Sunday, December 8, 2013

ကျွန်







၁၉၆၀ မတိုင်ခင်တုန်းက သြစတေးလျမှာ နေထိုင်တဲ့ လူရိုင်းမျိုးစုတွေကို ဥပဒေမှာ လူလို့ မဖော်ပြကြပါဘူး။တိရစ္ဆာန်လို့ ဖော်ပြထားပါတယ်။တကယ်လို့ အဲဒီကောင်တွေကို သတ်ရင် လူသတ်မှုမဖြစ်ပါဘူး။ဘာလို့လဲဆိုတော့ ဥပဒေအရ သင်ဟာ တခြား ကြက်၊ငှက်၊တိရစ္ဆာန်တစ်ကောင်ကို သ...တ်သလိုပါပဲ ဘာမှမထူးပါဘူး။

အလားတူ အာဖရိကရဲ့ လူရိုင်းမျိုးတွေကိုလဲ ၁၈ ရာစုမှာ ကိုလိုနီတွေက လူအဖြစ်မသတ်မှတ်ကြပါဘူး။သူတို့ကို လူနဲ့ပုံစံတူတဲ့ တောရိုင်းတိရစ္ဆာန်လို့ ဖော်ပြထားပါတယ်။ကိုလိုနီစစ်သားတွေဆို အပျော်တမ်းလူရိုင်းအမဲလိုက်ပစ်တာမျိုးတွေ ပြုလုပ်ကြပါတယ်တဲ့။

အထူးသဖြင့် ကျွန်ခေတ်မှာ လူရိုင်းတွေကို ဖမ်းဆီးပြီးကုန်ကူးရောင်းချတာမျိုးတွေ အများအပြားရှိခဲ့ဖူးပြီး ကျွန်ကုန်သည်တွေဟာ လူရိုင်းတွေနေတဲ့ ကျွန်းတွေ ကို သိမ်းပိုက်ပြီး ဖမ်းဆီးလေ့ရှိပါတယ်။ကျွန်အဖြစ်ခေါ်ဆောင်သွားပြီးရင်လဲ ဈေးပေါပေါနဲ့ ရောင်းချခံရပါတယ်။တချို့အာဖရိက ကျွန်တွေဆို အစာကို ၃ ရက်တစ်ခါလောက်သာကျွေးပြီး မသေမချင်းခိုင်းကြပါတယ်။သေရင် နောက်အသစ်တစ်ယောက်ထက်ဝယ်ရင် ဈေးမကြီးလို့ဖြစ်ပါတယ်။

မောင်စိုင်း

အသည်းနာအောင်မလုပ်ပါနဲ့




၁. အိပ်ရာဝင်နောက်မကျပါနဲ့။ အိပ်ယာထ နောက်မကျပါနဲ့။
၂. မနက်အိပ်ယာနိုးတာနဲ့ ဆီးသွားပါ။
၃. ၀က်လို အများကြီး မစားပါနဲ့။ အရက်တွေ အများကြီး မသောက်လိုက်ပါနဲ့။
၎. မနက်စာကို စားဖြစ်အောင်စားပါ။
၅. မလိုအပ်ဘဲ ဆေးတွေ မသောက်ပါနဲ့။
၆. ကြာရှည်ခံအောင် လုပ်ထားတဲ့ အစားအစာတွေ၊ မူးယစ်ဆေးတွေ၊ အရောင်ဆိုးထားတဲ့ အစားအစာတွေ၊ သဘာဝ မဟုတ်တဲ့ အချိုတွေ မစားပါနဲ့။
၇. ကျန်းမာရေးနဲ့ မသင့်တော်တဲ့ ဟင်းချက်ဆီတွေကို ရှောင်ပါ။ ကျန်းမာရေးနဲ့ သင့်တော်တဲ့ ဟင်းချက်ဆီကိုတောင် လျှော့စားပါ။ အရမ်းပင်ပန်းနေတဲ့အချိန်မှာ ကြော်ထားတဲ့ အစားအစာတွေကို ရှောင်ပါ။
၈. အသားငါးတွေကို အစိမ်းမစားပါနဲ့။

အသည်းနာသွားမှာ စိုးလို့ပါ။

အပေါ်က အချက်တွေကို မလိုက်နာရင် အသည်းကို ထိခိုက်ပျက်စီးစေပါတယ်။ ဟင်းသီးဟင်းရွက်ကြော်တွေကို တစ်နပ်ပဲစားပါ။ မကုန်ရင် သွန်ပစ်လိုက်ပါ။ သိမ်းထားပြီး နောက်တစ်နပ်မှာ စားရင် အသည်းကို ထိခိုက်စေပါတယ်။ ခန္ဓာကိုယ်ထဲကို အဆိပ်အတောက်တွေ မ၀င်စေဖို့နဲ့ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို စွန့်ထုတ်ပစ်ဖို့ Lifestyle ကို ပြောင်းကြပါစို့.....

မငြိမ်မသက်ဖြစ်နေသော ဗဟိုအာဖရိကနိုင်ငံတွင် ပြင်သစ်တပ်ဖွဲ့ဝင်များ တပ်ဖြန့်



Sunday, 08 December 2013


ဘန်ဂွီမြို့တွင် ဒီဇင်ဘာ ၆ ရက်က ကင်းလှည့်နေသော ပြင်သစ်စစ်သားများ

မငြိမ်မသက်မှုများဖြစ်ပွားနေသော ဗဟိုအာဖရိကသမ္မတနိုင်ငံတွင် လုံခြုံရေးကို ထိန်းသိမ်းရန်နှင့် အကူအညီပေးရန်အတွက် ပြင်သစ်တပ်ဖွဲ့ဝင် ၁၀၀၀ ခန့်ကို ဒီဇင်ဘာ ၆ ရက်တွင် ချထားလိုက်ကြောင်း သိရသည်။ ဗဟိုအာဖရိကနိုင်ငံတွင် လူမျိုးရေးနှင့် ဘာသာရေးအဓိကရုဏ်း ဖြစ်ပွားခဲ့ရာ လူပေါင်း ၃၀၀ ထက်မနည်းသေဆုံးခဲ့ပြီး နိုင်ငံသားအများအပြားသည် ဒုက္ခသည်များအဖြစ် ခိုလှုံခွင့်ရရှိရန် ကြိုးပမ်းနေကြကြောင်း ကြက်ခြေနီအဖွဲ့က ပြောကြားခဲ့သည်။

ကုလသမဂ္ဂက ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့ဝင်အင်အား ၁၂၀၀ အထိချထားရန် သတ်မှတ်ထားသည့် ပြင်သစ်၏ကိုလိုနီဟောင်း ဗဟိုအာဖရိကနိုင်ငံတွင် ပဋိပက္ခများကို တားဆီးရန်အတွက် ပြင်သစ်စစ်သားများသည် သံချပ်ကာကားများဖြင့် မြို့တော် ဘန်ဂွီတွင် ကင်းလှည့်လျက်ရှိကြောင်း သိရသည်။ ဗဟိုအာဖရိကနိုင်ငံတွင် ဒီဇင်ဘာ ၅ ရက်မှစ၍ဖြစ်ပွားသော အကြမ်းဖက်ပဋိပက္ခများနှင့် သတ်ဖြတ်မှုများကြောင့် သေဆုံးသူ ၃၀၀ ထက်မနည်းရှိပြီဖြစ်ကြောင်း ကြက်ခြေနီအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အေအက်ဖ်ပီ သတင်းဌာနသို့ပြောကြားခဲ့သည်။

ကြက်ခြေနီအဖွဲ့သည် အလောင်းထားရာ နေရာများနှင့် လမ်းများပေါ်တွင် ရေတွက်မှုများပြုလုပ်ခဲ့ရာ သေဆုံးသူ ၂၈၁ ဦးရှိကြောင်း တွေ့ရှိခဲ့ရသည်ဟုဆိုသည်။ ဆေးဘက်ဆိုင်ရာ ၀န်ထမ်းများသည် အကြမ်းဖက်မှုများ ဖြစ်ပွားနေသော နေရာတိုင်းသို့ဝင်ရောက်ရန် မဖြစ်နိုင်ကြောင်းနှင့် မျက်မြင်သက်သေများ၏ ပြောကြားချက်အရ ကောက်ယူရရှိခြင်းမရှိသော အခြားလူသေ အလောင်းပေါင်းများစွာ ရှိသေးကြောင်း သိရသည်။

နယ်စည်းမခြားဆရာဝန်များအဖွဲ့ (ြှင်္)၏ပြောကြားချက်အရ ဘန်ဂွီမြို့ဆေးရုံ တွင်မှတ်တမ်းတင်ထားသည့် သေဆုံးသူ အရေအတွက်သည် ၉၂ ဦးရှိပြီး ဒဏ်ရာရရှိ သူ ၁၅၅ ဦးရှိကြောင်း သိရသည်။ အလောင်း ထားရှိရာနေရာတစ်ခုနှင့် အနီးဝန်းကျင်ရှိ လမ်းများပေါ်တွင် အေအက်ဖ်ပီသတင်း ထောက်များက လိုက်လံရေတွက်ခဲ့ရာ အလောင်းပေါင်း ၈၀ တွေ့ရှိခဲ့ရသည်ဟုဆို သည်။ အိမ်နီးချင်းနိုင်ငံများ၌ ခိုလှုံခွင့်ရရှိရေး ကြိုးပမ်းရန်အတွက် ထောင်နှင့်ချီသောနိုင်ငံ သားများသည် ပြင်သစ်နှင့် အာဖရိကတပ် များ တပ်စွဲထားသော ဘန်ဂွီလေဆိပ်ပရိဝုဏ် အတွင်း စုဝေးနေကြကြောင်းလည်းသိရသည်။


မင်ဒဲလား၏ ဈာပနအခမ်းအနားကို ဒီဇင်ဘာ ၁၅ ရက်တွင် ကျင်းပရန် သတ်မှတ်


Sunday, 08 December 2013
 

တောင်အာဖရိကသမ္မတ မင်ဒဲလား၏ အိမ်အပြင်ဘက်တွင် ၎င်းင်းသေဆုံးခြင်းအတွက် ဒီဇင်ဘာ ၆ ရက်က စုဝေးနေသော ၀မ်းနည်းနေသူများ

တောင်အာဖရိကသမ္မတ ဂျက်ကော့ဇူးမားက နယ်လ်ဆင်မင်ဒဲလား သေဆုံးခြင်းအတွက် ၀မ်းနည်းမှု အထိမ်းအမှတ်ကာလကို ၁၀ ရက်သတ်မှတ်ကြောင်းနှင့် မင်ဒဲလား ၏ အသုဘကို နိုင်ငံတော်ဈာပနအခမ်းအနားအဖြစ် ကျင်းပကာ ဒီဇင်ဘာ ၁၅ ရက်တွင် သင်္ဂြိုဟ်မည်ဖြစ်ကြောင်း ဒီဇင်ဘာ ၆ ရက် တွင် ကြေညာခဲ့သည်။

ဇူးမားက မင်ဒဲလားကို ကိတ်ဒေသအရှေ့ပိုင်း ကူနူအရပ်၌ သင်္ဂြိုဟ်မည် ဖြစ်ကြောင်းလည်း ကြေညာခဲ့သည်။ သူက " ကျွန်တော်တို့ နိုင်ငံတော်ရဲ့ ပြောင်မြောက်တဲ့ သားကောင်းနဲ့ နုနယ်တဲ့ နိုင်ငံရဲ့ဖခင်ဈာပနကို အကောင်းဆုံးဖြစ်အောင် ကျွန်aတ်ာတို့အားလုံး စုစုစည်းစည်းနဲ့ အတူတကွ လုပ်ဆောင်သင့်ပါတယ် " ဟု ပြောကြားခဲ့သည်။ ဇူးမားက ယခုတနင်္ဂနွေနေ့တွင် ကျင်းပမည့် ဆုတောင်းပွဲနေ့၌ ပါဝင်ကြရန်လည်း တောင်အာဖရိကနိုင်ငံသားများကို ဆော်သြခဲ့သည်။

သူက " ကျွန်တော်တို့ ဒီဇင်ဘာ ၈ ရက် ကိုအမျိုးသားဆုတောင်းပွဲနဲ့ အောက်မေ့ဖွယ်နေ့အဖြစ် ကြေညာထားပြီးပါပြီ။ ကျွန်တော်တို့ ပြည်သူတွေအားလုံးကို ခန်းမတွေ၊ ဘုရားကျောင်းတွေ၊ ဗလီတွေ၊ ကျောင်းတော်တွေ၊ ရဟူဒီဘာသာဝင်တွေရဲ့ အစည်းအဝေးခန်းမတွေနဲ့ နေအိမ်တွေမှာ မင်ဒဲလားအတွက်ဆုတောင်းမှု၊ ငြိမ်သက်ဂါရ၀ပြုမှုနဲ့ မင်ဒဲလားနဲ့ပတ်သက်ပြီး အောက်မေ့ဖွယ် အခမ်းအနားတွေ ပြုလုပ်ဖို့ ဆော်သြလိုက်ပါတယ် " ဟု ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၉ ရက် တနင်္လာနေ့တွင် မင်ဒဲလား၏ အုပ်ချုပ်မှုကိုဂုဏ်ပြုသောအားဖြင့် ပါလီမန်နှစ်ရပ်စလုံးကို အစည်းအဝေးပူးတွဲ ကျင်းပရန်အတွက်ခေါ်ယူထားသည်ဟု ဆိုသည်။

ဒီဇင်ဘာ ၁၀ ရက်တွင် မင်ဒဲလား အမှတ်တရ အခမ်းအနားကို ပရိသတ် ၉၀ç၀၀၀ ဆံ့ ဆိုဝေတိုအားကစားရုံ၌ ကျင်းပရန် စီစဉ်ထားသည်။ ကမ္ဘာတစ်ဝန်းမှ နိုင်ငံခေါင်းဆောင်အချို့သည် ယင်းအမှတ်တရ အခမ်းအနားသို့ တက်ရောက်မည်ဖြစ်ပြီး အချို့က ဒီဇင်ဘာ ၁၅ ရက်တွင်ပြုလုပ်မည့် နိုင်ငံတော်ဈာပနအခမ်းအနားသို့ တက်ရောက်ကြလိမ့်မည်ဆိုသည်။ အဆိုပါ အားကစားရုံသည် ၂၀၁၀ ပြည့်နှစ် ကမ္ဘာ့ဖလား ဖိုင်နယ်ပွဲ ကျင်းပခဲ့သည့်နေရာဖြစ်ပြီး မင်ဒဲလားကို လူအများရှေ့၌ နောက်ဆုံးအကြိမ်တွေ့မြင်ခဲ့ရသည့် နေရာလည်းဖြစ်သည်။

ဒီဇင်ဘာ ၁၁ ရက်မှ ၁၃ ရက်အထိ မင်ဒဲလား၏ ကြွင်းကျန်သော ရုပ်အလောင်းကို မြို့တော်ပရီတိုရီးယားရှိ အစိုးရအိမ်တော်တွင် ထားရှိသွားမည်ဖြစ်ကြောင်း ဇူးမားက ပြောကြားခဲ့သည်။ ထို့နောက် မင်ဒဲလား မွေးဖွားကြီးပြင်းခဲ့သည့် ကျေးလက်တောင်တန်းဒေသ Eastern Cape ရှိ ကူနူမြို့တွင် မြှုပ်နှံသွားမည်ဖြစ်သည်။

မင်ဒဲလား၏ ဈာပနအခမ်းအနားသို့ အမေရိကန်သမ္မတ ဘာရက်အိုဘားမားအပါအ၀င် ကမ္ဘာတစ်ဝန်းမှ နိုင်ငံ့ခေါင်းဆောင်များ၊ သမ္မတဟောင်း ဘီကလင်တန်ကဲ့သို့ မင်ဒဲလားနှင့်ရင်းနှီးသည့် ထင်ရှားကျော် ကြားသူများ တက်ရောက်မည်ဖြစ်သည်။

တွံတေးမြို့အ၀င် ပန်းလှိုင်တံတားအဆင်း မြေကွက်များပေါ် ၀င်ရောက်ခြံခတ် သူများနှင့် ဒေသခံ ခြံပိုင်ရှင်များ တစ်ဖက်နှင့်တစ်ဖက် တင်းမာမှု အရှိန်မြင့်တက်

Sunday, 08 December 2013



ပန်းလှိုင်မြစ်ကူးတံတားအနီး မြေနုကျွန်းမြေကွက်များပေါ် ကျူးကျော်သူများ ခြံခတ်နေစဉ် (ဓာတ်ပုံ - ကြည်နိုင်)

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့အ၀င် ပန်လှိုင်မြစ်ကူးတံတား အဆင်းရှိ မြေကွက်များ၊ မြေနုကျွန်းများပေါ် ၀င်ရောက်ခြံခတ် နေသူများနှင့် ဒေသခံ ခြံပိုင်ရှင်များ တစ်ဖက်နှင့်တစ်ဖက် တင်းမာမှု ဒီဇင်ဘာ ၅ ရက်မှစပြီး အရှိန်မြင့်တက်လျက်ရှိကြောင်း အဆိုပါ ခြံမြေများပေါ် ကျူးကျော်နေသူများ၏ ပြောကြားချက်အရ သိရသည်။

ဒီဇင်ဘာ ၅ ရက်၊ မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ယင်းမြေများပေါ် ခြံခတ်နေထိုင် သူများ၏ အပြောအရ ဒေသခံ ပိုင်ရှင်ဆိုသူတို့ စေလွှတ်လိုက်သော လက်နက်အချို့ ကိုင်ဆောင်ထားသည့် လူ ၂၀ ခန့်တို့ အပြန်အလှန် စကားများခဲ့ကြပြီး သက်ဆိုင်ရာ အာဏာပိုင်များက ၀င်ရောက်ဟန့်တားခြင်း မရှိကြောင်း၊ လက်ရှိတွင် ခြံခတ်နေထိုင် သူများမှာ အိမ်ထောင်စု ၃၀၀၀ ခန့်ရှိကြောင်း ကျူးကျော်ခြံခတ် နေထိုင်သူများကိုယ်စား ဦးကျော်ထက်နိုင်က ဆိုသည်။

"အခု ခြံခတ်နေတဲ့ ပြည်သူတွေက နာဂစ်တုန်းက နေစရာမရှိလို့ ဧရာဝတီတိုင်းဘက်ကနေ ဒီကိုပြောင်းလာပြီး လမ်းဘေးတွေမှာ တဲတွေဆောက်ပြီး နေကြတဲ့ သူတွေပါ။ ဆီးဂိမ်းစ်နီးလာလို့ဆိုပြီး အဲဒီနေရာတွေကနေ ပြောင်းခိုင်းတော့ ဒီနေရာတွေကို ရောက်လာတာပါ။ နေစရာမရှိတဲ့ ပြည်သူတွေကို ဘယ်သူတွေက တာဝန်ယူပေးမှာလဲ" ဟု ဦးကျော်ထက်နိုင်က ဆိုသည်။

ယင်းသို့ အပြန်အလှန် စကားများနေကြစဉ် လူ ၂၀ ဦးအဖွဲ့မှ လူတစ်ယောက်သည် ခေါင်းဆောင်ဖြစ်သူနှင့် တွေ့လိုကြောင်းပြောရာ တစ်ဖက်လူအုပ်ကြီးမှ ခေါင်းဆောင်မရှိကြောင်း၊ လက်ရှိ ဦးကျော်ထက်နိုင်ကိုလည်း ထုတ်မပေးနိုင်ကြောင်း ပြောကြားသည်။

"အခု ပြဿနာဖြစ်တဲ့ မြေတွေကို ဦးသာဆိုင်ဆိုတဲ့ လူတစ်ယောက် ပိုင်တယ်လို့ သိရတယ်။ ဒီလူတွေစပြီး ခြံတွေလာခတ်ကြတာ ဒီဇင်ဘာ ၁ ရက် ကတည်းကပါ။ ဦးသာဆိုင်ရဲ့ အမျိုးတွေ၊ သမီးဖြစ်သူတွေနဲ့လည်း အရင်နေ့တွေက ပြဿာနာတွေ တက်ကြသေးတယ်" ဟု ပန်းလှိုင်တံတားနှင့် ရေကျော်ကျေးရွာကြားရှိ ဒေသခံ ခြံပိုင်ရှင် တစ်ဦးက ဆိုသည်။

အဆိုပါ ပန်းလှိုင်တံတား အနီးတွင် ခလောက်ချိုက်နယ်မြေ ရဲစခန်းမှ ရဲကင်းတစ်ခုရှိပြီး ရဲတပ်သားအင်အား ခြောက်ဦးခန့်ရှိပြီး အရန်မီးသတ် တပ်ဖွဲ့ဝင်အချို့ ရှိနေသည်ကို တွေ့ရသည်။

"ကျွန်တော့်မြေတွေက အခု ၈၇ ဧကလောက် ကျယ်ပါတယ်။ သူကြီးစားမြေဆိုပြီး ဟိုးခေတ်တွေကနေ ဘိုးဘွားအဆက်ဆက်က ပိုင်ဆိုင်လာတဲ့ မြေတွေပါ။ ဒီမြေတွေပေါ်မှာ အုန်းပင် ၂၀၀ လောက် စိုက်ထားပါတယ်။ လူများစုက လူနည်းစုကို လာပြီးကျူးကျော်တာ မဖြစ်သင့်ပါဘူး" ဟု ယင်းမြေကွက်များကို ပိုင်ဆိုင်သော ပဒန်ရေကျော်ကျေးရွာမှ ဦးသာဆိုင် ဆိုသူက ဒီဇင်ဘာ ၅ ရက်တွင် ဆိုသည်။

ယခု အငြင်းပွား တင်းမာနေသော မြေကွက်များမှာ တွံတေးဘေးအခြမ်း ကွင်းအမှတ် ၁၅၃/ဘီ၊ ၀ဲပြန်ကွင်းရှိ ဦးပိုင်အမှတ် (၈၅)၊ (၈၆)နှင့် ဦးပိုင်အမှတ် N - 26 တို့ဖြစ်ပြီး ယင်းမြေကွက်များမှာ စက်မှုဇုန်ဆောက်ရန် ခွင့်ပြုချက် ရထားပြီး မြေများဖြစ်ကြောင်း ဦးသာဆိုင်က ဆိုသည်။

"ကျွန်တော်တို့ကို အထက်က တံတားလုံခြုံရေး အတွက်ပဲ ပြောထားတာ။ ကျန်တာဘာမှ မှာမထားဘူး။ ဘယ်လိုဆောင်ရွက် နေလဲဆိုရင် အထက်အရာရှိတွေပဲ သိပါတယ်" ဟု ပန်းလှိုင်တံတားအနီး ရဲကင်းမှ တာဝန်ကျ ရဲတပ်သား တစ်ဦးက ပြောကြားသည်။

EMG

ငွေကြေးဆိုင်ရာ နည်းပညာကူညီမည့် ဒုတိယမြောက် ဦးစားပေးနေရာတွင် မြန်မာနိုင်ငံရှိကြောင်း IMF ၏ စီမံခန့်ခွဲမှုဒါရိုက်တာ ပြောကြား နိုင်ငံတကာငွေကြေးဆိုင်ရာ အဖွဲ့အစည်း ( IMF ) မှ ငွေကြေးဆိုင်ရာနည်းပညာ ကူညီမည့် ဒုတိယဦးစားပေးနေရာတွင် မြန်မာနိုင်င်ငံ ရှိနေကြောင်း

  Sunday, 08 December 2013


IMF စီမံခန့်ခွဲမှုဒါရိုက်တာခရစ်စတင်းလာဂတ်ဂ်ျ ရှင်းလင်းပြောကြားနေစဉ်(ဓာတ်ပုံ-ကျော်ဇင်ဝင်း)

နိုင်ငံတကာငွေကြေးဆိုင်ရာ အဖွဲ့အစည်း ( IMF ) မှ ငွေကြေးဆိုင်ရာနည်းပညာ ကူညီမည့် ဒုတိယဦးစားပေးနေရာတွင် မြန်မာနိုင်င်ငံ ရှိနေကြောင်း IMF စီမံခန့်ခွဲမှုဒါရိုက်တာ ခရစ်စတင်းလာဂတ်ဂ်ျက ရန်ကုန်မြို့ ချက်ထရီရမ်ဟိုတယ် စာနယ်ဇင်းရှင်းလင်းပွဲတွင် ဒီဇင်ဘာ ၇ ရက်က ပြောကြားခဲ့သည်။

" မြန်မာနိုင်ငံကIMF ရဲ့ ငွေကြေးဆိုင်ရာ နည်းပညာကူညီမယ့် ဒုတိယဦးစားပေးနေရာမှာ ရှိနေပါတယ်။ကျွန်မတို့အနေနဲ့ ဒေသတွင်းနည်းပညာတွေ၊ စနစ်(Platform) တွေကို ထောက်ပံ့ပေးမှာ ဖြစ်ပါတယ် " ဟု IMF စီမံခန့်ခွဲမှုဒါရိုက်တာ ခရစ်စတင်လာဂတ်ဂ်ျက ပြောကြားသည်။

စီးပွားရေး၊ လူမှုရေးဆိုင်ရာအပြောင်းအလဲများ၊ နိုင်ငံခြားငွေကြေးလဲလှယ်မှုဗဟိုဘဏ် သီးခြားရပ်တည်မှုများတွင် IMF က များစွာကူညီပေးခဲ့ကြောင်းနှင့် Macroeconomic နှင့်ပတ်သက်သော လိုအပ်သည်များ အခြေအနေများဖန်တီးနိုင်ရေး၊ ကြွေးမြီများ နှင့်ပတ်သက်၍ ဖြေရှင်းနိုင်ရေး မြန်မာအာဏာပိုင်များနှင့် နီးကပ်စွာလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

IMF သည် မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများအလုပ်အကိုင်ရရှိမှုများ၊ နိုင်ငံတကာမှ ချေးငွေရရှိမှုများနှင့် စီးပွားရေးအလားအလာများ ဖန်တီးနိုင်မှုနှင့် စီးပွားရေးတည်ငြိမ်မှုများရရှိစေရေး ဆောင်ရွက်မှုများလည်း ရှိကြောင်း သိရသည်။

၎င်းအနေဖြင့် မြန်မာနိုင်ငံအပါအ၀င် ကမ္ဘောဒီးယားနိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ တို့အားသွားရောက်ခဲ့ပြီး ခရစ်စတင်းလာဂတ်ဂ်ျ သည်နိုင်ငံသုံးနိုင်ငံမှ နိုင်ငံခေါင်းဆောင်များ၊ အစိုးရအကြီးအကဲများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသမီးခေါင်းဆောင်များ၊ ကျောင်းသားများ၊ ဥာဏ်ကြီးရှင်အဖွဲ့မှ ကိုယ်စားလှယ်များ၊ ပုဂ္ဂလိကကဏ္ဍများနှင့် လူမှုအခြေပြုအဖွဲ့အစည်းများအား တွေ့ဆုံခဲ့သည်။

အဆိုပါခရီးစဉ်အား ဒီဇင်ဘာ ၂ ရက် တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ခရီးစဉ်၏နောက်ဆုံးနိုင်ငံဖြစ်သော မြန်မာနိုင်ငံသို့ ၆ ရက်တွင် ရောက်ရှိခဲ့သည်။ ယင်းနေ့တွင် ခရစ်စတင်းလာဂတ်ဂ်ျသည် မြန်မာအစိုးရဘက်မှ ဒုတိယသမ္မတ ဦးဥာဏ်ထွန်း၊ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဥက္ကဋ္ဌဦးကျော်ကျော်မောင်တို့နှင့် အခြားသောဌာနဆိုင်ရာမှ အကြီးအကဲများနှင့်လည်း နေပြည်တော်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၇ရက်တွင်လည်း မြန်မာအမျိုးသမီးဖိုရမ်သို့ တက်ရောက်ခဲ့ပြီး စီးပွားရေးနယ်ပယ်အတွင်း အမျိုးသမီးများ၏ကဏ္ဍအား အသားပေးဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဆက်လက်ပြီး ၎င်းအနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်နှင့်လည်း မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသော ပြောင်းလဲမှုများကို ဆွေးနွေးခဲ့ကြောင်းသိရသည်။ ထို့ပြင် ရန်ကုန်စီးပွားရေးတက္ကသိုလ် တွင်လည်း တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများကို မိန့်ခွန်းပြောကြားခဲ့ပြီး စီးပွားရေးပညာရပ်ဆိုင်ရာ စာအုပ်စာတမ်းများလည်း လှူဒါန်းခဲ့ကြောင်း သိရသည်။

EMG

Ctiy Mart ပိုင်ရှင်မိသားစုနှင့် ဆက်နွှယ်နေသော သာကေတ စက်မှုဇုန် ဂိုဒေါင်အား စစ်ဆေးရာတွင် တွေ့ရှိထားသော ၀ိုင်၊ အရက် အားလုံးအတွက် တရားဝင် တင်သွင်းခွင့် အထောက်အထား မူရင်းများ လက်ရှိအချိန်ထိ မပြနိုင်သေး

Sunday, 08 December 2013


သာကေတစက်မှုဇုန်ရှိ Mobile Team ၀င်ရောက်စစ်ဆေးနေသည့် ဂိုဒေါင်အားတွေ့ရစဉ်

City Mart ပိုင်ရှင် မိသားစုပိုင် Premium Food Service Products ကုမ္ပဏီမှ လုပ်ကိုင်နေသည့် သာကေတစက်မှုဇုန် ဂိုဒေါင်တစ်လုံးကို စစ်ဆေးရာတွင် တွေ့ရှိထားသော ၀ိုင်၊ အရက် အားလုံးအတွက် တရားဝင် တင်သွင်းခွင့် အထောက်အထား မူရင်းများ လက်ရှိအချိန်ထိ မပြနိုင်သေးကြောင်း တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့မှ သိရသည်။

တိုင်ကြားချက်အရ ဒီဇင်ဘာ ၄ ရက်ကတည်းက ၀င်ရောက်ရှာဖွေ စစ်ဆေးခဲ့ရသော သာကေတ စက်မှုဇုန် မြမာလာလမ်းအတွင်းရှိ Premium Food Service Products ကုမ္ပဏီလီမိတက် အမည်ဖြင့် ငှားရမ်းလုပ်ကိုင်နေသော ဂိုဒေါင်အတွင်း ဒီဇင်ဘာ ၆ ရက်အထိ စစ်ဆေးချက်တွင် နိုင်ငံခြားဖြစ် ၀ိုင် ပုလင်း ၈၅၀၀၀၊ အရက် ပုလင်း ၁၀၀၀ ကျော်နှင့် အေးခဲအသား ၃၅ တန်တို့ကို စစ်ဆေးတွေ့ရှိထားကြောင်း သိရသည်။

သို့သော်အေးခဲအသားနှင့် ပတ်သက်သော အထောက်အထားများသာပြနိုင်ပြီး ကျန်ရှိသည့် ၀ိုင်၊ အရက်ပုလင်းနှင့် ပတ်သက်သော တရားဝင်တင်သွင်းခွင့် ရရှိသည့် အထောက်အထား မူရင်းများကိုမူ ရှာဖွေစစ်ဆေးသည့် သုံးရက်မြောက်အထိ ပြသနိုင်ခြင်းမရှိသေးကြောင်း ရှာဖွေစစ်ဆေးမှုကို ဦးစီးဆောင်ရွက်နေသည့် Mobile Team မှ ဦးဝင်းလွင်က ဒီဇင်ဘာ ၇ ရက်က ပြောကြားသည်။

ဦးဝင်းလွင်က "အေးခဲအသားတွေနဲ့ ပတ်သက်လို့ သုံးဦးတင်သွင်းထားတယ်ဆိုတဲ့ အချက်ကိုပဲ ပြနိုင်သေးတယ်။ကျန်တဲ့ ၀ိုင်၊ အရက်နဲ့ ပတ်သက်တဲ့အပိုင်းတွေမှာတော့ မိတ္တူလောက်ပဲ ပြနိုင်တယ်"ဟု ပြောကြားသည်။

Mobile Team ဗဟိုအဖွဲ့ချုပ်သို့ တင်ပြထားပြီး တရားဝင် အထောက်အထားများပြရန် တစ်ရက်ထပ်မံတိုးပေးပြီး ယင်းအချိန်အတွင်း မပြနိုင်ပါက တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့၏ ဥပဒေအတိုင်း ဆက်လက် လုပ်ဆောင်သွားမည်ဟု သိရ . . .


ယင်းအတွက် Mobile Team ဗဟိုအဖွဲ့ချုပ်သို့ တင်ပြထားပြီး တရားဝင် အထောက်အထားများပြရန် တစ်ရက်ထပ်မံတိုးပေးပြီး ယင်းအချိန်အတွင်း မပြနိုင်ပါက တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့၏ ဥပဒေအတိုင်း ဆက်လက် လုပ်ဆောင်သွားရန် အကြောင်းကြားမည်ဟု သိရသည်။

City Mart Holding ကုမ္ပဏီအုပ်ချုပ်မှု ဒါရိုက်တာ ဒေါ်ဝင်းဝင်းတင့်က"ကျွန်မတို့ဆီက ဘာမှအထောက်အထား မပြည့်စုံလို့ လာတင်ပြပါဆိုပြီး အကြောင်းကြားမှုတွေ မရှိသေးဘူး"ဟု ဒီဇင်ဘာ ၇ ရက် မွန်းလွဲပိုင်းက ဆိုသည်။

တွေ့ရှိရသည့် ပစ္စည်းများနှင့် ပတ်သက်၍ City Mart ပိုင်ရှင် ဒေါ်ဝင်းဝင်းတင့်မှ လိုက်လံဖြေရှင်းပေးလျှက်ရှိပြီး Premium Food Service Products ကုမ္ပဏီမှာ မိသားစုလုပ်ငန်းအဖြစ် လုပ်ကိုင်နေကြောင်း City Mart Holding ကုမ္ပဏီအုပ်ချုပ်မှု ဒါရိုက်တာ ဒေါ်ဝင်းဝင်းတင့်က ဒီဇင်ဘာ ၄ ရက်က ပြောကြားသည်။

ယင်းသို့ဖြစ်ပေါ်ပြီးနောက် City Mart Holding လက်အောက်ရှိ City Mart၊ Ocean၊ City Express ဆိုင်များတွင် အရက်၊ ဘီယာ၊ ၀ိုင်ရောင်းချမှုများကို ယာယီရပ်ဆိုင်းလိုက်ကြောင်း City Mart Holding ကုမ္ပဏီ အုပ်ချုပ်မှု ဒါရိုက်တာ ဒေါ်ဝင်းဝင်းတင့်က ဒီဇင်ဘာ ၆ ရက်က ပြည်တွင်း မီဒီယာအချို့အား ပြောကြားခဲ့ကြောင်းလည်း သိရသည်။

စစ်ဆေးမှုအတွင်း ၀ိုင်ပုလင်းများမှာ အမျိုးပေါင်း ၆၀ ခန့်ရှိပြီး ၀ိုင်ပုလင်းဖာများကို အလုံပိတ် အခန်းများ၊ ကွန်တိန်နာဘောက်များနှင့် ဂိုဒေါင်များကို အခန်းဖောက်ကာ ထည့်သွင်းထားပြီး ခန့်မှန်းပေ ၂၀၀ ပတ်လည်ခန့် အပြည့်ရှိကြောင်း Mobile Team မှ ၀င်ရောက်ရှာဖွေ စစ်ဆေးသည့် ကာလတစ်လျှောက်တွင် အများဆုံးအဖြစ် သတ်မှတ်နိုင်ပြီး ၀ိုင်ပုလင်းများမှာ တန်ဖိုးကြီး အမှတ်တံဆိပ်များဖြစ်ကာ အမေရိကန်၊ ပြင်သစ်၊ အီတလီ၊ သြစတြေးလျ၊ တောင်အာဖရိက နိုင်ငံထုတ်များ ဖြစ်ကြောင်း သိရသည်။

စီးတီးမတ် အရောင်းဆိုင်များတွင် တစ်ရက်လျှင် အရက်၊ ဘီယာ၊ ၀ိုင်နှင့် စီးကရက် ကျပ်သိန်း ၃၀ ခန့်ရောင်းချပေးနေရသည်ဟု ဆိုထားပြီး ရန်ကုန်နှင့် မန္တလေးမြို့များတွင် စီးတီးမတ်အရောင်းဆိုင် ၂၀ ၊ Ocean Super Center City Mart Holding ဆိုင်ခွဲပေါင်း ငါးဆိုင်နှင့် City Express ဆိုင်ခွဲပေါင်း ၂၆ ဆိုင် ဖွင့်လှစ် ရောင်းချလျှက်ရှိကြောင်း သိရသည်။ သာကေတ စက်မှုဇုန်ရှိ ဂိုဒေါင်အတွင်းရှိ ၀ိုင်ပုလင်းများ တရားဝင် ဟုတ်မဟုတ်ကို စစ်ဆေးနေစဉ် ဒီဇင်ဘာ ၆ ရက်က နိုင်ငံခြားဖြစ် အရက်ပုလင်း ၁၀၀၀ ခန့် ထပ်မံတွေ့ရှိခဲ့ကြောင်း တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့ Mobile Team မှ သိရသည်။

EMG

ကျောက်ဖြူ အထူးစီးပွားရေးဇုန်တွင် တရုတ်လုပ်ငန်းရှင်များ လာရောက် ရင်းနှီးမြှုပ်နှံရန် နှစ်နိုင်ငံကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေးပွဲ၌ မြန်မာဘက်က တိုက်တွန်း

  Sunday, 08 December 2013


တရုတ်နိုင်ငံ ရွှေလီမြို့ရှိ ကျင်းချိန်ဟိုတယ်တွင် ပြုလုပ်သော တရုတ်-မြန်မာ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု(ရွှေလီ) ဆွေးနွေးပွဲအား တွေ့ရစဉ်

မြန်မာနိုင်ငံတွင် အထူးစီးပွားရေးဇုန်သုံးခုကို အကောင်အထည် ဖော်လျှက်ရှိရာ ကျောက်ဖြူ အထူးစီးပွားရေးဇုန်သည်လည်း တစ်ခုအပါအ၀င် ဖြစ်ကြောင်း၊ ကျောက်ဖြူ အထူးစီးပွားရေးဇုန်တွင် ရေနက်ဆိပ်ကမ်း စီမံကိန်းလည်း ပါဝင်ကြောင်း၊ မကြာမီတွင် ကျောက်ဖြူ-ကူမင်း ရထားလမ်း စီမံကိန်းဖောက်လုပ်ရန် အစီအစဉ်ရှိသဖြင့် ကျောက်ဖြူအထူး စီးပွားရေးဇုန်တွင် တရုတ်စီးပွားရေး လုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံရန် တိုက်တွန်းကြောင်း တရုတ်နိုင်ငံ၊ ရွှေလီမြို့ရှိ ကျင်းချိန်ဟိုတယ်တွင် ဒီဇင်ဘာ ၇ ရက်က ကျင်းပပြုလုပ်သည့် တရုတ်-မြန်မာကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု (ရွှေလီ) ဆွေးနွေးဖလှယ်ပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။

" ကျောက်ဖြူ အထူးစီးပွားရေးဇုန်မှာ ရေနက်ဆိပ်ကမ်းပါဝင်မှာ ဖြစ်ပြီးတော့ ကျောက်ဖြူကနေ တရုတ်နိုင်ငံ ကူမင်းမြို့အထိကို ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများ သွယ်တန်းထားရှိပြီး ဖြစ်ပါတယ်။ မကြာခင်မှာ ရထားလမ်းလည်း ဖောက်လုပ်ဖို့ အစီအစဉ်အတွက်ကြောင့်မို့လို့ တရုတ်စီးပွားရေး လုပ်ငန်းရှင်များအနေနဲ့ ကျောက်ဖြူ အထူးစီးပွားရေးဇုန်ဟာ အထူးစဉ်းစား ဆောင်ရွက်သင့်တဲ့ အထူးစီးပွားရေး ဇုန်တစ်ခု ဖြစ်တယ်ဆိုတာ ကျွန်တော့်အနေနဲ့ တိုက်တွန်း ပြောကြားလိုပါတယ်" ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားခဲ့သည်။

လက်ရှိအခြေအနေတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသည် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်တွင် မြန်မာနိုင်ငံအတွက် အဓိက ကုန်သွယ်ဖက် နိုင်ငံတစ်ခုဖြစ်သကဲ့သို့ ရင်းနှီးမြှုပ်နှံမှုတွင်လည်း မြန်မာနိုင်ငံတွင် အများဆုံး ရင်းနှီးမြှုပ်နှံသည့် နိုင်ငံတစ်ခုဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် မြန်မာနိုင်ငံအတွက် အရေးအကြီးဆုံး မိတ်ဖက်နိုင်ငံ ဖြစ်ကြောင်းလည်း ဦးအောင်နိုင်ဦးက ဆက်လက် ပြောကြားခဲ့သည်။

"လက်ရှိအချိန်တွင် နိုင်ငံတော်၏ အခြေခံ အဆောက်အအုံများ ပြည့်စုံကောင်းမွန်ရေးအတွက် စီမံကိန်းများချမှတ်ပြီး ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်လျှက်ရှိသော နိုင်ငံလည်း ဖြစ်ပါတယ်။ သို့ပါ၍ တရုတ်နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်၍ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဆောင်ရွက်ရန် အကောင်းဆုံးအချိန် ဖြစ်ပါကြောင်း ဖိတ်ခေါ် ပြောကြားလိုပါတယ်"ဟု ဦးအောင်နိုင်ဦးက ဆက်လက် ပြောကြားသည်။

ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံသို့ ပို့လွှတ်နေပြီ ဖြစ်သော်လည်း လက်ရှိအချိန်ထိ အဆိုပါ စီမံကိန်းနှင့် ပတ်သက်သည့် မြေယာသိမ်းဆည်းခံရမှု ပြဿနာများ၊ လျော်ကြေးငွေ အကျေအလည် မရရှိမှု ပြဿနာများ ပိုက်လိုင်းသွယ်တန်းရာ တစ်လျှောက်ရှိ ဒေသခံများအကြား ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံသို့ ဆက်သွယ်မည့် ကျောက်ဖြူ-ကူမင်း ရထားလမ်းစီမံကိန်းနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံမှ စီမံကိန်း ဆောင်ရွက်နိုင်ရန် ကမ်းလှမ်းမှု ရှိသော်လည်း လွှတ်တော်နှင့် ပြည်သူလူထုသို့ ချပြပြီးမှသာ ဆောင်ရွက်ရန် သင့်မသင့် စဉ်းစားမည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ အထွေထွေမန်နေဂျာ ဦးမြင့်ဝေက ပြောကြားသည်။

EMG

ကချင်ပြည်နယ် မန်စီမြို့နယ်အတွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့်ရွာပေါင်း ၁၃ ရွာမှ လူဦးရေ ၁၃၀၀၀ ကျော် ဒုက္ခသည်အဖြစ် ထွက်ပြေးနေရ

 Sunday, 08 December 2013


မန်စီမြို့နယ် စီခမ်းကြီးကျေးရွာ ဇရပ်တစ်ခုတွင် ရွှေ့ပြောင်းခိုလှုံလာသူများကို နိုဝင်ဘာလကုန်ပိုင်းက တွေ့ရစဉ်(ဓာတ်ပုံ-ထွန်းလင်းအောင်)

ကချင်ပြည်နယ် မန်စီမြို့နယ်အတွင်းတွင် အောက်တိုဘာလနှောင်းပိုင်းမှစတင်ကာ အစိုးရတပ်များနှင့် ကချင်လွတ်မြောက်ရေးတပ်မတော်တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့သောကြောင့် ရွာပေါင်း ၁၃ ရွာမှ လူဦးရေ ၁၃၀၀၀ ကျော်ဒုက္ခသည်များအဖြစ် ထွက်ပြေးနေရသည်ဟု ကချင်ငြိမ်းချမ်းရေးကွန်ရက်က ပြောကြားသည်။

ကချင်စစ်ဘေးဒုက္ခသည်များအရေး ဆောင်ရွက်နေသည့် ကချင်ပြည်နယ် မိုင်ဂျာယန်ဒေသအခြေစိုက် ၀မ်ပေါင်နိမ်ထွဲ ခေါ် အရပ်ဘက်လူ့အဖွဲ့အစည်းနှင့် ကချင်ငြိမ်းချမ်းရေးကွန်ရက်တို့က ဒီဇင်ဘာ ၇ ရက်က ရန်ကုန်မြို့၌ မန်စီမြို့နယ်အတွင်း တိုက်ပွဲများနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲပြုလုပ်ရာတွင် အဆိုပါအချက်ကို ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

" တိုက်ပွဲအကြိမ်ရေ ဘယ်လောက်ဖြစ်သလဲဆိုတာတော့ တိတိကျကျ မပြောနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တိုက်ပွဲတွေက ဆက်ဖြစ်နေတာမို့လို့ပါ။ လူဦးရေ ၁၃၀၀၀ ကျော်ဆိုတာကတော့ အောက်တိုဘာလ နှောင်းပိုင်းမှာ ထွက်ပြေးသွားတဲ့ ရွာအားလုံးရဲ့လူဦးရေကို ခန့်မှန်းထားတာပါ။ ဘယ်ရွာမှာ လူဦးရေဘယ်လောက်ရှိတယ်ဆိုပြီး ခန့်မှန်းထားတာပါ။
တချို့ကတော့ ပြန်လာပြီး တောင်ယာတဲလေးတွေမှာ သွားနေနေတာတွေလည်း ရှိပါတယ်"ဟု ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ဒေါ်ခွန်ဂျာက ပြောကြား သည်။

အဆိုပါတိုက်ပွဲများမှာ အစိုးရစစ်တပ်ဘက်မှ အောက်တိုဘာနှောင်းပိုင်းအတွင်း သစ်ခိုးထုတ်ခြင်းများကို လိုက်လံဖမ်းဆီးရာမှ စတင်ခြင်းဖြစ်သည်ဟု အစိုးရဘက်မှ ပြောကြားထားပြီး ကချင်ငြိမ်းချမ်းရေးကွန်ရက်ကမူ မန်စီမြို့နယ်အတွင်း၌ ခိုးထုတ်စရာသစ်များမရှိတော့ဘဲ စစ်ကိုင်း၊ မန္တလေးဘက်မှ တက်လာသည့် သစ်များသာဖြစ်ကြောင်း ရှင်းလင်းသည်။ စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများသည် မန္တလေး- ဗန်းမော် မီးရထားလမ်းသို့ တရုတ်နိုင်ငံဘက်မှ ရထားလမ်းလာရောက်ဆက်သွယ်သည့်လမ်းကြောင်း တစ်လျှောက်ဖြစ်နေခြင်းဖြစ်ကြောင်းနှင့် လက်ရှိအချိန်ထိလည်း အဆိုပါလမ်းကြောင်း အတိုင်းသာဖြစ်ပွားနေခြင်းဖြစ်သည်ဟု ဒေါ်ခွန်ဂျာက ပြောကြားသည်။

ကချင်လွတ်မြောက်ရေးတပ်မတော်နှင့် အစိုးရတို့အကြား ၁၇ နှစ်ကျော်ကြာ အပစ်အခတ်ရပ်စဲထားခဲ့ရာမှ လက်ရှိအစိုးရလက်ထက် ၂၀၁၁ ခုနှစ် ဇွန်လမှစတင်ကာ တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့သည်။

မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို စောင့်ကြည့်လေ့လာသော အဖွဲ့တစ်ဖွဲ့ဖြစ်သည့် Myanmar Peace Monitor ၏ ၂၀၁၃ ခုနှစ် အစီရင်ခံစာအရ ၂၀၁၁ ခုနှစ်နှင့် ၂၀၁၂ ခုနှစ် အတွင်း ကချင်ပြည်နယ်၌ ဖြစ်ပေါ်ခဲ့သော အစိုးရနှင့် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)တို့၏ တိုက်ပွဲများကြောင့် KIO ထိန်းချုပ်နယ်မြေအတွင်း ဒုက္ခသည်စခန်း အသစ်များပေါ်ပေါက်ခဲ့ပြီး စစ်ပြေးဒုက္ခသည် အရေအတွက် ၁၀၀၀၀၀ ကျော်ရှိခဲ့ကြောင်း သိရသည်။

ထိုတိုက်ပွဲများကြောင့်ပင် အစိုးရထိန်းချုပ်နယ်မြေများဖြစ်သော မြစ်ကြီးနား၊ ၀ိုင်းမော်အစရှိသော မြို့များတွင်လည်း စစ်ပြေးဒုက္ခသည်စခန်းများပေါ်ပေါက်ခဲ့ပြီး ခိုင်မာသော သတင်းရင်းမြစ်များ၏ အဆိုအရမူ ကချင်ပြည်နယ်တွင် စစ်ပြေးဒုက္ခသည် ၂၀၀၀၀၀ ကျော်ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

EMG

BMW ကားကုမ္ပဏီ၏ အရောင်းပြခန်း၊ ၀န်ဆောင်မှုစင်တာနှင့် ယာဉ်အပိုပစ္စည်းများ ပါဝင်သော S3 စင်တာရန်ကုန်မြို့၌ ၂၀၁၄ ခုနှစ်အတွင်း ဖွင့်လှစ်ရန် စီစဉ်



Sunday, 08 December 2013


ကနေဒါနိုင်ငံရှိ BMW ၏ မော်တော်ယာဉ် အရောင်းပြခန်းကို တွေ့ရစဉ် (devitt-forand.com)

ဂျာမနီအခြေစိုက် BMW ကားကုမ္ပဏီ၏ အရောင်းပြခန်း၊ ၀န်ဆောင်မှုစင်တာနှင့် ယာဉ်အပိုပစ္စည်းများ ပါဝင်သော S3 စင်တာကို ရန်ကုန်မြို့၌ ၂၀၁၄ ခုနှစ်အတွင်း ဖွင့်လှစ်ရန် စီစဉ်နေကြောင်း Prestige Auto-mobiles Co.,Ltd မှ သိရသည်။

Octagon International Service ကုမ္ပဏီမှ Public Relation ဒေါ်စန်းစန်းမြင့်က" BMW ကားကုမ္ပဏီရဲ့ S3 စင်တာကို ၂၀၁၄ ခုနှစ်အတွင်း ရန်ကုန်မြို့မှာ ဖွင့်လှစ်ဖို့ စီစဉ်နေပါတယ်။ BMW ကုမ္ပဏီက တိုက်ရိုက်တင်သွင်းပြီး မြန်မာနိုင်ငံမှာ BMW ကားတွေကို ရောင်းချမှာပါ" ဟု ပြောကြားသည်။

Prestige Automobiles Co.,Ltd သည် BMW ကုမ္ပဏီထုတ် မော်တော်ယာဉ်များကို မြန်မာနိုင်ငံ၏ တစ်ဦးတည်း ကိုယ်စားအဖြစ် တင်သွင်းဖြန့်ချိ ရောင်းချရန် BMW ကုမ္ပဏီနှင့် သဘောတူညီမှု ရရှိထားပြီး BMW Group ၏ သတ်မှတ်ထားသော စံချိန်စံညွှန်းအညီ BMW Car Show Room နှင့် အဆင့်မီ Tools & Equipment များအသုံးပြု၍ ၀န်ဆောင်မှုပေးမည့် Workshop စသည်တို့ကို BMW ၏ နည်းပညာအတိုင်း ဆောင်ရွက်သွားမည် ဖြစ်သည်။

"Prestige Automobiles Co., Ltd က BMW ရဲ့ အရည်အသွေးပြည့်မီသော နောက်ဆုံးပေါ် ကားသစ်များ၊ အဆင့်မြင့် ၀န်ဆောင်မှုတွေနဲ့ ကားသုံးစွဲသူတွေကို BMW ရဲ့ 'Sheer Driving Pleasure' ကို အကောင်းဆုံး ဆောင်ကြဉ်းပေးနိုင်မယ်လို့ ယုံကြည်ပါတယ်"ဟု BMW Group Asia ၏ အုပ်ချုပ်မှု ဒါရိုက်တာ Mr.Neil Fiorentinos က ပြောကြားသည်။

BMW ကုမ္ပဏီသည် ဂျာမနီနိုင်ငံ မြူးနစ်မြို့တွင် အခြေစိုက်ပြီး ၁၉၁၆ ခုနှစ် မတ်တွင် စတင်တည်ထောင်ခဲ့သည်။ BMW ကုမ္ပဏီသည် ဇိမ်ခံကားများ၊ မော်တော်ဆိုင်ကယ်နှင့် စက်ဘီးများ ထုတ်လုပ်လျှက်ရှိသည်။ BMW ကုမ္ပဏီ၂၀၁၂ ခုနှစ်အတွင်း မော်တော်ယာဉ် ၁ ဒသမ ၈သန်းကျော် ထုတ်လုပ်ထားပြီး မြန်မာနိုင်ငံတွင်လည်း ကျော်ကြားသည့် မော်တော်ယာဉ် အမှတ်တံဆိပ်တစ်ခု ဖြစ်သည်။ BMW ကားများကို တင်သွင်းဖြန့်ချိခွင့် ရရှိသော Prestige Automobiles Co., Ltd သည် Octagon International Service ကုမ္ပဏီ၏ ညီနောင်ကုမ္ပဏီ တစ်ခုဖြစ်ကြောင်း သိသည်။

သစ်ထုတ်လုပ်ရေးနှင့်ဆိုင်သော မူဝါဒများ သတ်မှတ်ထုတ်ပြန်ပေးခြင်း မရှိသေးသည့်အတွက် သစ်လုပ်ငန်းရှင်များ ဈေကွက်အခြေအနေအား သုံးသပ်ရန် ခက်ခဲနေ

Sunday, 08 December 2013


ပြည်ပတင်ပို့မည့် သစ်လုံးများအား သီလ၀ါဆိပ်ကမ်းတွင် တွေ့ရစဉ်

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန မြန်မာသစ်လုပ်ငန်းဘက်က ယခုလက်ရှိအချိန်ထိ သစ်ထုတ်လုပ်ရေးနှင့် သက်ဆိုင်သော မူဝါဒများ ထုတ်ပြန်ခြင်း မရှိသေးသည့်အတွက်ကြောင့် သစ်လုပ်ငန်းရှင်များဘက်မှ ဈေးကွက်အခြေအနေကို ခန့်မှန်းရခက်နေကြောင်း သိရသည်။

"မူဝါဒတွေ မထွက်သေးတဲ့အတွက် သစ်ကို ဘယ်လိုထုတ်မယ်၊ ဘယ်လိုခုတ်မယ်ဆိုတဲ့ ဟာတွေကို အခုချိန်ထိ သစ်လုပ်ငန်းရှင်တွေက မသိရသေးဘူး။ အဲလိုမူဝါဒတွေ မသိရသေးလို့ ဈေးကွက်ကို သုံးသပ်ဖို့ ခက်နေသေးတယ်။ တစ်နှစ်ကို သစ်တန်ချိန် ဘယ်လောက်ထုတ်မယ်ဆိုတာကို အခုချိန်ထိ သစ်လုပ်ငန်းရှင်တွေကို အစိုးရက ချမပြသေးဘူး"ဟု မြန်မာနိုင်ငံ သစ်လုပ်ငန်းများအသင်းမှ အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။

လာမည့် ၂၀၁၄ခုနှစ် ဧပြီမှစ၍ မြန်မာနိုင်ငံမှ သစ်အလုံးလိုက် ပြည်ပသို့ တင်ပို့မှုအား ရပ်တန့်မည် ဖြစ်ခြင်းကြောင့် မြန်မာ့သစ် ပြည်ပတင်ပို့မှု ဈေးကွက်သည် ပြောင်းလဲမှု ကြီးမားနိုင်ကြောင်း သိရသည်။

"၂၀၁၄ ဧပြီမှာ သစ်လုံးလိုက်တင်ပို့မှု ရပ်သွားမယ်ဆိုရင် ဈေးကွက်က ပုံစံပြောင်းသွားနိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း အဲဒီဈေးကွက်ကို ချိန်ဆနေတုန်းပါပဲ။အိန္ဒိယတို့လို ကုန်ကြမ်းအများကြီးယူတဲ့ နိုင်ငံတွေအနေနဲ့ ကျွန်တော်တို့ဆီကနေ ဘာဝယ်မလဲဆိုတာကို လေ့လာမှုတွေ လုပ်နေတယ်။ ချိန်ဆကြည့်နေတယ်။ ၂၀၁၄ မှာ သစ်ဈေးကွက်က ပုံစံတော်တော်လေး ပြောင်းသွားနိုင်ပါတယ်"ဟု မြန်မာနိုင်ငံ သစ်လုပ်ငန်းများအသင်းမှ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးဘာဘာချိုက ပြောကြားသည်။

မြန်မာနိုင်ငံ၏ သစ်ဈေးကွက် အခြေအနေမှာတော့ သစ်လုံးဈေးကွက်နှင့် သစ်အချောထည် ဈေးကွက်များဟူ၍ ရှိကြောင်း၊ သစ်လုံးများအား အဓိကအိန္ဒိယသို့ တင်ပို့ပြီး သစ်ခွဲသားအများစုကို မလေးရှား၊ ထိုင်းနှင့် ဥရောပနိုင်ငံများသို့ တင်ပို့ကြောင်း သိရသည်။

"သစ်လုံးဈေးကွက်က ပျောက်သွားမှာပါ။ ဥရောပကတော့ ပစ္စည်းတွေကို ဆက်ဝယ်နေမယ်။ အိန္ဒိယတို့က ကုန်ကြမ်းဝယ်လို့ မရတဲ့အတွက် တစ်ဝက်တစ်ပြက် ကုန်ချောတွေကို ၀ယ်မလားဆိုပြီး ကျွန်တော်တို့ အနေနဲ့ မှန်းဆနေရတယ်။ တင်သွင်းကုန် အခွန်ရာခိုင်နှုန်းတွေလည်း ပြောင်းလဲနိုင်ပါတယ်" ဦးဘာဘာချိုက ပြောကြားသည်။

ယခုလက်ရှိအချိန်ထိတော့ သစ်အချောထည်များကို ယခင်အတိုင်း တင်ပို့နေဆဲဖြစ်ကြောင်း၊ အိန္ဒိယ သစ်ကုန်သည်များလည်း ယခင်ဝယ်ယူထားသော ကုန်ကြမ်းများစွာ ရှိနေကြသေးသော်လည်း မြန်မာနိုင်ငံမှ သစ်လုံးကုန်ကြမ်း ၀ယ်ယူမှုများ ဆက်လက်ရှိနေသေးကြောင်း သိရသည်။

EMG

မိကျောင်းကန် သပိတ်စခန်းအား ဒီဇင်ဘာ ၉ ရက် ညနေ ၆ နာရီ နောက်ဆုံးထား ရုပ်သိမ်းရန် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးနှင့် တပ်မြို့စည်ပင်က အသိပေးချက် ထုတ်ပြန်

Sunday, 08 December 2013


ဒီဇင်ဘာ ၇ ရက် ည ၁၀ နာရီခွဲခန့်က မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တပ်မြို့စည်ပင်တို့၏ အသိပေး ထုတ်ပြန်ချက်များကို သပိတ်စခန်းအနီး ကပ်နေစဉ်

မိကျောင်းကန် သပိတ်စခန်းအား ဒီဇင်ဘာ ၉ ရက် ညနေ ၆ နာရီ နောက်ဆုံးထား၍ ဖယ်ရှားရန် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးနှင့် တပ်မြို့စည်ပင်တို့က ဒီဇင်ဘာ ၇ ရက် ည ၁၀ နာရီခွဲ အမိန့်ထုတ်ပြန်ခဲ့သည်။

ယင်းအမိန့်အား သပိတ်စခန်း ဖွင့်လှစ်ရာအနီး ည ၁၀ နာရီခွဲခန့်တွင် လာရောက်ကပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါအမိန့်စာထဲ၌ "ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန် အပိုင်း(၁) ၊ ဝေဇယန္တာလမ်းရှိ မြစာရံအေး စေတီအနီးတွင် ခွင့်ပြုချက်မဲ့ ဆန္ဒထုတ်ဖော်ခြင်းသည် ရက်ကြာလာသည့်အတွက် ပတ်ဝန်းကျင်ရှိ အများပြည်သူတို့အား စိတ်အနှောင့်အယှက် ဖြစ်ပေါ်စေပြီး ဥပဒေနှင့် မညီညွတ်သော အစုအဝေးဖြစ်ကြောင်း သုံးသပ်ရရှိသဖြင့် ဒီဇင်ဘာ ၉ ရက် ညနေ ၆ နာရီ နောက်ဆုံးထား ဖယ်ရှားပေးရန်နှင့် လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေနှင့် ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း" ဖော်ပြပါရှိပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး၏ လက်မှတ်ပါရှိသည်။



အလားတူ တပ်မြို့စည်ပင်သာယာရေး ကော်မတီကလည်း တပ်မတော်ပိုင် ခြံစည်းရိုးရှေ့ဘက်တွင် ဖွင့်လှစ်ထားသည့် သပိတ်စခန်းအား လုံခြုံရေးအရ ဆက်လက်ခွင့် မပြုနိုင်ပါကြောင်းနှင့် ဒီဇင်ဘာ ၉ ရက် ညနေ ၆ နာရီ နောက်ဆုံးထား ဖယ်ရှားပေးရန်နှင့် ဖယ်ရှားခြင်းမပြုပါက ဆန္ဒထုတ်ဖော်သူများအားလုံးကို တည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အမိန့်စာ ထုတ်ပြန်ခဲ့ပြီး တပ်မြို့စည်ပင်သာယာရေး အဖွဲ့ရုံး(ရန်ကုန်)၏ အတွင်းရေးမှူးက လက်မှတ်ရေးထိုးထားသည်။ သပိတ်မှောက်သူများဘက်ကမူ ၎င်းတို့အနေဖြင့် ဆက်လက်ဆန္ဒပြသွားမည် ဖြစ်ကြောင်း ပြောကြားကြသည်။ မြေကွက်ပြန်လည်ရရှိရေး ဆန္ဒပြသူတစ်ဦးဖြစ်သည့် ဒေါ်မာချိုက "အန်တီတို့ဘက်ကတော့ နှစ်နဲ့လနဲ့ ချီရင်ချီသွားပါစေ။ ဒီနေရာက မထဘူး။ တကယ်လို့ သူတို့ဘက်က အကြမ်းဖက် ဖြိုခွင်းလာရင်လည်း အသက်အသေခံ တိုက်ပွဲဝင်သွားမယ်"ဟု ဒီဇင်ဘာ ၇ ရက် ည ၁၁ နာရီခန့်က ပြောကြားသည်။

အလားတူ ဆန္ဒပြသူတစ်ဦးဖြစ်သည့် ဒေါ်သောင်းခင်က "အဒေါ်တို့ကတော့ ကိုယ့် မြေပြန်မရမချင်း ဒီနေရာက လုံးဝမထနိုင်ပါဘူး။ သရဏဂုံလည်း တင်ပြီးပါပြီ။ အကြမ်းဖက် ဖြိုခွင်းလာရင်လည်း အသေခံသွားမယ်။ ဒီနေ့လည်း ခြံစည်းရိုးလာခတ်တဲ့သူတွေက တွန်းလို့ အဒေါ်လဲကျသွားပြီး လက်ကျိုးသွားတယ်။ ခုကျောက်ပတ်တီး ကိုင်ထားရတယ်။ မြေပြန် မရမချင်း မထပါဘူး"ဟု ပြောကြားခဲ့သည်။

မိကျောင်းကန် သပိတ်စခန်းကို နိုဝင်ဘာ ၂၆ ရက်က စတင်ဖွင့်လှစ်ဆန္ဒပြခဲ့ပြီး ၁၂ ရက်အကြာ ယခုကဲ့သို့ ဒီဇင်ဘာ ၉ ရက် နောက်ဆုံးထား ရုပ်သိမ်းရန် အမိန့်ထုတ်ခဲ့ခြင်း ဖြစ်သည်။

EMG

မိကျောင်းကန် သပိတ်စခန်းအနီး အငြင်းပွားမြေနေရာရှိ စေတီဝင်းအား လုပ်သားအင်အား ၄၀၀ ခန့်ဖြင့် ခြံစည်းရိုး လာရောက်ကာရံခဲ့ပြီး ဆန္ဒပြသူများနှင့် အလုပ်သမားများကြား အချင်းများမှု ဖြစ်ပွား

Sunday, 08 December 2013


ဒီဇင်ဘာ ၇ ရက်က ရန်ကုန်မြို့ ဝေဇယန္တာလမ်းမပေါ်ရှိ မိကျောင်းကန် သပိတ်စခန်းအနီး အငြင်းပွားဖွယ် မြေကွက်တွင် ခြံစည်းရိုး ခတ်နေကြသည်ကို တွေ့ရစဉ်

မိကျောင်းကန် သပိတ်စခန်း ၁၂ ရက်မြောက်နေ့ ဒီဇင်ဘာ ၇ ရက်တွင် တပ်မတော်မှ အငြင်းပွား မြေနေရာပေါ်ရှိ မြစာရံအေးစေတီဝင်းအား တပ်မြို့စည်ပင်သာယာရေးအဖွဲ့မှ အလုပ်သမားအင်အား ၄၀၀ ခန့်ဖြင့် ၀င်ရောက်ကာ ခြံစည်းရိုးကာရံခြင်း၊ စေတီ၏ ၀င်ပေါက်ထွက်ပေါက်များကို ပိတ်ဆို့ခြင်းများ ပြုလုပ်ခဲ့ပြီး ဆန္ဒပြသူများနှင့် အလုပ်သမားများကြား အချင်းများမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ အချင်းများ ဖြစ်ပွားမှုကြောင့် ဆန္ဒပြသူ အမျိုးသမီးငါးဦးခန့်၏ လက်၊ ခြေတို့တွင် ဒဏ်ရာများရရှိခဲ့ပြီး လက်ရှိအချိန်တွင် ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။ ဒီဇင်ဘာ ၇ ရက်၊ မွန်းလွဲ ၁၂ နာရီဝန်းကျင်က မိကျောင်းကန် သပိတ်စခန်း၏ အနောက်ဘက်ရှိ အငြင်းပွား မြေနေရာများအတွင်း တပ်မတော်မှ လုပ်သားအင်အား ၄၀၀ ခန့်ဖြင့် စေတီဝင်ပေါက်များကို ပိတ်ဆို့ခြင်း၊ အငြင်းပွား မြေနေရာအတွင်း ဆန္ဒပြသူများ အသုံးပြုနေသော ရေအိမ်များကို ဖျက်ဆီးပစ်ခြင်းတို့ ပြုလုပ်ခဲ့ရာမှ ယင်းနေရာ အနီးတစ်ဝိုက်တွင် စေတီဝင်းအား ခြံမခတ်ရန် စောင့်ဆိုင်းနေသော ဆန္ဒပြသူများနှင့် အချင်းများမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။



ထိခိုက်ဒဏ်ရာရသူတစ်ဦးအား ဆေးရုံသို့ ပို့ဆောင်ရန် လူနာတင်ကားပေါ်သို့ တင်နေစဉ်

"ကျွန်မတို့ထိုင်နေတုန်းကို အဲဒီအဖွဲ့၊ အလုပ်သမားတွေက တွန်းလိုက်တယ်။ သူတို့က သွပ်ပြားချပ်တွေ သယ်နေတာ။ ကျွန်မက လဲကျသွားတော့ မသယ်နဲ့ဦးလို့ ပြောပေမဲ့ သူတို့က အတင်းသယ်တော့ ခြေထောက်ကို သွပ်ပြားရှသွားတာပါ။ ကျန်တဲ့လူတွေလည်း သူတို့တွန်းထိုးလို့ ဒဏ်ရာရကြပါတယ်။ ကျွန်မတို့ကတော့ ငြိမ်းငြိမ်းချမ်းချမ်းပဲ ဆန္ဒပြမှာမို့လို့ ဘာမှပြန်မလုပ်ပါဘူး"ဟု ဒဏ်ရာရရှိသွားသည့် အမျိုးသမီးတစ်ဦးက The Daily Eleven သို့ ပြောကြားသည်။ "လွှတ်တော်ဥပဒေတွေမှာတော့ ဒီလိုအငြင်းပွားဆဲ မြေနေရာပေါ်မှာ အဆောက်အဦး ဆက်လက်ဆောက်လုပ်ခွင့်ပြုတယ်လို့ ကျွန်တော်တော့ မထင်ပါဘူး။ နောက်ပြီးတော့ ဆီးဂိမ်းစ်ပြိုင်ပွဲကို အကြောင်းပြတယ် ဆိုပေမယ့်လည်း ဆီးဂိမ်းစ်ပြိုင်ပွဲကလည်း နိုင်ငံတကာပြိုင်ပွဲမို့လို့ အရေးကြီးသလို ပြည်သူတစ်ဦးချင်းစီရဲ့ ဘ၀ကလည်း အရေးကြီးပါတယ်" ဟု သပိတ်စခန်းသို့ လာရောက်ခဲ့သော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ငံလင်းက ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၅ ရက်က ယင်းသပိတ်စခန်းသို့ လယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှစ်ဦးဖြစ်သည့် ဦးအောင်သိန်းလင်းနှင့် ဦးခိုင်မောင်ရည်တို့ လာရောက်ခဲ့ပြီး ရန်ကုန်တိုင်းအစိုးရ၊ လွှတ်တော်နှင့် ဆန္ဒပြသူများ သုံးပွင့်ဆိုင်ဆွေးနွေးရန် ကြိုးပမ်းမည်ဟု ပြောကြားခဲ့သည်။

"ဒီနေ့သွားပြောတဲ့အခါကျတော့ ၀န်ကြီးချုပ်က ဆီးဂိမ်းစ်ကာလ ဖြစ်တာရယ်၊ ကျန်တဲ့ အလုပ်ကလေးတွေ ရှိသေးတာရယ်ကြောင့် မလာနိုင်သေးဘူး။ ဒါပေမဲ့ နောက်နှစ်ရက်၊ သုံးရက်လောက်နေရင်တော့ လာမယ်လို့ပြောတယ်။
အဲဒီကျရင် သူဘာပြောမလဲ စောင့်ကြည့်ရမှာပေါ့။ ကျွန်တော်တို့ လာမည့်လွှတ်တော်မှာလည်း ဒီကိစ္စကို ဆက်လက်တင်ပြမှာပါ"ဟု ဦးအောင်သိန်းလင်းက ပြောကြားခဲ့သည်။

မိကျောင်းကန်ဆန္ဒပြသူများသည် အချက်ခုနစ်ချက်ကို တောင်းဆိုခဲ့ပြီး ယင်းခုနှစ်ချက်တွင် မြစာရံအေးစေတီအား ဖူးမြော်နိုင်ရေးလည်း ပါဝင်ပြီး ယင်းအချက်ကိုလည်း ရန်ကုန်တိုင်း နယ်/လုံဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ဒီဇင်ဘာ ၂ ရက်က ဆန္ဒပြသူများနှင့် တွေ့ဆုံပွဲတွင် သဘောတူခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ စေတီဝင်းအား ခြံစည်းရိုးခတ်ခြင်း၊ ၀င်းတံခါးပိတ်ခြင်းများ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ယခုကဲ့သို့ သပိတ်စခန်းဖွင့် ဆန္ဒပြသည့် ဖြစ်စဉ်အပေါ် တပ်မြို့ စည်ပင်သာယာရေးအဖွဲ့ ကြီးကြပ်ရေးမှူး ဦးမိုးမင်းဝင်းက တရားလိုပြုလုပ်ကာ သင်္ဃန်းကျွန်း ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားထားကြောင်းလည်း သိရသည်။

EMG

သမ္မတအရည်အချင်းဆိုင်ရာ ပုဒ်မ ၅၉ (စ)ပါဝင်သည့် အခြေခံဥပဒေ ပြင်ဆင်ရန် အကြံပြုချက် ၂၆၁ ချက် ရောက်ရှိနေပြီဖြစ်ကြောင်း လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ ထုတ်ပြန်


 Sunday, 08 December 2013 



နိုဝင်ဘာ ၁၈ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် အင်န်အယ်လ်ဒီပါတီ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ပြည်သူ့သဘောထား ရယူပွဲ၌ တက်ရောက်လာသူများက ဖွဲ့စည်းပုံပြင်ဆင်ရေး လက်ထောင်ဆန္ဒပြုနေစဉ် (ဓာတ်ပုံ-ငြိမ်းဇော်လင်း)

နိုင်ငံတော်သမ္မတ အရည်အချင်းဆိုင်ရာ ပုဒ်မ ၅၉ (စ)ပါဝင်သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေအခန်း(၃)ကို ပြင်ဆင်ရန် အကြံပြုချက် ၂၆၁ ချက် ရောက်ရှိနေပြီ ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီက ထုတ်ပြန်ခဲ့သည်။
၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၅ ရက်အထိ ပြည်သူလူထု၊ ပါတီအဖွဲ့အစည်း အသီးသီးနှင့် အသင်းအဖွဲ့အသီးသီးမှ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် အကြံပြုစာပေါင်း ၄၄၀ ရောက်ရှိခဲ့ပြီး အကြံပြုချက် စုစုပေါင်း ၂၅၀၅ ရရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ရရှိခဲ့သည့် အကြံပြုချက်များအနက် အခန်း(၁)တွင် အကြံပြုချက် ၅၉၃ ချက်၊ အခန်း(၂)တွင် အကြံပြုချက် ၃၆ ချက်၊ အခန်း(၃)တွင် အကြံပြုချက် ၂၆၁ ချက်၊ အခန်း(၄)တွင် အကြံပြုချက် ၃၀၉ ချက် စသည်ဖြင့် အခန်းအလိုက် အကြံပြုချက်များ ရရှိခဲ့ကြောင်း သိရသည်။

အကြံပြုချက် ၂၆၁ ချက် ရရှိခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၃)တွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်နှင့် ပတ်သက်နေသော ပုဒ်မ ၅၉ (စ)ဖြစ်သည့် "မိမိကိုယ်တိုင်သော် လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော် လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း၊ မိမိ၏ တရားဝင်သားသမီးတစ်ဦးဦးသော် လည်းကောင်း၊ ထိုတရားဝင် သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော် လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော် လည်းကောင်း၊ ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ"ဆိုသည့်အချက် ပါဝင်နေသည်။
ကော်မတီ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ အကြံဥာဏ်တောင်းခံသည့်အချိန်ကို ဒီဇင်ဘာ ၃၁ ရက်အထိ နောက်ဆုံးထား လက်ခံသွားမည်ဖြစ်ပြီး ၂၀၁၄ ခုနှစ်၊ ဇန်န ၀ါရီ ၃၁ ရက်တွင် ပြည်ထောင်စု လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းသွားမည်ဟု သိရသည်။

ဒီဇင်ဘာ ၃၁ ရက်အထိ ဆက်လက် ရောက်ရှိလာသည့် အကြံပြုစာများကိုလည်း သတ်မှတ်ကာလ နောက်ပိုင်းတွင် ဆက်လက် စိစစ်ခွဲခြား ဆောင်ရွက်သွားမည်ဟု သိရသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြင်ဆင်လိုသည့် အချက် ၁၀၀ ကျော်ရှိကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောကြားထားသည်။

လက်ရှိ အာဏာရ ပြည်ခိုင်ဖြိုးပါတီနှင့် လွှတ်တော်အတွင်းရှိ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့မှလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်သည့် အစီရင်ခံစာကို တင်သွင်းသွားရန်ရှိပြီး လက်ရှိအချိန်တွင် ၎င်းင်းအဖွဲ့အစည်းနှစ်ခု၏ အစီရင်ခံစာသည် ကော်မတီသို့ ရောက်ရှိလာခြင်း မရှိသေးကြောင်း သိရသည်။

EMG

ဂျပန်နိုင်ငံနှင့် အနီးဆုံးရှိ တရုတ် လေတပ်အခြေစိုက်စခန်းတွင် JH-7A ဗုံးကြဲ တိုက်လေယာဉ် ၂၄ စင်း တပ်ဖြန့် ချထား





တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA) ၏ JH-7A ဗုံးကြဲ တိုက်လေယာဉ် ၂၄ စင်းကို တရုတ်နိုင်ငံ ရှန်တုံပြည်နယ် အရှေ့ပိုင်းရှိ Weifang လေတပ်အခြေစိုက်စခန်းတွင် မကြာသေးမီက တပ်ဖြန့် ချထားခဲ့ကြောင်း၊ Weifang လေတပ် အခြေစိုက်စခန်းသည် ဂျပန်နှင့် ကိုရီးယားကျွန်းဆွယ် တို့၏ အနီးဆုံး တွင်တည်ရှိကြောင်း ကနေဒါ အခြေစိုက် စစ်ဘက်ဆိုင်ရာ လေ့လာသုံးသပ်သူ တစ်ဦးဖြစ်သည့် အန်ဒရီ ချန်းက ပြောကြားခဲ့သည်ဟု ဒီဇင်ဘာ ၄ ရက် အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။

ကမ္ဘာ့ အင်အားကြီးနိုင်ငံ နှစ်နိုင်ငံဖြစ်သည့် တရုတ်နှင့်ရုရှား နိုင်ငံတို့သည် Su-34 နှင့် JH-7A ကဲ့သို့သော ဗုံးကြဲ တိုက်လေယာဉ်များကို ထုတ်လုပ်လျက် ရှိကြောင်း အန်ဒရီချန်းက ပြောကြားခဲ့သည်။

PLA ရေတပ်ဆိုင်ရာ လေတပ်ဖွဲ့၌ JH-7A ဗုံးကြဲ တိုက်လေယာဉ် ၉၆ စင်းဖြင့် စစ်ဆင်ရေး လုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် PLA လေတပ်ဖွဲ့တွင်လည်း အဆိုပါလေယာဉ် နောက်ထပ် ၉၆ စင်း ရှိကြောင်း၊ တရုတ်နိုင်ငံတွင် လေ့ကျင့်ရေး လေယာဉ်များ အပါအဝင် JH-7A အမျိုးအစား လေယာဉ် အနည်းဆုံး ၂ဝဝ စင်းတာဝန် ထမ်းဆောင်နေကြောင်း အန်ဒရီချန်းက ထပ်လောင်း ပြောကြားခဲ့ကြောင်း သိရသည်။

Related Posts Plugin for WordPress, Blogger...