိ နိုင်ငံရေးပါတီ အားလုံးနီးပါးနှင့် ကေအင်ယူအဖွဲ့မှ တာဝန်ရှိသူများကမူ ဖွဲစည်းပုံအသစ်ရေးဆွဲခြင်း ထက် လက်ရှိ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ခြင်းသည်သာ အကောင်းဆုံးနည်းလမ်းဖြစ် သည်ဟု မီဒီယာများနှင့် တွေ့ဆုံမေးမြန်းမှုများတွင် ပြောကြားခဲ့ကြကြောင်း တွေ့ရှိရပါသည်။
အတိုက်အခံပါတီများအနက် အင်အားအကြီးဆုံးဟု ဆိုနိုင်သော NLD ပါတီကမူ ထူးထူး ဆန်းဆန်း ပင် အခြေခံဥပဒေသစ်ရေးဆွဲရေး (သို့မဟုတ်) ပြင်ဆင်ရေးကို ပြည်သူလူထု၏ဆန္ဒသဘောထား ရယူ လုပ်ဆောင်သွားမည်ဟု ဆိုပါသည်။ ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မီဒီယာများနှင့် တွေ့ဆုံ ရာတွင် ပြည်သူလူထုအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ကြေညာချက်နှင့်ပတ်သက်၍ စာရေးဆရာကျော်ဝင်းက အောက်ပါ အတိုင်းရေးသားခဲ့ပါသည်-
`ပွင့်ပွင့်လင်းလင်း ဆိုရလျှင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ကြေညာချက် (၀၂/၀၉/၂၀၁၃) ကို ဖတ်ရသောအခါ စောစောက အပျော်တွေ လွင့်စဉ်သွားသည်။ အတော်ကြီးကို စိတ်ပျက်မိသည်။ NLD က ဆိုခဲ့ပြီးသော လမ်းကြောင်းနှစ်ရပ်ကို ဓလေ့နှစ်ခုတွင် တိတိပပအဖြေမပေး။ “ပြည်သူလူထု၏ ဆန္ဒသဘောထားကို ရယူမည်” ဟုဆိုသည်။ “ဘာလဲ ... ဘယ်လိုလဲ” “ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ” လုပ်မည့် သဘောလား။ ဤသို့ဆိုရလျှင် ဘယ်သူက လုပ်ပေးမည်နည်း။ ဘယ်အဖွဲ့အစည်းက ကြီးကြပ်မည်နည်း။ စာရေးသူ နားလည်သလောက် ဆိုရလျှင် NLD သည် လွှတ်တော်မဟုတ်။ ရွေးကောက်ပွဲကော်မရှင် မဟုတ်။ အစိုးရ မဟုတ်။ ထို့ထက် အရေးတကြီး စဉ်းစားကြရမည်မှာ “ဆန္ဒ ခံယူပွဲတိုင်းသည် လူထုဆန္ဒကို အမှန်တကယ် ထင်ဟပ်နိုင်ပါ၏လော ...”။ “လူထုဆန္ဒ အမှန်ကို ရရှိလျှင် ပင် ထား၊ ပြည်သူလူထု အနေနှင့် လက်တွေ့ကျသော မဟာဗျူဟာ တစ်ရပ်ကို ချမှတ်နိုင်စွမ်း အခါ ခပ်သိမ်း ရှိနိုင်ပါမည်လော ...”။ “မဟာဗျူဟာ ချမှတ်ရန်အတွက် လူထုတွင် တာဝန်ကော ရှိပါ၏ လော...”။ ရာစုဝက်ကျော်မျှ ဒီမိုကရေစီနှင့် ကင်းကွာခဲ့ရသော၊ ပညာရေး ချွတ်ခြုံကျနေသော၊ နိုင်ငံရေးသားကြော ဖြတ်ခံထားရသော၊ စားဝတ်နေရေးအတွက် ကျားကုတ် ကျားခဲ ရုန်းကန်နေကြ ရသော အမိမြန်မာပြည်၏ ပကတိအရှိကို နှလုံးသွင်းနိုင်ကြဖို့ လိုမည် ထင်ပါသည်။´´ (The Voice Journal)
ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်ရေး(သို့မဟုတ်) အသစ်ရေးဆွဲရေးအတွက် ပြည်သူ့ သဘောထားခံယူမည်ဆိုသော အမျိုးသားဒီမိုကရေစီအဖွဲ့ချ
`ပြည်သူတွေဟာ နိုင်ငံရေးနဲ့ ထိစပ်မှုနည်းခဲ့တယ်။ အာဏာနဲ့ အုပ်ချုပ်မှု အောက်မှာ အကြာကြီး နေခဲ့ရတော့ Political Education ဘက်မှာ အင်မတန် အားနည်းတော့ အခြေခံဥပဒေ ဘာကြောင့် ပြင်သင့်တယ်၊ ဘာကြောင့် ဖျက်သင့်တယ်ဆိုတာ မပြောနဲ့ သာမန်နိုင်ငံရေး ဖြစ်စဉ်တွေ ကိုတောင် လက်လှမ်းမီဖို့ တော်တော် အားနည်းပါတယ်။ နိုင်ငံရေးခေါင်းဆောင်မှု ဆိုတာ ပြည်သူ့ ရှေ့က သွားရမှာ။ ဒီနိုင်ငံမှာ အခက်အခဲ အကျပ်အတည်း တွေကြုံနေတာ မဟုတ်ဘူး။ ပြည်သူ တစ်ရပ်လုံး ကလည်း အခြေခံဥပဒေကိုဖျက်ပြီး အသစ်ဆွဲပါလို့အော်နေတာ မဟုတ်ဘူး။ ပြည်သူက ငြိမ်သက် နေချိန်မှာ နိုင်ငံရေးခေါင်းဆောင်မှုက ရှေ့ကမသွားဘဲ ဒီပြဿနာကြီးကို ပြည်သူ့ထံ တွန်းပို့ တယ် ဆိုတာဟာ ပြတ်သားတဲ့ နိုင်ငံရေးခေါင်းဆောင်မှု မယူနိုင်ဘူး ဆိုတဲ့ အဖြေထွက်တယ်။ နိုင်ငံရေး ခေါင်းဆောင်မှု ယူထားတဲ့ ပုဂ္ဂိုလ်အစုအဝေးတွေ အားလုံးက တစ်ညီထဲ ဆုံးဖြတ်ပြီး အခြေခံဥပဒေ ပြင်ရေးကို မြန်မြန်ထက်ထက် လုပ်သင့်တယ်။ ဒါမှ ၂၀၁၅ မတိုင်မီ ပြီးမယ်။ မဟုတ်ရင်တော့ ပြီးစရာ အကြောင်းမရှိဘူး။ လက်တွေ့ကျတဲ့ နိုင်ငံရေးကို သွားဖို့ အချိန်တန်နေပါပြီ။ ဒါကြောင့် ခေါင်းဆောင် မှု ပြတ်သားစေချင် ပါတယ်။ ပြည်သူတွေဟာ နိုင်ငံရေး Awareness အများကြီးရှိတယ် ဆိုရင်တော့ ပြောစရာ မလိုဘူးပေါ့။ မဟုတ်ရင်တော့ ဝင်လာမယ့် Interferences တွေရှိတယ်။ မှန်းဆလို့ တော့ မရဘူး´ (The Voice Weekly)
အမျိုးသားဒီမိုကရေစီအဖွဲ့ချ
ပြည်သူအများစုအနေဖြင့် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ် အောင်ဆန်းစုကြည်အား နိုင်ငံတော်သမ္မတအဖြစ်မြင်လိ
ယခုအောက်တိုဘာလ ဖြစ်ပြီး ဒီဇင်ဘာအထိ တွက်လျှင် ကြားကာလမှာ (၃)လသာ ရှိပါသည်။ ဤအချိန်ကာလတွင် အခြေခံဥပဒေတစ်ခုလုံးသဘောကို
နိုင်ငံရေးပါတီများ ဟူသည် ပြည်သူလူထုကို ဦးဆောင်လမ်းပြရမည် နိုင်ငံရေးသုခမိန်များသာ ဖြစ်ကြ ပါသည်။ ပြင်သစ်ပြဿနာသည် နိုင်ငံရေးသမားတို့၏ ပြဿနာသာ ဖြစ်ပြီး ပြည်သူများက တိုက်ရိုက်စီရင်ရမည့် ကိစ္စမဟုတ် ဟု ရှုမြင်ပါသည်။ လက်ရှိမြန်မာနိုင်ငံ ပြည်သူအများစုမှာ စားဝတ်နေရေး နှင့် လုံးပမ်းနေရပြီး နိုင်ငံရေးသဘောတရား၊ အတွေးအခေါ်များနှင့် ကင်းကွာကာ (ဆရာကျော်ဝင်း စကားအရ) နိုင်ငံရေး သားကြောဖြတ်ခံထားရသူများသာ ဖြစ်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူများ ထဲထဲဝင်ဝင် လေ့လာပြီး ဦးနှောက်မုန်တိုင်းဆင်ကာ အဖြေရှာခြင်းသည် နည်းလမ်းမှန် ဟုတ်ပါသလား မေးလိုပါသည်။ ပြည်သူများမဆိုထားနှင့် လွှတ်တော်အမတ်များ၊ အစိုးရမင်းများ အချင်း ချင်းအကြားတွင်ပင် အခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများ ဖြစ်ပေါ်နေပြီး အခြေခံဥပဒေကို လိုက်နာပါ မည် ဟု သစ္စာဆိုထားကြပါလျက် အခြေခံဥပဒေကို ချိုးဖောက်ရာရောက်နေသည့် လုပ်ဆောင်ချက်များ လုပ်ဆောင်ခဲ့ကြပါသည်။ ဤဆောင်ရွက်မှုတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီအမတ်များလည်း ပါဝင်ခဲ့ကြပါသည်။
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တို
ဦးဝင်းမြင့်ကိုယ်တိုင်သည် စိုးမိုး-တည်ငြိမ်ကော်မတီ အတွင်းရေးမှူးဟု သိရှိရပါသည်။ မကြာ သေးခင် ကပင် လွှတ်တော်အမတ်များ၏ စွမ်းဆောင်ရည်နှင့်ပတ်သက်၍ လေ့လာသုံးသပ်သူ ဦးဝင်းမျိုးသူ၏ တွေ့ရှိချက်ကို RFA တွင် ထုတ်လွှင့်သွားခဲ့ပါသည်။ ဒီမိုကရေစီပါတီများအနေဖြင့်
တင်ပြလိုသည့် အချက်မှာ မြန်မာပြည်သူများအနေဖြင့် ဤမျှအချိန်တိုတိုအတွင်း အခြေခံဥပဒေ ဟု ခေါ်တွင်သော အစိမ်းရောင်ဘုတ်အုပ်ကြီးတစ်
လွှတ်တော်တွင် အခြေခံဥပဒေကိုင်၍ လုပ်ကိုင်ဆောင်ရွက်နေကြသူမျ
မြန်မာပြည်သူများသည် ဒီမိုကရေစီ ဘာလဲ မသိကြပါ၊ သို့သော် ဒီမိုကရေစီရလျှင် ချမ်းသာ လာမည်၊ စားဝတ်နေရေး အဆင်ပြေတော့မည် ဟု မျှော်လင့်ထားကြပါသည်။ အမေရိကန်ပုံစံလား၊ ဗြိတိန် ပုံစံလား မသိချင်ကြပါ။ စားဝတ်နေရေးအဆင်ပြေဖို့သာ အရေးကြီးပါသည်။ ယခု လွှတ်တော် တွင် အစိုးရနှင့် အငြင်းပွားမှုများတွင် အခြေခံဥပဒေအရ မည်သည့်ဘက်က မှန်သည်၊ မည်သည့်ဘက်က မှားသည်ကို ပြည်သူများ စိတ်မဝင်စားပါ။ ခုံရုံးကို စွပ်စွဲပြစ်တင်ခြင်းအားဖြင်
ပြည်သူများအား သေချာ ရှင်းပြမည် ဟု ဆိုသော်လည်း ပြည်သူများက မည်မျှအထိ စဉ်းစား တွေးခေါ် နှိုင်းယှဉ်ကြည့်နိုင်ပါမည်န
အမှန်တစ်ကယ်တွင်လည်း ပြင် ၊ သစ်ပြဿနာသည် ပြည်သူလူထု၏ ပြဿနာ မဟုတ်ပါ။ နိုင်ငံရေး သမားများ အာဏာရရှိရေးအတွက် ဖြစ်ပေါ်လာသော အငြင်းပွားမှုသာ ဖြစ်ပါသည်။
The Messenger ဂျာနယ် အတွဲ(၄) အမှတ်(၂၀)မှ ကူးယူဖော်ပြသည်
0 comments:
Post a Comment