Sunday, December 8, 2013

ငွေကြေးဆိုင်ရာ နည်းပညာကူညီမည့် ဒုတိယမြောက် ဦးစားပေးနေရာတွင် မြန်မာနိုင်ငံရှိကြောင်း IMF ၏ စီမံခန့်ခွဲမှုဒါရိုက်တာ ပြောကြား နိုင်ငံတကာငွေကြေးဆိုင်ရာ အဖွဲ့အစည်း ( IMF ) မှ ငွေကြေးဆိုင်ရာနည်းပညာ ကူညီမည့် ဒုတိယဦးစားပေးနေရာတွင် မြန်မာနိုင်င်ငံ ရှိနေကြောင်း

  Sunday, 08 December 2013


IMF စီမံခန့်ခွဲမှုဒါရိုက်တာခရစ်စတင်းလာဂတ်ဂ်ျ ရှင်းလင်းပြောကြားနေစဉ်(ဓာတ်ပုံ-ကျော်ဇင်ဝင်း)

နိုင်ငံတကာငွေကြေးဆိုင်ရာ အဖွဲ့အစည်း ( IMF ) မှ ငွေကြေးဆိုင်ရာနည်းပညာ ကူညီမည့် ဒုတိယဦးစားပေးနေရာတွင် မြန်မာနိုင်င်ငံ ရှိနေကြောင်း IMF စီမံခန့်ခွဲမှုဒါရိုက်တာ ခရစ်စတင်းလာဂတ်ဂ်ျက ရန်ကုန်မြို့ ချက်ထရီရမ်ဟိုတယ် စာနယ်ဇင်းရှင်းလင်းပွဲတွင် ဒီဇင်ဘာ ၇ ရက်က ပြောကြားခဲ့သည်။

" မြန်မာနိုင်ငံကIMF ရဲ့ ငွေကြေးဆိုင်ရာ နည်းပညာကူညီမယ့် ဒုတိယဦးစားပေးနေရာမှာ ရှိနေပါတယ်။ကျွန်မတို့အနေနဲ့ ဒေသတွင်းနည်းပညာတွေ၊ စနစ်(Platform) တွေကို ထောက်ပံ့ပေးမှာ ဖြစ်ပါတယ် " ဟု IMF စီမံခန့်ခွဲမှုဒါရိုက်တာ ခရစ်စတင်လာဂတ်ဂ်ျက ပြောကြားသည်။

စီးပွားရေး၊ လူမှုရေးဆိုင်ရာအပြောင်းအလဲများ၊ နိုင်ငံခြားငွေကြေးလဲလှယ်မှုဗဟိုဘဏ် သီးခြားရပ်တည်မှုများတွင် IMF က များစွာကူညီပေးခဲ့ကြောင်းနှင့် Macroeconomic နှင့်ပတ်သက်သော လိုအပ်သည်များ အခြေအနေများဖန်တီးနိုင်ရေး၊ ကြွေးမြီများ နှင့်ပတ်သက်၍ ဖြေရှင်းနိုင်ရေး မြန်မာအာဏာပိုင်များနှင့် နီးကပ်စွာလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

IMF သည် မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများအလုပ်အကိုင်ရရှိမှုများ၊ နိုင်ငံတကာမှ ချေးငွေရရှိမှုများနှင့် စီးပွားရေးအလားအလာများ ဖန်တီးနိုင်မှုနှင့် စီးပွားရေးတည်ငြိမ်မှုများရရှိစေရေး ဆောင်ရွက်မှုများလည်း ရှိကြောင်း သိရသည်။

၎င်းအနေဖြင့် မြန်မာနိုင်ငံအပါအ၀င် ကမ္ဘောဒီးယားနိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ တို့အားသွားရောက်ခဲ့ပြီး ခရစ်စတင်းလာဂတ်ဂ်ျ သည်နိုင်ငံသုံးနိုင်ငံမှ နိုင်ငံခေါင်းဆောင်များ၊ အစိုးရအကြီးအကဲများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသမီးခေါင်းဆောင်များ၊ ကျောင်းသားများ၊ ဥာဏ်ကြီးရှင်အဖွဲ့မှ ကိုယ်စားလှယ်များ၊ ပုဂ္ဂလိကကဏ္ဍများနှင့် လူမှုအခြေပြုအဖွဲ့အစည်းများအား တွေ့ဆုံခဲ့သည်။

အဆိုပါခရီးစဉ်အား ဒီဇင်ဘာ ၂ ရက် တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ခရီးစဉ်၏နောက်ဆုံးနိုင်ငံဖြစ်သော မြန်မာနိုင်ငံသို့ ၆ ရက်တွင် ရောက်ရှိခဲ့သည်။ ယင်းနေ့တွင် ခရစ်စတင်းလာဂတ်ဂ်ျသည် မြန်မာအစိုးရဘက်မှ ဒုတိယသမ္မတ ဦးဥာဏ်ထွန်း၊ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဥက္ကဋ္ဌဦးကျော်ကျော်မောင်တို့နှင့် အခြားသောဌာနဆိုင်ရာမှ အကြီးအကဲများနှင့်လည်း နေပြည်တော်တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၇ရက်တွင်လည်း မြန်မာအမျိုးသမီးဖိုရမ်သို့ တက်ရောက်ခဲ့ပြီး စီးပွားရေးနယ်ပယ်အတွင်း အမျိုးသမီးများ၏ကဏ္ဍအား အသားပေးဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ဆက်လက်ပြီး ၎င်းအနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်နှင့်လည်း မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသော ပြောင်းလဲမှုများကို ဆွေးနွေးခဲ့ကြောင်းသိရသည်။ ထို့ပြင် ရန်ကုန်စီးပွားရေးတက္ကသိုလ် တွင်လည်း တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများကို မိန့်ခွန်းပြောကြားခဲ့ပြီး စီးပွားရေးပညာရပ်ဆိုင်ရာ စာအုပ်စာတမ်းများလည်း လှူဒါန်းခဲ့ကြောင်း သိရသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...