Sunday, December 8, 2013

ဂျပန်နိုင်ငံနှင့် အနီးဆုံးရှိ တရုတ် လေတပ်အခြေစိုက်စခန်းတွင် JH-7A ဗုံးကြဲ တိုက်လေယာဉ် ၂၄ စင်း တပ်ဖြန့် ချထား





တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA) ၏ JH-7A ဗုံးကြဲ တိုက်လေယာဉ် ၂၄ စင်းကို တရုတ်နိုင်ငံ ရှန်တုံပြည်နယ် အရှေ့ပိုင်းရှိ Weifang လေတပ်အခြေစိုက်စခန်းတွင် မကြာသေးမီက တပ်ဖြန့် ချထားခဲ့ကြောင်း၊ Weifang လေတပ် အခြေစိုက်စခန်းသည် ဂျပန်နှင့် ကိုရီးယားကျွန်းဆွယ် တို့၏ အနီးဆုံး တွင်တည်ရှိကြောင်း ကနေဒါ အခြေစိုက် စစ်ဘက်ဆိုင်ရာ လေ့လာသုံးသပ်သူ တစ်ဦးဖြစ်သည့် အန်ဒရီ ချန်းက ပြောကြားခဲ့သည်ဟု ဒီဇင်ဘာ ၄ ရက် အင်တာနက် သတင်း တစ်ရပ်အရ သိရသည်။

ကမ္ဘာ့ အင်အားကြီးနိုင်ငံ နှစ်နိုင်ငံဖြစ်သည့် တရုတ်နှင့်ရုရှား နိုင်ငံတို့သည် Su-34 နှင့် JH-7A ကဲ့သို့သော ဗုံးကြဲ တိုက်လေယာဉ်များကို ထုတ်လုပ်လျက် ရှိကြောင်း အန်ဒရီချန်းက ပြောကြားခဲ့သည်။

PLA ရေတပ်ဆိုင်ရာ လေတပ်ဖွဲ့၌ JH-7A ဗုံးကြဲ တိုက်လေယာဉ် ၉၆ စင်းဖြင့် စစ်ဆင်ရေး လုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် PLA လေတပ်ဖွဲ့တွင်လည်း အဆိုပါလေယာဉ် နောက်ထပ် ၉၆ စင်း ရှိကြောင်း၊ တရုတ်နိုင်ငံတွင် လေ့ကျင့်ရေး လေယာဉ်များ အပါအဝင် JH-7A အမျိုးအစား လေယာဉ် အနည်းဆုံး ၂ဝဝ စင်းတာဝန် ထမ်းဆောင်နေကြောင်း အန်ဒရီချန်းက ထပ်လောင်း ပြောကြားခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...