Sunday, December 8, 2013

မင်ဒဲလား၏ ဈာပနအခမ်းအနားကို ဒီဇင်ဘာ ၁၅ ရက်တွင် ကျင်းပရန် သတ်မှတ်


Sunday, 08 December 2013
 

တောင်အာဖရိကသမ္မတ မင်ဒဲလား၏ အိမ်အပြင်ဘက်တွင် ၎င်းင်းသေဆုံးခြင်းအတွက် ဒီဇင်ဘာ ၆ ရက်က စုဝေးနေသော ၀မ်းနည်းနေသူများ

တောင်အာဖရိကသမ္မတ ဂျက်ကော့ဇူးမားက နယ်လ်ဆင်မင်ဒဲလား သေဆုံးခြင်းအတွက် ၀မ်းနည်းမှု အထိမ်းအမှတ်ကာလကို ၁၀ ရက်သတ်မှတ်ကြောင်းနှင့် မင်ဒဲလား ၏ အသုဘကို နိုင်ငံတော်ဈာပနအခမ်းအနားအဖြစ် ကျင်းပကာ ဒီဇင်ဘာ ၁၅ ရက်တွင် သင်္ဂြိုဟ်မည်ဖြစ်ကြောင်း ဒီဇင်ဘာ ၆ ရက် တွင် ကြေညာခဲ့သည်။

ဇူးမားက မင်ဒဲလားကို ကိတ်ဒေသအရှေ့ပိုင်း ကူနူအရပ်၌ သင်္ဂြိုဟ်မည် ဖြစ်ကြောင်းလည်း ကြေညာခဲ့သည်။ သူက " ကျွန်တော်တို့ နိုင်ငံတော်ရဲ့ ပြောင်မြောက်တဲ့ သားကောင်းနဲ့ နုနယ်တဲ့ နိုင်ငံရဲ့ဖခင်ဈာပနကို အကောင်းဆုံးဖြစ်အောင် ကျွန်aတ်ာတို့အားလုံး စုစုစည်းစည်းနဲ့ အတူတကွ လုပ်ဆောင်သင့်ပါတယ် " ဟု ပြောကြားခဲ့သည်။ ဇူးမားက ယခုတနင်္ဂနွေနေ့တွင် ကျင်းပမည့် ဆုတောင်းပွဲနေ့၌ ပါဝင်ကြရန်လည်း တောင်အာဖရိကနိုင်ငံသားများကို ဆော်သြခဲ့သည်။

သူက " ကျွန်တော်တို့ ဒီဇင်ဘာ ၈ ရက် ကိုအမျိုးသားဆုတောင်းပွဲနဲ့ အောက်မေ့ဖွယ်နေ့အဖြစ် ကြေညာထားပြီးပါပြီ။ ကျွန်တော်တို့ ပြည်သူတွေအားလုံးကို ခန်းမတွေ၊ ဘုရားကျောင်းတွေ၊ ဗလီတွေ၊ ကျောင်းတော်တွေ၊ ရဟူဒီဘာသာဝင်တွေရဲ့ အစည်းအဝေးခန်းမတွေနဲ့ နေအိမ်တွေမှာ မင်ဒဲလားအတွက်ဆုတောင်းမှု၊ ငြိမ်သက်ဂါရ၀ပြုမှုနဲ့ မင်ဒဲလားနဲ့ပတ်သက်ပြီး အောက်မေ့ဖွယ် အခမ်းအနားတွေ ပြုလုပ်ဖို့ ဆော်သြလိုက်ပါတယ် " ဟု ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၉ ရက် တနင်္လာနေ့တွင် မင်ဒဲလား၏ အုပ်ချုပ်မှုကိုဂုဏ်ပြုသောအားဖြင့် ပါလီမန်နှစ်ရပ်စလုံးကို အစည်းအဝေးပူးတွဲ ကျင်းပရန်အတွက်ခေါ်ယူထားသည်ဟု ဆိုသည်။

ဒီဇင်ဘာ ၁၀ ရက်တွင် မင်ဒဲလား အမှတ်တရ အခမ်းအနားကို ပရိသတ် ၉၀ç၀၀၀ ဆံ့ ဆိုဝေတိုအားကစားရုံ၌ ကျင်းပရန် စီစဉ်ထားသည်။ ကမ္ဘာတစ်ဝန်းမှ နိုင်ငံခေါင်းဆောင်အချို့သည် ယင်းအမှတ်တရ အခမ်းအနားသို့ တက်ရောက်မည်ဖြစ်ပြီး အချို့က ဒီဇင်ဘာ ၁၅ ရက်တွင်ပြုလုပ်မည့် နိုင်ငံတော်ဈာပနအခမ်းအနားသို့ တက်ရောက်ကြလိမ့်မည်ဆိုသည်။ အဆိုပါ အားကစားရုံသည် ၂၀၁၀ ပြည့်နှစ် ကမ္ဘာ့ဖလား ဖိုင်နယ်ပွဲ ကျင်းပခဲ့သည့်နေရာဖြစ်ပြီး မင်ဒဲလားကို လူအများရှေ့၌ နောက်ဆုံးအကြိမ်တွေ့မြင်ခဲ့ရသည့် နေရာလည်းဖြစ်သည်။

ဒီဇင်ဘာ ၁၁ ရက်မှ ၁၃ ရက်အထိ မင်ဒဲလား၏ ကြွင်းကျန်သော ရုပ်အလောင်းကို မြို့တော်ပရီတိုရီးယားရှိ အစိုးရအိမ်တော်တွင် ထားရှိသွားမည်ဖြစ်ကြောင်း ဇူးမားက ပြောကြားခဲ့သည်။ ထို့နောက် မင်ဒဲလား မွေးဖွားကြီးပြင်းခဲ့သည့် ကျေးလက်တောင်တန်းဒေသ Eastern Cape ရှိ ကူနူမြို့တွင် မြှုပ်နှံသွားမည်ဖြစ်သည်။

မင်ဒဲလား၏ ဈာပနအခမ်းအနားသို့ အမေရိကန်သမ္မတ ဘာရက်အိုဘားမားအပါအ၀င် ကမ္ဘာတစ်ဝန်းမှ နိုင်ငံ့ခေါင်းဆောင်များ၊ သမ္မတဟောင်း ဘီကလင်တန်ကဲ့သို့ မင်ဒဲလားနှင့်ရင်းနှီးသည့် ထင်ရှားကျော် ကြားသူများ တက်ရောက်မည်ဖြစ်သည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...