Sunday, December 8, 2013

ကျွန်







၁၉၆၀ မတိုင်ခင်တုန်းက သြစတေးလျမှာ နေထိုင်တဲ့ လူရိုင်းမျိုးစုတွေကို ဥပဒေမှာ လူလို့ မဖော်ပြကြပါဘူး။တိရစ္ဆာန်လို့ ဖော်ပြထားပါတယ်။တကယ်လို့ အဲဒီကောင်တွေကို သတ်ရင် လူသတ်မှုမဖြစ်ပါဘူး။ဘာလို့လဲဆိုတော့ ဥပဒေအရ သင်ဟာ တခြား ကြက်၊ငှက်၊တိရစ္ဆာန်တစ်ကောင်ကို သ...တ်သလိုပါပဲ ဘာမှမထူးပါဘူး။

အလားတူ အာဖရိကရဲ့ လူရိုင်းမျိုးတွေကိုလဲ ၁၈ ရာစုမှာ ကိုလိုနီတွေက လူအဖြစ်မသတ်မှတ်ကြပါဘူး။သူတို့ကို လူနဲ့ပုံစံတူတဲ့ တောရိုင်းတိရစ္ဆာန်လို့ ဖော်ပြထားပါတယ်။ကိုလိုနီစစ်သားတွေဆို အပျော်တမ်းလူရိုင်းအမဲလိုက်ပစ်တာမျိုးတွေ ပြုလုပ်ကြပါတယ်တဲ့။

အထူးသဖြင့် ကျွန်ခေတ်မှာ လူရိုင်းတွေကို ဖမ်းဆီးပြီးကုန်ကူးရောင်းချတာမျိုးတွေ အများအပြားရှိခဲ့ဖူးပြီး ကျွန်ကုန်သည်တွေဟာ လူရိုင်းတွေနေတဲ့ ကျွန်းတွေ ကို သိမ်းပိုက်ပြီး ဖမ်းဆီးလေ့ရှိပါတယ်။ကျွန်အဖြစ်ခေါ်ဆောင်သွားပြီးရင်လဲ ဈေးပေါပေါနဲ့ ရောင်းချခံရပါတယ်။တချို့အာဖရိက ကျွန်တွေဆို အစာကို ၃ ရက်တစ်ခါလောက်သာကျွေးပြီး မသေမချင်းခိုင်းကြပါတယ်။သေရင် နောက်အသစ်တစ်ယောက်ထက်ဝယ်ရင် ဈေးမကြီးလို့ဖြစ်ပါတယ်။

မောင်စိုင်း

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...