Sunday, December 8, 2013

မငြိမ်မသက်ဖြစ်နေသော ဗဟိုအာဖရိကနိုင်ငံတွင် ပြင်သစ်တပ်ဖွဲ့ဝင်များ တပ်ဖြန့်



Sunday, 08 December 2013


ဘန်ဂွီမြို့တွင် ဒီဇင်ဘာ ၆ ရက်က ကင်းလှည့်နေသော ပြင်သစ်စစ်သားများ

မငြိမ်မသက်မှုများဖြစ်ပွားနေသော ဗဟိုအာဖရိကသမ္မတနိုင်ငံတွင် လုံခြုံရေးကို ထိန်းသိမ်းရန်နှင့် အကူအညီပေးရန်အတွက် ပြင်သစ်တပ်ဖွဲ့ဝင် ၁၀၀၀ ခန့်ကို ဒီဇင်ဘာ ၆ ရက်တွင် ချထားလိုက်ကြောင်း သိရသည်။ ဗဟိုအာဖရိကနိုင်ငံတွင် လူမျိုးရေးနှင့် ဘာသာရေးအဓိကရုဏ်း ဖြစ်ပွားခဲ့ရာ လူပေါင်း ၃၀၀ ထက်မနည်းသေဆုံးခဲ့ပြီး နိုင်ငံသားအများအပြားသည် ဒုက္ခသည်များအဖြစ် ခိုလှုံခွင့်ရရှိရန် ကြိုးပမ်းနေကြကြောင်း ကြက်ခြေနီအဖွဲ့က ပြောကြားခဲ့သည်။

ကုလသမဂ္ဂက ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့ဝင်အင်အား ၁၂၀၀ အထိချထားရန် သတ်မှတ်ထားသည့် ပြင်သစ်၏ကိုလိုနီဟောင်း ဗဟိုအာဖရိကနိုင်ငံတွင် ပဋိပက္ခများကို တားဆီးရန်အတွက် ပြင်သစ်စစ်သားများသည် သံချပ်ကာကားများဖြင့် မြို့တော် ဘန်ဂွီတွင် ကင်းလှည့်လျက်ရှိကြောင်း သိရသည်။ ဗဟိုအာဖရိကနိုင်ငံတွင် ဒီဇင်ဘာ ၅ ရက်မှစ၍ဖြစ်ပွားသော အကြမ်းဖက်ပဋိပက္ခများနှင့် သတ်ဖြတ်မှုများကြောင့် သေဆုံးသူ ၃၀၀ ထက်မနည်းရှိပြီဖြစ်ကြောင်း ကြက်ခြေနီအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အေအက်ဖ်ပီ သတင်းဌာနသို့ပြောကြားခဲ့သည်။

ကြက်ခြေနီအဖွဲ့သည် အလောင်းထားရာ နေရာများနှင့် လမ်းများပေါ်တွင် ရေတွက်မှုများပြုလုပ်ခဲ့ရာ သေဆုံးသူ ၂၈၁ ဦးရှိကြောင်း တွေ့ရှိခဲ့ရသည်ဟုဆိုသည်။ ဆေးဘက်ဆိုင်ရာ ၀န်ထမ်းများသည် အကြမ်းဖက်မှုများ ဖြစ်ပွားနေသော နေရာတိုင်းသို့ဝင်ရောက်ရန် မဖြစ်နိုင်ကြောင်းနှင့် မျက်မြင်သက်သေများ၏ ပြောကြားချက်အရ ကောက်ယူရရှိခြင်းမရှိသော အခြားလူသေ အလောင်းပေါင်းများစွာ ရှိသေးကြောင်း သိရသည်။

နယ်စည်းမခြားဆရာဝန်များအဖွဲ့ (ြှင်္)၏ပြောကြားချက်အရ ဘန်ဂွီမြို့ဆေးရုံ တွင်မှတ်တမ်းတင်ထားသည့် သေဆုံးသူ အရေအတွက်သည် ၉၂ ဦးရှိပြီး ဒဏ်ရာရရှိ သူ ၁၅၅ ဦးရှိကြောင်း သိရသည်။ အလောင်း ထားရှိရာနေရာတစ်ခုနှင့် အနီးဝန်းကျင်ရှိ လမ်းများပေါ်တွင် အေအက်ဖ်ပီသတင်း ထောက်များက လိုက်လံရေတွက်ခဲ့ရာ အလောင်းပေါင်း ၈၀ တွေ့ရှိခဲ့ရသည်ဟုဆို သည်။ အိမ်နီးချင်းနိုင်ငံများ၌ ခိုလှုံခွင့်ရရှိရေး ကြိုးပမ်းရန်အတွက် ထောင်နှင့်ချီသောနိုင်ငံ သားများသည် ပြင်သစ်နှင့် အာဖရိကတပ် များ တပ်စွဲထားသော ဘန်ဂွီလေဆိပ်ပရိဝုဏ် အတွင်း စုဝေးနေကြကြောင်းလည်းသိရသည်။


0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...