Tuesday, December 31, 2013

လိင်ဖျော်ဖြေသူအမျိုးသမီးများက အခက်အခဲများကို ပြန်ပြောရန် စိုးရွံ့ ခြင်းကြောင့် ယင်းတို့၏အခွင့်အရေးများကို ကာကွယ်မပေးနိုင်ဖြစ်နေ



Tuesday, December 31, 2013

လိင်မှု ဖျော်ဖြေသူအမျိုးသမီးများ သည် မိမိတို့တွေ့ကြုံနေရသည့် အခက် အခဲများကို ပြန် လည် ပြောပြရန် စိုးရွံ့ကြသည့်အတွက် ယင်းတို့၏အခွင့် အရေးများကို အကာအကွယ် မပေးနိုင်ဖြစ်နေ ကြောင်း The Help Myanmar အဖွဲ့မှ ဒါရိုက်တာ ဒေါ်သက်မွန်ဖြိုးက ပြောသည်။

The Help Myanmar သည် အိတ်ခ်ျအိုင်ဗွီကာကွယ် တားဆီးရေးလုပ် ငန်းများကို ဆောင်ရွက်ပေးနေသောအဖွဲ့ အစည်းဖြစ်ပြီး လူ့အခွင့်အရေးနှင့် လိင်တူချစ်သူများ၏အခွင့် အရေးများ၊ လိင်မှုဖျော်ဖြေသူ အမျိုးသမီးများ၏ အခွင့်အရေး များကိုပါ ကာကွယ်ဆောင်ရွက် နေသော အဖွဲ့အစည်းဖြစ် ကြောင်း၊ အဆိုပါအဖွဲ့၏ အတွေ့ အကြုံများအရ လိင်မှုဖျော်ဖြေသူ အမျိုးသမီးများသည် မိမိတို့ ၏တွေ့ကြုံနေရသော အခက်အခဲများကို ပြန်လည်ပြောပြ ရန်စိုးရွံ့လျက်ရှိနေကြောင်း သိရသည်။

''မိန်းမလျာတွေကမှ ကြုံနေရတဲ့ အခက်အခဲတွေကို ပြောပြသေးတယ်။ သူတို့ကကျတော့ မိန်းကလေးတွေလဲ ဖြစ်နေကြတော့ သူတို့တွေ့ကြုံခံ စားနေ ရာတာတွေကို ပြန်ပြောရမှာကို ရှက်ကြတယ်။ ပြောလိုက်ရင်လဲ သူတို့ကို ရဲကဖမ်းမှာကို ကြောက်ကြတယ်။ သူတို့ရဲ့ကြုံ တွေ့နေရတဲ့ အခက် အခဲတွေကို ဖွင့်ပြောသင့်တယ်။ ဒါမှ သူတို့ရဲ့အခွင့်အရေးကို ကာကွယ်ပေး နိုင်မယ်''ဟု ဒေါ်သက်မွန်ဖြိုးက ထပ်မံပြောသည်။

ထို့ပြင်အဆိုပါအဖွဲ့အနေ ဖြင့် အိတ်ခ်ျအိုင်ဗွီကာကွယ် တားဆီးရေးလုပ်ငန်း များနှင့် လူ့အခွင့်အရေးဆိုင်ရာအသိ ပညာပေးခြင်းလုပ်ငန်းများကို မန္တလေး တိုင်းဒေသကြီးအတွင်းရှိ ပြင်ဦးလွင်၊ မလှိုင်၊ ကျောက်ပန်းတောင်း၊ မိတ္ထီလာ၊ စစ်ကိုင်း စသည့်ဒေသများတွင် ကျေး လက်ဒေသများ တိုင်အောင် ဆောင်ရွက်ပေးလျက်ရှိသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...